မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Tuesday, April 1, 2014

မောင်တောတွင် ရုတ်ရုတ်လုပ်၍ ရဲက သေနတ်သုံးချက် ပစ်ဖေါက်၍ ဟန့်တားခဲ့ရ

၁၊  ၄ ၊ ၂၀၁၄
     ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဗလ ကျေးရွာ မြောက်ဘက်တွင် တည်ရှိသော ဘင်္ဂလီရွာရှိ
လူအချို့မှ ယမန်နေ့ ညနေက ရုတ်ရုတ်သဲသဲ လုပ်ရာမှ အောင်ဗလရွာတွင် တာဝန်ယူထားသော ရဲတပ်ဖွဲ့
က သေနတ် သုံးချက်ခန့် ခြောက်လှန့် ပစ်ခဲ့ရသည်ဟု သတင်း ရရှိသည်။သေနတ် ပစ်ခတ်မူနောက်ပိုင်းတွင်
အခြေအနေမှာ တည်ငြိမ်သွားခဲ့သည်ဟု သိရသည်။
            မွတ်ဆလင်ဘက်မှ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းသည်မှာ သူတို့ အနေဖြင့် ဆူပူလို၍ ရုတ်ရုတ်
သဲသဲ လုပ်ခြင်း မဟုတ်ကြောင်း၊ ဓါးပြ၀င်တိုက်၍ ရွာသားများ ၀ိုင်းဝန်းလိုက်ရာမှ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ခြင်း
ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။ သို့သော် အောင်ဗလ ကျေးရွာတွင် နောက်ထပ်ရဲအင်အားများကို
ထပ်မံဖြည့်တင်းချလိုက်သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Arakan News Now

ရခိုင်ပြည်တွင်းက လူမျိုးသစ် တီထွင်ခဲ့မှု အပေါ် နိုင်ငံတော် သမ္မတ ပြောခွင့် ရသူနဲ့ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု

  အဲဒီ ဗြိတိသျှတွေရဲ့ ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး။ အရင်က ဗြိတိသျှတွေကိုယ်တိုင် ၁၈၇၁ ကနေ
 ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်တကြိမ် ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ ဆိုတာ မရှိခဲ့ဘူး၊ မသုံးခဲ့ဘူး၊ စစ်တ
ကောင်း ဘင်ဂလီ ဆိုတာပဲ သုံးခဲ့တယ်။ အခုကျမှ ၁၉၄၆၊ ၄၇၊ ၄၈ နောက်ပိုင်းကျမှ ဒီစကားကို မွေးဖွားပြီး သုံးလာ၊
လုပ်လာတဲ့အပေါ်မှာ ဘာမှ တိုင်း ရင်းသား အဖြစ်နဲ့လက်ခံနိုင်စရာ အကြောင်းလည်း မရှိဘူး၊ ပြောတဲ့ဟာတွေကိုလည်း
ကျနော်တို့ ဘာမှ အလေး ထား စဉ်းစားစရာမလိုဘူး။
                 သို့သော် မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဒီထဲမှာ နေနေတဲ့၊ လွတ်လပ်ရေး မရခင်က နေထိုင်ခဲ့တဲ့ မျိုးဆက်တွေ
ဟာ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ညီရင် နိုင်ငံသား ဖြစ်မယ်။ ဦးနုတို့က ရခိုင်ပြည်နယ်မှာ မဲလိုချင်တဲ့အတွက် ကြောင့်မို့
လို့ နိုင်ငံရေး အကျိုးအမြတ် တခုတည်းနဲ့လုပ်ခဲ့တဲ့ အကျိုးဆက်ဟာ အခုချိန်မှာ ဒီစကားလုံးကြီးဟာ တွင်နေတာ။
 ဒါကြောင့်မို့လို့ ကျနော်တို့ အစိုးရ လက်ထက်မှာ ဒီလိုအမှားမျိုးကို ဘယ်တော့မှ ကျူးလွန်မှာ မဟုတ်ဘူး။ ကျွန်နော်တို့လုပ်
မှာ မဟုတ်ဘူး။ အခုချိန်မှာ ဦးနု ကွယ်လွန်သွားပြီ။ ဦးနုက မဲလိုချင်တဲ့အတွက် ဒီစကားလုံးကို အလွယ်တကူ ပြောခဲ့တယ်။
 တိုင်းရင်းသား ဆိုတဲ့ စကားလုံးကို သုံးခဲ့တယ်။ ရန်ကုန် တက္ကသိုလ်မှာ ယာဉ်ကျေး မှု အသင်းဖွဲ့ပေး ခဲ့တယ်။

             ဒါက ရေရှည်ကို မစဉ်စားဘဲနဲ့ ရေတို အကျိုးလေး တခုတည်းနဲ့ နိုင်ငံရေး အမြတ်တခုတည်းနဲ့ လုပ်ခဲ့တဲ့ဟာ ကြောင့်
ကျနော်တို့က ဖြေရှင်းနေရတယ်။ ကျနော်တို့ ဒီလို အမှားမျိုး နောက်ထပ် လုပ်စရာ အကြောင်းလည်း မရှိဘူး၊ ဘယ်တော့မှ
လည်း လုပ်မှာ မဟုတ်ဘူး။

By RFA မြန်မာပိုင်း (၃၁.၃.၂၀၁၄ ညနေပိုင်း အစီအစဉ်


သန်ခေါင်စာရင်းကောက်ရာမှာ ဘာကြောင့် ခဲတံသုံးတာလဲ ?

မင်္ဂလာပါ သူငယ်ချင်းများ ခင်ဗျာ....။
        အွန်လိုင်းမှာ သန်းခေါင်းစာရင်း ကောက်ခံမှု့ ကို မအောင်မြင်စေရန် ရည်ရွယ်ချက်ဖြင့် သန်းခေါင်းစာရင်း
 ဖြည့်စွက် ပုံစံ စာရွက်မှာ ခဲတံ နဲ့ ရေးသွင်း တာဟာ ယုံကြည်မှု့  မရှိပါဘူး ဆိုပြီး အွန်လိုင်းမှာ စိတ်ဓါတ်ရေးရာ
စစ်ဆင်ရေးတွေ လုပ်ကာ ပြည်သူအယုံအကြည်မရှိအောင် လုပ်နေတာကို တွေ့ လာရပါတယ်..။
    အဲဒီအတွက် ခိုင်လုံတဲ့ ဖြေရှင်းချက် တစ်ခုကို မိတ်ဆွေများ အားလုံး သိရှိစေရန် ဗဟုသုတ အနေနဲ့  ကိုဘစည်
ရှာဖွေကာ ကြိုးစားပြီး တင်ပြရခြင်းပါ..။ခဲတံကို အသုံးပြုရခြင်း အကြောင်းအရင်းကိုကျွန်တော် သိရသလောက် ကို
ဗဟုသုတ အနေနဲ့  အနည်းငယ်မျှဝေပါရစေခင်ဗျ..။
             အခု ကျွန်တော်တို့  နိုင်ငံမှာ ကောက်ယူမယ့် သန်းခေါင်းစာရင်း ကောက်ခံခြင်းနှင့် စာရင်းဇယားပြုစုခြင်း
လုပ်ငန်းတွင် အသုံး ပြု မယ့် နည်းပညာ ဟာ OMR ( Optical Mark Recognition) လို့ ခေါ်တဲ့ Scanner ကို အသုံး
ပြုပြီး စာရင်းဇယားပြုစုမည့် နည်းပညာ ပဲ ဖြစ်ပါတယ်..။ အဲဒီ လို စက်တွေကို ကမ္ဘာ နိုင်ငံအများစုတွင် သန်းခေါင်စာ
ရင်းကောက်ယူရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်..။
           အဲဒီ OMR Scanner စက်တွေရဲ့ အားသာချက်ကတော့ တစ်နာရီကို စာမျက်နှာပေါင်း ၃၀၀၀ ကနေ ၄၀၀၀
အထိ လျှင်မြန်စွာ နဲ့  အမှားအယွင်းမရှိဖတ်နိုင်ပါတယ်..။ အဲတော့ အချိန်တို အတွင်းမှာ သန်းခေါင်စာရင်း ဇယား ပြုစု
ရတာ လွယ်ကူတာပေါ့..နည်းပညာ အကူအညီကိုး..။တစ်နိုင်ငံလုံး ရဲ့  သန်းခေါင်စာရင်းကို ကောက်ခံပြီး စာရင်းပြုစုရာမှာ
ပုံမှန်ဆိုရင် တစ်နိုင်ငံလုံးရဲ့ သန်းခေါင်စာရင်းကို အချောသတ်အဆင့် ၊ အပြီးသတ် ပြီးဆုံးဖို့  ဆိုရင် အနည်းဆုံး ၃ နှစ် နီးပါ
အချိန်ယူရပါတယ်..။အခုလို နည်းပညာတွေ အကူအညီ ကိုရလိုက်တဲ့ အခါမှာ တစ်နိုင်ငံလုံး ရဲ့  ဖြည့်စွက်ပုံစံတွေ ကို ပထ
မဆုံး အဆင့်အနေနဲ့  Scanning လုပ်ရာမှာ အချိန် ( ၅ ) လ သာ ကြာမြင့်မည် ဖြစ်ပြီး ။ ဒုတိယ အဆင့် ဖြစ်တဲ့ စာရင်းဇယား
တွေ ရဲ့  အမှားပြင်ဆင်ခြင်းတွေ ၊ စာ၇င်းဇယားပြုစုခြင်းတွေ ၊ ဆန်းစစ်လေ့ လာခြင်းတွေ ကို အချိန် ( ၄ ) လ ပဲ ကြာမှာ
 ဖြစ်ပါတယ်..။ အဲတော့ အရင်က ၃ နှစ် အနည်းဆုံး နီးပါး အချိန်ယူပြီး ပြုစုရတဲ့ သန်းခေါင်စာရင်းဟာ အခု နည်းပညာ
 ခေတ်မှာ အများဆုံး ၉ လ ကနေ ၁၀ လ လောက်သာလျှင် အချိန်ယူရမှာပဲ ဖြစ်ပါတယ်..။
           အဲဒီ မြန်နှုန်းနဲ့  ဆိုရင် တစ်နိုင်ငံလုံး သန်းခေါင်းစာရင်းရဲ့  လူဦးရေ အခြေခံ အချက်အလက်များကို ၂၀၁၅ ခုနှစ်
 ပထမ ၄ လ ပတ် အတွင်း အပြီးသတ် ထုတ်ပြန်နိုင်မှာပဲ ဖြစ်ပါတယ်..။ ဒါက နည်းပညာ နဲ့  စက်ပစ္စည်းတွေ ရဲ့  အားသာ
ချက်ပါ...။ နောက်တစ်ခု အဲဒီစက်တွေရဲ့  အားနည်းချက်က ဘာလဲ ဆိုတော့ ဖြည့်စွက်ပုံစံစာရွက်တွေကို ရေးသွင်းတဲ့ အခါမှာ
 ဘောပင် နဲ့  ရေးသွင်းလို့  မရတာပဲ ဖြစ်ပါတယ်..။ ဘောပင်နဲ့  ရေးသွင်းတဲ့ အခါ Scanner က ကောင်းမွန်စွာ မဖတ်နိုင်ပါဘူး..။
ခဲတံ ကို ပဲ အသုံးပြုရပါတယ်..။ ခဲတံတောင်မှ 2b ဆိုတဲ့ သတ်မှတ်ထားတဲ့ ခဲတံကို ပဲ အသုံးပြုကာ ထည့်သွင်း ဖြည့်စွက်ရမှာ
 ဖြစ်ပါတယ်..။ သို့ မှသာ OMR Scanner တွေကနေ ဖြည့်စွက်ပုံစံတွေ မှာ ရေးသွင်းထားတဲ့ အချက်အလက်တွေကို လွယ်ကူ
စွာ အမှားအယွင်းမရှိဖတ်ရှု့ နိုင်မှာပဲ ဖြစ်ပါတယ်..။
             ကျွန်တော်တို့  နိုင်ငံတစ်ခုထဲမှာပဲ ထူးဆန်းပြီး သန်းခေါင်စာရင်းကို ခဲတံဖြင့် ကောက်တာမဟုတ်ပဲ ခေတ်မှီနည်းပညာ
OMR Scanner ကို အသုံးပြုပြီး ကောက်ခံတဲ့ နိုင်ငံတိုင်းရဲ့ သန်းခေါင်စာရင်းကောက်ခံရာမှာ 2b ခဲတံ နဲ့  ရေးသွင်းရတာဟာ ကမ္ဘာ
မှာလဲ ပုံစံတူ ပဲ ဖြစ်ပါတယ်..။ အဲဒီ Scanner တွေရဲ့  အားနည်းချက်တွေကတော့ .....ဖြည့်စွက်ပုံစံ စာရွက်များ ရေစိုလျှင် Scanner
စက်ကမဖတ်ပါဘူး...။ဖြည့်စွက်စာရွက်တွေ တွန့် ကျေနေလျှင်လဲ Scanner စက်က မဖတ်ပါဘူး...။
             ဘောပင်နဲ့ ရေးထားရင်လဲ Scanner စက်က မဖတ် နိုင်ပါဘူး...။သူသတ်မှတ်ထားတဲ့ ခဲတံမှသာလျှင် Scanner စက်မှ
အမှားအယွင်းမရှိ လွယ်ကူစွာ ဖတ်နိုင်မှာဖြစ်ပြီး စာရင်းဇယားပြုစုရာမှာ များစွာ အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်..။
ဒီလို သတ်မှတ်ထားတဲ့ ခဲတံကို အသုံးပြုရခြင်းဟာ နည်းပညာခေတ်ရဲ့  စက်ပစ္စည်း Scanner စက်တွေရဲ့  နည်းပညာအရ လိုအပ်
ချက်ကို ဖြည့်စည်းရတာပဲ ဖြစ်ပါတယ်..။ အဲဒီအတွက် အများပြည်သူ များမှ အထင်မလွဲ စေရန် ၊ အမြင်ရှင်းစေရန် နှင့် အထင်မမှား
စေရန်ရည်ရွယ်ပြီး အတွက် ကျွန်တော် အခု လို အသိပညာကို မျှဝေလိုက်ရတာပါ..။
              လက်ရှိ သန်းခေါင်စာရင်းကောက်ယူရာမှာ အသုံးပြုတဲ့ ပုံရိပ်ဖတ်စက် ဆိုတဲ့ (OMR Scanners)တွေ ၊အဲတာနဲ့ ပတ်သက်
တဲ့ နည်းပညာ (Technology) တွေ ၊အဲဒီနည်းပညာတွေကို ကွန်ပြူတာမှာ ထည့်သွင်းပြီး အသုံးပြုရတဲ့ Software တွေ ဒါတွေ
အားလုံးဟာ UK နိုင်ငံမှ Company ကြီးတစ်ခုဖြစ်တဲ့ DSR Company မှ စက်ပစ္စည်း နဲ့  နည်းပညာ အကူအညီ ကို ရယူကာ သန်းခေါင်
စာရင်းကို အချိန်တိုအတွင်းမှာ စနစ်တကျ နဲ့  အမှားအယွင်းမရှိပဲ လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး နဲ့  မှန်ကန်တိကျတဲ့ စာရင်း
ဇယားကို အချိန်တို အတွင်းမှာ ပြုစုနိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်..။
              ဒီခဲတံ နဲ့  ရေးသွင်းတာနဲ့  ပတ်သက်ပြီးတော့ ကုလားတွေ ကနေ အစိုးရ နဲ့  ပြည်သူအကြား ၊ တိုင်းရင်းသားတွေ နဲ့  အစိုးရ
အကြား အမြင်လွဲ အထင်မှားကာ သန်းခေါင်စာရင်းကောက်ခံမှု့ ကို မအောင်မြင်စေရန် အမျိုးမျိုး ရှုတ်ချနေမှု့ ကို သိသာ မြင်သာစေရန်
အမှား အမှန်ခွဲ ခြားတင်ပြကာ အသိအလင်း တံခါးကို ကို ဘစည်မှ ဖွင့်ပေးလိုက်ပါရစေ ခင်ဗျာ...။
                 အချင်းချင်း လက်တွေ မြဲနေအောင်တွဲထားကြပါ....။ ပြည်တွင်းသစ္စာဖောက် တစ်ချို့ နဲ့  နိုင်ငံတကာကလဲ သန်းခေါင်စာရင်း
ကို ရိုဟင်ဂျာ အမည်မထည့်သွင်းတာနဲ့ ပတ်သက်ပြီး မကျေနပ်ကြသောကြောင့် အမျိုးမျိုး မရိုး နိုင်အောင် တစ်မျိုးပြီး တစ်မျိုး လာပါလိမ့်
မယ်..။ ကုလားမှိုင်းမမိစေဖို့  တို့ တွေ အားလုံး သတိထားကြပါစို့ လို့  တိုက်တွန်းရင်း...။
                 ဒီ Post လေးကို ကျေးဇူးပြုပြီး Share ပေးပါ..အဖြူအမည်းကွဲကာ ကုလားမှိုင်း မမိစေရေး တစ်ဆင့် Share ပေးကြခြင်းဖြင့်
ကူညီပေးကြပါလို့  မေတ္တာ ရပ်ခံ ပါရစေခင်ဗျာ..။
မောင်နှမများ အားလုံးကို လေးစားချစ်ခင်လျှက်
ဘစည်(စင်ကာပူ)

သားစိုး – ရောသမပေါင်းချုပ်(2014)[Album] ရပြီ

ကိုသားစိုးကတော့လုပ်ချလိုက်ပြန်ပြီ ဘာတဲ့ ရောသမပေါင်းချုပ် တဲ့


၀၁။ ရောသမပေါင်းချုပ် (၁) - အဖွဲ့
၀၂။ ရောသမပေါင်းချုပ် (၂) - အဖွဲ့
၀၃။ ရွှေပိုးနန်းတော် (Mix) - ဇင်သူဝင်း
၀၄။ အောင်ပါစေ - သားစိုး၊ တက္ကသိုလ် နိုင်း
၀၅။ စံတော်ချိန် - သားစိုး၊ ဇင်သူဝင်း၊ အိမ့်ချစ်
၀၆။ စိမ်းသရဖူစိမ်း - သြရသ၊ သားစိုး
၀၇။ နင်ထွက်ခွာသွားတော့ (DJ Mas Mix) - သားစိုး၊ L ဆိုင်းဇီ
၀၈။ သူ - သားစိုး၊ ဦးလှတင် (မယ်ဒလင်)
၀၉။ အောင်ပါစေ (Orginal Mix) - သားစိုး၊ တက္ကသိုလ် နိုင်း
၁၀။ အောင်ပါစေ - သုမောင်၊ သားစိုး
၁၁။ စံတော်ချိန် (Electro Mix) - သားစိုး
၁၂။ ရွှေပိုးနန်းတော် - ဇင်သူဝင်း

ImageFra.me
                                                      DOWNLOAD

ရိုဟင်ဂျာလူမျိုး လုံးဝ လက်မခံဟု NLD ပြောပြီ



    ရလေ လိုလေ အိုတစ္ဆေဆိုသကဲ့သို့ ဆင်းသက်ရာ လူမျိုးမှာ ဘင်္ဂလီ ဖြစ်သော်လည်း ဘင်္ဂလီဟု အမှန်
မခံဘဲ ရခိုင်မြေကို ရလိုဇောဖြင့် အမည်သစ်တပ်ကာ လိမ်လည်ထားသော လူမျိုးအမည် ဖြစ်သည့်ရိုဟင်ဂျာ
လူမျိုးကို မြန်မာနိုင်ငံ တိုင်းရင်းသား ပေါင်းစုံက လက်မခံဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်နေချိန်
တွင် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်မှလည်း တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲတွင် မပါဝင်သော ရိုဟင်ဂျာ
လူမျိုးကို  လုံးဝ လက်ခံမည် မဟုတ်ကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။
         မတ်လ ၂၉ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ခန်းမဆောင်တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး
 ပါတီများ ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် ဘင်္ဂလီ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာပို့စ်က မေးမြန်းရာ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ထိုသို့ ပြောဆိုကြောင်း ဧပြီလ ၂ ရက်
နေ့ထုတ် မြန်မာပို့စ် ( The Myanmar Post) တွင် ဖေါ်ပြထားသည်။
            ဦးဥာဏ်ဝင်းက “ အန်ကယ်တို့က ရိုဟင်ဂျာဆိုတာ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ အန်ကယ်တို့
 ပါတီ အစိုးရ ဖြစ်ခဲ့ရင်လည်း ရခိုင်အရေးနဲ့ ပတ်သက်လို့ အခြေခံမူဆိုတာ အန်ကယ်တို့မှာ ရှိတယ်” ဟု ဦးဥာဏ်ဝင်း
က ပြောကြောင်း သတင်းတွင် ဖေါ်ပြသည်။ ယခုကဲ့သို့ မြန်မာ ဒီမိုကရေစီအရေးကို အဓိက အလေးထား ဆောင်
ရွက်နေသော ပါတီကြီး တစ်ခုဖြစ်သည့် NLD ကပါ တစ်ခါ ရိုဟင်ဂျာ အမည်ကို မထောက်ခံဟု ဆိုလာသဖြင့် ရိုဟင်ဂျာ
ကို မြန်မာနိုင်ငံတွင် ထောက်ခံသူ လုံးဝ မရှိသော အဆင့်သောရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

http://www.narinjara.com
မှတ်ချက် ။      ။ ဓာတ်ပုံအား တိုက်ဆိုင်လွန့်လို့ တင်ပေးလိုက်တာပါ

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ သန်ခေါင်စာရင်းအကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေ

Tuesday, April 01, 2014
            သန်ခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ သန်ခေါင်
စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း စာရင်းကောက်များနှင့် ဒေသခံများထံမှ သိရှိ
ရသည်။ ဘူးသီးတောင်မြို့နယ်ရှိ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့
တွင် သန်ခေါင်းစာရင်း သွားရောက်ကောက်ယူခဲ့ရာ ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုသဖြင့် ဘင်္ဂါလီများက အ
ကောက်မခံကြသော်လည်း ရိုဟင်ဂျာ ထည့်ခွင့်မရဟု ဆိုကာ အကြမ်းဖက်မှုများ မရှိသေးကြောင်း စာရင်းကောက်
ကျောင်းဆရာတစ်ဦးက ပြောကြားသည်။
          “ရွာလေးရွာကို သွားကောက်တယ်။ အဲဒီလေးရွာထဲက အုပ်ချုပ်ရေးမှူး တစ်ယာက်ပဲ ဘင်္ဂါလီလို့ သန်ခေါင်း
စာရင်း အကောက်ခံတယ်” ဟု အဆိုပါ စာရင်းကောက်က မတ်လ ၃၁ ရက်နေ့ အခြေအနေကို ရှင်းပြသည်။အလားတူ
 စစ်တွေ၊ မောင်တော အပါအဝင် မြို့နယ်များတွင် ဘင်္ဂါလီများက ရိုဟင်ဂျာဟု ထည့်သွင်းခွင့်မရ၍ သန်းခေါင်းစာရင်း
 အကောက်မခံဘဲ ဆန္ဒပြနေကြကြောင်း ဒေသခံများထံမှ သိရသည်။
              သန်းခေါင်းစာရင်း ကောက်ယူခံသူ၏ ဆန္ဒအတိုင်း လူမျိုးအမည်ကို ရေးသွင်းရမည်ဟု အစိုးရက တရားဝင်
အသိပေးထားသော်လည်း မတ်လ ၃၀ ရက်နေ့တွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုခြင်းမှာ ပြသာနာဖြစ်ပွားအောင်
လုပ်ဆောင်ရာ ရောက်ကြောင်း၊ ရိုဟင်ဂျာဟု ထည့်ခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံကြောင်း စစ်တွေမြို့ရှိ
ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်က ဆိုသည်။
              သန်းခေါင်းစာရင်း ကောက်ယူရာတွင် မေးခွန်းများ ဖြေဆိုရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်းစွာ ဖြေဆိုခြင်း
မပြုလုပ်ရဟု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ဥပဒေတွင် တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို
ဖောက်ဖျက်ကျူးလွန်ပါက တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်
နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
              ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့
 နံနက်ပိုင်းတွင် သန်းခေါင်းစာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း
 တရားဝင် စာထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ လဝက် ခန့်ကြာ သပိတ်မှောက်ထားမှုကို ယင်းနေ့တွင် ရပ်ဆိုင်းလိုက်သည်။
ရန်ကုန်မြို့တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့က သန်းခေါင်းစာရင်း ကောက်ယူရာတွင် လူမျိုးသင်္ကေတ
မှားယွင်း ဖြည့်သွင်းခံရပြီး ထားဝယ် ငါးဦးနှင့် ဗမာတိုင်းရင်းသား တစ်ဦးကို စာရင်းကောက်ယူရာတွင် ခြောက်ဦးလုံးကို ဗမာအဖြစ်
ထည့်သွင်းကောက်ယူသွားကြောင်း ထားဝယ်တိုင်းရင်းသူ တစ်ဦးက ပြောကြားသည်။
              “ထားဝယ်လို့ ပြောတာကို ၅၀၁ (ဗမာ) ဆိုပြီး မှတ်သွားတယ်။ ထားဝယ် ကုတ်နံပါတ်က ၅၀၂ ဆိုပြီး ထားဝယ်အဖွဲ့တွေ
ပြောကြတာ့တွေ့တယ်။ ဘာကြောင့် ၅၀၁ မှာ ထည့်ကောက်တာကိုတော့ မမေးလိုက်ရဘူး” ဟု ၎င်းကဆိုသည်။သန်းခေါင်းစာရင်း
မကောက်ယူမီ နှစ်ရက်ခန့်က ဆယ်အိမ်မှူးနှင့် စာရင်းကောက် ဆရာမများက အိမ်ထောင်စုစားရင်းနှင့် လူဦးရေစာရင်းများကို
ကောက်ယူခဲ့သော်လည်း အကြောင်းအရင်းကို မသိရှိရသေးကြောင်း၂၀၁၄ ခုနှစ်ကရင်မျိုးနွယ်စုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးစောကျော်စွာ
က ပြောကြားသည်။“သန်ခေါင်းစာရင်း လာကောက်တာ အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ မေးလေ့မေးထ မရှိတဲ့
လူမျိုးတို့၊ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားကတ် အမျိုးအစားတွေကို မေးတယ်။ ဘာရည်ရွယ်ချက်နဲ့ ကောက်လဲဆိုတာကို ရှင်းရှင်းလင်း
လင်း မသိရဘူး” ဟု ၎င်းကဆိုသည်။ နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်
စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

ပြောရလွန်းလို့ မောနေပါပြီ … ဆုံးအောင်ဖတ်ပေးကြပါ

  ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်စရာတွေ အများကြီးရှိ ပါတယ်။ ဒါပေမယ့် လူကြားကောင်း
အောင် ဖွဲ့စည်းပုံပြင်မယ် ပြောပြီး နိုင်ငံရဲ့ ခေါင်ကို တိုင်းတပါးသားတွေဝင် ရောက်ချယ်လှယ်လို့ မရ
အောင်ကာထားတဲ့ ပုဒ်မ ၅၉ (စ) ကိုပဲ ဦးတည်နေတာ တွေ့ရတော့ စိတ်ပျက်မိ တယ်။*ပုဒ်မ ၅၉ (စ)
ဆိုတာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါး ပါးသော်လည်းကောင်း ၊မိမိ၏ ဇနီးသို့မ
ဟုတ် ခင်ပွန်းသော်လည်းကောင်း၊မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရား
ဝင် သားသမီးတစ်ဦးဦး ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး
သစ္စာတော် ကို ခံယူစောင့်ရှောက် ရို သေသူသို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မ
ဟုတ်တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများမဖြစ် စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်
ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး
များနှင့် ကျေးဇူးခံစားခွင့်များကိုခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။
                 သေသေချာချာ လေ့လာကြပါ။ အခုလို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်နေတာ
တောင် အမျိုးမျိုး ဝင်ရောက်ချယ်လှယ် ချင်နေတဲ့ အနောက်နိုင်ငံ တွေကိုတရားဝင် ချယ်လှယ်ခွင့် ပေး
ချင်နေကြပါသလား။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အာဏာရှိရေး အတွက်ကိုမိမိနိုင်ငံရဲ့ ခေါင်မိုးကို ဖွင့်
ချချင်နေကြပါသလား။ ယခုလို နိုင်ငံရဲ့ အနောက်တံခါးကြီး ကျိုးပေါက်နေကြလို့ ဝိုင်းဝန်း ကာကွယ်နေ
ကြတဲ့ အချိန်မှာ နိုင်ငံရဲ့ခေါင်ကိုပါဖွင့်ချဖို့ မလုပ်ကြပါနဲ့။
              ဒေါ်အောင်ဆန်းစုကြည် သာ တိုင်းပြည်အတွက် အမှန်တစ်ကယ် ကြည့်သူဆိုရင် တိုင်းပြည်ရဲ့
ပြည်သူတွေအတွက် အကောင်းဆုံး ဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်တဲ့ ဥပဒေပြု မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ထဲက
နာယက လိုနေရာမျိုးကနေ အကျိုးပြူစေချင် ပါတယ်။ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ မဏ္ဍိုင်ကြီး (၃)ခုနဲ့ တည်
ဆောက်ထားတာပါ။သမ္မတနေရာ ကိုရရှိမှ တိုင်းပြည် အတွက် အကျိုးပြုနိုင်တယ် ဆိုတာ သေးသိမ်တဲ့အမြင်
တွေရှိနေကြတယ်လို့ယူဆမိပါတယ်။ အမြင်မှန်များ ရှိစေဖို့ သေးငယ်တဲ့ အမြင်နဲ့ အကြံပြု
လိုက်ရပါတယ် ခင်ဗျာ………။

Aye Chan Min Anawrahta

ကိုရီးယား ၂ နိုင်ငံ အပြန်အလှန် ပစ်ခတ် ရုပ်သံကြည့်နိုင်ပါပြီ

  မြောက်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကို ရီးယား ရေပိုင်နက်ထဲ
ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာလို့ တောင်ကိုရီးယားဘက်က
ဆိုပါတယ်။သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက်လာလို့ တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့
တာ ဖြစ်တယ် လို့ တောင်ကိုရီးယားက ပြောပါတယ်။
            အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြိုထား
တဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့
သိရပါတယ်။အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြု ထားခြင်း မရှိဘဲ
အဲဒီ နယ်စည်းအနီး အခုလို ဖြစ်ရပ်တွေ မကြာခဏဖြစ်ပေါ်လေ့ ရှိပါတယ်။
BBC TV

Twitter Delicious Facebook Digg Stumbleupon Favorites More