Wednesday, June 4, 2014

ဘင်္ဂလာမြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ နေထိုင်သူတွေနတ်ကျောက်ဆရီ မြို့ ပေါ်သို့ ထွက်ပြေးလာ

  လုံးဝမျှော်လင့်မထားကြသော ဘင်္ဂလာမြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ နေထိုင်သူတွေဟာ 
နာရီပိုင်းလောက်က ကြောက်မက်ဖွယ်ရာ သေနတ်သံတွေကြောင့် မိမိအိမ်များကို စွန့်ပစ်ကာ အနီးရှိ 
နတ်ကျောက်ဆရီ မြို့ ပေါ်သို့ မိသားစု(၅၀)ခန့် ထွက်ပြေးလာကြောင်း ဘင်္ဂလာရုပ်သံ သတင်းများမှာ 
တိုက်ရိုက်ထုတ်လွှင့် နေတယ်လို့ နယ်စပ်ဒေသမှ ဖုန်းသတင်းပေးပို့ထားပါတယ်။
              ထွက်ပြေးလာတဲ့ သက်လူမျိုးတွေကို လေးဝတီက ဆက်သွယ်ရာ'' နယ်စပ်က (BGB)တွေနဲ့
ဆို ကျွန်တော်တို့ မပြေးပါဘူး ခုဟာက စစ်သားတွေဗျ မြန်မာနဲ့ ဘင်္ဂလာ စစ်ဖြစ်ရင် ကျွန်တော်တို့ သေ
မှာ အဲဒါကြောင့် ပြေးလာတာပေါ့ ''ဟုဆိုသည်။
              ဘယ်နိုင်ငံ စစ်သားတွေက ဘာကြောင့် စတင်ပစ်ခတ်တာလဲ ဆိုတာ ဒီလို ညဘက်အချိန်မှာ 
ဘယ်လိုမှ သတင်းဆက်သွယ်လို့ မရတော့တဲ့ အတွက် နယ်စပ်ပြဿနာ တကျော့ပြန် နှစ်နိုင်ငံ စစ်မက်
ဖြစ်လာဖွယ် ရှိနေမလားလို့ နယ်စပ်ဒေသ သတင်းယူနေတဲ့ ရုပ်သံ သတင်းထောက်တွေကြား တီးတိုး
 ဝေဖန်နေကြတယ်လို့ လည်း သိရပါတယ်။
             ပြဿနာအစ (RSO) အကြမ်းဖက် သမားတွေကလို့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ သတင်းထောက်တွေ
 သိနေကြပေမဲ့  ရုပ်သံတွေမှာ တရားဝင် မဖေါ်ပြတာဟာ နယ်စပ်ဒေသ (BGB)တပ်မှူးတွေ တရားဝင် (RSO)
 မရှိကြောင်းငြင်းဆိုကာ သတင်းစာ ရှင်းလင်းထားတာကြောင့် ဟု သတင်းယူသူများမှ ပြောပြသည်။
ဘင်္ဂလာစစ်သားတွေ နယ်စပ်တလျှောက် နေရာယူပြီးကတည်းက (RSO) ကြက်ပျောက် ငှက်ပျောက် 
ပျောက်သွားကြောင်းလည်း ဒေသခံ သက်အမျိုးသားများက ရှင်းပြပါသည်။ ခုသတင်းရေးနေချိန်မှာတော့ 
သေနတ်သံတွေ မကြားရတော့ကြောင်းလည်း ပြောသည်။
credit : စိုးလင်းထွန်း ရခိုင်ပြည်

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More