သာသနာရေး ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ၏ ဖုန်းအတွင်းမှ ဓမ္မာစရိယ မေးခွန်းတွေ့ ရှိပြီး မေးခွန်း
ပေါက်ကြားမှုကြောင့် သမ္မတရုံးမှ ရာထူးရပ်နား၍ ကော်မတီဖွဲ့ စစ်ဆေးလျက် ရှိဟု မြောက်ဥက္ကလာ ဓမ္မရောင်ခြည်
ဆရာတော်က ဧပြီ ၂၆ ရက် မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။
ဓမ္မာစရိယ မေးခွန်း ပေါက်ကြားမှုကြောင့် သာသနာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့်
ညွှန်ကြားရေးမှူးချုပ်(လက်ရှိ ချင်းပြည်နယ်သို့ တာဝန်ပြောင်းရွှေ့ ခံထားရသူ) ဦးမျိုးထွန်းတို့အား ဒုဝန်ကြီး
မောင်မောင်ဌေး အပါအ၀င် ကော်မတီဝင် ၅ ဦး ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိသည်။
““ပထမနေ့က ညွှန်ကြားရေးမှူး ဖုန်းထဲမှာ မေးခွန်းတွေ တွေ့တယ်။ သူ့ကိုမေးတော့ စစ်ကိုင်းက စာဖြေမယ့်
သီလရှင် ဖုန်းထဲကတွေ့လို့ ကူးယူလာတယ်လို့ ပြောတယ်။ သူ လူကြီးတစ်ယောက်အနေနဲ့ မေးခွန်း ဘယ်က ထွက်
လဲဆိုတာ လိုက်ရမှာလေ။ ပထမနေ့မှ မေးခွန်းပေါက်တယ်။ ဒုတိယနေ့မှာလည်း အင်တာနက် အတင်ခံ လိုက်ရတယ်။
အဲဒီမေးခွန်းက စာမေးပွဲဖြေတော့လည်း အဲဒီအတိုင်း ပါလာတယ်။ နောက်ရက်တွေမှာ မေးခွန်း အကုန် ပြောင်းလိုက်
ရတယ်။ တွေ့ရှိချက်တွေကို သာသနာရေး ၀န်ကြီးထံကို တိုင်တန်းခဲ့တယ်””ဟု ဓမ္မရောင်ခြည် ဆရာတော်က မိန့်တော်
မူခဲ့သည်။
မြန်မာသံတော်ဆင့်
0 ထင်မြင်ချက်ပေးရန်:
Post a Comment