မတ် ၁၆ ရက် ၂၀၁၄ ခုနှစ်
ရခိုင်ပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ကျယ်ပြန့်လာသည့်အပေါ် ဒေသခံများအတွက် လက်သမားလုပ်ငန်းနှင့်
ပန်းရံလုပ်ငန်းဆိုင်ရာသင်တန်းများကို စစ်တွေမြို့နယ်၌ ပြုလုပ်လာကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အဆိုပါသင်တန်းကို စာတွေလက်တွေ့ စနစ်ဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်
နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
"ကျေးလက်ဒေသတွေမှာ လူငယ်တွေအလုပ်တွေ ရရှိလာနိုင်အောင်လို့ စီစဉ်တာဖြစ်တယ်၊ သင်တန်းပြမယ့် ဆရာတွေ
ကတော့ ရန်ကုန် Dual Tech စက်မှုလက်မှုသင်တန်းကျောင်းကပါ။ အခု သင်တန်းသား တစ်ရာနီးပါးရှိပါတယ်''ဟု အင်ဂျင်နီယာ
တစ်ဦးက ပြောသည်။ အဆိုပါသင်တန်းကိုစစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာတွင် ဖွင့်လှစ်ထားဖြစ်ရာ သင်တန်းပြီးစီးပါက
လက်သမားပစ္စည်းများပေးအပ်မည်ဟု သိရသည်။ သင်တန်းကို စစ်တွေမြို့တွင် ဖွင့်လှစ်ခြင်းမဟုတ်ဘဲ နယ်ဘက်များ၌ ဖွင့်လှစ်သွား
မည်ဟု အဆိုပါ ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
သို့သော် လက်သမားနှင့်ပန်းရံအလုပ်သမားအများစုမှာမြို့ပေါ်တွင်နေထိုင်သည့်အတွက် သင်တန်းသို့ တကူးတက သွားရန်
မလွယ်ကူကြောင်း စစ်တွေမြို့မှ ပန်းရံသမားတစ်ဦးကပြောသည်။ "ကျွန်တော်တို့သိရတာက နယ်ဘက်မှာဘဲ သင်တန်းဖွင့်တယ်
ဆိုတော့ မသွားဖြစ်ဘူး၊ နောက်တစ်ချက်က ကျွန်တော်တို့ ပြောချင်တာ ကတော့ ကျေးလက်ဒေသတွေမှာ လက်သမား ပန်းရံအ
လုပ်သင်တန်းဖွင့်တာ ကောင်းပါတယ်၊ ဒါပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေက မြို့ပေါ်မှာဘဲ ရှိတာလေ''ဟု အဆိုပါ ပန်းရံ
သမားကပြောပြသည်။
ရခိုင်တွင် အလုပ်အကိုင်အခွင့်အလမ်းများ နည်းလာသည့်အတွက် ကျေးလက်ဒေသရှိလူငယ်များမှာ ပြည်ပနိုင်ငံများသို့
သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။ အစိုးရ၏ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များမှာ
လက်တွေ့ အကောင်အထည်ဖော်ဆောင်မှုမှာ အားနည်းနေသေးသည်ဟု ဒေသခံများဆိုသည်။
" သင်တန်းဖွင့်ပေးရုံနဲ့မလုံလောက်ဘူး၊ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့က လိုအပ်တယ်၊ ရခိုင်မှာ စက်ရုံ အလုပ်ရုံ
မရှိဘူး၊ ဆိုတော့ အလုပ်လည်း မရှိဘူး၊ ရှိတဲ့အလုပ်က လစာလေးငါးသောင်းဘဲရှိတာ ''ဟု ဒေသခံက ဆိုသည်။ ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာန မှ အင်ဂျင်နီယာတစ်ဦးက ယခုဖွင့်လှစ်ထားသည့် အဆိုပါသင်တန်းမှာ ရာနှုန်းပြည့် မဟုတ်သော်လည်း တစ်စိတ်
တစ်ဒေသအနေဖြင့် ပြည်နယ်နေဒေသခံများအတွက် အထောက်အကြူုပုနိုင်ကြောင်း ဒေသခံတို့က ဆိုသည်။
Credit To:Hittine Journal
0 ထင်မြင်ချက်ပေးရန်:
Post a Comment