မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Saturday, October 11, 2014

မြန်မာ ၂ ဦး မတရားစွပ်စွဲခံနေခြင်းအပေါ် NLD နှုတ်ဆိတ် နေမှု ဝေဖန်ခံရ


             ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနခရိုင် လိပ်ကျွန်း(ခိုတောင်ကျွန်း) ပေါ်တွင်ဖြစ်ပွားခဲ့သော
 ဗြိတိန်နိုင်ငံသားနှစ်ဦး အသက်ခံရမှုတွင် မြန်မာ ၂ ဦး မတရားစွပ်စွဲခံနေခြင်းအပေါ်NLD နှုတ်ဆိတ်နေမှု 
ဝေဖန်ခံနေရကြောင်းသတင်းရရှိသည်။ ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဟာကွက်များစွာရှိနေရာ
 ထိုင်းသတင်းစာများသာမက ကမ္ဘာ့တင်းစာများကပါ ထောက်ပြမှုများရှိခဲ့ပြီး သမ္မတဦးသိန်းစိန်မှ အထူး
ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ကာ ပြန်လည်စစ်ဆေးစေခဲ့သည်။
           မြန်မာလူမှုကွန်ရက်များတွင်လည်း ကန့်ကွက်မှုများ ပြင်းထန်နေပြီး ဂျပန်နှင့် UK ရှိမြန်မာများမှလည်း
 ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ပါတီမှ ဝေဖန်ချက် (သို့မဟုတ်) ကန့်ကွက်ချက်ဟူသော ကြေညာချက် တစ်စုံတစ်ရာ ထွက်မလာခြင်းအပေါ်
 မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများသာမက သာမန်ပြည်သူများကပါ စိတ်ပျက်စွာ ဝေဖန်လျက်ရှိကြောင်း သိရ
သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်မယူမှုနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ချင်းမိုင်မှ မြန်မာ 
ရွေ့ပြောင်း အလုပ်သမားတစ်ဦးမှ ယခုလိုပြောဆိုခဲ့သည်။
            “အမေစုကို အရင်ကအားကိုးတယ်.. ဒီကိုလာတုန်းကလည်းသွားကြိုခဲ့တယ်.. အခုတော့ အားကိုးလို့ 
မရမှန်း တဖြည်းဖြည်းသိလာတယ်.. ဥပဒေဆိုတာ နိုင်ငံသားတွေကို ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုပြီး
 သူပဲပြောခဲ့တာပဲ… အခုတော့ ဘာသံမှထွက်မလာဘူး.. အရမ်းစိတ်မကောင်းဖြစ်မိတယ်..” ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးမှ NLD ပါတီဝင်တစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆိတ်နေခြင်းနှင့် ပတ်သက်၍ ယခု
ကိစ္စတွင် အဖွဲ့ချုပ်ဥက္ကဌနှင့် ဘာမှမဆိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ သာမန်ပါတီ ဥက္ကဌ တစ်ဦးသာဖြစ်
ခြင်းကြောင့် ဘာမှလုပ်မပေးနိုင်ကြောင်း ဖြေရှင်းထားသည်ကို တွေ့ရသည်။
            အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှလည်း ယခင်တုန်းက တစ်ခုခုဖြစ်တိုင်း ကြေညာချက် ထုတ်ခဲ့ပြီး
 ယခုတစ်ကြိမ်မှ ဘာကြေညာချက်မှမထွက်လာတာ မရိုးသားကြောင်း အခုလိုပြောခဲ့သည်။“အရင်တုန်းက စက္ကူပေါတိုင်း
 ကြေညာချက်တွေ ဆက်တိုက်ထုတ်နေတာပဲ၊ မှတ်ချက်တွေ ပေးနေတာပဲ… ရခိုင်အရေး၊ မိတ္ထီလာအရေးနဲ့ အစိုးရလုပ်
ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သူနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဝင်ပြောနေတာပဲလေ.. အခုဟာက တရားဥပဒေစိုးမိုးရေးကိစ္စနဲ့ 
ဥပဒေအရ ကာကွယ်ရေးကိစ္စပဲ.. တာဝန်ရှောင်တာ အသိသာကြီးပါ…” ဟု ဆိုသည်။
           ပြည်ပရောက် သံဃာတစ်ပါးမှလည်း “ဘာလုပ်ပိုင်ခွင့်မှမရှိရင် ကုလားကိစ္စလည်းမလုပ်နဲ့လေ၊ မပြောနဲ့လေ 
မလုပ်နဲ့လေ၊ ဘာဖြစ်လို့ လျှာရှည်နေရတာလည်း၊ ဒီမိုကရေစီဆို ဒီမိုကရေစီပဲလုပ်လေ မိတ္ထီလာ ဗလီပြန်ဆောက်မှပိုက်
ဆံထုတ်ပေးပီး မောင်တောကဘုန်းကြီးကျောင်း ဆယ်ကျောင်းကုလားမီးရှို့ခံရလို့ ပြန်ဆောက်တော့ ဘယ်ကုလားနဲ့အ
လေလိုက်နေတာလည်း အဲဒါတာဝန်ရှိလို့တာဝန်ယူတာလား ဘယ်သူက ပေးတဲ့ တာဝန်လည်း၊ အခုကိစ္စမှာ ချိုတယ် 
ငံတယ်လောက်တော့ ပြောလို့ ရပါတယ်လေ” ဟု မိန့်ကြားသည်။
               ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်စိတ်ပျက် မိ
ကြောင်းနှင့် လူထုခေါင်းဆောင်ဟု အမည်မခံသင့်တော့ကြောင်း ပြောဆိုခဲ့သည်။ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်
 David Miller နှင့် HannahWitheridge တို့နှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များမှာ 
ဟာကွက်များစွာရှိနေပြီး မြန်မာပြည်သူ တို့၏ လူမှုကွန်ရက်များတွင် အလျှင်အမြန် ပျံ့နှံ့လာကာ ဝေဖန်မှုများ၊ တောင်း
ဆိုမှုများ ပြင်းထန်လာခဲ့ရာ သမ္မတအမိန့်ဖြင့် စစ်ဆေးရေးအဖွဲ့များ ချက်ချင်းစေလွှတ်ခဲ့သည်။
              ထို့ပြင် စစ်ဆေးမေးမြန်းရန် ပြည်ထောင်စု အဆင့်အဖွဲ့တစ်ခုဖွဲ့စည်းပြီး ထပ်မံသွားရောက်စစ်ဆေးရန် နိုင်ငံတော်
သမ္မတရုံးက ညွှန်ကြားထားကြောင်း သိရသည်။ မနေ့က ဝန်ကြီးချုပ်ပရာရွတ် နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံချိန်တွင်လည်း 
သမ္မတမှ တောင်းဆိုခဲ့ပြီး ကာချုပ်မင်းအောင်လှိုင်မှလည်း ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံစဉ် တောင်းဆိုပေးခဲ့ကြောင်း သိရသည်။
မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်ကမှ စွပ်စွဲခံ မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း နှစ်ဦးလုံးကို တွေ့ဆုံ
ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ဝန်ခံမှုရရှိအောင် ညှင်းဆဲစစ်ဆေးမှုများရှိကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။
             ဘန်ကောက်ပို့စ် သတင်းစာ၏ လက်ထောက်အယ်ဒီတာ မစ္စ Sanitsuda Ekachai မှ စွပ်စွဲမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်
သာမှုမရှိကြောင်း၊ ဟာကွက်များရှိကြောင်း ဝေဖန်ထားသည့်အပြင် ရစ်ချက်ဘားနက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးဆိုင်ရာအဖွဲ့
 (Richard Bennett, AmnestyInternational ) မှလည်း " နှိပ်စက်ပြီး ၀န်ခံခိုင်းမှုဆိုတဲ့ကိစ္စကို ထိုင်းအာဏာပိုင်တွေမှ ထိထိ
ရောက်ရောက် ၊ ပွင့်လင်းမြင်သာပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမယ်" ဟု ပြောဆိုထားသည်။
             လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ရှေ့နေများကွန်ယက်နှင့် အခြားလူ့အခွင့်အရေး လှုပ်ရှားသူများ နှုတ်ဆိတ် 
နေသော်လည်း မနေ့က ရန်ကုန်မြို့ နှင့် တိုကျိုမြို့တို့တွင် ဆန္ဒပြခဲ့ကြသည်။ ပြည်တွင်းပြည်ပရှိ ပြည်သူများမှာ နိုင်ငံအသီးသီးရှိ 
ထိုင်းနိုင်ငံသံရုံးများတွင် ဆန္ဒပြရန် တက်ကြွလှုပ်ရှားသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အရေး လှုပ်ရှားသူများကစီစဉ်လျက်
ရှိကြောင်း သတင်း ရရှိသည်။

ဇော်မျိုးဦး
 မြန်မာပြည်သား

ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲတွင်ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့

 ယနေ့ နေလည် ၁၂း၀၀နာရီခန့် တွင်ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲတွင် မည်သည့်နေရာ
ကပစ်မှန်းမသိသောလက်နက်ကြီးပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုအနီးတ၀ိုက်ရှိ ခရီးသည်ကားနှင့်ဈေးရောင်း
သူများ ထိခိုက်ဒါဏ်ရာရ သေကြေခဲ့သည်။
               အခင်းဖြစ်နေရာတွင်ပင် ၂ဦးသေဆုံးပြီးထိခိုက်ဒါဏ်ရာရသူများကို ကော့ကရိတ်ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ခံနေကြသည်။ဒါဏ်ရာရသူများထဲမှကျား၁ဦးမှာ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားသဖြင့်
စုစုပေါင်းသေဆုံးသူ ၃ဦးဖြစ်သည်။ဒါဏ်ရာရသူများမှာ မောင်ဝေဦး အသက်၁၈နှစ် (ရင်ဘတ်ထိ)ရွှေတောကျေးရွာ
 ဘားအံမြို့နယ်၊မရိုင်း ၃၂နှစ် (၀ဲဘက်ခြေသလုံး ဒါဏ်ရာ၃ချက်)ကော့ရမိုင်ရွာ ဘားအံမြို့နယ်၊စောလာပုန်းအွာ ၁၇
နှစ် (၀ဲဘက်ပေါင် ၁ချက်)ကော့အိမိတ်ရွာ ဘားအံမြို့နယ်။
           ကလေးနှစ်ယောက် မောင်အာကာမင်း၉နှစ်၊မခင်ချိုဝင်း ၂တန်း(အမက.၉)လက်ပေါက်ပြဲဒါဏ်ရာ၊ တံတား
ဦးကော့ကရိတ်မြို့၊ကိုဇော်လင်းဦး မခင်မာဝေ (၀ဲဘက်ပေါင်ပေါက်ပြဲ) တံတားဦးရပ်၊ကော့ကရိတ်မြို့၊စောထမွီး ၁၂နှစ် 
၃တန်း(အ.မ.က၂)ကျောက်ဖျာ ၊ရွှေတောရွာ ဘားအံမြို့နယ်၊၃ဦးသေ၊ကလေး၃ဦး၊ မ ၃ဦး၊ ကျား ၅ဦးဒဏ်ရာရရှိသည်။
အလယ်ဗိုလ်တဲ ဘုန်းတော်ကြီးကျောင်းဆရာတော်လည်း ခြေထောက်တွင်
          လက်နက်ကြီးစထိမှန်ဒါဏ်ရာရသည်၊ဆရာတော်ကို မြ၀တီတွင်ဆေးကုသရန်အတွက်ဒါယကာများမှပင့်ဆောင်
သွားခဲ့ကြသည်။ကော့ကရိတ်ဆေးရုံသို့ ကော့ကရိတ်ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ရဲမှူးကြီးနှင့်ရဲတပ်ဖွဲ့ သတင်း
တပ်ဖွဲ့များမှတာဝန်ရှိသူများ၊ သွေးအကူအညီပေးရေးအဖွဲ့၊ကရုဏာဖောင်ဒေးရှင်းအဖွဲ့၊ရပ်ကွက်နာရေးအသင်းများမှ 
တာဝန်ရှိသူများ ကော့ကရိတ်ဆေးရုံမှ ၀န်ထမ်းများမှကူညီဆောင်ရွက်ပေးနေပါသည်၊။
BY: Dawna Aungtoe

Friday, October 10, 2014

ကော့တောင်(လိပ်ကျွန်)လူသက်မှုနှင့်ပက်သက်၍ မသင်္ကာစရာကောင်သူ တစ်ဦးဖမ်းဆီးစစ်ဆေး



By: အဘ ကိုဖြိုး သစ်ဆန်း
              လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ရက်နေ့ က သတ်ခံရတဲ့ နိုင်ငံခြားသားစုံတွဲနဲ့ ပတ်သက်လို့   မကြာခင် 
အချိန်အတွင်းကပဲ မသင်္ကာစရာကောင်းလောက်အောင် စိတ်ခြောက်ခြားနေသည့်ဟု ယူဆရသည့် လူတစ်ဦး
အား ဖမ်းဆီးမိကြောင်း ဖငမ်းကျွန်းမှ တာဝန်ရှိရဲများထံမှ သတင်းရရှိခဲ့ပါတယ်။
               နယ်မြေခံ ကာကီလူမျိုးများ၏ သတင်းပေးပို့ ချက်အရ အသက် ၂၃ နှစ်အရွယ် အမည်Le Phong wellness 
အား လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက မျက်နှာစိမ်းလူတစ်ယောက် သည် ကာကီ လူမျိုးတို့ ၏ ရွာအတွင်း လာရောက်
ပုန်းအောင်းနေပြီး စားသောက်ရန် ထမင်း၊ဟင်းများ တောင်းရမ်း စားသောက်လျှက်ရှိကြောင်း အကြောင်းကြားသဖြင့် 
သွားရောက်ဖမ်းစီးရာ ထိုသူမှာ ရဲများနှင့် ထိတ်တိုက် စတင်တွေ့ ဆုံစဉ်မှာပင် " နိုင်ငံခြားသားကို မရိုက်သတ် ရပါဖူး " 
ဟု ထိတ်လန့် စွာ ပြောဆိုနေပါသည်။ ယခုအခါ ရဲတပ်ဖွဲ့၏ ဖမ်းစီးစစ်ဆေးခြင်း ကို ခံနေရသည်။ 
              စစ်ဆေးချက်အရ လောလော ဆယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အဖြစ်တွေ့ ရှိရပြီး လိပ်ကျွန်းလူသတ်မှုနှင့် 
စပ်စပ်မှု ရှိမရှိအား အသေးစိတ်ထပ်မံစစ်ဆေးနိုင်ရန် ထိန်းသိမ်းထားပြီး DNA စစ်ဆေးရေး လုပ်ဆောင်ချက်များကို ပြု
လုပ်၍ သေဆုံးသူ အမျိုးသမီးကိုယ်တွင် တွေ့ ရသည့် DNA နှင့် ကိုက်ညီမှု ရှိ/မရှိအား ထပ်မံစစ်ဆေးမည်။
                  ထို့ အပြင် လိပ်ကျွန်းတွင် နိုင်ငံခြားသား စုံတွဲ အသတ်ခံရပြီးကာလ၊ နောက်ပိုင်းတွင် နခေါန်စီထမရမြို့ နယ်
 ပင်လယ်အတွင်းရှိ တငါများ၏ သတင်းပေးပို့ ချက်အရ အမည်မသိ ထိုင်းလူမျိုး ၁ဦးသည် Little Doug အမည်ရေးထိုးထား
ပြီး အဖြူ-လိမ္မော်-အနီရောင် စပ်ထားသော စပိဘုတ်ဖြင့် ဖငမ်းကျွန်းဖက်မှ တောင်ဖက် တည့်တည့်သို့ ဦးတည် မောင်းနှင်
လာပြီး ၄င်းတို့ အား နခေါန်စီထမရနယ်အတွင်းရှိ ခနောမ် သို့ ဦးတည်ရမည့် လမ်းအား မေးမြန်းခဲ့ပြီး လမ်းညွှန်မှုအတိုင်း 
ဦးတည် မောင်းနှင်သွားသော်လဲ အရှေ့ တွင်ရှိသော နယ်မြေခံရဲတပ်ဖွဲ့ များ ၏လှည့်ကင်းများအား အဝေးမှ လှမ်းမြင်ပြီး 
တောင်ဖက်သို့ အလျှင်အမြန် ချိုးကွေ့ ၍ မောင်းနှင် ထွက်ခွာသွားခဲ့သည် ဟုတ် ထိုင်းရဲများအား သတင်းပို့ ခဲ့သည်။
ထိုင်းရဲများအနေဖြင့် မှုခင်းနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် အပေါင်းပါများ ဖြစ်နိုင်ပြီး ကျွန်းပေါ်မှ ပျောက်
သွားသော လူအချို့  ထဲမှ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ASTV Manager ภาคใต้ သတင်းဌာနဖော်ပြချက်အား Lu Gyi Minမှ ဘာသာပြန် ဖော်ပြလိုက်ပါသည်။

မူရင်းသတင်းလင့်==>>>> http://www.manager.co.th/South/ViewNews.aspx?NewsID=9570000108726 — 

Thursday, October 9, 2014

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခုဖြစ်ပွား

         

             ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ 
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခု ရန်ကုန်မြို့လယ် မဟာဗန္ဒလ
ပန်းခြံအနီးတွင်ဖြစ်ပွားခဲ့သည်။ တတ်ကြွလှုပ်ရှားသူဆယ်ဦးခန့်သည် ဗြိတိန်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်
မှုဖြင့် ထိုင်းနိုင်ငံအတွင်း တရားခံအဖြစ်စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအား သံယအကျိုး 
ခံစားခွင့်ပေးရန်နှင့် ဥပဒေအရဖြေရှင်းပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြ
ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြသူများသည် မဟာဗန္ဒုလပန်းခြံကို လမ်းလျှောက်လှည့်လည်ခဲ့ကာ ဆူးလေ
စေတီတော်ကို တတ်ရောက်ပြီး အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးအတွက်ရည်ရွယ်ပြီး ၀တ်ပြုဆုတောင်းခဲ့ကြ
သည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

Wednesday, October 8, 2014

ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့၏ စွဲချက် သက်သေမလုံလောက်သဖြင့် ထိုင်းဗဟိုတရားရုံးက ပယ်ချ၊ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးအတွက် မျှောက်လင့်ချက်ရောင်ခြည်သန်းလာ


BY:News Watch(စောင့်ကြည့်သတင်းဂျာနယ်)

             ထိုင်းရဲတပ်ဖွဲ့၏အမှုစွဲဆိုရန် တင်ပြချက်ကို ထိုင်းနိုင်ငံအစိုးရဥပဒေအကြံပေးအဖွဲ့မှ တရားစွဲတင်ရန်မလုံ
လောက်ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။အမှုကိုပြည့်စုံတိကျအောင်ပြန်လည်
တည်ဆောက်ရမည်ဖြစ်၍စွပ်စွဲခံရသော မြန်မာလူငယ်နှစ်ဦးအတွက် မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်တော့သည်။
ယင်းအပြင် ယခုအခြေအနေတွင် ထိုင်းရဲတပ်ဖွဲ့က နောက်တကြိမ်အမှုမတည်ဆောက်ခင်တွင် မြန်မာအစိုးရအနေနှင့် 
အထူးစုံစမ်းရေးအဖွဲ့အမြန်ဆုံးစေလွှတ်ရန် လိုအပ်ကြောင်း ၎င်းတို့အဖွဲ့၏ အကြံပေးဖြစ်သူ ထိုင်းအမျိုးသမီးရှေ့နေက
 အကြံပေးကြောင်းလည်း သိရသည်။
            “ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်၊ သေချာသွားပါပြီ၊ ကျွန်တော်တို့ ထိုင်းရှေ့နေအမျိုးသမီး ဖုန်တောက်ရှောက်
ဖွင့်ပြီးတော့ ကျွန်တော်တို့ ဖြေနေတာ၊ ဒီညနေပိုင်းက သတင်းရရှိပါတယ်။ ဘာဆက်လုပ်ရမလဲဆို ထိုင်းရှေ့နေက 
အကြံပေးတားက မြန်မာအစိုးရအနေနဲ့ ထိုင်းရဲက နောက်တကြိမ် အမှုတွဲမတင်နိုင်ခင် မြန်မြန်ဆန်ဆန်လာရောက်ပြီး
 အထူးစုံစမ်းရေးအဖွဲ့ အမြန်ဆုံးလာရောက်ဖို့လိုတယ်လို့ ပြောပါတယ်၊ မြန်မာအစိုးရအနေနဲ့ မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ 
ဆရာဝန်တို့၊ ရဲတို့ CID တို့နဲ့ အမြန်လာရောက်ဖို့လိုတယ်လို့ ထိုင်းရှေ့နေမက အကြံပေးပါတယ် နော်၊ အာမခံကတော့
 ပိုက်ဆံရှိရင် ရနိုင်တာပေါ့ဗျာ” ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း ညွှန်ကြားရေးမှူး ဦးကျော်သောင်းက
 News Watch ကို ပြောသည်။
             ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်နေ့ လပြည့်နေ့ ပွဲတော်
ညက အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို 
သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးကာတရားစွဲဆိုထားသည်။

Tuesday, October 7, 2014

လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး ဗြိတိန်က ကူညီပေးမည်


BY:DVB
               ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ထိုင်းရဲတပ်ဖွဲ့ကို နည်းပညာ
အကူအညီပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှာ ဗြိတိန်သံအမတ်က ကမ်းလှမ်းခဲ့တယ်လို့ အင်္ဂလိပ်
ဘာသာနဲ့ ရေးသားတဲ့ ထိုင်းသတင်းဌာန ကော့ဆောင်သတင်းက ထုတ်ပြန်ပါတယ်။
              ထိုင်းရဲတပ်ဖွဲအကြီးအကဲနဲ့  ဗြိတိန် သံအမတ်တို့ အောက်တိုဘာ ၂ ရက်နေ့ တွေ့ဆုံရာမှာ ပစ္စည်း
ကိရိယာ ကျွမ်းကျင်သူနဲ့ တခြား အကူအညီတွေပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဗြိတိန်နိုင်ငံ 
သား ဒေးဗစ်မေလာနဲ့ ဟန်နာ ၀ှစ်သာရစ်တို့က လိပ်ကျွန်းမှာ အသတ်ခံရပြီး ၂ ပတ်ကျော်အကြာ အခုလို 
ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
                ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့တွေက အစွမ်းကုန် ကြိုးစားဆောင်
ရွက် နေသလို စုံစမ်း စစ်ဆေးမှုက အချိန်ယူရမယ်လို့ ပြောပါတယ်။ဗြိတိန်က ကမ်းလှမ်းတဲ့ နည်းပညာအကူအညီ 
ယူ၊ မယူကိုတော့ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။ ရှေ့နောက်မညီတဲ့ ထုတ်ပြန်ချက်ကြောင့် လူသတ်မှုအပေါ် ထိုင်းရဲတပ်
ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ခံနေရပါတယ်။

လိပ်ကျွန်းလူသတ်မှုကိစ္စ စိတ်ဝင်စားဖွယ် သတင်းစာရှင်းလင်းပွဲ


 OCTOBER 8, 2014
BY: ဧရာဝတီ
          ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ မြန်မာ ၂ ဦးကို လူသတ်တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားတာ
 နဲ့ ညှင်ပန်း နှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ ထိုင်းမီဒီယာတွေနဲ့ ကမ္ဘာ့မီဒီယာတွေက ဝေဖန်ပြောဆိုမှုတွေကို ထိုင်းရဲချုပ် 
ဆုမ်ယွတ် ပွန်ပန်မွန်က ခုခံကွာကွယ်ပြောသွားပါတယ်။ 
                   “ဒီအမှုမှာ အရာရှိတွေ အားလုံး သေချာ လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ အခိုင်အမာပြောချင်ပါတယ်” လို့ 
အောက်တိုဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ရဲချုပ် ဆုမ်ယွတ်က ပြော သွား တာပါ။ 
အဲဒီသတင်းစာရှင်းလင်းပွဲကိုတော့ သေဆုံးသွားတဲ့ ဒေးဗစ်နဲ့ ဟန်နာတို့ရဲ့ ဗြိတိန်နိုင်ငံရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်
ကြီး က ကနဦး တက်ရောက်ဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။ 
                 ဒါပေမယ့် ဖမ်းဆီးခံထားရသူတွေကို ရဲက ညှင်းပန်းနှိပ်စက်ထားခံရ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး တဲ့
နောက် ဗြိတိန်သံအမတ်ဟာ သတင်းစာ ရှင်းလင်းပွဲကို မ တက်ရောက်ဖြစ်ခဲ့ဘူးလို့ ဘန်ကောက် ပို့စ် သတင်းတပုဒ်မှာ
 ရေးပါတယ်။  ဒါပေမယ့် ထိုင်းအခြေစိုက်သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းထောက်တွေတော့ တက်ရောက်ခဲ့ပြီး ဖမ်း
ဆီးခံထားရတဲ့ မြန်မာတွေ ညှင်းပန်းနှိပ်စက်ခံရတာတွေနဲ့ပတ်သက်လို့လည်း မေးခဲ့ကြပါတယ်။  
           “ဘယ် သံသယဖြစ်ခံရသူကိုမှ ညှင်းပန်းနှိပ်စက်တာ မရှိခဲ့ဘူးဆိုတာ ကျနော် အတည်ပြုပါတယ်” လို့ စုံစမ်းရေး
 ရဲမှူး Suwat Chaengyodsook က ဘန်ကောက်ပို့စ်ကို ပြောတယ်။ သူက ဆက်ပြောတာက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေ
တုံး သံသယဖြစ်သူတွေရဲ့ ရှေ့နေလည်း ရှိပြီး လူခန္ဓာ ကိုယ်ကိုလည်း စစ်ဆေးမှုတွေလည်း လုပ်ခဲ့ပြီး ဒါတွေကို ဆရာဝန်
ဆီ ပို့ထားတယ်တဲ့။ သံသယဖြစ်ခံရ သူတွေက သူတို့ ဖာသာ သူတို့က ဝန်ခံခဲ့တာလို့ ပြောထားပါတယ်။ 
           လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူတွေ အခိုင်အမာထောက်ပြတာကတော့ သံသယဖြစ်ခံရသူတွေဟာ တရားစွဲခံရပြီး
ချိန် ထိ ရှေ့နေနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ထောက်ပြထားတာကို ဘန်ကောက်ပို့စ်က ဆိုပါတယ်။ လိပ်ကျွန်း ဗြိတိန် ၂ ဦး အသတ်
ခံရတဲ့ ကိစ္စနဲ့ CCTV၊ သက်သေအထောက်အထား၊ မူခင်းသဲလွန်စ၊ စတဲ့ အချက်တွေ အ ပေါ် အခြေခံပြီး နိုင်ငံခြားသား ၁၈၇
 ဦး၊ ထိုင်း ၅၈ ဦးကို သံသယဖြစ်သူစာရင်းသွင်းခဲ့တာ လို့ လည်း ထိုင်းရဲတွေက သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။ 
          သေဆုံးသူဗြိတိန်အမျိုးသမီးခန္ဓာကိုယ်က ရတဲ့ DNA ကို ချင်းမိုင်တက္ကသိုလ်နဲ့ ချူလာလောင်ကွန် တက္ကသိုလ်တွေမှာ 
စစ် ဆေးခဲ့တာလို့ ရဲက ပြောတယ်။ “DNA စစ်ဆေးမှုက သေဆုံးသူဆီက ရတာနဲ့ သံသယဖြစ်ခံရသူတွေရဲ့ DNA က ကိုက်ညီ
တယ်၊ ဒါ ငြင်း လို့ မရနိုင်တာပဲ”လို့ ရဲမှူး ဆူဝပ်က ရှင်းပြတယ်။ 
                ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာလည်း ပါဝင် လုပ်ကိုင်နေသူ ထိုင်း NGO တခုဖြစ်တဲ့ Cross-Cultural 
Foundation- CCF ဒါရိုက်တာ Pornpen Kongkachornkiat ကတော့ ရဲတွေရဲ့ ကြိုးစားအား ထုတ်မှုကို အသိအမှတ် ပြုပေမယ့် 
ထိုင်းလူထုက ဒီစုံစမ်းစစ်ဆေးမှုမှာ လုံးဝ စိုးရိမ်မကင်းဖြစ်တယ်လို့ ပြော ထားပါတယ်။ ထိုင်းရဲချုပ်က ပြောတာမှာ စုံစမ်းမှုတွေကို 
လူတွေမျှော်လင့်ထားသလို မြန်ဆန်မှု မရှိခဲ့ဘူးလို့ ပြောပြီး လူမှု ကွန်ယက်တွေ မှာ ပြစ်တင်မှုတွေလည်း ရှိတယ်လို့ ဆိုတယ်။ 
လိပ်ကျွန်းမှာ သြဇာ ကြီးတဲ့ မာဖီးယားတွေကို စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုချက်တွေနဲ့ အရာရှိတွေဟာ ဖိအား ပေးခံခဲ့ရတာတွေ
ရှိတယ်လို့လည်း သူက ပြောတယ်။ 
             ဒီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးတဲ့ မေးခွန်းတွေထဲက ထိုင်းရဲချုပ်နဲ့ ရဲ အရာရှိတွေရဲ့ စိတ်ဝင်စား
ဖွယ် ဖြေကြားမှုကိုလည်း ထိုင်း PBS သတင်းဌာနရဲ့ သတင်းတခုမှာ ဖော်ပြထားပါ တယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ 
လူမှု ကွန်ယက်တွေက ပြောနေတဲ့ လိပ်ကျွန်း လူကြီးရဲ့ သားဆီက DNA ဘာလို့ မယူ တာလဲလို့ မေးတာကို ထိုင်းရဲက အဖေဆီက 
ယူထားပြီးဖြစ်လို့ သားဆီက ယူစရာမလို ဘူးလို့ ထိုင်းရဲက ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ 
           လိပ်ကျွန်းလူသတ်မှု သံသယဖြစ်ဖွယ်အချက်တွေကို ထိုင်းလူမှု ကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာ တခုဖြစ်တဲ့ CSI LA ရဲ့ 
ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းတာကိုလည်း ထိုင်းရဲတွေက ဒီစာမျက်နှာဟာ အခြေ အမြစ် မရှိတဲ့ စာမျက်နှာဖြစ်ပြီး ဖော်
ပြချက်တွေကြောင်း လူထုက မရှုပ်ထွေးပါနဲ့လို့ ဖြေရင်း လူမှု ကွန်ယက် က ဖော်ပြတာတွေနဲ့ အငြင်းအခုန် လုပ်ဖို့ မဟုတ်ဘူးလို့ 
ဖြေသွားပါတယ်။ 


 

Koh Tao ကျွန်းလူသတ်မှူနဲ့ပတ်သက်ပြီး လူငယ်တစ်ဦဝေဖန်ချက်


Koh Tao ကျွန်းလူသတ်မှူနဲ့ပတ်သက်ပြီး ခုရေးတာကိုဆဲချင်လဲဆဲကြပါ။စပြီးအသတ်ခံရထဲကစိတ်ဝင်စားလို့ 
Mirror တို့Straight Time ကိုသေချာဖတ်ခဲ့တဲ့အတွက်ဒီအမှုအကြောင်းအတော်လေးသိခဲ့ပါတယ်။
ဘန်ကောက် Post ကိုလဲယုံမရပါဘူး ဒါ့ကြောင့်သူ့ဆီမှာတော့ comment ပဲဖတ်ပါတယ်။ 
          မြန်မာ Media တွေမှာခေက်စားလာတာဒီကလေးတွေအဖမ်းခံရပြီးမှပါ။ခုအဖမ်းခံနေရပြီးဝန်ခံလိုက်တဲ့
ကလေးနှစ်ယောက်ကိုတကယ်လူသတ်သမားမုဒိန်းသမားတွေအဖြစ်မြန်မာတွေကရော ကမ္ဘာကပါမယုံကြဘူး
 လက်မခံကြဘူး မဖြစ်နိုင်ဘူးလို့ရေးကြပြောကြတယ်။  သူတို့ရုပ်ရည်နဲ့လူသတ်သမား မုဒိန်းသမားမဖြစ်နိုင်း
ဘူး အစားထိုးခံရတယ် ငွေယူပြီးဝန်ခံခိုင်းတယ် မတရားနှိပ်စက်ပြီး ဖြောင့်ချက်တောင်းတယ် စသည်ဖြင့်ပြော
ကြပါတယ်။ တစ်ခုသတိချပ်ရမှာက သူတို့တကယ်သတ်တယ်ဆိုရင် ခင်ဗျားတို့ဘယ်လောက်အော်အော်သူတို့
အတွက်အထောက်အပံ့မဖြစ်ပါဘူး။ ဒီလိုအော်နေသူတွေကရောသူတို့မဖြစ်နိုင်တာကိုဘာနဲ့သက်သေပြနိုင်လဲ။ 
ဘယ်သူမှမပြနိုင်ပါဘူး။ ဒါကို တပ်ထဲမှာဆိုရင်တော့ ဟန်းကော ရိုက်တယ်လို့ခေါ်ပါတယ် ။ 
ကောလဟာလ ပေါ့ ဖြစ်စေချင်တာ ထင်ရာတွေကိုပြောတယ် ဘောင်မဝင်ဘူး ။ 
        ကလေးမျက်နှာလေးနဲ့ အမြဲပြုံးနေတဲ့လူသတ်သမားတွေ အရမ်းကိုသန့်ပြန့်တဲ့ရုပ်ရေသွင်ပြင်နဲ့မုဒိန်းမှုကျူး
လွန်သူတွေနိုင်ငံတိုင်းမှာရှိခဲ့ပါတယ်။ ဒါ့ကြောင့်ဒီလူငယ်တွေလူသတ်မှုကျူးလွန်တယ်လို့မယုံကြည်ရင် ဘာကြောင့်
ဆိုတဲ့နေရာမှာခင်ဗျားတို့အများဆုံးသုံးနေတဲ့ရုပ်ကလေးတွေကသန့်သန့်လေးတွေ ဒီရုပ်လေးတွေနဲ့ဒီလိုသတ်တယ်
ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတာတွေကိုရပ်လိုက်တော့။ ရေးထားတဲ့ comment တွေကို edit လုပ်ရင်လုပ် မလုပ်ရင်
 deleted သွားလုပ်လိုက်ဖို့အကြံပေးချင်တယ်။ 
            မြန်မာတွေရောထိုင်းတွေရော scapegoat မြင်တာနဲ့ goat ဆိုတာ ဆိတ်ပဲဆိုပြီး ကလေးတွေကို ဆိတ်ဖမ်း
သလိုဖမ်းလာတယ် ဘာညာလျှောက်ရေး ပုံတွေလုပ် တကယ်တော့ scapegoat ဆိုတာ ထိုးကျွေးခံရတာ အပြစ်မရှိပဲ
နဲ့တရားခံအဖြစ်ဖြစ်သုံးချခံရတယ်လို့ ပြောတဲ့ idiom စကားလုံးသာဖြစ်တယ်။ ခုချိန်ကျွန်တော့်အမြင်ကိုပြောပါဆိုရင်
တော့ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူရဲ့ သွင်ပြင် အသက် ဥပတိရုပ် ကျွန်းပေါ်ရောက်တာကြာခြင်း
မကြာခြင်း ထိုင်းစကားတတ်ခြင်းမတတ်ခြင်းဟာဒီလိုလူသတ်မှုကျူးးလွန်ခြင်းနဲ့အချိုးချလို့မရဘူးခေါင်းအေးအေးနဲ့
စဉ်းစားသင့်ပါတယ်။ သူတို့မှာတကယ်အပြစ်ရှိရင်ထိုင်းနိုင်ငံဥပဒေအရအပြစ်ပေးတာကိုခံရပါမယ်။ 
သူ့နိုင်ငံထဲမှာဖြစ်တဲ့အမှု ထိုင်းရဲတွေမစစ်နဲ့ FBI ကိုခေါ်စစ်ခိုင်းမယ်။ စကော့တလန်ယာဒ် ခေါ်ကိုစစ်ခိုင်းမယ်လုပ်လို့
မရပါဘူး။ နိုင်ငံတိုင်းမှာလွတ်လပ်တဲ့တရားစီရင်ရေးနဲ့အချုပ်အခြာအာဏာတည်ပြီးသားဖြစ်တဲ့အတွက်ပါ။ နည်းပညာ
အကူအညီပေးတာ အကြံညဏ်ပေးတာပဲလုပ်လို့ရပါမယ်။ စဉ်းစားစရာတွေထဲမှာ သူတို့ဒီအမှုကျူးးလွန်ချိန်မှာမူးယစ်
ဆေးသုံးထားရင်ဘယ်လိုလုပ်မလဲ ??? Koh Taoမှာအဲ့ဒါတွေဘယ်လောက်ပေါလဲဆိုတာထိုင်းတောင်ပိုင်းမှာနေတဲ့သူ
တိုင်းသိပါတယ်နောက်တစ်ခုကသူတို့မှာဆွေမျိုးသားချင်းတွေမရှိပဲမနေဘူး ကျွန်းပေါ်မှာအားလုံးကအဆက်အသွယ်
တွေနဲ့လာကြတာပါ။ ခင်ဗျားတို့မေးကြတဲ့မေးခွန်းကိုဖြေပေးအုံးမယ် တကယ်သတ်တဲ့လူဆိုရင် ဒီကျွန်းမှာဆက်နေပါ့မ
လားဆိုတော့ ပြေးချင်တိုင်းပြေးမရပါဘူး။ ကျွန်းရဲ့လူအဝင်အထွက်ကိုကန့်သက်ထားပါတယ် ထိုင်းရဲတွေက ဘယ်သူမှ
ပေးမပြန်ဘူးလို့ယူဆရပါတယ်။ 
            လူတွေပြောတဲ့အထဲမှာ David Miller ရဲ့အရပ်က ခြောက်ပေ သုံးလောက်ရှိတယ် ဒီကလေးတွေလိုဖလံလေးတွေ
ကရေနှစ်သတ်တယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး ဟုတ်ပြီ ဒါဆိုရင် ဗလမရှိလဲဇရှိတယ်တို့ Size is doesn't matter ဆိုတဲ့စ
ကားတွေကဘာလို့ပေါ်လာသေးလဲ ???
            တော်တော်ဆဲချင်နေပြီမှတ်တယ် သည်းခံအုံးနော်။ 
        နောက်တစ်ခုက မသေခင်ကမ်းခြေမှာဘယ်လိုတွေဖြစ်ခဲ့လဲ ဘယ်သူသိလဲ ဘယ်သူမှမသိဘူး။ 
အသတ်ခံရသူတွေရဲ့အဲ့ဒီ့အချိန်မှာ ကာယကြံ့ခိုင်မှု ပါတ်ဝန်းကျင်အနေအထား သတ်သူတွေရဲ့လူအင်အား လက်နက် အင်အား
 စိတ်ပိုင်းဆိုင်ရာအခြေအနေ မူးယစ်ဆေးသုံးထားခြင်းရှိမရှိစတဲ့ အခြေအနေစတာတွေ ကိုသိသူလုံးဝထွက်မလာပါဘူး ။
နောက်တစ်ခုက သေသူ ရဲ့ဒဏ်ရာတွေဟာအခင်းဖြစ်ရာအနီးမှာတွေ့တဲ့ ပေါက်တူးနဲ့မတူဘူးလို့ပြောကြတယ်။ ခင်ဗျားတို့
ထဲမှာမှုခင်းဆရာဝန်ဘယ်နှစ်ယောက်ပါလဲ ပေါက်ပြားအရွယ်ဘယ်လောက်လဲသိလား???ဘာနဲ့သတ်သေပြမလဲ??? 
သေသူမိန်းကလေးကို ပေါက်တူးနဲ့သတ်ပြီး အမျိုးသားကိုတခြားလက်နတ်နဲ့သက်တာရောမဖြစ်နိုင်ဘူးလား ဟုတ်ပြီ ဒါဆို
ရင်ဒီကလေးတွေသတ်တယ်လို့သေချာပြီလားဆိုတော့ သံသယအဖြစ်ခံရတုန်းပဲရှိသေးတယ် တရားခွင်မှာခုခံလို့ရသေးတယ်
သံသယအကျိုးကိုခံစားနိုင်သေးတယ်။ ထင်တာပြောတာကိုယ့်ပါတ်ဝန်းကျင်သိတဲ့သူချင်းပဲကောင်းတယ်
           English လိုရေးတဲ့ site တွေကိုတတ်ပြီးထိုင်းတွေပါရောပြီးဆဲတာတွေ လူစုံစုံမှာတတ်ပြီးဒီရုပ်လေးတွေကလူသတ်ပါ့
မလားသွားသွားမရေးနဲ့ ကြာရင်ကျန်တဲ့နိုင်ငံခြားသားတွေ ရောထိုင်းတွေပါအမြင်ကတ်လာလိမ့်မယ်ခုသူတို့ကကိုယ့်ဘက်မှာအများကြီး။
" ရေးသင့်တာကသေဆုံးသူတွေအတွက်ဝမ်းနဲကြောင်း အမှုကိုပွင့်လင်းမြင်သာပြီးအမှန်အတိုင်းဖြစ်စေချင်ကြောင်း
ထိုင်းရဲတပ်ဖွဲ့ရဲ့စွမ်းဆောင်ရေနဲ့လုပ်ရပ်ကိုပြန်စစ်ဆေးသင့်ကြောင်း " ဒီလောက်ဆိုကောင်းနေပြီဒီအမှုဟာ သံသယဖြစ်စရာ တွေ 
မေးခွန်းထုတ်ချင်စရာတွေနဲ့ပြည့်နေတယ် ဒါတွေကိုထိုင်းရဲကကောင်းကောင်းရှင်းပြရင်တော့ပွဲပြီးပြီ။ ခုချိန်ထိသူတို့ကောင်းကောင်း
မရှင်းနိုင်သေးဘူး။ဘယ်လိုအချက်တွေကြောင့်လဲဆိုတော့ဒီလောက်လူကောင်ကွာတဲ့စုံတွဲကိုသူတို့နှစ်ယောက်ဘယ်လိုအနိုင်ယူခဲ့လဲ
ကလေးတွေအရပ်က ငါးပေလေး နဲ့ငါးပေငါးပဲရှိတယ်သေသူရဲ့ဒဏ်ရာတွေဟာအောက်ကပင့်ပြီးလုပ်ထားတဲ့ပုံမပေါက်ဘူး
လှဲချပြီးလုပ်ရင်ရနိုင်တယ် ဒါပေမယ့်တစ်ယောက်ကိုလုပ်နေချိန်မှာကျန်တစ်ယောက်ကအော်တာ ထွက်ပြေးတာ တိုက်ခိုက်တာမ
လုပ်ဘူးလား အမျိုးသားကိုသတ်ပြီးမှအမျိုးသမီးကိုမုဒိန်းကျင့်လို့ရမှာဖြစ်တယ် လူတစ်ယောက်ကိုလောလောလတ်လတ်သတ်ပြီး
ဒီစိတ်ဖြစ်နိုင်လောက်အောင်ပြင်းထန်ပါ့မလား ??? ဒါမှမဟုတ်နှစ်ယောက်လုံးကိုသတ်ပြီးမှ အမျိုးသမီး body ကို rape လုပ်ခဲ့တာ
များလား ??? ဒီလောက်ဇပြင်းလား ??? ဒီကလေးတွေအရင်ကရောကျူးလွန်ဘူးတဲ့ပြစ်ချက်အဟောင်းရှိလား ??? 
အမျိုးသမီးကိုသတ်ပြီး သေသူအမျိုးသားဆီကဘောင်းဘီတိုကိုဘာ့ကြောင့်ယူဝတ်တာလဲသူတို့မှာဘာဒဏ်ရာမှမရှိရအောင် 
ကျဉ်စက်လိုဟာမျိုးသုံးပြီးမှပြန်မလုပ်နိုင်မှသတ်ခဲ့တာလား??? နောက်တစ်ခုကဒဏ်ရာတွေအရလူသတ်သမားဟာ
ဘယ်သန်လို့သိရတယ် ကလေးနှစ်ယောက်လုံးကညာသန်တွေဖြစ်နေတယ်သူတို့ဟာ အရင် DNA အစစ်ခံရတဲ့ အယောက် 30 
ထဲမှာပါဝင်ပြီးဖြစ်တယ်သီချင်းဆိုခဲ့တာလဲအမှန်ပဲ ဒါပေမယ့် သေသူအမျိုးသမီးဆီကလူသတ်သမားရဲ့ သုတ်ရည်ကိုစစ်ရာမှာတွေ့တဲ့ 
DNA နဲ့ကိုက်ညီမှုမရှိဆိုပြီးပြန်လွှတ်ခဲ့တယ် လူတွေသိချင်တာက DNA က ခုမှဘာလို့လာပြီးတူနေတာလဲ ဒါမျိုးရှိလို့လား ???
အသတ်ခံရတဲ့စုံတွဲဟာ AC ဘားကထွက်မလာခင်သူတို့ဘားက လူတွေနဲ့စကားများကတောက်ကဆဖြစ်ခဲ့တယ်
           သူတို့ထွက်သွားချိန်မှာတခြားအဖြူ စုံတွဲတစ်တွဲလဲအတူပါခဲ့တယ်သူ့တို့ကိုခြေရာခံလို့မရတဲ့အတွက်က လျှို့ဝှတ်သောစုံတွဲလို့
အမည်တပ်ခဲ့တယ်သူတို့ကဘယ်သူတွေလဲ ခုဘယ်မှာလဲ ???
ဟယ်နာရဲ့လက်ထဲမှာတွေ့ရတဲ့ဆံပင်ဟာဘယ်သူ့ဆံပင်လဲ???
ဒီဆံပင်ပိုင်ရှင်ဟာလူသတ်သမားမဖြစ်နိုင်ဘူးလား ???ကလေးနှစ်ယောက်မဟုတ်တာတော့သေချာတယ် 
DNA အရဥရောပတိုက်သားတစ်ယောက်ရဲ့ဆံပင်ပါAC ဘားမှာ part time အလုပ်လုပ်တဲ့ သေသူရဲ့သူငယ်ချင်း စကော့လူမျိုး Sean 
ဟာ ကမ်းခြေကနေ တောထဲထွက်ပြေးပြီး ပုန်းနေခဲ့တယ်သူ့ ဖေ့ဘုတ်မှာ AC ဘားပိုင်ရှင်သတ်ခဲ့တယ်လို့ ယူဆရတဲ့ status ရယ် 
AC ဘားက ထိုင်းဖီးယားတွေ သူ့ကို လိုက်သတ်ဖို့ရှာနေကြပြီ ကယ်ကြပါဆိုပြီး Status တင်ခဲ့တယ်
သူဟာတော်တော်ထိတ်လန့်သွေးပျက်ပြီးဒီအမှုကိုဗူးကွယ်ခဲ့တယ်လို့ယူဆရပြီးတစ်ဦးတည်းသောမျက်မြင်သတ်သေဖြစ်နိုင်ပါတယ်
ခု သူပြောတဲ့မာဖီးယားတွေဘယ်ပျောက်နေလဲ ???Sean ရဲ့စကားကိုပိုပြီးခိုင်လုံစေတာက သူရဲ့လက်နဲ့ခြေထောက်မှာသေသူ အမျိုး
သားရဲ့မျက်နှာနဲ့ဦးခေါင်းကဒဏ်ရာနဲဆင်တူတဲ့ဒဏ်ရာတွေကိုတွေ့ရတယ်လက်နက်ဟာလက်သီးထဲကိုထည့်ပြီးသုံးတဲ့ဓားတိုကလေး
တွေလို့ယူဆရတယ် ဒီလက်နက်နဲ့ ကလေးတွေအကျွမ်းဝင်လား??? ဘယ်သူတွေဆောင်တတ်လဲ ??? 
ဒါကို Sean ဘာလို့ ဆိုင်ကယ်စီးရင်းဒဏ်ရာရတာလို့လိမ်ပြီးထွက်ဆိုခဲ့လဲ ??? သူဟာသေဆုံးသူနဲ့အဲ့ညကအတူမရှိဘူးဆိုတာပေါ်
လွင်အောင် facebook မှာဘာလို့ status တင်ပြီး 
ထိုင်းနိုင်ငံကနေချက်ချင်းပြန်ပြေးဖို့လေဆိပ်ကိုသွားရတာလဲ???
တကယ်ပဲကလေးတွေကို ခြိမ်းခြောက်တာတွေ ရက်ရက်စက်စက်နှိပ်စက်ပြီးဖြောင့်ချက်ရယူခြင်းခံခဲ့ရလား???
ပြန်လွှတ်လိုက်ပြီဆိုတဲ့နောက်တစ်ယောက်ဘာလို့ပျောက်နေရလဲ ???
စကားပြန်ရဲ့ဘာသာပြန်မှုဘယ်လောက်ကျွမ်းကျင်လဲ??? 
စူရတ်က ပလာတာရောင်းတဲ့ကုလားကိုဘာကြောင့်သုံးလဲ???
ကလေးတွေ ဂစ်တာတီးသီချင်းဆိုတဲ့ နေရာနဲ့ ဒီလောက်ကပ်နေတဲ့နေရာမှာ 
ချစ်တင်းနှောတာဖြစ်နိုင်ပါ့မလား ??? ဘာ့ကြောင့်ဘယ်သူမှနေရာရွှေ့ဖို့မစဉ်းစားခဲ့ရတာလဲ??? 
ဒါမျိုးမြင်ယုံနဲ့စိတ်မထိမ်းနိုင်ရအောင်ကမ်းခြေမှာအရင်ကရောဒီလိုတွေမလုပ်ကြလို့လား သူတို့မမြင်ဘူးလို့လား ???

AC ဘားပိုင်ရှင်ကျွန်းသူကြီးရယ် သူ့ညီရယ် သူ့သားရယ် အစပိုင်းမှာ DNA စစ်တာကိုဘာလို့ အစစ်မခံလဲ ???
စစ်ပြီးတဲ့အခါမှာကိုက်ညီခြင်းမရှိဆိုတာရောသေချာလား(အဲ့ဒီ့အချိန်မှာရဲချုပ် Koh tao ဆင်းမလာသေးပါဘူး)
AC ဘားပိုင်ရှင်ကျွန်းသူကြီးကသူ့အမေနဲ့ ဝန်ကြီးချုပ်နဲ့အရမ်းရင်းနှီးပြီး 
ဝန်ကြီးချုပ်ရဲ့ပွဲတွေကိုသူပဲတာဝန်ယူပြီးလုပ်ပေးရတယ်ဆိုတာ
               ဘာကြောင့်ပြောသွားတာလဲ??? ဒါ့အပြင် သူကသတင်းစာတွေကိုတရားစွဲမယ် သူတို့လုပ်တာသတ်သေပြနိုင်ရင်ပိုက်ဆံ
ဘယ်လောက်ပေးမယ်ဆိုပြီးဘာလို့ထလုပ်ရတာလဲ ??? ကာဗာယူတာလား မလုံတာလား ????
အလောင်းတွေတွေ့ပြီး ကျွန်းအသွားအလာကိုပိတ်လိုက်တာမနက် 10am မှဖြစ်ပြီး 
မနက်ငါးနာရီခန့်မှာ ကျွန်းကနေ ရေကြောင်းမေးပြီးထွက်သွားတဲ့ ကိုယ်ပိုင်မော်တော်ဘုတ်ပေါ်မှာဘယ်သူတွေပါသွားလဲ ????
သေသူရဲ့ဖုန်းကိုရဲတွေလက်ထဲသူ့သူငယ်ချင်းတွေကအပ်ခဲ့တာဖြစ်ရဲ့သားနဲ့
ဘာလို့ဒီကလေးတွေဆီကရတယ်လို့ပြောရတာလဲ ??? သူ့မှာဖုန်းနောက်တစ်လုံးရှိသေးရင်တောင်ဒီကလေးတွေက
လူသတ်ပြီးယူလာတဲ့ဖုန်းကိုအိမ်မှာပဲသိမ်းထားပါ့မလား ???
ဒီကလေးတွေဟာကျွန်းပေါ်မှာ cctv ကင်မရာတွေဒီလောက်များတာသိရဲ့သားနဲ့
လူသတ်ပြီး သေသူရဲ့ဘောင်းဘီကိုချွတ်ဝတ် အပေါ်ပိုင်းဗလာနဲ့ ပြေးနေတယ်ဆိုတာရော ယုတ္တိရှိရဲ့လား ???
ဒါ့အပြင်ဘာကြောင့် cctv footage clip ထဲက သုံးမိနစ်စာကိုဖျတ်ထားရတာလဲ ???
သတ်တာ မြန်မာလို့ ပြောလိုက် ထိုင်းလို့ ပြောလိုက် လူဖြူလို့ ပြောလိုက် နဲ့အမျိုးမျိုးပြောပြီး ဟိုလူ့ဖမ်း ဒီလူ့ဖမ်း ပြီးရင်ပြန်လွှတ်အနဲဆုံး
သုံးခါလုပ်ခဲ့တယ်ထိုင်းရဲတွေ
ဒီတခါရောသေချာပြီလား ????
ထိုင်းတွေရော နိုင်ငံခြားသားတွေကပါ ဝိုင်းပြီးစောက်သုံးမကျဘူးလို့ 
ပြောတာခံနေရတဲ့ထိုင်းရဲတွေရဲ့အရည်အသွေးဘာလဲ ဘယ်လဲ ????
ထိုင်းရဲတွေကကမဖော်ထုတ်နိုင်တဲ့အတွက်ဖိအားတွေပျောက်အောင်
လက်တလောကုစားခြင်းများလား ????
သူတို့အတွက်ဆားပုလင်းနှင်းမောင်တို့ CID တို့ FBI တို့ကဝိုင်းကူမှရမှာလား ဘာကြောင့်ပွင့်လင်းမြင်သာမှုမရှိတာလဲ ???
ထိုင်းမှာငွေပေးရင်အားလုံးငြိမ်းတယ်လို့နိုင်ငံခြားသားတွေကပါတညီတညာထဲပြောရအောင်ထိုင်းရဲကရုပ်ပေါက်တာရဲချုပ်မသိဘူးလား ???
သို့လော သို့လော တွေအများကြီးနဲ့လူသတ်မှုပါ
ဦးစံရှားလေနဲ့ပြောရရင်တော့အမှုကထင်တာပိုပြီးနတ်နဲလာပြီဗျ။
အခန့်မသင့်ရင်စစ်တောင်ထဖြစ်နိုင်တယ်။
တကယ်ပဲ ဒီကလေးတွေဟာ ထိုးကျွေးခံရတာဆိုရင်တော့တကယ်သနားစရာပါ။
တရားဥပဒေမှာစကားတစ်ခုရှိတယ် အပြစ်ရှိတဲ့သူ ၁၀၀ မှားလွှတ်မိတာထက် အပြစ်မဲ့သူတစ်ယောက်မှားပြီးအပြစ်ပေးခံရမှာပိုစိုးရိမ်ပါတယ်တဲ့။ 
ဘယ်သူသတ်သတ် အမှန်အတိုင်းဖြစ်စေချင်တယ်။
BY:Austin.hein

Twitter Delicious Facebook Digg Stumbleupon Favorites More