Saturday, March 1, 2014

အမေရိကန်ရောက် တေးဂီတပညာရှင် ချင်းတိုင်းရင်းသူ မီလာဒေါ့နှီယာန်း

အမေရိကန်ရောက် တေးဂီတပညာရှင် ချင်းတိုင်းရင်းသူ မီလာဒေါ့နှီယာန်း

       သူမကို ၁၉၉၂ ခုနှစ်မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ မွေးဖွားခဲ့ပြီး ပြည်တော်သာရပ်ကွက်မှာ နေထိုင်ခဲ့ပါ တယ်။
 အသက် လေးနှစ်အရွယ်မှာတော့ ရန်ကုန်မြို့ကို မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ငယ်စဉ်က ကျောင်းမနေခဲ့
ရပေမယ့် အိမ်မှာ စာပေသင်ကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ၁၉၉၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို စတင်သွားရောက်
ခဲ့ပြီး၂၀၀၀ ပြည့်နှစ်မှာတော့ မိသားစုအားလုံး အမေရိ ကန်ပြည်ထောင်စုကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ လက်ရှိ မေရီလန်းပြည်
နယ် ကိုလမ်ဘီယာတွင် နေထိုင် လျက်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက Community College ကို နှစ်နှစ်ဆက်တက်ပြီး
 ပညာဆည်းပူးခဲ့တယ်။ သီ ချင်းဆိုဝါသနာပါလွန်းတဲ့အတွက် မီလာဟာ ၂၀၀၉ ခုနှစ်ကစလို့ သူမနှစ်သက်တဲ့ တေးသီချင်းတွေ
ကို ကိုယ်တိုင် ဂစ်တာတီးခတ် cover သီဆိုကာ youtube ၀က်ဘ်ဆိုဒ်နဲ့ အခြား Social Network စာမျက် နှာတွေမှာ တင်လေ့ရှိ
ပါတယ်။ O’Crew Medicine Show ရဲ့Wagon Wheel သီချင်းကို လူကြိုက်များခဲ့ပြီး တေးထုတ်လုပ်ရေးကုမ္ပဏီ တွေက စာချုပ်
ဆိုဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ အဲဒီသီချင်းက Folk Country music အမျိုးအစား ဖြစ်ပါတယ်။
         သူမရဲ့ music activities နဲ့ Profile ကို လေ့လာခဲ့ကြပြီး ကုမ္ပဏီကိုယ်စားလှယ်တွေက သူမကို ဆက် သွယ် ကမ်းလှမ်း
လာခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူတော်တွေက အများကြီးမို့ အခုလို ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်နိုင်တယ်ဆိုတာ
 အရမ်းခက်ခဲတဲ့ ဖြစ်စဉ်တစ်ခုပါ။ သီချင်းဆိုတာကို ငယ်စဉ်ကလေးဘ၀ ချင်းပြည်နယ်မှာနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး
 သူမ ငယ်စဉ်ကလေးစားရတဲ့ တေးသံရှင်တွေ၊ ဂီတပညာရှင်တွေကတော့ လေးလေးဝါး၊ ကဗျာဘွဲ့မှူးနဲ့IRON CROSS တေးဂီတအဖွဲ့
တို့ ဖြစ်ပါတယ်။ သူမရဲ့ Gone တေးအယ်လ်ဘမ်ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ဒုတိယအပတ်မှာ Tats Music Group ကနေ ဖြန့်ချိခဲ့ပါတယ်။
 သူမရဲ့ ချိုမြတဲ့အသံကို သဘောကျပြီး ကုမ္ပဏီက စာချုပ်ချုပ် ၀ယ်ယူခဲ့တယ်လို့ သိရပါ တယ်။ သူမရဲ့တေးအယ်ဘမ်ကိုတော့ သူမရဲ့
ဖေ့စ်ဘွတ်မှာ သွားရောက်နားဆင်နိုင်ပါတယ်။ ဒီအယ်လ် ဘမ်မှာ သူမကိုယ်တိုင်ရေးထားတဲ့ တေးသီချင်း ရှစ်ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။
မီလာက သူရဲ့ပရိတ်သတ်တွေအတွက် သူမကိုယ်ပိုင် FaceBook စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ အတိုင်း ပြန်တင်ပြပေးလိုက်ပါတယ်။
“တစ်နှစ်ပြည့်ဘို့ သုံးရက်အလိုမှ ပိုလီယိုရောဂါဖြစ်နေကြောင်း သိလိုက်ရတာပါ။ ဆရာဝန်ကအစ ကျွန်မ ကို အသက်ရှင်လိမ့်မယ်လို့
မထင်ခဲ့ကြဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို အသက်ရှင်ဖို့ ဒုတိယအ ကြိမ် အခွင့်အရေးပေးခဲ့တဲ့အတွက် အလွန်ပဲ ၀မ်းမြောက်ကျေးဇူး
တင်မိပါတယ်။ ကျွန်မဘ၀က ဆေးရုံမှာ ကြီးပြင်းလာတယ်လို့တောင် ဆိုနိုင်ပါတယ်။ အခြားကလေးတွေ ကျောင်းတက်နေတဲ့အချိန်မှာ
ကျွန်မက ခြံကြီးထဲမှာ တစ်ယောက်တည်း နေခဲ့ရတယ်။ အချိန်ပိုတွေအများကြီးရခဲ့လို့လဲ သီချင်းဆိုတဲ့အလုပ်ကို စိတ်ဝင်စားပြီး တစိုက်မတ်မတ်
လုပ်ခဲ့မိတာပါ။ လေးနှစ်သမီးအရွယ်မှာ ပရိတ်သတ်ရှေ့ကိုထွက်ပြီး ဆို တတ်နေပါပြီ။ လူတွေကိုဖျော်ဖြေရတာကိုလည်း ကျွန်မ နှစ်သက်ပါတယ်။
 ကျွန်မတို့အိမ်မှာ တီဗီမရှိဘူး။ သူများတွေကို သီချင်းဆိုပြရင် သူတို့က အိမ်ကိုလိုက်ပြီး တီဗီကြည့်ဖို့ ကျွန်မကို ခေါ်ပါတယ်။ ကံအား လျော်စွာ
အသက်ရှစ်နှစ်မှာ အမေရိကန်ပြည်ထောင်စုကို အခြေချဖို့ ရောက်လာနိုင်ခဲ့ပါတယ်။ ဒါတင်မ က ကျွန်မဘ၀မှာ ဖြစ်ချင်တဲ့အရာတွေ၊ မက်ခဲ့တဲ့
အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ မရေမ တွက်နိုင်တဲ့အခွင့်အရေးတွေ ရခဲ့ပါတယ်။ တစ်နေ့ အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်
တစ် ယောက် သေချာပေါက် ဖြစ်ရမယ်လို့ ကျွန်မ ရည်မှန်းထားခဲ့ပါတယ်။
            ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၊ ပညာသင်ကြားရေး စတဲ့ ကိစ္စတွေမှာ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ အသက် ၂၂ နှစ်အရွယ်မှာ
ပိုလီယိုရောဂါသည်တစ်ဦးအဖြစ် အသက်ရှင်ရတာ တကယ့်ကို အခက်အခဲပါ ပဲ။ အတိတ်ကလည်း ရင့်သီးတဲ့အတွေ့အကြုံတွေ များစွာဖြတ်
သန်းခဲ့ရဘူးပါတယ်။ ကျွန်မရှေ့မှာ လူ သားတစ်ယောက် အနိုင်အထက်ပြုခံရတာ၊ နှိမ့်ချပြောဆို ဆက်ဆံခံရတာတွေ့ရင် ကျွန်မ အော့နှလုံးနာ
 ပါတယ်။ ဒါပေမဲ့ ကျွန်မသိထားတာတစ်ခုတော့ရှိပါတယ်။ တစ်စုံတစ်ယောက်ဟာ ဘယ်လောက်ကောင်း တဲ့အလုပ်ကိုလုပ်နေပါစေ သူ့ကို
နှိမ့်ချပြောဆို ဖျက်ဆီးမယ့်သူတွေတော့ ရှိနေဦးမယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီအချိန်မှာ အကောင်းဆုံးတုံ့ပြန်နိုင်တဲ့ နည်းကတော့ ဘုရားသခင်ကို
အားကိုး ချဉ်းကပ်ဖို့ပါဘဲ။ ခေါင်း ကိုမော့ထား၊ ဘယ်သူ့ကိုမျှအမှုမထားဘဲ ဘုရားနဲ့သာဆက်လက်လျှောက်လှမ်းပါ။ လိုရာပန်းတိုင်ရောက်
သည်ထိပေါ့။ ကျွန်မက ကံ၊ ကံ၏အကျိုးကို ယုံသူတစ်ယောက်ပါ။ ကိုယ်ယုံကြည်ရာကို ပြောရမှာကြောက်တဲ့ လူစား မျိုးမဟုတ်ဘူး။ ကိုယ့်ရှေ့မှာ
တစ်စုံတစ်ယောက်က စည်းကျော်နေတာတွေ့ရင် ကျွန်မ လက်ပိုက်ကြည့် မနေနိုင်ပါဘူး။ ကျွန်မ ကြောက်ရင်လည်း ကြောက်တယ်လို့ ၀န်ခံရမှာ
 မရှက်ဘူး။ တစ်ဖက်မှာလည်း ကိုယ့်ခံစားချက်အယူအဆတွေကို ရင်ထဲမှာ လှောင်ပိတ်မြိုသိပ်ထားတာကိုလည်း မတရားဘူးလို့ ထင်ပါ တယ်။
အဓိက ကိုယ့်ကိုယ်ကိုယ် မတရားလုပ်ရာကျပါတယ်။
              ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်တဲ့စကားကို ပြောဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒါ ကြောင့်လည်း ကျွန်မ သီချင်း
တွေကို တစိုက်မတ်မတ် ရေးဖွဲ့နေဖြစ်တာပါ။ အဲဒီလိုရေးရတာဟာ မဟာ လွတ်လပ်မှုကြီးတစ်ခုပါပဲ။ မိမိခံစားချက်တွေကို ဖော်ထုတ်ဖို့ ဘယ်
လောက်အရေးကြီးတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်ကတည်း ကစပြီး ကျွန်မ သီချင်းတွေရေးဖြစ်တာပါ။ကိုယ့်စာသားနဲ့ ကိုယ့်သံစဉ်ကို ကိုယ်
တိုင်သီဆိုခြင်းဟာ မိမိရဲ့ဘ၀ဒဿန၊ အချစ်ဒဿနတွေကို ကိုယ် တိုင်ကြေညာတာနဲ့ အတူတူပါပဲ။ရုပ်ပိုင်းအရ ကျွန်မကိုယ်တိုင်အတွက်ရော
သူတစ်ပါးအတွက်ပါ ကျွန်မ ဘာမှမလုပ်ပေးနိုင်သူပါ။ ဒါပေမဲ့ ဂီတ အနုပညာအားဖြင့် ကျွန်မ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အရာရာ
လုပ်ပေးနိုင်ပါတယ်။ တကယ်တော့ ဂီတဆိုတာ လူ့ဘ၀အတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ လူတိုင်းကို ပြုံးပျော်စေနိုင်တဲ့အရာ၊
အချိန်တိုင်း နေရာတိုင်းမှာ လူတွေကို ပျော်အောင်၊ ရီအောင် လုပ်ပေးနိုင်တဲ့အ ရာပါ။ ဘယ်လို ဂီတ အမျိုးအစား ဖြစ်ပါစေ။
             ကာဗာဆိုဖြစ်တဲ့ သီချင်းတွေလည်း အများကြီးရှိပါတယ်။ အမျိုးအစားစုံ၊ စတိုင်ပေါင်းစုံ ဆိုရတာကို သဘောကျတယ်။ ဒါ့ကြောင့်လည်း
 ၁၉၈၀ ပြည့်နှစ်က သီချင်းတွေ ၉၀ ကျော်ခုနှစ်က သီချင်းတွေအများကြီး ဆိုဖြစ်ခဲ့ပါတယ်။ဂီတတူရိယာနှင့်ပတ်သက်ရင်လည်း ဘင်ဂျိုတို့၊ တယောတို့၊
 ဘာဂျာတို့၊ မယ်ဒလင်တို့ကို သဘောကျ တယ်။ အဲဒီအသံတွေကြားရရင် နတ်စောင်းသံကို ကြားရသလိုပါပဲ။
         ကျွန်မလိုပဲ သိသိသာသာကြီးကို မသန်မစွမ်းဖြစ်နေတဲ့ ကောင်မလေးတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မတောင်
 ကျွန်မဖြစ်ချင်တာကို ရအောင် လုပ်နိုင်ခဲ့သေးရင် သူတို့လည်း ဘ၀မှာ ရည်မှန်းတဲ့ပန်းတိုင်ကို ဆွတ်ခူးနိုင်တဲ့အခွင့်အရေး သူတို့မှာလည်း ရှိတယ်
ဆိုတာကို ကျွန်မ သတိရစေ ချင်ပါတယ်။ ကိုယ့် နှလုံးသားခံစားချက်၊ စေစားချက်ကို တစိုက်မတ်မတ် ပြုစုပျိုးထောင်ပေးဖို့ပဲ လိုပါ တယ်။ ဘ၀ဆိုတာ
 တိုတောင်းလွန်းလို့ ကြောက်နေဖို့ အချိန်မရှိဘူး၊ ၀မ်းနည်းနေဖို့ အချိန်မရှိဘူး၊ စိတ် ပျက်အားငယ်နေဖို့ အချိန်မရှိဘူး၊ ရူးသွပ် (ဒေါသထွက်) နေဖို့
အချိန်မရှိဘူး။ ကိုယ် ဘယ်လိုဘ၀မျိုး ရောက်နေပါစေ ရင်ထဲမှာ ဘုရားကို ထာဝရထည့်ထားပြီး အကောင်းမြင်တတ် အောင် ကြိုးစားပါ။ နှလုံးသားစေ
စားတောင့်တရာကို တစိုက်မတ်မတ် နားထောင်ဖြည့်ဆည်းကြပါ။ အောင်မြင်ကြမှာပါ။
             ကျွန်မကိုအားပေးကူညီကြတဲ့ ပရိသတ်ကြီးကို ဘယ်လိုကျေးဇူးတုံ့ပြန်ရမှန်းကို မပြောတတ်တော့ပါဘူး။ သူတို့ရဲ့ အားပေးထောက်ခံမှုကိုသာ
 မရခဲ့ရင် ကျွန်မဘ၀မှာ artist music fan page တစ်ခုကိုတောင် ကျွန်မ လုပ်နိုင်ခဲ့မှာမဟုတ်ဘူး။ သုံးလေးစက္ကန့်လောက်လေးပဲဖြစ်ဖြစ် သူတို့ရဲ့တန်းဖိုး
ရှိတဲ့ အချိန်လေး တွေထဲက ကျွန်မရဲ့သီချင်းတွေကို အချိန်ပေးပြီး နားထောင်ခဲ့ကြလို့ ကျွန်မ ဒီဘ၀ရောက်လာရတာပါ။ ကျွန်မ ပရိသတ်အားလုံးကို
 ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးရဲ့ ကရုဏာပါတဲ့လုပ်ရပ်တိုင်းဟာ ကျွန်မရဲ့ကမ္ဘာကြီးပါပဲ။
                           အဲဒီလောက်ကြီး ရှည်အောင်ရေးထားတဲ့ အတ္ထုပ္ပတ်္တိကို အချိန်ပေးပြီး ဖတ်ကြတဲ့ ပရိသတ်ကြီးကို အထူး ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားထက်ပိုပြီး ဘာပြောရမှန်းကို မသိတော့ဘူး။ ပရိ သတ်ကြီးရဲ့မေတ္တာနဲ့ ပံ့ပိုးမှုအတွက် ပရိသတ်ကြီးကို ထာဝရချစ်နေ
ပါမယ်လို့ ပြောပါရစေလို့” မီလာက ဆိုထားပါတယ်။

Credit: Mizzima - News in Burmese

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More