Friday, June 6, 2014

ရခိုင်ပြည် သံတွဲမြို့နယ်တွင် မဟာဓာတ်အားလိုင်းမှ ယမန်နေ့ကစ၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနေပြီ

             ရခိုင်ပြည် သံတွဲမြို့နယ်အတွင်း၌မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကို ယမန်နေ့ကပင်စတင်ဖြန့်ဖြူးပေး
ကြောင်း သုံးစွဲနေကြပြီဖြစ်သော သံတွဲဒေသခံများမှ သိရှိရသည် ။မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးကို သံတွဲမြို့ပေါ်အပါ
အဝင် သံတွဲမြို့ရဲ့၁၀ မိုင်ပတ်လည်ရှိ ကျေးရွာများအထိကိုလျှပ်စစ်မီး သုံးစွဲနေရပြီဖြစ်ကြောင်းသံတွဲလူမှုကွန်ရက်မှ ဦးစိန်ချစ်
ကပြောသည် ။" သံတွဲမြို့နဲ့ ၁၀ မိုင်ပတ်လည်မှာရှိတဲ့ ကျေးရွာတွေကိုပါ လျှပ်စစ်မီးသုံးစွဲခွင့်ရနေပါပြီ ။ ကျွန်တော်တို့ ကြားသိ
နေတာကတော့ တစ်ယူနစ်ကို ၃၅ ကျပ်လို့ပြောပါတယ် ။ ၂၄ နာရီပေးမယ်ပေါ့လေ ။ သံတွဲတမြို့နယ်လုံး ကမ်းခြေတစ်လျှောက်
ကင်းမော်အထိ မဟာဓာတ်အားလိုင်းကနေ မီးတွေရရှိနေပါပြီ "" ဟုဆိုသည် ။
            ယခုအခါ မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီးသုံးစွဲခ တစ်ယူနစ်လျှင် ၃၅ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးမည်ဖြစ်ပါသဖြင့်သံတွဲ
ဒေသခံများ ကျေနပ်မှုရရှိနေကြောင်းလည်း သိရှိရသည် ။သံတွဲမြို့နယ်တွင် ယခင်က ပုဂ္ဂလိကလျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခု
မှဖြန့်ဖြူးပေးခဲ့ရာ မီတာသုံးစွဲခ တစ်ယူနစ်လျှင် ငွေ ၄၈၀ ကျပ်အထိ ပေးဆောင်ခဲ့ရကြောင်း လျှပ်စစ်မီးအသုံးပြုသူများထံမှသိရှိရပါသည် ။

နေရဉ္ဇရာသတင်း 

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More