Saturday, May 3, 2014

အကျဉ်းကျခံနေရသည့် ရခိုင်အမျိုးသမီးတစ်ဦး ဘင်္ဂလားဒေ့ရှ်ဆေးရုံတစ်ခု၌ ကွယ်လွန်သွားပါကြောင်း

 

           ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောစ့်ဘဇားမြို့ထောင်တွင် အကျဉ်းကျခံနေရသူ ရခိုင်အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့လည်ပိုင်
းက ဆေးရုံတွင်ကွယ်လွန်သွားပါကြောင်း သိရှိရသည် ။ကွယ်လွန်သွားသည့် အဆိုပါ ရခိုင်အမျိုးသမီးမှာ ရခိုင်ပြည် မောင်တောမြို့
မှ ဒေါ်မလှမေ ( 40 ) နှစ်ဖြစ်ပြီး ရင်ကျပ်ရောဂါဖြင့် အမောဆို့ပြီး ကွန်လွန်သွားခဲ့တာဖြစ်ကြောင်း ရခိုင်လူငယ်တစ်ဦးကပြောသည် ။
"" ဒီနေ့မနက် ထောင်ထဲမှာ ရင်ကျပ်တဲ့အတွက် ( အသက်ရှူကျပ်လာတဲ့အတွက် ) ဆေးရုံကို ပို့လိုက်ရပါတယ် ။ 
            ဆေးရုံကို နံက် ၇ နာရီကျော်လောက်မှာရောက်ရှိပြီး နံနက် ၁၀ နာရီကျော်လောက်မှာဘဲ ရုတ်တရက် အမောဖေါက်ကာ
ဆုံးသွားခဲ့ပါတယ် "" ဟုဆိုသည် ။ဒေါ်မလှမေကို ၂၀၁၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်တွင်ရှိသောတက်ကနက်မြို့တွင် 
ရွှေချောင်းများကိုတရားမဝင် ရောင်းဝယ်ဖေါက်ကားသည်ဟု စွပ်စွဲမှုဖြင့် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးနောက် တရားမဝင် 
ရွှေအရောင်းအဝယ်မှုဖြင့် တရားစွဲဆိုထောင်ချခဲ့ခြင်းဖြစ်သည် ။
                 သေဆုံးသူ ဒေါ်မလှမေ၏ မောင်တောမြို့မှ မိသားစုဝင်များ ကောစ့်ဘဇားမြို့ကို ရောက်ရှိနေကြပြီး သူမအားကောင်း
မွန်စွာသဂြိင်္ုဟ်နိုင်ရန် စီစဉ်နေသည်ဟကောက်စ့်ဘဇားမြို့မှ ရခိုင်လူငယ်တစ်ဦး၏ ပြောပြချက်အရ သိရှိရသည် ။
Maung Aye // Narinjara News

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More