မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Saturday, February 23, 2013

Myanmar Calender 2013

      မင်္ဂလာပါ အားလုံးဘဲပျော်ရွှင်သောနေ့တွေကို ပိုင်ဆိုင်ကြပါစေဗျာ
ယနေ့ မိခင်နိုင်ငံနဲ့ ဝေးနေရတဲ့ သူငယ်ချင်းများအတွက် လက်ဆောင်ကောင်း
လေးတစ်ခု ပေးလိုက်ပါရစေ အားလုံးဘဲ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်
         တိုင်းတပါးနယ်ခြားမှာ ရောက်နေ့ကြပေးမယ့် မြန်မာ နေ့ ရက် လ တွေနှစ်တွေကို
သတိရတိုင်း ဖွင့်လှိုက်ကြည့်ရအောင် ကွန်ပျူတာလေးမှာ သိမ်းထားနိုင်မယ့် ၂၀၁၃
မြန်မာ ပြက္ခတိန်လေးပါဗျာ.. အားလုံးဘဲ အဆင်ပြေစွာဖြင့် Download နိုင်ကြပါစေ
                                      DOWNLOAD


Tuesday, February 19, 2013

Browser တစ်ခုထဲမှာ Facebook အကောင့်တစ်ခုမက ဖွင့်သုံးနည်း

          Facebook မှာ ခဏခဏမေးမေးနေလို့ နည်းပညာမှတ်တမ်းအဖြစ်နဲ့ မျှဝေပေးလိုက်ပါတယ် .. သိပြီးသားသူတွေအတွက်တော့ သိပ်ထူးခြားမှာမဟုတ်ပါဘူး ...
ကျွန်တော်တို့ မြန်မာနိုင်ငံသား Facebook User တွေဟာ များသောအားဖြင့် Facebook အကောင့် တစ်ခုမက ရှိနေတတ်ကြပါတယ် ..
အဲဒီတော့ အကောင့်တစ်ခုနဲ့ တစ်ယောက်ကို ကြူနေရင်း .. နောက်အကောင့်တစ်ခုမှာလည်း နောက်တစ်ယောက်ကို ကြူချင်တဲ့အခါမျိုး .. ( ဥပမာပြောတာနော် .. :D ) တွေမှာ Browser တစ်ခုအတွင်းမှာပဲ နောက်ထပ် သီးခြား အကောင့်တစ်ခုဖွင့်ဖို့ဆိုတာ နည်းပညာအချို့လိုအပ်လာပါပြီ ..

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ Browser တစ်ခုကိုသုံးပြီး အကောင့်တစ်ခုခုကို Log In ၀င်လိုက်ပြီဆိုတာနဲ့ အဲဒီအကောင့်နဲ့ဆိုင်တဲ့ Cookies တွေကို Browser က မှတ်သားထားလိုက်ပါတယ် ..
နောက်တစ်ခါ တူညီတဲ့ Web page တစ်ခုကို ဖွင့်လိုက်တဲ့အခါ .. အသစ်ပြန်ပြီး Loading မလုပ်တော့ပဲ Cookies ကိုသုံးပြီး Data တွေကို ပြန်ထည့်လိုက်တဲ့အတွက် .. Browser တစ်ခုထဲမှာ အကောင့်တစ်ခုကလွဲပြီး နောက်ထပ် အကောင့်တစ်မျိုးကို ဖွင့်ခွင့်မရတော့ပါဘူး ..
အဲဒါကြောင့် ဒီလို Browser တစ်ခုထဲမှာ အကောင့်နှစ်ခုဖွင့်ဖို့အတွက် စောနက ပြောခဲ့တဲ့ Cookies တွေကို နောက်ထပ်ဖွင့်တဲ့ Web page ဆီကို ပါမလာအောင် ကန့်သတ်ပေးမယ့် Third Party ဆော့ဝဲတစ်ခုခု ဒါမှမဟုတ် နည်းပညာတစ်ခုခု လိုအပ်လာပါပြီ ...
ကဲ .. စလိုက်ကြစို့ Browser တွေအများကြီးရှိတဲ့အတွက် လူသုံးအများဆုံး Browser တွေကိုပဲ ရွေးပြီး တင်ပြထားပါမယ် ..

(၁) Internet Explorer မှာ အကောင့်တစ်ခုမက ဖွင့်သုံးနည်း

ပထမဆုံး အကောင့်တစ်ခုကို Log in ၀င်လိုက်ပါ ..
Loading ငြိမ်သွားပြီဆိုရင် ကီးဘုဒ်ပေါ်က Alt ကီးလေးကိုနှိပ်ပါAddress bar ရဲ့ အောက်နားမှာ Option bar တစ်ခုကျလာပါမယ် ..
အဲဒီထဲက File ကိုနှိပ်ပြီး ကျလာတဲ့ထဲက New Session ကိုနှိပ်ပေးလိုက်ပါ ..



နောက်ထပ် Internet Explorer ရဲ့ Home page တစ်ခုပွင့်လာပါလိမ့်မယ် ..
www/facebook.com လို့ Search Box မှာရိုက်ထည့်ပြီး ရှာလိုက်တာနဲ့ နောက်ပွင့်လာတဲ့ထဲက
Welcome to facebook log in ...... ဆိုတာကိုနှိပ်လိုက်ရင် နောက်ထပ် Facebook အကောင့် တစ်မျိုးကို ဖွင့်ဝင်လို့ရသွားပါပြီ ...



(၂) Chrome မှာ အကောင့်တစ်ခုမက ဖွင့်သုံးနည်း

Google Chrome ကတော့ လွယ်ပါတယ် ..
ပထမဆုံး ကိုယ့်ရဲ့ အကောင့်တစ်ခုကို Log In ၀င်ပါ
Loading ငြိမ်သွားပြီဆိုရင် ကီးဘုဒ်ပေါ်က Ctrl ကီးရယ် Shift ကီးရယ် N ကီးရယ်ကို တွဲပြီး နှိပ်ပေးလိုက်ပါ
 နောက်တက်လာတဲ့ Box ကို Yes ...နှိပ်ပေးလိုက်ပါ ..
ပွင့်လာတဲ့ Page အသစ်မှာ www.facebook.com ကို ရိုက်ရှာပြီး နောက်အကောင့်တစ်ခုကို Log In ၀င်ရုံပါပဲ ..

Saturday, February 9, 2013

Free Internet Download Manger

       ယနေ့ ကျွန်တော် ညီးလေး တစ်ယောက်အတွက် ရယ်ရွယ်ပြီး
IDM Internet Download Manger လေးကိုတင်ပေးလိုက်ပါတယ်
နောက်တစ်ယောက်ရှိပါသေးတယ် ကြာပြီဆိုတော့ ဘယ်သူလဲ မမှတ်
မိတော့ပါ IDM Internet Download Manger သုံးရင်နဲ့ အလုပ်မလုပ်တော့ပါ
အကိုရယ် KEY တွေထည့်ခိုင်းနေပါတယ်တဲ့ ဟုတ်ပါတယ် သူက Full Version
မဖြစ်လို့ပါ နောက်ပြီး ကျွန်တော်တို့ မြန်မာကွန်ပျူတာ သမားတွေဟာ
Free ဆိုတာဘဲ သုံးနိုင်ကြတဲ့သူတွေမို ကိုယ့်ချင်းစာမိလို့ ပြန်တင်ပေးလိုက်ပါတယ်
ဒီကောင်းလေးက တော့ကောင်းပါတယ် အခုလက်ရှိကျွန်တော် သုံးနေပါတယ်
အောက်မှာ DOWNLOAD လင့်ကနေ ဒေါင်းယူလိုက်ပါ ဒေါင်းပြီးရင်တော့
ဖိုင်ကိုဖွင့်ထုတ်လိုက်ပြီး  Desktop ပေါ်မှာ Click နှစ်ချက် လုပ်လိုက်ရှံလေးနဲ့
အမြဲတမ်းသုံးလို့ ရသွား မှာဖြစ်ပါတယ် ဘာ KEY မှထည့်စရာလည်း မလိုပါဘူး
အားလုံးအဆင်ပြေသွားမှာပါ အဆင်ပြေပါစေလို့လည်း ပြောလိုက်ပါရစေဗျာ..

                                   DOWNLOAD

Tuesday, February 5, 2013

window 8 အသုံးပြုနည်း E-Book

       Window 8 ကိုစတင်လေ့လာနေသူများနှင့် အသုံးပြုနေပြီး သူများအတွက်
Window 8 ကိုထည့်သွင်းနည်းမှစ၍ လက်တွေသုံးနိုင်ရန် ပြည့်စုံစွာရှင်းပြ
ထားသည့် မြန်မာလို E-Book ကိုမျှပေးလိုက်ပါပြီး အားလုံးပဲ အဆင်ပြေ ကြပါစေ
                                 DOWNLOAD

Saturday, February 2, 2013

Nortan Antivirus 2013

       ဆိုဒ်ထဲကိုမရောက်ဖြစ်တာလည်း ကြာသွားပါပြီ ရောက်ဖတ်နေကျ
မိတ်ဆွေတွေအားလုံးကိုကျေးဇူးတင်ပါတယ် ရောက်မှတော့လည်း
တစ်ခုခုရေးဖြစ်ခဲ့ပါတယ် Nortan Antivirus 2013 လေးပါ အသုံး
လိုသူများအတွက် နှစ်ဖိုင် ခွဲတင်ထားခဲ့ပါတယ် အဆင်ပြေကြပါစေ
                            DOWNLOAD 1
                            DOWNLOAD 2

Saturday, January 5, 2013

မြန်မာ စာစီစာရေးလေ့ကျင့်ရန်အတွက်

          အားလုံးကို မင်္ဂလာနှစ်သစ်ပါလိုပြောရင် ဒီဆို်ဒ်လေးအတွက် ဒီနှစ်သစ်မှာ
ဆော့ဝဲလ်လေးတစ်ခုလက်ဆောင်ပေးပြီး နှစ်သစ်ကိုကြိုဆိုလိုက်ပါရစေဗျာ ဒီဆော့ဝဲလ်
လေးကတော့ ကွန်ပျူတာကို စတင်အသုံးပြုလေ့လာသူတွေအတွက်ပါ ကျောင်းသား
ကျောင်းသူ လေးတွေအတွက်အထိက ရွယ်ရယ်ထားဒါပါ မြန်မာစာရေးလေ့ကျင့်လိုရတဲ့
Myanmar Keyboard တစ်ခုပါဘဲ အလိုရှိနေကြတဲ့ ညီငယ် ညီမငယ်များ အောက်မှာ
ဆွဲနိုင်ပါတယ် အားလုံးအဆင်ပြေကြပါစေဗျာ...
                                              
                                               DOWNLOAD

Thursday, December 20, 2012

Windows 8 Editions များ အကြောင်း သိကောင်းစရာ

            ကျွန်တော်လေ့လာ ထားသမျှ window 8 အကြောင်းထဲမှ တစ်ခုဖြစ်တဲ့
Editions တွေအကြောင်းကို TRA myanmar ကအောက်ပါအတိုင်းရေးပြထားပါတယ်
     အားလုံး သိ့ကြတဲ့ အတိုင်း October 26 မှာ တရားဝင်ထွက်ရှိလာတော့မယ်
 Microsoft Windows 8 ရဲ့ Editions တွေအကြောင်းကို ကျွန်တော် မျှဝေချင်ပါတယ်။
ကျန်ခဲ့တဲ့ Windows 7 ကို လုံးဝ အလန်းဇယားကြီး ပြောင်းလဲထားတဲ့ Windows 8 ကို
စောင့်မျှော်နေကြတဲ့ လူတွေက ကျွန်တော်အပါအ၀င် တကမ္ဘာလုံးမှာ ဘယ်လောက်တောင်
 ရှိနိုင်မလဲ မသိ့ဘူး။ Windows 7 နဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ဒီလင့်မှာ ရေးထားခဲ့ဖူးပါတယ်။
 အခု တခါ Windows 8 နဲ့ ပါတ်သက်ပြီး Windows 8 Editions တွေအကြောင်းကို
 လေ့လာမိသလောက် ပြန်လည် ရေးသားလိုက်တာပါ။
  windows 8 မှာ ဘယ်လို Editions တွေရှိတယ် ။
     ဘာတွေပါလာတယ်ပေါ့။ ပထမဆုံး ပြောချင်တာကတော့ ခင်ဗျားဟာ ပညာရှင်
တစ်ယောက်ဖြစ်နေခဲ့ရင် ဒီ post ကို ကျော်ဖတ်သွားလိုက်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော် လေ့လာမိသလောက် အနည်းငယ် ပြန်လည် မျှဝေပေးခြင်း သက်သက်ပါ။
တစုံတခု အမှားအယွင်းတွေ ပါခဲ့ရင် နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။
Microsoft Windows 8 မှာဆိုရင် ကျွန်တော်လေ့လာမိသလောက် Editions (4)
မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။

Windows 8 Editions (4) မျိုး

(1) Windows 8
(2) Windows 8 Pro
(3) Windows 8 Enterprise
(4) Windows 8 RT

Windows 8

ပထမဆုံး Windows 8 ဆိုတဲ့ Basics Edition ကတော့ x86 (32bits) နဲ့
x64(64bits) architecture အတွက် အခြေခံကျတဲ့ အက်ဒီရှင်း တစ်ခု ဖြစ်ပါတယ်။
 Windows 8 မှာ အခြေခံကျတဲ့ အသစ်အသစ်သော အရာတွေ ထည့်သွင်းပေးထားပါတယ်။
 အဲဒီမှာ ဘာတွေ ပါလာသလဲ ဆိုတော့ start screen with semantic zoom, live tiles,
Windows Store, Internet Explorer 10, connected standby, Microsoft account
 integration, the Windows desktop စသည်ဖြင့် ပါဝင်လာပါတယ်။

Saturday, December 15, 2012

Microsoft Office 2013 အကြောင်း


Windows 8 အတွက် အဆင့်မြှင့်တင်မှုပြုလုပ်ထားပြီး tablet တွေပေါ်မှာအသုံးပြုနိုင်မယ့် နောက်ဆုံးပေါ် Office ဗားရှင်းဖြစ်တဲ့ Microsoft Office 2013 ကိုမကြာသေးမီ Microsoft ကုမ္ပဏီက မိတ်ဆက် ပေးခဲ့ပါတယ်။ လုပ်ငန်းသုံးဆော့ဖ်ဝဲပရိုဂရမ်တွေ စုပေါင်းပါဝင်တဲ့ Microsoft Office 2013 ကို ARM ပရိုဆက်ဆာတွေပေါ်မှာသုံးနိုင်တဲ့ Winodws RT အတွက်အပြင် x86-32 နဲ့ပတ်သက်ပြီး သိထား သင့်သမျှကို ဖော်ပြလိုက်ပါတယ်။

Office 2013 ဗားရှင်း ဘယ်နှစ်မျိုးရှိသလဲ။
Office 2013 အတွက် ဗားရှင်းတွေကို အိမ်သုံးနဲ့လုပ်ငန်းသုံး user တွေအတွက် ဖြန့်ချိပေးမှာဖြစ်ပေမယ့် package အပြည့်အစုံနဲ့ တန်ဖိုးကိုတော့ ကုမ္ပဏီက ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ အခကြေးပေးသွင်းကာ အသုံးပြုနိုင်တဲ့ Office 365 ရဲ့ cloud ၀န်ဆောင်မှုများအနေနဲ့ကတော့ Home Premium (20GB SkyDrive သိုလှောင်မှုနဲ့ တစ်လလျှင် Skype အသုံးပြုခွင့်မိနစ် ၆၀ ပါဝင်)၊ Small Business Premium (calendar များဝေမျှခြင်း၊ business class မေးလ်အသုံးပြုခြင်း၊ HD conference ပြုလုပ်ခြင်း) နဲ့ ProPlus တို့ဖြစ်ပါတယ်။ Office 2013 ကိုဝယ်ယူသူများဟာ maintenance update များကိုသာ ရရှိမှာဖြစ်ပေမယ့် Office 365 ကိုအခကြေးငွေပေးသွင်းပြီး အသုံးပြုသူများကတော့ အရေးပါတဲ့ update တွေကို ရရှိမှာဖြစ်ပါတယ်။ ARM အခြေခံ tablet များအတွက် Microsoft RT Office ဗားရှင်းကိုလည်း ဖြန့်ချိပေးမှာဖြစ်ပြီး Home နဲ့ Student 2013 RT ဗားရှင်းမှာ Word, Excel, Power Point နဲ့ OneNote တို့ပါဝင်မှာဖြစ်ပါတယ်။ Office 2013 ကို ၀ယ်ယူသူများဟာ PC ငါးလုံးအထိ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အခြားထုတ်ကုန်များပေါ်မှာ ထည့်သွင်းအသုံးပြုလိုတဲ့အခါမှာလည်း ဗားရှင်းတွေကို deactivate လုပ်နိုင်ပါတယ်။ SkyDrive ကနေတစ်ဆင့် cloud အခြေခံ document ဝေမျှမှုများအတွက်တော့ အခမဲ့ Windows Live Microsoft account တစ်ခုလိုပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More