မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Wednesday, August 6, 2014
ကမ်းပါးပြိုသဖြင့် စေတီတော်တစ်ဆူနစ်မြုပ်ခဲ့
             ဧရာဝတီမြစ်ရေတိုက် စားမှုကြောင့် ကမ်းပါးပြိုကျကာ မြစ်အတွင်းသို့ စေတီတော်တစ် 
ဆူနစ်မြုပ်သွားကြောင်း သတင်း ရရှိသည်။ အဖျောက်မြို့၊ ရွာသစ်ကျေး ရွာ၏ ရွာဦးထိပ်ရှိ စေတီ
တော် တစ်ဆူသည် သြဂုတ် ၅ ရက်နံ နက်က သဲဝဲကြောင့် မြစ်အတွင်းသို့ ပြိုကျသွားကြောင်း ဒေ
သခံတစ်ဦး ကပြောသည်။
            ‘‘ဧရာဝတီမြစ်ထဲမှာ သဲဝဲ ပြန်ထပြီး ကမ်းကိုရိုက်လိုက်လို့  ကမ်းပါးပြိုကျတာကြောင့် ရွာဦး 
စေတီရေထဲနစ်သွားတယ်။ ဓမ္မာ ရုံကတော့ ရွှေ့ဆောက်ထားလို့ လွတ်သွားတယ်’’ဟု ဒေသခံ ဒေါ် 
အုန်းသန်းကပြောသည်။ အဆိုပါ စေတီတော်သည် ၁၃၇၁ ခုနှစ်(ခရစ်နှစ် ၂၀၀၉) တွင် စတင်တည်
ထားကိုးကွယ်ခဲ့သော ဉာဏ်တော် ၉ တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့်စေတီ တော်ဖြစ်ပြီး
 ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိခဲ့ပေ။
                 ဧရာဝတီမြစ်ရေတိုက်စားမှု ကြောင့် ပေ ၃၀ ရှည်ကာ ပေ ၁၂၀ ခန့်ကျယ်သည် ကမ်းပါး
ချပ်မှာ တဖြည်းဖြည်းအိလာကာ ပြိုကျခဲ့ပြီး စေတီတော်နှင့် စေတီအနီးရှိ တံခွန်တိုင်လည်း မြစ်အတွင်း
သို့ တိမ်းစောင်းလဲကျသွားကြောင်း သိရသည်။
            ‘‘ကျွန်မတို့တွေတောင် အိမ် ပြောင်းထားတာမြန်လို့ ပိုက်ဆံရှိ တဲ့သူတွေအချို့ကတော့ သူများ 
လယ်ကွက်တွေကို ၀ယ်ပြီး အိမ် ဆောက်နေကြတယ်။ ပိုက်ဆံမရှိ တဲ့သူတွေကတော့ ကမ်းပါးမှာနေ 
နေကြသေးတယ်။ အန္တရာယ်များ တယ်’’ဟု အဖျောက်မြို့သို့ ပြောင်းရွှေ့ခဲ့သော အမျိုးသမီးကြီးတစ်ဦး 
ကပြောသည်။
Ref: 7daydaily
Tuesday, August 5, 2014
၁၂၅ နှစ်အကြာ ပဟေဠိ ဖြစ်ခဲ့တဲ့ ဂန္တ၀င်လူသတ်သမားကို ထိပ်သီး စုံထောက်များမှ စုံစမ်းဖော်ထုတ်နိုင်ခဲ့
                      ၀ိတိုရိယ ဘုရင်မကြီး အုပ်စိုးစဉ်လက်ထက် လန်ဒန်မြို့ ရဲ့ လမ်းတွေထဲမှာ Jack The Ripper ဆိုတဲ့ 
လူသတ်သမားက ပထမဆုံးအကြိမ် လူသတ်မှုကို စတင်ကျူးလွန်ခဲ့စဉ်ကတည်းက တစ်ကမ္ဘာလုံးက စိတ်ဝင်တစားရှိ
နေခဲ့ကြတဲ့ ပဟေဠိကို ယင်းလူသတ်သမား ကျူးလွန်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်မှုများရဲ့  ၁၂၅ နှစ်မြောက် နှစ်
ပတ်လည်နေ့ မှာ လူသတ်မှုစုံစမ်းထောက်လှမ်းရေး စုံထောက်ဟောင်းမှ အဖြေညှိဖော်ထုတ်ပေးခဲ့ပါတယ်။
           ဒါပေမယ့် အင်္ဂလန်နိုင်ငံရဲ့ အဆိုးရွားအရက်စက်ဆုံးသော ဒီကွင်းဆက်လူသတ်သမား အမှန်တော့ တကယ်မရှိ
ခဲ့ဘူးဆိုတဲ့ ဒီသတင်းဟာ ကမ္ဘာတစ်ဝှမ်းက ယင်းလူသတ်သမား ဘယ်သူ ဘယ်ဝါဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေခဲ့
ကြတဲ့ ၀ါသနာရှင် စုံထောက်တွေအတွက်တော့ သတင်းဆိုးပါပဲ။
             အရက်သမားတစ်ဦးဖြစ်တဲ့ စာနယ်ဇင်းသတင်းသမား Thomas Bulling ဆိုသူဟာ ဒီလူသတ်သမားကို ဖန်တီး
 လုပ်ကြံခဲ့တာ ဖြစ်ပြီး ၄င်းဟာ ၁၈၈၈ ခုနှစ်မှာ Jack The Ripper ကနေ အင်္ဂလန် ဗဟို ရဲဌာနချုပ်ကို စာပေးပို့ တဲ့ ပုံစံဖန်
တီးခဲ့ပြီး သူဟာ အဲပို့  စာသတင်းအတွက် သတင်းဦး၊သတင်းထူး ဆုကြေးတွေရရှိခဲ့ပါတယ်။
             စာအုပ်ပေါင်း ၃၀၀ ကျော်နဲ့ မြောက်များစွာသော ရုပ်ရှင် တီဗွီအစီအစဉ်တွေမှာ ယုံကြည်ဖို့ ခက်ခဲတဲ့ သက်သေ
အထောက်အထားတွေနဲ့ အမျိုးသမီး ၅ ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ကလီစာတွေ ဆွဲထုတ် သတ်ဖြတ်ခဲ့တဲ့ 
Whitechapel ရဲ့ ညဘက်လမ်းမတွေထက်ဆီကို အကြောက်တရားတွေ သယ်ဆောင်လာခဲ့တဲ့ Jack The Ripper လို့ သံ
သယ ရှိသူ ယောင်္ကျားပေါင်း ၁၀၀ လောက်ကို အမည်တပ် စွပ်စွဲခဲ့ကြပါတယ်။
           ယင်းသံသယရှိ စွပ်စွဲခံရသူတွေထဲမှာ ၀ိတိုရိယ ဘုရင်မကြီးရဲ့  မြေးတော်ဖြစ်တဲ့ Duke of Clarence ကနေပြီးတော့
 Alice in Wonderland စာအုပ်ကိုရေးသားသူ Lewis Carroll အထိ ပါပါတယ်။ ၁၈၈၀ ခုနှစ်မှာ ကျွဲရိုင်းစီးသူ Buffalo Bill 
ဆိုသူက Wild West Show ပြသဖို့ အတွက် အင်္ဂလန်ကို သူနဲ့ အတူပါလာခဲ့သူ အမေရိကားတိုက်မှ လူနီလူမျိုး စစ်သူရဲ Black Elk 
ဆိုသူပင်လျှင် လူသတ်သမားဖြစ်နိုင်တယ်လို့  အချို့က ပြောကြသလို ချို့ တဲ့ ကလေးများအတွက် ရန်ပုံငွေလှူဒါန်းရေး စည်းရုံး
လှုံ့ ဆော်ရေးမှူး ဒေါက်တာ Barnardo ဟာ Jack ဖြစ်တယ်လို့  ယုံကြည်ခဲ့ကြပါတယ်။
                ဒါပေမယ့် Bedfordshire ရဲဌာနမှာ လုပ်ခဲ့တဲ့ ယခင် လူသတ်မှု စုံစမ်းဖော်ထုတ်ရေး စုံထောက်ဟောင်းဖြစ်သူ 
Trevor Marriott ဟာ ဒီအမှုမပေါ်တဲ့ လူသတ်မှုတွေရဲ့  အသေးစိတ်အချက်အလက်တွေကို ၁၁နှစ်ကြာအောင် ပြန်လည်
သုံးသပ်လေ့လာနေခဲ့ပါတယ်။ သူဟာ ဗဟိုရဲဌာနချုပ်ရဲ့ ဖိုင်တွဲတွေကို လှန်လှောရှာဖွေ ဖတ်ရှုပြီး ခေတ်မီ ရဲဌာန နည်းစနစ်
တွေနဲ့ မှုခင်းလေ့လာဆန်းစစ်ရေး အတတ်ပညာတွေကို ပေါင်းစပ်အသုံးချခဲ့ပါတယ်။
             “င်္ဒီအမှုတွေရဲ့ အချက်အလက်တွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကြံဖန်တီးပြောဆိုနေခဲ့ကြတယ်” လို့  Marriott
 ကဆိုပါတယ်။“ လူထုကြီးက စာရေးဆရာတွေနဲ့  ထုတ်ဝေသူ မြောက်မြားစွာတို့ရဲ့  လမ်းလွှဲမှုကို ခံနေခဲ့ကြရတယ်။ Jack က ဒီလူ
သတ်မှုငါးခု အတွက် တာဝန်ရှိခဲ့တယ်လို့ ယူဆတယ်။ ဒါပေမယ့် ဗြိတိန်မှာတင်မဟုတ်ပဲ အမေရိကမှာရော ဂျာမနီလိုနိုင်ငံမျိုးတွေမှာ
ပါ သူကျူးလွန်ခဲ့တဲ့ အမှုလိုမျိုး ပုံစံတူ ရှေ့ ရော နောက်ရောမှာ ကျူးလွန်ခဲ့ကြတာတွေလည်းရှိပါတယ်” လို့  သူကဆိုပါတယ်။
Marriott ဟာ ၁၈၆၃ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ Jack The Ripper နဲ့ အလားသဏ္ဍန်တူ မှုခင်းပေါင်း စုစု
ပေါင်း ၁၇ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Carl Feigenbaum ဆိုသူ ဂျာမန်လူမျိုး ရေကြောင်း ကုန်သွယ်ရေးသမား က ယင်းမှုခင်း 
အချို့အတွက် တာဝန်ရှိတယ်လို့ သူက ယုံကြည်ပါတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။
              Feigenbaum ဟာ Whitechapel နားမှာ ပုံမှန် ကျောက်ချလေ့ရှိတဲ့ သဘောင်္များမှာ တာဝန်ထမ်းဆောင်တဲ့ သဘောင်္သား
တစ်ဦးပါ။ သူဟာ နယူးယောက်မြို့မှာ Ripper ပုံစံဆန်ဆန် လူသတ်နေတာကို အမေရိကန်ရဲတွေက ဖမ်းမိသွားပြီးနောက် ၁၈၉၆ 
ခုနှစ်မှာ ယင်းနယူးယောက်မြို့ မှာပဲ ကွပ်မျက်ခံခဲ့ရပါတယ်။ “အမှန်တရားကတော့ အမှုမပေါ်နိုင်တဲ့ လူသတ်မှုတွေ အတော်များများ
ရှိနေခဲ့တယ်။ အဲ့အမှုတွေတော်တော်များများက လူတွေ မမှတ်မိကြတော့ဘူး။ဒါပေမယ့် Thomas Bulling ဆိုတဲ့ စာနယ်ဇင်းသမား
လက်ထဲရောက်သွားတဲ့အခါကျတော့ တစ်မျိုးဖြစ်သွားတာပေါ့”
            Bulling ဟာ ဗဟိုရဲဌာနချုပ်က ရဲတော်တော်များများနဲ့ အဆက်အသွယ်ရှိတဲ့ အရက်သမား စာနယ်ဇင်းရှင် တစ်ဦး ဖြစ်ပါတယ်။
၁၈၈၈ ခုနှစ်မှာ လန်ဒန်အခြေစိုက် ဗဟိုသတင်းအေဂျင်စီမှာ အလုပ်လုပ်ခဲ့တယ်။သတင်းစာတွေထဲမှာထည့်တဲ့ မှုခင်းတွေအတွက် သူ့
ကိုပိုက်ဆံပေးရပါတယ်။“ Jack The Ripper လို့  Bulling က လက်မှတ်ထိုးရေးသားထားတဲ့ စာတစ်ဆောင်ကို ရဲတွေရခဲ့တယ်။ဒီလုပ်
ရပ်ဟာ ယင်းပဟေဠိကို နှစ်ပေါင်း ၁၂၅ နှစ်လောက် ရှင်သန်နေအောင် ထိန်းသိမ်းထားခဲ့တဲ့ အရမ်းကို ပါးနပ်လှတဲ့ ဇာနယ်ဇင်း
ပညာရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ Jack The Ripper ဆိုတာဟာ ယနေ့ခေတ် ပါးစပ်ရာဇ၀င်ဟုတ်မဟုတ်ဆိုတာ ခင်ဗျားတို့ ကို ခင်ဗျား
တို့  မေးကြည့်ဖို့ လိုတယ်။ သူ့အကြောင်းရေးတဲ့ စာအုပ်တွေရဲ့ ၈၀ရာခိုင်နှုန်းလောက်မှာ သူ့ ပုံစံက အနက်ရောင် ၀တ်ရုံရှည်ကြီးကို
ဝတ်ထားပြီး ဦးထုပ် အရှည် အနက်ရောင်ကြီးနဲ့ လန်ဒန်မြို့ရဲ့ လမ်းမတွေထက်မှာ လျှောက်လှမ်းနေတဲ့ ပုံစံမျိုးကို အမြဲပြသထားတယ်။
 အ၀တ်အစားတွေက အထက်တန်းစား လူချမ်းသာတွေဝတ်တဲ့ ပုံစံမျိုး။ဒါပေမယ့် ၁၈၈၈ ခုနှစ် လောက်မှာတုန်းက အဲ့လို လူချမ်း
သာအ၀တ်အစား ပုံစံမျိုးနဲ့ ညသန်းခေါင်ယံကြီး Whitechapel တ၀ိုက်မှာ လမ်းလျှောက်နေခဲ့တယ်ဆိုရင် အဲ့လူဟာ ၅ မိနစ်တောင် 
ခံမှာမဟုတ်ပါဘူး” လို့ သူကဆိုပါတယ်
                “ Whitechapel ဟာ လန်ဒန်မြို့ ရဲ့  မပေါ်နိုင်တဲ့ အမှုတွေနဲ့ ပြည့်နေတဲ့ နေရာလေးသာသာတစ်ခု မဟုတ်ပါဘူး။ အဲနေ
ရာဟာ အင်္ဂလန်တစ်နိုင်ငံလုံးရဲ့ အဆိုးရွားဆုံးနေရာတွေထဲက တစ်ခုပါ။ဒါဟာ ဟောလိဝုဒ်ရုပ်ရှင် ထုတ်လုပ်ရေးသမားတွေ အကြိုက်
ဖန်တီးထားတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ အချက်အလက် အသစ်တွေလည်း ခုရှာတွေ့ခဲ့ပါပြီ။ လူသတ်သမားဟာ အခင်းဖြစ်ပွားရာနေရာ
မှာတင်ပဲ ကလီစာကို ဆွဲထုတ်တာမျိုးမဟုတ်ခဲ့ပါဘူး။အလောင်းထားတဲ့အဆောင်ထဲကို ရောက်မှာ အသတ်ခံရသူရဲ့ ကလီစာတွေကို 
ထုတ်ယူခဲ့တာပါ။ Jack က အဲ့လိုမျိုးသတ်ခဲ့တယ်ဆိုတဲ့အဆိုကို ပယ်ဖျက်ရမှာပါ။ဒါပေမယ့် Jack The Ripper ရဲ့ ပဟေဠိက သိပ်ကို 
ပြင်းထန်လွန်းနေပါသေးတယ်” လို့  Marriott ကဆိုပါတယ်။
 Credit: Trend Myanmar
ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၄ ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကန်ထရိုက်တိုက်သစ် နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွား
              ဩဂုတ် ၄ ရက်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေးလေးရှိ ငလျင်ကြောင့် 
သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး စံပြ ၅ လမ်းအတွင်းရှိ တိုက်အမှတ် ၁၁၈၊ ၁၁၉ အထပ်မြင့် တိုက်သစ်နှစ်
လုံး တိမ်းစောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။   ငလျင်လှုပ်မှုကြောင့် တိမ်းစောင်းသွားသော တိုက်နှစ်လုံး
အား စည်ပင်သာယာနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။   “တိုက်တွေကတော့ 
ဆောက်လုပ်ပြီးတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ တိုက်တွေကတော့ လူနေထိုင်ခွင့်ပါမစ် မရသေးပါဘူး။ 
ဒါပေမဲ့ နားလည်မှုနဲ့အိမ်ထောင်စုငါးစုလောက် နေနေကြပါတယ်။ သက်ဆိုင်ရာကတော့ လာကြည့်သွားပါတယ်
၊ အခုဘယ်တိုက်က စောင်းနေလဲဆိုတာ စစ်ဆေးနေကြပါတယ်” ဟု အဆိုပါရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက
 ဆိုသည်။   အဆိုပါတာဝန်ရှိသူမှ ဆက်လက်၍ “တိုက်က တစ်တိုက်နဲ့တစ်တိုက်ကြားထဲမှာ တစ်ပေ ကျော်ကွာ
နေပါတယ်။ ငလျင်လှုပ်တော့ အပေါ်ပိုင်းက လုံးလုံးကိုထိသွားတာပါ။ တိုက်က တဖြည်းဖြည်းနဲ့ လဲသွားတာကို 
လူတွေက ဝိုင်းကြည့်နေကြပါတယ်” ဟု ဆိုသည်။   အဆိုပါအထပ်မြင့်တိုက် ၁၁၉ တွင် နေထိုင်သူတစ်ဦးက “ 
ညနေ ၄ နာရီထိုးကာနီးမှာ မူးကနဲ ဖြစ်သွားတယ်။ အောက်ကနေသူတွေက တိုက်ပြိုတော့မယ်လို့ပြောတော့ 
အောက်ကိုဆင်းပြေးရတယ်။ တော်သေးတာပေါ့ ဘာမှမဖြစ်လို့” ဟု ဆိုသည်။   သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ  
ကန်ထရိုက်အဆောက်အအုံ ၅ဝဝ ခန့်မှာ မြို့နယ်စည်ပင်သာယာ၏ တားမြစ်ခြင်းခံထားရကြောင်း သိရသည်။ 
  အဆိုပါ အထပ်မြင့်တိုက်နှစ်လုံးသည် ခြောက်လွှာအမြင့်ရှိပြီး သံလွင်ဆောက်လုပ်ရေး Pile foundation မှ 
တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း လူနေထိုင်ခွင့်ပါမစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ 
တင်ထားကြောင်း သိရသည်။   အဆိုပါလှုပ်ခဲ့သော ငလျင်သည် ညနေ ၃ နာရီ ၄၁ မိနစ်က ရန်ကုန်မြို့ကို ဗဟို
ပြု၍ အင်အားရစ်ချက်ရ်တာစကေး လေးအဆင့်ရှိပြီး ရန်ကုန်မြို့နေရာအနှံ သိသာစွာသက်ရောက်ခဲ့ကြောင်း
 မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။    
Ref:  news-eleven
Monday, August 4, 2014
ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင် ထိုးထားသောနိုင်ငံခြားသားအား ပြည်နှင်ဒဏ်ပေး
            ခြေထောက်တွင် ဘုရား ပုံတော် ဆေးမင်ကြောင်ထိုးထား သော ကနေဒါနိုင်ငံသားအား လူဝင်မှု
ကြီးကြပ်ရေးနှင့်    ပြည်သူ့အင် အားဝန်ကြီးဌာနက ညောင်ရွှေမှ ညတွင်းချင်း ရန်ကုန်လေဆိပ်သို့ ပြန်ပို့
ကာ    ပြည်နှင်ဒဏ်ပေးခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။
၏ ညာ ဘက်ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွား တော်ပုံများကို ဆေးမင်ကြောင် များ ရေးထိုးထားပြီး၊ အဆိုပါ ဆေး
မင်ကြောင်ဓာတ်ပုံများ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် တက်လာပြီးနောက် ဝေဖန်မှုများ ဖြစ် ပေါ်ခဲ့သည်။
ထို့ကြောင့် သြဂုတ် ၂ ရက် တွင် ၎င်းနှင့်ဇနီးတို့ အင်းလေးသို့ ရောက်ရှိစဉ်      ရှမ်းပြည်နယ် တောင်ပိုင်း 
MTGA မှ တာဝန်ရှိ သူများ၊ နယ်မြေခံ ခရီးသွားရဲနှင့် ပြည်နယ် လ၀ကတို့က ၎င်းတည်း ခိုသော ဟိုတယ်
တွင်သွားရောက် တွေ့ဆုံခဲ့ပြီး ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်း/တောင် MTGA ဒုဥက္ကဋ္ဌ 
 ဦးစိုင်း ၀င်းကပြောသည်။
           ‘‘ဒီမှာက နောက်ပိုင်းမှာ ဘာ သာရေး ပဋိပက္ခတွေ ဖြစ်နေတာ ကြောင့် သူကအခုလို တက်တူး ထိုး
ထားရင်လည်း လုံချည်တို့၊ ဘောင်းဘီရှည်တို့ ၀တ်ပြီး ဖုံး ထားတာလည်း   မဟုတ်ဘူး။ ဘောင်းဘီတိုနဲ့ 
လျှောက်သွားနေ တယ်။ ဘာသာရေးအစွန်းရောက် တွေနဲ့တွေ့လို့ ကြာရင်    သူ့အသက်အန္တရာယ်လုံခြုံရေး
 စိုးရိမ် ရတာကြောင့် ချက်ချင်းပဲ ပြည်နှင်ဒဏ်ပေးဖို့ လ၀က ပြည်နယ်ဦးစီး မှူးက ဆုံးဖြတ်လိုက်တယ်’’ ဟု 
ဦးစိုင်းဝင်းက ပြောသည်။
               အဆိုပါ ကနေဒါနိုင်ငံသား သည် မြန်မာနိုင်ငံသို့ ရန်ကုန်၊ အင်းလေး၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ 
ကျိုက်ထီးရိုးသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဟောင်ကောင် သို့ သွားရောက်ရန် ၎င်း၏ 
ဇနီးဖြစ် သူ ဟောင်ကောင်နိုင်ငံသူနှင့် လာရောက်ခြင်းဖြစ်ကြောင်း  သတင်း ရရှိသည်။
             ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အဆိုပါ ဧည့်သည်သည် တစ်ဦးချင်းလွတ်လပ်စွာလည်ပတ်သော ကမ္ဘာလှည့်
ခရီးသည် (F.I.T) ဖြစ်ပြီး အဖွဲ့လိုက်လည်ပတ်သော (Pa−ckage Tour) တွင်မူ ဖြစ်ပေါ်လေ့မရှိကြောင်း အီတလီ
ဘာသာ  ကျွမ်းကျင်ဧည့် လမ်းညွှန် ဦးအောင်ထွန်း လင်းကပြောသည်။
             ‘‘ဒီလို လုပ်တာကိုမြင်ရင် တော့ တာဝန်ရှိသူဟုတ်ဟုတ်၊ မဟုတ်ဟုတ် သာမန်ပြည်သူတွေ ကလည်း သိ
သိချင်း အကြောင်း ကြားပေးစေချင်တယ်’’ ဟု ၎င်းက ဆိုသည်။ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားတော် ပုံများကို လက်မောင်း
တွင်ဆေးမင်ကြောင်ထိုးသော နိုင်ငံခြားသားဧည့်သည်များကို သီရိလင်္ကာနိုင်ငံ၌  ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ 
ခုနှစ်တွင်တစ်ကြိမ် တွေ့ရှိခဲ့သောကြောင့် လေဆိပ်၌ပင် တားဆီးပြီး နိုင်ငံအတွင်းသို့ ၀င် ရောက်ခွင့်မပေးသော
ဖြစ်စဉ်များ ရှိခဲ့သည်။
Ref: 7daydaily
Sunday, August 3, 2014
မောင်တောမြို့နယ်တောင်ပိုင်းသို့ RSO အကြမ်းဖက်သမားများဝင်ရောက်လာ
           29.7.2014 နေ့က မောင်တောမြို့နယ်တောင်ပိုင်းဝါးချကျေးရွာနှင့်သံဒါ ကုလားရွာသို့ 
RSO အကြမ်းဖက်သမားများဝင်ရောက်သည်ကိုသတင်းရ ရှီ၍ ဘူးသီးတောင်မြို့တပ်ရင်း
များစုပေါင်း၍ ဝင်ရောက် စီးနင်းရာ တိုက်ပွဲအသွင်ဆောင်ခဲ့သော်လည်း ဘင်္ဂလာသို့RSOများပြန်
လည်ဆုတ်ခွါသွားကြောင်းနှင့်အရေအတွက်အားဖြင့် တပ်ရင်းတစ်ရင်းလောက်ရှီနိုင်ကြောင်း 
မောင်တောမှသတင်းပေးပို့သည်။
            3.8.2014ယ္ခုရက်ပိုင်းတစ်ပြည်နယ်လုံးဘင်္ဂလီရွာများမှာထူးခြားမှုရှီနေပြီး စစ်တွေအ
နောက်ဘက်ဘင်္ဂလီကျေးရွာများသို့ လက်နက်ငယ်များရောင်းချမှုရှီနေကြောင်း ငါးပွဲစားတစ်ဦးထံမှ
သတင်းတစ်ချို့သိရကြောင်း။အစိုးရမှဤကိစ္စအားပေါ့ဆစွာကိုင်တွယ်နေသော်လည်း ဒေသခံများသ
တိထားစရာဖြစ်လာသည်။
             ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်မဖေါ်နိုင်အောင်ဘင်္ဂလီများ လူအားလက်
နက်အားဖြင့်တားဆီကြမည်မှာမြင်ယောင်ကြောင်းစစ်တွေသတင်းထောက်မှသတင်းပေးပို့။
Ref: စစ်တွေ သတင်းဌာန
Saturday, August 2, 2014
မောင်တောမြိုနယ် မြောက်ပိုင်း ကျီးကန်ပြင်ဌာနချုပ်အနီး မင်္ဂလာကြီး ဘင်္ဂါလီကျေးရွာ မှ စာသင်ကျောင်းအား မီးရှို့မှုဖြစ်ပွားခဲ့သော်လည်း ပြည်နယ်ပြန်ဆက်မှ ငြင်းဆို
မောင်တော၊ သြဂုတ် -၁
             ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျီးကန်းပြင် ဌာနချုပ်အနီးမှ မင်္ဂလာကြီး ဘင်္ဂါလီ ကျေးရွာတွင် 
တည်ဆောက်ထားသော အစိုးရပိုင် စာသင်ကျောင်းအား မီးရှို့မှု တစ်ရပ်ဖြစ် ပွားခဲ့ သော်လည်း ယင်းအပေါ်တွင် ပြည်နယ်
ပြန်ဆက်မှ မဟုတ်မှန်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။
                 အဆိုပါစာသင်ကျောင်းအား ဇူလိုင်လ ၃၁ ရက်နေ့ ညအချိန်တွင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီ ကျေးရွာ အတွင်း
တည်ရှိသော မူလတန်းကျောင်းဖြစ်ကြောင်း နှင့် မောင်တောမြို့နှင့် ၇ မိုင်ခန့်ဝေး ကြောင်းလည်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ပြည်နယ်ပြန်ဆက်အား ပြည်တွင်းမီဒီယာ သမားများမှ ပြည်နယ်ပြန်ဆက် သို့ ဆက်သွယ်မေးမြန်းခဲ့
ရာ fb တွင်ရေးသားနေကြသော အဆိုပါသတင်းသည် ၀ါဒဖြန့်ခြင်းသာဖြစ် ပြီး အမှန်တကယ်မီးလောင်ခြင်းမဟုတ်ကြောင်း 
ပြောကြားခဲ့သည်ဟုလည်း ပြည်တွင်းမီဒီယာ သ မား များထံမှသိရသည်။
             ယင်းကျောင်းမီးလောင်မှုကြောင့် ကျောင်းတွင်းရှိ စာသင်ခုံများနှင့် စာရေးမှတ်တမ်းများ၊ ပရိဘောဂများပျက်စီး
ဆုံးရှုံးခဲ့ကြောင်းလည်းသိရသည်။ မီးလောင်မှုမှာ ည ၉ နာရီအချိန်တွင်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ နယ်မြေလုံခြုံရေး
ရဲတပ်ဖွဲ့မှ ကျေးရွာဒေသခံ တစ်ချို့ နှင့် ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့ သော်လည်း ည ၁၀ နာရီခွဲအချိန် ခန့်တွင် မီးငြိမ်းခဲ့ကြောင်း
 သိရသည်။မီးလောင်ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၉၀ ခန့်ရှိကြောင်း သတင်းရရှိသည်။
              ယင်းကျောင်းသည် အလက ကျောင်းဖြစ်ပြီး အဆောင်လေးဆောင် ရှိသော်လည်း တစ်ဆောင်သာ မီးလောင်ကျွမ်း
ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းသည့် ကျောင်းဆောင်မှာမည်သူမှမနေသော အဆောင်ဖြစ်ကြောင်းလည်းသိရသည်။
ယင်းကျောင်းသည် ဘင်္ဂလီကျေးရွာအတွင်း တည်ဆောက်ထားသည့် ကျောင်းဖြစ်သည့်အပြင် ကျောင်းအတွင်း ညစောင့်ခန့်
ထားခြင်းမရှိကြောင်းနှင့် တာဝန်ကျဆရာ/မ များအနေဖြင့်လည်း လုံခြုံရေးအရ နယ်မြေလုံခြုံရေးစခန်း အတွင်းမှ အဆောင်
များတွင် နေထိုင်ကာ ကျောင်းတက်ကြလေ့ ရှိကြောင်းလည်းသိရသည်။ 
              ယင်းကျောင်းအား မီးရှို့သော တရားခံအား ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိ သေး ကြောင်းနှင့် မီး ရှို့ခံ အလက 
ကျောင်းသို့ ခရိုင်အဆင့်တာဝန်ရှိသူများ သွားရောက်လေ့လာ စစ်ဆေး မှုများ ပြု လုပ်လျက်ရှိပြီး ထိုသို့ အစိုးရပိုင် စာသင်ကျောင်း
အား မီးရှို့ခြင်းသည် ပညာရေးကို မလို လားသော အကြမ်းသမားများက မီးရှို့ခြင်းဖြစ်ဟန်တူသည်ဟုလည်း ပညာရေးဌာနမှ 
တာဝန်ရှိသူ တစ်ချို့က ပြောဆိုကြပါသည်။သို့သော်လည်း သတင်းရင်းမြစ်အတိကျကို သိထားသည့်တိုင် ပြည်နယ်အစိုးရအဖွဲ့
မှ တာဝန်ရှိသူ များက ထိုသတင်းကို ငြင်းဆန်ခြင်းသည် ပြည်သူများအား သတင်းထိန်ချန်ခြင်းဖြစ်သည်ဟုလည်း ဒေသခံများ
က ဆိုသည်။
သတင်း- မောင်တောသား  RSV
ဘူးသီးတောင်မြို့နယ်တွင် ခမီးတိုင်းရင်းသူတစ်ဦးအား ဘင်္ဂလီကုလားတစ်ကောင်က မုဒိမ်းကျင့်မှုဖြစ်ပွါး
                  ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် ၊ ဂုပ္ပီကျေးရွာအုပ်စု ၊ လိပ်ရကျေးရွာတွင် နေထိုင်ပြီး
 စဟုန်းကျေးရွာတွင် စပါးတောင်းပြ ကျောင်းဆရာမလုပ်နေသော အသက် ( 20 ) အရွယ်ရှိ ခမီးတိုင်းရင်း
သူအား အဖေါ်မိန်းကလေးနှင့်အတူ မိမိကျေးရွာမှပြန်လာရာ စဟုန်းကျေးရွာအနီးသို့ အရောက်တွင်း ဝါးခုတ်
သမား ဘင်္ဂလီကုလားတစ်ကောင်က ၎င်းကျောင်းဆရာမလေးအား အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည် ။
ဖြစ်စဉ်မှာ အဆိုပါအမျိုးသမီးငယ်နှစ်ဦးတွင် တစ်ဖက်ဘင်္ဂလီကုလားက ကျောင်းဆရာမလေးကို လက်ဆွဲကာ 
အကြမ်းဖက် အတင်းဆွဲခေါ်သဖြင့် အဖေါ်ပါ အမျိုးသမီးငယ်က ကြောက်လန့်ပြီး ထွက်ပြေးကာ ကျွန်းပေါက်
ကျေးရွာအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ လုံခြုံရေးရဲကင်းသို့ လာရောက်၍ သတင်းပေး တိုင်ကြားခဲ့ကြောင်း သိ
ရှိရသည် ။
          အဆိုပါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည်လည်း သတင်းရချင်း လိုက်ပါသွားခဲ့ရာ မုဒိမ်းမှုကျူးလွန်သူ
 ဘင်္ဂလီကုလား အဘူဒေါ့ယုတ် ( ဘ ) ဇာဖေါအား လက်ရဖမ်းဆီးရမိခဲ့ပါသည် ။ ပြစ်မှုကျူးလွန်သူ ဘင်္ဂလီကုလား
အား ဘူးသီးတောင်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည် ။
သတင်းနောက်ဆက်တွဲများအား ထပ်မံဖေါ်ပြပေးပါမည် ။
CRD ==>> ဗေဒါပျံ
Friday, August 1, 2014
သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ်လ ရေဒီယို မိန့်ခွန်းအပြည့်အစုံ
            သမ္မတ ဦးသိန်းစိန်က လစဉ် ရေဒီယို မိန့်ခွန်းပြောလေ့ရှိပါတယ်။ အခု ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ
 မကြာသေးခင်က မန္တလေးပဋိပက္ခမှာ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်သူတွေကို ဖော်ထုတ် အရေးယူနေပြီဆိုတာလည်း 
ထည့်သွင်းပြောဆိုသွားသလို အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တာ၊ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အာဏာ ၃ 
ရပ် သီးခြား လွပ်လပ်စွာ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုတွေရှိနေတာတွေကိုလည်း ထည့်သွင်းပြောဆို
သွားပါတယ်။ 
           အပြည့်အစုံကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ပြန်လည်း ကူးယူဖော်ပြပေးလိုက်ပါ တယ်။ 
မိဘပြည်သူများခင်ဗျား 
            ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား 
နေကြဖြစ်တဲ့ အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်း လဲမှုများကို ပြောကြားရခြင်းဖြစ် ပါတယ်။ 
တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ တိုင်းရင်းသား 
လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များစုစည်းပြီး ကချင်ပြည်နယ် လိုင်ဇာ မှာ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ဖို့ 
ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကြိုဆိုပြီးတော့ လိုအပ်တဲ့ ကူညီဆောင်ရွက် မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ 
          တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ စာချုပ်ချုပ်ဆိုပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်တဲ့
 နိုင်ငံရေးဆွေးနွေးပွဲကြီးကို တက်လှမ်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်
တဲ့သဘောတူညီ ချက်တွေရရှိနိုင်ဖို့ ဒီဆွေးနွေးပွဲများ ကနေ ပိုမိုကောင်း မွန်တဲ့ ရလဒ်များ ဆောင်ကြဉ်း လာနိုင်မယ်လို့ ကျွန်
တော်တို့ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများ အပါ အဝင် ပြည်သူ လူထုတစ်
ရပ် လုံးက မျှော်လင့် နေကြပါတယ်။ 
              လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိနေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများဟာ အခက်အခဲ များနဲ့ စိန်
ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ဒီဖြစ်စဉ်ရှင်သန်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်ကာလဖြစ် ပါတယ်။  ဒီနေရာမှာ ကွဲပြားခြား
နားတဲ့ နိုင်ငံရေးအင်အားစုများ အကြားမှာ တူညီတဲ့ သဘောတူညီချက်အနေနဲ့ ထားရှိနိုင်တဲ့ သဘောထား ရပ်တည်ချက်ကတော့ 
ဒီနိုင်ငံရေး ဖြစ်စဉ်ဆက်လက် ရှင်သန်ရေးကနေ ဒီမိုကရေစီ စနစ် အမြစ်တွယ်ရှင်သန်ရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 
ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူတဲ့အချိန်ကစပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တစိုက်မတ် မတ် လုပ်ဆောင်လာ
ခြင်းက ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်သေထူရာရောက်မှာလည်း ဖြစ်ပါတယ်။ 
ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြစ်တင်ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေး အကြပ် အတည်းများ
 ရှိခဲ့တာကလည်း အမှန်ပဲဖြစ်ပါတယ်။ 
           ကျွန်တော့်အနေနဲ့ အခိုင်အမာပြောကြားနိုင်တဲ့ အချက် တစ်ခုကတော့ ကြုံတွေ့ခဲ့ရတဲ့နိုင်ငံရေး အကြပ် အတည်း အားလုံး
ကို ပြည်သူလူထုရဲ့ လိုလားချက်များအပေါ် ရှေးရှုတဲ့ အဖြေရှာမှုမျိုးနဲ့သာ ချဉ်းကပ်ပြီး မှန်ကန်တဲ့စေတနာနဲ့ ဆောင်ရွက်ခဲ့ တယ်ဆို
တာပဲဖြစ်ပါတယ်။  ဒီကနေ့ကာလလို စနစ်ဟောင်းကနေ စနစ်သစ်ကို ကူးပြောင်းတဲ့အခါ နိုင်ငံရေးအကြပ် အတည်းများ ကြုံတွေ့
ရခြင်းဟာ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ် မှုတွေ ဖြစ်တယ်ဆိုတာကို သတိချပ်စေ
လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဝေဖန်ထောက်ပြ ပြောဆိုရေးသားမှုအားလုံးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ 
သွင်းအားစုများအဖြစ်ရှုမြင်ပြီး လက်တွေ့ကျတဲ့ အဖြေများရရှိဖို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေနဲ့ လိုက်လျောညီထွေဖြစ်နိုင်
မယ့် အတိုင်းအတာအတွင်းကနေ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် နေတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်။ 
အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့ ရောက်ရှိရမယ့် စံနှုန်းများနဲ့တိုင်းတာရင် လိုအပ်ချက်များစွာ ရှိနေသေး တာက အမှန်ပဲဖြစ်ပါတယ်။ 
သို့သော်လည်း အဲ့ဒီလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်တဲ့ အခါ တစ်ဦးတစ်ယောက်အား၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့အားနဲ့ 
တည်ဆောက်လို့မရနိုင်ဘဲ မိမိတို့ အဖွဲ့အစည်း တစ်ခုလုံး တူညီသော ရပ်တည်ချက် တစ်ခုထားရှိပြီး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြ
မှသာ ရရှိနိုင်မှာဖြစ်တဲ့ အကြောင်း ပြောကြား လိုပါတယ်။ 
         ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုမှုများ ကိုတော့ ထိရောက်စွာ အရေး
ယူမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ မကြာခင်က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုကိုအသုံးချပြီး 
ဘာသာရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးလှုံ့ဆော် လုပ်ဆောင်ခဲ့ သူများကို ဖော်ထုတ် အရေးယူ ဆောင်ရွက်နေ ပြီဖြစ်ပါ တယ်။ 
မန္တလေးမြို့တည်ငြိမ်အေးချမ်းရေးမှာ အသိရှိရှိ၊ သတိရှိရှိနဲ့ တာဝန်သိသိ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ခဲ့ကြ သူများကိုလည်း နိုင်ငံတော်
ကိုယ်စား ဂုဏ်ယူပါ ကြောင်း ချီးကျူးပြောကြားအပ်ပါတယ်။ 
           ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာသဘင်၊ ဂီတ၊ ရုပ်ရှင်အဖွဲ့အစည်းများမှ အနုပညာရှင်များနဲ့
 ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ အဖွဲ့အစည်းအသီးသီးမှ အနုပညာရှင်များရဲ့ ဆွေးနွေးပြော ကြားချက်များကို အလေးထားမှတ်ယူပြီး
နိုင်ငံတော်အပိုင်းက လတ်တလော ကူညီဆောင်ရွက် ပေးရမည့် ကိစ္စများ၊ အချိန်ယူဆောင်ရွက် ပေးရမည့် ကိစ္စများကို ကြိုးပမ်းဆောင်
ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 
             အနုပညာ ရှင်များဟာ ပြည်သူများ ချစ်ခင်မြတ်နိုးတဲ့ ရတနာများ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ရေး မှာ ပြည်သူများရဲ့
 ပျော်ရွှင်ချမ်းမြေ့မှုဟာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်တာဖြစ်တဲ့အတွက် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များကို ကျွန်တော့်အနေ
နဲ့ တန်ဖိုးထားလေးစားပါကြောင်း ပြောကြား လိုပါတယ်။ 
          ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေစဉ် အတွင်း မှာ မသမာသူများရဲ့
 လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ် မှတ်ပြီး ပြည်သူများဟာ အာဇာနည်ကြီးများရဲ့ ကျေး
ဇူးများကို အောက်မေ့တသရင်း ဝမ်းနည်းကြေကွဲ မှုတွေကို သတိတရ ထုတ်ဖော်ပြသလာခဲ့ ကြတာအခုဆိုရင် နှစ်ပေါင်း(၆၇)နှစ် တိုင်ခဲ့
ပြီဖြစ်ပါတယ်။ 
             တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့အားလုံး အနေနဲ့ ဝမ်းနည်းကြေကွဲနေရုံမျှ သက်သက်ထက် အာဇာနည် ကြီးများရဲ့ ကျေး
ဇူးများကို နည်းလမ်းမှန်နဲ့ ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို လည်း နှလုံးသွင်းကြရမှာဖြစ်ပါတယ်။ အာဇာနည်နေ့
အခမ်း အနားဟာဆိုရင် ခေါင်းဆောင်ကြီး ကိုးဦးကို ရည်မှန်းဂုဏ်ပြုခြင်းအပြင် တိုင်းပြည် အတွက် လူမသိသူမသိပေးဆပ်ရင်း ကျဆုံး
သွားခဲ့ရတဲ့ ပြည်ထောင်စုဖွား အာဇာနည်များကိုလည်း မမေ့မလျော့ ဦးညွတ် အလေးပြုကြတဲ့ အနှစ်သာရကို ဖော်ကျူးတဲ့ အခမ်းအ
နားတစ်ခုလည်း ဖြစ်ပါတယ်။ 
            တိုင်းပြည်နဲ့လူမျိုး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ အာဇာနည်များကို ကြည့်မယ်ဆိုရင် သူတို့လာ ခဲ့ကြတဲ့ နိုင်ငံရေး
နောက်ခံ၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ကိုးကွယ်ယုံကြည်မှု စသည်ဖြင့် မတူညီတဲ့ ကြန်အင် လက္ခဏာများကို တွေ့ကြရမှာဖြစ် ပါတယ်။ 
သို့သော်လည်း သူတို့အားလုံးမှာ တူညီတဲ့အချက်ကတော့ နိုင်ငံနဲ့လူမျိုးရဲ့ ကောင်းကျိုးချမ်းသာ အတွက်ဆို တဲ့ ကိုယ်ကျိုးစွန့် အနစ်နာ
ခံလိုစိတ်ပဲ ဖြစ်ပါတယ်။ 
             မိမိတို့ မြန်မာနိုင်ငံသားအားလုံးအနေနဲ့ ဒီစိတ်ဓာတ်ခွန်အားတွေကို ဆက်လက်ရှင်သန်စေဖို့ကြိုးစားပြီး လက်ရှိအကောင်အ
ထည်ဖော်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များနဲ့ ဒီမိုကရေစီ အရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ
 လူမျိုးဘာသာ မကွဲပြားဘဲအတူတကွ ညီညွတ်စွာပူးပေါင်း ကြိုးစားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ 
           ဇူလိုင်လအတွင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး စီမံချက်တစ်
ရပ်ကို သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပါဝင်ကူညီနေကြတဲ့ အဖွဲ့
အစည်းများဆီက အကြံဉာဏ်များရယူ ရေးဆွဲခဲ့ပါတယ်။ ဒီစီမံချက်ကို စနစ်တကျ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ 
အခုလို စီမံချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါက ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ပြည် သူ များရဲ့ဘ၀များ ကောင်း
မွန် တိုးတက်လာစေမယ်လို့ ယုံကြည်ပါတယ်။ 
             ဒီလိုစီမံချက်တွေအောင်မြင်အောင် အကောင်အထည် ဖော်တဲ့ အခါမှာလည်း ကျွန်တော်တို့ အစိုးရတစ်ဖွဲ့ တည်းအနေနဲ့ 
လုပ်ဆောင်လို့မရနိုင်ဘဲ ရခိုင်ပြည်နယ် အတွင်းမှာ ရှိကြတဲ့အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနဲ့ နိုင်ငံတကာ အဖွဲ့အစည်း
များအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး
တိုးတက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းအသီးသီးကို လိုအပ်တဲ့ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေး
 သွား မှာဖြစ်သလို ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများ အနေနဲ့ လည်း မိမိတို့ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး
တိုးတက်ရေးကို ရှေးရှုပြီး သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆောင် ရွက် သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ 
လက်ရှိအခြေအနေမှာ ခက်မသုံးဖြာ အာဏာသုံးရပ်ဖြစ်တဲ့ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာ
တို့ကို ပီပြင်စေတဲ့ သီးခြားလွတ်လပ်မှုနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှုများ စတင်အသက်ဝင်ဖို့ ကြိုးပမ်းတည်ဆောက်ရာမှာ
 ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု အနေနဲ့ လက်တွေ့ကြုံတွေ့နေ ရတဲ့ ကာလဖြစ်ပါတယ်။ 
             အဲဒီလိုကြိုးပမ်း တည်ဆောက်မှုများမှာ နိုင်ငံသားအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့၊ လွတ်လပ်မျှတ တဲ့ တရားစီရင်
ရေးစနစ်သို့ အသွင်ကူးပြောင်းရေး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများ၊ တာဝန်ယူရတဲ့ အုပ်ချုပ်ရေး ယန္တရား
ကို ပြည်သူလူထုအခြေပြုတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး စနစ်သို့ အသွင်ကူးပြောင်းရေး၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ဆယ်စု
နှစ် များစွာလစ်ဟာခဲ့တဲ့ လွှတ်တော်များပေါ်ပေါက်ရေး၊ လွှတ်တော်စနစ်ကို အခြေခံသည့် ဥပဒေပြုရေးဖြစ်စဉ်များ အသက်ဝင် ရှင်သန်
ရေး များဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ 
               ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အတွင်း အဆင့်ဆင့်တာဝန်ယူ လုပ်ဆောင်ခဲ့ရတဲ့ ဝန်ထမ်းအဖွဲ့ အစည်းများအနေနဲ့ 
အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် နေပေမယ့် နှောင့်နှေးမှုများ၊ အား နည်း မှု များနဲ့ လိုအပ်ချက်များရှိနေသေး တာ အမှန်
ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားချင်တာကတော့ ဝန်ထမ်းများ အနေနဲ့ ချက်ချင်းလက်ငင်း အကောင်
အထည်ဖော်နိုင်တဲ့ ကိစ္စရပ်များ၊ ရေတိုလုပ်ဆောင်ရမယ့် ကိစ္စရပ်များ၊ ရေရှည်တည်ဆောက်ရ မယ့် လိုအပ်ချက်များကို ရည်မှန်းချက် 
အဖြစ်ထားပြီး ဒီကနေ့ လက်တွေ့ လုပ်ဆောင်နိုင်မယ့် ကိစ္စတွေကို ဦးစားပေးကြိုးပမ်းတည်ဆောက်ကြဖို့နဲ့ ဝန်ထမ်းရဲ့ ဂုဏ်သိက္ခာကို 
ထိန်းသိမ်းကြဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
             ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုကြိုးပမ်းမှုများမှာ နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ပူးပေါင်းပါ ဝင် ဆောင်ရွက်ကြဖို့ တိုက်
တွန်းအပ်ပါတယ်။ အဓိကအားဖြင့်တော့ ဒီမိုကရေစီနိုင်ငံကြီးများသည်ပင် လက်ရှိအခြေ အနေမျိုးကို ရောက်ရှိဖို့ အတွက် နှစ်ပေါင်း 
ရာချီပြီး တည်ဆောက်ခဲ့ကြရတယ် ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ 
                သုံးနှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ လက်ရှိရရှိထားတဲ့ အခြေအနေများဟာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စံနှုန်းများနဲ့ 
တိုင်းတာတဲ့အခါ အကောင်းဆုံး အခြေအနေများကို မရောက်ရှိသေးတာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် မိမိတို့ ပြည်သူလူထု တစ်ရပ်လုံး 
ကြိုးပမ်းတည် ဆောက်ပြီး လက်ဝယ်ရရှိပိုင်ဆိုင် ထားတဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များရဲ့ လမ်းစများ၊ အခွင့်အလမ်းများကို 
ဆုံးရှုံးမသွားစေဖို့ ဝိုင်းဝန်းကြိုးပမ်း ရမယ့် အချိန်ကာလဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ 
                ကျွန်တော့်အနေနဲ့စည်းလုံးညီညွတ်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်နိုင်အောင် ပြည်တွင်း ငြိမ်းချမ်းရေး
ရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်း
မွန်တဲ့ အနာဂတ်တွေ ဖန်တီး ပေးနိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 
မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။ 
Ref: ဧရာဝတီ
Twitter Delicious Facebook Digg Stumbleupon Favorites More