မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Friday, May 2, 2014

မြန်မာ့ဆက်သွယ်ရေး အင်တာနက်သုံးစွဲမှု မြင့်မားရန် Bandwidth (၁ဝဝ) အထိ တိုးချဲ့ဆောင်ရွက်မည်ဟု ဆို



             မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှု ကောင်းမွန်တိုးတက်ရေးအတွက် အင်တာနက် Bandwidth ပမာဏကို 
၁ဝဝအထိရောက်အောင် ဆောင် ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။”လတ်တလောအနေနဲ့ 
Bandwidth တိုးချဲ့ဖို့ အတွက် ဆောင်ရွက်ရ မယ့်အပိုင်းတွေကို လုပ်နေပါတယ်။ ဆောင်ရွက်ရမယ့် အပိုင်းတွေ ပြီးသွား
ရင်တိုးချဲ့မယ့်အပိုင်းကို လုပ်သွားမှာပါ”ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း အဝေးဆက် ကြောင်းဌာနမှ အရာရှိတစ်ဦး
ကပြောသည်။
            Bandwidth တိုးချဲ့မည့်အပိုင်းတွင် လုပ်ဆောင်မည့်ပမာဏကို အဆင့် လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
 တစ်ပြိုင်နက် တည်းဆောင် ရွက်သွားမည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။”ရနိုင်သလောက်တော့ တိုးချဲ့
သွားမှာပါ။ Bandwidth တိုးမယ့်အပိုင်းမှာ လည်း လက်ရှိဆက်သွယ်ရေး အော်ပရေတာတွေ တိုးချဲ့ယူတာမျိုးမဟုတ် ဘဲ 
မြန်မာ့ဆက်သွယ် ရေးသီးသန့်အနေနဲ့ တိုးချဲ့မှာပါ”ဟု ၎င်းက ဆက်ပြောသည်။
             တိုးချဲ့မည့်ပမာဏကို လက်ရှိအဓိကချိတ်ဆက်ထားသည့် SEA-ME-WE 3 အပြင် ကုန်းတွင်းဆက်ကြောင်းများ၊
 အခြားဆက်ကြောင်းများမှ ယူဆောင်သွား မည်ဖြစ်ပြီး ဆက်ကြောင်းသစ်များကိုအကောင် အထည် ဖော်ဆောင်ရွက်ကာ 
တိုးချဲ့ဆောင်ရွက်မှုများပြီးမြောက်ပါက ထုတ်ပြန်ကြေညာပေးမည်ဟု သိရသည်။
        မြန်မာနိုင်ငံ၏ လက်ရှိအင်တာနက် Bandwidth ပမာဏမှာ ၂၇.၃၆ ဝန်းကျင်ရှိပြီး ကျင်းပပြီးစီးခဲ့သည့် (၂၇) ကြိမ်မြောက် 
ဆီးဂိမ်းအပြီးတွင် အဆိုပါပမာဏ ကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အင်တာနက်
စနစ်အတွက် ဖိုင်ဘာဆက်ကြောင်း SEA-ME-WE 3 အပြင် စင်ကာပူမှ အဓိကထားလုပ် ဆောင်မည့် ဖိုင်ဘာဆက်ကြောင်းသစ် 
SEA-ME-WE 5 ဆက်ကြောင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီထားသည်ဟု ဆက်သွယ်ရေး
မှ သိရသည်။

ref:Popular Myanmar News Journal

ရှမ်းနိုင်ငံရေးပါတီကြီး နှစ်ခု ပူးပေါင်းရေး စတင်ဆွေးနွေး


VOA 03.05.2014 
             အင်အားကြီး ရှမ်းပါတီကြီးနှစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ 
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ နှစ်ပါတီ ပေါင်းစည်းရေး အတွက် မေလ ၃ 
ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ဒီဆွေးနွေးပွဲမှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမူနဲ့  
၈ ပြည်နယ်မူဟာ အဓိက အကျေအလည် ဆွေးနွေးရမယ့် အချက်တွေဖြစ်နေပါတယ်။ ကျားဖြူပါတီလို့ 
လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အရ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲင်ခဲ့ပြီး ကျားခေါင်းပါတီလို့ ခေါ်ဝေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုက
ရေစီအဖွဲ့ချုပ် SNLD ပါတီကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံပါဘူး။ ဒီသတင်းအပြည့်
အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။
               ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
 SNDP တို့ဟာ နှစ်ဖက် ဒုဥက္ကဋ္ဌတွေ ဦးဆောင်ပြီး တဖက်ကို ကိုယ်စားလှယ် ၅ ယောက်စီနဲ့  လာမယ့်စနေ
နေ့မှာ တောင်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နှစ်ပါတီပေါင်းစည်းရေးမှာ အဓိက ဆွေးနွေး
ရမယ့် အချက်ကတော့ ပါတီမူဝါဒတွေ ဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်း ၁၄ခု မူနဲ့ ၈ ခု မူပဲ ဖြစ်နိုင်တယ်လို့ ကျားဖြူ
ခေါ် SNDP ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောပါတယ်။
           “ကျနော်တို့အခု အခြေခံထားတဲ့ မူဝါဒလေးတွေ နည်းနည်း ကွဲလွဲတယ်ဗျာ။ ကျနော်တို့က ၂၀၀၈ ကို
 အပြည့်အဝမဟုတ်ရင်တောင်မှ တစိတ်တပိုင်းပဲ လက်ခံတဲ့အပိုင်းတွေ လက်ခံတယ်။ ရွေးကောက်ပွဲလည်း 
ဝင်လိုက်ပြီ။ SNLD ကျတော့ သူတို့က လက်မခံပေမယ့် ပါတီတော့ ပြန်ထောင်တယ်ဗျာ။ အဲလိုပေါ့ဗျာ။ နောက်
ပြီးတော့ ဖွဲ့စည်းပုံမှာကျတော့ ကျနော်တို့က ၁၄ ယူနစ်၊ နိုင်ငံရေးအရကျတော့ ကျနော်တို့က ကိုယ်ပိုင်ပြဌာန်းခွင့်၊
 SNLD ကျတော့ ၈ ပြည်နယ်။ အဲလို ကွဲလွဲချက်နေတယ်။ ကျနော်တို့ နည်းနည်း အသေးစိတ်ဆွေးနွေးရမယ့်
 ကိစ္စတွေပါ။”
           ကျားခေါင်းပါတီလို့ ခေါ်ကြတဲ့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကတော့ ၂၀၀၈ ဖွဲ့စည်း
ပုံနဲ့ ပြည်နယ်နဲ့တိုင်းယူနစ်တွေကို နှစ်ဘက် ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။“အစိုးရကိုယ်တိုင်က
လည်း ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ရမယ်ပေါ့နော်၊ ပြင်ဖို့ရှိတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့လက်မခံတဲ့အပိုင်း
တွေလည်း တချို့ ပြင်ကောင်းပြင်လိမ့်မယ်ပေါ့ဗျာ။ ဒါကြောင့်မို့ ညှိနှိုင်းမယ်ဆိုလို့ရှိရင်တော့ အဖြေတခုခု ထွက်
လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၈ ယူနစ်ပေါ့နော်။ ၈ ယူနစ်ကိုတော့ ကျနော်တို့ လုံးဝ စွဲကိုင်ထားပါတယ်။ 
အဲဒါလည်း ညှိနှိုင်းကြည့်ရမှာပေါ့နော်။ ကျနော်တို့ပြောတဲ့ ၈ ယူနစ်ဆိုတာကလည်း ၁၉၄၇ လွတ်လပ်ရေးရက
တည်းက ကျလာတဲ့မူကိုးဗျ။ တိုင်းရင်းသားအားလုံးနဲ့ ဗမာအပါအဝင်ပေါ့နော်၊ အားလုံးလက်ခံထားတဲ့ဟာက 
ရှေ့ကခေါင်းဆောင်တွေ အကုန်လုံး လက်ခံထားတဲ့ဟာ၊ နောက်ကျမှ စစ်အစိုးရဝင်လာတော့မှ ဒီဥစ္စာကြီးက 
ပျောက်ပျက်သွားတာကိုး။ အဲဒါကို အကြေအလည်ဆွေးနွေးလို့ရှိရင်တော့လည်း အဖြေတခုခု ရနိုင်လိမ့်မယ်
လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
             နှစ်ပါတီပေါင်းစည်းရေးအတွက် အခြားအခက်အခဲတွေကို ကျားဖြူခေါ် SNDP ပါတီရဲ့ ဒုဥက္ကဋ္ဌ
 ဦးစိုင်းဆောင်ဆီက အခုလို ဆက်ပြောပါတယ်။“ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀၁၄ - မူဆယ်မှာလုပ်တဲ့ပါတီညီလာခံမှာ
 ညီလာခံကိုယ်စားလှယ်တွေက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျားဖြူပါတီကိုတော့ အပျက်မခံဘူးဆိုတဲ့ 
ဆုံးဖြတ်ချက်တွေချတော့ ကျနော်တို့ ဖြတ်ထားရမယ့် ကိစ္စပေါ့။ ဆွေးနွေးတဲ့ထဲ။ သို့သော်လည်း ပူးပေါင်းမယ်
ဆိုရင် ပါတီ ၂ ခုလုံးဖျက်ရမှာကိုး။ အဲဒါကတော့ ကျနော်တို့ အရင်ဆွေးနွေးရမှာပေါ့။”
          SNLD ပါတီဘက်ကတော့ လိုအပ်လာရင် သူတို့ ပါတီကို ဖျက်သိမ်းပေးမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ နှစ်ပါတီပူးပေါင်းရေးအတွက် SNLD ပါတီက ဖျက်သိမ်းမယ်ဆိုရင် ပူး
ပေါင်းရေးအတွက် အရေးကြီးဆုံးအချက်က ပါတီမူဝါဒကို နှစ်ဖက် အကျေအလည် ညှိနှိုင်းဖို့ပဲရှိနေတာဖြစ်ပါတယ်။ 
ရှမ်းပါတီကြီး ၂ပါတီ ပူးပေါင်းရေးကို လိုလားသူတဦးကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။
         “၂ ပါတီပေါင်းစည်းရေး အဓိက ကတော့ မတူတာတွေ ခဏချန်ထားပြီး တူတာတွေကိုပဲ အရင် လုပ်ကြပေါ့
-လို့၊ ပထမအကြိမ်တော့ ချက်ခြင်းတော့ ဖြစ်မှာမဟုတ်ဘူးလေ။ အခု ပထမဆုံးဖြစ်ရမှာက အမျိုးသားရေးကို အဓိ
ကထား ကြည့်ရမှာပေါ့။ အမျိုးသားကောင်းစားရေးကို ကြည့်ပြီးတော့မှ အရင် အစတစ်စ ရအောင် ထုတ်ရမှာလေ။
 ပြီးမှ အဲဒီမူတွေကို ဆွေးနွေးမှ ရမှာပေါ့။”
          ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ဟာ
 နှစ်ပါတီ ပေါင်းစည်းရေး အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ အရင်လက
 ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းဌာနချုပ် ၀မ်ဟိုင်းမှာကျင်းပတဲ့ ရှမ်းပြည်တပ်မတော် ရွှေရတုအ
ခမ်းအခမ်းမှာ ပြည်တွင်းပြည်ပက သံဃာတော်တွေနဲ့ ပြည်သူတွေကို ရှမ်းနိုင်ငံရေးပါတီ ၂ ပါတီပူးပေါင်းရေးနဲ့ ရှမ်း 
လက်နက်ကိုင်၂ ဖွဲ့ ပူးပေါင်းရေးကို လက်မှတ်ရေးထိုးတောင်းဆိုခဲ့တဲ့နောက် အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်
ပွဲမှာ၂၃ နေရာနဲ့ ဒုတိယ မဲအများဆုံးရတဲ့ပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုတော့ သပိတ်မှောက်ပြီး မပါဝင်ခဲ့
ပါဘူး။ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီကတော့ 
၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် ၃၇ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၈ နေရာနဲ့ 
အမျိုးသားလွှတ်တော်အတွက် ၃ နေရာ အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံတွင် မြေအောက်မီးရထားနှစ်စင်းတိုက်မိ


MR TV 
          တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြေအောက်မီးရထား တစ်စင်းသည် ဘူတာရှိ အခြားမီးရထား 
တစ်စင်းနှင့် တိုက်မိခဲ့ရာ လူပေါင်း (၁၇၀)ခန့် ထိခိုက်ဒဏ်ရာရရှိ ခဲ့သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ
ရရှိသူ တစ်ဦးမှ မရှိခဲ့ကြောင်း သိရပါသည်။

ချယ်ဆီး လက်ထောက်မန်နေဂျာ ၆ ပွဲ ပါယ်ခံရ



             ချယ်ဆီးအသင်း လက်ထောက်မန်နေဂျာ ဖြစ်သူ ရူအီ ဖာရီယာဟာ အိမ်ကွင်းမှာ ဆန်းဒါးလန်း
အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှာ ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များအပေါ် မကျေမနပ် စောဒက တက်ခဲ့
သည့်အတွက် အက်ဖ်အေမှ ၆ ပွဲပါယ် ပြစ်ဒါဏ် ချမှတ်လိုက်ကြောင်း သိရသည်။
             ဧပြီလ ၁၉ ရက်နေ့က ကစားခဲ့သည့် အဆိုပါ ပွဲစဉ်မှာ ဆန်းဒါးလန်းအသင်းအတွက် အနိုင်ဂိုး 
ဖြစ်လာစေမည့် ပယ်နယ်တီကို ကွင်းလယ်ဒိုင် မိုက်ဒိန်းမှ သတ်မှတ်ပေးခဲ့ရာမှာ ဖာရီယာ အနေနှင့် ပေါက်
ကွဲခဲ့ပြီး ရုန့်ရင်းဆန်ခတ် စောဒက တက်ခဲ့ခြင်း ဖြစ်သည်။ဖာရီယာ အနေနှင့် ပြစ်ဒါဏ်အတွက် အယူခံတင်
ခွင့် ရှိပြီး ဒါဏ်ငွေ ပေါင် ၃၀၀၀၀ လည်း ပေးဆောင်ရမည် ဖြစ်သည်။ ယခုနှစ် လက်ကျန်ပွဲစဉ်များ ဖြစ်သည့် 
နော်ရစ်ခ်ျ(အိမ်ကွင်း)၊ ကာဒစ်ဖ် (အဝေးကွင်း) ပွဲစဉ်များမှာ လိုက်ပါခွင့် ရမည် မဟုတ်ပဲ လာမည့်နှစ် ဘော
လုံးရာသီမှာ ၄ ပွဲပါယ်ခံရမည် ဖြစ်သည်။
‪‎အောင်စိုးမိုး‬

မလွတ်လပ်ကြသေးသော မြန်မာနိုင်ငံ၏တိုင်းရင်းသားများ



မြန်မာနှိုင်ငံသည်နယ်ချဲ့ အင်္ဂလိပ်အစိုး၇ လက်မှ လွတ်လပ်ေ၇း၇ခ့သဲ ည်မှာ (၆၂)နှစ်သို့ေ၇ာက်ခြဲ့ပီ
တကယ်ဘဲမြန်မာပြည်သူပြည်သား တိုင်း၇င်းသား အားလုံး စိတ်၏လွတ်လပ်ခြင်းနှင့်ကိုယ်၏လွတ်လပ်
ခြင်းကို၇ရှိပါသလား? အကယ်၍ပြည်သူပြည်သားတိုင်း၇င်းသားအများစုက လွတ်လပ်ေ၇း၏အနှစ်
သာ၇ကို မခံစား၇ဖူး ဆို၇င် ဘယ်လိုလူတန်းစား(သို့ မဟုတ်) ဘယ်အဖွဲ့ အစည်းက လွတ်လပ်ေ၇း၏
အ၇သာနှင့်တန်ဖိုးကို ခံစားကြ၇သနည်း?၊ ဤမေးခွန်းကိုဖြေဆို၇သော် - လွတ်လပ်ေ၇း၇ပြီးနောက်
မြန်မာ့တပ်မတော်မှ ခေါင်းဆောင်များ၏ လွဲမှားသောအယူအဆနှင့် တိုင်းပြည်ကိုညံ့ဖျင်းစွာအုပ်ချုပ်နေ
ခြင်းကြောင့် မြန်မာနှိုင်ငံအတွင်းမှီတင်းနေထိုင်သူတဦးတယောက်မျှလွတ်လပ်ေ၇း၏အနှစ်သာ၇ကို မခံ
စားကြ၇တော့ကြောင်း အောက်ဖေါ်ပြအချက်အလက်အချို့ အားကြည့်ခြင်းဖြင့်သိနှိုင်ပါသည်၊
၁) စစ်အစိုး၇နှင့်တိုင်း၇င်းသားတော်လှန်ေ၇းအင်အားစုများအကြား တပ်အင်အားဖြည့်တင်း
(စာမြည်းဖတ်ပြီ စာအုပ်အပြည့်စုံဖတ်ဖို့ အောက်မှာ ဒေါင်းလိုက်ကြပါ)
                                DOWNLOAD


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန်ပြင်ဆင်



Friday   2.5.2014

    ကျောက်ဖြူ၊ မဇ္ဈိမ။ ။ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုဖြစ်သော ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်ပြည်
လွတ်မြောက်ရေးပါတီ (ALP) တို့ ပူးပေါင်းရန် ပထမခြေလှမ်းစတင်နေပြီ ဖြစ်သည်ဟု ရက္ခိုင့်တပ်မတော်မှ
 ဗိုလ်မှူးကြီး ကျော်ဟန်က မဇ္ဈိမကိုပြောသည်။
           အဆိုပါ နှစ်ဖွဲ့ပူးပေါင်းရန် ရက္ခိုင့်တပ်မတော် (AA)က စတင်ကမ်းလှမ်း ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိပ်သီး
ခေါင်းဆောင်များ ထိုင်းနိုင်ငံ၌ သုံးကြိမ်ဆွေးနွေးပြီး ဖြစ်သည်။ ထိုဆွေးနွေးမှုများအရ နှစ်ဖက်အဖွဲ့အစည်းမှ 
တာဝန်ရှိသူများပါဝင်သည့် ကြားခံဆွေးနွေးရေးကော်မတီကို ဖွဲ့စည်းရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။
“Joint Committee (ကြားခံကော်မတီ) ရဲ့လုပ်ငန်းစဉ်တွေကို အတူတွဲလုပ်လို့ရပြီဆိုရင် တစ်ဖွဲ့တစ်ပါတီ အလှမ်း
မဝေးတော့ဘူး ။ ကော်မတီရဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ပြီးရင် တခြားအဖွဲ့ငယ်တွေ ကိုလည်း ဘယ်လိုဆွဲခေါ်
သွားမလဲဆိုတာ စဉ်းစားနေတာရှိတယ်။ ဆုံးဖြတ်ချက်တော့ မချရသေးဘူး” ဟု ဗိုလ်မှူးကြီး ကျော်ဟန်ကပြော
သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ရက္ခိုင့်
တပ်မတော် (AA) တို့မှ ထိပ်သီးခေါင်းဆောင်သုံးဦးစီ ထိုင်းနိုင်ငံတွင် တစ်ကြိမ်တွေ့ဆုံ ဆွေးနွေး ထားသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ (ALP) ၏ ရခိုင်အမျိုးသားညီလာခံသို့ ပေးပို့သော သ၀ဏ်လွှာ
တွင်လည်း “ရခိုင်အမျိုးသား ကိုယ်ပိုင်နယ်နိမိတ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် ရခိုင်အမျိုးသားတို့ဘ၀ လုံခြုံ
ရေးအတွက် အမှန်တကယ် ကာကွယ်ပေးနိုင်သည့် ရခိုင်အမျိုးသား လက်နက်ကိုင် တပ်မတော်တစ်ခု လိုအပ်နေ
သည်” ဟု ထည့်သွင်းဖော်ပြသည်။
             နှစ်ဖက်ပေါင်းစည်းအပြီး ရခိုင်ပြည်နယ်လုံခြုံရေးအတွက် လူထုက တောင်းဆိုလာခဲ့ပါက ပြည်တွင်းတွင် 
မည်သည့်ပုံစံဖြင့် တာဝန်ယူဆောင်ရွက်ရမည့် အပိုင်းကိုမူ အစိုးရနှင့် ညှိနှိုင်းရဦးမည်ဟု ဆိုသည်။ ရခိုင်လက်နက်ကိုင်
တပ်ဖွဲ့နှစ်ခု ပူးပေါင်းရေးနှင့်ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ (ANP)မှ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က
 “ရခိုင်ပြည်နယ် လုံခြုံဖွံ့ဖြိုးရေးအတွက် အတွင်းအင်အားစု ပါတီတွေသာမက အပြင်အင်အား စုဖြစ်တဲ့ လက်နက်ကိုင်
အဖွဲ့တွေလည်း အမြန်ဆုံး ပူးပေါင်းနိုင်ဖို့လိုပါတယ်” ဟု ရခိုင်အမျိုးသားညီလာခံ တတိယနေ့တွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ (ALP)သည် တော်လှန်ရေး သက်တမ်း နှစ်ပေါင်းလေးဆယ်ကျော်ကြာ
ရှိသော ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည်။ထို့အတူ ရက္ခိုင့်တပ်မတော် (AA) သည်လည်း စစ်အင်္ဂါအပြည့်အစုံ
နှင့် ဆောင်ရွက်နေသည့် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ပြီးရခိုင်ပြည်နယ်အကျိုး ကို 
ဆောင်ရွက်နိုင်မည်ဟု ဗိုလ်မှူးကြီးကျော်ဟန်က ဆိုသည်။

‪‎Mizzima‬ - News in Burmese

ရခိုင်တပ်မတော်အား ရခိုင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့စည်းမည်



Friday, May 02, 2014
            ယခုလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့ နှင့် အစိုးရကြား အပစ်အခတ်ရပ်စဲ 
ရေးဆွေးနွေးပွဲများ ပြုလုပ်သွားရန်ရှိနေပြီးယင်းအနက် ရခိုင်တပ်မတော် (AA) အနေဖြင့် အပစ်အခတ်ရပ်စဲ
ရေးလုပ်နိုင်ခဲ့ပါက နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းသွားရန်ရှိနေကြောင်း... မေ လ ၂ ရက်နေ့က သိရသည်။
ယင်းကဲ့သို့ ရခိုင်တပ်မတော်အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့ စည်းရခြင်းမှာလဲ တရားမဝင်ရောက်လာ
သော င်္ဘဂါလီ ရန်မှ ကာကွယ်ရန်အတွက် ဖြစ်ကြောင်း ရခိုင်ပြည်နယ်  လွတ်မြောက် ရေးအမျိုးသားပါတီမှ
 ဦးအေးသာအောင်ကပြောသည်။
        “အရင်ကတော့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကို အမည်အမျိုးနဲ့ နယ်ခြားစောင့်တပ်တွေဖွဲ့ ခဲ့ဘူးတယ် 
လုံရေးတွေလဲယူခဲ့ဘူးတယ် ဒါပေမယ့် ခိုးဝင်လာတဲ့ဘင်္ဂါလီတွေက သိန်းနဲ့ချီရှိတယ်။ ဒီအတွက်ကြောင့် ရခိုင်
တပ်မတော်အနေနဲ့ ဒီတာဝန်ကိုယူမှာပါ ”ဟု ဦးအေးသာအောင်ကဆိုသည်။
          ယခင်အစိုးရလက်ထက်မှ ယခုအချိန်အထိ ရခိုင်ပြည်နယ်တွင် မကြာခဏ ပဋိပက္ခများ ဖြစ်ပွားနေလျက်
ရှိပြီး ရခိုင်တပ်မတော်အနေဖြင့် နယ်ခြားစောင့်အဖြစ် ဖွဲ့စည်းခဲ့ပါက မဆုံးသောပြည်တွင်းစစ်များဖြစ်လာမည်ကို 
စိုးရိမ်စရာဖြစ်နေသည်။
              “ဦးတို့အနေနဲ့ ဒီလိုဖွဲ့စည်းရတယ်ဆိုတာ သူများကိုရန်စဖို့မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကစလာရင်တော့
 မြန်မာပြည်ရဲ့ အနောက်တံခါးကိုကာကွယ် ရမယ့်တာဝန်က ငါတို့မှာရှိတယ်။ အဓိကတော့ တရားမဝင်ရောက်
လာတဲ့ င်္ဘဂါလီရန်မှကာကွယ်ဖို့ပါ ”ဟု ရခိုင်တပ်မတော်အား စတင်တည်ထောင်ခဲ့သူ ဗိုလ်ချုပ်စောမောင်က 
ဆိုသည်။ ရခိုင်တပ်မတော်အနေဖြင့် စတင်တည်ထောင်ဖွဲ့စည်းစဉ်က အင်အား ၂၀၀ ခန့်ရှိခဲ့ပြီး ရခိုင်တပ်မတော်
သည် ရခိုင်ပြည်နယ်အား စောင့်ကြပ်ရမည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်တပ်မတော်မှ ပြန်ကြားရေးအရာရှိ တစ်ဦးက
“ဒီအတွက် ကျွန်တော်တို့က အဆင့်သင့်ဖြစ်နေပြီ အနောက်တံခါးလုံခြုံရေး အတွက် ကျွန်တော်တို့က ကာကွယ်
ပေးမှာပါ”ဟု ဦးစိုးထိုက်က ဆိုသည်။
          တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မှ နယ်ခြားစောင့်တပ်များဖြစ်ဖွဲ့စည်းရာတွင် ယင်းတပ်ဖွဲ့များအား အစိုး
ရမှ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း၊ လစာများအား ထောက်ပံ့ပေးရပြီး အဆိုပါ နယ်ခြားစောင့်တပ်၏ ဖွဲ့စည်းပုံသည်
 အစိုးရ တပ်မတော်အတိုင်းပဲဖြစ်သည်။
           ရခိုင်တပ်မတော်သည် ၁၉၉၀ တွင် စတင်တည်ထောင်ခဲ့ပြီး အင်အား ၂၀၀၀ ခန့်ဖြင့် ရှမ်းပြည်နယ်၊ ကရင်ပြည်
နယ်၊ ရခိုင်ပြည်နယ်များတွင်လှုပ်ရှားနေလျက်ရှိသည်။

နှင်းနွယ်
The Myanma Age

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးတိုးမြှင့်ခန်.အပ်တာဝန်ပေးအပ်


     ရခိုင်ပြည်နယ်သတင်းဂျာနယ်
      တိုင်းဒေသကြီးများနှင့်ပြည်နယ်များရှိတိုင်းရင်းသားရေးရာဝန်ကြီးများအား သက်ဆိုင်ရာတိုင်းဒေသကြီးများ
နှင့်ပြည်နယ်များ၏အစိုးရအဖွဲ့ဝင်များသတ်မှတ်လိုက်ကြောင်းနိုင်ငံတော်သမ္မတရုံးကဧပြီလ၂၅ ရက်စွဲပါစာအမှတ် 
၈/၂၀၁၄ကိုထုတ်ပြန်ခဲ့ရာအဆိုပါထုတ်ပြန်ချက်အရရခိုင်ပြည်နယ်ရှိချင်းတိုင်းရင်းသားရေးရာဝန်ကြီးမှာအစိုးရအဖွဲ့
ဝင်ဝန်ကြီးအဖြစ်တိုးမြှင့်ခဲ့သဖြင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင်ဝန်ကြီးတစ်ဦးတိုးလာခဲ့ကြောင်းသိရသည်။လက်ရှိတွင်
ရခိုင်ပြည်နယ်အစိုးရအဖွဲတွင်ပြည်နယ်ဝန်ကြီးချုပ်အပါအ၀င်ဝန်ကြီး ၁၀ ဦးဖြင့်လုပ်ငန်းဆောင်ရွက်နေရာယခုအခါ
ဝန်ကြီး၁၁ဦးဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
           ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင်ပြည်နယ်ဝန်ကြီိးချုပ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ဘဏ္ဍာရေးဝန်ကြီး၊
စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊သစ်တောနှင့်သတ္တုဝန်ကြီး၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်
ကြီး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၊စည်ပင်သာယာရေးဝန်ကြီး၊လူမှုရေးဝန်ကြီးစသည့်ဝန်ကြီးဌာန၁၀ခုဖြင့်ဆောင်ရွက်
လျက်ရှိကြောင်း သိရှိရပါသည်

Twitter Delicious Facebook Digg Stumbleupon Favorites More