မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Tuesday, October 14, 2014

IS အဖွဲ့ကို လက်စားချေမှုအဖြစ် အီရတ်တွင် ဆွန်နီမွတ်ဆလင်များ သတ်ဖြတ်ခံနေရ


       အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လက်စားချေသည့် အနေဖြင့် ဆွန်နီမွတ်ဆလင် 
အရပ်သားများကို အီရတ်ရှိ ရှီးဟိုက် မွတ်ဆလင် ပြည်သူ့စစ်များက သတ်ဖြတ်နေကြောင်း နိုင်ငံတကာ 
လူ့အခွင့်အရေးအဖွဲ့ (IA)က ပြောကြားခဲ့သည်။
            IS သည် အစွန်းရောက် ဆွန်နီ အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့၏ 
ရည်မှန်းချက်များတွင် ရှီးဟိုက် မွတ်ဆလင်များကို ဖိနှိပ်ရန်ဆိုသည့် အတွေးအမြင် မူဝါဒလည်း ပါရှိသည်။
 IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံ
 တစ်ခုကို (ကမ္ဘာက အသိအမှတ် မပြုဘဲ) ထူထောင်ထားသည်။
          IS အဖွဲ့၏ ကြမ်းတမ်းရန်လိုမှုများကို လက်စားချေသည့် အနေဖြင့် အီရတ်ရှိ  ရှီးဟိုက် မွတ်ဆလင် 
တိုက်ခိုက်ရေးသမား အချို့ကလည်း ဆွန်နီ မွတ်ဆလင် အရပ်သားများကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများ
 ပြုလုပ်နေမှု တစ်စထက်တစ်စ မြင့်တက်လာကြောင်း IA က ဆိုသည်။ အဆိုပါ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို 
အီရတ် အစိုးရက ကျောထောက်နောက်ခံပြုကာ လက်နက် တပ်ဆင်ပေးထားခြင်း ဖြစ်သည်။
           IAက ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းရှိ ဆွန်နီ မွတ်ဆလင် အများစု နေထိုင်ရာ ဆာမာရာမြို့တွင် ဇွန်လ
နောက်ပိုင်း ကတည်းက ဆွန်နီအမျိုးသား (၁၇၀)ထက်မနည်း ပြန်ပေးဆွဲခံရကြောင်း ဖော်ပြခဲ့သည်။ ဇွန်(၆)ရက်
 တစ်ရက်တည်းတွင်ပင် ဆွန်နီအမျိုးသား (၃၀)မျှသည် နေအိမ်မှ အဓမ္မ ခေါ်ထုတ်ပြီး ပစ်သတ်ခံခဲ့ရကြောင်း၊ ၎င်း
တို့၏ ရုပ်အလောင်းများကို ပစ်သတ်သည့် နေရာတွင်ပင် စွန့်ပစ်သွားခဲ့ကြောင်း IA အဖွဲ့က ဆိုသည်။
          “အခုလို သတ်ဖြတ်မှုတွေဟာ IS စစ်သွေးကြွတွေရဲ့ ဩဇာလွှမ်းမိုးမှုတွေကို တုံ့ပြန်တဲ့ သဘောနဲ့ လုပ်
ဆောင်နေတာပါ”ဟုလည်း အဖွဲ့ကြီးက သုံးသပ်ခဲ့သည်။ IS စစ်သွေးကြွ တပ်များကို အမေရိကန်နှင့် မဟာမိတ် 
နိုင်ငံများက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည့်တိုင် ၎င်းတို့၏ အရှိန်အဟုန်ကို ရပ်တန့်တားဆီးရန် အခက်
အခဲများ ကြုံနေဆဲ ဖြစ်သည်။

_Ref: BBC

Saturday, October 11, 2014

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် AFC U-19 Championship Myanmar 2014 မြန်မာ ဂိုးရလဒ်များ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် AFC U-19 Championship Myanmar 2014
 ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်းနှင့် ထိုင်းအသင်းတို့ 11 ရက် October ည ၆း၃၀ အုပ်စု ပွဲစဉ် ယှဉ်ပြိုင်
ကစားကြရာ မြန်မာအသင်းမှ ထိုင်းအသင်းကို (၃) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ဂိုးများကိုကြည့်ရှုးနိုင်ပါပြီ

မြန်မာ ၂ ဦး မတရားစွပ်စွဲခံနေခြင်းအပေါ် NLD နှုတ်ဆိတ် နေမှု ဝေဖန်ခံရ


             ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနခရိုင် လိပ်ကျွန်း(ခိုတောင်ကျွန်း) ပေါ်တွင်ဖြစ်ပွားခဲ့သော
 ဗြိတိန်နိုင်ငံသားနှစ်ဦး အသက်ခံရမှုတွင် မြန်မာ ၂ ဦး မတရားစွပ်စွဲခံနေခြင်းအပေါ်NLD နှုတ်ဆိတ်နေမှု 
ဝေဖန်ခံနေရကြောင်းသတင်းရရှိသည်။ ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဟာကွက်များစွာရှိနေရာ
 ထိုင်းသတင်းစာများသာမက ကမ္ဘာ့တင်းစာများကပါ ထောက်ပြမှုများရှိခဲ့ပြီး သမ္မတဦးသိန်းစိန်မှ အထူး
ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ကာ ပြန်လည်စစ်ဆေးစေခဲ့သည်။
           မြန်မာလူမှုကွန်ရက်များတွင်လည်း ကန့်ကွက်မှုများ ပြင်းထန်နေပြီး ဂျပန်နှင့် UK ရှိမြန်မာများမှလည်း
 ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ပါတီမှ ဝေဖန်ချက် (သို့မဟုတ်) ကန့်ကွက်ချက်ဟူသော ကြေညာချက် တစ်စုံတစ်ရာ ထွက်မလာခြင်းအပေါ်
 မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများသာမက သာမန်ပြည်သူများကပါ စိတ်ပျက်စွာ ဝေဖန်လျက်ရှိကြောင်း သိရ
သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်မယူမှုနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ချင်းမိုင်မှ မြန်မာ 
ရွေ့ပြောင်း အလုပ်သမားတစ်ဦးမှ ယခုလိုပြောဆိုခဲ့သည်။
            “အမေစုကို အရင်ကအားကိုးတယ်.. ဒီကိုလာတုန်းကလည်းသွားကြိုခဲ့တယ်.. အခုတော့ အားကိုးလို့ 
မရမှန်း တဖြည်းဖြည်းသိလာတယ်.. ဥပဒေဆိုတာ နိုင်ငံသားတွေကို ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုပြီး
 သူပဲပြောခဲ့တာပဲ… အခုတော့ ဘာသံမှထွက်မလာဘူး.. အရမ်းစိတ်မကောင်းဖြစ်မိတယ်..” ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးမှ NLD ပါတီဝင်တစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆိတ်နေခြင်းနှင့် ပတ်သက်၍ ယခု
ကိစ္စတွင် အဖွဲ့ချုပ်ဥက္ကဌနှင့် ဘာမှမဆိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ သာမန်ပါတီ ဥက္ကဌ တစ်ဦးသာဖြစ်
ခြင်းကြောင့် ဘာမှလုပ်မပေးနိုင်ကြောင်း ဖြေရှင်းထားသည်ကို တွေ့ရသည်။
            အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှလည်း ယခင်တုန်းက တစ်ခုခုဖြစ်တိုင်း ကြေညာချက် ထုတ်ခဲ့ပြီး
 ယခုတစ်ကြိမ်မှ ဘာကြေညာချက်မှမထွက်လာတာ မရိုးသားကြောင်း အခုလိုပြောခဲ့သည်။“အရင်တုန်းက စက္ကူပေါတိုင်း
 ကြေညာချက်တွေ ဆက်တိုက်ထုတ်နေတာပဲ၊ မှတ်ချက်တွေ ပေးနေတာပဲ… ရခိုင်အရေး၊ မိတ္ထီလာအရေးနဲ့ အစိုးရလုပ်
ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သူနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဝင်ပြောနေတာပဲလေ.. အခုဟာက တရားဥပဒေစိုးမိုးရေးကိစ္စနဲ့ 
ဥပဒေအရ ကာကွယ်ရေးကိစ္စပဲ.. တာဝန်ရှောင်တာ အသိသာကြီးပါ…” ဟု ဆိုသည်။
           ပြည်ပရောက် သံဃာတစ်ပါးမှလည်း “ဘာလုပ်ပိုင်ခွင့်မှမရှိရင် ကုလားကိစ္စလည်းမလုပ်နဲ့လေ၊ မပြောနဲ့လေ 
မလုပ်နဲ့လေ၊ ဘာဖြစ်လို့ လျှာရှည်နေရတာလည်း၊ ဒီမိုကရေစီဆို ဒီမိုကရေစီပဲလုပ်လေ မိတ္ထီလာ ဗလီပြန်ဆောက်မှပိုက်
ဆံထုတ်ပေးပီး မောင်တောကဘုန်းကြီးကျောင်း ဆယ်ကျောင်းကုလားမီးရှို့ခံရလို့ ပြန်ဆောက်တော့ ဘယ်ကုလားနဲ့အ
လေလိုက်နေတာလည်း အဲဒါတာဝန်ရှိလို့တာဝန်ယူတာလား ဘယ်သူက ပေးတဲ့ တာဝန်လည်း၊ အခုကိစ္စမှာ ချိုတယ် 
ငံတယ်လောက်တော့ ပြောလို့ ရပါတယ်လေ” ဟု မိန့်ကြားသည်။
               ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်စိတ်ပျက် မိ
ကြောင်းနှင့် လူထုခေါင်းဆောင်ဟု အမည်မခံသင့်တော့ကြောင်း ပြောဆိုခဲ့သည်။ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်
 David Miller နှင့် HannahWitheridge တို့နှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များမှာ 
ဟာကွက်များစွာရှိနေပြီး မြန်မာပြည်သူ တို့၏ လူမှုကွန်ရက်များတွင် အလျှင်အမြန် ပျံ့နှံ့လာကာ ဝေဖန်မှုများ၊ တောင်း
ဆိုမှုများ ပြင်းထန်လာခဲ့ရာ သမ္မတအမိန့်ဖြင့် စစ်ဆေးရေးအဖွဲ့များ ချက်ချင်းစေလွှတ်ခဲ့သည်။
              ထို့ပြင် စစ်ဆေးမေးမြန်းရန် ပြည်ထောင်စု အဆင့်အဖွဲ့တစ်ခုဖွဲ့စည်းပြီး ထပ်မံသွားရောက်စစ်ဆေးရန် နိုင်ငံတော်
သမ္မတရုံးက ညွှန်ကြားထားကြောင်း သိရသည်။ မနေ့က ဝန်ကြီးချုပ်ပရာရွတ် နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံချိန်တွင်လည်း 
သမ္မတမှ တောင်းဆိုခဲ့ပြီး ကာချုပ်မင်းအောင်လှိုင်မှလည်း ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံစဉ် တောင်းဆိုပေးခဲ့ကြောင်း သိရသည်။
မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်ကမှ စွပ်စွဲခံ မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း နှစ်ဦးလုံးကို တွေ့ဆုံ
ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ဝန်ခံမှုရရှိအောင် ညှင်းဆဲစစ်ဆေးမှုများရှိကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။
             ဘန်ကောက်ပို့စ် သတင်းစာ၏ လက်ထောက်အယ်ဒီတာ မစ္စ Sanitsuda Ekachai မှ စွပ်စွဲမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်
သာမှုမရှိကြောင်း၊ ဟာကွက်များရှိကြောင်း ဝေဖန်ထားသည့်အပြင် ရစ်ချက်ဘားနက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးဆိုင်ရာအဖွဲ့
 (Richard Bennett, AmnestyInternational ) မှလည်း " နှိပ်စက်ပြီး ၀န်ခံခိုင်းမှုဆိုတဲ့ကိစ္စကို ထိုင်းအာဏာပိုင်တွေမှ ထိထိ
ရောက်ရောက် ၊ ပွင့်လင်းမြင်သာပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမယ်" ဟု ပြောဆိုထားသည်။
             လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ရှေ့နေများကွန်ယက်နှင့် အခြားလူ့အခွင့်အရေး လှုပ်ရှားသူများ နှုတ်ဆိတ် 
နေသော်လည်း မနေ့က ရန်ကုန်မြို့ နှင့် တိုကျိုမြို့တို့တွင် ဆန္ဒပြခဲ့ကြသည်။ ပြည်တွင်းပြည်ပရှိ ပြည်သူများမှာ နိုင်ငံအသီးသီးရှိ 
ထိုင်းနိုင်ငံသံရုံးများတွင် ဆန္ဒပြရန် တက်ကြွလှုပ်ရှားသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အရေး လှုပ်ရှားသူများကစီစဉ်လျက်
ရှိကြောင်း သတင်း ရရှိသည်။

ဇော်မျိုးဦး
 မြန်မာပြည်သား

ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲတွင်ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့

 ယနေ့ နေလည် ၁၂း၀၀နာရီခန့် တွင်ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲတွင် မည်သည့်နေရာ
ကပစ်မှန်းမသိသောလက်နက်ကြီးပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုအနီးတ၀ိုက်ရှိ ခရီးသည်ကားနှင့်ဈေးရောင်း
သူများ ထိခိုက်ဒါဏ်ရာရ သေကြေခဲ့သည်။
               အခင်းဖြစ်နေရာတွင်ပင် ၂ဦးသေဆုံးပြီးထိခိုက်ဒါဏ်ရာရသူများကို ကော့ကရိတ်ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ခံနေကြသည်။ဒါဏ်ရာရသူများထဲမှကျား၁ဦးမှာ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားသဖြင့်
စုစုပေါင်းသေဆုံးသူ ၃ဦးဖြစ်သည်။ဒါဏ်ရာရသူများမှာ မောင်ဝေဦး အသက်၁၈နှစ် (ရင်ဘတ်ထိ)ရွှေတောကျေးရွာ
 ဘားအံမြို့နယ်၊မရိုင်း ၃၂နှစ် (၀ဲဘက်ခြေသလုံး ဒါဏ်ရာ၃ချက်)ကော့ရမိုင်ရွာ ဘားအံမြို့နယ်၊စောလာပုန်းအွာ ၁၇
နှစ် (၀ဲဘက်ပေါင် ၁ချက်)ကော့အိမိတ်ရွာ ဘားအံမြို့နယ်။
           ကလေးနှစ်ယောက် မောင်အာကာမင်း၉နှစ်၊မခင်ချိုဝင်း ၂တန်း(အမက.၉)လက်ပေါက်ပြဲဒါဏ်ရာ၊ တံတား
ဦးကော့ကရိတ်မြို့၊ကိုဇော်လင်းဦး မခင်မာဝေ (၀ဲဘက်ပေါင်ပေါက်ပြဲ) တံတားဦးရပ်၊ကော့ကရိတ်မြို့၊စောထမွီး ၁၂နှစ် 
၃တန်း(အ.မ.က၂)ကျောက်ဖျာ ၊ရွှေတောရွာ ဘားအံမြို့နယ်၊၃ဦးသေ၊ကလေး၃ဦး၊ မ ၃ဦး၊ ကျား ၅ဦးဒဏ်ရာရရှိသည်။
အလယ်ဗိုလ်တဲ ဘုန်းတော်ကြီးကျောင်းဆရာတော်လည်း ခြေထောက်တွင်
          လက်နက်ကြီးစထိမှန်ဒါဏ်ရာရသည်၊ဆရာတော်ကို မြ၀တီတွင်ဆေးကုသရန်အတွက်ဒါယကာများမှပင့်ဆောင်
သွားခဲ့ကြသည်။ကော့ကရိတ်ဆေးရုံသို့ ကော့ကရိတ်ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ရဲမှူးကြီးနှင့်ရဲတပ်ဖွဲ့ သတင်း
တပ်ဖွဲ့များမှတာဝန်ရှိသူများ၊ သွေးအကူအညီပေးရေးအဖွဲ့၊ကရုဏာဖောင်ဒေးရှင်းအဖွဲ့၊ရပ်ကွက်နာရေးအသင်းများမှ 
တာဝန်ရှိသူများ ကော့ကရိတ်ဆေးရုံမှ ၀န်ထမ်းများမှကူညီဆောင်ရွက်ပေးနေပါသည်၊။
BY: Dawna Aungtoe

Friday, October 10, 2014

ကော့တောင်(လိပ်ကျွန်)လူသက်မှုနှင့်ပက်သက်၍ မသင်္ကာစရာကောင်သူ တစ်ဦးဖမ်းဆီးစစ်ဆေး



By: အဘ ကိုဖြိုး သစ်ဆန်း
              လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ရက်နေ့ က သတ်ခံရတဲ့ နိုင်ငံခြားသားစုံတွဲနဲ့ ပတ်သက်လို့   မကြာခင် 
အချိန်အတွင်းကပဲ မသင်္ကာစရာကောင်းလောက်အောင် စိတ်ခြောက်ခြားနေသည့်ဟု ယူဆရသည့် လူတစ်ဦး
အား ဖမ်းဆီးမိကြောင်း ဖငမ်းကျွန်းမှ တာဝန်ရှိရဲများထံမှ သတင်းရရှိခဲ့ပါတယ်။
               နယ်မြေခံ ကာကီလူမျိုးများ၏ သတင်းပေးပို့ ချက်အရ အသက် ၂၃ နှစ်အရွယ် အမည်Le Phong wellness 
အား လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက မျက်နှာစိမ်းလူတစ်ယောက် သည် ကာကီ လူမျိုးတို့ ၏ ရွာအတွင်း လာရောက်
ပုန်းအောင်းနေပြီး စားသောက်ရန် ထမင်း၊ဟင်းများ တောင်းရမ်း စားသောက်လျှက်ရှိကြောင်း အကြောင်းကြားသဖြင့် 
သွားရောက်ဖမ်းစီးရာ ထိုသူမှာ ရဲများနှင့် ထိတ်တိုက် စတင်တွေ့ ဆုံစဉ်မှာပင် " နိုင်ငံခြားသားကို မရိုက်သတ် ရပါဖူး " 
ဟု ထိတ်လန့် စွာ ပြောဆိုနေပါသည်။ ယခုအခါ ရဲတပ်ဖွဲ့၏ ဖမ်းစီးစစ်ဆေးခြင်း ကို ခံနေရသည်။ 
              စစ်ဆေးချက်အရ လောလော ဆယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အဖြစ်တွေ့ ရှိရပြီး လိပ်ကျွန်းလူသတ်မှုနှင့် 
စပ်စပ်မှု ရှိမရှိအား အသေးစိတ်ထပ်မံစစ်ဆေးနိုင်ရန် ထိန်းသိမ်းထားပြီး DNA စစ်ဆေးရေး လုပ်ဆောင်ချက်များကို ပြု
လုပ်၍ သေဆုံးသူ အမျိုးသမီးကိုယ်တွင် တွေ့ ရသည့် DNA နှင့် ကိုက်ညီမှု ရှိ/မရှိအား ထပ်မံစစ်ဆေးမည်။
                  ထို့ အပြင် လိပ်ကျွန်းတွင် နိုင်ငံခြားသား စုံတွဲ အသတ်ခံရပြီးကာလ၊ နောက်ပိုင်းတွင် နခေါန်စီထမရမြို့ နယ်
 ပင်လယ်အတွင်းရှိ တငါများ၏ သတင်းပေးပို့ ချက်အရ အမည်မသိ ထိုင်းလူမျိုး ၁ဦးသည် Little Doug အမည်ရေးထိုးထား
ပြီး အဖြူ-လိမ္မော်-အနီရောင် စပ်ထားသော စပိဘုတ်ဖြင့် ဖငမ်းကျွန်းဖက်မှ တောင်ဖက် တည့်တည့်သို့ ဦးတည် မောင်းနှင်
လာပြီး ၄င်းတို့ အား နခေါန်စီထမရနယ်အတွင်းရှိ ခနောမ် သို့ ဦးတည်ရမည့် လမ်းအား မေးမြန်းခဲ့ပြီး လမ်းညွှန်မှုအတိုင်း 
ဦးတည် မောင်းနှင်သွားသော်လဲ အရှေ့ တွင်ရှိသော နယ်မြေခံရဲတပ်ဖွဲ့ များ ၏လှည့်ကင်းများအား အဝေးမှ လှမ်းမြင်ပြီး 
တောင်ဖက်သို့ အလျှင်အမြန် ချိုးကွေ့ ၍ မောင်းနှင် ထွက်ခွာသွားခဲ့သည် ဟုတ် ထိုင်းရဲများအား သတင်းပို့ ခဲ့သည်။
ထိုင်းရဲများအနေဖြင့် မှုခင်းနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် အပေါင်းပါများ ဖြစ်နိုင်ပြီး ကျွန်းပေါ်မှ ပျောက်
သွားသော လူအချို့  ထဲမှ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ASTV Manager ภาคใต้ သတင်းဌာနဖော်ပြချက်အား Lu Gyi Minမှ ဘာသာပြန် ဖော်ပြလိုက်ပါသည်။

မူရင်းသတင်းလင့်==>>>> http://www.manager.co.th/South/ViewNews.aspx?NewsID=9570000108726 — 

Thursday, October 9, 2014

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခုဖြစ်ပွား

         

             ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ 
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခု ရန်ကုန်မြို့လယ် မဟာဗန္ဒလ
ပန်းခြံအနီးတွင်ဖြစ်ပွားခဲ့သည်။ တတ်ကြွလှုပ်ရှားသူဆယ်ဦးခန့်သည် ဗြိတိန်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်
မှုဖြင့် ထိုင်းနိုင်ငံအတွင်း တရားခံအဖြစ်စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအား သံယအကျိုး 
ခံစားခွင့်ပေးရန်နှင့် ဥပဒေအရဖြေရှင်းပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြ
ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြသူများသည် မဟာဗန္ဒုလပန်းခြံကို လမ်းလျှောက်လှည့်လည်ခဲ့ကာ ဆူးလေ
စေတီတော်ကို တတ်ရောက်ပြီး အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးအတွက်ရည်ရွယ်ပြီး ၀တ်ပြုဆုတောင်းခဲ့ကြ
သည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

Wednesday, October 8, 2014

ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့၏ စွဲချက် သက်သေမလုံလောက်သဖြင့် ထိုင်းဗဟိုတရားရုံးက ပယ်ချ၊ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးအတွက် မျှောက်လင့်ချက်ရောင်ခြည်သန်းလာ


BY:News Watch(စောင့်ကြည့်သတင်းဂျာနယ်)

             ထိုင်းရဲတပ်ဖွဲ့၏အမှုစွဲဆိုရန် တင်ပြချက်ကို ထိုင်းနိုင်ငံအစိုးရဥပဒေအကြံပေးအဖွဲ့မှ တရားစွဲတင်ရန်မလုံ
လောက်ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။အမှုကိုပြည့်စုံတိကျအောင်ပြန်လည်
တည်ဆောက်ရမည်ဖြစ်၍စွပ်စွဲခံရသော မြန်မာလူငယ်နှစ်ဦးအတွက် မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်တော့သည်။
ယင်းအပြင် ယခုအခြေအနေတွင် ထိုင်းရဲတပ်ဖွဲ့က နောက်တကြိမ်အမှုမတည်ဆောက်ခင်တွင် မြန်မာအစိုးရအနေနှင့် 
အထူးစုံစမ်းရေးအဖွဲ့အမြန်ဆုံးစေလွှတ်ရန် လိုအပ်ကြောင်း ၎င်းတို့အဖွဲ့၏ အကြံပေးဖြစ်သူ ထိုင်းအမျိုးသမီးရှေ့နေက
 အကြံပေးကြောင်းလည်း သိရသည်။
            “ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်၊ သေချာသွားပါပြီ၊ ကျွန်တော်တို့ ထိုင်းရှေ့နေအမျိုးသမီး ဖုန်တောက်ရှောက်
ဖွင့်ပြီးတော့ ကျွန်တော်တို့ ဖြေနေတာ၊ ဒီညနေပိုင်းက သတင်းရရှိပါတယ်။ ဘာဆက်လုပ်ရမလဲဆို ထိုင်းရှေ့နေက 
အကြံပေးတားက မြန်မာအစိုးရအနေနဲ့ ထိုင်းရဲက နောက်တကြိမ် အမှုတွဲမတင်နိုင်ခင် မြန်မြန်ဆန်ဆန်လာရောက်ပြီး
 အထူးစုံစမ်းရေးအဖွဲ့ အမြန်ဆုံးလာရောက်ဖို့လိုတယ်လို့ ပြောပါတယ်၊ မြန်မာအစိုးရအနေနဲ့ မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ 
ဆရာဝန်တို့၊ ရဲတို့ CID တို့နဲ့ အမြန်လာရောက်ဖို့လိုတယ်လို့ ထိုင်းရှေ့နေမက အကြံပေးပါတယ် နော်၊ အာမခံကတော့
 ပိုက်ဆံရှိရင် ရနိုင်တာပေါ့ဗျာ” ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း ညွှန်ကြားရေးမှူး ဦးကျော်သောင်းက
 News Watch ကို ပြောသည်။
             ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်နေ့ လပြည့်နေ့ ပွဲတော်
ညက အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို 
သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးကာတရားစွဲဆိုထားသည်။

Tuesday, October 7, 2014

လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး ဗြိတိန်က ကူညီပေးမည်


BY:DVB
               ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ထိုင်းရဲတပ်ဖွဲ့ကို နည်းပညာ
အကူအညီပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှာ ဗြိတိန်သံအမတ်က ကမ်းလှမ်းခဲ့တယ်လို့ အင်္ဂလိပ်
ဘာသာနဲ့ ရေးသားတဲ့ ထိုင်းသတင်းဌာန ကော့ဆောင်သတင်းက ထုတ်ပြန်ပါတယ်။
              ထိုင်းရဲတပ်ဖွဲအကြီးအကဲနဲ့  ဗြိတိန် သံအမတ်တို့ အောက်တိုဘာ ၂ ရက်နေ့ တွေ့ဆုံရာမှာ ပစ္စည်း
ကိရိယာ ကျွမ်းကျင်သူနဲ့ တခြား အကူအညီတွေပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဗြိတိန်နိုင်ငံ 
သား ဒေးဗစ်မေလာနဲ့ ဟန်နာ ၀ှစ်သာရစ်တို့က လိပ်ကျွန်းမှာ အသတ်ခံရပြီး ၂ ပတ်ကျော်အကြာ အခုလို 
ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
                ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့တွေက အစွမ်းကုန် ကြိုးစားဆောင်
ရွက် နေသလို စုံစမ်း စစ်ဆေးမှုက အချိန်ယူရမယ်လို့ ပြောပါတယ်။ဗြိတိန်က ကမ်းလှမ်းတဲ့ နည်းပညာအကူအညီ 
ယူ၊ မယူကိုတော့ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။ ရှေ့နောက်မညီတဲ့ ထုတ်ပြန်ချက်ကြောင့် လူသတ်မှုအပေါ် ထိုင်းရဲတပ်
ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ခံနေရပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More