မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Monday, March 3, 2014
Sunday, March 2, 2014
Video call နှင့် အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုများကိုပါ ထည့်သွင်းပေးမည်ဟု တယ်လီနောဆို
ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်တွင်း မိုဘိုင်း အော်ပရေတာ တယ်လီနောက ပေးမည့် မိုဘိုင်းဝန်ဆောာင်မှုများတွင် အခြေခံ
အသံစနစ် ဝန်ဆောင်မှုများအပြင် အခြား Value Added (တန်ဖိုးမြင့် ဝန်ဆောင်မှု)များကို ထည့်သွင်းဝန်ဆောင်မှု
ပေးမည် ဖြစ်သည်ဟု အာရှဒေသဆိုင်ရာ တယ်လီနော အဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က မတ် ၃ရက်က
တယ်လီနော မြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် ပြောသည်။
ထိုဝန်ဆောင်မှုများတွင် MMS ၊ Vocie Mail ၊ Call Forward ၊ Call Waiting ၊ Video Calling နှင့် အခြား
ဝန်ဆောင်မှုများ ပါဝင်လာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ Mr.Sigve Brekke က “ Voice Mail လို ဆားဗစ်အပြင်
အခြေခံ ဝန်ဆောင်မှု စနစ်တွေ အားလုံးသုံးနိုင်မှာပါ။ ကျေးလက် ဒေသ အနေအထားအထိ အင်တာနက် အသုံးပြုနိုင်
ဖို့လည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီကျေးလက်က လူတွေ အင်တာနက် အသုံးပြုနိုင်တဲ့ ဈေးနှုန်းမျိုးလည်း
ဖြစ်နိုင်အောင် ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ၊ ပညာရေးနဲ့ မိုဘိုင်း ငွေပေး ချေမှု စနစ်တွေကိုလည်း
ထပ်မံဝန်ဆောင်မှု ပေးသွားနိုင်မှာပါ” ဟုပြောသည်။
အဆိုပါ တိုးမြှင့်ဝန်ဆောင်မှုများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသုံးပြုခွင့် မပေးသေးသော
MMS ၊ Video Calling စသည့် ဝန်ဆောင်မှုများ ပါဝင်လာနိုင်မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် video
Calling စနစ်များနှင့် MMS စနစ်များကို ဝန်ဆောင်မှု မပေးနိုင်ခြင်းမှာ နည်းပညာ အခက်အခဲကြောင့် ဖြစ်နိုင်သည်ဟု
ပြည်တွင်း မိုဘိုင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Communication မှ အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က သုံးသပ်ပြော
ကြားသည်။ ဦးကျော်နိုင်က “အဲဒီ တန်ဖိုးမြင့် ဝန်ဆောင်မှု ဆားဗစ်မှာ Server ထိုင်ပြီး အဲဒီ့ပေးမယ့် Applicationကို Run
လိုက်တယ်။ မြန်မာ့ ဆက်သွယ်ရေးက Video call Service နဲ့ အခြား တန်ဖိုးမြင့် ဝန်ဆောင်မှုတွေကို မပေးနိုင်သေးတာက
အဓိက နည်းပညာ အခက်အခဲတွေ ကြောင့်ပါ။ မကြာခင်တော့ အဲဒီ ဝန်ဆောင်မှု တွေကိုမြန်မာ့ ဆက်သွယ်ရေးဘက်က
လည်း တိုးမြှင့် ဝန်ဆောင် ပေးနိုင်မှာပါ။ တယ်လီနောက အခုမှ စတင် အခြေချမှာဆိုတော့ ကွန်ယက် စတင်တည်ဆောက်
အသုံးပြုပြီး ခြောက်လအတွင်းမှာ Video Call စနစ်ကို စတင် ဝန်ဆောင်မှု ပေးလာနိုင်မယ် ထင်ပါတယ်”ဟုဆိုသည်။
ဆက်လက်၍ ယင်းက “ GSM စခန်းတွေ ဆက်သွယ်ရာမှာ ဖိုက်ဘာဆက်သွယ်မှုက ၈ဝ ရာခိုင်နှုန်းလောက်အထိ ရှိလာရင်
တော့ Video Call စနစ်ကို ကောင်းကောင်း ဝန်ဆောင်မှု ပေးလာနိုင်မှာပါ ” ဟု သုံးသပ်ပြောကြားသည်။ တယ်လီနောက
မိုဘိုင်းဆင်းကတ်များ များကို စက်တင်ဘာ နောင်ပိုင်းတွင် စတင် ဖြန့်ချိရောင်းချကာ ဝန်ဆောင်မှု ပေးဖွယ်ရှိနေ ပြီး 2G
နှင့် 3G ဝန်ဆောင်မှုကို စတင်ပေးသွားမည်ဖြစ်သည်ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter
Furbergeက ပြောသည်။
Mr.Petter က “ မြန်မာနိုင်ငံမှာ ရှိတဲ့ သူတွေကို ဝန်ဆောင်မှု ပေးရာမှာလည်း တခြားနိုင်ငံတွေထက် ဈေးမြင့်
တာမျိုးမဟုတ်ဘဲ တန်းတူ ဖြစ်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ နဲ့ ဈေးနှုန်းသက်
သာဖို့ကိုအဓိကထားပြီး လုပ်ဆောင် ပေးမှာပါ ” ဟု ပြောသည်။ တယ်လီနော၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ကို ရန်ကုန်မြို့
အမှတ် ၄ဝ ၊ စက်မှု (၁) လမ်းတွင် မတ် ၂ ရက်ကတရားဝင်ဖွင့်လှစ်လိုက် ပြီ ဖြစ်သည်။
Mizzima - News in Burmese
Nero 2014 free Download
Saturday, March 1, 2014
အော်စကာ အကယ် ဒမီ ထူးချွန်ဆု ပေး ပွဲ
မတ်လ ၂ ရက်နေ့  မှာ ၈၆ ကြိမ်မြောက် အော်စကာ ဆုပေး ပွဲ ကို ကာလီဖိုးနီးယား ပြည်နယ်
လောစ်ဇင်းဂျလိစ် က ဒိုလ်ဘီ ဇာတ်ရုံ မှာကျင်း ပတော့ မှာ ဖြစ် ပါတယ်။အကယ် ဒမီ ထူးချွန်ဆု
ပေး ပွဲ မတိုင်ခင် တစ်ရက် အလို မှာတော့ မိုးတွေ သည်းသည်းမဲမဲ ရွာ နေ ပြီး ကာလီဖိုနီးယား
ပြည်နယ် ရဲ့  နေရာ အချို့  မှာလည်း ရေး ကြီး နေပါတယ်။ ဆုပေး ပွဲ ကို ABC ရုပ် သံ က တိုက်ရိုက်
ထုတ် လွှင့် မှာ ဖြစ် ပါတယ်။ Dallas Buyers Club မှာ သရုပ် ဆောင်တဲ့ မက်သယူ မက်ကိုနော့ဟေး
နဲ့  Wolf of Wall Street က လီယိုနာဒို ဒီကာပယို လည်း အော်စကာ ဆု အတွက် ရေပန်း စား
နေ ပါတယ်။
Folder လေးများကို အရာင်ပြောင်းပေးမယ့် folder colorizer 1.3.1 final
တစ်ခုကို မိတ်ဆွေများသို့ ပြန်လေမျှပေးလိုကပါတယ် အဆင်ပြေစွာ အောက်မှာ ဒေါင်းနိုင်ကြပါပြီ
လာရောက်အားပေးနေကြတဲ့ မိတ်ဆွေများကို အထူကျေးဇူတင်ရှိပါကြောင် ပြောလိုက်ပါရစေဗျာ
DOWNLOAD
ပြင်သစ် Peugeot ထုတ်သော လေဖြင့် မောင်းနှင်မည့်ကား
လာမယ့် ၂၀၁၆ ခုနှစ်ဆိုရင် ကမ္ဘာ့ လမ်းမပေါ်တွေမှာ လေစွမ်းအင်သုံး ကားများကို မြင်တွေ့ရစေမှာ
ဖြစ်ကြောင် ပြင်သစ် အခြေဆိုက် Peugeot Citroen ကား ထုတ်လုပ်ရေး ကုမ္မဏီက ကြေငြာခဲ့ ပါတယ်။
ပုံမှာ မြင်တွေ့ နေရတဲ့ ကားအမျိုးအစားကို ထုတ်လုပ်ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
ဟိုင်းဘရစ်ကား ဖြစ်ပြီး လောင်စာဆီ အင်ဂျင်နဲ့ ဘက်ထရီအင်ဂျင် မဟုတ်တော့ပဲ လောင်စာဆီစား အင်ဂျင်နဲ့
လေစား အင်ဂျင် ကို အသုံးပြုမှာ ဖြစ်ပါတယ်။ လောင်စာဆီ အင်ဂျင်ကို ထည့်တယ်ဆိုတာ စက်စ အနှိုးလောက်မှာ
သွားနိုင်ဖို့လေက်သာ အပို ထပ်ထည့်ပေးခြင်း ဖြစ်ပါတယ်။ လေစွမ်းအင်သုံး အင်ဂျင်က အဓိက အလုပ်လုပ်မှာ
ဖြစ်ပါတယ်။ ကားအတွက် လိုအပ်တဲ့ မြင်းကောင်ရေအား ၅ ပုံပုံ ၄ ပုံကို လေစွမ်းအင် အင်ဂျင်ကနေ ထုတ်လုပ်
ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ သာမန် ဆီစားတွေထက် ဆီအသုံးစရိတ်က ၈၀ ရာခိုင်နှုန်း အထက်ထိ လျော့ကျ
နိုင်စေမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ကားအတွက် လိုအပ်တဲ့ လေကို မောင်းရင်းနဲ့လည်း ဖြည့်သွားလို့ ရပါတယ်။
ဖြည့်လိုက်တဲ့ လေကို ဖိလိုက်ပြီး ပြန်ကန်ထွက်လာတဲ့ တွန်းကန်အားကို အခြေခံလို့ အင်ဂျင် လည်ပတ်စေခြင်း
ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြင်သစ် Peugeot ဟာလည်း လေကား ထုတ်လုပ်နိုင်တဲ့ ကုမ္မဏီအနည်းငယ် တည်းက
တစ်ခု ဖြစ်လာကြောင်း သိရ ပါတယ်။
.
Ref: autoauthority
အမေရိကန်ရောက် တေးဂီတပညာရှင် ချင်းတိုင်းရင်းသူ မီလာဒေါ့နှီယာန်း
သူမကို ၁၉၉၂ ခုနှစ်မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး ပြည်တော်သာရပ်ကွက်မှာ နေထိုင်ခဲ့ပါ တယ်။
အသက် လေးနှစ်အရွယ်မှာတော့ ရန်ကုန်မြို့ကို မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ငယ်စဉ်က ကျောင်းမနေခဲ့
ရပေမယ့် အိမ်မှာ စာပေသင်ကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ၁၉၉၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို စတင်သွားရောက်
ခဲ့ပြီး၂၀၀၀ ပြည့်နှစ်မှာတော့ မိသားစုအားလုံး အမေရိ ကန်ပြည်ထောင်စုကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ လက်ရှိ မေရီလန်းပြည်
နယ် ကိုလမ်ဘီယာတွင် နေထိုင် လျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက Community College ကို နှစ်နှစ်ဆက်တက်ပြီး
ပညာဆည်းပူးခဲ့တယ်။ သီ ချင်းဆိုဝါသနာပါလွန်းတဲ့အတွက် မီလာဟာ ၂၀၀၉ ခုနှစ်ကစလို့ သူမနှစ်သက်တဲ့ တေးသီချင်းတွေ
ကို ကိုယ်တိုင် ဂစ်တာတီးခတ် cover သီဆိုကာ youtube ၀က်ဘ်ဆိုဒ်နဲ့ အခြား Social Network စာမျက် နှာတွေမှာ တင်လေ့ရှိ
ပါတယ်။ O’Crew Medicine Show ရဲ့Wagon Wheel သီချင်းကို လူကြိုက်များခဲ့ပြီး တေးထုတ်လုပ်ရေးကုမ္ပဏီ တွေက စာချုပ်
ဆိုဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲဒီသီချင်းက Folk Country music အမျိုးအစား ဖြစ်ပါတယ်။
သူမရဲ့ music activities နဲ့ Profile ကို လေ့လာခဲ့ကြပြီး ကုမ္ပဏီကိုယ်စားလှယ်တွေက သူမကို ဆက် သွယ် ကမ်းလှမ်း
လာခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူတော်တွေက အများကြီးမို့ အခုလို ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်နိုင်တယ်ဆိုတာ
အရမ်းခက်ခဲတဲ့ ဖြစ်စဉ်တစ်ခုပါ။ သီချင်းဆိုတာကို ငယ်စဉ်ကလေးဘ၀ ချင်းပြည်နယ်မှာနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး
သူမ ငယ်စဉ်ကလေးစားရတဲ့ တေးသံရှင်တွေ၊ ဂီတပညာရှင်တွေကတော့ လေးလေးဝါး၊ ကဗျာဘွဲ့မှူးနဲ့IRON CROSS တေးဂီတအဖွဲ့
တို့ ဖြစ်ပါတယ်။ သူမရဲ့ Gone တေးအယ်လ်ဘမ်ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ဒုတိယအပတ်မှာ Tats Music Group ကနေ ဖြန့်ချိခဲ့ပါတယ်။
သူမရဲ့ ချိုမြတဲ့အသံကို သဘောကျပြီး ကုမ္ပဏီက စာချုပ်ချုပ် ၀ယ်ယူခဲ့တယ်လို့ သိရပါ တယ်။ သူမရဲ့တေးအယ်ဘမ်ကိုတော့ သူမရဲ့
ဖေ့စ်ဘွတ်မှာ သွားရောက်နားဆင်နိုင်ပါတယ်။ ဒီအယ်လ် ဘမ်မှာ သူမကိုယ်တိုင်ရေးထားတဲ့ တေးသီချင်း ရှစ်ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။
မီလာက သူရဲ့ပရိတ်သတ်တွေအတွက် သူမကိုယ်ပိုင် FaceBook စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ အတိုင်း ပြန်တင်ပြပေးလိုက်ပါတယ်။
“တစ်နှစ်ပြည့်ဘို့ သုံးရက်အလိုမှ ပိုလီယိုရောဂါဖြစ်နေကြောင်း သိလိုက်ရတာပါ။ ဆရာဝန်ကအစ ကျွန်မ ကို အသက်ရှင်လိမ့်မယ်လို့
မထင်ခဲ့ကြဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို အသက်ရှင်ဖို့ ဒုတိယအ ကြိမ် အခွင့်အရေးပေးခဲ့တဲ့အတွက် အလွန်ပဲ ၀မ်းမြောက်ကျေးဇူး
တင်မိပါတယ်။ ကျွန်မဘ၀က ဆေးရုံမှာ ကြီးပြင်းလာတယ်လို့တောင် ဆိုနိုင်ပါတယ်။ အခြားကလေးတွေ ကျောင်းတက်နေတဲ့အချိန်မှာ
ကျွန်မက ခြံကြီးထဲမှာ တစ်ယောက်တည်း နေခဲ့ရတယ်။ အချိန်ပိုတွေအများကြီးရခဲ့လို့လဲ သီချင်းဆိုတဲ့အလုပ်ကို စိတ်ဝင်စားပြီး တစိုက်မတ်မတ်
လုပ်ခဲ့မိတာပါ။ လေးနှစ်သမီးအရွယ်မှာ ပရိတ်သတ်ရှေ့ကိုထွက်ပြီး ဆို တတ်နေပါပြီ။ လူတွေကိုဖျော်ဖြေရတာကိုလည်း ကျွန်မ နှစ်သက်ပါတယ်။
ကျွန်မတို့အိမ်မှာ တီဗီမရှိဘူး။ သူများတွေကို သီချင်းဆိုပြရင် သူတို့က အိမ်ကိုလိုက်ပြီး တီဗီကြည့်ဖို့ ကျွန်မကို ခေါ်ပါတယ်။ ကံအား လျော်စွာ
အသက်ရှစ်နှစ်မှာ အမေရိကန်ပြည်ထောင်စုကို အခြေချဖို့ ရောက်လာနိုင်ခဲ့ပါတယ်။ ဒါတင်မ က ကျွန်မဘ၀မှာ ဖြစ်ချင်တဲ့အရာတွေ၊ မက်ခဲ့တဲ့
အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မရေမ တွက်နိုင်တဲ့အခွင့်အရေးတွေ ရခဲ့ပါတယ်။ တစ်နေ့ အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်
တစ် ယောက် သေချာပေါက် ဖြစ်ရမယ်လို့ ကျွန်မ ရည်မှန်းထားခဲ့ပါတယ်။
ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၊ ပညာသင်ကြားရေး စတဲ့ ကိစ္စတွေမှာ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ အသက် ၂၂ နှစ်အရွယ်မှာ
ပိုလီယိုရောဂါသည်တစ်ဦးအဖြစ် အသက်ရှင်ရတာ တကယ့်ကို အခက်အခဲပါ ပဲ။ အတိတ်ကလည်း ရင့်သီးတဲ့အတွေ့အကြုံတွေ များစွာဖြတ်
သန်းခဲ့ရဘူးပါတယ်။ ကျွန်မရှေ့မှာ လူ သားတစ်ယောက် အနိုင်အထက်ပြုခံရတာ၊ နှိမ့်ချပြောဆို ဆက်ဆံခံရတာတွေ့ရင် ကျွန်မ အော့နှလုံးနာ
ပါတယ်။ ဒါပေမဲ့ ကျွန်မသိထားတာတစ်ခုတော့ရှိပါတယ်။ တစ်စုံတစ်ယောက်ဟာ ဘယ်လောက်ကောင်း တဲ့အလုပ်ကိုလုပ်နေပါစေ သူ့ကို
နှိမ့်ချပြောဆို ဖျက်ဆီးမယ့်သူတွေတော့ ရှိနေဦးမယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချိန်မှာ အကောင်းဆုံးတုံ့ပြန်နိုင်တဲ့ နည်းကတော့ ဘုရားသခင်ကို
အားကိုး ချဉ်းကပ်ဖို့ပါဘဲ။ ခေါင်း ကိုမော့ထား၊ ဘယ်သူ့ကိုမျှအမှုမထားဘဲ ဘုရားနဲ့သာဆက်လက်လျှောက်လှမ်းပါ။ လိုရာပန်းတိုင်ရောက်
သည်ထိပေါ့။ ကျွန်မက ကံ၊ ကံ၏အကျိုးကို ယုံသူတစ်ယောက်ပါ။ ကိုယ်ယုံကြည်ရာကို ပြောရမှာကြောက်တဲ့ လူစား မျိုးမဟုတ်ဘူး။ ကိုယ့်ရှေ့မှာ
တစ်စုံတစ်ယောက်က စည်းကျော်နေတာတွေ့ရင် ကျွန်မ လက်ပိုက်ကြည့် မနေနိုင်ပါဘူး။ ကျွန်မ ကြောက်ရင်လည်း ကြောက်တယ်လို့ ၀န်ခံရမှာ
မရှက်ဘူး။ တစ်ဖက်မှာလည်း ကိုယ့်ခံစားချက်အယူအဆတွေကို ရင်ထဲမှာ လှောင်ပိတ်မြိုသိပ်ထားတာကိုလည်း မတရားဘူးလို့ ထင်ပါ တယ်။
အဓိက ကိုယ့်ကိုယ်ကိုယ် မတရားလုပ်ရာကျပါတယ်။
ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တဲ့စကားကို ပြောဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒါ ကြောင့်လည်း ကျွန်မ သီချင်း
တွေကို တစိုက်မတ်မတ် ရေးဖွဲ့နေဖြစ်တာပါ။ အဲဒီလိုရေးရတာဟာ မဟာ လွတ်လပ်မှုကြီးတစ်ခုပါပဲ။ မိမိခံစားချက်တွေကို ဖော်ထုတ်ဖို့ ဘယ်
လောက်အရေးကြီးတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်ကတည်း ကစပြီး ကျွန်မ သီချင်းတွေရေးဖြစ်တာပါ။ကိုယ့်စာသားနဲ့ ကိုယ့်သံစဉ်ကို ကိုယ်
တိုင်သီဆိုခြင်းဟာ မိမိရဲ့ဘ၀ဒဿန၊ အချစ်ဒဿနတွေကို ကိုယ် တိုင်ကြေညာတာနဲ့ အတူတူပါပဲ။ရုပ်ပိုင်းအရ ကျွန်မကိုယ်တိုင်အတွက်ရော
သူတစ်ပါးအတွက်ပါ ကျွန်မ ဘာမှမလုပ်ပေးနိုင်သူပါ။ ဒါပေမဲ့ ဂီတ အနုပညာအားဖြင့် ကျွန်မ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အရာရာ
လုပ်ပေးနိုင်ပါတယ်။ တကယ်တော့ ဂီတဆိုတာ လူ့ဘ၀အတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ လူတိုင်းကို ပြုံးပျော်စေနိုင်တဲ့အရာ၊
အချိန်တိုင်း နေရာတိုင်းမှာ လူတွေကို ပျော်အောင်၊ ရီအောင် လုပ်ပေးနိုင်တဲ့အ ရာပါ။ ဘယ်လို ဂီတ အမျိုးအစား ဖြစ်ပါစေ။
ကာဗာဆိုဖြစ်တဲ့ သီချင်းတွေလည်း အများကြီးရှိပါတယ်။ အမျိုးအစားစုံ၊ စတိုင်ပေါင်းစုံ ဆိုရတာကို သဘောကျတယ်။ ဒါ့ကြောင့်လည်း
၁၉၈၀ ပြည့်နှစ်က သီချင်းတွေ ၉၀ ကျော်ခုနှစ်က သီချင်းတွေအများကြီး ဆိုဖြစ်ခဲ့ပါတယ်။ဂီတတူရိယာနှင့်ပတ်သက်ရင်လည်း ဘင်ဂျိုတို့၊ တယောတို့၊
ဘာဂျာတို့၊ မယ်ဒလင်တို့ကို သဘောကျ တယ်။ အဲဒီအသံတွေကြားရရင် နတ်စောင်းသံကို ကြားရသလိုပါပဲ။
ကျွန်မလိုပဲ သိသိသာသာကြီးကို မသန်မစွမ်းဖြစ်နေတဲ့ ကောင်မလေးတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မတောင်
ကျွန်မဖြစ်ချင်တာကို ရအောင် လုပ်နိုင်ခဲ့သေးရင် သူတို့လည်း ဘ၀မှာ ရည်မှန်းတဲ့ပန်းတိုင်ကို ဆွတ်ခူးနိုင်တဲ့အခွင့်အရေး သူတို့မှာလည်း ရှိတယ်
ဆိုတာကို ကျွန်မ သတိရစေ ချင်ပါတယ်။ ကိုယ့် နှလုံးသားခံစားချက်၊ စေစားချက်ကို တစိုက်မတ်မတ် ပြုစုပျိုးထောင်ပေးဖို့ပဲ လိုပါ တယ်။ ဘ၀ဆိုတာ
တိုတောင်းလွန်းလို့ ကြောက်နေဖို့ အချိန်မရှိဘူး၊ ၀မ်းနည်းနေဖို့ အချိန်မရှိဘူး၊ စိတ် ပျက်အားငယ်နေဖို့ အချိန်မရှိဘူး၊ ရူးသွပ် (ဒေါသထွက်) နေဖို့
အချိန်မရှိဘူး။ ကိုယ် ဘယ်လိုဘ၀မျိုး ရောက်နေပါစေ ရင်ထဲမှာ ဘုရားကို ထာဝရထည့်ထားပြီး အကောင်းမြင်တတ် အောင် ကြိုးစားပါ။ နှလုံးသားစေ
စားတောင့်တရာကို တစိုက်မတ်မတ် နားထောင်ဖြည့်ဆည်းကြပါ။ အောင်မြင်ကြမှာပါ။
ကျွန်မကိုအားပေးကူညီကြတဲ့ ပရိသတ်ကြီးကို ဘယ်လိုကျေးဇူးတုံ့ပြန်ရမှန်းကို မပြောတတ်တော့ပါဘူး။ သူတို့ရဲ့ အားပေးထောက်ခံမှုကိုသာ
မရခဲ့ရင် ကျွန်မဘ၀မှာ artist music fan page တစ်ခုကိုတောင် ကျွန်မ လုပ်နိုင်ခဲ့မှာမဟုတ်ဘူး။ သုံးလေးစက္ကန့်လောက်လေးပဲဖြစ်ဖြစ် သူတို့ရဲ့တန်းဖိုး
ရှိတဲ့ အချိန်လေး တွေထဲက ကျွန်မရဲ့သီချင်းတွေကို အချိန်ပေးပြီး နားထောင်ခဲ့ကြလို့ ကျွန်မ ဒီဘ၀ရောက်လာရတာပါ။ ကျွန်မ ပရိသတ်အားလုံးကို
ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးရဲ့ ကရုဏာပါတဲ့လုပ်ရပ်တိုင်းဟာ ကျွန်မရဲ့ကမ္ဘာကြီးပါပဲ။
အဲဒီလောက်ကြီး ရှည်အောင်ရေးထားတဲ့ အတ္ထုပ္ပတ်္တိကို အချိန်ပေးပြီး ဖတ်ကြတဲ့ ပရိသတ်ကြီးကို အထူး ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက်ပိုပြီး ဘာပြောရမှန်းကို မသိတော့ဘူး။ ပရိ သတ်ကြီးရဲ့မေတ္တာနဲ့ ပံ့ပိုးမှုအတွက် ပရိသတ်ကြီးကို ထာဝရချစ်နေ
ပါမယ်လို့ ပြောပါရစေလို့” မီလာက ဆိုထားပါတယ်။
Credit: Mizzima - News in Burmese
စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်)လွတ်လပ်သော ဘဝကို ပိုနှစ်သက်နေပြီဖြစ်သော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်
ရန်ကုန်မှ မြိတ်၊ ထားဝယ်အထိသွားမည့် ခရီးသည်တင် ဘတ်စ်ကားခရီးသည်များနှင့် ဒရိုင်ဘာကို
လှမ်းအော်နှုတ်ဆက်ပြီး ဆိုင်ထဲကို ပြန်ဝင်လာသော ဒေါ်မြမြစိန်သည် သူ၏ ခွေးကလေးများကိုလည်း
နှုတ်ဆက်သည်။ ထို့နောက် မိမိတို့၏ စားပွဲဝိုင်းဆီ လာပြီး စကားပြောရင်း “ ဒီခွေးကလေးတွေက
တကောင်နဲ့တကောင် ညှာတာပြီး နောက်အကောင် စားဖို့အတွက် ချန်ပြီးစားတယ်။ လူတွေလို အကုန်
မစားတတ်ဘူး။ သစ္စာလည်း အရမ်းရှိတယ်” ဟု ဆိုကာ ခွေးကလေးများနှင့် ဆော့ကစားနေသည်။
လူရှင်းသွား၍ ငွေသိမ်းကောင်တာမှ ဦးလွန်းမောင် (ယခင်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်
လွန်းမောင်) က စားပွဲဝိုင်းနားကိုကပ်လာပြီး အန်တီ ဒေါ်မြမြစိန်နဲ့အတူ ခွေးကလေးများကို ဆော့ကစား
နေသည်။ လွန်ခဲ့သော ၁၀ မိနစ်ခန့်အထိ ခရီးသည် တင်ဘတ်စကား ၂ စီး ရပ်နားပြီး စားသောက်ကြသဖြင့်
“အောင် ပြည့်စုံ” စားသောက်ဆိုင်တွင် စားပွဲထိုးမိန်းကလေးများအလုပ် များနေခဲ့သည်။ ဦးလွန်းမောင် ရော
ဇနီးဒေါ်မြမြစိန်ပါ ဟင်းခွက် များလိုက်ချပေးကာ စားပွဲထိုးရသည်။
“သန့်ရှင်းရေးက အရေးကြီးတယ်။ ခရီးသည် တွေသွားဖို့ အိမ်သာကအစ သေသေချာချာသန့်ရှင်းအောင်
လုပ်ထားပေးတယ်” ဟု ဦးလွန်းမောင်ကပြောသည်။ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် စားပွဲခုံတိုင်း
တွင် အမှိုက် ပုံးထားပေးရန် လုပ်ဆောင်နေသည်ဟု သိရသည်။ နေ့စဉ်လာရောက် စားသောက်သည့် ခရီးသည်
များကို ထမင်း၊ ဟင်းနှင့် ဘယ်လိုဝန်ဆောင်မူ ပေးရမလဲဟု ဦးလွန်းမောင်နှင့် သူ့ဇနီးတို့က နေ့စဉ် စဉ်းစားနေ
ရသည်။ သူတို့၏ သားတော်မောင်က အောင်ပြည်စုံ ထမင်းဆိုင်နှင့် ပတ်သက်၍ “အစ်ကိုတို့ (ဆောင်းပါး) ရေး
လိုက်တော့ လူပိုသိသွားတာပေါ့ ဗျာ” ဟုဆိုသည်။ ဧရာဝတီ သတင်းဌာန အင်္ဂလိပ် ပိုင်းတွင်ရော မြန်မာပိုင်းတွင်ပါ
အငြိမ်း စားပေးခံရသော ဗိုလ်ချုပ်လွန်းမောင် မွန်ပြည်နယ် ဘီးလင်းမြို့တွင် စားသောက်ဆိုင် ဖွင့်နေကြောင်း
ဖော်ပြခဲ့သည်။ “သူတို့ (သမ္မတ ဦးသိန်းစိန်အစိုးရ) ကတော့ ၃ ခါ တောင် လာခေါ်တယ်” ဟု ဦးလွန်းမောင်က
ပြောသည်။ စစ်စွပ်ကျယ်ကို ဝတ်ထားပြီး စားပွဲဝိုင်းများအကြား လူငယ်တဦးကဲ့သို့ ပြေးလွှားနေသော ဗိုလ်ချုပ်
ဟောင်း ဦးလွန်းမောင်က စကားကို လုပြောသည်။ “(သမ္မတရုံးဝန်ကြီး) ဦး အောင်မင်းကိုယ်တိုင်လာတယ်၊
ပြီးတော့ ကိုသန့်ရှင်း (သမ္မတရုံးဒုဝန်ကြီး) လည်း လိုက်လာသေးတယ်။ ပြန်မလာတော့ဘူးလို့ပြောလိုက်တယ်”
ဟုဆိုသည်။ တပ်မတော်ဘက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး
စိုးဝင်းတို့၏ဇနီးများ လာရောက်လည်ပတ်သွားသည် ဟု ပြောပြသည်။ ခွေးကလေးများနှင့် ဆော့ကစားနေသော
ဒေါ်မြမြစိန်က “ဒီဘဝက ပိုလွတ်လပ်တယ်။ မပေးနိုင်တဲ့သူတွေ လာရင်လည်း ကျွေးလွှတ်လိုက်တာပဲ” ဟုဆိုသည်။
ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ရော သူ၏ဇနီးပါ နောက်ကြောင်းကို သိပ်ပြောချင်ပုံမရ။ စာရင်းစစ်ချုပ်လုပ်ခဲ့သူ
ဦးလွန်းမောင်ကမူ သူသိထားသည်များကို တော်တော်နှင့်ပြောမည့်ပုံမပေါ်။ သို့သော် ဝန်ကြီးများ အကြီးအကျယ်
လာဘ်စားခဲ့မှု များကို သူအသိဆုံးဖြစ်သည်။
ဦးလွန်းမောင်သည် နိုင်ငံတော် စာရင်းစစ်ချုပ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်လွန်းမောင်
ဘဝကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ဦးလွန်းမောင်
အဖြစ် စာရင်းစစ်ချုပ်တာဝန်ကို ဆက်ယူခဲ့သည်။ လက်ရှိအစိုးရ လက်ထက်တွင် ၁ နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး
သူ့၏ စာရင်းစစ်ချုပ် သက်တမ်း စုစုပေါင်း ၉ နှစ်ပြည့်ချိန် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က
သူ့ကို အငြိမ်းစားပေးလိုက်သည်။
၂၀၁၅ – ၂၀၁၆ အရေးကြီးသည် ဆိုသည်ကို ဦးလွန်းမောင်က မေ့မထားပေ။ “မှတ်ကျောက်အတင် ခံမယ်၊
အစစ်ခံရဲတယ်ဆိုတဲ့သူတွေ အဲဒီမှာအစစ်ခံ ကြပေတော့” ဟု သူက ပန်းကန်ပြားတချပ်ကို သိမ်း လိုက်ရင်းဆိုသည်။
ဦးလွန်းမောင်သည် စကားကို အကြာကြီးရပ်မပြော၊ လှစ်ခနဲ မိမိတို့စားပွဲဆီ ကပ် လာလိုက်၊ စကားပြောလိုက်၊
တခြားစားပွဲဝိုင်းများဆီ ပြေးလိုက်နှင့် အလုပ်များနေသည်။
“ကိုယ်နဲ့ ကိုရွှေမန်း (ပြည်ထောင်စု လွှတ်တော် နာယက) သူငယ်ချင်းတွေကွ” ဟုလည်း ဆိုသည်။
“သူက Political Ambition ကြီးတယ်”ဟု မှတ်ချက်ပေးသည်။ သမ္မတ ဦးသိန်းစိန်နှင့် ပတ်သက်၍မူ “သမ္မတကတော့
ရိုးတယ်၊ သူ့မိသားစုကလည်း စီးပွားရေးထဲ မပါဘူး။ သူ့ကိုယုံလို့ ရပါတယ်” ဟု ဆိုသည်။
တပ်မတော် ထိပ်ပိုင်းအရာရှိကြီးများ အနားယူပြီးလျှင် စီးပွားရေးလုပ်ငန်းကြီးများ ဆက်လက်လုပ်ကိုင်ပြီး
အစုရှယ်ယာများ ပါဝင်ထားကာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြသည်။ စစ်စွပ်ကျယ်ဝတ်ထားပြီး ကောင်တာထိုင်
လေ့ရှိသော၊ တခါတရံ စားပွဲထိုးသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်မှာ အမြင်ဆန်းနေသည်။ ဦးလွန်းမောင်သည်
စာရင်းစစ်ချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သဖြင့် တပ်မတော်ထဲမှ အတွင်းရေးနှင့် စီးပွားရေးလုပ်ငန်းများ၊
အစိုးရဝန်ကြီးဌာနများ၏ ခြစားမှုများကို များစွာသိထားသူ ဟု ထင်မြင်ချက် ပေးကြသည်။ ယခုမူ စာရင်းစာအုပ်များနှင့်
ဝန်ကြီးဌာနများကို စာရင်းစစ်သူ မဟုတ်တော့။ “အောင်ပြည့်စုံ” စားသောက်ဆိုင်တွင် လာရောက်စားသောက်သူ
ခရီးသွားဧည့်သည်များအတွက် ဆိုင် သန့်ရှင်းရေး၊ စားပွဲခုံနေရာ သန့်ရှင်းရေး၊ ဟင်းလျာစီမံရေးများသာ နေ့စဉ်အ
လုပ်ဖြစ်နေသည်။ ခရီးသည်တင်ကားတစီး ထပ်မံဆိုက်ရောက်လာရာ ခရီးသည်များ ဆင်းလာကြသည်။ ဦးလွန်းမောင်နှင့်
ဒေါ်မြမြစိန်ရော ဆိုင်ဝန်ထမ်းမိန်းကလေးများပါ အလုပ်များကြတော့မည်။ သစ္စာရှိသော၊ စားစရာကို အကုန်မစားဘဲ
အဖော်အတွက် ချန်တတ်သည်ဆိုသော ခွေးကလေး များက ဆိုင်တွင်လာရောက်စားသောက်သူများကို မနှောင့်ယှက်ပါ။
သခင်များ အလုပ်များနေသည်ကို ကောင်တာနားတွင် ငြိမ်သက်၍ အလိုက်တသိစောင့် ကြည့်နေကြသည်။
Credit : Ayarwady









