မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Sunday, April 22, 2012

Turn off Autoplay

       ဒီနေ့အလုပ်နည်းနည်းအားလို့ ကျွန်တော်အပေါ်က စာကြောင်းလေးကိုရှယ်လိုက်ပါမယ်ဗျာ
ကျွန်တော်နဲ့အတူ ဝါသနာတူ သူငယ်ချင်းများ သိပြီးသားဆိုလဲ ဆော်ရီးပါ မသိသေးဘူးဆိုလဲ
ဖတ်သွားလိုက်ပါ အသိတစ်ခုရသွားဒါပေါ့နော...
  ကျွန်တော်လည်း ဆရာကြီးတစ်ယောက်မဟုတ်ပါဘူးဗျာ သင်ယူဆဲ လေ့လာဆဲပါ အလုပ်အား
ရင်အားသလို ကွန်ပျူတာ တစ်လုံးနဲ့ အလုပ်များနေတတ်ပါတယ် ကဲ့ပါဗျာ စကားရှည်နေလို့
လိုတာမရောက်ဖြစ်နေပါပြီ စလိုက်ကြရအောင်နော် Turn off Autoplay လုပ်ဖို့အတွက် ပထမ
ဆုံး Run BOX မှာ gpedit.msc ရေးပါ OK လုပ်ပါ User Configuration / Administrative
Templates / All Settings အဆင့်သွားလိုက်ပါ Local Group Policy Editor BOX ရဲ့ setting
အောက်မှာ Turn off Autoplay ကိုတွေအောင်ရှာလိုက်ပါ တွေပြီးဆိုရင် Click နှစ်ချက်လုပ်လိုက်ပါ
 အောက်မှာလည်း ပုံနဲ့ပြထားလိုက်ပါတယ်
        နောက်ထက် Turn off Autoplay BOX ကျလာရင် Enabled မှာအမှတ်လုပ်ခဲ့ပါ
Turn off Autoplay on: အောက်မှာ တစ်ခုခု ရွေးချယ်ရမှာဖြစ်ပါတယ် သူငယ်ချင်းအနေနဲ့
 All drives ကိုပိတ်ထားချင်ရင် All drives ကိုရွေးခဲ့ပါ သိုမဟုတ် CD- ROM and removable
media drives ကိုပိတ်ထားချင်ရင် CD- ROM and removable media drives ရွေးရမှာပါ
အားလုံးပြီးရင် OK Apply လုပ်ခဲ့ပါဤနည်းလမ်းကိုလုပ်ထားခြင်ဖြင့် Antivirus ကိုကာကွယ်နိုင်
ပါသည်  Antivirus များ AutoRun မသွားနိုင်ပါ Autoplay ကိုပြန်သုံးချင်ရင်တော့ အပေါ်က
အတိုင်းအဆင့်ဆင့်သွားလိုက်ပြီး Not Configured မှာအမျတ်ပြန်ထားလိုက်ပါ OK Apply
လုပ်ခဲ့ပါ အလုံးအဆင်ပြေနိုင်ကြပါစေဗျာ...



Friday, April 20, 2012

WEB DESIGN လက်တွေ့ သင်ခန်းစာများ

  Web disign နှင့်ပတ်၍ လေ့လာလိုသူများအတွက် ကျွန်တော်စုစည်းထားတဲ့စာအုပ်
တွေထဲက ဦးသောင်းဝင်း(ပန်းချယ်ရီ) ရေးသားပြုစုထားတဲ့ WEB DESIGN လက်တွေ့
သင်ခန်းစာများစာအုပ်ကို တင်ပေးလိုက်ပါတယ်ဗျာ အလိုရှိသူများအောက်မှာ ဆွဲချလိုက်ပါနော်...
အခုတလော အလုပ်တွေများနေလို့ စာတွေလည်းမရေးဖြစ်ပါဘူး ရှိပြီးသားစာအုပ်တွေကိုတော့
အခုခဏလေးရလိုတင်ပေးလိုက်ပါတယ်...
     အားလုံးသောမိတ်ဆွေများ လိုရာဆန္ဒနဲ့ပြည်စုံနိုင်ကြပါစေဗျာ....
                                            DOWNLOAD

Wednesday, April 18, 2012

Computer ကိုစတင်အသုံးပြုသူများအတွက်

      ဆရာ မျိုးသူရ ရေးသားပြုစုထားတဲ့ ကွန်ပျုတာ ပြုပြင်ထိန်းသိမ်း
အခြေခံသဘောတရားများစာအုပ်ကို ကျွန်တော်ရှာကြံပြီးတင်ပေးလိုက်ပါတယ်
အလိုရှိနေတဲ့ မိတ်ဆွေ သူငယ်ချင်းများ အောက်ကလင့်ခ် မှာဒေါင်းယူလိုက်ကြပါဗျာ
အားလုံးဘဲ အဆင်ပြေစွာနဲ့ ပျော်ရွှင်သောနေ့လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ..
                                       DOWNLOAD

Sunday, April 8, 2012

Gtalk ဖွင့်မရသည့် ပြဿနာ

   တတ်လို့ ရေးခြင်းကားမဟုတ်ပါ ကြုံဖူးသူမို့ မကြုံဖူးသူများသို့ပြန်မျှဝေခြင်းပါ
မိတ်ဆွေအတွက် ကြုံလာသည့်အခါ ယ္ခုကျွန်တော်ရေးမယ့် အကြောင်းအရာလေးဟာ
ဆေးတစ်ခွက်ဖြစ်လာနိုင်သည် ထို့ကြောင်းမိတ်ဆွေသည် ဤစာစုအား မိနစ်အနည်း
ငယ်ကြည့်သွားလိုက်ရင်ဖြင့် ဆေးစွမ်းကောင်းတစ်ခွက်ရသွားနိုင်သည်..။
ဟီ..ဟီ... စကားရှည်နေလို့ လိုရာမရောက်ဖြစ်နေပါပြီး ဒီလိုပါဗျာ မကြာသေးတဲ့
တစ်နေ့က လို့ဆိုရမှာပါ ကျွန်တော်သူငယ်ချင်းတစ်ယောက် ကျွန်တော်ဆို
 ကွန်ပျူတာလေး သယ်လာတယ် ကြည့်ပေးပါအုံ့တဲ့ .. Gtalk / Gmail
ဖွင့်မရဘူးသူငယ်ချင်းတဲ့.. ဒါနဲ့ ဟုတ်လားဆိုပြီးကျွန်တော်ဝင်ကြည့်တယ်ဗျာ
 တကယ်လည်းဟုတ်နေပါတယ် ... ကျွန်တော်လည်း သိပ်ပြီးသိတတ်အကောင်း
မဟုတ်ဘူးဆိုတော့ သူငယ်ချင်းတွေစုပြီးကြည့်ကြတယ် ပြင်ကြတယ်ဗျာ မရဘူး
ဟိုကလိဒီကလိပေါ့ဗျာ...တော်လေးကြာသွားပြီးမရဘူး ... နောက်တော့ဗျာ တရားခံ
ကိုမိတယ်ဗျာ အောက်က ပုံလေးကိုသာ အသေချာ ကြည့်ပေတော့ဗျာ
                 အရေးကြီးတဲ့ စာကြောင်းလေးကို စည်းတားပြီးပြပေးလိုက်ပါတယ်
Please verify you computer's clock setting တဲ့ဒီလောက်ဆိုဘာဖြစ်လို့လဲဆိုတာ
 အားလုံးသိသွားမှာပါနော်.. ကဲဗျာပြင်လိုက်ကြရအောင်လွယ်လွယ်လေးပါနော်
Taskbar ပေါ်က နာ၇ီးလေးကို Click လိုက်ပါChange date and time satting
ကိုဝင်လိုက်ပါ Date and Time BOXကျလာရင် Change date and time မှာ
အခုလက်ရှိ မိမိ နေထိုင်တဲ့ နိုင်ငံအချိန်နဲ့ရက်လတွေကို အတိအကျ ပြောင်းပေး
လိုက်ပါအားလုံးပြီးသွားရင်OK သာလုပ်ပြီးထွက်ခဲ့ပါ သုံးကြည့်လိုက်ပါ ...
 ကြုံလာရင် အဆင်ပြေပါစေဗျာ....

Thursday, April 5, 2012

Newlite Business Card Printer

    Newlite Business Card Printer ဖြင့်လိုက်စာကဒ်တွေ လုပ်မယ်ဆိုရင်
ဝါသနာချင်းများ အတွက်ဒေါင်လော့ချပြီးသုံးလို့ရအောင် တင်းပေးထား
လိုက်ပါတယ်ဗျာ မိမိကြိုက်နှစ်သက်သလို့ စိတ်ကြိုက်သုံးလို့ရပါတယ်
ကြိုက်တဲ့ ပုံစံဒီဇိုင်းတွေရေးဆိုပြီး လိုက်စာကဒ်လေးတွေ ရေးဆဲ့ဖို့အတွက်
ဆော့ဝဲလ်လေးကိုအောက်က လင့်ခ်မှာဒေါင်းသွားလိုက်ပါဗျာ.....
                                                  DOWNLOAD

Sunday, April 1, 2012

Desktop ပေါ်က ပိုးကောင်များ

    ဘာရေးရင်ကောင်းမလဲလို့ စဉ်စားကြည့်တယ် ဒီနေ့အလုပ်လည်းအားလို့
စုထားဒါလေးတွေရှိလို့ လက်ဆောင်အဖြစ်တင်ပေးလိုက်ပါတယ် Desktop
အလှပြင်ဖို့ Ladybugon ပိုးကောင်းလေးများနဲ့ Fly ကောင်းလေးတွေကိုပါ
အလိုရှိနေသူများအတွက်ဆော့ဝဲလ် လေးနှစ်ခု ကိုအောက်မှာဒေါင်းယူလို့
ရပါတယ်
                 ဒါလေးကတော့ Ladybugon အတွပါ DOWNLOAD
                 ဒါလေးကတော့ Fly ကောင်းတွေပါ    DOWNLOAD

Tuesday, March 27, 2012

Vlc media player ဖြင့် Desktop ကို VIDEO နဲ့အလှပြင်ကြပါစို့

   Vlc media player လေးတစ်ခုရှိနေပြီးသားဆိုရင် Desktop ကို VIDEO တေးသီချင်း
တွေဖြင့် အလှပြင်နိုင်ပါပြီး မရှိသေးဘူးဆိုင်ရင်လည်း ကျွန်တော်တင်ပေးပြီးသားရှိနေလို့
ဒီမှာယူလိုက်ကြပါ ဒီနည်းလေးကိုတော့ ကျွန်တော် လုံးဝ တတ်လို့ရေးလိုက်တာ
မဟုတ်ပါဘူး တစ်နေ့ ကျွန်တော်ဆီကို သူငယ်ချင်းတစ်ယောက်ရောက်လာပြီးသင်ပြပေးခဲ့
တာပါဗျာ အွန်လှိုင်းပေါ်က မသိသေးတဲ့ မိတ်ဆွေများကို ကျွန်တော်ပြန်ရှယ်လိုက်တာပါ
အွန်လှိုင်းပေါ်ကစာမျက်နှာတွေမှာလည်း ရှိရင်လည်းရှိနေနိုင်ပါပြီး ရှိပြီးသားဆိုရင်လည်း
ကျွန်တော် copy ယူလာတာမဟုတ်ခဲ့ပါ အားလုံကိုနားလည်ပေးကြဖို့ တောင်းပန်ပါတယ်ဗျာ
    စကားကရှည်နေလို့ လိုတာမရောက်ဖြစ်ကုန်ပါပြီး Desktop ကို VIDEO နဲ့အလှပြင်လိုက်
ကြရအောင်ဗျာ Vlc media player လေးကို Click နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ
အခုမြင်နေရတဲ့ ပုံလို Tools ကိုနှိပ်ပြီး Preferences ကိုဝင်လိုက်ပါ အောက်ပါပုံမှာဆက်ကြည့်
လိုက်ပါအုံးနော်
အခုမြင်နေရတဲ့ပုံပါအတိုင်း Video ကိုရွေးလိုက်ပါ ဆက်ပြီး Default ဘေးနားက တြိဂံပုံလေးကို
နှိပ်ချလိုက်ပြီး Directx (DirectDraw) video output ကိုဆက်ရွေးလိုက်ပါ ပြီး Save လုပ်ခဲ့ပါ
အားလုံး OK သွားပြီးဆိုရင် မိမိဖွင့်ချင်တဲ့ Video တေးသီချင်းတစ်ပုဒ်ကို Vlc media player နဲ့
ဖွင့်လိုက်ပါ
အခုမြင်နေရတဲ့ ပုံလို Video ကို Click လိုက်ပြီး DirectX Wallpaper နှိပ်လိုက်ပါ
Vlc media player ကို Minimize လုပ်လိုက်ပါ ဒါဆိုရင် သူငယ်ချင်းတို့ အလွန်လှပတဲ့
Desktop လေးတစ်ကိုအောင်မြင်စွာပိုင်ဆိုင်နိုင်ပါပြီး အားလုံးအဆင်ပြေပိုင်ဆိုင်နိုင်ပါစေဗျာ.....

Sunday, March 18, 2012

Computer Memory အင်အားမြင့်တင်ခြင်း

  ကျွန်တော်တို့ ကွန်ပျူတာ Memory အလုပ်လုပ်တာတွေဟာတစ်ခါတစ်လေ
 နည်းနေတာတွေ့ရတတ်ပါတယ် ဒီတော့ ကွန်ပျူတာ Memory တွေကိုလိုတာ
ထက်နည်းနည်းလေးလောက်အင်အားမြင့်တင်ကြည့်ရအောင်ဗျာ သိပြီးသား
ဆိုတော့ ဆက်မဖတ်ပါနဲ့တော့ဗျာ မသိသေးတဲ့ သူငယ်ချင်းတွေ ဆိုတော့ အသိ
တစ်ခုရတာပေါ့ ဆက်ဖတ်လိုက်ကြပါနော် Window KEY + R KEY ကိုတွဲနှိပ်ပြီး
RUN BOX မှာ regedit ကိုရေးထည့်လိုက်ပါHKEY_LOCAL_MACHIE/
SYSTEM/CurrtentControlSet/Control / Session Manager
အဆင့်ဆင့်ဝင်ရောက်ပြီးတော့  Memory Management တွေလျှင်
Click နှစ်ချက်နှိပ်ပြီး ယာဘက်ဘေးမှာ Disable PagingExecutive
ကို Click နှစ်ချက်နှိပ်ပြီး ပေါ်လာတဲ့ BOX မှ Valu data: မှာ 1 လိုရေးထည့်ပြီး
OK လုပ်လိုက် စက်ကို Restart လုပ်ပေးလိုက်ပါ window ပြန်တက်လာရင် ပေါပါးစွာ
သုံးနိုင်မှာပါ
မရှင်းမှာစိုးလို့ ပုံရိပ်တွေကိုပါ ရိုတ်တင်လိုက်ပါတယ်ဗျာ အားလုံးပျော်ရွှင်သောနေ့လေးတွေကို
ပိုင်ဆိုင်နိုင်ကြပါစေ.....












Twitter Delicious Facebook Digg Stumbleupon Favorites More