Sunday, May 4, 2014

ရခိုင့်တပ်မတော်အား ရခိုင်ပြည်လုံခြုံမှုရှိစေရေးအတွက် နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းတော့မည်



ရန်ကုန်  / မေလ ၂ ရက် ။
           ယခုလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေး
ပွဲများ ပြုလုပ်သွားရန်ရှိပြီး ယင်းအနက်ရခိုင့်တပ်မတော် A.A အနေဖြင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီး နယ်ခြားစောင့်
တပ်ဖွဲ့အဖြစ်ဖွဲ့စည်းသွားရန်ရှိနေကြောင်း သိရှိရသည် ။
               ရခိုင့်တပ်မတော်အနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရခြင်းမှာလည်း တရားမဝင်ရောက်လာကြသော ခိုးဝင်ဘင်္ဂလီ
ရန်မှ ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း ဦးအေးသာအောင်က ပြောကြားလိုက်သည် ။"" အရင်ကတော့ အစိုးရအနေနဲ့ 
ရခိုင်ပြည်ကို အမျိုးအမည်များစွာနဲ့နယ်ခြားစောင့်တပ်တွေဖွဲ့ခဲ့ဖူးပါတယ် ။ လုံခြုံရေးလည်း ယူခဲ့ဖူးတယ် ။ ဒါပေမယ့် ခိုးဝင်လာ
ကြတဲ့ ဘင်္ဂလီတွေက သန်းချီရှိနေတော့ လုံခြုံရေးအင်အားက နေရာဒေါင့်စေ့မမျှဘူးဖြစ်နေခဲ့တယ် ။ ဒါ့အတွက်ကြောင်း အခုရခိုင်
တပ်မတော်အနေနဲ့ ဒီတာဝန်ကို ယူသွားမှာပါ "" ဟု ဦးအေးသာအောင်ကဆိုသည် ။
               ယခုအချိန်တွင် ရခိုင့်တပ်မတော်သည် ရခိုင်ပြည်အား လုံခြုံရေးအတွက်အထူးစောင့်ကြပ်ပေးရတော့မည့်ကိစ္စနဲ့
ပတ်သက်၍ ရခိုင့်တပ်မတော်မှ ပြန်ကြားရေးအရာရှိတစ်ဦးက "" ဒီကိစ္စအတွက်ကျွန်တော်တို့က အဆင်သင့်ဖြစ်နေပါပြီ
အနောက်တံခါး လုံခြုံမှုရှိစေရေးအတွက်ကျွန်တော်တို့ ရခိုင်တပ်မတော်က ကာကွယ်မှုပြုသွားမှာပါ "" ဟု ဦးစိုးထိုက်
ကဆိုသည် ။နယ်ခြားစောင့်တပ်ဖွဲ့စည်းရာ၌အဆိုပါတပ်ဖွဲ့အား အစိုးရမှ စားနပ်ရိက္ခာ / လက်နက်ခဲယမ်း / လစာငွေများ
အား ထောက်ပံ့ပေးရပြီး ယင်းနယ်ခြားစောင့်တပ်၏ ဖွဲ့စည်းပုံစနစ်သည် အစိုးရတပ်မတော်အတိုင်းပင်ဖြစ်ပေလိမ့်မည် ။
"" ဘာပဲဆိုဆို အခုလက်ရှိမှာတော့ကျွန်တော်တို့ရခိုင်တပ်မတော်အနေဖြင့်ရခိုင်ပြည်မနဲ့နယ်စပ်ရန်ကို ကာကွယ်ပေးဖို့အတွက် 
အစိုးရနဲ့ ညှိနှိုင်းလို့ရရှိခဲ့တာဒီတစ်လမ်းတည်းဘဲရှိတာမို့ အနောက်တံခါးနဲ့ ရခိုင်ပြည်သူလူထုတွေကို ကျွန်တော်တို့ ရခိုင့်တပ်
မတော်က နယ်ခြားစောင့်တပ်အသွင်နဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးသွားမှာပါ "" ဟု ဦးစိုးထိုက်က ပြောကြား
လိုက်သည် ။

From // Htun Kham ( N.P.T )

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More