မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Sunday, February 16, 2014

autocad_2005_အသုံးပြုနည်း မြန်မာ စာအုပ်

မင်္ဂလာ နံက်ခင်းဖြစ်ပါစေ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်ဗျာ..
ဒီနေ့ တော တောင်းထားတဲ့ မိတ်ဆွေတစ်ယောက် အတွက် autocad_2005_အသုံးပြုနည်း
 မြန်မာ စာအုပ် တစ်ခု တင်ပေးလိုက်ပါတယ် တောင်းထားတာလည်းကြာပါပြီး အလုပ်က
မအားလို့ မတင်ဖြစ်သေးတာပါ ဒီနေ့တော့ တင်ဖြစ်လိုက်ပါပြီး တောင်းထားတဲ့ မိတ်ဆွေနဲ့
အတူ လို့အပ်နေတဲ့ မိတ်ဆွေများအားလုံး အဆင်ပြေစွာ ဒေါင်းလော့ လုပ်နိုင်ပါပြီ
    နောက်နောင် လို့အပ်တာများရှိရင်လည်း Comment ရေးပြီးပြောခဲ့ကြပါ ကြိုးစားပြီး
ရှာကြံပေးပါမယ်..
                                     DOWNLOAD


Android OS တွင် homescreen app တစ်ခုကို Firefox ထုတ်လုပ်

Firefox ကလာမည့် ရက်အနည်းငယ်အတွင်း ကိုယ်ပိုင် Android launcher တစ်ခုကို ဖြန့်ချိသွားမည်ဖြစ်ပြီး ၎င်းတွင်
 Firefox browser built-in ပါဝင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ထို launcher သည် အသစ်စက်စက်
 တည်ဆောက်ထားခြင်း မဟုတ်ဘဲထွက်ရှိ ထားပြီးသော EverythingMe launcher ကို ပြန်လည်မွမ်းမံ ထားခြင်းဖြစ်သည်။
EverythingMe ကဲ့သို့ပင် Firefox launcher သည်သုံးစွဲသူများ၏ တည်နေရာနှင့် သုံးစွဲမှုပုံစံအပေါ် အခြေခံ၍ဆက်စပ်သည့်
လင့်ခ်နှင့် app များကိုဖော်ပြပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အင်တာနက်ပေါ်မှ ဆက်စပ်သော အကြောင်းအ
ရာနှင့် app များကိုစုစည်းပေးထားသည့် smart folder များပါဝင်ပြီး အမြဲပြောင်းလဲနေသည့် prediction bar ကလည်း အချိန်
တိုင်းတွင် သင့်လျော်သည့် app များကိုဖော်ပြ ပေးသွားမည်ဖြစ်သည်။
        ထူးခြားသည့် အပြောင်းအလဲမှာ Firefox launcher တွင် Firefox browser ပါဝင်လာခြင်းဖြစ်ကာ launcher ကို install
ပြုလုပ်ပြီးနောက် ၎င်း browser ကို default သို့ပြောင်းလဲပေးမည် ဖြစ်သည်။

 -စိုးထက်
Ref: TheVerge


Windows Phone တွင် Font ထည့်သွင်းမယ်ဆိုလျှင်

WindowsPhone အသုံးပြုတဲ့သူတွေအတွက် WindowsPhoneမှာFont တွေထည့်သွင်းချင်တဲ့အခါမိမိ
ဘာသာထည့်သွင်းနိုင်ဖို့အတွက်ဘယ်လိုထည့်သွင်းရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
WindowsPhoneမှာသင်ထည့်သွင်းချင်တဲ့Fontကိုထည့်သွင်းဖို့အတွက်ဆိုရင်အဆင့်ငါးဆင့်ပဲရှိမှာဖြစ်ပါတယ်။
သင်ထည့်သွင်းချင်တဲ့ Fontကို WindowsPhoneOS မှာထည့်သွင်းဖို့အတွက်ကွန်ပျူတာရှိဖို့တော့လိုအပ်မှာဖြစ်ပါတယ်။
သင်ထည့်သွင်းချင်တဲ့ ဖောင့်တွေကိုတော့ Handset နဲ့ကွန်ပျူတာချိတ်ဆက်ပြီးထည့်သွင်းရမှာဖြစ်တဲ့အတွက်ထည့်သွင်း
ဖို့ဆိုရင်အလွယ်တကူရှင်းလင်းစွာနဲ့ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
     WindowsPhoneထဲ ကို Font ထည့်သွင်းဖို့ အတွက်ရိုးရှင်းတဲ့အချက်ငါးချက်ပဲရှိပါတယ်။အချက်တွေကိုအောက်ပါ
အဆင့်အတိုင်းလုပ်ဆောင်ပေးပါကအလွယ်တကူနဲ့ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
၁။သင့်ရဲ့ WindowsPhoneOS အသုံးပြုထားတဲ့ Handset ကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီး ActiveSync ကိုဖွင့်ပေးလိုက်ပါ။
၂။သင့်PCအတွင်းမှာရှိတဲ့ C:\WindowsFonts ဆိုတဲ့လမ်းကြောင်းအတိုင်း FontsFolder ထဲကိုရောက်အောင်သွားရပါမယ်။
၃။ နောက်တစ်ဆင့်ကတော့ Windows Phone OS ရဲ့ Mobile Device     Folder ကိုသင့် PC ထဲကနေဖွင့်ရမှာဖြစ်ပါတယ်။
   Mobile Device Folder ကိုဖွင့်ပြီးရင်တော့ အောက်ဖော်ပြပါ  အဆင့်အတိုင်း လုပ်ရပါမယ်။
၎။ဒီအဆင့်ကတော့ WindowPhoneOS အသုံးပြုတဲ့Handsetအတွင်းမှာရှိတဲ့ FontFolder ကိုသွားရမှာဖြစ်ပါတယ်။
လမ်းကြောင်းကတော့  \Windows\Fonts\  ဖြစ်ပါတယ်။
၅။ နောက်ဆုံးအဆင့်ဖြစ်တဲ့ဒီအဆင့်ကတော့Windowsစနစ်အောက်ကFontsFolderရှိတဲ့သင်ထည့်သွင်းချင်တဲ့ဖိုင်ကိုMobileDevice
 ရဲ့Windows\Fonts\ အောက်ကိုသင်ထည့်သွင်းချင်တဲ့FontကိုMoveလုပ်ပေးလိုက်တယ်ဆိုရင်WindowsPhoneOSအသုံးပြုထား
  တဲ့Handset ထဲကို သင်ထည့်သွင်းချင်တဲ့ Font ရောက်သွားပြီဖြစ်ပါတယ်။
ဒီအဆင့်တွေပြီးသွားပြီဆိုရင်တော့ WindowsPhoneOS ရဲ့ MobileWords ထဲကိုသွားရပါမယ်။ပြီးရင်တော့ Menu>Format>Font
ကိုသွားရပါမယ်။ dropbox မှာရှာကြည့်လိုက်တယ်ဆိုရင်သင်ထည့်သွင်းထားတဲ့Fontကိုအဲဒီအောက်ကFontList မှာ
တွေ့ရမှာဖြစ်ပါတယ်။


Ref:internet journal (www.myanmarinternetjournal.com)

Android ဖုန်းများအတွက် Google Talk

( Android ဟာ Google နဲ့ပက်သက်နေပါတယ် Google က သူ့ရဲ့ services တွေကို android phones တွေ မှာ
 ထည့်ပေးလေ့ရှိပါတယ်အသုံးဝင်တဲ့ Applications တွေကတော့ GMail,Gtalk,Google Map,Voice Search,Calendar
 နဲ့ Youtubeတို့ဖြစ်ပါတယ်။ ဖုန်းထဲမှာ gtalk chat ချင်ရင် gtalk တွေကို ဒေါင်းလုပ်ဆွဲပြီး ဒီအတိုင်းထည့်လို့ မရပါဘူး
system နောက်ကွယ်ကနေ အလုပ်လုပ်ပေးမယ့် google contact sync adapter တို့ လိုအပ်ပါသေးတယ်
အခုနောက်ပိုင်းထွက် Huawei ဖုန်းတွေနဲ့ တချို့ ဖုန်းတွေမှာ နဂိုကတည်းက Google Services Applications တွေ
မပါတော့ဘူး သွင်းချင်ရင် recovery mode ကနေ၀င်ပြီး install လုပ်မှ သုံးလို့ရတော့တယ် )
  အပေါ်က စာကြောင်းတွေကတော့ ကျွန်တော် ပိုရမ် တစ်ခုက ဆွေးနွေးခန်းတစ်ခုမှာ ဖတ်ခဲ့ရတာပါ
တကယ်လည်း ဟုတချင်လည်း ဟုတ်နိုင်ပါမလားကျွန်တော် မပြောတတ်ပါ
   အခုကျွန်တော် ပြောချင်တာကတော့ Android  တွေတိုင်းမှာ  install လုပ်လို့ရတဲ့  Google Talk
လေးတစ်ခု အကြောင်းပါပဲ
            Android ဖုန်း သုံးမိတ်ဆွေများအတွက်  Google Talk လေးတင်ပေးလိုက်ပါတယ်
မရှိသေးတဲ့ သူငယ်ချင်းများ အောက်မှာဒေါင်းနိုင်ပါပြီး
                                    DOWNLOAD

   

မင်္ဂလာပါ ဆိုတေး” စီးရီး mp3 ရယူနိုင်ပြီ

အဆိုတော်ဆိုတေး၏ “မင်္ဂလာပါ ဆိုတေး” စီးရီးကို ၂၀၁၄ ဇန်န၀ါရီလတွင် audio စီးရီးအဖြစ် ထွက်ရှိလာမည်ဖြစ်သည်။
ယင်းစီးရီးကို ၂၀၁၃ အောက်တိုဘာလတွင် ထွက်ရှိရန် စီစဉ်ထားခြင်းဖြစ်သည်။ “ဒီအခွေကို သားမတော်တဆ မဖြစ်ခင်က
တည်းက စီစဉ်ထားတာပါ။ သူကြိုက်နှစ်သက်တဲ့ တေးဂီတတွေကို ထည့်သွင်း ထားပါတယ်။ ထုတ်လုပ်ရေးကိုလည်း အရင်စီး
ရီးကို ထုတ်ပေးခဲ့တဲ့ မညိုမာရန်အောင်နဲ့ ထုတ်ဖြစ် မဖြစ်ကို တော့ သားတို့တွေ ဆွေးနွေးကြမှာပါ။ နောက်ပြီး ကိုဘိုဆန်းက
လည်း စီစဉ်ပေးမှာပါ” ဟု မိခင်ဖြစ်သူက ပြောသည်။ အဆိုပါတေးစီးရီးတွင် သီချင်း ၁၂ ပုဒ် ပါဝင်မည်ဖြစ်သည်။ ဆိုတေးသည်
 “မီးအိမ်ရှင်”တေးစီးရီး ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
Mizzima - News in Burmese
  အပေါ်က သတင်းလေးကိုတော့ ဆိုတေးရဲ့ပရိတ်သက်များ ဖတ်ထားပြီးအားလုံးလည်း ဆိုတေးရဲ့ မင်္ဂလာပါ ဆိုတေး” စီးရီး
ကိုစောင့်မျှော်နေကြမှာပါ စောင့်မျှော်နေတဲ့ ပရိတ်သက်များအတွက် ပါရမီ ဖြည့်ပေးလိုက်ပါပြီးနော်
                                      DOWNLOAD
၀၁။ မင်္ဂလာပါ  -
၀၂။ အဖြူရောင်အချစ်  -
၀၃။ ပြန်လာခဲ့ပါ  -
၀၄။ I Love You  -
၀၅။ အသစ်ကပြန်စချင်တယ်  -
၀၆။ မင်းတစ်ယောက်သာ  -
၀၇။ ပျော်သလိုနေတတ်တဲ့သူ  -
၀၈။ ရင်ခုန်လိုက်တိုင်း  -
၀၉။ ရေမြေခြား (feat. ဖြိုးAက)  -
၁၀။ ယုံပါချစ်သူ  -
၁၁။ သွားခေါလေး  -
၁၂။ ရည်းစား  -
၁၃။ အသစ်တွေ့ခဲ့ရင်  -

Saturday, February 15, 2014

Samsung Galaxy S5 မှာ မျက်နှာပြင် ပတ်လည်က ဘောင်တွေကို ဖြုတ်ထားမည်

Samsung ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်း ဖြစ်တဲ့ Galaxy S5 ဟာ မထွက်ခင် ကတည်းက လူပြောများနေပါတယ်။
 Fingerprint Scanner ပါရှိမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ဖူးသလို Eye-Scanning Sensor လည်းပါရှိမယ်လို့
သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုနောက်ထက်ထွက်ပေါ်လာတဲ့ သတင်းက S5 ရဲ့ မျက်နှာပြင် ပတ်လည်
က ဘောင်တွေကို ဖြုတ်ထားမယ်လို့သိရပါတယ်။ Display ကို ပိုမို ရှင်းလင်းစွာ တွေ့မြင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 Samsung က အဲဒီ ဒီဇိုင်း ကို ၂၀၁၂ ခုနှစ်ကတည်းက တီထွင်နေတာဖြစ်တယ်လို့ သိရပါတယ်။
     S5 မှာ Fingerprint Scanner ကို Display ထဲမှာ မြှပ်နှံထားမယ်လို့သိရပါတယ်။ အသုံးပြုသူက လက်ဗွေရာ
ကို ဖုန်းမျက်နှာပြင် မှာ ပွတ်ဆွဲပြီး ဖုန်း ကို Unlock လုပ်ရမှာဖြစ်ပါတယ်။ S5 ဟာ သူ့အရင် မျိုးဆက်ဖြစ်တဲ့ S4
ထက်လည်း ပိုမိုပါးလွှာလာမှာဖြစ်ပါတယ်။ S5 မှာ ၅.၂၅ လက်မအရွယ် QHD 2560×1600 Pixels Display တပ်
ဆင်ထားမယ်လို့ သိရပါတယ်။
       Samsung က S5 ကို ဒီလ (၂၄) ရက်နေ့မှာ ဘာစီလိုနာ တွင် ပြုလုပ်မယ့် Mobile World Congress မှာ
 ပြသမှာဖြစ်ပါတယ်။

Ref:Myanmar Digital Life Journal


Viber ကို ဂျပန်နာမည်ကြီး Global Market Website ကုမ္ပဏီ Rakuten က၀ယ်ယူခဲ့

ကမ္ဘာတစ်လွှားလူကြိုက်များနေတဲ့ Viber Media ကုမ္ပဏီကို ဂျပန်နိုင်ငံရဲ့ဈေးကွက်မှာထိပ်တန်းနေရာ
ကိုရယူထားတဲ့ Rakuten ကုမ္ပဏီက၀ယ်ယူလိုက်ကြောင်းသိရှိရသည်။အဆိုပါ Viber Media ကိုဝယ်ယူ
ဖို့အတွက်အမေရိကန်ဒေါ်လာ ၉၀၀ မီလီယံကို Rakuten သူဌေး Hiroshi Mikitani ကအကုန်အကျခံခဲ့ပါသည်။
 Rakuten ဟာနာမည်ကြီး Online Shopping Website တစ်ခုဖြစ်ပြီးလက်ရှိမှာဂျပန်နိုင်ငံရဲ့ဈေးကွက်ကိုစိုးမိုး
ထားပါသည်။
       Viber ကိုအသုံးပြုသူ ၃၀၀မီလီယံရှိကာ Rakuten ကိုအသုံး ပြုသူက ၂၀၀ မီလီယံရှိပြီး သူဌေးဖြစ်တဲ့ Mikitani
က Rakuten ကိုပိုမိုအောင်မြင်အောင်ပြု လုပ်ဖို့အတွက် Viber ကိုဝယ်ယူ လိုက်တာဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး Mikitani က “ မိမိတို့ Messaging စနစ်ကို အဆင့်မြှင့်တင်ဖို့အတွက်ဆို ရင်ကိုယ်တိုင်လုပ်ဆောင်ဖို့ဆို
တာမဖြစ်နိုင်ပါဘူး။
      ဒါပေမဲ့ Rakuten သုံးတဲ့ Customer တွေအနေနဲ့ Viber Messages ကနေတစ် ဆင့်မိမိတို့ပစ္စည်းကို မှာယူမယ်ဆို
ရင်တော့ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်” လို့ပြောကြားသွားခဲ့ပါသည်။ ထက်ပြီး Viber ရဲ့ Chief Executive ဖြစ်သ
ူ Marco က “Rakuten နဲ့ပူပေါင်းလိုက်ခြင်းဟာကုမ္ပဏီရဲ့လက်ရှိအနေအထားကိုပိုမိုကောင်းမွန်အောင်ပြုလုပ် နိုင်မှာဖြစ်ပြီး
 Application တိုးတက်ဖို့ကို Free Voice Calls နှင့် Message အတွက်သာမက Digital Content အတွက်ပါလုပ်
ဆောင်သွားနိုင်မှာဖြစ်တယ်” လို့ပြောခဲ့သည်။
     သိပ်မကြာသေးတဲ့အချိန်က Viber ဟာ Messaging Application ကို Computer တွေမှာအသုံးပြုလို့ရအောင်ပြုလုပ်ပေးခဲ့ပြီး
၎င်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ Skype ကိုတိုက်ခိုက်ဖို့အတွက်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။Viber ကို Rakuten ကမတ်လကုန်
လောက်မှာလုံးဝပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုစလုံး ကပြောကြား ထားခဲ့သည်။

Wai Phyo Aung (TSJ Team)

Ref & Credit: TechSpace Journal

Friday, February 14, 2014

TeraCopy free download

Tera Copy  ဆိုတာဟာ ကွန်ပျုတာ ထဲမှဖိုင်တွေကို Copy လုပ်ရာတွင့် မူလထက် နှစ်ဆပိုမြန်ပါတယ်
Crack, Key ထည့်စရာမလိုပဲ Install ပြီးတာနဲ့ အသုံးပြုလို့ရနိုင်ပါတယ် ဒီဆော့ဝဲလ် အကြောင်းနဲ့
ပြတ်သက်ပြီး နည်းနည်း ပြောလိုက်ပါမယ် ဒီဆော့ဝဲလ်ကိုတော့ ကျွန်တော် အခုသုံးနေသလားလို့မေး
လာခဲ့ပါလျှင် ကျွန်နော်လုံးဝ မသုံးဖြစ်ပါဘူး ဒါမေမယ့် ဒီဆော့ဝဲလ် ရဲ့အလျှင်မြန်မူကိုတော့ ကျွန်တော်
ယုံကြည်ပါတယ်.. အလျှင်ကလည်း ကျွန်တော် ဒီဆိုဒ်မှာဘဲ တင်ခဲ့ပြီးပါပြီ ကြာလာတော့ လင့်သေသွား
လို့ဒေါင်းမရတော့ဘူးပေါ့ဗျာ... ဒါနဲ့ပဲ လိုချင်နေတဲ့ မိတ်ဆွေတစ်ယောက်က တောင်ထားလို့ ပြင်တင်ပေး
လိုက်တာပါဗျာ.. အလိုရှိနေတဲ့ မိတ်ဆွေနဲ့အတူ အသုံးပြုချင်တဲ့ မိတ်ဆွေများပါ အဆင်ပြေစွာဒေါင်းနိုင်ပြီး
ဖြစ်ကြောင် ပြောလိုက်ပါရစေဗျာ...
                                          DOWNLOAD

Twitter Delicious Facebook Digg Stumbleupon Favorites More