Apple တို့ နှစ်စဉ် ပုံမှန် မိတ်ဆက် ထုတ်လုပ်ရောင်းချနေတဲ့ iPhone Line ကနေ ကွဲပြားတဲ့ ထုတ်လုပ် ရောင်းချမှု
အသစ်တစ်ခု စတင်ပါတော့မယ်။ ယင်း ကတော့ အရွယ်ကြီးပြီး ကွေးကောက်လို့ရတဲ့ iPhone များကို ၂၀၁၄ ခုနှစ်
နှစ်လယ်မှာ ထုတ်လုပ်၊ဖြန့်ချိရောင်းသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
ဟန်းဆက် ၂ မျိုးထပ်မံ မိတ်ဆက်ပြသမှာပါ။ iPhone 5S နဲ့ 5C လို မဟုတ်တော့ပဲ အရွယ်က ၄.၇ လက်မ
တစ်မျိုးနဲ့ ၅.၅ လက်မ တစ်မျိုး ဖြစ်ပါတယ်။ Sensor ပါဝင်မှုတွေလည်း ပိုများလာမယ်လို့ ဆိုပါတယ်။ အရွယ် ကြီးလာ
မှုနဲ့အတူ ပါဝင်မယ့် နည်းပညာတွေလည်း ပိုအဆင့်မြင့်လာပါမယ်။ iOS 8 နဲ့ မြင်တွေ့ရမယ် လို့တောင် အချို့ က ခန့်မှန်း
ထားကြ ပါတယ်။ ကမ္ဘာ့ပထမဆုံး ကွေးညွန်စမတ်ဖုန်း ထုတ်လုပ်ရောင်းချတာ ကတော့ Samsung ဖြစ်ပြီး LG က ဒုတိယ
လိုက်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်မှာ ကတည်းက မိတ်ဆက်ပြသပြီး နှစ်လယ် ပိုင်းလောက်မှာ ဖြန့်ချိရောင်းချမှာ
ဖြစ်ကြောင်း သတင်းများက ဖော်ပြထား ပါတယ်။ ဒါကြောင့်မို့ အရွယ်ကြီးပြီး ကွေးညွန်လို့ရတဲ့ iPhone မော်ဒယ်သစ် များ
သတင်းကြီးလျက် ရှိကြောင်း သိရ ပါတယ်။
Ref: pocketlint
K & N Mobile and Online Store
0 ထင်မြင်ချက်ပေးရန်:
Post a Comment