မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Monday, May 26, 2014

ဇွန်လ ၇ ရက်နေ့တွင် ရခိုင်ပြည်စစ်တွေမြို့၌ NLD နှင့် ၈၈ ( ငြိမ်း / ပွင့်)တို့ ပူးပေါင်းလာရောက် ဟောပြောမည်



             အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈ ( ငြိမ်း / ပွင့် ) အဖွဲ့တို့ ပူးပေါင်းပြီးရခိုင်ပြည်ဘက်ကို ခြေဦးလှည့်လာကြ
မည်ဟု သိရှိရသည် ။အကြောင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲကို ရခိုင်ပြည်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေ
သကြီး ၉ ခုတွင် သွားရောက်ဟောပြောကြမည်ဖြစ်သည် ။
              အဆိုပါ ဟောပြောပွဲများကို မေလ၂၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ ၊ မေလ ၃၁ ရက်နေ့တွင် ချင်းပြည်
နယ် ဟားခါးမြို့ ၊ ဇွန်လ ၇ ရက်နေ့တွင်ရခိုင်ပြည် စစ်တွေမြို့ ၊ ဇွန်လ ၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ၊ ဇွန်လ ၁၀ရက်
နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ဇွန်လ ၁၄ ရက်နေ့တွင် မွန်ပြည်နယ်မော်လမြိုင်မြို့ ၊ ဇွန်လ ၁၅ ရက်နေ့တွင်ရှမ်းပြည်နယ် 
တောင်ကြီးမြို့နှင့် ဇွန်လ၁၆ ရက်နေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့တို့တွင် သွားရောက်ဟောပြောကြမည်ဖြစ်ကြောင်း NLD 
မှ သတင်းထုတ်ပြန်ကြေညာထားသည် ။
 R.N.G News မှ 

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် အဝေးရောက် အစိုးရ ဖွဲ့နိုင်



May 26, 2014 ဧရာဝတီ
         ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အနောက်နိုင်ငံများ၏ ထောက်ခံမှုကို 
ရယူပြီး အိမ်နီးချင်း ကမ္ဘော ဒီးယားနိုင်ငံတွင် အခြေစိုက်ကာ အဝေးရောက်အစိုးရ ဖွဲ့နိုင်ကြောင်း ပြီးခဲ့
သည့် သောကြာနေ့ထုတ် အေးရှားတိုင်းမ် သတင်းတွင် ရေးသား ထားသည်။မစ္စတာသက်ဆင်နှင့် နီးစပ်
သည့် သံတမန်တဦးကို ကိုးကားပြီး ရေးသားထားသည့် အဆိုပါ သတင်းတွင် ၂၀၁၀ ခုနှစ် ဆန္ဒပြမှုများကို 
စစ်တပ်က ဖြိုခွင်းစဉ် အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးသွားသည့် အာဏာရှင်ဆန့်ကျင်ရေး
 ညီညွတ်သော ဒီမိုကရေစီ တပ်ဦး (UDD) အဖွဲ့ခေါင်းဆောင်တချို့နှင့် သက်ဆင်တို့ ပူးပေါင်းပြီး အဝေး
ရောက်ထိုင်းအစိုးရ ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားသည်။
        သို့သော် ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခယူ ခန်ဟာရစ်သ် (Khieu Kanharith)က “အဲဒီလို 
အစိုးရကို ကျနော်တို့ မြေပေါ်မှာ ခွင့်ပေးမှာ မဟုတ်သလို ဖွဲ့စည်းပုံကလည်းခွင့်မပြုပါဘူး” ဟု သူ၏ 
Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
              ယမန်နေ့ကလည်း မစ္စတာ သက်ဆင်၏ ရှေ့နေက ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်း
ကာ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရပ်ဆိုင်း လိုက်သည့် အတွက် ဒီမိုကရေစီပြန်လည်ရှင်သန်ရေး
 ထိုင်းနိုင်ငံ၏ အဝေးရောက် အစိုးရ ဖွဲ့မည်ဟု ထုတ်ပြန်ထားသည်။
            ထို့အတွက် အဆိုပါရှေ့နေကိုလည်း ထိုင်း စစ်အစိုးရက တရားစွဲဆိုမည်ဟု သိရသည်။ထိုင်းစစ်
တပ်က အာဏာသိမ်းခြင်းကို အမေရိကန် အပါအ၀င် နိုင်ငံတကာက ပြစ်တင်ကန့် ကွက်နေပြီး၊ ဒီမိုကရေ
စီကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန် တိုက်တွန်းပြောဆိုနေချိန်၊ မစ္စတာသက်ဆင်သည် ၄င်းအပေါ်
 စာနာစိတ်များရှိနေသည့် အနောက်နိုင်ငံ များ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အ ချိတ် 
အဆက်မိမိလုပ်နိုင်မည့် အခြေ အနေ ရှိသည်ဟု အေးရှားတိုင်းမ်က ဆိုသည်။
           စစ်အာဏာသိမ်းမှုကို အာဏာသိမ်း စစ်ကောင်စီ၊ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု
 ကောင်စီ (National Peace and Order Maintaining Council – NPOMC) ၏ အကြီးအကဲ ထိုင်းဘုရင့်တပ်
မတော် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ယနေ့ နံနက်ထိုင်းစံတော်ချိန် ၁၁ နာရီကျော်က ထိုင်းဘုရင်
မင်းမြတ်၏ အတည်ပြုချက်ရယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။
           ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်နေ့ ညနေ ၅နာရီတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ညမထွက်ရအမိန့်
ထုတ်ပြန်ကာ ထင်ရှားသည့် နိုင်ငံရေးသမား ၁၅၅ ဦးကို ထိုင်းစစ်တပ်အာဏာပိုင်များထံ လာရောက်သတင်းပို့ရန်
 ဆင့်ခေါ်၍ ထိန်းသိမ်းခဲ့ပြီး ရုပ်မြင်သံကြား၊ သတင်းနှင့် မီဒီယာများကိုလည်း ထိန်းချုပ်ခဲ့သည်။ဝန်ကြီးချုပ်ဟောင်း
 မစ္စယင့်လတ် အပါအ၀င် အစိုးရ ဆန့်ကျင်ရေးခေါင်းဆောင် ဆူထေ့သက်ဆူဗန်ကို ယမန်နေ့က ပြန်လွှတ်ပေး
 ခဲ့သော်လည်း မစ္စတာ ဆူထေ့ပ်ကိုမူ တိုင်းပြည်ပုန်ကန်မှု နှင့် တရားစွဲကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် 
ယနေ့ ရေးသား ထား သည်။
        အာဏာသိမ်း စစ်ကောင်စီက ထိုင်းအထက်လွှတ်တော်ကို ဖျက်သိမ်းကာ ရဲချုပ်အပါအ၀င် မစ္စတာ သက်
ဆင်နှင့် နီးစပ်သည့် ထိုင်း မြောက်ပိုင်းဒေသများက ရဲမှူးကြီးများကိုလည်း ၄င်းတို့၏ လက်ရှိ နေရာ ရာထူးတာဝန်
များမှ ဖယ်ရှား ပြောင်းရွှေ့မိန့်များဆက် တိုက် ထုတ်ပြန်ခဲ့သည်။
            မစ္စတာ သက်ဆင်အား အဓိက ထောက်ခံသည့် ချင်းမိုင်အပါအ၀င် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများရှိ 
ဖုယာ့ ထိုင်းပါတီနှင့် ရှပ်နီ ခေါင်းဆောင်များကိုလည်း သတင်းပို့၊ လာရောက်တွေ့ဆုံရန် ဆင့်ခေါ်စာ ဖြင့် အမိန့်ထုတ်
ပြန်ထားသည်။ ရှပ်နီအဖွဲ့ဝင်များဟု ယူဆရသော လူ ၂၀ ကျော်ကိုလည်း လက်နက်ခဲယမ်းများနှင့် အတူ ထိုင်းနိုင်ငံ
မြောက်ပိုင်းတွင် ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်း ဌာန Khaosod က ရေးသားသည်။ ယင်း သတင်းဌာနသည် 
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ သတင်းများကို အဓိက ထုတ်ပြန်နေသည်။
            မစ္စယင့်လတ်အစိုးရ လက်ထက်က ပြည်ထဲရေး ၀န်ကြီးနှင့် နောက်ထပ် ၀န်ကြီး ၁ ဦးတို့သည် စစ်အစိုးရ
အား သူပုန် အစိုးရ ဟု သမုတ်ကာ အာဏာသိမ်းစစ်ကောင်စီမှ သတင်းပို့ရန် မလုပ်ဟုပြောဆိုပြီးနောက် ၄င်းတို့၏ 
ဘဏ်အကောင့် များအား ပိတ်သိမ်း ထားကြောင်း သိရသည်။
            စစ်အာဏာသိမ်းမှုကို ရှပ်နီများ၊ ရှပ်ဝါများ အပြင် လူငယ်မျိုးဆက်သစ်များ၊ အစိုးရ ၀န်ထမ်းများက ကန့်ကွက် 
ဆန္ဒပြမှုများလည်း ဘန်ကောက်နှင့် ချင်းမိုင် စသည့်မြို့ကြီးများတွင် ဖြစ်ပေါ်လျှက်ရှိသည်။ထို့ကြောင့် စစ်အစိုးရမှ 
ဘန်ကောက်အပါအ၀င် ထိုင်းနိုင်ငံတ၀န်းဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှု ကန့်ကွက်သည့် ဆန္ဒပြပွဲများကို မလုပ်
ဆောင်ရန်သတိပေးထားပြီး၊ လုပ်ဆောင်ခဲ့ပါက ပြင်းထန်စွာအရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

စွဲလမ်းမှု ပြဿနာ



Monday, May 26, 2014 7daydaily
            
                   ယခုမနက် ထိုင်း၊ မြန်မာနှစ်နိုင်ငံနှင့် စစ်တပ်အာဏာသိမ်းမှုများ အကြောင်း ဆွေးနွေးပါမည်။
ထိုင်းနိုင်ငံကို လူတစ်ဦး အနေဖြင့် တွေးကြည့်ရလျှင် ဆေး ကုသမှုအရေးတကြီးလိုအပ် နေသည့် လူနာတစ်ဦး
ဟု ဆိုရ မည်။ အရက်စွဲမှု၊ မူးယစ် ဆေးစွဲမှုများကို ဆေးရုံတက်ပြီး ဖြတ်ရသလို ထိုင်းနိုင်ငံမှာလည်းဖြတ်တောက်
ကုသရမည့် စွဲလမ်း မှုပြဿနာတစ်ခုရှိနေသည်။
           အာဏာသိမ်းမှုကို စွဲလမ်း ခြင်း (Coup Addiction)ပဲဖြစ်ပါ သည်။ စစ်တပ်က ပထမဆုံး အာ ဏာသိမ်း
ခဲ့သည့် ၁၉၃၂ ခုနှစ်မှ စတွက်လျှင် ယခုအချိန်ထိ ၈၂ နှစ်အတွင်း အောင်မြင်စွာ အာ ဏာသိမ်းခဲ့သည်က(၁၂)
ကြိမ်၊ ကြိုးပမ်းအားထုတ်မှုက (၇)ကြိမ်၊ စုစုပေါင်း (၁၉)ကြိမ်ဖြင့် ‘‘ကမ္ဘာ့ ဖလားအာဏာသိမ်းပြိုင်ပွဲ’’မှာ ထိုင်းက
 ရွှေဖိနပ်ဆုရဖို့ ကျိန်းသေ နေပါသည်။
            အရက်စွဲသူများက ဝီစကီ၊ ရမ်၊ ဂျင်၊ ဘရန်ဒီ စသည့်အရက် အမျိုးမျိုးကို ဘာရရမှီဝဲတတ်ကြ သလို 
ထိုင်းနိုင်ငံရေး သမိုင်းမှာ လည်း အာဏာသိမ်းမှုများကို တံဆိပ်အမျိုးမျိုး၊ ကြွေးကြော်သံ အမျိုးမျိုးဖြင့် ထုပ်ပိုး
သုံးစွဲလေ့ရှိ ကြသည်။ ကွန်မြူနစ်အန္တရာယ်ကို ချေ မှုန်းရေးအာဏာသိမ်းမှု၊ အရှင် မင်းမြတ်ကို ကာကွယ်ရေး အာ
ဏာသိမ်းမှု၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအာဏာသိမ်းမှု၊ ငြိမ်ဝပ်ပိပြားရေးအတွက် အာဏာသိမ်းမှု၊ အာဏာသိမ်းမှု
ကို ကြိုတင်ကာကွယ်ရေး အာဏာသိမ်းမှု၊ သိမ်းချင်လို့သိမ်းသည့် အာဏာသိမ်းမှု စသည်ဖြင့် အရောင်စုံမထပ်အောင်
 ထုပ်ပိုးပြင်ဆင်ကြသည်။
             ထိုင်းနိုင်ငံရေးရာသီဥတုမှာ အာဏာသိမ်းပွဲ၏ ရွာရန်ရာနှုန်း ကို ခန့်မှန်းဖို့အတွက် မိုးလေဝသ ပညာရှင် 
ဆရာဦးထွန်းလွင်၏ အကူအညီမလိုပါ။ ထိုင်းစစ်ဗိုလ် ချုပ်ကြီးများ၏ စကားကိုသာ နား ထောင်ကြည့်ဖို့ ဖြစ်ပါသည်။
 ဗိုလ် ချုပ်ကြီးများက ‘‘အာဏာသိမ်း မည်မဟုတ်ပါ’’ဆိုလျှင်တော့ အိမ် အတွက် ဆီနှင့် ဆန်ကို အပြည့် ဝယ်ထားရန်
 လိုအပ်ပါလိမ့်မည်။ ရက်အနည်းငယ်အတွင်းမှာ ဘန် ကောက်မြို့၏ လမ်းများပေါ်ကို တင့်ကားများလှိမ့်တက်လာဖို့
 နီး စပ်နေပါပြီ။
              ယခုနောက်ဆုံးတစ်ကြိမ် (၁၉)ကြိမ်မြောက်ဂိုးကို သွင်းသူ ကတော့ ထိုင်းကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်
ကြီးပရာယွတ်ချန် အိုချာဖြစ်သည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်က စစ်အုပ်ချုပ်ရေးကို ၎င်းက ကြေညာခဲ့သည်။ အာဏာ 
သိမ်းခြင်းလုံးဝမဟုတ်ပါဟု အာမခံသည်။ အာမခံပြီး ၄၈ နာရီအကြာမှာတော့ ရုပ်မြင်သံကြားကတစ်ဆင့် ၎င်းကပဲ နိုင်ငံ
အာဏာကို ထိုင်းစစ်တပ်ကသိမ်းယူလိုက်ပါပြီဟု ကြေညာပြန်သည်။
        အရက်ဖြတ်ဖို့ ကြိုးစားသူ တစ်ဦးက စိတ်ညစ်မှုကိုအကြောင်း ပြပြီး အရက်ပြန်သောက်သလို ထိုင်းနိုင်ငံသည်လည်း
 အရပ်သား နိုင်ငံရေး အကျဉ်းအကျပ်များကို အကြောင်းပြုပြီး အာဏာသိမ်းမှု နည်းလမ်းက ရုန်းမထွက်နိုင်သေး ပါ။ 
အာဏာသိမ်းမှုများနှင့် ထိုင်း နိုင်ငံ မည်မျှကျင့်သားရနေသည် ကို ဘန်ကောက်မြို့လမ်းများပေါ် တွင်တွေ့နိုင်သည်။ 
လုံခြုံရေးယူ ထားသည့် စစ်သားများနှင့် တွဲ ရိုက်သည့် ဓာတ်ပုံများနှင့် Selfie များက အာဏာသိမ်းမှုကို စွဲလမ်း သည့်
 လက္ခဏာများအဖြစ် မြင် တွေ့ရသည်။
           ထိုင်းနိုင်ငံရေးမှာ အာဏာ သိမ်းယဉ်ကျေးမှု (Coup Culture) တည်ရှိနေသည်ဟု ဩစတြေးလျ အမျိုးသား
တက္ကသိုလ်မှ နိုင်ငံ တကာရေးရာကျွမ်းကျင်သူ ဒေါက်တာနီကိုးလပ်စ်ဖာရယ်လီက ဩစတြေးလျနိုင်ငံတကာ ဆက်ဆံ
ရေးဂျာနယ်မှာ ၂၀၁၃ ခုနှစ်က ရေးသားခဲ့သည်။ ထိုင်းနိုင်ငံရေးမှာ အကျပ်အတည်းများတွေ့သည့်အခါ မျက်နှာချင်းဆိုင်
ရင်ကြားစေ့ဖြေရှင်းမှုကိုမလုပ်နိုင်ဘဲ စစ်တပ်က ဝင်ရောက်အာဏာသိမ်းခြင်းဖြင့်သာ အဆုံးသတ်သွားလေ့ရှိသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဆက်ဆံရေးကောင်စီ (Council on Foreign Relations) က အရှေ့တောင်အာရှ
ရေးရာ ကျွမ်းကျင်သူဆောင်းပါးရှင် ဂျို ရွာကာလန်ဇစ်ကတော့ ထိုင်းစစ် တပ်၏ သဘောသဘာဝကို သုံး သပ်သည်။ မည်
သည့်နိုင်ငံနှင့်မှ စစ်ဖြစ်ပွားနေခြင်းမရှိဘဲ ကြီးထွားနေသည့် တပ်အင်အားကို ထောက်ပြသည်။ ထိုင်းနိုင်ငံတွင် ကြည်း၊ ရေ၊
 လေ ဗိုလ်ချုပ်စုစု ပေါင်း ၁,၇၀၀ ခန့်ရှိနေသည်။ စစ် သားအရေအတွက် အချိုးနှင့် ကြည့်လျှင် အမေရိကန်စစ်တပ် ထက်ပင်
 ပိုများသည်ဟုဆိုရမည်။ ၎င်းတို့အများစုမှာ အလုပ်တာဝန် များ မည်မည်ရရမရှိပါ။ သို့နှင့် ၎င်းတို့အတွေးအခေါ်မှာ နိုင်ငံရေး
 တွင် စွက်ဖက်လွှမ်းမိုးခြင်းဖြင့်ဂုဏ်သိက္ခာ၊ အဆောင်အယောင်နှင့် အခွင့်အလမ်းများရဖို့ကို ဦးတည်နေသည်ဟု ဂျိုရွာက
 ဆိုသည်။
            ယခုတော့ အသက် (၆၀) ပြည့်နေသည့် ဗိုလ်ချုပ်ကြီး ပရာ ယွတ်က ပင်စင်မယူမီ ထိုင်းနိုင်ငံရေး  အကျပ်အတည်း
ကို  ဖြေရှင်းမည်။ မဖြေရှင်းနိုင်သေးလျှင်ပင်စင် မယူသေးပါဟု ဆိုလာသည်။ ၁၉ ဂိုးသွင်းသည့် ထိုင်းစစ် တပ်ကိုကြည့်ပြီး 
မြန်မာတို့အား ငယ်ရန် မလိုအပ်ပါ။ မြန်မာက ၁၉၆၂ ခုနှစ်မှာ တစ်ကြိမ်သာ အာ ဏာသိမ်းခဲ့ပါသည်။ သို့သော် ထို တစ်ကြိမ်
က နှစ် ၅၀ ကျော်တည် တံ့ပါသည်။ ထိုင်းနိုင်ငံ၏ ပြဿ နာက နိုင်ငံရေးအကျပ်အတည်း များတွေ့တိုင်း အာဏာသိမ်းလေ့
 ရှိသည့် အလေ့အထကို ဖျောက် ဖျက်ရမှာဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြဿနာက တစ်ကြိမ်အာဏာ သိမ်းပြီး တိုင်းပြည်ကို ဆယ်
စုနှစ် များကြာအောင် စစ်မှုပြုခဲ့သည့် စနစ်ကို တစ်စစီပြန်ဖြုတ်ရမှာ ဖြစ်သည်။
              လမ်းများပေါ်ကို တင့်ကား များ တက်မလာသည့်တိုင် အရပ် ဘက် လူ့အဖွဲ့အစည်း၏ ဌာန အသီးသီးနှင့် အဖွဲ့
အစည်းတိုင်း မှာ ဝင်ရောက်ချုပ်ကိုင်ထားသည့် တပ်မတော်သားများနှင့် တပ်မတော်သည် နိုင်ငံရေး၏ ဗဟိုချက်ဆိုသည့်စ
နစ်ကို တစ်ဆင့်ချင်းပြုပြင်ပြောင်းလဲသွားဖို့ဖြစ်သည်။
            ထိုင်းနိုင်ငံ၏ သင်ခန်းစာကို ယူရလျှင် မျက်နှာချင်းဆိုင်စေ့စပ် ဆွေးနွေးရေးများကို လူ့အဖွဲ့ အစည်းအကျိုးကိုကြည့်ပြီး 
မဖြစ် ဖြစ်အောင် ပြုလုပ်သွားနိုင်ကြဖို့ ဖြစ်သည်။ စေ့စပ်ဆွေးနွေးမှုများ ကို အောင်မြင်အောင်မလုပ်နိုင် လျှင် နောက်တစ်ဆင့်မှာ
တွေ့မည့် ထိပ်တိုက်ရင်ဆိုင်မှုများက တပ် မတော်အပါအဝင် တာဝန်ရှိသူ များကို ထာဝရနာမည်ဆိုးပေးပါ လိမ့်မည်။ယခုအထိတော့
 ထိုင်းနိုင်ငံ က အရက်စွဲလမ်းမှုကို ဖြတ်ဖို့ ကြိုးစားသည့်တိုင် မအောင်မြင် သူဟုဆိုရလျှင် မြန်မာနိုင်ငံက ဖြတ်ဖို့ မစဉ်းစားဘဲခိုး
သောက်နေ သူဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။ ပြုပြင်ပြောင်းလဲရေးများစတင်ပြီး အပြုသဘောဆောင်သည့် ခြေ လှမ်းများ လှမ်းပြ
နေသည့်တိုင် စွဲလမ်းမှုကို မဖြတ်နိုင်သည့် သင်္ကေတများကို တွေ့ရသည်။ 
            ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆုပ်ကိုင်ထားမှုက သက်သေပြနေသည်။နိုင်ငံတကာ အသိုင်းအဝိုင်း က အနံ့ခံ၍ 
သိပ်မရနိုင်သည့် ‘‘ဂျင်’’အရက်ကို သံပရာသီးညှစ် ပြီး မှီဝဲဦးမည့်သဘောရှိသည်။ ထိုင်းနိုင်ငံမှာတော့ တင့်ကားများ က လမ်းများ
ပေါ်မှာ နေရာယူထားကြသည်။ မြန်မာနိုင်ငံမှာတော့ တင့်ကားများက လမ်းများပေါ်မှာ ရှိမနေကြပါ။
          တင့်ကားများက နိုင်ငံ၏ စီးပွားရေးဈေးကွက်၊ အစိုးရအဖွဲ့ ရုံး၊ လွှတ်တော်နှစ်ရပ်နှင့် ရွေး ကောက်ပွဲကော်မရှင်တို့ကို ထိန်း 
ချုပ်ထားပြီး ဖြစ်နေလို့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့် အာဏာသိမ်းမှု (Constitutional Coup)ဟုပဲ ဆိုရ ပါလိမ့်မည်။။

စစ်တပ်ကို စိန်ခေါ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး


ဧရာဝတီ May 26 / 2014
            စစ်အစိုးရ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲများ ကျင်းပလျက်ရှိပြီး ယင်းလူထု
ဟောပြောပွဲများတွင် ဖွဲ့စည်းပုံ ပြင်ရေး စစ်တပ်ကို စိန်ခေါ်သည်ဟု ပြောဆိုခဲ့သည့်အတွက် ပြည်ထောင်စုရွေး
ကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်း စုကြည် ထံသို့ သတိပေးချက် စာတစောင် ပေးပို့လိုက်ကြောင်း သိရှိရ
သည်။ မေလ ၁၈ ရက်နေ့ မန္တလေးမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဒေါ်
အောင်ဆန်းစုကြည်က စစ်တပ်အနေဖြင့် အာဏာ မမက်မောကြောင်း၊  အထူး အခွင့်အရေး မ မက်မောကြောင်း၊
 နေရာမ မက်မောကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းဖြင့် သက်သေပြရန် လိုကြောင်း၊ သက်သေပြ
ရန်လည်း တိုက်တွန်းပြီး စိန်ခေါ် ကြောင်း ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဋ္ဌာန်း
ချက်များကို ချိုးဖောက်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မေလ ၂၂ ရက်နေ့က ပေးပို့လိုက်သော
 သတိပေးချက်စာတွင် ဖော်ပြထားသည်။
               နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက “ တပ်မတော်ကို 
ပုတ်ခတ်တဲ့ သဘောပြောတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားစာ ပို့ထားပါတယ်။ သတိပေး အ
ကြောင်းကြားတဲ့ သဘောပါ ”ဟု ဧရာဝတီသို့ ပြောဆိုသည်။
              ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင် ဥပဒေ အရ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ 
ကြီးကြပ်ခြင်းတို့ အတွက် တာဝန်ရှိကြောင်း၊ နိုင်ငံရေးပါတီများသည် ဥပဒေပါ ပြဋ္ဌာန်းချက်များကို စောင့်ထိန်း လိုက်နာ
ရန် ပျက်ကွက်ခြင်း တို့ကို တွေ့ရှိပါက ကော်မရှင်က လိုအပ်သည်များ လိုက်နာရန် ဥပဒေအရ ညွှန်ကြားနိုင်သဖြင့် ယခ
ုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ထံသို့ သတိပေးစာ ပေးပို့ခြင်းဖြစ်သည်ဟု သိရှိရသည်။
           ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ပြန်လည် မှတ်ပုံတင်စဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေးစားလိုက်
နာရေး ၀န်ခံ လက်မှတ်ရေးထိုးထားပြီး လွှတ်တော်ကိုယ်စားလှယ်တဦးအနေဖြင့်လည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ
ကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်ဥပဒေများကို လိုက်နာပါမည်ဟု ကတိပြုထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ 
ပြောဆိုချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုသည့် ဘောင်ကို ကျော်လွန်ရာ ရောက်နေကြောင်းသတိပေး 
ထားသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှင်းလင်းဆွေးနွေးပွဲများတွင် ပါတီအနေဖြင့် ဖြစ်စေ၊ ပါတီဝင် တဦးချင်း အနေဖြင့်
 ဖြစ်စေ၊ မိမိတို့ ၀န်ခံ လက်မှတ်ရေးထိုးထားသည့် သို့မဟုတ် ကတိသစ္စာ ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေး
စား လိုက်နာရန် တာဝန်နှင့် တည်ဆဲ ဥပဒေများနှင့်အညီ ဆွေးနွေး ဟောပြော ပွဲများ ဖြစ်စေရန် တာဝန်တို့ကို သတိပြု 
ဆောင်ရွက်ရန် လိုအပ်သည် ဟုလည်း ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာတွင် ရေးသားထားသည်။
         ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးချက်နှင့် ပတ်သက်၍ NLD ခေါင်းဆောင်များ၏ သဘောထား မှတ်
ချက် ရယူရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ။


Sunday, May 25, 2014

ယင်လတ် ရှင်နာဝတ်ကို ပြန်လွှတ်လိုက်ပြီ

 25 May 2014  ဘီဘီစီ       
           ထိုင်းစစ်တပ်က ခေါ်ယူ ထိမ်းသိမ်းထားသော ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ကို 
ယနေ့ ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။သိုသော် ထိုင်းစစ်တပ် အာဏာသိမ်းမှုသည် 
အခြားသော စစ်အာဏာသိမ်းမှုများ ကဲ့သို့ပင် စာအုပ်ကြီး အတိုင်း ဖြစ်လာနေပြီဟု လေ့လာသူများက 
ဆိုသည်။
       ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ညမထွက်ရ အမိန့်များ၊ စစ်အုပ်ချုပ်ရေး ကြေငြာချက်များ၊ ရုပ်သံမှ 
စစ်ချီတေး ထုတ်လွှင့်မှုများနောက်တွင် မီဒီယာ ဆင်ဆာနှင့် ဖမ်းဆီးထိမ်းသိမ်းမှုများ ပါလာသည်။
နောက်ဆုံးတွင်တော့ အသင့် အနေအထား ရှိနေသော လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် 
စစ်သားများက နေရာတိုင်း လိုလိုတွင် ရောက်လာခဲ့ပြီ။ ယခု အချိန်တွင် မြို့တွင်း လမ်းထောင့်မှ မက်ဒေါ်
နယ်ဆိုင် ရှေ့တွင်ပင် လက်နက်ကိုင် စစ်သားအစောင့် ရှိနေပြီ ဖြစ်သည်။
        တဖက်ခြမ်းတွင်တော့ ညနေအတွက် စားသောက်စရာ ၀ယ်ရန် တန်းစီနေသော ပြည်သူများ ရှိသည်။
 သူတို့ကြားတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း အော်ဟစ်ကာ ဆန္ဒ ဖော်ထုတ်ကြသူ လူတစ်စုက 
တန်းစီစောင့်ကြပ်နေသော စစ်သည်များကို ရင်ဆိုင်လျှက်ရှိသည်။
 မကြာမီ စစ်တပ်က ထရပ်ကားတစ်စီး ရောက်လာပြီး အသင့်တင်ဆောင်လာသော အသံလွှင့်စက်
များဖြင့် စစ်ချီသီချင်းများ ဖွင့်ကာ ဆန္ဒပြသူများ၏ အသံကို ဖုံးလွှမ်းပစ်လိုက်သည်။ထိုင်းစံတော်ချိန် ညနေ
 ၆ နာရီတွင် လူစုခွဲခိုင်းထားသည်။ သို့သော် ယခု အချိန်ထိ လူစု မကွဲသွားဘဲ ဆန္ဒပြသူများက ပိုလို့ပင် တိုး
လာသည်။ တပ်အနေဖြင့် ယခု အခြေအနေတွင် လမ်းပေါ်မှ ပြည်သူလူထု၏ ဆန့်ကျင်မှုများကို မည်သို့ တုံ့
ပြန်ရမည်ကို ဝေခွဲမရ ဖြစ်နေဟန်တူသည်။
           စစ်သည်ငယ် တစ်ဦး၏ တာဝန်နှင့် ခံစားချက်ကြားမှ ကြေကွဲနေရဟန် မျက်နှာကိုလဲ သတင်းပေး
ပို့ချက်များတွင် တွေ့ရသည်။ တိုက်ဆိုင်စွာပင် နေကလဲ ခြစ်ခြစ် ပူသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။
ယခုတကြိမ် အာဏာသိမ်းမှုသည် ယခင် အကြိမ်များနှင့် မတူ။ ဒေါသပါသည်။ တင်းမာမှု ပိုကြီးသည်။ 
ဆန့်ကျင်ဆန္ဒပြမှုများက ယခု အချိန်တွင် လူရာဂဏန်းမျှဖြင့် သေးငယ်သော်ငြား ပိုမို ကြီးထွားလာမည့် 
အရိပ်အယောင်များ ရှိနေသည်။ စစ်တပ်က အမှားမခံသည့် အနေအထားတွင် ထိပ်တိုက် ရင်ဆိုင်မှုများ
 ယခုထက် ပိုများပြီး ပိုလဲ ဆိုးလာနိုင်သော အနေအထား ဖြစ်သည်။
ဘန်ကောက်မြို့မှ ဘီဘီစီ သတင်းထောက်၏ သတင်းပေးပို့ချက် ဖြစ်ပါသည်။

Saturday, May 24, 2014

အချိန်ပိုသွင်းဂိုးတွေနဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်

 ရီးရဲလ်ဟာ ရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီမာ၊ မိုဒရစ်စတဲ့ တိုက်စစ်ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး 
ခံစစ်ပိုင်းမှာတော့ ဗရာနီ၊ ရာမို့စ်အတွဲကို အသုံးပြုခဲ့ပါတယ်။ အက်သလက်တီကိုဘက်မှာတော့ အာဒါတူရန် 
ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ဒီယေဂိုကော်စတာ၊ ဒေးဗစ်ဗီလာတို့ တိုက်စစ်အတွဲကို ကိုကီ၊ ဂါဘီ၊ ရာအူးလ်ဂါစီယာတို့
 ပံ့ပိုးကစားစေတဲ့ ပုံစံခင်းကျင်းခဲ့ပါတယ်။
          ပွဲချိန် (၉)မိနစ်မှာပဲ ဒီယေဂိုကော်စတာ ဒဏ်ရာရသွားလို့ အက်ဒရီယန်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒါဟာ
 ချန်ပီယံလိဂ် ဗိုလ်လုပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံး လူစားလဲမှုပါပဲ။ ရီးရဲလ်ဟာ ပွဲချိန်အစပိုင်းမှာ အသာစီး
ရခဲ့သလို ရှိပေမယ့် ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပွဲချိန် ၃၁မိနစ်မှာ တီယာဂို လူပေးမှား
တာကို ဘေးလ်ရသွားပြီးနောက်ခံလူ နှစ်ယောက်ကြားက လိမ်ခေါက်ကန်သွင်းရာမှာ လွဲချော်ခဲ့လို့ ရီးရဲလ် နစ်နာ
ခဲ့ပါတယ်။
        ဂိုးပေါက်ခြိမ်းခြောက်ခံလိုက်ရပေမယ့် အက်သလက်တီကိုကတော့ ခပ်ကြမ်းကြမ်း ကစားကွက်နဲ့ ရီးရဲလ်ဘက်
ကို ပြန်စိုးမိုးခဲ့ပြီး ပွဲချိန် ၃၆မိနစ်မှာ ဂိုးရသွားခဲ့ပါတယ်။ ထောင့်ကန်ဘောကတစ်ဆင့် ဂျူအန်ဖရန် ခေါင်းတိုက်ချ
ပေးတဲ့ ဘောလုံးကို ဂိုဒင် ထပ်ဆင့်ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့တာပါ။ ဒီဂိုးပေးလိုက်ရတာဟာ ထွက်ပုတ်ဖို့ ဆုံး
ဖြတ်ခဲ့တဲ့ ဂိုးသမား ကာဆီးလက်စ်ရဲ့ အမှားအယွင်းပါပဲ။ဒုတိယပိုင်း (၅၄)မိနစ်မှာ ရော်နယ်ဒို ပြစ်ဒဏ်ဘောကန်ချက်
ကောင်းမွန်ခဲ့ပေမယ့် ဂိုးသမား ကော်တိုရစ် ပုတ်ထုတ်သွားနိုင်ခဲ့ပြီး နောက်(၄)မိနစ်အကြာမှာတော့ ရီးရဲလ်ဟာ 
တိုက်စစ်မြှင့်ဖို့အတွက် တိုက်စစ်အားသန်တဲ့ နောက်ခံလူ မာဆယ်လို၊ ကွင်းလယ်ကစားသမား အစ္စကိုတို့ကို ထည့်
သွင်းကစားစေခဲ့ပါတယ်။ ဒါပေမဲ့ အက်သလက်တီကိုရဲ့ ဇုန်အလိုက် ကစားမှုကို မထိုးဖောက်နိုင်ခဲ့ဘဲ ဧရိယာအတွင်းလက်ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်
မှတ်ပေးခဲ့ခြင်းမရှိပါဘူး။အချိန်ပို ဒုတိယပိုင်းမှာတော့ ရီးရဲလ်တို့ အနိုင်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကို ပွဲချိန်တစ်လျှောက်လုံး အခွင့်အရေးတွေ ဖြုန်းတီး
ခဲ့တဲ့ ဘေးလ်ကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘယ်တောင်ပံကနေ ဒီမာရီယာ တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်း
ရာမှာ ဂိုးသမား ကော်တိုရစ်နဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဘေးလ်က ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ ခေါင်းတိုက်
သွင်းခဲ့တာပါ။ ၁၁၄ မိနစ်မှာ တီယာဂို အခွင့်အရေး ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီး ရီးရဲလ်အတွက် တတိယဂိုးကို အက်သလက်တီ
ကို ခံစစ်ကြောင်း ပေါ့လျှော့မှုကတစ်ဆင့် မာဆယ်လိုက ဧရိယာထိပ်က ကန်သွင်းခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုကို ခြေချိတ်
တယ်ဆိုပြီး ပွဲချိန် ၁၁၉မိနစ်မှာ ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ပြီး ရော်နယ်ဒိုက ဒီရာသီ (၁၇)ဂိုးမြောက် ချန်ပီယံလိဂ် 
သွင်းဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။
မှတ်တမ်းမှတ်ရာများ
၁။ ။ ဂိုဒင်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် ပထမဆုံး ဥရုဂွေး ကစားသမားဖြစ်လာခဲ့။ 
၂။ ။ အက်သလက်တီကိုမှာ ယခုရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ခေါင်းတိုက်ဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ကျန်အသင်းများထက် 
ခေါင်းတိုက်ဂိုး ပိုရခဲ့။
၃။ ။ နောက်ဆုံးယှဉ်ပြိုင်ခဲ့ကြသည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲများတွင် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သော အသင်း(၈)သင်းအနက် (၆)သင်း
 ချန်ပီယံဖြစ်ခဲ့သော်လည်း ဘိုင်ယန်နှင့် အက်သလက်တီကိုတို့ ချန်ပီယံဆုဖလားနှင့် လွဲချော်ခဲ့ကြ။
၎။ ။ ဘေးလ်မှာ ဘာစီလိုနာကို အနိုင်ရခဲ့သည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ရပ်ဆက် ဂိုးသွင်းနိုင်ခဲ့။
၅။ ။ ရော်နယ်ဒိုမှာ ယခုရာသီ ချန်ပီယံလိဂ် သွင်းဂိုး(၁၇)ဂိုး သွင်းယူပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီ သွင်းဂိုးအများ
ဆုံး စံချိန်သစ်တင်ခဲ့။
၆။ ။ ရီးရဲလ်နည်းပြ အန်စလော့တီမှာ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် ဗိုလ်စွဲခဲ့သည့် ပထမဆုံးနည်းပြ ဖြစ်လာခဲ့။
၇။ ။ ရီးရဲလ်သည် ယခုရာသီတွင် အက်သလက်တီကိုအား (၄)ဂိုး သွင်းယူနိုင်ခဲ့သည့် ပထမဆုံးအသင်းဖြစ်လာ။ 
၈။ ။ အက်သလက်တီကိုသည် ၁၉၇၄ခုနှစ် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ကို အချိန်ပိုတွင် ရှုံးနိမ့်ခဲ့ရ။
၉။ ။ ဘေးလ်မှာ ဥရောပပြိုင်ပွဲ (သို့) ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် ပထမဆုံး ဝေးလ် ကစားသမားဖြစ်လာ။
@z (ရိုးရာလေး)
                               ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင်သွင်း ဂိုး များကိုအောက်မှာ စုစည်းပြသထားပါသည်
                                      သွင်းကိုများကြည့်ရန် 

                           





ထိုင်းနိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားရင်းနှီးမြုတ်နှံသူများ စိတ်ပူပန်မှုများနေ



    ထိုင်းနိုင်ငံရေးအခြေအနေတွေနှင့်ပါတ်သက်ပြီး ၊ စစ်တပ်အနေဖြင့် နိုင်ငံခြားရင်းနှီးမြုတ်နှံသူများ 
စိတ်ပူပန်မှု့ လျော့ကျစေရန် ၊ သိသာရှင်းလင်းတဲ့ ပေါ်လစီတွေကို ရှင်ပြဖို့ လိုအပ်ကြောင်း ဆို ၊ 
အခုလောလောစဉ် နိုင်ငံခြားရင်းနှီးမြုတ်နှံသူများ နောက်ထပ် ရင်းနှီးမြုတ်နှံမှု့ မလုပ်တောဘဲ အခြေ
အနေကိုစောင့်ကြည့်နေကြပြီး တစ်ခြားနိုင်ငံကိုရွှေပြောင်းဖို့ ကလည်း ၊ သူတို့ အဆောက်အဦးတွေဒီ
နိုင်ငံတွင်မှာဘဲ ရှိနေတော သူတို့ ကထိုင်းနိုင်ငံရေးအခြေအနေကို နားလည်ကြောင်း အများစုက ထိုင်း
နိုင်ငံက တစ်ခြားနိုင်ငံကို မရွေ့ သွားချင်ကြကြောင်းဆိုပါတယ် ။ စစ်တပ်အနေဖြင့် သူတို့ ရဲ့ ပေါ်လစီတွေ
နဲပါတ်သက်ပြီး ၊ နိုင်ငံခြားရင်းနှိးမြုတ်နှံသူများနှင့် ဆက်သွယ်ပြီး အခြေအနေကို ရှင်ပြဖို့ လိုကြောင်း
 The nation ထိုင်းသတင်းစာစီးပွါးရေးသတင်းမှာရေးသားဖော်ပြ ထားပါတယ် ။
          မင်းခိုင်ဇံ ( ဘန်ကောက် )

ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ရခိုင်လက်နက်ကိုင်တပ်များချထားပေးရေး တောင်းဆိုတော့မည်



နောင်ရိုး (မြစ်မခ)
      ရန်ကုန်၊ ရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်၌ ဒေသလုံခြုံရေးအတွက် ရခိုင်လက်နက်
ကိုင်အဖွဲ့အစည်းများ ချ ထားပေးရေး တောင်းဆိုတော့မည်ဟု ရခိုင်နိုင်ငံရေးပါတီများထံမှ သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအ ခြေစိုက်လက်နက်ကိုင်အုပ်စုများနှင့် ပဋိ ပက္ခများဖြစ်ပွားနေပြီး ယင်း
အခြေအနေ ကို ထိန်းသိမ်းနိုင်ရန်အတွက် သက်ဆိုင် ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်သွားနိုင်ရေး ရခိုင် တိုင်းရင်းသားများက လိုလားနေခြင်း ဖြစ်သည်။
      ''အဓိကကတော့ နယ်စပ်ကိုလုံခြုံ စေချင်တယ်။ အခုထက်လုံခြုံမှုကို ပေး စေချင်တယ်။ ဒါကြောင့်
 နယ်စပ်လုံခြုံရေး အတွက် (AA)၊ (ALP)တပ်တွေကို နယ် စပ်မှာထားဖို့အတွက် အစိုးရကိုရော တာ ဝန်ရှိ
သူတွေကိုရော တင်ပြတယ်''ဟု ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေး သာမောင်က ဆိုသည်။
ထို့ပြင် ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများ ကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့
အစည်း များအနေဖြင့် တရားဝင် စုံစမ်းစစ်ဆေး ၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူး ပေါင်းပြီး ထိရောက်
စွာအရေးယူသွားရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားသည် ဟူ၍လည်း သိရသည်။
      ယခုရက်ပိုင်းများအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံအခြေစိုက်တပ်ဖွဲ့များနှင့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့များ
အကြား အပြန် အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်မေ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ် မောင် တောနယ်
စပ်မိုင်တိုင်အမှတ်(၅၂)၌ တစ် ဖက်နိုင်ငံမှ လက်နက်ကိုင်သောင်းကျန်း သူဆိုသူများ၏ ချောင်းမြောင်းပစ်ခတ်
 မှုကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင် နေသည့် အမှတ်(၁)နယ်ခြားစောင့်တပ်မှ ရဲတပ်ဖွဲ့ဝင်လေးဦးသေ
ဆုံးကာ ဒုရဲအုပ် တစ်ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ် သားနှစ်ဦးမှာ လက်နက်ခဲယမ်းများနှင့် ပျောက်ဆုံးနေ
ကြောင်း သိရသည်။
         ယခုဖြစ်စဉ်များမှာ ကျူးကျော်ရန်စ ခြင်းဖြစ်သော်လည်း ရခိုင်နယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်များ 
ချထားပေး ရန်ဆိုသည်မှာ ပြည်ထောင်စုအစိုးရမှ ခွင့်ပြုမှသာဖြစ်နိုင်မည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး 
ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဦးဇော်အေးမောင်က ပြော သည်။''အဓိကလုံခြုံရေးအတွက်တာဝန် ရှိတာက
 ပြည်ထောင်စုအစိုးရနဲ့ ရခိုင် ပြည်နယ်အစိုးရပဲ။ ဒါမဖြစ်သင့်ဘူးလေ။ ကိုယ်တို့ကိုကျူးကျော်တာပဲ၊ ကျူးကျော်
 ပြီးရန်စတာပဲ၊ လုံခြုံရေးများများချပေးဖို့ လိုတယ်။ မဟုတ်ရင် တစ်ချိန်မှာ အန္တရာယ် အလွန်ရှိလာနိုင်တယ်''ဟ
ု ဦးဇော်အေး မောင်က ဆိုသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More