မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Saturday, March 29, 2014
ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြပွဲ တကြော့ပြန်ဆင်နွှဲ
    ထိုင်းကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုတဲ့
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ဒီနေ့ တကြော့ပြန် ဆင်နွှဲနေကြပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ကော်မတီရဲ့ အတွင်းရေမှူးချုပ် Suthep Thaunsuban က ထောင်
သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဦးဆောင်ချီတက်နေပါတယ်။ ဖေဖေါ်ဝါရီလက ကျင်းပခဲ့တဲ့
အထွေထွေရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက မတ်လ ၂၁ ရက်နေ့က
ပယ်ဖျက်ခဲ့ပြီးတဲ့နောက် ဒီနေ့  ပထမဆုံးအကြိမ်အဖြစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြတာ ဖြစ်တယ်လို့ Suthep
Thaunsuban ကပြောပါတယ်။
       "ပြည်သူတွေက အစိုးရကို လက်မခံတော့ဘူးဆိုတာကို ဆန္ဒထုတ်ဖေါ်တဲ့အနေနဲ့ ပြောပြချင်တာဖြစ်ပြီး လူထုက
နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ချက်ချင်း လုပ်ဖို့ တကယ့်ကို လိုလားနေကြတာဖြစ်ပါတယ်-”လို့ ပြောသွားတာပါ။
ဝန်ကြီးယင်လတ်ဟာ သူ့အကို ဝန်ကြီးချုပ်ဟောင်း သတ်ဆင်ရှင်နာဝပ်ရဲ့ ကိုယ်စား နိုင်ငံကိုအုပ်ချုပ်နေတာသာဖြစ်
တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
         ယင်လတ်နုတ်ထွက်ပြီး ရွေးကောက်ခံမဟုတ်တဲ့ ကြားဖြတ် ယာယီအုပ်ချုပ်ရေးကောင်စီတရပ်ဖွဲ့ကို အာဏာလွှဲ
ပြောင်းပေးဖို့နဲ့ နိုင်ငံရေးစံနစ်နဲ့ ဌာနဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဆန္ဒပြသူတွေကတောင်းဆိုနေကြတာဖြစ်ပါတယ်။
Credit:VOA Burmese News
ရခိုင်ပြည်နယ် နောက်ဆုံးရ သတင်းများ
 စစ်တွေမြို့သို့ ဒုသမ္မတ စိုင်းမောက်ခမ်း နေ့လည် ၁ နာရီရောက်ရှိလာမည် ။
စည်းထိမ်းဆရာတော်များနဲ့မြို့မိမြို့ဖများယခုထက်ထိ အစည်းအဝေးထိုင်နေကြ
ဆဲပါ ။ မနေ့ကလည်း ဝေ့လည်ကြောင် ပတ်လုပ်ကာ တိကျသောအဖြေတစ်ရပ်
ထွက်ရှိမလာခဲ့သဖြင့် သပိတ်မှောက်ရေးကို ဆက်လက်ပြုလုပ်ထားသည် ။မနေ့ညက
သဲချောင်း ဘောဒူဘကယ်ဆယ်ရေးစခန်းများ၌ ဘင်္ဂလီများဆူပူသောင်းကျန်းနေကြသဖြင့်
လုံထိန်းစစ်တပ်အင်အားဖြင့် ထိန်းသိမ်းခဲ့ရ ။
        ဒီနေ့မနက် ဘင်္ဂလီရွာတွေကိုသွားပြီးသန်းခေါင်စာရင်းကောက်ရာမှာ စာရင်းကောက်အဖွဲ့
အလုပ်မဖြစ်ဘဲ ပြန်လာခဲ့ရကြောင်း သိရှိရ ။ ၎င်းအတွက် ယနေ့နေ့လည်တွင် ရခိုင်ရွာသို့ကောက်
ယူကြမည်ဖြစ်သော်လည်း ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပါရှိလာမည့် ကံစမ်းမဲအဖြေကို
ဒေသခံ စာရင်းစစ် / စာရင်းကောက်များ စောင့်ဆိုင်းနေကြသည်အခြေအနေက ယခင်ကထက်ပိုပြီး
တင်းမာမှုများ ရှိနေကြသည် ။ နှစ်ဦးနှစ်ဘက် လွန်ဆွဲနေကြသည့် အဖြေကြိုးဖြတ်ထွက်မသွားအောင်
 ဒိုင်လူကြီး ကင်းမဲ့နေဆဲ ။ နေ့လည်ဘက် ထူးခြားသတင်းများ ထွက်ရှိလာနိုင်ပါသည် ။ ဆက်လက်ဖေါ်
ပြပေးပါမည် ။ သန်းခေါင်စာရင်းကောက်ခံရေးအတွက် လုံခြုံရေးအပြည့်ဖြည့်ထားသည် ။ တောင်ကုတ်
မှလည်းရဲအင်အားများ ရောက်ရှိနေသည် ။ရခိုင်ကိုပစ်လျှင် တည့်တည့်မှန်ကျည်ထွက်ကောင်းပြီး ဘင်္ဂလီ
ကိုပစ်ပါက ပြောင်းဝထဲက ပိုးဟတ်ထွက်မလာဖို့ အရေးကြီးတယ် ။ ဒီနေ့နှင့်မနက်ဖန်အတွက် စစ်တွေမြို့
ပုံစံတစ်မျိုးကွေ့ထွက်လာပါသည် ။
ဒေါက်တာ မိုးပြည့်စုံလှိုင် ( ဆေး )
စစ်တွေမြို့နယ် ဘင်္ဂလီကုလားရွာများတွင် ရိုဟင်ဂျေလို့မထည့်လျှင် သန်းခေါင်စာရင်းကောက်မခံကြောင့်
သပိတ်မှောက်သောကြောင့် စာရင်းသွားကောက်သည့်အဖွဲ့များ ပြန်လာရ။ စာရင်းဆက်ကောက်မကောက်ကို
 နေ့လည် ၁၂ နာရီမှ အကြောင်းပြန်ပေးမည်ဟု ဆရာမတစ်ဦးပြောပြ။ ယင်းနဲ့ဆက်စပ်ပြီး ယနေ့စစ်တွေကို
ဒုသမ္မတ စိုင်းမောက်ခန်းလာမည်ဟု သိရှိရသည်။
   ဝေဟံအောင်
သန်းခေါင်စာရင်း ကောက်ယူမှု စတင်ပြီ
      ဒီကနေ့ စတင်တဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေကို လေ့လာစောင့်ကြည့်ဖို့
နိုင်ငံတကာက ကိုယ်စားလှယ်တွေ မြန်မာ နိုင်ငံမှာ ရောက်ရှိနေပါတယ်။သူတို့ဟာ မြန်မာစောင့်ကြည့်
လေ့လာရေး ကိုယ်စားလှယ်တွေနဲ့ တွဲဖက်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ အထူး အုပ်ချုပ်ခွင့်ရ
ဒေသတွေမှာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေကို မတ်လ ၃၀ ရက်ကနေ ဧပြီ ၁၀ ရက်
နေ့တွေအတွင်းမှာ စောင့်ကြည့်မှာ ဖြစ်ပါတယ်။
     နှစ်သုံးဆယ်အတွင်း ပထမဆုံး အကြိမ် အဖြစ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ နိုင်ငံတကာ
အဆင့်အတန်းနဲ့ ကိုက်ညီရဲ့လား၊ မြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို လိုက်နာရဲ့လား ဆိုတာတွေကို
ရောက်ရှိလာတဲ့ သီးခြား လွတ်လပ်တဲ့ လေ့လာ စောင့်ကြည့်သူတွေက အဓိက စောင့်ကြည့်သွားဖို့ ဖြစ်
ပါတယ်။  စောင့်ကြည့်မယ့် ကိုယ်စားလှယ် အားလုံးပေါင်း ၂၃ ယောက် ရောက်ရှိနေပြီး သူတို့ကို မြန်မာ
 ကိုယ်စားလှယ် ၂၃ ဦးနဲ့ တွဲဖက်ကာ ဒေသအသီးသီးကို စေလွှတ်ပေးမှာ ဖြစ်ပါတယ်။
               မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ကြားက သဘောတူညီချက်အရ
အခုလို ကိုယ်စားလှယ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သန်းခေါင်စာရင်း ကောက်ယူ
တဲ့ အခါမှာ စာရင်း ကောက်ယူသူရော ကောက်ယူခံရသူပါ အနှောက်အယှက်နဲ့ ခြိမ်းခြောက်မှု မပါဘဲ လုပ်
ဆောင်နိုင်မှ တကယ် လက်ကိုင်ထားလို့ ရတဲ့ စာရင်းဇယား အတိအကျကို ရနိုင်မှာ ဖြစ်တယ်လို့ UNFPA
က ပြောရေးဆိုခွင့် ရှိသူ William Ryan က ပြောခဲ့ပါတယ်။
     သန်းခေါင်စာရင်း ကိစ္စနဲ့ ပက်သက်လို့ အစိုးရဖက်က သဘောထားက ဘယ်လို ရှိနေတယ်လို့ ထင်ပါသလဲ
လို့ UNFPA က ပြောရေးဆိုခွင့် ရှိသူ William ကို မေးကြည့်တော့ သူက နိုင်ငံတွင်းမှာ ရှိနေကြတဲ့ လူတိုင်းစေ့
တစ်ယောက်ချင်းစီကို သန်းခေါင်စာရင်းထဲမှာ ထည့်သွင်း ရေတွက်နိုင်ဖို့ကို အစိုးရ အနေနဲ့ စိတ်အား ထက်သန်
မှု ရှိထားပြီး ဖြစ်ကြောင်း ပြောပါတယ်။
      ဒါ့အပြင် သန်းခေါင် စာရင်း ကောက်ယူမှုမှာ ပါဝင် ဖြေကြားသူတိုင်းကိုလဲ မိမိတို့ရဲ့ လူမျိုးစု အမည်တွေကို
လွတ်လပ်စွာ ရေးသွင်းခွင့် ပေးသွားဖို့ကိုလဲ ကတိ ပေးထားပြီး ဖြစ်တဲ့ အပြင် အကြမ်းဖက်မှု ခြိမ်းခြောက်မှုနဲ့
တခြား ဖိအားတွေကြောင့် ဒီသဘောထား ပြောင်းလဲသွားတာမျိုး မဖြစ်သင့်ဘူး လို့ သူက ပြောပါတယ်။
 မြန်မာနိုင်ငံ အတွင်းက တချို့နေရာတွေမှာ အငြင်းပွားမှုတွေနဲ့ မတည်မငြိမ် ဖြစ်နေတာ၊ အထူးသဖြင့် ရခိုင်ပြည်
နယ်မှာ လတ်တလော ပြသနာတွေ ဖြစ်ခဲ့တာတွေအပေါ် သူ့အနေနဲ့ စိုးရိမ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။
မငြိမ်သက်မှုတွေကြောင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေ ထိခိုက်မှာကို မလိုလားဘူးလို့ သူက
ဆိုပြီး ရခိုင် ဒေသတွင်းက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ဘေးကင်း လုံခြုံရေးကို အစိုးရက
 အာမခံချက် ပေးရမယ် ဆိုတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုကို ထောက်ခံတဲ့ အကြာင်း
ကိုတော့ မတ်လ ၂၈ ရက်က ထုတ်ပြန်တဲ့ UNFPA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
         UNFPA က မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ
 ၅၈ သန်းခွဲ ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ဒီစားရိတ်စက တော်တော်များများကို နိုင်ငံတကာ အလှုရှင်တွေဆီက
 UNFPA က အဓိက ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။
Credit: ဘီဘီစီ (မြန်မာပိုင်း)
စစ်တွေပဋိပက္ခ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမည်
Sunday, March 30, 2014
     ရခိုင်ပြည်နယ် စစ်တွေမြို့တွင် INGO နှင့် ဒေသခံများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍
ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူ များကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် နယ်စပ်ရေးရာ
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးကာ စုံစမ်းစစ်ဆေးရေး
 အဖွဲ့ကို မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့သည်။
         စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ
နှင့် စပ်လျဉ်း၍ ဦးဆောင် ပါဝင်ခဲ့သူများနှင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ယင်းဖြစ်
စဉ်များနှင့် ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေး အပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်းစစ်ဆေး ဖော်ထုတ်
ရမည် ဖြစ်ပြီး အစီရင်ခံစာကို ဧပြီလ ၇ ရက်နေ့ထက် နောက်မကျစေဘဲ နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက်
 အစီရင်ခံရမည် ဖြစ်သည်။
       စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပြည်နယ်အစိုးရ ကိုင်တွယ်ဖြေရှင်းမှု အားနည်းခဲ့ကြောင်း
 နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။အဆိုပါ ပဋိပက္ခ ဖြစ်ပွားစဉ်တွင် စစ်တွေ
မြို့၌ ရဲတပ်ဖွဲ့ဝင် တစ်ထောင်ကျော်နှင့် ကားများလည်း အဆင်သင့် ရှိခဲ့သော်လည်း ဆီမရှိသဖြင့် ပြဿနာ ဖြစ်
ပွားမှုကို ဖြေရှင်းရန် သွားရောက်မှုတွင် နှောင့်နှေးခဲ့ကြောင်း ၎င်းကဆိုသည်။
        တစ်ဘက်က စွမ်းအင်ဝန်ကြီး ဌာနအနေနဲ့ စစ်တွေမှာ ဆီဂါလံသိန်းချီ စုပုံထားတယ်လို့ သိရတယ်။ ဒီလို
ပေါင်းစပ်ညှိနှိုင်းမှု အားနည်းတာ တွေရှိခဲ့တယ်” ဟု ဦးရဲထွဋ်က ပြောဆိုသည်။Malteser International အမည်
ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် နေအိမ်ပိုင်ရှင်
လွှင့်ထူသည့် သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆန့်သဖြင့် ခါးတွင်ထိုးထားခဲ့သည်ဟု
ဆိုကာ ဒေသခံများနှင့် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ပြီး INGO အဆောက်အအုံများ ဖျက်ဆီးခံခဲ့ရသည်။
           INGO ဝန်ထမ်းများ၏ ဘက်လိုက်မှု၊ အားနည်းမှု၊ ထိလွယ်ရှလွယ်သည့် ကိစ္စရပ်များကို ကျူးလွန်ပါက
တိုင်ကြားနိုင်သည့် လမ်းကြောင်းရှိသော်လည်း ဥပဒေမဲ့ လုပ်ရပ်များကို ပြုလုပ်ပါက နိုင်ငံ၊ လူမျိုး၊ ဘာသာတို့၏
ပုံရိပ်ကို ထိခိုက်စေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
     INGO ဝန်ထမ်းများအနေနှင့်လည်း ဒေသ၏ ထိလွယ်ရှလွယ် ဖြစ်သည့် ကိစ္စရပ်များကို ရှောင်ရှားမည် ဖြစ်ကြောင်း၊
INGO များအနေနှင့် ဒေသခံ ပြည်သူလူထု၏ ယုံကြည့်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ရရှိအောင် လုပ်ဆောင်နိုင်မှသာ
လုပ်ငန်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
      “ဘက်မလိုက်ဘူး ဆိုတာကို လူတွေ ယုံကြည်ဖို့ လိုတယ်။ လုပ်ငန်းတွေကို ပြည်သူတွေကို ရှင်းပြရမယ်။ ပွင့်လင်း
 မြင်သာမှု ရှိရမယ်။ လူအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံလို့ ရှိရင် သံသယတွေက လျော့ကျသွားမယ်။
အဲဒါဆို ဒီလိုမျိုး ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ မရှိနိုင်ဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။
      စစ်တွေတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အလံဖြုတ်ချခဲ့သည့် INGO ဝန်ထမ်း၏ လုပ်ရပ်၊ ပဋိပက္ခတွင် ဦးဆောင်
သူ ပြစ်မှုကျူးလွန်သူ၊ အစိုးရ၏ ကိုင်တွယ်ပုံများကို စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ပြစ်မှု
ကျူးလွန်သူနှင့် ဦးဆောင်သူ အချို့ကို မှတ်တမ်းတင်ထားသည့် အထောက်အထားများမှ တစ်ဆင့် ဖော်ထုတ်မည်
 ဖြစ်ကြောင်း ၎င်းကဆိုသည်။
         စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ရင်လှိုင်က တာဝန်ယူထားပြီး ယင်းအဖွဲ့တွင်
လူပုဂ္ဂိုလ် စုစုပေါင်း ငါးဦး ပါဝင်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခများကို စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့်
အဖွဲ့လေးခုအထိ ရှိလာပြီ ဖြစ်သည်။
The Voice Weekly
မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းသက်ရွာတွင် တိုင်းရင်းသားတစ်ဦး အသတ်ခံရ
၂၀၁၄ မတ် ၂၉
                မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းသက်ရွာတွင် ဦးထွန်းစိန် (ဘ) ဦးထွန်းဇံ၊
 (၄၉)နှစ် သည် ရွာ၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ ၄င်းပိုင် တောင်ယာစိုက်ခင်းတွင် မူဆလင်ကု
လားများ၏ လှည်လှီးသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ သမိးဖြစ်သူ မဦးလှမေ၏ ပြောပြချက်အရ သူမ၏ ဖခင်ဖြစ်
သူသည် နေ့စဉ် နံနက်စာစားပြီးတိုင်း ၄င်းပိုင် ဟင်းခင်းသို့ သွားရောက်ပြီး နွားကျောင်းခြင်း၊ ဟင်းခင်းရေ
လောင်း ပေါင်းရှင်းခြင်းများအား အမြဲလုပ်ကိုင်နေကျဖြစ်ကြောင်း ၊ ယနေ့တွင် ပြန်ရောက်လာခြင်းမရှိသည့်
အတွက် ညီမ ဖြစ်သူ မသန္တာဝင်းနှင့် အတူ လိုက်လံရှာဖွေခဲ့ရာ ဟင်းခင်းထဲတွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေ
သည်ကို တွေ့ရှိ ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
      အခင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကျေးရွာနေသူတစ်ဦးအား စုံစမ်းမေးမြန်းခဲ့ရာ  သေဆုံးသူ ဦးထွန်းစိန်မှာ
 မေးစေ့အောက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ခုနှင့် ၀ဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ တစ်ခုတို့ ရှိကြောင်း၊
အလောင်း၏ ခြေရင်းတွင် ယောင်္ကျားဝတ်အကျီတီရှပ်လက်ရှည်ထည်ရှိကြောင်း၊ ထိုအကျီအိပ်အပ်တွင် ကုလား
 များဆောင်းသော ဦးထုပ်တစ်ခု၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တာကာငွေ တစ်ရာကျော်ခန့်ပါရှိကြောင်းသိရှိရပါတယ်။
ကျေးရွာနေသူများမှ ဦးထွန်းစိန်မှာ တောသူတောင်သား သက်လူမျိုးတစ်ဦးဖြစ်ပြီး တောင်ယာလုပ်ကိုင်ခြင်း ဖြင့်
အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ကြောင်း၊ ၄င်းလုပ်ကိုင်သော တောင်ယာသည် ရွာနှင့်အလှမ်းဝေး
ကြောင်း၊ အဆိုပါတောင်ကြားလမ်းအတိုင်း တစ်ဘက်နိုင်ငံမှ ဘင်္ဂလီများခိုးဝင်ဖြတ်သန်းသွားလာနိုင်သော လမ်း
ကြောင်းနှင့်နီးကြောင်း၊ ယခုကဲ့သို့ အသတ်ခံရခြင်းမှာလည်း အဆိုပါ ခိုးဝင်ဖြတ်သန်းသွားလာသည်ကို တွေ့မြင်
ခဲ့ခြင်းကြောင့် ၄င်းသူတို့မှ သတင်းမပေါက်ကြားစေရန် သတ်ဖြတ်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းသုံးသတ်ကြ ပါသည်။
Western Gate Guard
သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည်နဲ့ ဖြည့်သွင်းခဲ့မယ်ဆိုရင် ဥပဒေနဲညိစွန်းနိုင်
  သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည်နဲ့ ဖြည့်သွင်းခဲ့မယ်ဆိုရင် ဥပဒေနဲ့ ညိစွန်းမယ်လို့
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက တရားဝင် ပြောကြားလိုက်တဲ့
ရုပ်သံကြည့်နိုင်ပါပြီ
Credit - MCN TV News
ဝန်ကြီးဦးခင်ရီနှင့် သပိတ်ကော်မတီ ဆွေးနွေးမှုရလဒ် သပိတ်ကော်မတီဖက်မှ အတည်မပြုသေး
 စစ်တွေမြို့ ပြည်နယ်အစိုးရရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု
စာရင်း နာမည်လိမ်တိုက်ဖျက်ရေး ကော်မတီ( စစ်တွေ)တို့ တွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုရလဒ်
များကို အတည်မပြုနိုင်သေးကြောင်း ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်ညိုအေး က ဆိုသည်။
          ယင်းတွေ့ဆုံပွဲ၌ ဆွေးနွေးချက်များကို သပိတ်ကော်မတီအနေဖြင့် အတည်မပြုနိုင်သေးကြောင်းနှင့် မနက်ဖြန်မှ
 သပိတ်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သူမကဆိုသည်။
            " အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို အတည်မပြုနိုင်ပါ။ မနက်ဖြန် မနက် ၈ နာရီမှာ အစည်းအဝေးပါ။
 သပိတ်ကိုတော့ ဆက်လက်မှောက်ထားဆေးပါ။ "သပိတ်ကော်မတီအနေဖြင့်လည်း မနက်ဖြန်ဆွေးနွေးပွဲပြီးမှ အကြောင်း
စုံကို သိရှိရမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များကိုလည်း ရခိုင်ပြည်သူများသို့ အသိပေး ထုတ်ပြန်သွားမည်ဖြစ်
ကြောင်း ဒေါ်ညိုအေးက ဆိုသည်။
arakantimes.ne
စစ်တကောင်းသည် မြန်မာပိုင်နယ်မြေဖြစ်သည်
             ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်နေ့စဉ်သတင်းစာပါဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး ဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာ
များပေးအပ်ခဲ့..ဟူသော သတင်း တစ်ပုဒ်ကိုဖတ်လိုက်ရတဲ့အခါ မြန်မာနိုင်ငံတစ်ဦးအနေဖြင့် ၀မ်း
သာစွာထောက်ခံမိပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in
Rakhine State? နဲ့ပတ်သက်လို့ ပြည်သူလူထုအတွင်းမှာ ဒေါသတွေပေါက်ကွဲနေပါတယ်။ ဆောင်း
ပါးရှင် Zeeshan Khan ဟာမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို သွေးထိုး လှုံ့ဆော်နေသလိုမြန်မာနိုင်ငံ
အတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
               စစ်တွေနဲ့မောင်တောဒေသတွေမှာခရိုင်းမီးယားလို ဆန္ဒခံယူပွဲလုပ်ပြီး ဘင်္ဂလားဒေ့ရှ်က
စစ်တကောင်းနဲ့ ပူးပေါင်းသင့်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune သတင်းစာမှာ
ရေးသားထားတာဖြစ်ပါ တယ်။ ရခိုင်ဒေသမှာလက်ရှိဖြစ်နေတဲ့ အနေအထားတွေကို အခြေအနေပိုမို
ဆိုးရွားအောင် ထပ်ဆင့်သွေးထိုး လှုံ့ဆော်လိုက်တာဖြစ်လို့ ပြည်သူတွေဒေါသထွက်နေကြတာဖြစ်ပါ
တယ်။ သတင်းစာဆရာ ဇီးဟန်းခန်ဆိုသူက “ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲလား” (A Referendum in
Rakhine State) လို့ ခေါင်းစဉ်တပ်ပြီး ရခိုင် ပြည်နယ်မှာ နေထိုင်သူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ဘင်္ဂါလီ
စကား ပြောနေကြတယ်။ စစ်တွေနဲ့ မောင်တောမှာ ၉၅ ရာခိုင်နှုန်းရှိတယ်။ စစ်တွေနဲ့မောင်တောမှာ ခရိုင်း
မီးယားလို ပြည်သူ့ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်တကောင်းပြည်နယ်
အောက်ကို အဲဒီဒေသတွေ ပူးပေါင်းသင့်တယ်ဆိုပြီး ရေးထား တာပါ။
     စစ်တွေနဲ့မောင်တောမှာ ခိုးဝင်နေထိုင်ကြတဲ့ ကုလားတွေဆိုတာ မြန်မာတိုင်းရင်းသားတွေမဟုတ်သလို
မြန်မာစကားနဲ့ဒေသခံတိုင်းရင်းသားစကားတွေကို ပြောတတ်သူတွေလဲမဟုတ်ပါဘူး။ အမေရိကန်လို
ဒီမိုက ရေစီ နိုင်ငံကြီးမှာတောင် သူတို့ဘာသာစကား မပြောတတ်တဲ့သူ၊ မပြောနိုင်တဲ့သူကို အမေရိကန်
 နိုင်ငံသား အဖြစ်မသတ်မှတ်ပါဘူး။ဘဂါင်္လီတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးဖို့တောင် ခက်ခဲနေတဲ့အချိန်မျိုးမှာ
စစ်တွေနဲ့ မောင်တောဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဖို့ဆန္ဒခံယူဖို့ ရေးသားတဲ့သူဟာ တော်တော်ကြီးကိုဦး
နှောက် မကောင်းတဲ့သူ၊ ဒါမှမဟုတ် အခုချိန်ကျမှ ခရိုင်းမီးယားအရေးကို ပုံတူကူးချပြီး ဒီလိုသွေးထိုးလှုံ့ဆော်
ရေးသား လိုက်တာ ရခိုင်ပြည်နယ်မှာရှိတဲ့ကုလားတွေကို ဒုက္ခရောက်သထက်ရောက်အောင် တွန်းပို့လိုက်
တာပါပဲ။
       ပြောရမယ်ဆိုရင် စစ်တကောင်းဒေသဟာ မြန်မာဘုရင်တွေ လက်ထက်ကဆိုရင် မြန်မာတွေ ပိုင်တဲ့နယ်
မြေ ဖြစ်ပါတယ်။ ၁၈၂၄ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမှာ စစ်ရှုံးလို့ ရခိုင်ဒေသကိုနယ်ချဲ့အင်္ဂလိပ်ဆီ ပေးလိုက်ရ
ပြီးနောက်ပိုင်းကျမှ စစ်တကောင်းဟာ အိန္ဒိယပိုင်နက်ထဲပါသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဖြစ်လာ ခဲ့တာပါ။
စစ်တကောင်းဆိုတာနဲ့ မြန်မာလူငယ်တိုင်းကမြန်မာပိုင်နယ်မြေလို့ပဲ ကြားသိထားပြီးတစ်ဆက်တည်း မှာပဲ
စစ်သူကြီးမဟာဗန္ဓုလရဲ့ စွမ်းရည်သတ္တိတွေကို မြင်ယောင်နေကြပါတယ်။ စစ်တွေနဲ့မောင်တောဟာ ဘယ်အ
ချိန်၊ဘယ်ကာလကမှ ဘင်္ဂလားဒေ့ရှ်ပိုင်မဖြစ်ခဲ့ပါဘူး။စစ်တကောင်းကသာမြန်မာပိုင်စစ်စစ်ဖြစ်ခဲ့တာပါ။ သမိုင်း
ကြောင်းအရ ထင်ထင်ရှားရှားရှိခဲ့တဲ့ဖြစ်ရပ်တွေရှိနေပါသေးတယ်။ ဒါကြောင့်မို့ တကယ်ဖြစ်ရမှာက စစ်တကောင်း
ကသာ မြန်မာနယ်မြေ ဖြစ်သင့်ပါတယ်။
credit : Maung Myochit Thu
Twitter Delicious Facebook Digg Stumbleupon Favorites More