Saturday, March 15, 2014

MH370 ဘယ်မှာရှိနိုင်မလဲ ( Hijack ?? Hijack ?? Hijack ?? )

 လွန်ခဲ့တဲ့ရက်တွေတုန်းက Hijack ဖြစ်နိုင်ကြောင်းကို ကျွန်တော်ပို့စ်ရေးခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ် ။ အခု
ဒီအကြောင်းပြန်မပြောခင် လေယာဉ်ရဲ့ လက်ရှိရောက်နေတဲ့ ခန့်မှန်းခြေ လမ်းကြောင်းကို ကြည့်ကြရအောင် ။
နောက်ဆုံးရရှိတဲ့သတင်းတွေအရ MH370 ဟာ သူ့ရဲ့လေယာဉ်လမ်းကြောင်းကနေပြန်ကွေ့ပြီး အနောက်ဖက်စွန်းစွန်း
ကို ဦးတည်သွားတယ်လို့ ဆိုထားတယ် ။ ဒါဆို အဓိက ရှာဖွေရမဲ့ လေယာဉ်တည်ရှိနေနိုင်မဲ့နေရာ၂ ခုထွက်ပေါ်လာပါတယ် ။
၁ ။ Turkmenistan မှတဆင့် ဥရောပဖက်ဦးတည်နေသော လမ်းကြောင်း
၂ ။ အင်ဒိုနီးရှားမှတဆင့် အိန္ဒိယသမုဒ္ဒရာ တောင်ဖက်ခြမ်းဆီသို့
ဒါ့အပြင် မလေးရှား Prime minister ဖြစ်သူ Najib Razak ရဲ့ပြောစကားတွေလည်း ဖတ်ကြည့်ပါဦး ။
“ ဂြိုလ်တုဆက်သွယ်ရေး နောက်ဆုံးအချက်အလက်တွေအပေါ်အခြေခံပြီးပြောရရင် Aircraft communication addressing
system ကို လေယာဉ်က မလေးရှား east coast မရောက်ခင်မှာ Disable လုပ်ခံရတာပါ ။ မလေးရှားနဲ့ဗီယက်နမ် ကြားမှာ
လေယာဉ်ရဲ့ transopnder ကို ပိတ်လိုက်ခြင်းခံရပါတယ် ။ ရေဒါတွေမှာ ဖော်ပြခဲ့တာကတော့ လေယာဉ် MH370 ဟာ ပြန်
လှည့်ခဲ့တယ် ပြီးတော့အနောက်မြောက်ဖက်မသွားခင်မှာ အနောက်ဖက်ကို ဦးတည်ခဲ့တယ် ။ ဒါဟာ လေယဉ်ပေါ်က တစ်ဦးဦး
 ရဲ့ ထိမ်းချုပ်ပါဝင်ပတ်သတ်မှု အဓိက အကြောင်းရင်းခံပါပဲ ။ တောင်တရုတ်ပင်လယ်မှာ ရှာဖွေမှုတွေကတော့အဆုံးသတ်တော့မှာပါ ။ ”
မလေးရှားအဲလိုင်းဟာ ကမ္ဘာမှာ လုံခြုံစိတ်အချအရဆုံး အဖြစ် အမွှမ်းတင်ခဲ့ထားရပေမယ့် သူ့မှာ အရင်က မတော်တဆမှု ၂ ခုသာရှိခဲ့
တယ် ။ အဲဒီထဲက တစ်ခုကတော့ လေယာဉ်ပြန်ပေးဆွဲခံရခြင်းပါပဲ ။
        ကဲ Hijack ဖြစ်နိုင်ကြောင်းလေးပြန်လည်သုံးသပ်ကြည့်ရအောင် Hijack ဆိုရင် ဘာလို့ အခုထိ Deal မလုပ်ကြသေးတာလဲလို့
တော့မမေးပါနဲ့ဦး ။ အဲဒီမေးခွန်းကတော့ အခု စာရေးသူကိုယ်တိုင်သိချင်နေတဲ့မေးခွန်းမို့လို့ပါ ။
လက်ရှိ ကျွန်တော်တို့သိထားတဲ့အရာတွေ ကတော့ ..
၁ ။ တောင်တရုတ်ပင်လယ်အတွင်းမှာမရှိဘူး အမှိုက်သရိုက်တွေ အပိုင်းအစ တွေ ရှာပြီးပြီ လေယာဉ်ကမဟုတ်ဘူး ဆီကွက်ကလည်း
 လေယာဉ်ဆီမဟုတ်ဘူး ။ အသက်ကယ်လှေနဲ့လည်း ဘာမှမဆိုင်ဘူး ။
၂ ။ လေယာဉ်ဟာ ရေဒါတွေမှ မကွယ်ပျောက်မှီမှာ Switched off ( ခလုတ်ပိတ်ခံရ ) တယ် ခြေရာခံ ကိရိယာတွေ ။
၃ ။ ဗီယက်နမ်လေထုထဲ မ၀င်သွားခဲ့ဘူး ။
၎ ။ ကွယ်ပျောက်သွာဲး့အချိန်မှာ ၇ နာရီခွဲကြာစာ မောင်းနှင်ရန်ဆီကျန်ရှိသေးတယ်
၅ ။ ကွယ်ပျောက်သွားတဲ့အချိန်မှာ ပေါက်ကွဲ ပျက်ဆီးမသွားဘူး ။
၆ ။ လေယာဉ်လမ်းကြောင်း ပုံမှန်ကနေ ရုတ်တရက်ပြောင်းသွားတယ် ။
၇ ။ မလေး ပန်နီဆူလာနဲ့ထိုင်း အစပ်ကနေ ဖြတ်သန်းသွားတယ် ။
၈ ။ နောက်ဆုံးလေယာဉ်ပေါ်က ဆက်သွယ်မှုရခဲ့တာ စနေနေ့ မနက် ၈ နာရီ ဆယ့်တစ်မိနစ် ရေဒါ မျက်နှာပြင်ကနေပျောက်ဆုံးပြီး
၇ နာရီခန့်အကြာတွင် ရရှိခဲ့ ။
၉ ။ အီတလီနဲ့ သြစတေးလျလူမျိုး ၂ ဦး ပါ့စ၀ပ်တွေကို ခိုးပြီး အီရန်လူမျိုး ၂ဦးပါသွားတယ် ။
၁၀ ။ လူတစ်ဦးကတော့ တရုတ်ပါ့စပို့နဲ့ ဒါပေမယ့် အဲ့ဒီ passport နဲ့ထပ်တူကိုင်ဆောင်ထားသူ တရုတ်လူမျိုးတစ်ယောက်က
တရုတ်ပြည် Fujian ပြည်နယ်မှာ ရှိနေခဲ့တယ် ။
၁၁ ။ အင်တာပိုကပြောတာကတော့ သံသယရှိဖွယ်ပါ့စ်ပို့တွေနဲ့ ခရီးသည်အနည်းငယ်လိုက်ပါသွားဟုဆို ။
၁၂ ။ အစိုးရ၀န်ထမ်းတွေ စုံတွဲတွေ ကလေး နှစ်ဦး အပြင် လျှပ်စစ်လုပ်သား အယောက် ၂၀ ခန့် နဲ့တခြားအလုပ်သမားတွေပါ
လေယာဉ်ပေါ်ပါသွားတယ် ။
၁၃ ။ လေယာဉ်မထွက်ခွာမှီ တစ်ရက်မှာ ထိုင်းနိုင်ငံ ပါတ်တယားမှာ travel agent အလီဆီကနေ ခိုးယူထားတဲ့ပါ့စပို့နဲ့ အီရန်
၂ ဦးက လက်မှတ်ဝယ်ခဲ့တယ် ။
၁၄ ။ ဒီလေယာဉ်ပျောက်ဆုံးမှုနဲ့အတူ ထိုင်းနိုင်ငံမှာပါ့စပို့ခိုးယူမှုတွေနဲ့ လိမ်ညာရောင်းချမှုတွေအတွက်အချက်ပေးသံထွက်
ပေါ်လာခဲ့တယ် ။
၁၅ ။ အသက် ၅၃ နှစ်အရွယ်ပိုင်းလော့ဟာ ပျံသန်းချိန်နာရီ တစ်သောင်းရှစ်ထောင်ရှိပြီး သူ့အိမ်မှာ B777 လေယာဉ်ပုံစံငယ်
စက်ခန်းတည်ဆောက်ထားတယ် ။ အခုသူ့အိမ်မှာ စစ်ဆေးရေးဝင်ရောက်နေပြီ ။
၁၆ ။ အကူပိုင်းလော့ကတော့ အသက် ၂၇ နှစ်ရှိပြီး ပျံသန်းချိန်နာရီ ၂၇၀၀ ရှိတယ် လေယာဉ်ပျံသန်းစဉ်မှာ အခွင့်မရှိမ၀င်ရတဲ့
စက်ခန်းထဲ မိန်းကလေးတွေနဲ့အတူ တွဲရိုက်ထားတဲ့ဓါတ်ပုံတွေပေါ်ထွက်လာခဲ့တယ် ။
Strait Times ကဖော်ပြထားတာကလည်း အားရစရာပါ ။ ကျွန်တော်တို့အဖြစ်ကလည်း လေယာဉ်ပြန်ပေးဆွဲခံရတာကို ၀မ်းသာ
အားရလက်ခုပ်တီးနေရတဲ့အဖြစ် ဒါမှလည်း အားလုံးအသက်ရှင်ခွင့်ရမှာကိုး ။
BREAKING: Malaysia official says probe concludes that MH370 has been hijacked
ကျွန်တော့်အမြင်ကို လိုရင်းတိုရှင်းထပ်ပြောရရင်တော့
က ။ လေယာဉ်တစ်စီးလုံး ပင်လယ်ကြမ်းပြင်အောက်ထိ အလုံးလိုက် ထိုးဆင်းသွားတာလား
ခ ။ လေယာဉ်ပြန်ပေးဆွဲခြင်းလား
အခု နောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Hijack ဖြစ်ဖို့အတွက်အတော်လေး ကြိမ်းသေတဲ့အနေအထားမှာရှိပါတယ် ။
လေယာဉ်မှူးနဲ့ အကူပိုင်းလော့ဟာ အဓိက သံသယဖြစ်ဖွယ်စာရင်းထဲ ရောက်ရှိလာခဲ့ပါပြီ ။
ဘုရားတရား “ မ ” လို့ .. ဒါဆို ခရီးသည်အားလုံး အသက်ရှင်နေကြသေးတယ်တူပါရဲ့ ။

သက်တန့်ချို

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More