မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Tuesday, October 7, 2014
ကွန်ဒုံး၊ ဒီအန်အေ၊ ဟန်းဖုန်း၊ အရပ်အမောင်း၊ ရှပ်အင်္ကျီ၊ ပေါက်ပြား နှင့် လူသတ်တရားခံဟု စွပ်စွဲခံထားရသည့် မြန်မာလူငယ် ၂ ဦး
7 October 2014 15:44(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
BY: သစ်ထုးလွင်
              ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းက ဗြိတိသျှ ကမ္ဘာလှည့်နှစ်ဦး ရက်စက်စွာ အသတ်ခံ ရခြင်းကြောင့်
 မြန်မာ အမျိုးသား နှစ်ဦးကို ဖမ်းဆီးခြင်း သည် တရားခံအစစ် မဟုတ်ဘဲ မှားယွင်း ဖမ်းဆီး ထားကြောင်း အပြစ်တင်သံ 
များပေါ်ထွက်နေပါသည်။ ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက် စာမျက်နှာပါ သတင်း မှတ်ချက် ပေးမှုများ အရ ထိုင်း
လူမျိုးများ အပါအ၀င် ပြည်တွင်း ပြည်ပက လူများက ထိုမြန်မာ အမျိုးသား နှစ်ဦင်္းသည် ထိုင်းရဲများ ပြောသလို မုဒိန်းမှုနှင့် 
လူသတ်မှူများ ကျူးလွန်ခဲ့သည် ဆိုတာကို ယုံကြည်ခြင်း မရှိကြောင်း သိရသည်။
             ထိုင်းရဲတပ်ဖွဲ့ က အဆိုပါ တရားမ၀င်နေထိုင်သူ မြန်မာအလုပ်သမားနှစ်ဦး သည် ဗြိတိသျှ ခရီးသည် ဒေးဗစ်မေ
လာအသက် ၂၄နှစ်နှင့် ဟန်နာ ၀ီသာရစ်ခ်ျ ၂၃နှစ်ကို သတ်ခဲ့ကြောင်း ၀န်ခံ ထားသည်ဟု စွပ်စွဲထား ပါသည်။ မြန်မာ အလုပ်
သမား ၂ ဦး သရုပ်ပြခဲ့တဲ့ အတိုင်း ပေါက်ပြားပေါက်ချွန် ဖြင့် ဒေးဗစ်မေလာ အား စတင် တိုက်ခိုက်ခဲ့သည် ဟု သရုပ်ပြ ခဲ့သော်
လည်း ဒေးဗစ်မေလာ၏ အလောင်းပေါ်မှ ဒဏ်ရာနှင့် ပုံစံ ကိုက်ညီမှု မရှိကြောင်း ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိပါသည်။ 
အဲသည်အချက် အပေါ် ထိုင်းရဲ က ပေါက်ပြား၏ အစွန်းပိုင်းနှင့် ထိမိသည့် ဒဏ်ရာများဟု ချေပခဲ့ ပါသည်။
                   ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည်နှစ်ဦး၏ အလောင်းကို လိပ်ကျွန်းတွင် စက်တင်ဘာ လ ၁၅ ရက်နေ့ က တွေ့ 
ရှိခဲ့သည်။မြန်မာအလုပ်သမားနှစ်ဦး၏ မျိုးရိုးဗီဇ ဒီအန်အေ စစ်ဆေးချက် သည် ဗြိတိသျှအမျိုးသမီး ဟန်နာဝီသာရစ်ချိ၏ ခန္ဒာ
ကိုယ်မှ ဒီအန်အေနှင့် တူညီနေကြောင်းတွေ့ ရသည်ဟု ထိုင်းရဲတပ်ဖွဲ့ ကပြောကြားသည်။ ထိုင်းရဲတပ်ဖွဲ့ သည် ကျွန်းပေါ်ရှိ 
အလုပ်လုပ်နေသော အမျိုးသား၂၀၀ ကျော်၏ ဒီအန်အေများကို စစ်ဆေးခဲ့ ပြီး အများစု မှာ မြန်မာအလုပ်သမားများ ဖြစ် ပါ
သည်၊ သို့ရာတွင် ဒီအန်အေ စစ်ဆေးမှု သည် ဗြိတိသျှအမျိုးသမီး ကိုယ်ပေါ်က ဒီအန်အေများနှင့် ကိုက်ညီမှု မရှိဟု ရဲများက
 အစပိုင်း တွင် ပြောကြားခဲ့ပါသည်။
              ထို့ နောက် မြန်မာအမျိုးသားနှစ်ဦးက လူသတ်မှူု ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး သူတို့ နှစ်ဦင်္း သည် ဗြိတိသျှအမျိုး
သမီး ဟန်နာဝီသာရစ်ခ်ျ၏ ခန္ဒာကိုယ်မှ ဒီအန်အေနှင့် တူညီနေကြောင်းတွေ့ ရသည်ဟု ရဲတပ်ဖွဲ့ က တဖန်ကြေညာ ခဲ့ ပြန်သည်။
ထို့ အပြင် အစောပိုင်းက ရဲတပ်ဖွဲ့  က ကြေညာရာတွင် အခင်းဖြစ်ပွား သည့်နေရာ တွင် ကွန်ဒုံး တခုကို တွေ့ ရပြီး ဟန်နာဝီသာ
ရစ်ချိ၏ ခန္ဒာကိုယ်မှ ဒီအန်အေကို အဆိုပါ ကွန်ဒုံးအပြင်ဘက် တွင် တွေ့ ရသည်ဟုဆိုသည်။ သို့ ရာတွင်ကွန်ဒုံး၏အတွင်းတွင် 
မည်သူ့၏ ဒီအန်အေ ကို တွေ့ ရှိသည် ဆိုသည် ကို ထိုင်းရဲက ပြောကြားခြင်း မရှိပါ။
               အဆိုပါ အမှုကို စုံစမ်းနေသော ထိုင်းစုံစမ်းရေးအဖွဲ့ က မြန်မာလုပ်သား ကိုဝင်း အသက် ၂၁ နှစ်နှင့် ကိုစိုး အသက် 
၂၁နှစ်ကိုတရားခံ အဖြစ် ဖော်ထုတ် ထား ပါသည်။ ထို့ အပြင် ကိုမောင် အသက် ၂၃နှစ်ကိုလည်း အစိုးရ သက်သေအဖြစ် 
ထိန်းသိမ်းထားသည်။ ကိုမောင်မှာ ကိုဝင်း၊ ကိုစိုးတို့နှင့် အခင်းဖြစ်ပွားသည့် ညက ဂစ်တာအတူတီးခဲ့ပြီး စောပြန်သွားခဲ့သည်ဟု 
ထိုင်းရဲက ဆိုသည်။
                    ထိုင်းရဲက ဟန်နာ၏ လက်ကိုင်ဖုန်းကို အဆိုပါ မြန်မာလုပ်သားများ နေထိုင် ရာ နေရာ နောက်ဖေးမှာတွင် တွေ့
ရှိခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သော် လည်း အခင်းဖြစ်ပွားပြီး နောက်တစ်ရက်တွင် ဟန်နာ၏ မိတ်ဆွေများ
က (ဟန်နာ မေ့ကျန်ခဲ့သည့်) ဖုန်းကို ရဲထံ လူကိုယ်တိုင်သွားရောက် အပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထောက်ပြချက်များ ထွက်
ပေါ်လာပြီးနောက် ဖုန်းမှာ ဒေးဗစ်၏ ဖုန်းကို ရှာတွေ့ ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲက ဌာနမှ အတည်ပြုချက်ရယူခြင်း မရှိပဲ ချက်ချင်း
ပင် ပြင် ဆင်ပြောကြား ခဲ့ကြောင်း ဘန်ကောက် ပို့စ်သတင်း တွင် ဖော်ပြ ခဲ့သည်။ ဟန်နာ၏ ဖုန်းကို စက်တင်ဘာလ ၁၈ ရက်
နေ့ကပင် ဟန်နာ၏ မိသားစုထံ ထိုင်းရဲမှ ပြန်လည် အပ်နှံ ခဲ့ပြီး ဖြစ်သည်။
               သို့သော် ဝေဖန်သူများကမူ လက်ရှိအချိန်တွင် တန်ဖိုးတစုံတရာ မရှိတော့သည့် ဖုန်း အဟောင်း တစ်လုံးကို ထိုမျှ နိုင်ငံ
တကာ၏ အာရုံစူးစိုက်မှုရနေသည့် လူသတ်မှုကြီးကို ကျူးလွန်ထား ပါက မိမိတို့ အနီးအနားတွင် သိမ်းထား စွန့်ပစ်ထားမည် မဟုတ်
ဟု ပြန်လည်ထောက်ပြကြသည်။ အလွယ်တကူပင် လူသွားနည်းသည့် ကမ်းခြေတစ်နေရာမှ ပင်လယ်ထဲသို့ လွင့်ပစ်လိုက်နိုင် သည် 
ဟု ထောက်ပြကြ သည်။
               ထို့ပြင် ဒေးဗစ်၏ ၆ ပေ ပတ်ဝန်းကျင် အရပ်နှင့် လူသတ်တရားခံအဖြစ် စွပ်စွဲခံ ထားသည့် မြန်မာ ၂ ယောက်၏ အရပ်အ
မောင်းများကိုလည်း ယှဉ်ပြပြီး CSI LA စာမျက်နှာ မှ မေးခွန်းထုတ်ခဲ့သည်။ ဒေးဗစ် အလောင်းမှ ရဲက ပြသထားသည့် ဒဏ်ရာများ 
အားလုံးသည့် ဦးခေါင်းနှင့် ပုခုံးပိုင်းတွင် ဖြစ်နေကြောင်း တွေ့ရှိ ရသည်။
                     ထပ်ဆင့်၍ မြန်မာတရားခံတစ်ဦးမှာ စတိုးဆိုင်တွင် ဆေးလိပ်ဝယ်စဉ် ၀တ်ဆင် ထားသည့် အင်္ကျီကို ကမ်းခြေ
တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာပင် ၀တ်ဆင် ထားသည်။ တရားခံမှန်ပါက ၄င်းတို့၏ ပြစ်မှုကျူးလွန်စဉ်က ၀တ်ဆင် ခဲ့သည့်
 အ၀တ်အစားမှန်သမျှကို ရဲက သိမ်းဆည်းပြီး ဟန်နာ၏ သွေးဇီဝ အထောက်အထားများ ကပ်ညှိနေမှု ရှိမရှိ စစ်ဆေးမှုများ အမြန်
 ပြုလုပ်ရမည်ဟု ထိုင်းရဲမှုးဟောင်းတစ်ဦးက ဘန်ကောက်ပို့စ်သို့ ပြောကြားခဲ့သည်။
               "ဒီအန်အေ တွေ့ရှိမှုဟာ အပြန်အလှန်ဖြစ်ရမယ်။ မဟုတ်၇င် သံသယဖြစ်ဖွယ် ရှိပြီး တရား သူကြီးရဲ့ ယုံကြည်မှုကို 
ရရှိဖို့ ခက်ခဲပါတယ်" ဟု ၄င်းက ဆက်လက်ပြောကြား ခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုင်း Rights and Liberties Protection 
Department မှလည်း မြန်မာ တရားခံ ၂ ဦးမှာ အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်နိုင်ရန် ခက်ခဲနေသေးကြောင်း၊
 လိုအပ်ပါက ကျွမ်းကျင်သည် ရှေ့နေများကို ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သည်နေရှင်း သတင်းစာ သို့ ပြောကြားခဲ့သည်။
မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ထိုင်းစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ကမူ ထိုင်းရဲများ၏ 
တွေ့ရှိချက်ကို အကြွင်း မရှိ ယုံကြည်ကြောင်း၊ ထိုင်းရဲ များတွင် သက်သေအထောက်အထား အတိအကျရှိပြီး ၄င်းတို့၏ အမှုကို
 မြန်ဆန်စွာ ဖော် ထုတ်နိုင်မှုကို ချီးကျူးကြောင်း သတင်းထောက်များ၏ အမေးကို ဖြေဆိုခဲ့ကြောင်း ထိုင်းသတင်း များတွင် ဖော်
ပြခဲ့သည်။ ၀န်ကြီးချုပ် ပရာရွတ်က အဆိုပါ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုဆုများပင် ပေးအပ် မည်ဟု ဆိုသည်။
               ထိုင်းရဲက လူသတ်လက်နက်ကို ဆက်လက်ရှာဖွေဆဲ ဖြစ်ကြောင်း ထိုင်းသတင်းထောက်များကို အသိပေးခဲ့ပြီး အဆိုပါ 
ချွန်ထက်သည့်လက်နက် မှာ ပေါက်ပြား ပေါက်ချွန် ပေါက်တူး အစရှိ သည်ဖြင့် မည်သည့် (ပေါက်) အမျိုးအစားဖြစ်သည်ကို 
ဖော်ပြခြင်း မရှိသေးပေ။
ဘာသာပြန် - လင်းလင်း + သည်လေဒီးစ်
Monday, October 6, 2014
IS နိုင်ငံတကာ အကြမ်းဖက်သမားစာရင်း မြန်မာလက်ခံရရှိ
VOA (မြန်မာ)
          ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံရဲ့အကြမ်းဖက်သမား ၇၈၁
 ဦးစာရင်းကို မြန်မာနိုင်ငံကလည်း လက်ခံ ရရှိထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နယ်စပ်ဖြတ်ကျော် မှုခင်း
ဌာန ရဲမှူးကြီးတဦး ကပြောပါတယ်။
                  ရှေ့လထဲမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုးဘားမား 
ကိုယ်တိုင် လာရောက်ဖို့ရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့လုံခြုံရေး ကိုလည်း အခုထဲက တိုးမြှင့်ထားတယ်လို့ သူကပြောပါတယ်။
 အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။ ၆၉ ကြိမ်မြောက် ကုလ
သမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်ပြီးတော့ ကုလလုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို အမေရိကန်
သမ္မတ အိုဘားမားက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာပါ။ အဲဒီအစည်းအဝေးအတွင်းမှာပဲ နိုင်ငံပေါင်း ၃၃ နိုင်ငံက အကြမ်း
ဖက်သမား ၇၈၁ ဦးရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြမ်းဖက်သမား ၇၀၀ ကျော် အစ္စလာမ်မစ် အစွန်း
ရောက်အဖွဲ့ IS နဲ့ ပူးပေါင်းထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
                       အခုထုတ်ပြန်ခဲ့တဲ့ စာရင်းဟာ အမေရိကန် CIA က ဦးဆောင်ပြီးတော့ ရရှိထားတဲ့ စာရင်းကို နိုင်ငံတကာ
 ရဲတပ်ဖွဲ့ (Interpol) ကနေတဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပေးပို့လာတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံဖြတ်ကျော်
 မှုခင်းဌာနက ရဲမှူးကြီး ဦးအောင်ဌေးမြင့် က ပြောပါတယ်။
               "အမေရိကန် အစိုးရကတော့ အားလုံးသိတဲ့အတိုင်းပဲလေ၊ Leading Role မှာပဲ သူပါတယ်။ အဲဒီဟာနဲ့ ပတ်သက်
လို့ အချက်အလက်တွေရတယ်၊ ဘာညာဆိုလို့ရှိရင် Interpol ကိုပေးတယ်၊ Europol ဆိုတာ ဥရောပသမဂ္ဂ ရဲအဖွဲ့ဆိုတာရှိ
တယ်။ Europol ကိုပေးတယ်၊ Interpol ကိုပေးတယ်။ ပြီးရင်ကျနော်တို့ ဒီဘက်ကနိုင်ငံတွေနဲ့ ဆက်စပ်မယ်ဆိုလို့ရှိရင် 
အာဆီယံ နိုင်ငံတွေနဲ့ ဆက်စပ်မယ်ဆိုရင် Aseanapol ကို သူပေးတယ်။ အဲဒါကတော့ သူကတော့ အကုန်လုံး အချက်
အလက်တွေကိုပေးမယ်၊ ဒါကတော့ အားလုံးနိုင်ငံတွေ ၀ိုင်းဝန်းပြီးတော့ ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ဆိုတဲ့ဟာပေါ့။ ဒီအကြမ်း
ဖက်သမားလို့ သတ်မှတ်ချက်ဆိုတာ သူတို့ရဲ့ CIA ရဲ့ ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ မူတည်ပြီး သတ်မှတ်
ထားတယ်။ ဒါက terrorist, terrorism ဒါက ဘယ်သူတွေ၊ ဘယ်သူတွေဆိုတာ သတ်မှတ်ချက်ပေါ့နော်။"
                    အကြမ်းဖက်သမားလို့ သတ်မှတ်ခံထားရတဲ့ ၇၈၁ ဦးလုံးရဲ့ အမည် စာရင်းကို ရရှိထားပေမဲ့လည်း အားလုံးရဲ့ 
အချက်အလက် ပေါင်းစုံကိုတော့ မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။"ဟုတ်ကဲ့ အဲဒီဟာနဲ့ ပတ်သက်လို့ သူတို့ကတော့ 
အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူတွေနဲ့ပတ်သက်ရင် ကျနော်တို့ Interpol ပေါ့နော်၊ Interpol အဖွဲ့ဝင်နိုင်ငံတွေ 
အားလုံးကိုတော့ သူတို့ share လုပ်ပါတယ်။ share လုပ်ပြီးတော့မှ အဲဒီအကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူတွေရဲ့ 
ကိုယ်ရေးအချက်အလက်တွေ၊ ပတ်စ်ပို့မှတ်ပုံတင် နံပတ်တွေ၊ ဒါတွေကတော့ အကုန်လုံး share ထားတာပေါ့နော်။ ဒါပေမဲ့ 
၇၀၀ ကျော်လုံးရဲ့ အချက်အလက်တွေ အားလုံးကတော့ ကျနော်တို့ဆီ မရောက်သေးဘူး။ ကျနော်တို့က Interpol နဲ့ ဆက်
တဲ့အခါမှ 24/7 Channel နဲ့ ဆက်တာပေါ့နော်။ Chat-7 ဆိုတာကလည်း ဘယ်လိုခေါ်မလဲ ကျနော်တို့ Gmail လိုပါပဲ။ 
ဒါပေမဲ့ safety connection တခုနဲ့ ဆက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မရောက်သေးပါဘူး။ အဲဒါတွေ၊ နောက်ကျရင် 
ကျနော်တို့ကို ဆက်ပြီးပေးမှာပဲ။ အခုတော့ အကြမ်းဖျဉ်းပဲ သိရတယ်ပေါ့နော်ရှေ့လ နိုဝင်ဘာလထဲ မြန်မာနိုင်ငံမှာ အရှေ့
တောင်အာရှ ထိပ်သီးဆွေးနွေးပွဲတွေလည်း ကျင်းဖို့ ရှိနေတာပါ။ ဒီအစည်းအဝေးကို နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့အ
တူ အမေရိကန်သမ္မတ အိုဘားမားလည်း လာရောက်ဖို့ ရှိပါတယ်။ ဒါကြောင့် အခုလို အကြမ်းဖက်သမားစာရင်းတွေ ထွက်
ပေါ်လာတာနဲ့အတူ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း လေဆိပ်ဝင်ပေါက် 
အပါအ၀င် နယ်စပ်ဝင်ပေါက်တွေမှာပါ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။
            "လုံခြုံရေး ဆက်တိုးမြှင့်ထားတယ် ဆိုတာကတော့ ဒီလိုပါ။ မကြာခင် ကျနော်တို့နိုင်ငံမှာ Summit ဆိုတာကြီးကို 
ကျင်းပတော့မှာ ဖြစ်တယ်လေ။ အားလုံးသိတဲ့အတိုင်း၊ ဒီ Summit မှာ ကျနော်တို့ Asean plus ပေါ့ dialogue partner အင်
အားကြီးနိုင်ငံတွေက အကြီးအကဲတွေ လာမှာဖြစ်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ယခင်ကထက် ပိုပြီးတော့မှ ကျနော်
တို့က လုံခြုံရေး ဆောင်ရွက်မှုတွေကို ဂရုစိုက်တယ်ပေါ့။ အဲဒီတော့ လုံခြုံရေးဆောင်ရွက်မှုတွေကို ဂရုစိုက်တယ်ဆိုတဲ့ ဥစ္စာမှာ
 ဘာတွေကို စလုပ်ရလဲဆိုတော့ အဝေးစည်းတွေပေါ့၊ နယ်စပ်ဝင်ပေါက်တွေကနေမှ အ၀င်အထွက် နေရာတွေမှာ စစ်ဆေးမှု
တွေကို ကျနော်တို့ ပိုပြီးတော့မှ၊ စနစ်တကျ ပိုပြီးတော့မှလုပ်တယ်။ မသင်္ကာတာတွေ့လို့ရှိရင် ဟိုဖက်နိုင်ငံ ဒီဖက်နိုင်ငံ၊ ဥပမာ 
ထိုင်းနယ်စပ်မှာ ဆိုလို့ရှိရင် ကျနော်တို့ မဲဆောက်ကနေ ၀င်တဲ့လမ်းရှိတယ်။ ဟိုဖက်က မဲဆိုင်ကနေ ၀င်တဲ့လမ်းရှိတယ်။ ကော့
ကရိတ်က ၀င်တဲ့လမ်းရှိတယ်။ အဲဒီ တရားဝင် ၀င်ထွက်ခွင့်လမ်းထားတဲ့ Legal Routes တွေကနေ ၀င်တဲ့လမ်းကြောင်းတွေမှာ
 ပိုပြီးတော့မှ စိစစ်မှုတွေကို ဂရုစိုက်ဆောင်ရွက်တယ်။ တခြား international airports တွေမှာ၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော် 
အဲဒီမှာ ၀င်တဲ့ဟာတွေကို ကျနော်တို့ စစ်တဲ့ဟာတွေရှိတယ်။ Interpol Channel ကနေပြီးမှ ပြစ်မှုနဲ့ပတ်သက်ပြီးမှ ကျူးလွန်
တဲ့ Data တွေအားလုံး သူတို့မှာရှိတယ်။ အဲဒီ Data တွေကို အင်တာနက်နဲ့ တခါတည်းဆက်ပြီး တန်းစစ်၊ တန်းစစ် မိနစ်ပိုင်း
အတွင်းမှာ ဒီကောင်တွေ ပတ်စ်ပို့အားဖြင့်သော်လည်းကောင်း၊ လက်ဗွေအချက်အလက် အားဖြင့်သော်လည်းကောင်း လူဆိုး
စာရင်းဝင်၊ အကြမ်းဖက်စာရင်းဝင် စသဖြင့် အဲဒီလိုမျိုး စာရင်းဝင်ထားတဲ့လူ ပါလာတာနဲ့ ကျနော်တို့က ချက်ခြင်းသက်ဆိုင်ရာ 
နိုင်ငံကို အကြောင်းကြားတယ်။"
            Al-Qaida ခေါင်းဆောင် Ayman al-Zawahiri က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေက
 မူဆလင်တွေအတွက် Al-Qaida အိန္ဒိယအဖွဲ့ခွဲ ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာခဲ့အပြီး မြန်မာ
နိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သူက ကြေညာထားတာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုတွေကလည်း အဲဒီလို
 ပြောဆိုခဲ့ပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး အပါအ၀င် နေပြည်တော်မှာပါ လုံခြုံရေးတိုးမြှင့်မှုတွေ တောက်လျှောက် လုပ်ဆောင်
ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ အခုလို အကြမ်းဖက် ခြိမ်းခြောက်မှု ခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ 
မရှိဘူးဆိုပြီးတော့လည်း သူ့ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါသေးတယ်။
လွတ်မြောက်နေသော သံသယဖြစ်ဖွယ် သုံးဦး
BY: နစ်နေမန်း သတင်းနှင့် စုစည်းချက်
        သံသယရှိဖွယ် တစ်ဦးကတော့ အသတ်ခံရသူ David Miller ရဲ့  သူငယ်ချင်းဖြစ်သူ Sean McAnna ပါ။ သူ့ 
ကို ထိုင်းကနေ အလွယ်တကူ ထွက်ခွာမှုပေးခဲ့တာဟာလည်း သံသယဖြစ်စရာပါ။ ထွက်ပြေးတိမ်းရှောင်ဖို့ ဆိုတာ
လည်း လွယ်ကူတဲ့အခြေအနေ မဟုတ်ပါ။
           ဗြိတိန်အခြေစိုက် British Press ရဲ့  တီဗွီမှာ ပြောကြားခဲ့တဲ့ သူ့ ရဲ့  အင်တာဗျူးမှာ သူ့ နောက်ကို ထိုင်းမာ
ဖီးယား နှစ်ယောက် လိုက်လာခဲ့တယ်လို့  ပြောတဲ့အချိန်ဟာ ထိုင်းရဲက ထုတ်ဖော်ပြသခဲ့တဲ့ အချိန်တွေအရ စောနေ
တာကို တွေ့ ရတာကြောင့် သံသယရှိစရာပါ။
          နောက်ပြီး သူ ပြောတဲ့ စတိုးဆိုင်ထဲ ၀င်ပုန်းပြီး အရောင်းစာရေးမလေးဆီက ဖုန်းငှားက သူနောက်လိုက်လာ
တဲ့ သူနှစ်ဦးရဲ့  ပုံကို ဓါတ်ပုံရိုက်ကူးကာ သူ့ ရဲ့ ဖေ့စ်ဘွတ်ပေါ်တင်ခဲ့တာပါလို့  ပြောကြားချက်နဲ့  ဓါတ်ပုံအနေအထားက
 စတိုးဆိုင်အတွင်းမှာ ရိုက်ကူးတဲ့အနေအထား လုံးဝ မဖြစ်နိုင်ပါဖူး။ နောက်ပြီး ဒီဓါတ်ပုံပါ နှစ်ဦးထဲက တစ်ဦးဟာ 
AC Bar ရဲ့  ဆိုင်ပိုင်ရှင်ဖြစ်နေတာဟာလည်း ထူးဆန်းနေပါတယ်။ ဓါတ်ပုံပါ အဲ့ဒီသူနှစ်ဦးရဲ့  ပုံသဏ္ဍန်ဟာ Sean McAnna
 ရဲ့ နောက်ကို လိုက်လာတဲ့ဟန်မျိုး မဖြစ်နေပါဖူး။
           နောက်အကြောင်းအရတစ်ခုကတော့ Sean McAnna ရဲ့  လက်ဖျံမှာ ရထားတဲ့ ဒဏ်ရာပါ။ ဒီဒဏ်ရာဟာ အ
သတ်ခံရသူ David Miller ရဲ့  မျက်နှာ၊ မေးအောက်နဲ့  ဦးခေါင်းမှာ ရရှိထားခဲ့တဲ့ ဒဏ်ရာနဲ့  ထပ်တူထပ်မျှပါ။ Sean 
McAnna မှာ လက်ဖျံမှာ သိပ်ပြီး မနက်တဲ့ ဒီဒဏ်ရာတစ်ချက်ဘဲ ရရှိပြသထားတာဟာ မေးစရာ မေးခွန်းတွေ ရှိနေပါတယ်။
 Sean McAnna ရဲ့  ဂစ်တာပေါ်မှာ မြင်သစွာ တွေ့ မြင်နေရတဲ့ သွေးစတွေကို ဘာလို့  Sean McAnna က မဖယ်ရှားခဲ့
တာလည်း၊ Sean McAnna အနေနဲ့  အကြောင်းတစ်ခုခုကို ပြချင်လို့  ဒီတစ်ချက်တည်းသော ဒဏ်ရာကို သူ့ ဖာသာ
 ဖန်တီးခဲ့တာလား၊ သွေးစွန်းနေတဲ့ သူ့ ရဲ့  ဂျင်းဘောင်းဘီကရော ဘယ်မှာလည်း။
            အခင်းဖြစ်တဲ့ညမှာ အရက်မူးလွန်ပြီး အိပ်ရာထဲက မထနိုင်ဖြစ်ခဲ့ကာ David Miller နဲ့  မတွေ့ ဖြစ်ခဲ့ဖူးလို့ ဆိုထားပြီး
 လူသတ်မှုဖြစ်ပြီး နာရီပိုင်းလောက်မှာဘဲ သူ့ ရဲ့ ဖေ့စ်ဘွတ်မှာ အသသတ်ခံခဲ့ရတဲ့ David Miller နဲ့  ပတ်သက်ပြီး သူစိတ်ထိ
ခိုက်ရတဲ့ ရေးသားချက်တွေ တင်ခဲ့တယ်။ အသတ်ခံခဲ့ရတဲ့ David Miller တို့  အလောင်းတွေကို နောက်နေ့ မနက်အချိန်ကျမှ
 တွေ့ ရှိရတာထက် စောပြီး Sean McAnna က ဘယ်လို သိခဲ့တာလည်း။ သံသယရှိစရာ Sean McAnna ဟာ ဗြိတိန်နိုင်ငံမှာ
 မနေတော့ဘဲ သူ့ ချစ်သူနဲ့  တွေ့ ဆုံဖို့ ဆိုပြီး အီတလီနိုင်ငံကို ထွက်ခွာမှု ပြုတာရော ရှောင်တိမ်းတာ မဖြစ်နိုင်ဖူးလား။
အခြားအချက်တစ်ချက်ကတော့ အရပ်အမြင့်ပေ 190 cm (၆ ပေ ၂၄ လက်မ) အရပ်မြင့်တဲ့ David Miller ကို တိုက်ခိုက်
သတ်ဖြတ်နိုင်ဖို့  လက်ရှိသံသယနဲ့  စွပ်စွဲထားတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့  အရပ် ကိုယ်လုံးကိုယ်ထည်နဲ့  မလွယ်ကူနိုင်သလို၊
 သံသယရှိဖွယ် AC Bar ပိုင်ရှင်နဲ့  သူ့ ရဲ့ သားရဲ့  ကိုယ်ခန္ဓာအနေအထားနဲ့ လည်း မလွယ်ကူနိုင်ပါဖူး။
           သံသယရှိစရာ ဒီအချက်တွေကို သုံးသပ်ကြည့်ရင် David Miller နဲ့  Hannah Witheridge တို့ ကို တိုက်ခိုက်သတ်
ဖြတ်မှုမှာ Sean McAnna ရယ်၊ AC Bar ပိုင်ရှင်ရယ်၊ AC Bar ပိုင်ရှင်ရဲ့  သားဖြစ်သူရယ် ပါဝင်နိုင်တယ်လို့  သံသယရှိသလို၊
 သူတို့ အချင်းချင်း အပြန်အလှန် လက်သည်တရားခံလွဲချဖို့  အကွက်ဆင်ခဲ့ကြတယ်လို့  ဆိုရမလို၊ ကြားထဲက မြန်မာနိုင်ငံ
သားနှစ်ဦးကို တရားခံများအဖြစ် အစားထိုးလုပ်ကြံဖန်တီးတယ်လို့  ယုံကြည်ရပါတယ်။ (ဒီနေရာမှာ သတိထားစရာက ထိုင်းရဲ
 ရဲ့  CCTV ဗွီဒီယိုမှတ်တမ်းပါ လမ်းလျှောက်သူလူငယ်ရဲ့  ဆံပင်ပုံစံဟာ လက်ရှိစွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ 
ဆံပင်ပုံစံနဲ့  မတူပါဖူး၊ CCTV ပါ လူငယ်ရဲ့  နားသည်အောက်နားက ဆံပင်ဟာ အရှေ့ ဖက်ကို သိသိသာသာ ရှည်နေပြီး 
အပေါ်ဘက်ကို ကောက်နေပါတယ်။ AC Bar ပိုင်ရှင် ထိုင်းလူမျိုးရဲ့  သား ပါဝင်မှုရှိတယ်လို့  ထိုင်းနိုင်ငံသူနိုင်ငံသားတွေ
 သုံးသပ်ချက်အရ အဆိုပါ AC Bar ပိုင်ရှင်သား မဖြစ်နိုင်ဖူးလားဆိုတာ သံသယရှိစရာပါ၊ ယခုလက်ရှိထိ သူ့ ရဲ့ အကြောင်းနဲ့ 
 ပုံရိပ်ကို ထိုင်းရဲတွေ လုံးဝ တစ်စွန်းတစ်မှ မဟသေးပါဖူး)။
                Sean McAnna ရယ်၊ AC Bar ပိုင်ရှင်ရယ်၊ AC Bar ပိုင်ရှင်ရဲ့ သား - ဒီသုံးဦးစလုံးဟာ DNA စစ်ဆေးခံရမှု မရှိဘဲ
လည်း လွတ်မြောက်နေပါတယ်။ ဒီအတွက် ကျွန်တော်တို့  မြန်မာတွေအနေနဲ့  အဆိုပါ Sean McAnna ရယ်၊ AC Bar ပိုင်ရှင်
ရယ်၊ AC Bar ပိုင်ရှင်ရဲ့ သား - သုံးဦးစလုံးကို ဖမ်းဆီးစစ်ဆေးစေဖို့  ထိုင်းအစိုးရနဲ့  ဗြိတိန်အစိုးရတို့ ကို တောင်းဆိုသင့်ပါတယ်။
နစ်နေမန်း။
တိန်စုံတွဲ အသက်ခံရမှု၌ စွပ်စွဲဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးနှင့် မြန်မာသံရုံးက အထူးဖွဲ့ စည်းထားသောအဖွဲ့နှင့်တွေဆုံ
By: ရွှေလုပ်သား
             တိန်စုံတွဲ အသက်ခံရမှု၌ စွပ်စွဲဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးဖြစ်သည့် မောင်ဝင်းဇော်ထွန်း
 (အဖအမည် ဦးထွန်းထွန်းထိုက် အမိ ဒေါ်မေသိန်း ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကာပီကျေးရွာ)
မောင်ဇော်လင်း (အဖ ဦးမြအောင်(ကွယ်လွန်)+ အမိ ဒေါ်ဖြူနုချေ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် 
မိချောင်ရေသောက် ကျေးရွာ) တို့နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးဖွဲ့ စည်းထားသောအဖွဲ့နှင့် 
ယနေ့၌ တွေ့ဆုံကြရာ တရားခံဟု စွပ်စွဲခြင်းခံထားရသော မြန်မာအလုပ်သမားနှစ်ဦး၏ ထွက်ဆိုချက်များ 
မှာ ရှေ့နောက်မညီညွတ်မှုများကို တွေ့ရှိခဲ့ရသလို မောင်ဇော်လင်း၏ရင်ဘက်၌ ရဲစခန်း၌ ဘာသာပြန်မှ 
လက်သီးနှင့်ထိုးထားသည့် ဒဏ်ရာနှင့် ပုလိပ်ခြေထောက်ဖြင့် ကန်ကျောက်ထားသည့် ဒဏ်ရာများမှ အပ
 ၎င်းတို့၏ နှစ်ဦးတွင် အခြာသူများနှင့် တိုက်ခိုက်ထားသည့် ဒဏ်ရာများလုံးဝ မတွေ့ရပါ။
            အဆိုပါ လူသက်တရားခံဟု စွပ်စွဲထားခြင်းခံရသော လူငယ်နှစ်ဦးနှင့် တွေ့ဆုံ မေးမြန်ရာ၌ သူတို့
နှစ်ယောက်သည် အသံသွင်းထားတဲ့ တိတ်ခွေတစ်ခုလို အသက်မပါပဲပြောသလိုဖြစ်နေပါသည်။ ယခုဖြစ်စဉ်
နှင့်ပက်သက်သော အမှုများကို ကိုယ်စာလှယ်အဖွဲ့မှ ကူးယူ ခွင့်တောင်း ရာ ထိုင်းအာဏာပိုင်များမှ လုံးဝကူး
ယူခွင့်မပေးဘူး။ လူသက်တရားခံဟု စွပ်စွဲခြင်းခံနေရသည် မြန်မာလူငယ်နှစ်ဦးသည် ရှေ့နေပါဝါလွှာစာမှာ
 လက်မှတ်ထိုးခဲ့ပါသည်။
             ယခုအမှုကို စိတ်ပါသူများ မနက်ဖြန်၌ ဘန်ကောက်မြို့ ထိုင်းရဲဌာနချုပ်မှာ ယခုအမှုနှင့်ပက်သက်၍ 
သတင်းထုတ်ပြန်မည်ဟု သိရပါသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးဖွဲ့ စည်းထားသောအဖွဲ့က
 မှုခင်းဖြစ်ပွား ရာ ကော့တောင်ကျွန်သို့ မနက်ဖြန်ထပ်မံသွားရောက်မည်ဟု သိရပါသည် ။
လိပ်ကျွန်းလူသတ်မှု၌ အဖမ်းခံရသည့် မြန်မာများအရေး ထိုင်းဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန် ဆွေးနွေးမည်
By: ဧရာဝတီ
           ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာပြည် ခရီးစဉ်အတွင်း ထိုင်းတောင်ပိုင်း လိပ်ကျွန်း
လူသတ် မှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားသည့် မြန်မာနိုင်ငံသားများကိစ္စကို သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ဆွေးနွေး
သွား မည်ဟု သိရသည်။
          သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ ဗိုလ်ချုပ်ကြီး ပရာယုဒ်နဲ့ သမ္မတကြီးတွေ့တဲ့အခါ ဆွေးနွေးတဲ့အထဲ
 အဲဒါပါ ပါမယ်။ ကျနော်တို့က နိုင်ငံခြားရေး ၀န်ကြီးကနေ ပြောထားတယ်။ ပထမပိုင်း သံအမတ် ကြီး ဦးဝင်းမောင်က ပြောပေ
 မယ့် သူတို့ဘက်က လိုလိုလားလား မရှိဘူးဖြစ်နေတယ်။ အဲဒါနဲ့ ကျနော်တို့ ထပ်ပြီး တွန်းအားပေးဖို့ လုပ်နေပါ တယ်” ဟု 
ဧရာဝတီကို ပြောသည်။
           သို့သော် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရထံ တရားဝင်စာပို့ထားခြင်းမရှိသေးသော်လည်း၊  ထိုင်းနိုင်ငံဆိုင်ရာ
 မြန်မာသံအမတ်ကြီးအား ထိုင်းနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနထံ သွားရောက်တွေ့ဆုံဆွေးနွေးရန် ညွှန်ကြား ထား ကြောင်း ၄င်း
က ဆက်လက်ပြောကြားသည်။
         “အဓိက ကာယကံရှင်တွေနဲ့ တိုက်ရိုက် လွတ်လပ်လပ်လပ်တွေ့ခွင့်ရဖို့ကို သူတို့က လက်ခံဖို့ လိုတယ်။ ကာယကံရှင် တွေနဲ့ 
တွေ့မှ သူတို့က လွတ်လွတ် လပ်လပ် အမှန်ကို ပြောရဲဖို့ လိုတယ်။ အခုတော့ သူတို့ ကာ ယကံရှင်တွေနဲ့ တွေ့ခွင့်ရဖို့ လုပ်နေပါတယ်”
 ဟု ဦးဇော်ဌေးက ရှင်းပြသည်။
           ယနေ့ထုတ် အစိုးရသတင်းစာများတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ မြန်မာနိုင်ငံသို့ မကြာမီ လာရောက်
မည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့ ထိုင်းရဲတပ်ဖွဲ၏ ထုတ်ပြန်ကြေညာချက်တွင် လိပ်ကျွန်း၌ ဗြိတိန်
နိုင်ငံသား မစ္စတာ ဒေးဗစ် မီလာနှင့် မစ္စ ဟန်နာ ၀သ်သာရစ်ခ်ျ တို့ ၂ ဦး သတ်ဖြတ်ခံရမှုတွင် ကျွန်းပေါ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်
သမားများအား စစ်ဆေးပြီး၊ ၃ ဦးကို ဖမ်းဆီး ထားကြောင်း၊ မောင်ဝင်းဇော်ထွန်းနှင့် တဦးက ၄င်း တို့ သတ်ခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း 
ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
             နောက်တနေ့တွင်  မြန်မာ ၂ ဦးအား အခင်းဖြစ်ပွားမှု ပြန်လည်သရုပ်ပြရန် ထိုင်းရဲက စီစဉ်ခဲ့ သည်။ ထိုင်း ရဲ ဗိုလ်ချုပ်ကြီး ဆုန်ယု
 ဖုန်ဖန်မောင်န့် က“အခု သံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူ တွေပါ။ တချိန်ထဲမှာပဲ သူတို့ ကျူး လွန်ခဲ့တယ် 
ဆိုတာ ၀န်ခံခဲ့ကြတယ်။ ဒါကြောင့် အခု ရဲတပ်ဖွဲ့လုပ်ထုံး လုပ်နည်း အတိုင်း သူတို့ကို ပြန်လည် သရုပ်ပြဖို့ ကျနော်တို့ ခေါ်လာ တာပါ”
 ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
            ဝန်ခံသည် ဆိုသော  မြန်မာ ၂ ဦးက ၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာတီး သီချင်း
ဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲ၂ ဦး ချစ်တင်းနှောနေတာတွေ၍ မြင်ပြီး စိတ်မထိန်းနိုင်၍  ပြစ်မှု ကျူး လွန်ခဲ့သည် ဟု ထွက်ဆိုထား
ကြောင်း ထိုင်းရဲက ပြောထားသည်။
            ထို့အပြင် အဆိုပါ ၂ ဦး၏ DNA ကလည်း သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှ ရသည့် DNA နှင့် ကိုက်ညီ သကဲ့သို့၊ 
အခင်းဖြစ်ပွားရာနေရာအနီးတွေ့ရသည့် L&M စီးကရက်မှ ရသည့် DNA နှင့် လည်း ကိုက်ညီကြောင်း ထိုင်းရဲ ကဆိုသည်။ ယခုကိစ္စနှင့် 
ပတ်သက်၍  မြန်မာအသိုင်းအ၀ိုင်းသာမက ထိုင်းလူမှု အသိုင်းအ၀ိုင်း အပါအ၀င် ကမ္ဘာမီဒီယာများကပါ ယုံကြည်မှု မရှိပဲ၊  အဆိုပါ မြန်မာ
 ၂ ဦးမှာ ဓားစာခံ အဖြစ် ထုတ်ပြခံရသည်ဟု ယုံကြည်နေကြသည်။
               အဆိုပါ လိပ်ကျွန်း လူသတ်မှု ကိစ္စဖြင့် ကျွန်းပေါ်ရှိ မြန်မာအလုပ်သမားများအား ထိုင်းရဲများစစ်ဆေးရာတွင် ရေနွေးပူ 
လောင်း၍ ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်းလည်း ဒေသခံများကဆိုသည်။ ထို့အပြင် ယင်းလူသတ်မှုနှင့် ပတ်သက် ထိုင်းသတင်းစာ 
ဘန်ကောက်ပို့စ်က ယခင်ဖော်ပြခဲ့သော သတင်း များနှင့် ထိုင်းရဲများ၏ ပြောဆိုမှု ကွဲလွဲချက်များရှိနေသည်ကို  နိုင်ငံခြား သတင်းဌာနများ
က  ထောက်ပြကြသည်။
           သေဆုံးသူ ဟန်နာ၏ လက်ကိုင်ဖုန်းကို မြန်မာတဦး၏ အခန်းအနီးမှ တွေ့သည်ဟု ဆိုခဲ့ သော်လည်း၊ အဆိုပါ လက် ကိုင် ဖုန်းကို 
ဟန်နာ၏ သူငယ်ချင်းများက အခင်းဖြစ်ပြီးနောက်တနေ့တွင် ထိုင်းရဲသို့ လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်၍ ကွဲလွဲနေကြောင်းလည်း နိုင်ငံတကာသ
တင်းများက ဝေဖန်သည်။
              လူသတ်မှုကိစ္စနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံကို ပြန်မည့် ဗြိတိန်နိုင်ငံသားတဦး သုဝဏ္ဏဘုမ္မိ လေဆိပ်၌ ဖမ်းမိခဲ့ကြောင်း၊ ၄င်း၏ 
ဆံပင်အရောင်နှင့် သေဆုံးသူ မစ္စ ဟန်နာ၏ လက်တွင်းမှ ရသည့် ဆံပင်အရောင်တူညီသည့်ဟု ထိုင်းရဲများ၏ ယခင်ထုတ်ပြန်မှုများအပေါ်
 ထောက်ပြရေးသားနေကြသည်။
                   ထို့အပြင်သေဆုံးသူ ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ၏ သူငယ်ချင်း ရှောင်မက် အန်နာ ဆိုသူက အခင်းဖြစ်ပွားပြီး နောက်၊ 
လိပ်ကျွန်းပေါ်ရှိ ထိုင်း မာဖီးယားတို့၏ သတ်မည်ဟု ခြိမ်းခြောက်ခံရ၍ ကျွန်းမှ ထွက်ခွာသွားရာ၊ သူ၏ လက်တွင် ရရှိထားသည့် ဒဏ်ရာ 
နှင့် သေဆုံးသူ ဒေးဗစ်မီလာ၏ ဒဏ်ရာသည်ပုံစံတူ ဖြစ် နေ၍ ၄င်းသည် ယခု လူသတ်မှုတွင် အဓိကကွင်း ဆက်ဖြစ် နေ သည်ကိုလည်း
 ထောက်ပြနေကြသည်။ ရှောင်မက် အန်နာ၏ ဖေစ်ဘွခ်တွင် ခြိမ်းခြောက်ခဲ့သည့် ထိုင်း လူမျိုး ၂ ဦးကို ဓာတ်ပုံရိုက်၍ တင်ခဲ့ပြီး၊ “ထိုင်းမာဖီး 
တွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါ” ဟုလည်း  ရေးသားခဲ့သည်။
                    ဗြိတိန်အခြေစိုက် မက်ထရို သတင်းဌာန နှင့် အင်တာဗျူး တွင်  ရှောင်မက် အန်နာက အဆိုပါ ထိုင်း ၂ဦးက မိမိကိုယ်မိမိ 
ဆွဲကြိုး ချ သေရန် ဖိအားပေးခဲ့ကြောင်း၊ ထို့နောက် စတိုးဆိုင်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကော့တောင်ကျွန်း မှ ကော့စမွေ အရပ် သို့ 
ထွက်ခွာသွားကာထိုမှတဆင့် ဘန်ကောက်သို့ ထွက်ခွာသွားခဲ့ကြောင်း ပြောဆိုခဲ့ သည်။
              အဆိုပါ ဓာတ်ပုံပါ ထိုင်းလူမျိုး ၂ ဦးအား ထိုင်းရဲက စစ်ဆေးခဲ့စဉ် ၄င်းတို့က DNA ပေးရန် ငြင်းဆိုခဲ့သည့် သူများဖြစ်သည်။
ထိုင်း လူမှု ကွန်ရက် စာမျက်နှာ  CSI တွင် လိပ် ကျွန်း လူသတ်မှု ကိစ္စ သံသယဖြစ်ခံရသူ စာရင်းတွင် ရှောင်မက် အန်နာ ပါဝင်သော်လည်း
 ရဲက စစ်မေးရာတွင် အပြည့်အစုံ ထုတ်ဖော်ပြော ဆိုခြင်း မရှိခဲ့ပဲ ကျွန်းမှ ထွက်ခွာခဲ့သည်ဟု ဖော်ပြထားသည်။
            ထိုင်းအခြေစိုက် Cross Cultural Foundation (CCF) ကမူ လိပ်ကျွန်း လူသတ်မှုနှင့် မြန်မာ အလုပ်သမား ၂ ဦး ဖမ်း ဆီးထားသည့်
  ကိစ္စသည် ပွင့်လင်းမြင်သာမှုမရှိပဲ မတရား သဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူများ ဖြစ်မည်ဟု ထုတ် ပြန်ထားသည်ကို ထိုင်း PBS 
သတင်းဌာနကို ပြောဆိုခဲ့သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦး “Takraw” ကစားနေစဉ် ထိုင်း ရဲများ ရောက်ရှိလာရာ၊  မြန်မာ ၃ ဦးက
 အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိ၍ ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း၊ ထို့နောက် ထိုင်းရဲက အဆိုပါ
 ၃ ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ဗြိတိန် ၂ ဦးသတ်ဖြတ်သည့် တရားခံအဖြစ် ထုတ်ပြန်ခဲ့ ခြင်းဖြစ် သည်ဟု CCF ဒါရိုက်တာ မစ္စ ပွန်ပန်က
 ပြောသည်။
               “DNA စစ်ဆေးမှု ရလာဒ်ကို အရမ်း တိုတောင်းတဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ တာဟာ နိုင်ငံတကာ စံချိန်စံညွှန်း
နဲ့ အညီ လုပ်တာမှဟုတ်ရဲ့လား”ဟုလည်း ၄င်းက မေးခွန်းထုတ်ထားသည်။ ထိုင်းအာဏာပိုင်များသည် မျှတတဲ့ တရားစီရင်ရေးထက် 
နိုင်ငံခြားသား ကမ္ဘာ လှည့်ခရီးသွား အလာကျဆင်းသွား မှာကို ပိုပြီး စိုရိမ်ပူပန်နေကြောင်း၊ လူသတ်မှု သံသယဖြစ်သူမျာအပေါ် ခွဲခြားမှု 
မရှိ ပဲ လုပ်ဆောင်သင့်ကြောင်း CCF ဒါရိုက်တာ မစ္စ ပွန်ပန်ကဆက်လက်ပြောသည်။
             ထိုင်းရဲများအပေါ် ဗြိတိန်သံရုံးက သေချာကိုင်တွယ်ရန် ဖိအားပေးခြင်းနှင့် အခြား ဖိအားများကျရောက်နေ သည့်အတွက် ထိုင်း
နိုင်ငံ၏ တရားစီရင်ရေး စနစ်မှာ ယုံကြည်မှု ပျက်စီးစေတဲ့ အဖြစ်သို့ သက်ရောက် သွားစေ နိုင်ကြောင်း ၄င်းက သတိပေးသည်ဟု သိရသည်။
အဆိုပါကိစ္စကြောင့် လိပ်ကျွန်းရှိ မြန်မာ အလုပ်သမား ၄ ထောင်ကျော်မှာ စိုးရိမ်ထိပ်လန့်မှုများ ရင်ဆိုင်နေရပြီး ထိုင်းနိုင်ငံရှိ မြန်မာများ
အနေဖြင့်လည်း စိုးရိမ်မကင်းဖြစ်နေကြသည်။
Sunday, October 5, 2014
ဒီမြန်မာတွေဟာ လူသတ်သမား အစစ်တွေလို့ သင်ထင်ပါသလား
           ၉၅ ရာခိုင်နှုန်းကျော်က ‘‘မထင်ဘူး’’ ဟု ဖြေဆိုကြပြီး ၄ ရာခိုင်နှုန်းကျော်က ‘‘ထင်တယ်’’ ဟု ဖြေဆိုထားသည်။
ယင်းစစ်တမ်းကို ထိုင်းရဲတပ်ဖွဲ့ နှင့် သဘောထားချင်းမတူညီသည့် ထိုင်း ပြည်သူများ တည်ထောင်ထားသော ‘‘CSI LA’’ 
အဖွဲ့က ကောက်ယူနေခြင်း ဖြစ်သည်။
               အောက်တိုဘာ ၄ ရက်တွင် ယင်း စစ်တမ်းကို Survey Planet မှတစ်ဆင့် ကောက်ယူခဲ့ရာ ခေတ္တမျှအတွင်း 
လူ တစ်ထောင်ခန့်က ၀င်ရောက်ဖြေဆိုခဲ့ ကြသည်။ CSI LA ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်လည်း ဤအမှုအ ကြောင်းကို 
စဉ်ဆက်မပြတ် တင် ပြနေပြီး ရဲတပ်ဖွဲ့သို့ မေးခွန်းများ မေးမြန်းနေကာ ရဲတပ်ဖွဲ့အနေ ဖြင့် ပွင့်လင်းမြင်သာမှုရှိရန် တိုက် 
တွန်းနေသည်။ ယင်းစာမျက်နှာ ကို အားပေးစောင့်ကြည့်ဖတ်ရှုသူ ပေါင်း မူလက သောင်းဂဏန်းမျှ သာ ရှိခဲ့ရာမှ အောက်
တိုဘာ ၄ ရက်တစ်ရက်တည်းတွင် တစ် သိန်းကိုးထောင်ကျော်သို့ရောက် ရှိသွားကြောင်း တွေ့ရသည်။
             ဗြိတိန်စုံတွဲအသတ်ခံရမှု၏ တရားခံများမှာ မြန်မာအလုပ်သ မားများဖြစ်ကြောင်း ထိုင်းရဲတပ် ဖွဲ့က သတင်းထုတ်
ပြန်ပြီးနောက် တွင် ယင်းကြေညာချက်အပေါ် မယုံကြည်သည့် ဝေဖန်မှုများ ထိုင်းနိုင်ငံပြည်သူများကိုယ်တိုင် အပါအ၀င်
 ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများက အင်တာနက်စာ မျက်နှာများတွင် ဖော်ပြလာကြသည်။ DNA ကို ဗြိတိန်နိုင်ငံမှ စစ်ဆေး
ရန် တောင်းဆိုသည့် လှုပ်ရှားမှုများ၊ အမှုစစ်ဆေးရာတွင် တရားမျှတမှုရရှိရေးတောင်းဆိုမှုများ ထွက်ပေါ်လာနေသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား ဆက်ဆံရေးနိုင်ငံတော်စီမံကိန်း အဖွဲ့(SERC) နှင့် ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်းအလုပ်သမား
 များအတွက် အခွင့်အရေးကွန် ရက်(MWRN)တို့ကလည်း သံသ ယတရားခံများကို အကူအညီပေး ရန်အတွက် ရှေ့နေများ၊ 
ရွှေ့ ပြောင်းတက်ကြွလှုပ်ရှားသူများ၊ ဘာသာပြန်များပါဝင်သည့် ၎င်း တို့၏ လွတ်လပ်သော အဖွဲ့တစ် ဖွဲ့ကို အောက်တိုဘာ
 ၅ ရက်တွင် Ko Samui အကျဉ်းထောင်နှင့် တရားရုံးသို့ စေလွှတ်မည်ဟု ပြောကြားသည်။ ယင်းနေရာမှာ သံသ ယတရား
ခံမြန်မာများအား ထိန်း သိမ်းထားရာဖြစ်သည်။
            ‘‘ဒီအမှုကို စုံစမ်းစစ်ဆေးမေး မြန်းနေစဉ်အတွင်းမှာ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ရုပ်ပိုင်း ဆိုင်ရာနှိပ်စက်
ညှဉ်းပန်းမှုရှိတယ် ဆိုတဲ့ သတင်းပို့အစီရင်ခံမှု အများအပြားရှိတာကြောင့် ကျွန်တော် တို့သံသယဖြစ်မိပြီး စိုးရိမ်ပူပန်နေ 
ပါတယ်။ စွပ်စွဲခံရသူတွေဟာ တရားမျှတတဲ့ အမှုစစ်ဆေးမှု ရရှိရဲ့လား၊ မရရှိဘူးလားဆိုတာ ကို ကျွန်တော်တို့ သေချာအောင်
 လုပ်ချင်တယ်’’ဟု SERC ၏ အပြည်ပြည်ဆိုင်ရာရေးရာအကြံ ပေးဖြစ်ပြီး၊ MWRN ၏ အကြံ ပေးလည်းဖြစ်သည့် မစ္စတာ 
အန် ဒီဟောလ်ကပြောကြားသည်။
              ‘‘ကျွန်တော်တို့ အခုရဲတွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ စွပ်စွဲခံရ သူတွေဆီကနေပြီး ဘယ်လို တောင်းခံချက်မျိုးမှ 
ကျွန်တော်တို့ မရခဲ့ပါဘူး။ သူတို့(စွပ်စွဲခံရသူ တွေ)က ရှေ့နေတွေဆီက ဘယ် လိုအကူအညီမှ မတောင်းခဲ့ဘူးလို့
ရဲတွေကပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီကနေ ရှေ့နေအကူအညီယူဖို့ သူတို့သဘောတူအောင်ကျွန်တော်တို့ ကြိုးစား
မှာပါ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
           ဘန်ကောက်တွင် အခြေ စိုက်ပြီး ထိုင်းနိုင်ငံနှင့် အရှေ့ တောင်အာရှအကြောင်း လေ့လာ သူ၊ ဗြိတိသျှလွတ်လပ်သော 
သတင်းသမားလည်းဖြစ်၊ တီဗီ မှတ်တမ်းရုပ်ရှင်ဖန်တီးသူလည်း ဖြစ်သည့် နာမည်ကျော် Andrew Drummpond ကလည်း 
ဤအမှု ဖြစ်စဉ်ကို ၎င်း၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြခဲ့ရာ ယင်းကိုဖြန့်ဝေ သူများစွာရှိခဲ့သည်။ ၎င်းတို့ တရားခံဟု စွပ်စွဲသည့်
 မြန်မာအလုပ် သမားနှစ်ဦးကို ခိုတောင်ကျွန်းတွင် ပြစ်မှုကျူးလွန်ခဲ့ပုံကို ပြန်လည်သရုပ်ပြခိုင်းမှုအား အင်ဒရူးက ဓာတ်ပုံများ
နှင့်တကွ ဖော်ပြထားသည်။
           အောက်တိုဘာ ၄ရက်က ပြုလုပ်သည့် မှုခင်းဖြစ်စဉ်ပြန် လည်သရုပ်ဖော်မှုအရ ရဲများ သည် ၎င်းတို့၏ အမိန့်အတိုင်း 
လုပ်သည့် မသင်္ကာဖွယ်ဖြစ်သူ များကို အဓိကဦးဆောင်နေမှန်း ထင်ရှားကြောင်း Andrew Dru mmpond ကဆိုသည်။
အကယ်၍သာ ၎င်းမြန်မာ အလုပ်သမားနှစ်ဦးသည် အပြစ် ရှိကြပါက ဘာကြောင့် ၎င်းတို့ အရင်ကတည်းက ကျွန်းမှ ထွက် 
ပြေးမှုမပြုခဲ့ကြသနည်း။ (အသတ်ခံရသူ ဗြိတိန်အမျိုးသမီးဟန်နာ ၏ ဖုန်းကို ၎င်းတို့၏ အခန်းနား တွင် တွေ့ရကြောင်း ရဲတပ်
ဖွဲ့က ဆိုသည့်အတွက်) တစ်ကမ္ဘာလုံး  ညာသံပေးနေသည့်အချိန်၌ ဘာ ကြောင့် ဟန်နာ၏ ဖုန်းကို သူတို့ က သိမ်းထားမည်
နည်း(အခန်းအနီး အနားကိုပဲ လွှင့်ပစ်မယ်တဲ့လား)၊ သူတို့က မေ့မယ်တဲ့လား . . . အစရှိသည့် မေးခွန်းတို့ကိုလည်း ၎င်းက
 မေးခွန်းထုတ်ထားသည်။
            ထို့အပြင်လူသတ်တရားခံ များပါဟု မီဒီယာများသို့ ထုတ် ပြန်ချိန်တွင် စွပ်စွဲခံရသူတစ်ဦး ၏ အင်္ကျီမှာ အခင်းဖြစ်ပွား
သည့် ညက ၀တ်ဆင်ထားသည့် အင်္ကျီ ပင်ဖြစ်နေသည်။ ယင်းမှာ လျှော် ဖွတ်ပြီးသားဖြစ်ကြောင်း သိသာထင်ရှားနေ၏။ ထို
အချက်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့သည် ၎င်း၏အင်္ကျီကို ချက်ချင်းချွတ်ယူ၍ မှုခင်းဆေးပညာစစ်ဆေးရေးဆီ သို့ ပေးပို့ခြင်း 
ဘာကြောင့်မပြုခဲ့ ပါသနည်းဟု Andrew က မေး ခွန်းထုတ်ထားသေးသည်။
                 ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် 
(၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာ
နီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံခဲ့ရ ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် တွင် ၎င်းတို့၏ အလောင်းများ တွေ့ရှိခဲ့
ခြင်းဖြစ်သည်။ ခိုတောင် ကျွန်းတွင် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမားအများစုမှာ ထိုကျွန်းရှိ ဟို
တယ်နှင့် စားသောက်ဆိုင်များ၌ လုပ်ကိုင်နေကြခြင်းဖြစ်သည်။
            ထိုင်းရဲတပ်ဖွဲ့သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထိုကျွန်းရှိ ရွှေ့ပြောင်းမြန်မာလုပ်သား နှစ်ဦး(ယခုဝန်ခံထားသူများ) 
ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံ မဟုတ်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ သည်။ နောက်ပိုင်းတွင် ထိုကျွန်း ရှိ ရွှေ့ပြောင်းမြန်မာလုပ်သား
များ ကို ရိုက်နှက်စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။
           ထို့နောက်ဗြိတိန်စုံတွဲနှင့် အဖော်အဖြစ်ပါလာသည့် သူ တစ်ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ ပြီး ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း 
ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့ သည်။ ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန် မာလုပ်သားသုံးဦးကို အောက်
တို ဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သား သုံးဦးအနက် နှစ်ဦးသည် လူသတ် တရားခံများဖြစ်သည်ဟု 
ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ဝန်ခံခဲ့သော မြန်မာလုပ်သားနှစ်ဦး
သည် ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက် ၍ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွား ပြီး နောက်တစ်နေ့ဖြစ်သော စက် တင်ဘာ ၁၆ 
ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများမဟုတ်ဟုဆိုကာ ထိုနေ့၌ပင် ပြန် လွှတ်ပေးခဲ့သောသူနှစ်ဦး ဖြစ် သည်။
ဝန်ခံသည့် မြန်မာလုပ်သား နှစ်ဦးထံမှ DNA ကို အောက်တို ဘာ ၂ ရက်တွင် စစ်ဆေးရာ သေ ဆုံးသူ ကိုယ်ပေါ်မှ နမူနာနှင့် 
ကိုက်ညီနေ၍ လူသတ်တရားခံဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်၌ အတည်ပြုလိုက် သည်။
            အောက်တိုဘာ ၃ ရက်ည တွင် ဝန်ကြီးချုပ်ပရာယွတ်ချန်အို ချာက ရဲတပ်ဖွဲ့ကို ၎င်းတို့၏ စုံစမ်း မေးမြန်းမှုနှင့် ပတ်သက်
၍ ချီးကျူးခဲ့ပြီး ဆုချီးမြှင့်မည့်အကြောင်း ပြောကြားခဲ့သည်။ ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက်(၂၁)နှစ်အရွယ် ဝင်းကျော်ထွန်း
သည် ပြစ်မှုကျူး လွန်ကြောင်း ဝန်ခံခြင်းမရှိသေး ပေ။ အခြားစွပ်စွဲခံရသူနှစ်ဦးဖြစ် သော အသက်(၂၃)နှစ်အရွယ် မောင်မောင်နှင့် 
အသက်(၂၁)နှစ် အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် ကိုက်ညီနေသူများဖြစ် ပြီး ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ ထားသူများ
ဖြစ်သည်။ ၎င်းတို့နှစ် ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက် တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွား သည့်နေရာ၌ သရုပ်ပြမှုများ ပြု လုပ်ခိုင်းခဲ့
သည်။ Kansas City တွင် နေထိုင် သည့် နိုဘဲလ်ကော့ဇ်အမည်ရှိ အမျိုးသမီးက ၎င်းအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ ယူကေ
သံ ရုံးသို့ စာပို့ထားပြီး DNA တိုက်စစ် ရန် တောင်းဆိုထားသည်ဟု ဆို သည်။ ထို့အပြင် ၎င်း၏ ကမ်ပိန်း ၌ ပါဝင်ရန်လည်း ဖိတ်ခေါ်
ထား ပြီး နိုင်ငံတကာရှိ ယူကေသံရုံးများ သို့ တောင်းဆိုစာပေးပို့ရန် တိုက် တွန်းထားကြောင်း တွေ့ရသည်။
                 ‘‘အခုထိ မလေးရှား၊ ဂျာမ နီနဲ့ ထိုင်းက အဆက်အသွယ် တွေ ကျွန်မရတယ်။ တချို့လူတွေ ကတော့ ဘယ်ကလဲဆိုတာ 
မသေချာဘူး။ ဒီကမ်ပိန်းကို အမေရိကား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဂျာမနီနဲ့ မြန်မာမှာ ကျွန်မလုပ်ချင်တယ်။ မျှော်လင့် စရာကောင်း
တာက ဒီကမ်ပိန်းမှာ လူတွေအများကြီးမှ အများကြီးပါဝင်လာတာပါပဲ။ ကျွန်မရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကဒီအမှုမှာဗြိတိသျှ
သံရုံးက ကူညီပါဝင်ရေးတိုက်တွန်းဖို့ လူများနိုင်သမျှ များများရဖို့ပါ’’ဟု နိုဘဲလ်ကော့ဇ်ကဆိုသည်။
7daydaily
Saturday, October 4, 2014
KIA နှင့် တာလီဘန်များပူးပေါင်း၍ စစ်အခြေခံနှင့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းဖွင့်မည်ဟုဆို
Oct 4, 2014
KIA နှင့် တာလီဘန်များပူးပေါင်း၍ စစ်အခြေခံနှင့်အကြမ်းဖောက်ခွဲရေးသင်တန်းကို KIA ဌာနချုပ်တွင် 
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်း စစ်အခြေခံနှင့်အကြမ်းဖောက်ခွဲရေးသင်တန်းတက်ရောက်ရန်
 အတွက် ပဏာမ လူ အယောက် ၅၀ ဦးခန့် ရွေးချယ်ထားပြီး ထိုထဲမှ အမိန့်နာခံမှု ကောင်းသူ ၄၀ ဦးအား 
နှုတ်ထုတ်ရွေးချယ်သွားမည်ဖြစ်သည်။ထိုသင်တန်းဖွင့်လှစ်ရန်အတွက် ပါကစ္စတန်အခြေစိုက် RNSC (Rohinga
 National Security Council)လိုအပ်သည့် ငွေကြေးဆိုင်ရာအခက်အခဲအားလုံးကိုဖြည့်တင်းပေးသွားမည်ဖြစ်
ကြောင်းသိရှိရသည်။
           လက်ရှိအနေအထားတွင် သင်တန်းတက်ရောက်ရန်အတွက် ကေအိုင်အေဌာနချုပ်တွင် လူအယောက်၅၀ 
အားစုစည်းထားပြီး ထိုအထဲမှ အယောက် ၄၀ ကို ဆန်ကာတင်ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။ထိုလူ ၄၀ဦး
အား နှစ်ဖွဲ့ခွဲကာ ပါကစ္စတန်သို့ ၂၀ ၊ KIA ဌာနချုပ်တွင် ၂၀သင်ကြားပေးသွားမည်ဖြစ်သည်။KIA ဌာနချုပ်တွင် 
တက်ရောက်မည့် အယောက် ၂၀ အား နာဂ လွတ်မြောက်ရေးတပ်ဦး၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ
တစ်ဆင့် အိန္ဒိယနယ်စပ်အားဖြတ်ကျော်ကာ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းခိုင်လုံသော သတင်းတစ်ရပ်အရ
သိရသည်။
          ထို့အပြင် မကြာသေးခင်ကပင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization)
 ၊ BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ မောင်ကျော်နု တို့နဲ့ KIO ဗဟိုကော်မတီ 
ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် တို့ KIO ထိန်းချုပ်နယ်မြေအတွင်း ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်
ပြုရေး ဆွေးနွေးမှု ရုပ်သံဖိုင်များလည်း ပျံ့နှံ့ခဲ့သေးသည်။
ခွန်တူး
မြန်မာပြည်မြောက်ဖျားဆီက
New Myanmar News
Friday, October 3, 2014
ဗြိတိန်စုံတွဲသတ်သူ တရားခံမှာ မြန်မာလုပ်သားသုံးဦးဟုဆိုခြင်းကို မြန်မာသံရုံးမယုံကြည်၍ ရှေ့နေငှား သက်သေပြမည်
          ဗြိတိန်စုံတွဲကို သတ်ခဲ့ ကြောင်းဝန်ခံသော မြန်မာနှစ်ဦး၏DNA မှာ သေဆုံးသူကိုယ်ပေါ်မှ
 နမူနာနှင့် ကိုက်ညီနေ၍ လူသတ် တရားခံများမှာ မြန်မာလုပ်သား များဖြစ်သည်ဟုထိုင်းရဲတပ်ဖွဲ့က 
အတည်ပြုထုတ်ပြန်လိုက်သော် လည်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးက
           ယုံကြည်မှုမရှိ၍ ထိုင်း ရှေ့နေသုံးဦး ငှားရမ်းကာ လုပ်သားသုံးဦး ဖမ်းဆီးထားရှိရာအကျဉ်း
ထောင်သို့  ယနေ့သွားရောက်၍ တွေ့ဆုံမေးမြန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ဗြိတိန်စုံတွဲအ
သတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို အောက် တိုဘာ ၁ ရက်တွင်
 ဖမ်းဆီးခဲ့ သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားသုံးဦးအနက် နှစ်ဦးသည် လူသတ်တရားခံများဖြစ်
သည်ဟု ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ၀န်ခံခဲ့သည်ဟု ထိုင်းရဲတပ် ဖွဲ့ကထုတ်ပြန်
သည်။ ၀န်ခံခဲ့ သော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ် သက်၍ ထိုင်းရဲတပ်ဖွဲ့
က အခင်း ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ် သော စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်း
ခဲ့ပြီး တရားခံများမဟုတ်ဟုဆိုကာ ထို နေ့၌ပင် ပြန်လွှတ်ပေးခဲ့သော သူ နှစ်ဦးဖြစ်သည်။
ဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ်တရားခံဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ
 ၃ ရက်၌ အတည်ပြု လိုက်သည်။ ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက် (၂၁) နှစ်အရွယ် 
ဝင်းကျော်ထွန်းသည် ပြစ်မှုကျူး လွန်ကြောင်း ၀န်ခံခြင်းမရှိသေး ပေ။ အခြားစွပ်စွဲခံရသူ နှစ်ဦးဖြစ် သော
 အသက် (၂၃) နှစ်အရွယ် မောင်မောင်နှင့် အသက် (၂၁) နှစ်အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် 
ကိုက်ညီနေသူ များဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထားသူများဖြစ်သည်။ ၎င်း တို့နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့
က အောက်တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွားသည့်နေရာ၌ သရုပ်ပြမှု များပြုလုပ်ခိုင်းခဲ့သည်။
           ဗြိတိန်စုံတွဲကို သတ်သော တရားခံများမှာ မြန်မာလုပ်သား များ မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ
 မြန်မာသံရုံးက သက်သေပြရန် ထိုင်းရှေ့နေ သုံးဦးကို ငှားရမ်းကာ ဆူရတ်ဌာနီမြို့ရှိ ဖမ်းဆီးခံမြန်မာလုပ်
သား သုံးဦး ထားရှိသော အကျဉ်းထောင်သို့သွား ရောက်သက်သေပြသွားမည်ဟု ဆိုသည်။
          ‘‘လူသတ်တရားခံက မြန်မာ တွေဖြစ်တယ်ဆိုတာကို လက် မခံပါဘူး။ ၀န်ခံတယ်ဆိုတာက လည်း 
ရဲလက်ထဲမှာပဲ ၀န်ခံတာ ပါ။ ဒါကသူတို့လုပ်ချင်သလို လုပ် လို့ရပါတယ်။ သံရုံးကလည်း ယုံ ကြည်မှုမရှိပါဘူး။
 ဒီပုံစံအတိုင်းဆိုကျန်တဲ့တစ်ယောက်ကလည်း ၀န် ခံတော့မှာပါ။ အရင်ကသူတို့ဖမ်း ပြီး တရားခံမဟုတ်ပါဘူး
လို့ လွှတ် ပေးလိုက်တဲ့ သူနှစ်ယောက်က ပြန်ဖမ်းခံပြီး ၀န်ခံလိုက်တာပါ။ ထိုင်းရှေ့နေသုံးဦးနဲ့ အတူအထူး 
တာဝန်ပေးထားတဲ့ အဖွဲ့က မနက်ဖြန် သူတို့ထားရှိတဲ့ ထောင်ကို သွားပြီး ဘာဖြစ်လို့ ၀န်ခံရတာလဲ။ 
         အဖြစ်မှန်က ဘာလဲဆိုတာ တွေ့ ဆုံမေးမြန်းမှာပါ’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ် ကို 
အနီးကပ်လေ့လာစောင့်ကြည့် ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက 7 Day Dailyအား ပြောကြား
သည်။ အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် Full Moon (လပြည့် ည)ပွဲတော်ပြုလုပ်လေ့ရှိရာ ထိုညတွင် ဗြိတိန်
စုံတွဲ အသတ်ခံရပြီး ကျွန်းတာဝန်ရှိသူများက ပွဲတော် ပြုလုပ်လေ့ရှိသည့် နေရာသို့ ရွှေ့ပြောင်းမြန်မာလုပ်သားများ 
လာရောက်ခွင့် မရှိကြောင်း ရှေ့နေဦးအောင်မျိုးသန်းက ဆက်လက်ပြောကြားသည်။
               ‘‘သူတို့လုပ်တာဟုတ်တယ် ဆိုရင်လည်းပဲ ကျွန်တော်တို့က သံရုံးနဲ့ ပူးပေါင်းပြီး ကူညီမှုတွေ ပေးသွား
မှာပါ။ ဒီကိစ္စက ထိုင်း မှာ အသံအမျိုးမျိုး ထွက်နေပါ တယ်။ အများစုကတော့ မြန်မာ မဟုတ်ဘူးလို့ပဲ ပြောနေကြပါ 
တယ်။ နိုင်ငံတကာက စိတ်ဝင် စားတဲ့ သတင်းဖြစ်နေတော့ မြန်မာဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းဖို့ လိုပါတယ်’’ဟု 
ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ထိုင်းနိုင်ငံ
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
               ‘‘ခရီးသွားနှစ်ယောက် အ သတ်ခံရလို့ ရဲတပ်ဖွဲ့ကို ဖိအား ပေးခံနေရတာ။ ငွေပေးပြီး ၀န်ခံ ခိုင်းတာလည်း
 ဖြစ်နိုင်သလို ရိုက် နှက်လို့ ၀န်ခံပေးတာလည်း ဖြစ် နိုင်တယ်။ ထိုင်းလူမျိုးတွေက တောင် မြန်မာ မဖြစ်နိုင်ဘူးလို့ ပြော
နေကြတယ်။ မြန်မာအစိုးရ ကလည်း ဒီကိစ္စကို စုံစမ်းပေး သင့်ပါတယ်။ သေချာတာက ဒီ လူသတ်မှုမှာ မြန်မာမဟုတ်
တာ ပဲ’’ ဟု အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် လုပ်ကိုင်သည့် ရွှေ့ ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောသည်။
‘‘ဘန်ကောက်ပို့စ်က တင်တဲ့  သတင်းအောက်မှာ ပေးထားတဲ့ ကွန်မန့်တွေဖတ်ရင်း ငိုချင်စိတ် တောင်ပေါက်တယ်။
 ဒီကိစ္စမှာ မြန်မာတွေမပါဘူး။ မြန်မာတွေ မဖြစ်နိုင်ဘူးလို့ ရေးထားကြတာ။ သူတို့ရဲတပ်ဖွဲ့ကို အယုံအကြည် မရှိတော့
ဘူးလို့တောင် ရေးထား ကြတာပါတယ်။ မြန်မာတွေ သက်သက်အစားထိုးခံရတာပါ’’ ဟု ဘန်ကောက်မြို့တွင် နေထိုင်
 သော အသက် (၃၀) အရွယ် မြန်မာ အမျိုးသားတစ်ဦးက ဆို သည်။
           ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် 
အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင်
 ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံ ခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ 
အလောင်း များတွေ့ရှိခဲ့ခြင်းဖြစ်သည်။
            ထိုင်းရဲတပ်ဖွဲ့သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထို ကျွန်းရှိ ရွှေ့ပြောင်းမြန်မာလုပ် သားနှစ်ဦး (ယခု 
ဝန်ခံထားသူများ) ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံ မဟုတ်ဟုဆိုကာ ပြန် လွှတ်ပေးခဲ့သည်။ နောက်ပိုင်း တွင် ထိုကျွန်း
ရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများကို ရိုက်နှက်စစ်ဆေး မှုများ ထပ်မံပြုလုပ်ခဲ့သည်။
              ထို့နောက် ဗြိတိန်စုံတွဲနှင့် အဖော်အဖြစ်ပါလာသည့် သူတစ် ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသား
 နှစ်ဦးကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။ ခိုတောင်ကျွန်းတွင် ရွှေ့ ပြောင်း မြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး
 အလုပ်သမား အများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့်စားသောက်ဆိုင်များ၌ လုပ်ကိုင် နေကြောင်း သတင်းရရှိသည်။
7Day News Daily 
Twitter Delicious Facebook Digg Stumbleupon Favorites More