မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Friday, September 12, 2014
IS စစ်ဆင်ရေး အပေါ် ရုရှားဝေဖန်ချက် Kerry ပယ်ချ
ဗွီအိုအေ (မြန်မာပိုင်း)
           Islamic State အစ္စလာမ်အစွန်းရောက်တွေကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ဖို့ ကြိုးပမ်း 
ဆောင်ရွက်မှုတွေဟာ သူ့သဘောနဲ့သူ လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်
ဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ ပြောဆိုမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပယ်ချလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ Crimea ဒေသကို သိမ်းပိုက်လိုက်တဲ့ 
လုပ်ရပ်တွေ လုပ်ဆောင်ထားတဲ့ ရုရှားနိုင်ငံက အခုလို နိုင်ငံတကာ ဥပဒေချိုးဖောက်တယ်၊ ကုလသမဂ္ဂနဲ့ဆိုင်
တဲ့ကိစ္စဖြစ်တယ် စသည်ဖြင့် ပြောဆိုတာတွေဟာ ရယ်စရာ ဖြစ်နေကြောင်း သူနဲ့အတူ လိုက်ပါသွားတဲ့ သတင်း
ထောက်တွေကို ၀န်ကြီးကယ်ရီက ဆော်ဒီ အာရေးဗီးယားနိုင်ငံမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
Islamic State အစ္စလာမ် အစွန်းရောက်တွေဟာ ရုရှားနိုင်ငံကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ်ဆိုတာ
 သဘောပေါက်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းနဲ့ ရုရှားအနေနဲ့ ISIL အဖွဲ့ရဲ့ အန္တရာယ်ကို စိုးရိမ် ပူပန်ဖို့
လိုကြောင်း ဗွီအိုအေနဲ့ သီးခြား ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ၀န်ကြီးကယ်ရီက ပြောပါတယ်။
            ဆီးရီးယားနိုင်ငံအတွင်းက အစ္စလာမ်အစွန်းရောက်တွေကို တိုက်ခိုက်ဖို့ သမ္မတ Barack Obama က 
ခြိမ်းချောက် ပြောဆိုမှုကို ရုရှားက ကြာသပတေးနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဆီးရီးယားအစိုးရ၊ ဒါမှမ
ဟုတ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကြိုတင် တိုင်ပင်ခြင်း မရှိဘဲ လုပ်ဆောင်တဲ့ အဲဒီလို လုပ်ရပ်မျိုးဟာ ကျူး
ကျော် ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို အလွန်အကျွံ ကျူးလွန်ခြင်း ဖြစ်တယ်လို့ ရုရှားနိုင်ငံခြား
ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Alexander Lukashenvich က ပြောပါတယ်။
Thursday, September 11, 2014
တိုက်ပွဲပြန် အစ္စလာမ်မစ် စစ်သွေးကြွတွေ နိုင်ငံတွင်းအန္တရာယ်ပြု
ဗွီအိုအေ မြန်မာ
           အီရတ်နဲ့ ဆီးရီးယားနိုင်ငံက တိုက်ပွဲတွေမှာပါဝင်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံတွေ ကို ပြန်ရောက်နေကြတဲ့ 
မူဆလင်စစ်သွေးကြွတွေရဲ့ အန္တရာယ်ကို  တရုတ်နိုင်ငံနဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ရင်ဆိုင်နေရတယ်လို့ ဗဟိုအာရှ
 အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။
             အကြမ်းဖက်စစ်ပွဲဖြစ်တဲ့ နိုင်ငံတွေဆီ သွားရောက်ခဲ့တဲ့စစ်သွေးကြွတွေကို သူတို့အဖွဲ့က အနီးကပ်စောင့်
ကြည့်နေကြောင်း၊ အကြမ်း ဖက်မှုနှိမ်နင်းရေး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့SCOရဲ့ အကြီးအကဲ (Zhang Xinfeng 
ကျန်ဇီဖန့်)ကပြောပါတယ်။
            အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေကို သွားရောက်ပြီး ပြန်လာသူတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်တယ်လို့ (ကျန်)
ကို ကိုးကားပီး တရုတ်ဆင်ဟွာ သတင်းက ရေး ပေမယ့် အသေးစိတ်ကို ပြောဆိုခြင်း မရှိပါဘူး။ ဒီစစ်သွေးကြွတွေနဲ့ ပတ်သက်
ပြိး ဒီတပတ်တွင်း ပြုလုပ်မယ့် သူတို့ရဲ့ SCO အဖွဲ့ညီလာခံမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းကို ပြန်လာကြတဲ့ စစ်
သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ နိုင်ငံတွေကတော့ တရုတ် ၊ ရုရှား ၊ ကာဇစ်စတန်၊ တာဂျစ်ကစ္စတန်၊ ခါဂျစ္စတန် နဲ့ 
ဥပါကစ္စတန် နိုင်ငံတွေဖြစ်ကြပါတယ်။
ဗီယက်နမ်နှင့် ပွဲအတွက် ယုံကြည်မှု မလွန်ကဲကြောင်း မြန်မာ ယူ - ၁၉ နည်းပြပြောကြား
မြန်မာနှင့်ပွဲမှာ အလွန်ခက်ခဲသော စိန်ခေါ်မှုဖြစ်ပြီး ဗဟိုနောက်ခံလူတစ်ဦး ဒဏ်ရာရရှိထားကြောင်း ဗီယက်နမ်နည်းပြဆို
အာဆီယံ ယူ - ၁၉ အကြိုဗိုလ်လုပွဲ မကစားမီ မီဒီယာ တွေ့ဆုံပွဲ၌ မြန်မာ ယူ - ၁၉ လက်ရွေးစင် အသင်းနည်းပြ 
ဂတ်ဖရိုင်းဒရစ်က မိမိတို့ အနေဖြင့် သေချာပေါက် ဗိုလ်လုပွဲ တက်မည်ဟု ယုံကြည်မှု မလွန်ကဲကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ (၁၁)ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်ရှိ မိုင်ဒင်းကွင်းကြီးတွင် ကစားမည့် အကြိုဗိုလ်လုပွဲ
တွင် အိမ်ရှင် ဗီယက်နမ်နှင့် မြန်မာတို့ ရင်ဆိုင် ကစားကြမည် ဖြစ်သည်။ မြန်မာ ယူ - ၁၉ အသင်းသည် ပြီးခဲ့သည့်လက 
ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်လုပွဲ အဆင့်တွင် ဗီယက်နမ် ယူ - ၁၉ ကို (၄-၃)ဖြင့် အနိုင်ရရှိခဲ့ဖူးသည်။
             ပြိုင်ဘက်ဟောင်းနှစ်သင်း သီတင်းပတ် အနည်းငယ်အတွင်း ပြန်လည် ရင်ဆိုင်ချိန်၌ နည်းပြ ဖရိုင်းဒရစ်က 
ဗီယက်နမ်ကို ခက်ခက်ခဲခဲ ကစားရမည်ဟု ကြိုတင် မျှော်လင့်ထားကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။ “အိမ်ရှင် ဗီယက်နမ်
မှာက မြန်နှုန်းမြင့်ပြီး ထူးချွန်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားနိုင်ပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ ကစားသမားတွေက 
ပူးပေါင်းလေ့ကျင့်မှုအတွက် အချိန်အများကြီး ရထားသလို အတူတွဲ ကစားလာတာလည်း ကြာပါပြီ။ ဗီယက်နမ် ယူ - ၁၉ ရဲ့
 ခြေစွမ်းကို ကျွန်တော် အထင်ကြီးမိပါတယ်”ဟု ဂျာမန်ဖွား နည်းပြကြီးက ဆိုသည်။
               မြန်မာအနေဖြင့် ပြီးခဲ့သည့်လက ဗီယက်နမ်ကို နိုင်ထားဖူးသော်လည်း အိမ်ရှင်ပရိသတ် ထောင်နှင့်သောင်းနှင့်ချီ 
လာရောက်အားပေးမည့် မိုင်ဒင်းကွင်းတွင် ကစားရ အလွန်ခက်ခဲနိုင်ကြောင်းလည်း နည်းပြကြီးက ဝန်ခံခဲ့သည်။ ၎င်းက ဘရူနိုင်း
 ဘုရင့်ဖလား ပြိုင်ပွဲ မတိုင်မီက ဂျာမနီ၊ ချက်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိုမန်၊ လာအိုနှင့် ပိုလန် နိုင်ငံများတွင် သွားရောက် 
လေ့ကျင့်ဖြစ်ခဲ့ခြင်းက အတွေ့အကြုံပိုင်း တိုးတက်ဖွံ့ဖြိုးလာစေရန် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်းလည်း မှတ်
ချက်ပြုခဲ့သည်။
              မြန်မာအသင်းတွင် တိုက်စစ်မှူး အောင်သူ၊ ကွင်းလယ်ကစားသမားများ ဖြစ်ကြသည့် ငြိမ်းချမ်းအောင်နှင့် မောင်မောင်စိုး
တို့သည် ဗီယက်နမ်ကို အဓိက ခြိမ်းခြောက် ကစားဖွယ် ရှိသည်။ ပြိုင်ပွဲတွင် မြန်မာအသင်း ရရှိထားသည့် သွင်းဂိုး(၅)ဂိုးအနက် 
အဆိုပါကစားသမားများက (၄)ဂိုး သွင်းယူထားနိုင်ခဲ့သည်။ တိုက်စစ်မှူး အောင်သူသည် ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်လုပွဲတွင် 
ဗီယက်နမ် အသင်းကို အပိတ်ဂိုး သွင်းယူခဲ့သူလည်း ဖြစ်သည်။
               တစ်ဖက်တွင် ဗီယက်နမ် ယူ - ၁၉ အသင်း၏ ပြင်သစ်သားနည်းပြ ဂွီလမ်မီ ဂရေချန်က မြန်မာနှင့် ပြန်လည် ရင်ဆိုင်
ရခြင်းသည် အလွန်ခက်ခဲသော ပွဲစဉ်တစ်ခုဟု ထုတ်ဖော် ဝန်ခံခဲ့သည်။ “အကြိုဗိုလ်လုပွဲမှာ မြန်မာနဲ့ တွေ့ဆုံလာတာက ဗီယက်နမ်
အတွက် အရမ်းခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဗဟိုနောက်ခံလူ ဒေါင်ထရီရူက ညာခြေထောက်မှာ 
ဒဏ်ရာနည်းနည်း ရှိနေပါတယ်”ဟု ဂရေချန်က ဆိုသည်။ ထို့အပြင် ဗီယက်နမ်သည် မြန်မာကို အနိုင်ရရန်အတွက် အလွန်ကျစ်
လစ် ကောင်းမွန်သော စွမ်းဆောင်ရည်မျိုးအပြင် ခံစစ်ပိုင်း၌ အမှားကင်းကင်း ကစားနိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြော
ကြားခဲ့သည်။
               မြန်မာ အသင်းအနေဖြင့် ဗီယက်နမ် ယူ - ၁၉ အသင်းခေါင်းဆောင်ဖြစ်သည့် ကျောနံပါတ်(၁၀) တိုက်စစ်မှူး ငုယင်
ကောင်ဖောင်းကို အထူးတလည် သတိပြု ထိန်းချုပ်ရဖွယ် ရှိနေသည်။ ယခုပြိုင်ပွဲတွင် အထူးတလည် ခြေစွမ်းပြ ကစားနေသည့် 
ကောင်ဖောင်းကို ဗီယက်နမ်နှင့် အင်္ဂလိပ် သတင်းစာ အချို့က ဗီယက်နမ်၏ လီယွန်နယ် မက်ဆီအဖြစ် ညွှန်းဆို ရေးသားခဲ့ကြ
သည်။ ၎င်းသည် ဩစတြေးလျနှင့် ပွဲစဉ်တွင် ခံစစ်မှူး (၃)ဦးကို လိမ်ခေါက်ကျော်ဖြတ်ကာ ဂိုးတိုင်ထောင့်ထဲ ဝေ့ဝိုက်ကန်ချက်ဖြင့်
 ဂိုးသွင်းခဲ့သလို ဂျပန်နှင့်ပွဲတွင်လည်း နည်းစနစ်ပိုင်း ပိုင်နိုင်ကျွမ်းကျင်သော ပင်နယ်တီ သွင်းဂိုးတစ်ဂိုးကို ရယူပြနိုင်ခဲ့သည်။
ကောင်ဖောင်းသည် လက်ရှိတွင် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အာဆင်နယ်၏ ဗီယက်နမ် အခြေစိုက် အကယ်ဒမီ 
အသင်းဖြစ်သည့် ဟွန်အန်းဂိုင်လိုင် အသင်းတွင် ကစားလျက် ရှိသည်။ Daily Express သတင်းစာမှ အဲလက်စ်ဟားရစ်က ကောင်
ဖောင်းနှင့် ပတ်သက်ပြီး “သူ့နာမည်ကို အာဆင်နယ် ပရိသတ်တွေ စိမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီချာတိတ်လေးဟာ မကြာခင်မှာ 
အာဆင်နယ်ရဲ့ ကြယ်တစ်ပွင့် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ သူဟာ AFF ယူ - ၁၉ ဖလားပြိုင်ပွဲမှာ လူငယ် လက်ရွေးစင် အသင်း
အတွက် ဩစတြေးလျဘက်ကို လှလှပပ ဂိုးတစ်ဂိုး သွင်းယူပြခဲ့တယ်။ ပြိုင်ဘက် ကစားသမားတွေကို လှည့်ပတ်ထိုးဖောက်ပြီး 
ဧရိယာထဲကနေ သပ်သပ်ရပ်ရပ် အပြင်းကန်သွင်းသွားခဲ့တာပါ”ဟု ချီးကျူး ရေးသားထားသည်။
_ 7daydaily
Wednesday, September 10, 2014
ကန်ဥပဒေကြမ်း မြန်မာအစိုးရဝေဖန်
                အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရရဲ့ စစ်တပ်နဲ့ အနီးကပ်ဆက်ဆံပြီး အကူအညီပေး
တာမျိုးတွေ မလုပ်ဘူးဆိုတဲ့ အချက်တွေ အပါအ၀င် ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ
 မူကြမ်းကို အမေရိကန် အောက်လွှတ်တော် အမတ်တွေက စက်တင်ဘာလ ၉ ရက်နေ့တုန်းက ဆွေးနွေးခဲ့ကြပါတယ်။ 
အခုလို မြန်မာအစိုးရ စစ်တပ်နဲ့ ဆက်ဆံရေးအပေါ် ကန့်သတ်တာဟာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုပါ
 ထိခိုက်နိုင်တယ်လို့ မြန်မာသမ္မတရုံးက အကြီးတန်းအရာရှိတဦးက တုံ့ပြန်လိုက်ပါတယ်။
             ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးမှာ အာဏာရှင်အကြွင်းအကျန် လုပ်ရပ်တွေ ဆက်ရှိနေဆဲဆိုရင်တော့ ကူညီပေး
နေတာတွေကို ပြန်စဉ်းစားရမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်တွေက သုံးသပ်ပါတယ်။ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ 
ဆွေးနွေးမှုတွေအပေါ် တုံ့ပြန်ချက်တွေကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က 
သတင်းပေးပို့ထားပါတယ်။
             မြန်မာနိုင်ငံအနေနဲ့ အပြောင်းအလဲတွေ လုပ်လာပေမဲ့ အခုနောက်ပိုင်းမှာ အားရစရာ မရှိတာကြောင့် အမေရိကန်
 အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အကူအညီပေးမှုမျိုးတွေ ဆက်လက် မလုပ်ဆောင်ဖို့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ 
အမေရိကန်အမတ်တွေက အမေရိကန် လွှတ်တော်မှာ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ 
သမ္မတရုံး အကြီးတန်းအရာရှိတဦးကတော့ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ပြောဆိုချက်ကို ပယ်ချလိုက်ပါတယ်။ 
အခုလို ဆောင်ရွက်ချက်ဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်အတွင်းက နိုင်ငံရေးအားပြိုင်မှုဖြစ်ပြီးတော့  မြန်မာနိုင်ငံအနေနဲ့ 
အခုလို လုံခြုံရေးအရ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ လျစ်လျူရှုဖို့ တိုက်တွန်းတာတော့ မေးခွန်းထုတ်စရာ ကောင်း
တယ်လို့ ပြောပါတယ်။
                 “နံပါတ်တစ်အချက်ကတော့ သူတို့ရဲ့ internal politics ပေါ့နော် အမေရိကန်က နိုဝင်ဘာမှာ လွှတ်တော်ရွေး
ကောက်ပွဲတွေ ကျင်းပတော့မယ့်ကာလအတွက် ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် Joseph Crowley တို့ ဘာတို့ဆိုတာက 
အစဉ်တစိုက်ပေါ့နော် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ negative ရှုထောင့်ကနေ လုပ်လာတဲ့သူတွေပေါ့နော်။ ဒီအိုဘား
မားရဲ့ foreign policy မအောင်မြင်ဘူးဆိုတာ ပြသချင်တဲ့ သဘောနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို သူတို့က 
ပိုပြီးတော့ ယုတ်လျော့အောင် အဲ့လိုလုပ်တယ်လို့ မြင်ပါတယ်။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်သင့်
ဘူးဆိုပြီးတော့ ပြောတဲ့စကားက ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒ အထူးသဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်
တဲ့ အမေရိကန်ရဲ့ strategy နောက်တခုက policy ဒါတွေက မကိုက်ညီဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံကို လုံခြုံရေးဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်မှုတွေ ကူညီပေးဖို့၊ လုပ်ပေးဖို့ ကန့်ကွက်တယ်ဆိုတော့ ဒီပြောသွားတဲ့ပေါ့နော် ကန့်ကွက်တယ်ဆိုတော့ ပြော
သွားတဲ့၊ ကန့်ကွက်တဲ့ congress က အမတ်တွေပေါ့နော် နောက် သူတို့ကို ကိုယ်စားပြုတဲ့ ပါတီတွေ၊ နောက် သူတို့ကို 
ကိုယ်စားပြုတဲ့ institution တွေရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ရပ်တည်ချက် မေးခွန်းထုတ်စရာ ဖြစ်နေ
တယ်။”
         ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်ကစလို့ အမေရိကန်အစိုး
ရက မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲကျင့်သုံးပြီးနောက်မှာ အစိုးရရဲ့ ခြေလှမ်းတွေဟာ မြန်မာကို လိုက်လျော
လွန်းတယ်ဆိုပြီး အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်တွေက စောင့်ကြည့် ဝေဖန်နေတာပါ။ အမေရိကန် လွှတ်တော်ဘက်
က မြန်မာစစ်တပ်ကို အကူအညီ မပေးသင့်ဘူးလို့ ကန့်သတ်တာဟာ မဖြစ်သင့်ဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာအကဲဖြတ် 
ဦးတင်မောင်သန်းက ရှုမြင်ပါတယ်။
                “ကျနော့်သဘောဆိုရင်တော့ အကူအညီ ပေးဖို့ သင့်တယ်လို့ ထင်ပါတယ်။ လက်ရှိ ကမ္ဘာမှာ စဉ်းစားနေတဲ့ နိုင်ငံတ
ကာက စဉ်းစားနေတဲ့ အနေအထားကိုလည်း နားလည်ကြည့်ဖို့ အများကြီး လိုလာတယ်။ အဲ့ဒီအတွက် ကျနော်တို့ ပညာပေးတဲ့
ကိစ္စကအစပေါ့နော် အထောက်အကူတွေ လိုတယ်။ အဲ့ဒါက စစ်တပ်ကိုမှ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အကူ
အညီပေးတယ်ဆိုတဲ့ နေရာမှာလည်းပဲ အရပ်ဖက်အဖွဲ့အစည်းတွေကို ပေးရတာလည်း ပါပါတယ်။ ဒါကတချက်။ ဒုတိယတချက်
က ဘာလဲဆိုရင် ဒီ ဒီမိုကရေစီ အကူးအပြောင်းမှာ အရပ်ဖက်၊ စစ်ဘက် ဆက်ဆံရေးဟာ အရေးကြီးပါတယ်။ ဆိုတော့ မြန်မာ
ပြည်က အရပ်ဖက်မှာရော လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဘယ်လောက်အထိ သိနားလည်သလဲလို့ ကြည့်လိုက်လို့ရှိရင် အားနည်း
ချက်တွေ ကျနော်တို့ အများကြီး တွေ့ရတယ်။ လုံခြုံရေးကဏ္ဍကြီးတခုလုံးကို ပြုပြင်ပြောင်းလဲဖို့က လိုအပ်နေတယ်။ ဒါကြောင့်
မို့လို့ နိုင်ငံတကာ အကူအညီတွေက အင်မတန်မှကို အရေးကြီးပါတယ်။”
             တဘက်မှာတော့ အမှန်တကယ်သာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲနေတယ်ဆိုရင် အကူအညီ  ပေးနိုင်ပေမဲ့ အာ
ဏာရှင် အကြွင်းအကျန် လုပ်ရပ်တွေ ဆက်ရှိနေသေးရင်တော့ အကူအညီပေးမှုတွေကို ပြန်စဉ်းစားရမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်
 ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။“ဒီလိုဗျ ကျနော်တို့က အင်
မတန် ရှင်းပါတယ်။ ပြုပြင်ပြောင်းလဲရေးကို မှန်မှန်ကန်ကန် လုပ်ရင် အဲ့ဒါဆိုရင် ပူးပေါင်းဆောင်ရွက်ပေးရမယ်၊ အားပေးအားမြှောက်
လည်း လုပ်ရမယ်။ ဒါက ရှင်းတယ်။ နောက်တခုကကျတော့ မမှန်မကန် နည်းလမ်းတွေ ကျန်ရှိနေမယ်၊ လုပ်သင့်လုပ်ထိုက်တာ
တွေကို မလုပ်နိုင်သေးဘူးဆိုရင်လည်း သူ့အတွက် ဖိအား တစုံတရာပေးဖို့အတွက် ယန္တရားတခုကတော့ လိုတာပဲလေ။ မှန်ကန်တဲ့
ပြောင်းလဲရေးတွေ မလုပ်ကြဘဲနဲ့နော် အာဏာရှင်ရဲ့ အကြွင်းအကျန်တွေ၊ ပုံသဏ္ဍာန်တွေ၊ လုပ်နည်းလုပ်ဟန်တွေ ကျန်နေသေး
မယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ ကန့်သတ်မှု၊ တားမြစ်မှုတွေနဲ့ ကြုံရမယ်။ သူ့ဘက်က မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်
တယ်ဆိုရင်လည်း ဖြေလျှော့မှုတွေ ပေးရမှာဖြစ်တယ်။”
              အခု ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ မူကြမ်းကိုတော့ အောက်လွှတ်တော်ရဲ့ အာရှ-ပစိဖိတ်
ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဌ ရီပတ်ဗလစ်ကန်ပါတီ အမတ် Steve Chabot နဲ့ နယူးယောက်ပြည်နယ် အောက်လွှတ်
တော် ဒီမိုကရက်ပါတီအမတ် Joseph Crowley တို့က ဦးဆောင် တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဘက်က အခု
လို လိုက်လျောမှုတွေ ရှိခဲ့ပေမဲ့လို့လည်း မြန်မာဘက်ကတော့ ပြောင်းလဲလာတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရဘူးလို့လည်း Mr. Chabot 
က ပြောပါတယ်။
              ဥပဒေကြမ်းထဲမှာတော့ မြန်မာအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ထားဖို့၊ စစ်တပ်
က ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေအချာ လျစ်လျူရှုမထားဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု
 ဖြတ်တောက်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီလို အခြေအနေတွေ မရှိသေးတဲ့အတွက်  အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ 
ကူးလူး ဆက်ဆံရေး မလုပ်ဖို့၊ မြန်မာစစ်တပ်ကို မကူညီဖို့ ဒီဥပဒေကြမ်းမှာ ကန့်သတ်ထားတာလို့ ဒီဥပဒေကြမ်းကို ဦးဆောင်တင်
သွင်းသူ Mr. Chabot က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိချိန်တုန်းကတော့
 ဒီမိုကရေစီ ကူးပြောင်းနေတယ်လို့ ပြောဆိုထားတဲ့ မြန်မာအစိုးရရဲ့ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ရှိသင့်
တယ်လို့ ထောက်ပြခဲ့သလို၊ မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကလည်း 
အခုလိုပဲ ထောက်ပြ ပြောဆိုခဲ့ဖူးပါတယ်။
ဗွီအိုအေ
ဂျော့ဘုရင်(၂)သို့ အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ ဂျာမနီက မြန်မာထံ ပေးအပ်
               မြန်မာဘုရင်အလောင်း မင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဒုတိယ မြောက်ဂျော့
ဘုရင်ထံသို့ လက်ဆောင်ပေးအပ်ခဲ့သော ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေပေလွှာ၏ ဒစ်ဂျစ်တယ်မိတ္တူကို မြန်မာ
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံပေးအပ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက  သ တင်းထုတ်ပြန်
သည်။ ၁၇၅၆ခုနှစ်တွင်အလောင်း မင်းတရားသည် တန်ဖိုးကြီးမားသော ပတ္တမြား ၂၄လုံးနှင့် ရွှေစင်ရွှေသားဖြင့်ပြု
လုပ်ထားသော ရွှေပေလွှာကို ဂျော့ဘုရင်ထံပေးပို့ခဲ့ခြင်းဖြစ်ပြီး  လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ စာကြည့်
တိုက်၌  ထိန်းသိမ်းပြသ ထားသည်။
              သန့်စင်သည့် ရွှေအစစ်ဖြင့် ပြုလုပ်ထားပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိပြီး   ရှားပါးသော သမိုင်းဝင်အ
မွေအနှစ်ပစ္စည်း လည်းဖြစ်သော အဆိုပါရွှေပေ လွှာမိတ္တူကို မြန်မာနိုင်ငံသို့ ပေး အပ်နိုင်ရန် ဂျာမနီနိုင်ငံခြားရေး ၀န်ကြီး
ဌာနနှင့် သမိုင်းဝင်စာရွက် စာတမ်းများ ထိန်းသိမ်းစောင့် ရှောက်သည့် ဂျာမနီမှ Gottfried Wihelm Leibiniz စာကြည့်တိုက်
 တို့ ပူးပေါင်း၍ 3D ဒစ်ဂျစ်တယ် နည်းပညာဖြင့် မိတ္တူကူးယူခဲ့ခြင်း ဖြစ်သည်။
               ရွှေပေလွှာလွှဲပြောင်းပေး အပ်ရေးအတွက် ၂၀၁၃ခုနှစ်က တည်းက မြန်မာနိုင်ငံယဉ်ကျေးမှု ၀န်ကြီးဌာနနှင့်
 ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနတို့ စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ပြီး ဂျာမနီ-မြန် မာသံတမန်ဆက်ဆံရေး  နှစ် (၆၀)အထိမ်း
အမှတ်အခမ်းအနားတွင် ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူကို ပေးအပ်ခြင်းဖြစ်သည်။
                  ဂျာမနီသမ္မတ ဂျိုအာဂျင် ဂေါက် မြန်မာနိုင်ငံသို့ လာ ရောက်သည့် ခရီးစဉ်ကတည်းက ယင်းရွှေပေလွှာမိတ္တူကို
 ပေးအပ် လိုက်ကြောင်း ကမ်းလှမ်းပြော ကြားခဲ့သည်ဟု မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီး ဌာနမှ အဆင့်မြင့်
အရာရှိတစ်ဦး ကပြောကြားသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ ကျော်က မြန်မာ့လက်မှုအနုပညာ ကို လေ့လာနိုင်မည့်ရွှေပေ
လွှာ၏ သုံးဖက်မြင်ဒစ်ဂျစ်တယ်မိတ္တူကို ရန်ကုန်မြို့တွင် ခေတ္တပြသ၍ နေ ပြည်တော်ရှိ အမျိုးသားပြတိုက်၌ ပြသထားမည်ဖြစ်
သည်။ ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူ ပေးအပ်ခြင်းသည် နှစ်နိုင်ငံယဉ် ကျေးမှုဖလှယ်ရေးအတွက်အ လွန်အရေးကြီးသောဆောင်
ရွက် မှုဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သောယဉ်ကျေးမှုဖလှယ်ရေးသဘောတူညီ မှုမှာ  တိုးတက်ကောင်းမွန်
လာနေ ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန် ကြီိးကပြောသည်။
                ‘‘ခုပြန်ပေးတာကို ယဉ်ကျေး မှုဝန်ကြီးဌာနကို ပြန်လွှဲမှာပေါ့။ ပြီးတော့ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းစဉ်တွေကို
 ယဉ်ကျေး မှုကလည်း လုပ်မှာပေါ့။ ပထမ ဆုံးရွှေပေလွှာကို ရန်ကုန်အမျိုး သားပြတိုက်မှာ ပြသမယ်။ ပြီးရင် နေပြည်တော်က 
အမျိုးသားပြ တိုက်မှာ ထိန်းသိမ်းသွားမှာဖြစ် တယ်။ ဒီပေလွှာပြန်ပေးအပ်တဲ့ ကိစ္စက မြန်မာ−ဂျာမနီ နှစ်နိုင်ငံ ကြားက ချစ်ခင်ရင်း
နှီးမှုနဲ့ ပူး ပေါင်းဆက်ဆံရေးတိုးမြှင့်ခြင်း အတွက် ယဉ်ကျေးမှုတံတားထိုး လိုက်တာတစ်ခုပဲ’’ဟု ၎င်းက ပြောကြားသည်။
သမ္မတဦးသိန်းစိန်သည် ဂျာ မနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် နိုင်ငံတို့သို့ ဆယ်ရက်ကြာခရီး သွားရောက်နေပြီး သမ္မတ၏ ဂျာမနီ
ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနက နှစ်နိုင်ငံသံတ မန်ဆက်ဆံရေးအစပြုခဲ့သည့် နှစ် (၆၀) အထိမ်းအမှတ်အဖြစ် 
နှစ် နိုင်ငံအကြားပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ယဉ်ကျေးမှုမြှင့်တင်ရေး ပြပွဲကို စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပြပွဲ
တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က မြန်မာနိုင်ငံခြားရေးဝန် ကြီးကို ပေးအပ်ခဲ့ခြင်းလည်းဖြစ် သည်။ မြန်မာ-ဂျာမနီနှစ်နိုင်
ငံ ကြား ယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသဘော တူညီချက်ကို ၂၀၁၃ ခုနှစ်က ရေး ထိုးခဲ့ပြီး ယင်းသဘောတူညီ
ချက် အရ နှစ်နိုင်ငံတက္ကသိုလ်များကြား ပူးပေါင်းဆောင်ရွက်မှုများ တိုး တက်လာနေပြီး သတင်းစာဆရာ များအား လေ့လာရေးခရီး
စဉ် ဖိတ် ခေါ်မှုများလည်းရှိနေကြောင်း ဂျာ မနီနိုင်ငံခြားရေးဝန်ကြီး စတိုင်း လိုင်ကပြောကြားကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန
              Goethe-Institute  ကိုလည်း ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်သွားမည်ဟု၎င်းကဆိုသည်။ မြန်မာနိုင်ငံသည် အသွင်ကူး 
ပြောင်းရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်တည်းက စတင်ခဲ့ပြီး ဂျာမနီနိုင်ငံက မြန်မာနိုင်ငံ၏ စီး ပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု တို့
တွင် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ထောက်ခံ ကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ထောက်ပံ့မှု
 များဆက်လက်ပြုလုပ်မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးက ကတိပြုပြောကြား ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြ
ထားသည်။
Ref: 7daydaily
Monday, September 8, 2014
လူသားနဲ့ချက်ပြုတ်ထားတဲ့ အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်ကို ရဲတွေဝင်ရောက်ဖမ်းဆီးနိုင်ခဲ့
               စားသုံးသူတွေကို လူသားနဲ့ တည့်ခင်းဧည့်မှုပြုနေခဲ့တဲ့ နိုင်ဂျီးရီးယားစားသောက်ဆိုင်တစ်ဆိုင်ကို ရဲတွေ 
ဝင်ရောက်ဖမ်းဆီးနိုင်းခဲ့ပြီးနောက်မှာတော့ အဲ့ဒီဆိုင်ဟာ အပိတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီဆိုင်က စားသောက်ဆိုင်
ပိုင်ရှင် အပါအဝင် အနည်းဆုံး လူ (၁၁) ယောက် ဖမ်းဆီးပစ်ခဲ့ပါတယ်။
             Anambra ပြည်နယ်မှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ ဈေးတန်းတစ်နေရာမှာရှိတဲ့ အဲ့ဒီစားသာက်ဆိုင်က
 တည့်ခင်းတဲ့အသားတွေဟာ နူးညံ့လွန်တာကြောင့် ဖြစ်နိုင်ချေ အခြေအနေကိုစုံစမ်းဖို့  ဒေသခံတွေက ရဲအရာရှိတွေကို
 အသိပေးခဲ့တာပါ။ ဒီဆိုင်ကို ၀င်ရောက်ဖမ်းဆီး စစ်ဆေးမှုအတောအတွင်း အာဏာပိုင်တွေက သွေးပေကျန်နေတဲ့ လူရဲ့
ဦးခေါင်းနှစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်သားဦးထုပ်နှစ်လုံး၊ လက်နက်ခဲယမ်းမီးကျောက်တွေ၊ ဆဲလ်ဖုန်းတွေနဲ့ 
AK-47 နှစ်လက်တို့ကိုလည်း တွေ့ရှိခဲ့ပါတယ်လို့ Nigeria Tribune က သတင်းထုတ်ပြန်ထားပါတယ်။
         ဟိုတယ်နဲ့တွဲရက် ဖွင့်ထားတဲ့ စားသောက်ဆိုင်ဟာ ဈေးနဲ့ အရမ်းနည်းကပ်တာကြောင့် ဈေးလာဝယ်တိုင်း ဟိုတယ်
မှာ ရှုပ်ရှုပ်ရှပ်ရှပ် အဝင်၊ အထွက်၊ ကလန်ကဆန် အမူအကျင့်တွေနဲ့ ညစ်ပစ်ပေရေနေတဲ့ လူတွေ ဟိုတယ်ထဲ အမြဲဝင်၊ထွက်
သွားလာနေကြတာကို အနီးအနားက လူတွေ သတိထားမိခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ရဲတွေ ဒီကြောင်းကို ရိပ်မိတဲ့အခါ 
အံ့သြမှု မဖြစ်ခဲ့ပါဘူးလို့ အဲဒီမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်တစ်ယောက်က Osun Defender ကို ပြောပြခဲ့တယ်။
စားသောက်ဆိုင်မှာ လာစားတဲ့သူတွေကတော့ သူတို့စားတဲ့အသားတွေဟာ  လူသားဖြစ်ကြောင်း အမှန်တကယ် မသိခဲ့ကြပါ
ဘူး။ အဲ့ဒီအသားကို စားသုံးခဲ့တဲ့ သူတွေထဲမှာ ခရစ်ယာန်တရားဟော ဆရာတစ်ဦးလည်း ပါဝင်ခဲ့တယ်။ "ဒီဟိုတယ်ကို ဒီနှစ်
အစောပိုင်းမှာ သွားရောက်ခဲ့တာဖြစ်ပြီး အသားတစ်တုံးကိုနိုင်ဂျီးရီးယား ငွေ ၇၀၀ နဲ့ ရောင်းတယ်လို့ ပြောတော့ အတော်လေး
 အံ့အားသင့်သွားတယ်။ ဒါ့ကြောင့် အဲဒီလောက်ဈေးကြီးပေးပြီး စားခဲ့တဲ့အသားက လူသားဖြစ်မှန်း မသိခဲ့ဘူး"လို့ သူက ပြော
ဆိုခဲ့ပါတယ်။
              မကြာသေးမှီ အချိန်ကမှစပြီး အဖြစ်များလှတဲ့ ဇာတ်တူသားစားတဲ့ အဖြစ်အပျက်ကိစ္စတွေကြောင့် ပြည်သူတွေကြား
 ဒေါသမီး ဟုန်းဟုန်းတောက်လောင်ခဲ့ပါတယ်။ သို့ပေမဲ့ ဒီအဖြစ်အပျက်ဟာ  နိုင်ငံထဲ သတင်းထုတ်ခြင်းခံရတဲ့ ပထမဦး ဆုံးအ
ဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။
Trend Myanmar
MH370 ဦးတည်ပျံသန်းသွားသည့် လမ်းကြောင်း (၁၀၀၀)မျှ ရှိနိုင်ကြောင်း ကျွမ်းကျင်သူ မှတ်ချက်ပြု
              ပျောက်ဆုံးနေသည့် MH370 လေယာဉ် ဦးတည်ပျံသန်း သွားနိုင်သည့် လမ်းကြောင်းပေါင်း (၁၀၀၀)မျှကို 
ထည့်သွင်း စဉ်းစားရလိမ့်မည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြု ပြောကြားခဲ့သည်။ မလေးရှား လေကြောင်းပိုင် 
MH370 သည် မတ်လ(၈)ရက်က လူပေါင်း (၂၃၉)ဦးကို တင်ဆောင်၍ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်း
ရင်း ပျောက်ကွယ်သွားခဲ့သည်။ ဂြိုဟ်တု ဓာတ်ပုံများကို ကိုးကားပြီးနောက် လေယာဉ်သည် မူရင်းလမ်းကြောင်းမှ 
သွေဖယ်ကာ အိန္ဒိယ သမုဒ္ဒရာဘက် ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယုံကြည်ရသည့်အတွက် အိန္ဒိယ သမုဒ္ဒရာတွင် 
လေယာဉ်ပျက်ကို ကာလရှည်ကြာ စုံစမ်း ရှာဖွေနေသည်။
            ယခုအခါ လေယာဉ်ပျောက်ဆုံးမှု (၆)လ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လေယာဉ်ရှာဖွေရေးတွင် ပါဝင်လုပ်ဆောင်
နေသည့် ဩစတြေးလျ ကူးသန်းသွားလာရေး လုံခြုံမှု ဗျူရိုမှ ပညာရှင် မာတင်ဒိုလန်က မိမိတို့ အနေဖြင့် မမျှော်လင့်
သော ရှုထောင့်မှ ကြုံလာသည့် အခက်အခဲ များစွာကို ကြိုတင် မျှော်လင့်ထားရကြောင်း ဝန်ခံခဲ့သည်။
           “ပြောရမယ်ဆိုရင် တိတိကျကျ သတ်မှတ်လို့ မရတဲ့ ပျံသန်းမှု လမ်းကြောင်းတွေ အများကြီး ကွဲလွဲနိုင်တယ်။ 
လေယာဉ်က ဘယ်လောက်ထိ ဝေးအောင် ပျံသန်းသွားသလဲ၊ ဘယ်ကို ဦးတည်သလဲ ဆိုတာကို မသိနိုင်ဘူး။ စဉ်းစား
ကြည့်ရင် ဖြစ်နိုင်ခြေ လမ်းကြောင်း (၁၀၀၀)လောက် ရှိတယ်။ ဒါဟာ လေယာဉ် တောင်ဘက်ကို ပြန်လှည့်သွားတယ်
ဆိုတဲ့ အချက်ကိုပဲ အခြေခံပြီး စဉ်းစားထားရသေးတာနော်”ဟု ဒိုလန်က ဆိုသည်။ ၎င်းက “ဘယ်သူမှ လေယာဉ်တစ်စီး 
တွေ့လိုက်ပါတယ်လို့ ထုတ်မပြောနိုင်တဲ့ ဧရိယာမျိုးမှာ ကျွန်တော်တို့ လိုက်ရှာနေရတာ။ ငရဲဘုံလို ကြမ်းတမ်းတဲ့ နေရာပဲ။ 
ရာသီဥတုက ဆိုးတယ်။ လုပ်ငန်းစဉ်တွေကလည်း ရှုပ်ထွေးလွန်းတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။
                   လတ်တလောတွင် ဒိုလန်နှင့် အဖွဲ့သည် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းရှိ စတုရန်း ကီလိုမီတာ (၆၀၀၀၀)မျှ 
ကျယ်ဝန်းသော ရေပြင်ဧရိယာကို ဇုန်နေရာ သတ်မှတ်ပြီး လေယာဉ်ကို ရှာဖွေနေကြောင်း သိရှိရသည်။
_Ref: 7daydaily
Sunday, September 7, 2014
ဆိုမာလီal-Shabab ခေါင်းဆောင် သေဆုံးကြောင်း ကန် အတည်ပြု
ဗွီအိုအေ (မြန်မာပိုင်း)
         ဆိုမားလီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် 
စစ်သွေးကြွအဖွဲ့ al-Shabab ခေါင်းဆောင် Ahmed Abdi Godane သေဆုံးသွားကြောင်း အမေရိကန် 
အရာရှိတွေက အတည်ပြု ပြောဆို ပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးကြောင့်
 Godane သေဆုံးသွားခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က ကြေညာ
ချက်ထုတ်ပြန် ပြောဆိုပါတယ်။
             ဆိုမားလီးယားတောင်ပိုင်းမှာ al-Shabab အဖွဲ့ စည်းဝေးပွဲလုပ်နေတဲ့အချိန် အမေရိကန် မောင်း
သူမဲ့ယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ Al-Shabab
 အဖွဲ့ အားနည်းသွားအောင် အမေရိကန် အနေနဲ့ အမြဲတမ်း ကြိုးပမ်း ဆောင်ရွက်နေခဲ့ကြောင်း သမ္မတ 
Barack Obama ကလည်း သောကြာနေ့မှာ ပြောပါတယ်။
             အမေရိကန်က အခုလို ခေါင်းဆောင်ကို သတ်ဖြတ်လိုက်နိုင်တာဟာ al-Shabab အဖွဲ့အတွက် 
အထိနာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တခြား ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး Steve Warren ကလည်း 
ဗွီအိုအေကို ပြောပါတယ်။ ဆိုမားလီးယားအစိုးရက Godane ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို လက်ထောက်
ချပေးခဲ့တာဖြစ်ပြီး ၀င်ရောက် တိုက်ခိုက်ခွင့်လည်း ပြုခဲ့ကြောင်း ဆိုမားလီး ၀န်ကြီးချုပ် Abdiweli Sheikh Ahmed 
က ဗွီအိုအေကို ပြောပါတယ်။
Twitter Delicious Facebook Digg Stumbleupon Favorites More