မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Sunday, August 10, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၂-၃)ကြားတွင် သေဆုံးနေသည့် အမည်မသိအမျိုးသမီး ၁ ဦးအား တွေ့ရှိ


နေပြည်တော်၊ သြဂုတ် ၈
       ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊
 မိုင်တိုင်အမှတ်(၃၇/၂-၃)ကြားတွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့
ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ မြေသားလမ်းဘေးအနီး၌ အဖြူရောင်ပ
လတ်စတစ်အကြည်ဖြင့်ထုပ်ထားသော အသက် (၄၅) နှစ်ခန့်ရှိ အမည်မသိ အမျိုးသမီးတစ်ဦးအား ဦးခေါင်းဝဲဘက်ခြမ်း
ပေါက်ပြဲ၊ ယာနံရိုး(၁)ချောင်းကျိုး ဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းအနီးမှ ပီနံအိတ်ဖြင့်ထုပ်ထားသော
 ဒန်ခွက်အစုတ်များ၊ ပီနံအိတ်အဟောင်းစုတ်များ၊ သံပြားအဟောင်းများ၊ ဖိနပ်အဟောင်းများ၊ ဗူးတိုခွက်စများထည့်ထား
သည့် အထုပ်(၁)ထုပ်နှင့် လုံချည်အဟောင်း(၁)ထည်တို့အား တွေ့ရှိရသဖြင့် ဘောနတ်ကြီးအမြန်လမ်းရဲစခန်း (ပ)၁၁/
၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မောင်တောမြို့နယ်တွင် RSO သောင်းကျန်းသူများ ၀င်ရောက်နေကြောင်း သတင်းထွက်ပေါ်နေ


မောင်တော၊ သြဂုတ် ၉ ရက်
 မောင်တောမြို့နယ်အတွင်း RSO သောင်းကျန်းသူများ ၀င်ရောက်ကာ ၀န်ထမ်းများအား ဦးတည်တိုက်ခိုက်ရန် 
ရည်ရွယ်နေကြောင်း သတင်းများထွက်ပေါ်နေသဖြင့်ဆရာဆရာမများအပါအ၀င် ဒေသခံပြည်သူများစိုးရိမ်နေ 
ကြောင်းကြားသိရသည်။ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အား ထုတ်ပြန်ခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ညနေပိုင်းက
လည်း ရပ်ကွက် ၅ ဘက်မှ ဘင်္ဂလီများ အော်ဟစ် ဆူပူမှုများဖြစ်ပေါ်ခဲ့ပြီးရုံးရင်းဆန်ခတ်ဖြစ်အောင်တမင်တကာ 
ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
          ယင်းအပြင် မောင်တောမြိ့နယ် မြောက်ပိုင်း တွင် သောင်းကျန်းသူများ ၀င်ရောက်ကာ ဒေသခံ ဘင်္ဂလီများ
 နှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် သတင်းထွက်ပေါ်နေခြင်းကြောင့် လုံခြုံရေး သတိထား
ဆောင် ရွက်နေရကြောင်း နှင့် ဌာနဆိုင်ရာများအား နယ်မြေသို့ကွင်းဆင်းလျင် လုံခြုံရေးအား သတင်းပေးသွားလာ
ရန် ညွှန်ကြားထားကြောင်းလည်း ကြားသိရသည်။
           လွန်ခဲ့သည့်ရက်ပိုင်းက မောင်တောတောင်ပိုင်း အလယ်သံကျော် အုပ်စုတွင် RSO များ ၀င်ရောက်နေသည်
ဟုသတင်းကြောင့် လုံခြုံရေးတင်းကျပ်စွာ ၀ိုင်းဝန်း ပိတ်ဆို့ရှာဖွေခဲ့ရသော်လည်း မည်သည့် သောင်းကျန်းသူကိုမျှ
 မတွေ့ရှိခဲ့ကြောင်းသိရသည်။ ယင်းနောက်ရက်ပိုင်းခြားကာ မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာကြီး အလယ်
တန်းကျောင်းဆောင်အား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်အတွင် ကျောင်းဆ
ရာမတစ်ဦး အား ဘင်္ဂါလီ တစ်ဦးက အဓမ္မ ပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယင်းအတွက်ဘင်္ဂလီကျေးရွာ
များတွင်တာဝန်ထမ်းဆောင်နေကြသည့်ဆရာမများ မသွားရဲ မလာရဲဖြစ်နေကြကြောင်းလည်းသိရသည်။
Ref: RSV

အီရတ် အစ္စလာမ် အစွန်းရောက်တွေကို ကန်-လေကြောင်း ထပ်မံတိုက်ခိုက်


ဗွီအိုအေ (မြန်မာဌာန)
           အီရတ်နိုင်ငံမြောက်ပိုင်းမှာ အရပ်သားတွေကို ပစ်ခတ်နေတဲ့ အစ္စလာမ်အစွန်းရောက်တွေကို နောက်ထပ် 
လေကြောင်း တိုက်ခိုက်မှု ၄ ခု လုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဂျက်တိုက်လေယဉ်တွေ မောင်း
သူမဲ့ Drone ယဉ်တွေနဲ့ သံချပ်ကာကားတွေနဲ့ Truck ကား ၁ စီးကို ပစ်မှတ်ထားတိုက်ခဲ့တယ်လို့ အမေရိကန် ဗဟို 
ကွပ်ကဲရေးဌာနက စနေနေ့မှာ ပြောခဲ့ပါတယ်။ Sinjar ဒေသနားမှာ လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အောင်မြင်
တယ်လို့ ဆိုပါတယ်။
              အစ္စလာမ်နိုင်ငံထူထောင်ထားတဲ့ စစ်သွေးကြွတွေက အီရတ်နိုင်ငံ Kurds ဒေသမြို့တော် Irbil မြို့အပေါ်
တိုက်ခိုက်ရာမှာ သုံးနိုင်တဲ့ လက်နက် ကိရိယာတွေကို အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း အောင်အောင်မြင်
မြင် ဖျက်စီးနိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ Barack Obamaကလည်း အစောပိုင်းက ပြောပါတယ်။
               Sinjar တောင်ပေါ်မှာ ပုန်းရှောင်နေကြရတဲ့ ဘာသာရေးအရ နှိပ်ကွပ်ခံနေရတဲ့ လူနည်းစုတွေအတွက် 
အမေရိကန်တပ်တွေက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဆက်ပြီးပေးသွားမယ်လို့လည်း သမ္မတအို
ဘားမားက အိမ်ဖြူတော်ကနေ စနေနေ့က ပြောကြားခဲ့ပါတယ်။ အဲဒီလူတွေကိုနေရာပြောင်းရွှေ့နိုင်ကြဖို့ လုံခြုံစိတ်ချ
ရတဲ့နေရာ ဖန်တီးပေးဖို့လည်း စီစဉ်နေတယ်လို့ သမ္မတက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် အမေရိကန်နဲ့ 
ပူးပေါင်းအကူအညီပေးဖို့ ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင်တွေကလည်း သမ္မတအိုဘားမားနဲ့ သဘောတူခဲ့ကြပါတယ်။
အီရတ်က အရပ်သားတွေ လုံခြုံဖို့အတွက် ဆောင်ရွက်နိုင်မဲ့နည်းလမ်းတွေကိုရှာဖွေဖို့အတွက် သမ္မတအိုဘားမားနဲ့ ဗြိတိန်
ဝန်ကြီးချုပ် David Cameron တို့ စနေနေ့က သဘောတူခဲ့ကြတယ်လို့လည်း အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်
မှာ ဖော်ပြထားပါတယ်။ ဘေးဒုက္ခတွေကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတာကို အကူအညီပေးနိုင်ဖို့ အ
ရေးပေါ် နိုင်ငံတကာက ညှိုနှိုင်းဆောင်ရွက်မှု လိုအပ်နေတယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက ပြင်သစ်သမ္မတ
 Francois Hollande နဲ့ သဘောတူခဲ့ပါတယ်။ ISIS စစ်သွေးကြွအဖွဲ့ကို တန်ပြန်တိုက်ခိုက်နိုင်ရေးအတွက် ရေရှည် မဟာ
ဗျူဟာ အတူတွဲ ချမှတ်သွားမယ်လို့လည်း အမေရိကန်နဲ့ပြင်သစ် ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ကြပါတယ်။

Thursday, August 7, 2014

တရားမဝင်သော ကုလားဗလီများကို ဖျက်သိမ်းရတော့မည်


ရန်ကုန် သာကေတမြို့နယ်မှ တရားမဝင်ဆောက်လုပ်ထားသော ကုလားဗလီ ဖျက်သိမ်းမှုသည် 
အစိုးရ၏ ပထမဆုံးသော တိကျပြတ်သားသည့် ဥပဒေအရ ဆောင်ရွက်ချက်ဖြစ်သည် ။
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အစိုးရခွင့်ပြုချက်မရရှိပါဘဲ အောက်ခြေက အာဏာပိုင်တွေကို ငွေလာဘ်
ထိုးပြီး ဆောက်လုပ်ထားသော တရားမဝင်ဗလီများကို မှတ်တမ်းပြုစုကြပါရန် အသိပေးလိုပါသည် ။
မြန်မာနိုင်ငံမှာရှိတဲ့ ကုလားဗလီများအား မည်သည့်အချိန်တွင် မည်သူ့ခွင့်ပြုချက်နှင့် မည်သူက 
ဆောက်လုပ်သည်ကို သာသနာရေးဦးစီးဋ္ဌာနနှင် ပြည်ထဲရေးမှ စုံစမ်းစစ်ဆေးသွားတော့မည်ဖြစ်ကြောင်း 
ဖျက်ဆီးခံရသော ကုလားဗလီများကို ပြန်လည်ဆောက်ခွင့်ပြုသင့်/မပြုသင့်ကို ဆုံးဖြတ်မည်ဖြစ်သည် ။
မြန်မာနိုင်ငံအဝှမ်းရှိ အချို့သောကျေးရွာများတွင် ဆောက်လုပ်ထားသော ကုလားဗလီများသည် ဗဟို
အစိုးရ အုပ်ချုပ်ရေးဋ္ဌာနမှ မသိရှိပါဘဲ အောက်ခြေသိမ်းမြို့နယ်အဆင့်တွင် လက်သိတ်ထိုး လုပ်ဆောင်
ထားသော ဗလီများဖြစ်သည်ကို ယခု အဓိကရုဏ်းဖြစ်မှ သိရှိကြရသည် ။
           ဘာသာရေးကိုအကြောင်းပြကာ အာရဗီစာသင်ကျောင်းယောင်ယောင် တရားဆွေးနွေးရန် စုဝေး
ရာအဆောင်ယောင်ယောင် ဆောက်လုပ်ထားသော တိတ်တိတ်ပုန်းဗလီ မြောက်များစွာရှိနေပါသည် ။
ရန်ကုန်မြို့ သာကေတမြို့နယ်အပါအဝင် ခွင့်ပြုချက်မရယူဘဲ ဆောက်လုပ်ထားသော စာသင်ကျောင်း
အယောင်ဆောင်ဗလီများ မည်မျှအထိ ရှိနေပြီဆိုတာကို ဆက်လက်ဖေါ်ထုတ်သင့်ပြီဖြစ်သည် ။
ဗလီတစ်လုံးဆောက်ပြီးသွားရင် မည်သည့်နည်းနဲ့မျှ ပြန်လည်နေရာဖယ်ရှား မပေးချင်တာသည် မရိုးသား
သော နယ်ချဲ့မှုတစ်ခုသာဖြစ်သည် ။ သာကေတမှ ကုလားဗလီအား ဖျက်သိမ်းမှုသည် နိုင်ငံတော်အစိုးရ၏ 
တိကျပြတ်သားသည့် ဥပဒေအရ ဆောင်ရွက်ချက်ပင်ဖြစ်သည် ။
CRD ==>> Ko Aung Kyaw

ဆူပါမွန်းနေ့ ဒီရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ပိုမိုဆိုးရွားနိုင်



             လနဲ့ ကမ္ဘာ အနီးကပ်ဆုံးရှိမယ့် Supermoon (ဆူပါမွန်း) နေ့ သြဂုတ် ၁၀ ရက်မှာ ဒီရေတက်မှာကြောင့် 
လက်ရှိ မြန်မာနိုင်ငံတွင်း ရေကြီးမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ခန့်
မှန်းပြောပါတယ်။ ဒီရေဟာ လရဲ့ ဆွဲအားကြောင့် အတက်အကျဖြစ်ပေါ်တာမို့ အဲ့ဒီနေ့မှာ ဒီရေအမြင့် ၇ ပေလောက်
ထိ တက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဒေါက်တာ ဦးထွန်းလွင်က ပြောပါတယ်။
            “ဒီရေတော့ ဖြစ်နိုင်တယ်။ အနည်းဆုံး ၇ ပေလောက် တက်နိုင်တယ်လို့ ရန်ကုန်မှာ မှန်းထားတယ်။ သေ
ချာပေါက် ဖြစ်နိုင်တယ်။ သေချာပေါက်ဖြစ်နိုင်တဲ့ အရာပဲ။ ကျန်တာကတော့ ဘာမှ သိပ္ပံအရ ပြောလို့ မရပါဘူး။ ဒီ
ရေဆိုတာကတော့ ပင်လယ်ရေနဲ့ ဆက်စပ်တဲ့ နေရာအားလုံး အကျုံးဝင်တာပေါ့ဗျာ။ ရန်ကုန်လည်းပါတယ်။ ၇ ပေ
လောက်အထိ တက်နိုင်လို့ ကျနော်တို့ ခန့်မှန်း ထားပါတယ်။ ဒီရေရဲ့ သဘာဝက လရဲ့ ဆွဲအားနဲ့ ဖြစ်တာကိုး။ အဲဒီ
တော့ လက အကြီးဆုံးနဲ့ အနီးဆုံးရောက်တယ်ဆိုတော့ ဒီရေကတော့ ပြေးမလွတ်တော့ဘူး ဖြစ်မှာပေါ့။”
           လတ်တလော မြန်မာနိုင်ငံက ရန်ကုန်နဲ့ ပဲခူးတို့မှာ ရေကြီးနေပြီး အခု တက်မယ့်ဒီရေကြောင့် ရေကြီးတာ ပို
ဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ နက္ခတ်သိပံ္ပအဖွဲ့က ဦးဇေယျာကိုကတော့ ဆူပါမွန်းဖြစ်တိုင်း ငလျင်မလှုပ်
ပေမယ့် ဆူနာမီ ပင်လယ်ရေအောက်ငလျင် ဖြစ်ခဲ့တာတွေက ဆူပါမွန်းဖြစ်ပြီး ရက်ပိုင်းအတွင်း ဖြစ်ခဲ့တာ တွေ့ရလို့ 
သူတို့အသင်းက ကြေညာချက်ထုတ်ထားတယ်လို့ ပြောပါတယ်။
              “ဆူပါမွန်းဖြစ်တိုင်းတော့ အင်အားပြင်းငလျင်တို့၊ ဆူနာမီပါတဲ့ ငလျင်တွေ ဖြစ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့်
 အင်အားပြင်းငလျင်တွေ လှုပ်တဲ့နေရာမှာ ဆူပါမွန်းနဲ့ တိုက်ဆိုင်ခဲ့တာတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ဂျပန်မှာ 
ဖြစ်တဲ့ ဆူနာမီ ငလျင်ဆိုရင် ဆူပါမွန်း ဖြစ်ပြီး ၁ ပတ်အတွင်းမှာ လှုပ်သွားတာပေါ့။ အဲဒါလေးတွေ တိုက်ဆိုက်တာတွေ 
ရှိတော့ ကျနော်တို့က ကြိုပြီးတော့ သတိထားနိုင်အောင် သတင်းထုတ်ပြန်ပေးတာပါ။ ကျန်တဲ့ ကြားထဲမှာ နှစ်စဉ် ၁
 နှစ် ၁ ကြိမ်ကတော့ ဆူပါမွန်းကတော့ ဖြစ်နေတာပဲ။ ဒါပေမယ့် ဆူပါမွန်းဖြစ်တိုင်းလည်း ငလျင်မလှုပ်နိုင်ဘူး။ သို့
သော်ငြားလည်း ဆူနာမီပါတဲ့ ငလျင်ကြီးတွေ လှုပ်ခဲ့တဲ့ဟာမှာလည်း ဆူပါမွန်းနဲ့ တိုက်ဆိုင်ခဲ့တာတွေတော့ ရှိနေ
တတ်တယ်။”
            သြဂုတ် ၁၀ ရက်မှာ လဟာ ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂ သိန်းကျော်က လှည့်ပတ်
မှာဖြစ်ပြီး ဒီနှစ်ထဲ ဆူပါမွန်းဖြစ်စဉ် ၅ကြိမ်ဖြစ်ပေါ်ဖို့ ရှိပါတယ်။ ဇန်န၀ါရီလထဲမှာ နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်၊ သြဂုတ်နဲ့ 
စက်တင်ဘာတို့မှာ တကြိမ်စီ ဖြစ်ပေါ်မှာပါ။ သြဂုတ် ၄ ရက်မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ခဲ့တဲ့ သတင်း
အရတော့ သြဂုတ် ၉ ရက်ကနေ ၁၆ ရက်အတွင်း ရန်ကုန်မြစ်ထဲ ထူးကဲဒီရေတက်မယ်၊ အမြင့်ပေ ၂၀ ဒသမ ၁ ပေခန့်
ကနေ ၂၁ ဒသမ ၉ ပေလောက်ထိ တက်နိုင်တယ်၊ စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

Wednesday, August 6, 2014

မိုးရွာသွန်းမှုကြောင့် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ တိမ်းမှောက်



နေပြည်တော်၊ သြဂုတ် ၆
            ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ည ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ရန်ကုန်-
မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၆/၀-၁)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပေပင်
လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ 
သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ရန်ကုန်မှ မန္တလေးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့
နယ်၊ (၉)ရပ်ကွက်နေ ထွန်းလင်းနိုင်(၃၄)နှစ် မောင်းနှင်လာသော 1D/xxxx တိုယိုတာ ဆာဖာရီ အပြာရောင်ယာဉ်သည်
 မိုးရွာသွန်းမှုကြောင့် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများအား ၀င်ရောက်တိုက်မိပြီး
 တိမ်းမှောက် ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ တိုက်မိသဖြင့် ထွန်းလင်းနိုင်နှင့် ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊ 
မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးမျိုးညွန့်(၅၈)နှစ်ပါ (၄)ဦးတို့၌ ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ထွန်းလင်းနိုင်
အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း 
သတင်းရရှိသည်။
Ref: ရဲဇာနည်

Ebola ကုနိုင်ဖွယ် ဆေးဝါးသစ်


          ဗွီအိုအေ (မြန်မာပိုင်း)
    အာဖရိကတိုက်မှာ အလုပ်သွားလုပ်ရင်း Ebola Virus ပိုးကူးစက်ခံထားရတဲ့ အမေရိကန် ၂ 
ယောက်ကို ဆေးရွက်ကြီးကထုတ်တဲ့ စမ်းသပ်ဆေးဝါးနဲ့ ကုသနေတာ တိုးတက်တဲ့ လက္ခဏာ
တွေ တွေ့နေရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ထဲက ဝန်ထမ်း ၉ ယောက်ပဲရှိတဲ့ Mapp Bio-
pharmaceutical ဆိုတဲ့ ကုမ္ပဏီက ဆေးရွက်ကြီးပင်က ကုစားနိုင်တဲ့ ပရိုတင်းဓာတ်နဲ့ ZMapp 
ဆိုတဲ့ Ebola ကုသဆေးကို စမ်းသပ်ထုတ်ထားတာပါ။
            အဲဒီဆေးကို Ebola ကူးစက်နေတဲ့ မျောက်တွေမှာ စမ်းသပ်ခဲ့တာမှာ ကောင်းမွန်တဲ့ 
လက္ခဏာတွေ တွေ့ခဲ့ရပေမဲ့ လူတွေမှာ စမ်းသပ်မှု လုပ်မထားပါဘူး။ ဒါပေမဲ့ လိုက်ဘေးရီးယားမှာ 
ခရစ်ယာန် သာသနာပြု သွားလုပ်ရင်း Ebola ရောဂါ ကူးစက်လာတဲ့ အမေရိကန် ၂ ယောက်မှာ 
အသုံးပြုဖို့ ကုမ္ပဏီက ဆေးထုတ်ပေးခဲ့ပါတယ်။ ရောဂါကူးလာတဲ့ ဆရာဝန် Kent Brantly နဲ့ သာ
သနာပြု Nancy Writebol တို့ကို အမေရိကန်ကို ပြန်ခေါ်မလာခင် ZMapp ဆေးကို တိုက်ကျွေးခဲ့ပါ
တယ်။
           စနေနေ့က အမေရိကန်ကို ပြန်ရောက်လာတဲ့ Brantly ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်
လာပုံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အင်္ဂါနေ့က အမေရိကန်ကို ပြန်ရောက်လာတဲ့ Writebol 
ရဲ့ အခြေအနေဟာလည်း တိုးတက်တဲ့ လက္ခဏာတွေ ပြသနေတယ်လို့ သူ့ရဲ့သားက ပြောပါတယ်။
ဒီဆေးပမာဏ အတော်ကို နည်းပါးနေတဲ့အတွက် အနောက်အာဖရိကမှာ လက်ရှိကူးစက်ဖြစ်ပွားနေတဲ့
 Ebola ရောဂါကို ချက်ချင်း တိုက်ဖျက်နိုင်လောက်တဲ့ ပမာဏမရှိဘူးလို့ ကျန်းမာရေး တာဝန်ရှိသူတွေက 
ပြောပါတယ်။


အာဖဂန်နစ္စတန်မှာ အမေရိကန် စစ်ဗိုလ်ချုပ်တဦး ပစ်သတ်ခံရ


  အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန် စစ်ဗိုလ်ချုပ် တဦးဟာ မနေ့တုန်းက ပစ်ခတ်ခံရမှုကြောင့် 
သေဆုံး သွားခဲ့ရပါတယ်။ ဒါဟာ အာဖဂန်မှာ အဆင့်အမြင့်ဆုံး စစ်အရာရှိ တဦး ကျဆုံး ခြင်းလည်းဖြစ်ပါ
တယ်။ အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ် မြို့မှာ မနေ့တုန်းက အာဖဂန်နစ္စတန် စစ်ယူနီဖောင်းဝတ်လက်နက်
ကိုင် တဦး ရဲ့ ပစ်ခတ်မှု ကြောင့် အမေရိကန်စစ်ဗိုလ်ချုပ် Harold Greene သေဆုံးခဲ့ရပြီး အမေရိကန်အပါ 
အဝင် နိုင်ငံတကာ တပ်သား ၁၅ ဦး ဒဏ် ရာ ရခဲ့တယ်လို့ Stars and Stipes ဆိုတဲ့ သတင်းဌာနက သတင်း
တပုဒ်က ဖော်ပြထားပါတယ်။ 
              သေနတ်သမားဟာ အာဖဂန်နစ္စတန် စစ်ယူနီဖောင်းဝတ်ထားသူဟာ အကြမ်းဖက်သမားတဦးဖြစ်
တယ်လို့ အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောထားပါတယ်။ ပစ်ခတ်ခဲ့သူ အကြမ်းဖက်သမားကို နိုင်ငံ
တကာ ပူးပေါင်း တပ်ဖွဲ့တွေကလည်းပြန်လည်ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား လည်း သေဆုံးခဲ့တယ်လို့ 
သိရပါတယ်။    ဗိုလ်ချုပ် Harold Greene ဟာ ဂျာမနီ ဗိုလ်ချုပ်တဦးအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ
 ကဘူးလ်မြို့ တော်က Marshal Fahim ကာကွယ်ရေး တက္ကသိုလ်ကို ပုံမှန်သွားရောက်စစ်ဆေးစဉ်မှာ အခုလို 
ပစ်ခတ်မှု ခံရတာဖြစ်တယ်လို့သိ ရပါတယ်။  ဗိုလ်ချုပ် Harold Greene ဟာ အမေရိကန်ကြည်းတပ်မှာ ၃၄ နှစ်
ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ အမေရိကန် အရာရှိတွေပြောထားပါတယ်။ 
Ref: ဧရာဝတီ

Twitter Delicious Facebook Digg Stumbleupon Favorites More