ငါးရက်အကြာပျောက်ဆုံးနေသော မလေးရှားလေယာဉ်သည် ရေဒါခြေရာခံမှုအရ မြန်မာရေပိုင်နက်
နှင့်နီးသော မလက္ကာ ရေလက်ကြားသို့ မူလလမ်းကြောင်းကို သွေဖယ်ပြီးပျံသန်းသွားသည်ဟုခန့်မှန်းထား
သည် ။ ထို့ကြောင့် မြန်မာနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ၏ညွှန်ကြားမှုဖြင့် SAR team က ရှာဖွေရေး
နှင့်ကယ်ဆယ်ရေးလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှအရာရှိ
တစ်ဦးကပြောသည် ။ ပျောက်ဆုံးနေသော လေယာဉ်ကို ကယ်ဆယ်ရေးများ ပြုလုပ်ရန် မြန်မာလေပိုင်နက်
အတွင်းသို့ဝင်ရောက်ရှာဖွေခွင့်တောင်းထားပြီး မြန်မာဖက်ကခွင့်ပြုထားပြီးဖြစ်ကြောင်း လေကြောင်းပို့ဆောင်
ရေးညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပြောသည် ။
Credit: 7 Days Daily
0 ထင်မြင်ချက်ပေးရန်:
Post a Comment