Tuesday 2014-06-03
ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ဝင်ရောက်သတိပေးခြင်းမှာ လုံးဝသင့်လျော်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇွန်လ ၂ ရက်
တွင် ကြေညာချက် ထုတ်ပြန်သည်။ လူထု ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် တင်ပြခဲ့aသာ တိုက်
တွန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့် ညီ
ညွတ်သည့် အပြင် ပြည်သူလူထုက ယုံကြည်အားကိုး၍ ဂုဏ်သိက္ခာမြင့်မားသော တပ်မတော်ဖြစ်ရေးအတွက်
ကောင်းသော ရည်ရွယ်ချက်ဖြစ်ကြောင်း သိသာထင်ရှားသည့် ပြောကြားမှုအပေါ် ပြည်ထောင်စု ရွေးကောက်
ပွဲကော်မရှင်က ၀င်ရောက်သတိပေးခြင်းမှာလည်း သင့်လျော်မှုမရှိကြောင်း ကြေညာချက်တွင် ထည့်သွင်းထား
ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်းက မန္တလေးတိုင်းဒေသကြီး၌ ပြု လုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် တပ်မတော်အား စိန်ခေါ်သည့် အသုံးအနှုန်းများ ပြောဆိုခြင်းသည် ဖွဲ့
စည်းပုံအခြေခံဥပဒေက ခွင့်ပြုပေးထားသည့် ဘောင် ကျော်လွန်ရာရောက်ကြောင်း မေလ ၂၂ ရက် ရက်စွဲဖြင့်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ သတိပေးစာပေးပို့ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်၏
ဥပဒေများကို လိုက်နာပါမည်ဟု လွှတ်တော်အတွင်း ကတိသစ္စာပြုထားသူလည်းဖြစ်ကြောင်း အကြောင်းကြားစာ
တွင် ပါရှိသည်။ ဥပဒေ၏ မူသဘောအရ ဥပဒေတစ်ရပ်သည် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ရုပ်သိမ်းခြင်းမပြု
သေးမီ ဥပဒေအရ အတည်ဖြစ်နေသေးသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအားလုံး အာဏာတည်
နေသေးသဖြင့် လေးစားလိုက်နာရန်လိုကြောင်း အကြောင်းကြားစာတွင်ဖော်ပြသည်။
တည်ဆဲဥပဒေများနှင့်အညီ ဆွေးနွေးဟောပြောမှုများ ဖြစ်စေရန်တို့ကို သတိပြုဆောင်ရွက် ရန်လိုကြောင်း
လည်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က အ ကြောင်းကြားစာတွင် ရေးသား ထားသည်။ သို့သော်ဖွဲ့စည်းပုံအ
ခြေခံဥ ပဒေပုဒ်မ ၃၅၄ (က)အရ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊
ရေးသားဖြန့်ဝေခွင့်ရှိကြောင်း ပြဋ္ဌာန်းထား၍ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားသည့်ဘောင် ကျော်လွန်ရာ ရောက်
သည်ဟု ဖော်ပြချက်မှာ ဥပဒေအရမမှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်လိုက်သော ကြေညာချက်
တွင် ပါရှိသည်။
ထို့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၆ တွင် ပါရှိသော နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း
ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်ရှိသည်ဟူသော ပြဋ္ဌာန်းချက် နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်သည်
ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြန်လည်တုံပြန့်ထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်အား သတိပေးစာပေးမှုကို ဥပဒေကြောင်း
အရ ပြန်လည်တုံပြန်သွားခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့်
ဦးဉာဏ်ဝင်းကပြောသည်။ ‘‘ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့ ဟောပြောတာတွေကို သေချာ
နားထောင်ပါတယ်။ ဥပဒေကျော်တာ တစ်ခုမှ မပါဘူး။ တပ်ကို စေတနာထားပြီး ပြောတာတွေချည်းပဲ’’ဟု ၈၈ မျိုးဆက်
ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဥပဒေရေးရာ တာဝန်ခံတစ်ဦးဖြစ်သူ ဦးမာကီးကဆိုသည်။ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကို ကြီးကြပ်
ခြင်းနှင့် ကြီးကြပ်စေခြင်း တာဝန်ကို ထမ်းဆောင်ရာတွင် ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခွင့်ရှိပြီး ဥပဒေပြ
ဋ္ဌာန်းချက်များတွင် မပါရှိသော တာဝန်များကို ဆောင်ရွက်ခွင့်ရှိမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ကြေညာချက်တွင်ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီး အောင်ပင်လယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ လူထု ဟောပြောပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်၏ တပ်အပေါ် ပြောကြားချက်သည် တပ်မတော်ကို သွေးကွဲချင်သည့်ဆန္ဒ ရှိနေသည်ကို တွေ့ရ
သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကပြောသည်။
From / 7daydaily.com/
0 ထင်မြင်ချက်ပေးရန်:
Post a Comment