မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Monday, June 23, 2014

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား သာဖြစ်ရမည်ဟု ANPပါတီ ထုတ်ပြန်



             ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သည် ရခိုင်ပြည်သူတို့ရွှေးချယ် ထားသော ရခိုင်တိုင်းရင်းသား
 လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာဖြစ်ရမည် ဟု ရခိုင်အမျိုးသားပါတီက ဇွန် ၂၃ ရက်တွင် ထုတ်
ပြန်ကြေညာလိုက်သည်။ ယင်းကြေညာချက်တွင် အသစ်ခန့်အပ် တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီး
ချုပ်သည် ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်ရမည်။ အသစ်ခန့်အပ် တာဝန်ပေးမည့် ရခိုင်ပြည်နယ် ၀န်ကြီး
ချုပ်သည် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာလျှင် ဖြစ်
ရမည်ဟု ပါရှိသည်။
             “ရခိုင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ပြည်နယ်တစ်ခုရဲ့ ၀န်ကြီးချုပ်က
 အဲဒီပြည်နယ်က တိုင်းရင်းသားတွေပဲ ဖြစ်သင့်တယ်” ဟု ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်
စားလှယ် ဦးအောင်မြကျော်က မဇ္ဈိမကိုပြေသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန်လ ၁၉
ရက်က ရာထူးမှ နုတ်ထွက်သွားပြီးနောက် ၀န်ကြီးချုပ် အသစ်ခန့်အပ်နိုင်ရေးအတွက်ပြည်နယ်လွှတ်တော်အ
စည်းအဝေးကို ဇွန် ၂၅ ရက်တွင် ခေါ်ယူမည် ဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့် ပုဂ္ဂိုလ်မှာ 
နယ်စပ်ရေးရာဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဟု အကြိုခန့်မှန်းသတင်းများ ထွက်ပေါ်လျက်ရှိသည်။
ပုံစာ - နယ်စပ်ရေးရာဒုတိယဝန်ကြီး (စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ)
 ဗိုလ်ချုပ်မောင်မောင်အုန်း က စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရရှိမှုများနှင့်ပတ်သက်၍ ၂၀၁၄ခုနှစ် ဧပြီလ ၉ရက် 
မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ရှင်းလင်းပြောကြားနေစဉ်။

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
Mizzima News Daily

ဆီးရီးယားစစ်ဌာနချုပ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်


             ဆီးရီးယားစစ်ဌာနချုပ်နဲ့ တခြား ပစ်အတော်များများကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။ ဒါဟာ
 လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အစ္စရေး ဆယ်ကျော်သက်အရွယ် တဦးကို ဆီးရီးယားက ပစ်ခတ် သတ်ဖြတ်လိုက်တာကို
 လက်စားချေတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာ ဖြစ်ပါတယ်။
                  တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ပစ်မှတ်တွေကို တိုက်ရိုက် ထိမှန်ကြောင်း အစ္စရေးဖက်က
 အတည်ပြု ပြောဆိုပါတယ်။အစ္စရေးတို ထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကို မောင်းသွားတဲ့ အစ္စရေး ထရပ်ကား
တစ်ဆီးကို ဆီးရီးယားက တနင်္ဂနွေနေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် ဆယ်ကျော်သက်အရွယ် လူငယ်တဦး သေဆုံး
သွားခဲ့ပြီး တခြား ၂ ဦးလည်း ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။အဲဒီ တိုက်ခိုက်မှုဟာ အစ္စရေးကို ရန်စတဲ့ တိုက်ခိုက်မှုအဖြစ်
 သတ်မှတ်တဲ့အတွက် အစ္စရေးက အခုလို လက်စားချေ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ဘရာဇီး အသာရစေရန် FIFA လှည့်ကွက်များ အသုံးပြုထားဟု နယ်သာလန်နည်းပြ ဗန်ဂါးလ်စွပ်စွဲ


             ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)သည် ပွဲစဉ်ရေးဆွဲမှုတွင် အိမ်ရှင် ဘရာဇီးအသင်း အသာရစေမည့် 
လှည့်ကွက်များ အသုံးပြုထားကြောင်း နယ်သာလန်နည်းပြ လူးဝစ်ဗန်ဂါးလ်က စွပ်စွဲပြောကြားခဲ့သည်။
အုပ်စု(A)မှ အိမ်ရှင်ဘရာဇီးသည် အုပ်စု(B)မှ နယ်သာလန်ထက် ယခင်အုပ်စု(၂)ပွဲလုံး စောကစားခဲ့သော်လည်း
 အုပ်စုအပိတ် ပွဲစဉ်တွင်မူ နယ်သာလန်ထက် နာရီအနည်းငယ် နောက်ကျပြီးမှ ယှဉ်ပြိုင်ရန် FIFAက ပွဲစဉ်ရေးဆွဲ
ထားသည်။
           အဆိုပါအခြေအနေကြောင့် ဘရာဇီးသည် အုပ်စု(B)၏ အနေအထားကို စောင့်ကြည့်ပြီး နောက်တစ်ဆင့်
တက်ရန်အတွက် ၎င်းတို့စိတ်ကြိုက် ဆုံးဖြတ် ခြယ်လှယ်နိုင်မည့် အခြေအနေ ဖြစ်လာသည်။ နယ်သာလန်နှင့် ဘရာဇီး
တို့သည် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းများ စာရင်း၌ ပါဝင်နေပြီး (၁၆)သင်း ရှုံးထွက်အဆင့်
တွင် မတွေ့ဆုံဖြစ်ရန် နှစ်သင်းလုံးက လိုလားနေသည်။
            အုပ်စုနောက်ဆုံး ပွဲစဉ်များတွင် နယ်သာလန်က ချီလီနှင့် အုပ်စုဗိုလ် နေရာအတွက် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး
 ဘရာဇီးကမူ နယ်သာလန်နှင့် ပွဲအပြီးတွင်မှ ကင်မရွန်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ကမ္ဘာ့ဖလား အပြီးတွင် မန်ချက်စ
တာ ယူနိုက်တက် အသင်းကို တာဝန်ယူ ကိုင်တွယ်ရန် ကြိုတင်သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် ဗန်ဂါးလ်က FIFA 
အနေဖြင့် ပွဲစဉ်ရေးဆွဲမှုတွင် Fair Playဆိုသော ဆောင်ပုဒ်ကို လှည့်ကွက်များဖြင့် ရှောင်လွှဲထားခြင်းဟု ပြောကြားခဲ့သည်။
“FIFAက ဘောလုံးပွဲတစ်ပွဲ မစခင် သူတို့ရဲ့ Fair Play ဆောင်ပုဒ်ကို ကြေညာလေ့ရှိတယ်။ ပြီးရင် ခုလိုမျိုး လှည့်ကွက်တွေ
ကို သုံးတယ်။ ဒါမျိုးကတော့ လုံးဝ မကောင်းဘူးဆိုတာ သေချာပါတယ်”ဟု ဗန်ဂါးလ်က ဆိုသည်။
            ၎င်းက “ကျွန်တော်တို့ကတော့ ချီလီနဲ့ပွဲမှာ အနိုင်ရဖို့ အာရုံစိုက်သွားပါမယ်။ ဒီရလဒ်ဟာ ဘရာဇီးက ကျွန်တော်တို့
ထက် နောက်ကျပြီးမှ ကစားရတဲ့အပေါ် သက်ရောက်မှု ရှိ၊ မရှိ တွေးမနေချင်တော့ဘူး။ ဘရာဇီးဟာ သူတို့ရဲ့ အားကစား 
တာဝန်ကို ကျေပွန်အောင် ကြိုးစားမယ်လို့ပဲ ကျွန်တော် ယူဆထားပါတယ်။ ဒါပေမဲ့ ခုလို အခြေအနေမျိုးတွေနဲ့ ပတ်သက်ရင် 
ဆွေးနွေးစရာတွေက အမြဲတမ်း ရှိနေတယ်။ ဒီတော့ FIFAက ဘာလုပ်နေသလဲ။ ဒါက မျှတတဲ့ မေးခွန်းတစ်ခုလို့ ကျွန်တော်
ထင်ပါတယ်”ဟုလည်း ဆော်ပေါ်လိုမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
                ဗန်ဂါးလ်က စပိန်၊ ဩစတြေးလျတို့နှင့် ပွဲများတွင် ပင်နယ်တီပေးခဲ့ရသည့် အခြေအနေများမှာ မျှတမှု မရှိကြောင်း
 ဝေဖန်ခဲ့ပြီး ချီလီနှင့်ပွဲတွင် ကမ္ဘာ့ဖလား၏ လူသစ်တန်း ဒိုင်လူကြီး ဘာကာရီ ဂက်ဆာမားက အကောင်းဆုံး တာဝန်ယူနိုင်ရန်
 မျှော်လင့်ကြောင်းလည်း ဆိုသည်။ အသက်(၃၅)နှစ်ရှိ ဂမ်ဘီယာ ဒိုင်လူကြီးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ရပ်ကို ပထမဆုံးအ
ကြိမ် တာဝန်ယူခွင့် ရလာသူ ဖြစ်သည်။
            “အရင်တုန်းက ဒီဒိုင်လူကြီး တာဝန်ယူခဲ့တဲ့ ပွဲစဉ်တွေကို ကျွန်တော် တစ်ခါမှ မကြုံခဲ့ဖူးဘူး။ FIFAက အကောင်းဆုံး 
ဒိုင်တွေကို ရွေးထားတာလို့ပဲ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ပင်နယ်တီ နှစ်လုံးဟာ မျှတတဲ့ အခြေအနေ 
မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ ဘယ်နိုင်ငံ အသင်းမှာ ဒီလိုမျိုး မကြုံခဲ့ဘူး။ ဒါကြောင့် ဒီတစ်ခါ တာဝန်ယူမယ့် ဒိုင်လူကြီးကတော့ ပို
ကောင်းတဲ့ အရည်အသွေး ရှိပါစေလို့ မျှော်လင့်ပါတယ်”ဟုလည်း ဗန်ဂါးလ်က ပြောကြားသွားသည်။

_Ref: 7daydaily

အေသင်ချိုဆွေ - PLAYBOY (2014) [Album] ရပြီ



အေသင်ချိုဆွေရဲ့ ပရိတ်များ ခံစားနာဆင်နိုင်ပါပြီ ..
Bit Rate: MP3-128 kbps 
၀၁။ PLAYBOY (feat. မိစန္ဒီ)
၀၂။ အမြဲတမ်းရှိမယ့်ချစ်သူ
၀၃။ အိမ်မက်ချစ်သူ
၀၄။ ခွင့်ပြုချက်မတောင်းနဲ့
၀၅။ လမ်းခွဲပေးမယ်
၀၆။ မောင့်လက်ဖဝါး
၀၇။ မိုးတိမ်ထဲလျှောက်
၀၈။ နေနိုင်တယ်
၀၉။ ဝေး
၁၀။ နီးစပ်ဖို့ (feat. သြရသ)
၁၁။ Forever (feat. ဂျေမီ)
၁၂။ အိမ်ပြန်ချင်နေခဲ့ပေမယ့်လဲ (feat. ကြက်ဖ)
၁၃။ အလိုမလိုက်ရဲဘူး
                                               DOWNLOAD

ဆက်ဒမ်ဟူစိန်ကို သေဒဏ်ပေးခဲ့သည့် တရားသူကြီးကို ISISတို့ လက်စားချေသတ်ဖြတ်


           အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများရှိ မြို့ရွာများကို သိမ်းပိုက်ထားသည့် ISIS စစ်သွေး
ကြွများသည် အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်အား သေဒဏ်ချမှတ်ခဲ့သည့် တရားသူကြီး တစ်ဦးကို လက်
စားချေ သုတ်သင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
            ရာအော့ဖ် အက်ဘ်ဒူလ်ရာဟ်မန်သည် (၂၀၀၆)ခုနှစ်က ဟူစိန်အား ကြိုးဆွဲချ ကွပ်မျက်ရန် အမိန့်ချ
မှတ်ခဲ့သည့် တရားသူကြီး ဖြစ်သည်။ ISISတို့သည် ဇွန်လလယ်က ရာဟ်မန်အား ဖမ်းဆီးရမိခဲ့ပြီး ဟူစိန်အတွက် 
လက်စားချေသည့် အနေဖြင့် ကွပ်မျက်ခဲ့ခြင်းဟု သိရသည်။
                ဂျော်ဒန် လွှတ်တော်အမတ် ခါလီ အက်တီယာနှင့် ISIS ဆွန်နီ မွတ်ဆလင် စစ်သွေးကြွတို့၏ Facebook 
စာမျက်နှာများပေါ်တွင် စတင်ဖော်ပြခဲ့သော သတင်းကို အီရတ်အစိုးရက အတည်မပြုခဲ့ချေ။ သို့သော်လည်း အီရတ်
၏ နာမည်ကျော် တရားသူကြီး တစ်ဦးဖြစ်သော ရာဟ်မန်ကို ISISက သေဒဏ်စီရင်လိုက်ပြီ ဆိုခြင်းကိုလည်း အစိုးရ
က မငြင်းဆန်ခဲ့ချေ။ ကလေး(၃)ဦး၏ ဖခင်ဖြစ်သော ရာဟ်မန်သည် ဇွန်လ(၁၆)ရက်နေ့က အဖမ်းခံရပြီး (၂)ရက်အကြာ
တွင် သေဒဏ်စီရင်ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
                   ဂျော်ဒန်အမတ် အက်တီယာက ဘဂ္ဂဒက်၏ အခြေအနေ မငြိမ်သက်တော့သည့်နောက် ရာဟ်မန်သည် 
ကချေသည် တစ်ဦးအသွင် ရုပ်ဖျက်ဝတ်ဆင်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း စစ်သွေးကြွတို့လက်ထဲသို့ တည့်
တည့်မတ်မတ် ကျရောက်ခဲ့ခြင်းဟုလည်း Facebook တွင် ရေးသားခဲ့သည်။ ရာဟ်မန်သည် (၁၉၈၈)ခုနှစ်က ဟူစိန်၏ စစ်
တပ်က အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဟာလက်ဘ်ဂျာ ဒေသတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဟူစိန်ကို သေ
ဒဏ်စီရင်ရာ၌ ၎င်းသည် နာကျည်းမှု ခံစားချက်ကို ဘက်လိုက်ပြီး ပြင်းထန်စွာ ဆုံးဖြတ်ခဲ့ကြောင်း ဝေဖန်မှုများ ကြုံခဲ့ရ
သည်။

_Ref: 7daydaily

ထူးအိမ်သင်ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် အမှတ်တရဖျော်ဖြေပွဲ ပြုလုပ်မည်


                     တေးသံရှင်ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၁၄ 
ရက်တွင် အမှတ်တရဖျော် ဖြေပွဲတစ်ခုပြုလုပ်ရန် အစီအစဉ် ရှိကြောင်း တေးရေးမြင့်မိုးအောင် ကပြောသည်။
‘‘ထူးအိမ်သင်ဆယ်နှစ်ပြည့် အမှတ်တရအနေနဲ့ Live Show တစ်ခုလုပ်မယ်။ နောက်ပြီး သူ ရေးခဲ့တဲ့သီချင်းတွေ
ကိုစုပြီး အမှတ်တရသီချင်းစာအုပ်လုပ် မယ်။ နောက်ပြီးသူဆုံးတုန်းက အမှတ်တရစာအုပ်တစ်အုပ်ရှိ တယ်။ ‘‘အစိမ်း
ရင့်ရောင်ရက်စွဲ များ ’’ဆိုတဲ့ စာအုပ်၊အဲဒါလည်း ပြန်ထုတ်ဖြစ်မယ်။ နောက်ပြီး ဆရာသိမ်းတင်သားရေးထားတဲ့ စာ
အုပ်လည်း ထုတ်ဖို့စီစဉ်နေ တယ်’’ဟု မြင့်မိုးအောင်ကပြော သည်။ အမှတ်တရအစီအစဉ်များ ကို အတိအကျမပြော
နိုင်သေး သော်လည်း ဖျော်ဖြေပွဲတွင် အိုင်း ရင်းခရော့စ်အဖွဲ့၊ ဇော်ဝင်းထွဋ် စသည့် နာမည်ကြီးအဆိုတော် များပါဝင်
ကူညီရန် အစီအစဉ်ရှိ ပြီး  စိုင်းစိုင်းခမ်းလှိုင်လည်း ပါ ၀င်အားဖြည့်ပေးဖွယ်ရှိကြောင်း ၎င်းကပြောသည်။
            ‘‘သူ့မိသားစုကလည်း အမှတ်တရပွဲလေးလုပ်ချင်တယ် ဆိုတော့ သူ့မိသားစုအတွက် လုပ် ပေးဖြစ်တာပါ။ 
ဒီပွဲကရတဲ့ ၂၅ ရာခိုင်နှုန်းကို ပရဟိတအလှူ အနေနဲ့ လှူမယ့်အစီအစဉ်လည်း ပါတယ်’’ဟု တေးရေးမြင့်မိုး အောင်
ကပြောသည်။ ယင်းဖျော်ဖြေပွဲကို ရုပ်သံ လိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် ရန် အစီအစဉ်မရှိဘဲ MRTV-4 တွင်၎င်းစီစဉ်
ထုတ်လွှင့်သော Tribute အစီအစဉ်၌ ပြန်လည် ထုတ်လွှင့်ရန်အစီအစဉ်ရှိကြောင်း၎င်းကပြောသည်။
            ‘Tribute ကစတော့ မစ သေးဘူး။ စမယ်ဆိုရင်တောင် ထူးအိမ်သင်ပွဲပြီးတဲ့အချိန် လောက်မှ စမယ်။ တင်ဇာမော်ပွဲ
 နဲ့ စဖြစ်မလား၊ ထူးအိမ်သင်ပွဲနဲ့ စဖြစ်မလား ဘယ်ပွဲနဲ့ စဖြစ်မလဲ တော့ မသိဘူး’’ဟု မြင့်မိုးအောင် ကပြောသည်။
ထူးအိမ်သင်၏ အမှတ်တရ သီချင်းစာအုပ်အတွက် ဒီဇိုင်း မျိုးဆွေသန်းကလည်း  ထူးအိမ် သင်၏ပုံတူရေးဆွဲထားသည့်ပုံ 
များ၊ သီချင်းများအတွက် သရုပ် ဖော်ပုံများ ၎င်းထံသို့ပို့ပေးရန် ပရိသတ်များအား ဖိတ်ခေါ်ထား သည်။
From / 7daydaily

Sunday, June 22, 2014

လုံခြုံရေးစခန်း နှင့် ရွာကို ဘင်္ဂါလီ မွတ်ကုလားယုတ်များ လူစုလူဝေးနှင့် ၀ိုင်းလာ၍ သေနတ်ဖောက် လူစုခွဲ


             ၂၀၁၄ ဇွန်လ ၁၉ ရက် ညက မောင်တောမြို့နယ်ရှိ လုံခြုံရေး ကင်းစခန်းတစ်ခုနှင့် ကျေးရွာတစ်ရွာကို 
ဘင်္ဂါလီ မွတ်ကုလားယုတ်များ လူစုလူဝေးဖြင့် လာရောက်ဝိုင်းဝန်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ
က မိုးပေါ် သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း သတင်းရရှိသည်။
                 ဘင်္ဂါလီ မွတ်ကုလားယုတ်များက လူစု လူဝေးဖြင့် ရွှေရင်အေးကျေးရွာ သို့ တစ်ကြိမ်၊ အလယ်သံကျော်
 ကင်းစခန်းသို့ တစ်ကြိမ်ဝိုင်းဝန်း လာမှုကြောင့် မိုးပေါ်သေနတ် ထောင်ကာခြောက်လှန့်ပစ်ခတ်၍ ဟန့်တားခဲ့ရခြင်းဖြစ်
ကြောင်း နယ် ခြားစောင့်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူအရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့သော်လည်း အသေးစိတ်
ကို ပြောကြားခဲ့ခြင်း မရှိပေ။
             ရွှေရင်အေးကျေးရွာမှ ရခိုင် လူမျိုးအချို့ အနီးဝန်းကျင်တွင် ဖားရှာထွက်ရာ ဘင်္ဂါလီ မွတ်ကုလားယုတ်များ 
လူစုလူဝေးဖြင့် ၀ိုင်းဝန်းလာ၍ ရွာထဲသို့ပြေးဝင်ခဲ့သော်လည်း အနောက်မှ ဆက်လက် လိုက်ပါလာမှုကြောင့် လုံခြုံရေး
ကင်းစခန်းက သေနတ်မိုးပေါ်ထောင်၍ ငါးချက်ခန့် ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး ဗဟို
ဌာန (ECC) အဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။
              ယင်းဖြစ်စဉ်အပြီး မကြာမီ ည ၉ နာရီခွဲခန့် တွင်လည်း ရွှေရင်အေးရွာအနီးရှိ အလယ်သံကျော်ကျေးရွာ လုံခြုံ
ရေးကင်းစခန်းသို့ ဘင်္ဂါလီ မွတ်ကုလားယုတ်များ ရာနှင့်ချီ၍ လက်နှိပ်ဓာတ်မီးများဖြင့် ထိုးကာ ၀ိုင်းလာခြင်းကြောင့် မိုး
ပေါ်သို့ သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရကြောင်း ဒေသခံများက ပြောသည်။
           ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ဖြစ်စဉ် နှစ်ခုကို အတည်ပြုခဲ့သော်လည်း အသေးစိတ်နှင့် 
ပတ်သက်၍မူ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ကြောင်း ပြောကြားသည်။အဆိုပါကိစ္စများနှင့် ပတ် သက်၍ ရခိုင်ပြည်
နယ်အစိုးရအ ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာသို့ စုံစမ်းမေးမြန်းနေဆဲ ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ 
ဦးဝင်းမြိုင်က ပြန်လည် ဖြေကြားသည်။
             ၁၉၈၈ နှင့် ၁၉၉၈ ခုနှစ်များက ဘင်္ဂါလီ မွတ်ကုလားယုတ်များ မောင်တောဒေသကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြပြီး
 မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားခဲ့ရကြောင်း ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး အစီရင်ခံ
စာတွင် ဖော်ပြထားသည်။

( အောင်ခိုင်)  7daydaily

ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်အမျိုးသားမဟုတ်သည့်အတွက်လစ်လပ်နေသော ဝန်ကြီးချုပ်နေရာ၌ အစားထိုးပါက ကန့်ကွက်မည်



                  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်သွားပြီးနောက် လစ်လပ်နေသော 
ဝန်ကြီးချုပ်နေရာတွင်နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအား အစားထိုးခန့်အပ်သွားရန်ရခိုင်
ပြည်နယ်လွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ်အဖြစ် နေရာယူလိုက်ပြီဖြစ်သည် ။
                  ဝန်ကြီးချုပ်ရာထူးကို အာဏာရပါတီမှ သမ္မတအဖြစ်တင်မြောက်ခွင့်ရသူကိုယ်တိုင် ခန့်ထားပိုင်
ခွင့်ရှိသော်လည်းရခိုင်ပြည်သူများအနေဖြင့် မိမိတို့ ရခိုင်လူမျိုးထဲကသာ ဖြစ်နိုင်မည်ဟုသို့မဟုတ်ပါက ရခိုင်လူ
မှုအဖွဲ့အစည်းများက ကန့်ကွက်သွားကြမည်ဟု ကြားသိရသည် ။
              နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းအနေဖြင့် ယခင်ကပင်သူစကားထဲထည့်ပြောရာ၌ 
တိုင်းရင်းသားဖြစ်သယောင်ယောင် မပွင့်တပွင့်ထည့်ပြောတတ်သည် ။ ယခုမူကား ဗမာလူမျိုးဟု ပြောင်ပြောင်
တင်းတင်းဖွင့်ဟပြောဆိုလာတော့သည် ။ 21 . 6 . 2014 စနေနေ့ နေ့လည်က စစ်တွေမြို့ ပညာလင်္ကာရကျောင်း
တိုက်အတွင်း ဆရာတော်များနှင့်လူပုဂ္ဂိုလ်အချို့တို့ အစည်းအဝေးပြုလုပ်ရာတွင်လည်း ဗိုလ်ချုပ်မောင်မောင်အုန်း
သည်ရခိုင်အမျိုးသားမဟုတ်သည့်အတွက်ရခိုင်ဝန်ကြီးချုပ်ခန့်အပ်မည်ဆိုပါက ဆရာတော်တို့အနေဖြင့် ကန့်ကွက်
သွားမည်ဖြစ်ကြောင်း ပညာလင်္ကာရကျောင်းဆရာတော်ဘုရားကြီးက မိန့်ကြားသည်။
                  ရခိုင်လူမှုကွန်ရက် ( စစ်တွေ ) အဖွဲ့နဲ့ စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး ရဟန်း
တော်များအဖွဲ့အနေဖြင့် 22 . 6 . 2014 ယနေ့ လည်တွင် စစ်တွေမြို့ မြို့မကျောင်းတိုက်၌အစည်းအဝေးတစ်ရပ် 
ပြုလုပ်ကြမည်ဖြစ်သည် ။ 
              အဆိုပါ အစည်းအဝေးပွဲ၌လည်းလစ်လပ်နေသော ရခိုင်ဝန်ကြီးချုပ်နေရာကိစ္စရပ်အား ထည့်သွင်းဆွေး
နွေးသွားမည်ဖြစ်ကြောင်း သိရှိရသည် ။ တစ်ခြားသော လူမှုအဖွဲ့အစည်းများကလည်းဝန်ကြီးချုပ်သည် ရခိုင်အမျိုး
သားထဲကမဟုတ်ခဲ့လျှင့် ကန့်ကွက်သွားကြမည်ဖြစ်ကြောင်း သိရှိရသည် ။
နန်းတွင်းမိညို

Twitter Delicious Facebook Digg Stumbleupon Favorites More