Tuesday, March 11, 2014

တောင်တွေကျော်ကာ ကြည့်ရူနိင်သည့် စစ်ဘက်သုံး Google မျက်မှန်


        ခေါင်းဆောင်းပုံစံ Google Glass Q-Warrior လို့ ခေါ်ပါတယ်။ အမေရိကန် စစ်သားတွေမှာ မကြာခင်
 ဖြည့်သွင်းတော့မည့် မျက်မှန်တစ်မျိုး ဖြစ်ပါတယ်။ ထို မျက်မှန်ဟာဆိုရင် ရန်သူရဲ့ အနေအထားတွေ၊ စစ်သား
တွေရဲ့ တည်နေရာတွေ၊ နဲ့ မြို့တစ်မြို့၊ အိမ်တစ်လုံး စသည့်တို့ရဲ့ မြေပုံတွေကို သိရှိနိင်ပြီး မမြင်ရတဲ့ တောင်
ကုန်းတစ်ခုရဲ့နောက်ကွယ်က မမျော်လင့်ဘဲ ဖြစ်ပျက်လာနိင်တဲ့ အကြောင်းအရာတွေကိုလည်း ဗီဒီယို တစ်ခု
အနေနဲ့ သိရှိစေနိင်မှာပဲ ဖြစ်ပါတယ်။ မကြာသေမီက စမ်းသပ်ချက်အရတော့ မြေပြင်ပေါ်ရှိ စစ်သားတွေဆီကို
အချက်အလက်ပေးပို့ မူတွကိုတော့ လုပ်ဆောင်နိင်ခြင်းမရှိသေးပါဘဲ လုပ်ဆောင်နိင်ပါက ပိုမိုအဆင်ပြေမှာ
 ဖြစ်ပါတယ်။
       အဆိုပါ အမြင့်စား နည်းပညာတစ်ခု ဖြစ်သည့် Q-Warrior ကို ဗြိတိန်အခြေစိုက် BAE စနစ်မှ တည်ဆောက်
တီထွင်ခဲ့ပြီး စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ စစ်သားတွေဆီကို အရောင်အသွေး စုံလင်တဲ့ ကာလာတွေနဲ့၊ သူတို့နေရာရဲ့
အပြင်ဘက်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိရှိစေမဲ့ 3D Display တွေလည်းပါရှိပြီး ယခု တည်ရှိနေတဲ့ စစ်သား
တွေရဲ့ သိမြင်နားလည်နိင်မူကို တိုးမြင့်နိင်တဲ့ အလားအလားမှာ ရှိနေပါတယ်။
      အမေရိကန် စစ်ဘက်နဲ့ BAE စနစ်တို့ဟာ Q-Warrior ကို စစ်သားတွေဆီသို့ စမ်းသပ်ခြင်း ခွင့်ပြုစေဖို့ စာချုပ်
တစ်ခု သဘောတူ ညီခဲ့တယ် လို့သိရပါတယ်။ US နာဗီတို့လို စပယ်ရှယ် အသင်းတွေနဲ့ ထို Q-Warrior အသုံးပြုမူကို
စတင်သွားမှာ ဖြစ်ပြီး အကျိုးသက်ရောက်ခဲ့ပါမူ အခြား စစ်သားများကိုပါ ထို ၀တ်စုံကို တူညီစွာ ၀တ်ဆင်စေမှာ
 ဖြစ်ပါတယ်။ ထိုအတွက် စစ်တပ်တွေဟာ ကွန်ပျူတာ အထောက်အကူပြု တိုက်ပွဲတွေနဲ့ အနာဂတ်ကို လုံးလုံး
လျားလျား ခုန်ကျော်ခြင်းတို့ကို ဖြစ်စေလိမ့်မှာ ဖြစ်ပါတယ်။
Aung Heine ( www.smart.com.mm )

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More