မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Friday, October 17, 2014
သမိုင်းသစ်ရေးထိုးခဲ့တဲ့ မြန်မာ ယူ-၁၉
၁၉၆၁ခုနှစ်ကနေ ၁၉၇၀ခုနှစ်အထိ ကျင်းပခဲ့တဲ့ အာရှယူ-၁၉ပြိုင်ပွဲတွေမှာ ၇ကြိမ် ဗိုလ်စွဲပြီး ဒုတိယတစ်ကြိမ် 
ရခဲ့တာက မြန်မာ ယူ-၁၉အသင်းရဲ့ အစဉ်အလာကောင်းခဲ့တဲ့ သမိုင်းကြောင်းပါ။ ဒါ့ကြောင့် အာရှ ယူ-၁၉ ပြိုင်ပွဲ
သမိုင်းမှာ တောင်ကိုရီးယားပြီးရင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့
မြန်မာ ယူ-၁၉အသင်းရဲ့ ယူအေအီးကိုပေးသွားတဲ့ဂိုးကိုမကြည့်လိုက်ရတဲ့သူများပြန်ကြည်ရအောင်
Youtub ကို Share လိုက်ပြီ
မြန်မာ ယူ ၁၉ ယူအေအီးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်
BY: DVB
           ရန်ကုန် သုဝဏ္ဏကွင်းမှာ ဒီနေ့ ညနေ ယှဉ်ပြိုင်ကစားကြတဲ့ အာရှ ယူ၁၉ လူငယ် အားကစားပြိုင်ပွဲ 
ကွာတားဇိုင်နယ် ပွဲစဉ်မှာအိမ်ရှင် မြန်မာအသင်းက ယူအေအီး အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ပြီး ဆီမီးဖိုင်
နယ်ကို တက်ရောက်သွားပါတယ်။
              ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးသွင်းနိုင်ခြင်းမရှိပမယ့် ဒုတိယပိုင်း ၅၂ မိနစ် မှာ ငြိမ်းချမ်းအောင်
ချပေးတဲ့ ဘောလုံးကို သန်းပိုင်က အနီးကပ်ကန်သွင်းပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးသွား
ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူငယ်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်သလို 
နယူးဇီလန်နိုင်ငံမှာ လာမယ့်နှစ်ကျင်းပမယ့် ယူ၂၀ ကမ္ဘာ့ ဖလား လူငယ်ဘောလုံး ပြိုင်ပွဲကို ၀င်ရောက်ခွင့်ရ
သွားပြီဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာတုန်းက ယီမင်နဲ့သရေ၊ ထိုင်းကို ၃-၀ ဂိုး၊ အီရန်ကို 
၂-၀ ဂိုးနဲ့ရှုံးပြီးနောက် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ ကွာတာဖိုင်နယ်မှာတော့ ယူအေအီးကို ၁-၀ 
ဂိုးနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။
ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်
      By: 7daydaily   
              သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရီခရိုင်တရားရုံးက 
ယနေ့နံနက်တွင် ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ကျခံရန် အမိန့်ချမှတ်လိုက်သည်။
နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုပုဒ်မ (၄၀၉)ဖြင့် ထောင်ဒဏ်သုံးနှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေ
မှုပုဒ်မ ၁၂၄(က)ဖြင့် ဒဏ်ငွေတစ်သိန်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ယနေနံနက် ၁၁ နာရီဝန်း
ကျင်တွင် ဒက္ခိဏခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
             ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှုဖြင့် ၂၀၁၄ ဇွန်လ ၁၉ ရက်တွင် စတင်ဖမ်းဆီး
စစ်ဆေးခဲ့ပြီး၊ တရားရုံးတင်စစ်ဆေးစဉ် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်း
အား ပြစ်မှုများရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုးတောင်းဆိုထားပြီး
 ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်
ထံသို့ အဆိုပါတောင်းဆိုထားချက်နှင့်ပတ်သက်၍ သဝဏ်လွှာပေးပို့ထားသည်။
Thursday, October 16, 2014
သက်သေခံကတ်ပြားနမူနာပုံစံများ ရေးကူးဖြန့်ဝေရန် ဆောင်ရွက်သူ ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ
ဘူးသီးတောင်၊ ၁၆၊ အောက်တိုဘာလ၊ ၂၀၁၄။ Coral Arakan News 
               ယနေ့ညနေ(၅း၃၀)အချိန်ခန့်က ဘူးသီးတောင်မြို့၊ မြို့မဈေးအနီး မိတ္တူဆိုင်တစ်ဆိုင်တွင် 
ဘင်္ဂလီတစ်ဦးသည် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံကို အတုယူရေးသားထားသော ပုံစံများကိုမိတ္တူကူး
ယူနေကြောင်း တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
            ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာနေ၊ ဂျာကဲရ်အာမက် (ဘ) ဖွေယော့စ် ၊ အသက်
(၂၇)နှစ်သည် မြို့မဈေးအနီးရှိ စိုး ဓါတ်ပုံနှင့် ကွန်ပျူတာ၊ မိတ္တူဆိုင်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံပါ 
အချက်အလက်များကို အတုယူ၍ ဗလာစာရွက်ပေါ်တွင် လက်ရေးဖြင့် ရခိုင်ပြည်နယ်သက်သေခံလက်မှတ်
ဟု ခေါင်းစဉ်တပ်ကာ ရေးသားထားသော ပုံစံများလာရောက်ကူးယူနေကြောင်း အကြောင်းကြားချက်အရ 
စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များအဖွဲ့မှ မြို့မရဲစခန်းသို့ ထပ်ဆင့်အကြောင်းကြားခဲ့ကြောင်း၊ ထို
သူကို သက်သေခံစာရွက်များဖြင့် တွေ့ရှိသဖြင့် မြို့မရဲစခန်းတွင်ခေါ်ယူစစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့
 စည်း/ထိန်းအဖွဲ့မှ အတွင်းရေးမှူးဆရာတော် အရှင်နာယက, က ပြောပါသည်။
လက်ဝယ်တွေ့ရှိရသော စာရွက်ရှေ့ဘက်တွင် အမှတ် ဘသတ(နိုင်)၁၂၃၅၇၂၊ အမည် မောင်တင်ရွှေ
(ခေါ်) ဂျာကဲရ်အမောက်၊ လူမျိုး/ဘာသာ ရခိုင်နှင့်ဗုဒ္ဓဘာသာ စသည်ဖြင့်ရေးသားထားပြီး အချက်အလက်များမှာ
 နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံအတိုင်းဖြစ်သည်။ ကျောဘက်တွင် အရပ် ၅’-၂”၊ သွေးအုပ်စု ရခိုင်သားကို အား
ပေးတဲ့အုပ်စု စသည်ဖြင့်ရေးသားဖေါ်ပြပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ ရေးသားကာ လက်ဗွေနှိပ် ထားသည်
ကိုတွေ့ရှိရသည်။ (ပုံပါအတိုင်း) ထိုသို့ဖမ်းမိခြင်းနှင့်ပတ်သက်၍ အရှင်နာယက, က `ဦးဇင်းတို့က သက်ဆိုင်ရာ
ကို အရေးယူပေးဖို့ အပ်ခဲ့ပါပြီ။ နောက်ပြီးကူးတာက တစ်ခုထဲမဟုတ်ပဲ စောင်ရေ ၄၀လောက်တောင် ကူးတာပါ။ 
ဒါက ဖြန့်ဝေဖို့လုပ်နေတာ ဖြစ်ပါတယ်။ ဓါတ်ပုံလဲကပ်ထားတာ တွေ့ပါတယ်။ အလွတ်တွေလဲ ပါပါတယ်။ ရေးထား
တဲ့ အချက်အလက်တွေကို ကြည့်ပါဦး။ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာတဲ့၊ ဒါကတော့ လူမျိုး၊ ဘာသာကို ထိခိုက်ညှိုးနွမ်း
စေတဲ့ အပြုအမူလို့ပဲ သတ်မှတ်ပါတယ်။ နိုင်ငံသားကတ်ကို ပုံစံတူ ဆင်တူယိုးမှား အချက်အလက်တွေနဲ့ဆိုတော့ 
ဘာကိုရည်ရွယ်ပြီးလုပ်သလဲ၊ ဘယ်လိုပယောဂတွေ ပါသလဲဆိုတာ သေချာအောင် စုံစမ်းဖို့တော့ လိုပါမယ်။ အခု 
၈၂ဥပဒေအရ နိုင်ငံသားစီစစ်ရေးလုပ်မယ့် ကိစ္စတွေလဲရှိတယ်ဆိုတော့ သွေးထိုးလှုံ့ဆော်မှုလည်း ဖြစ်နိုင်ပါတယ်။ 
အခုတော့ သက်ဆိုင်ရာက စစ်ဆေးနေပါပြီ၊ ဦးဇင်းတို့ကတော့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူ
ပေးဖို့ပဲ တိုက်တွန်းပါတယ်´ဟု ပြောပါသည်။
           အချို့က အဆိုပါလုပ်ရပ်ကို ရူးကြောင်ကြောင်လုပ်ရပ်အဖြစ် ထင်မြင်သူများရှိသော်လည်း 
အချို့က နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း၊ မိတ္တူဆိုင်တွင် တမင်လာ
ရောက် ကူးယူခြင်းဖြင့် ပဋိပက္ခဖြစ်လာအောင် တမင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။ 
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစီစစ်ရေးလုပ်ငန်းများ ဆောင်ရွက်တော့မည်ဟု သတင်းများဖြစ်
ပေါ်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံသားကတ် ပုံစံတူနမူနာများကို ဖြန့်ဝေခြင်းဖြင့် ဘင်္ဂလီများအနေဖြင့် နိုင်ငံသား
အဖြစ်ရရှိရန် စည်းရုံးဆောင်ရွက်နေကြောင်း သက်သေခံ တစ်ခုဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။
ဗေဒါပျံ
ပူးတွဲပါ - ထိန်းသိမ်းစစ်ဆေးခံနေရသူနှင့် မိတ္တူကူးယူထားသည့် ပုံစံ
(ဓာတ်ပုံ - စည်း/ထိန်း၊ ဘူးသီးတောင်)
ကမ္ဘောဇလေယာဉ်ပေါ်မှာ ISနဲ့ ပတ်သက်တဲ့ စာရွက်တွေတွေ့
               အောက်တိုဘာ ၁၃ ရက်နေ့ က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ရန်ကုန်
-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ် KBZ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ IS အစ္စလာမစ် နိုင်ငံ 
လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တချို့ကို တွေ့ခဲ့အပြီး လုံခြုံရေး စိုးရိမ်မှုတွေ ဖြစ်သွားခဲ့ကြပါတယ်။
မန္တလေး လေဆိပ်မှာ လေယာဉ် ဆိုက်ထားချိန် လေယာဉ် သန့်ရှင်းရေး လုပ်စဉ်မှာ အဲဒီ စာရွက် စာတမ်းတွေကို တွေ့
ရှိခဲ့တာ ဖြစ်ပြီး မန္တလေး ရဲတပ်ဖွဲ့ကနေ လေကြောင်း လုံခြုံရေး တပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
             စာရွက်စာတမ်း တွေ့ရှိခဲ့ရာ ထိုင်ခုံမှာ ထိုင်သွားခဲ့သူ ခရီးသည်ကို လိုက်လံ စုံစမ်းပြီး စစ်ဆေး မေးမြန်းခဲ့ရာမှာ 
အဲဒီ ခရီးသည်က သူ့ရဲ့ စာရွက်စာတမ်းတွေ မဟုတ်ကြောင်း ငြင်းဆိုတယ်လို့ ဆိုပါတယ်။
               IS အဖွဲ့နဲ့ ပတ်သက်တဲ့ အဲဒီ စာရွက်တွေဟာ အင်တာနက်ကနေ download လုပ်ထားတဲ့ စာရွက်တွေ ဖြစ်တယ်
လို့လည်း ဒုရဲမှူးကြီး မြင့်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ဖို့ အယ်လ် ကိုင်ဒါအဖွဲ့ က စီစဉ်နေတယ် 
ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်ကနေ မန္တလေးကို လာတဲ့ ကားတစင်းပေါ်မှာ 
ဖေါက်ခွဲရေး ပစ္စည်းတွေ သိမ်းဆည်းမိခဲ့ပါတယ်။
              အရင်ကထက် စာရင် မြို့အဝင် ဂိတ်တွေမှာ ရှာဖွေ စစ်ဆေးမှုတွေ ပိုလုပ်နေပြီး လုံခြုံရေး စီမံချက် တရပ်အနေနဲ့
 ဆောင်ရွက်နေတယ်လို့ ဒုရဲမှုကြီး မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
လိပ်ကျွန်းကိစ္စ ဥရောပမှာ ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြခံရ
  BY: ဧရာဝတီ      
           ဒီကနေ့ စောစောပဲ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ တအီတလီနိုင်ငံကို ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီး 
ချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာကို ဥရောပမှာတော့ လိပ်ကျွန်း လူသတ်မှု၊ အာဏာသိမ်းမှုတွေနဲ့ ကန့်ကွက်
ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။ 
            ဗြိတိန်နိုင်ငံ လန်ဒန်မှာတော့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြတာ 
ထိုင်း ဝန်ကြီးချုပ် ရင်ဆိုင်ရမှာဖြစ်ပြီး အီတလီနိုင်ငံ မီလန်မြို့မှာတော့ စစ်အာဏာသိမ်းမှုကို ပြည့်ပရောက် ထိုင်း
ပညာရှင်တွေ၊ တက်ကြွ လှုပ် ရှားသူတွေနဲ့ စိတ်ဝင်စားသူတွေက ကန့်ကွက်ဆန္ဒပြကြတယ်လို့ ဒီကနေ့ ထုတ် 
ဘန်ကောက်ပို့စ်က ရေးပါတယ်။ 
             အောက်တိုဘာလ ၁၄ ရက်နေ့က ဗြိတိန်သံအမတ်၊ မြန်မာသံအမတ်၊ ထိုင်း နိုင်ငံခြားရေးဌာနနဲ့ ထိုင်း
ဘုရင့် ရဲ တပ်ဖွဲ့ တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ အကြိတ်အနယ် ဆွေးနွေးပြီး ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့က လိပ်ကျွန်း လူ
သတ်မှု တရားခွင်ကိုသာ လေ့လာရေးအဖွဲ့တွေ ခွင့်ပြုမယ်လို့ မူအရ သဘောတူခဲ့ကြပါတယ်။ 
                ဒါပေမယ့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဗြိတိန်အစိုးရက ကမ်းလှမ်းတဲ့ လိပ်ကျွန်း လူသတ်မှု 
စုံစမ်းစစ်ဆေးရေး ကိစ္စမှာ ဗြိတိန်ရဲတပ်ဖွဲ့က ကူညီဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို နိုင်ငံခြားသားတွေဖြစ်လို့ လက်မ
ခံ ပယ်ချခဲ့ပါတယ်။ 
Wednesday, October 15, 2014
လိပ်ကျွန်းလူသတ်မှု ဗြိတိန်အကူ ထိုင်းဝန်ကြီးချုပ် ပယ်ချ
By ဒီဗွီဘီ
            ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဗြိတိန်က ကမ်းလှမ်းခဲ့တဲ့ အကူအညီကို 
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပယ်ချလိုက်ပါတယ်။ ဒါ့အပြင် ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတွေရဲ့ ကိုင်တွယ်မှုအပေါ် 
ကြီးထွားလာတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကိုလည်း သူက လျော့ပါးအောင် လုပ်ဆောင်လိုက်ပါတယ်။
                အောက်တိုဘာ ၁၃ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန် အခြေစိုက် ထိုင်းသံရုံး ယာယီ တာဝန်ခံကို
 ဆင်ခေါ်တယ်ဆိုတဲ့ ကိစ္စကို ငြင်းဆိုလိုက်ပြီး ရှင်းလင်းဖို့ အတွက် တွေ့ဆုံတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဆွေးနွေးပွဲမှာ 
ထိုင်းသံမှူးက လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ချန်အိုချာက ပြောပါတယ်။
                   စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သူတို့တွေမှာ သံသယမရှိတော့သလို အစကမဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့ 
သံသယရှိသူတွေကို အလျင်အမြန် ဖမ်းဆီးဖို့ စီမံနိုင်တဲ့အတွက် ဒါတွေအားလုံးကို နားလည်ဖို့ အချိန်အနည်းငယ် လိုအပ်တယ်လို့ 
သူက ပြောပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို အကူအညီပေးဖို့ အသင့်ရှိတဲ့ အကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး
ရုံးရဲ့ ၀န်ကြီး ဟူဂိုးဆွာရားက ထိုင်းသံမှူးနဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
               စက်တင်ဘာ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံအခြေစိုက် ဗြိတိန် သံမှူးက နိုင်ငံခြားရေးဝန်ကြီး၊  ရဲတပ်ဖွဲ့တွေနဲ့  ၃ နာရီကြာတွေ့
ဆုံကာ အမှုကို ပြန်လည်သုံးသပ်ခဲ့ပြီး ဗြိတိန်က အကူအညီပေးဖို့ ထပ်မံကမ်းလှမ်းခဲ့ပါတယ်။ ပရာယွတ်ကတော့ ဒါဟာသူတို့ နိုင်ငံရဲ့
 ပြည်တွင်းရေး ကိစ္စ အဖြစ် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ထိုင်းလိပ်ကျွန်းလူသတ်မှု အစိုးရသက်သေ ၃ ဦး လွတ်လပ်ခွင့်ပေး
By အေးနိုင် DVB
             ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းလူသတ်မှုနဲ့ဆက်စပ်ပြီး အစိုးရသက်သေအဖြစ် ထိန်းသိန်း
ထားတဲ့ ကိုမောင်မောင်အပါအ၀င် ၃ ဦးကို မနေ့က ကော့စမွီခရိုင်တရားရားရုံးမှာ ကြားနာပြီးတဲ့နောက် ထိုင်းရဲက 
လွတ်လပ်စွာသွားလာခွင့်ပေးလိုက်တယ်လို့ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ
 ဦးအောင်မျိုးသန့်က ပြောပါတယ်။
                   “ပြီးခဲ့တဲ့ အပတ်တုန်းက ကော့စမွီ ဘော်ဖုရဲစခန်းမှာ သက်သေမောင်မောင်ကို တွေ့ဖူးပါတယ်။ 
အဲဒီတုန်းက သက်သေမောင်မောင်ဟာ ရဲရဲ့ထိန်းသိမ်းမှုအောက်မှာရှိပြီးတော့ ဘာသာပြန်နဲ့အတူ ပါလာတာတွေ့
ပါတယ်။ တွေ့တော့ ကျနော်တို့က ပြောပါတယ်။ ဒီဟာက တရားခံမဟုတ်ဘူး၊ တရားလိုပြသက်သေဖြစ်လို့ ဘာဖြစ်
လို့ ဒီလို ရဲရဲ့ထိန်းသိမ်းမှုအောက်မှာ နေရတာလဲလို့ ပြောခဲ့ဖူးတာရှိပါတယ်။ မနေ့ကတော့ ၃ ယောက်လုံးကို မနက်
ဆယ်နာရီခွဲကနေ ည ရှစ်နာရီခွဲအထိ စစ်လိုက်ရပါတယ်။ စစ်တဲ့အခါမှာ အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ
 ၃ ယောက်ဟာ ကြိုတင်ထွက်ချက်တရားသူကြီးရှေ့မှာ ရယူတာဖြစ်ပါတယ်။ အဲဒီထွက်ချက်ကြားနာပြီးတဲ့အခါ 
သူတို့ရဲ့ သက်သေထွက်ချက်ပြီးဆုံးပြီမို့လို့ ဒီသက်သေအနေနဲ့ ဘယ်လို ဆောင်ရွက်ထားပါသလဲလို့ ပြောတဲ့အခါမှာ
 ဒီသက်သေတွေကို ပြန်လွှတ်ပေးလိုက်တာပါ။
                       “မနေ့က သုံးယောက်လုံးရဲ့ စစ်ဆေးချက်ကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ စွပ်စွဲခံရတဲ့ ဇော်လင်း
နဲ့ ၀င်းဇော်ထွန်းတို့နှစ်ယောက်စလုံးဟာ ပြစ်မှု ကျူးလွန်ကြောင်း မြင်တွေ့တယ်၊ သိရှိတယ်ဆိုတဲ့ သက်သေတွေ မဟုတ်
ပါဘူး။ သဘောကတော့ သူတို့ထွက်ချက်တွေဟာ စွပ်စွဲခံရတဲ့သူတွေကို ငြိစွန်းတဲ့အချက် မရှိဘူးလို့ပဲ ကျနော်ထင်ပါတယ်”
 လို့ ပြောပါတယ်။
                      ဒီလူသတ်မှုကို လိုက်ပါကူညီဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဒါရိုက်တာ
 ဦးကျော်သောင်းက ပြန်လွတ်လာသူနှစ်ဦးက လိပ်ကျွန်းကိုပြန်သွားပြီး ကိုမောင်မောင်ကိုတော့ စောင့်ရှောက်ထားတယ်
လို့ ပြောပါတယ်။“မနေ့က မျက်မြင်သက်သေ ၃ ယောက် စစ်ဆေးချက်တွေပြီးတော့ သူတို့တွေ လူတွေအကုန်လုံး ပြန်
လွှတ်တယ်။ လွှတ်တော့ အဲဒီ ၂ ယောက် ညီညီအောင်နဲ့ အောင်လင်းဇော်က ပတ်စပို့ရှိတဲ့အတွက် သူတို့ ကျွန်းကို ပြန်သွား
တယ်။ ဆိုတော့ အရင်ကျနော်တို့ တွေ့ဖို့ အခက်အခဲရှိထားတဲ့ မောင်မောင်ကျတော့ တခုခုဖြစ်မှာစိုးတဲ့အတွက် ကျနော်တို့က 
မနေ့ညနေကတည်းက ဒီကလေးသုံးယောက်ကို ကျနော်တို့တည်းတဲ့ ဟိုတယ်မှာပဲ ခေါ်သိပ်တယ်။”
              အစိုးရသက်သေဖြစ်တဲ့ ကိုမောင်မောင်က သူ့ကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ထိုင်းတာဝန်ရှိ
သူတွေက ထိန်းသိမ်းထားပြီး အခု မြန်မာပြည်ကိုပြန်ချင်တယ်လို့ ပြောပါတယ်။ သူ့ကို ရဲကစစ်မေးရာမှာရော၊ တရားရုံးမှာ 
စစ်မေးရာမှာရော စွပ်စွဲခံရသူနှစ်ဦးနဲ့ ဘီယာအတူတူသောက်တာ၊ စီးကရက်ဝယ်တာ ဒီနောက် စွပ်စွဲဖမ်းခံထားရတဲ့ သူငယ်
ချင်းနှစ်ယောက်ကို ထားပြီး သူ့ချစ်သူထံ သွားရောက်တာ၊ မနက်ငါးနာရီမှာ အခန်းပြန်လာတဲ့အခါ နှစ်ယောက်သား အိပ်နေ
ကြတာ။ အခင်းဖြစ်ပြီး ရဲတွေ စစ်နေချိန်မှာ အဲဒီနှစ်ယောက် ဘယ်မှ ထွက်မပြေးဘဲ ဆက်နေနေကြတာတွေကို ထောက်ပြပြီး 
သိတာ သိတဲ့အတိုင်း ဖြေဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
             “ကျနော်က ထိုင်းနိုင်ငံ အစိုးရဘက်က လည်း (မျက်နှာ) မထောက်ဘူး။ ကိုယ့်သူငယ်ချင်း ဘက်ကလည်း မထောက်ဘူး။ 
ဘာဖြစ်လို့ဆို တရားဥပဒေဆို တာ ထောက်လို့ မရဘူး။ တကယ်လို့များ အဲလိုမျိုးဖြစ် လာလို့ရှိရင် ဒီအမှုဟာ တော်တော်ကြောက်
စရာကောင်းတဲ့အမှုပေါ့နော်။ ကျနော်အစကတည်းကနေ အမှန်အတိုင်းပဲ ပြောသွားတယ်ပေါ့နော်။ ကျနော့်သူငယ်ချင်း ဒီလိုမျိုး 
အဲတာ ဒီကောင်တွေ သတ်ပါတယ်ဆိုတဲ့စကားဟာ ကျနော် ကိုယ်တခုခုဖြစ်ပါမယ်ဆိုတာတောင်မှ ကျနော် မပြောဘူး။ ဘာဖြစ်လို့
လည်းဆိုတော့ ကိုယ်က မမြင်ဘူးဆို၊ မမြင်ဘူးပဲ ပြောတယ်။ မသိဘူးဆို မသိဘူးပဲ ပြောတယ်။ ဘာဖြစ်လို့လည်းဆို ကိုယ်က 
မဟုတ်တာကို အဟုတ်လုပ် ပြောလို့မရဘူးလေ” လို့ ပြောပါတယ်။
                     အောက်တိုဘာ ၁ ရက်နေ့က စတင်ထိန်းသိမ်းစဉ်ကစလို့ စိတ်ကျဉ်းကျပ်မှုရှိပေမယ့် စစ်မေးတဲ့အခါ ရိုက်နှက်ခြင်း၊
 ခြိမ်းခြောက်ခြင်း မရှိကြောင်းနဲ့ ဒါပေမယ့် ဒီလို ရုပ်ခြည်းပြန်လွှတ်ပေးလိမ့်မယ်လို့တော့ မမျှော်လင့်ကြောင်း သူက ပြောပါတယ်။
“ကျနော့်ကိုယ် ကျနော် ဒီအကျဉ်းအကျပ်ထဲမှာ နေခဲ့တဲ့အချိန်က  ကော့စမွေမှာ နေခဲ့တဲ့အချိန်က ကျနော့်ကိုယ်ကျနော် လုံးဝကို 
မျှော်လင့်ချက်မထားဘူး မနေ့က လွှတ်မယ်လို့၊ အဓိကကတော့ ဆရာကြီးတွေ (ကူညီလိုက်ပါဆောင်ရွက်သူတွေ) ကြောင့်ပေါ့။ 
သူတို့တောင်းဆိုတဲ့ အတွက်ကြောင့်ပေါ့။ သက်သေခံကို ဒီလိုမျိုးအကျဉ်းအကျပ်မှာ မထားသင့်ဘူးလို့ တောင်းဆိုလို့။”
            “ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ် လွတ်တယ်ဆိုတာ အိပ်မက်မက်နေသလား၊ ဒါမှမဟုတ် စိတ်ကူးယဉ်နေတာလားလို့
 ထင်တယ်ပေါ့နော်။”ပုလိပ်ဗိုလ်တယောက်က သူ့ကို ထိုင်းဘတ်ငွေ ၁၀၀၀ ပေးပြီး သွားလိုရာသွားနိုင်ကြောင်း ခွင့်ပြုတဲ့အတွက် 
စတင်လွတ်မြောက်လာပြီး မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ အတူရှိနေတယ်လို့ ဆိုပါတယ်။
           သူငယ်ချင်း ၂ ဦး သတ်ဖြတ်တယ်လို့ ရဲက စွပ်စွဲပြီး ဖြောင့်ချက်ထုတ်ပြန်ထားတဲ့အပေါ် ကိုမောင်မောင်အမြင်ကတော့ 
ခုလို ဖြစ်ပါတယ်။“ကျနော့်အထင်ကတော့ သူတို့ လုပ်ဖို့သတ္တိလည်း ရှိမယ်မထင်ဘူးပေါ့။ နောက် လူအများကလည်း ကြည့်တာက
 လူတယောက်ကို သတ်ထားတာမဟုတ်ဘူး။ လူတ်ယောက်ကို ထိုးမိရင်တောင်မှ အဲဒီနှစ်ယောက်က နေရတာ တော်တော်ခက်တယ်
နော်။ ဒါ လူအတော်များများက လူကြီးတွေကရော ပြည်သူလူထုကရော အကုန်လုံးကို၊ လူတယောက်ကို သတ်ထားရင် ဒီလိုမျိုးနေ
လို့ မရဘူးဆိုတာ ဒီလိုမျိုး ပြောနေကြတာပေါ့” လို့ ပြောပါတယ်။
                “ကျနော့်စိတ်မှာ ဘာမှတော့ သူတို့ကို မသင်္ကာမဖြစ်ဘူး။ ကိုယ့်လူကို ကိုယ်ပေါ့နော်။  ခုထက်ထိလည်း မသင်္ကာမဖြစ်ဘူး။
 ဘာဖြစ်လို့လဲဆိုတော့ ခုနပြောသလို လူတယောက်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့တယ် (ဓာတ်ပုံ) ရက်ရက်စက်စက်သတ်နိုင်ဖို့ 
ဆန္ဒရှိတယ်ဆိုတာ အဲလောက်ထိ ပြင်းထန်တဲ့ဆန္ဒ သူတို့မှာရှိမယ်လို့ လုံးဝကို မယူဆဘူး။”
                    စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရတဲ့
အတွက် ကိုမောင်မောင်ရဲ့ သူငယ်ချင်းနှစ်ဦးဖြစ်ကြတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းကိုတော့ ရဲက မုဒိမ်းမှု၊ လူသတ်မှု စတဲ့အမှု
တွေနဲ့ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ မနေ့က အစိုးရသက်သေ ၃ ဦးကို ကော့စမွီတရားရုံးမှာ ကြိုတင်စစ်ဆေးခဲ့ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ရှေ့နေများအဖွဲ့၊ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ 
လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က 
ပြောပါတယ်။
Twitter Delicious Facebook Digg Stumbleupon Favorites More