၇-၆-၂၀၁၄
ကျောက်တော်မြို့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ် ဘုရားဝင်း၏ အနောက်ဖက် ဓညဝတီမြို့ရိုးဟောင်းနေရာအား
ရှေးဟောင်းသုတေသနဌာနမှ တူးဖော်စဉ် လေးပိဿာအလေးချိန်ခန့်ရှိ ဗျာလ္လရွှေစင်ရုပ်ထုတစ်ခုအား တူးဖော်ရရှိခဲ့သည့်
အကြောင်း ဒေသခံများနှင့် တူးဖော်တွေ့ရှိခဲ့ကြသူများမှ ပြောကြားလာခဲ့သည်။ ယခုအချိန်အထိ ရှေးဟောင်းသုတေသနဌာ
နအား ထို ရှေးဟောင်းရွှေစင်ဗျာလ္လရုပ်ထုနှင့်ပါတ်သက်၍ သိရှိလိုနေကြပြီး ပြည်သူများအားပြသပေးနိုင်သောအခြေအနေကို
မျှော်လင့်နေကြကြောင်း တူးဖော်စဉ်ကပါဝင်သူ အလုပ်သမားများကိုလည်း နေရာရွှေ့ပြောင်းလိုက်ကြကြောင်း ကြားသိရပါ
သည်။
................
ဓါတ်ပုံမှာ တူးဖော်တွေ့ရှိကြသည့် နေရာအား ရိုက်ယူထားခြင်းဖြစ်သည်။
....................
အနောက်တံခါး ဘီလူး
0 ထင်မြင်ချက်ပေးရန်:
Post a Comment