မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Thursday, May 1, 2014

ပြည်ထောင်စု အစိုးရအဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်ခွင့် ခွဲတမ်း သတ်မှတ်ပေးရန် ရခိုင်တိုင်းရင်းသား ဝန်ကြီး တောင်းဆို


ကျောက်ဖြူ၊ မေ ၁
          ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက တိုင်းရင်းသား ကိုယ်စားလှယ်
များကို ပါဝင်ခွင့်ပြုရေးအတွက် ခွဲတမ်း သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး
 ဦးဇော်အေးမောင်က ရခိုင်အမျိုးသားညီလာခံတွင် တောင်းဆိုလိုက်သည်။
        ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက
 တိုက်ရိုက် ရွေးချယ်ခွင့်ပေးရန်၊ ပြည်ထောင်စုအဆင့် ဖြစ်သည့် ဥပဒေချုပ်ရုံး၊ စာရင်းစစ်ရုံး စသည်တို့တွင်လည်း 
ခွဲတမ်းပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ကို တိုင်းဒေသကြီးနှင့်
 ပြည်နယ်အစိုးရအဖွဲ့ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် အချက်များကို ရခိုင်အမျိုးသားညီလာခံက တောင်းဆိုမည့်
 မူဝါဒများတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။
          ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ တွင် ပါရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတို့၏ လုပ်ပိုင်ခွင့်များကို 
တိုးချဲ့ပေးရန်၊ ဇယား ၅ တွင် ပါရှိသည့် အခွန်ကောက်ယူသည့် ကိစ္စများကိုလည်း တိုးချဲ့ပေးရန် လိုအပ်ကြောင်း
 ဦးဇော်အေးမောင် ပြောဆိုသည်။
            ရခိုင်အမျိုးသားညီလာခံက ထွက်ပေါ်လာသည့် မူဝါများတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊
 နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ယဉ်
ကျေးမှု စာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေး အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်
ရေး၊ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတတူးဖော်ရေး အသုံးပြုခွင့် ရရှိရေး၊ သဘာဝ 
ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်တို့နှင့် ပတ်သက်သည့် မူဝါဒများကို တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်း
ကဆိုသည်။
          ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း နိုင်ငံသားစိစစ်ပြီး နိုင်ငံသားဖြစ်ခွင့် ရရှိသူများကို နိုင်ငံသား ဖြစ်ခွင့်
ပေးရန် လိုအပ်ပြီး ဧည့်နိုင်ငံသားများကို ဧည့်နိုင်ငံသား ပေးရန်၊ နိုင်ငံသားပြုခွင့် ရသူများကို နိုင်ငံသားပြုခွင့် ရသူအဖြစ်
 သတ်မှတ်ရန်၊ တရားမဝင် ရောက်ရှိနေသူများကို နိုင်ငံတကာ စံနှုန်းအတိုင်း ထားရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်
က ဆက်လက် ပြောကြားသည်။
                     “White Card (ယာယီသက်သေခံကတ်) ကိုင်ထားတဲ့သူ နိုင်ငံသား မဟုတ်တဲ့ သူတွေကိုတော့ နိုင်ငံရဲ့ 
Idenity ပေါက်သွားမှာ စိုးတဲ့အတွက် မဲပေးခွင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရွေးကောက်ပွဲတွေကို ဥပဒေပြုပြင်ပြီး
 တားမြစ်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။ ရခိုင်ပြည်နယ်တွင် စာသင်ကြားခွင့် မရရှိသူများ များစွာ ရှိနေပြီး စာသင်ကျောင်း
များ၊ စွမ်းရည်မြင့် ဆရာ၊ ဆရာမများ နည်းပါးနေသဖြင့် ရခိုင်ပြည်နယ်၏ ပညာရေး နိမ့်ပါးနေသဖြင့် စာသင်ကျောင်းများ
များ တည်ဆောင်ပေးရန်၊ စွမ်းရည်မြင့် ဆရာ၊ ဆရာများ ထပ်တိုးချပေးရန်၊ ရခိုင်ပြည်နယ်တွင် ဆေးကျောင်းနှင့် အသက်
မွေးဝမ်းကျောင်း စင်တာများ ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။
         ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို လေ့လာသုံးသပ်ပြီး ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းကော်မတီက ဆက်လက်စဉ်းစား လုပ်ဆောင်မည် ဖြစ်ကာ ယင်းမှတစ်
ဆင့် ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်နဲ့ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တည်ဆဲဥပဒေနှင့် ပတ်သက်ပြီးသည့် ကိစ္စ
များကို သက်ဆိုင်ရာ ဌာနများက ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း
က ဆိုသည်။
            “တောင်းဆိုချက်တွေထဲက နိုင်ငံတော်နဲ့ အခြေအနေနဲ့ ကိုက်ညီသော လိုက်လျောညီထွေ ဖြစ်တဲ့ ကိစ္စတွေကို ဆက်
လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ ကျောက်ဖြူမြို့မှ သဘာဝဓာတ်ငွေ့များ စေလွှတ်မှု၊ ရေနံ့သယ်
ယူမှု များကြောင့် ရေနံယိုဖိတ်မှု ပြသာနာများ မဖြစ်ပွားအောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပ
ဒေများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ အမျိုးသားအကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဘင်္ဂါလီများ ခိုးဝင်မှု၊
 ခိုးထွက်မှု၊ ပင်လယ်ပင်တွင် ငါးထွက်ဖမ်းသည့် ရခိုင်တိုင်းရင်းသားများ တိုက်ခိုက်ခံရမှုတို့ကို ကာကွယ်ရန် ပင်လယ်ပင်လုံခြုံရေး
ကို အထူးလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးဇော်အေးမောင်က ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါး အခြေခံဥပဒေပြင်ရန်လိုလားဟု သူရဦးရွှေမန်းပြော




 Friday, May 2, 2014 / 7daydaily

            ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါးက ပြင်ဆင်ရန်လိုလား
ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။မေလ ၁ရက်က ကျောက်ဖြူ
 မြို့တွင် ပြုလုပ်သော ရခိုင်အမျိုးသားညီလာခံ ပိတ်ပွဲ၌ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်
ဆင်ရေးအတွက် နိုင်ငံသားများနည်းတူ လွှတ်တော် ကိုယ်စားလှယ်များကပါ လိုလားကြောင်း ထည့်သွင်းပြော
ကြားခဲ့ခြင်းဖြစ်သည်။ ‘နိုင်ငံသားများ ထင်ပါတယ်။ ရာနှုန်းပြည့်နီးပါး အဲဒီလိုပဲ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်
စားလှယ်များကလည်း ရာနှုန်းပြည့်နီးပါး ပြင်ဆင်ဖို့ လိုလားတာရှိပါတယ်’’ ဟု သူရဦးရွှေမန်းက ပြောသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ပြုပြင်ပြောင်းလဲရေး 
ဆောင်ရွက်ပြီးဖြစ်စေရန် သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ(ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းကော်မတီ) 
သို့ လမ်းပြမြေပုံ သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောသည်။
          ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေတွင်
 ပြုပြင်ပြောင်းလဲရန်ခက် ခဲသည့် အချက်များကို ခေတ္တဖယ် ထားပြီး ပြုပြင်ရန်လွယ်ကူသော တိုင်းဒေသကြီး၊
 ပြည်နယ်လွှတ်တော်များ၏ လုပ်ပိုင်ခွင့်ကို တိုးချဲ့ပေးရန်တင်ပြခဲ့သည်။
           မေလ ၁ ရက် ရခိုင်အမျိုး သား ညီလာခံပိတ်ပွဲသို့ ပြည် ထောင်စုလွှတ်တော်နာယကသူရ ဦးရွှေမန်းနှင့် 
ဇနီး၊ အစိုးရအဖွဲ့အ ဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့သည်။ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံဖွံ့ဖြိုး
ရေးအတွက် မူဝါဒများဆွေးနွေးချမှတ်ရန် ရခိုင်အမျိုးသားညီလာခံကိုအ စိုးရခွင့်ပြုချက်ဖြင့် ဧပြီ ၂၇ ရက် မှ စတင်
၍ ငါးရက်ကြာ ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးရပြီးကာလ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့
သော ရ ခိုင်အမျိုးသားညီလာခံသို့ လက်နက်ကိုင်အင်အားစုများ အပါအ၀င် ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ လူမှုရေး
 အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။

ရခိုင်အမျိုးသားညီလာခံကို (ကျောက်ဖြူ) သူရဦးရွှေမန်း မိန်ခွန်းကောက်နှုတ်ချက်


ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူ မြို့တွင် ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့ဆိုပါလျှင် ပဉ္စမနေ့သို့ 
သူရဦးရွှေမန်းရောက်ရှိလာခဲ့ပြီ မိန်ခွန်းပြောကြာရာတွင် ရခိုင်တိုင်းရင်းသားများ၏ ထူးခြားချက်မှာ တခြား
တိုင်းရင်းသားများနှင့် နှိုင်ယှဉ် လျင် နိုင်ငံ၏အချုပ်အချာအာဏာ နှင့် နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းဆောင်
ရွက်ရာတွင် အနောက် တံခါးကိုကာကွယ်ရာ၌ ခက်ခဲစွာရုန်းကန်နေရကြောင်း၊ ထိုမျှမကသေးဘဲ ရခိုင်တိုင်း
ရင်းသားအနေဖြင့် အမျိုး၊ ဘာသာ၊သာသနာ၊ ယဉ်ကျေးမှု၊ စာပေ မပျက်ပျောက်သွားအောင်၊ ဆက်လက်
တည် တန့်အောင် ခက်ခဲစွာဆောင်ရွက်နေကြ တာဖြစ်တဲ့အတွက် ယင်းအတွက်ပြည်ထောင်စုအနေဖြင့် ၊
တိုင်းရင်းသားအနေဖြင့် အသိအမှတ်ပြုရုံတင်မကဘဲ ၊ချီးမြှောက်ရမည်၊အားပေးရမည်၊ ကူညီရမည် ဖြစ်ကြောင်း၊
 ကျွန်တော့်အနေဖြင့်လည်း ရခိုင်တိုင်းရင်းသားများ၏ တွေ့ကြုံခံစားနေရသော အခက်အ ခဲ အခြေအနေများကို 
သိအောင် လေ့လာနိုင်ခွင့်ရပြီး ရခိုင်တိုင်းရင်းသားများကြိုးပန်းအားထုတ်မှု၊ ပြည် ထောင်စုအပေါ်တွင် စေတနာ
ထားမှု၊ အမြော်အမြင်များကို ပေါင်းစပ်ဆောင်ရွက်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရန်အ
တွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် လွှတ် တွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဆက်လက်
ဆောင်ရွက်သွားပါမည်ဟု ဦးစွာကတိပေးပြော ကြားလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့တော်အားရခိုင် တို့၏ မြို့တော်အဖြစ် သတ်မှတ်ပေးရန် လွှတ်တော်တွင် တင်ပြ ပေးသွားမည့်


              ရခိုင် ညီလာခံ သမိုင်းတွင် အကြီးဆုံးနဲ့အခမ်းနားဆုံးသောရခိုင် အမျိုးသား
ညီလာခံပိတ်ပွဲသို့ တက်ရောက်လာသည့်သူရဦးရွှေမန်းသည် ညီလာခံအမှာစကားပြော
ကြားရာတွင်''ရန်ကုန်မြို့တော်အား ရခိုင်ပြည်ရခိုင် လူမျိုးတို့၏ မြို့တော်အဖြစ် သတ်မှတ်
ပေးရန်နှင့်နေပြည်တော်အားဗမာပြည်၏ မြို့တော်အဖြစ်သတ်မှတ်ပေးရန် လွှတ်တော်တွင်
တင်ပြ ပေးသွားမည်''ဟုပြောကြားသွားသည်။အဘယ်ကြောင့်ဆိုသော်ယခုလက် ရှိအနေ
အထားအရရန်ကုန်မြို့လူဦးရေ၏ ၄ ပုံ ၁ ပုံမှာရခိုင် လူဦးရေဖြစ်ပြီး ရန်ကုန်နေတိုင်းရင်း
သားများထဲတွင် ဒုတိယအများဆုံးလူမျိုးများဖြစ်နေသောကြောင့်လည်းကောင်းနောင် လာ
မည့်ဆယ်စုနှစ် သုံးခုအတွင်းရခိုင် လူဦးရေသည် ရန်ကုန်နေတိုင်းရင်းသားဦးရေ၏ အများ
ဆုံးဖြစ်လာမည်မှာ သေချာနေ သောကြောင့်လည်းကောင်း ရန်ကုန်မြို့တော်အားရခိုင် တို့၏
 မြို့တော်အဖြစ် သတ်မှတ်ပေးရန် လွှတ်တော်တွင် တင်ပြ ပေးသွားမည့်အ ကြောင်းညီလာခံ
မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
Kamaryut Media မှ ကူးယူဖော်ပြပါသည်

မင်္ဂလာရှိသော မနက်ဖန်အတွက် ( နဒီမင်္ဂလာ )

မင်္ဂလာရှိသော မနက်ဖန်အတွက် ဒီညသီချင်းလေးတစ်ပုဒ်လက်ဆောင်ထားလိုက်ပါတယ်
( နဒီမင်္ဂလာ ) တဲ့ကွယ်လွန်ပြီးပြီဖြစ်တဲ့ တေးသံရှင် ဦးခင်မောင်တိုးဆိုထားတာပါ

ရခိုင်အမျိုးသားညီလာခံ ပဉ္စမနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တက်ရောက်


Date: 01/05/2014, Time: 8:00 Am, Kyauk Phyu
Written By: Nyi Nyi Maung, 
Phto by: Nyi Nyi Maung
               ရခိုင်တစ်မျိုးသားလုံးဖွံ့ဖြိုးတိုးတက်ရေး အတွက် ရခိုင်တစ်မျိုးသားလုံးပါဝင်သော ရခိုင်အမျိုး
သားညီလာခံကို ကျောက်ဖြူ မြို့တွင် ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့ဆိုပါလျှင် ပဉ္စမနေ့သို့ ရောက်ရှိလာ
ခဲ့ပြီဖြစ်ပါသည်။ ပဉ္စမနေ့ဖွင့်ပွဲအခမ်းအနားအား ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နှင့် ဇနီး 
တို့တက်ရောက်ကြပါသည်။ ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် အတူ လွှတ်တော်အမတ်များ တက်
ရောက်ကြပါသည်။
             ယင်းအခမ်းအနားတွင် ညီလာခံကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ မှ ညီလာခံကျင်း
ပရာနေရာသို့ စတင်ရောက်ရှိနေရာယူပြီး၊ ညီလာခံ ပဉ္စမနေ့ အခမ်းအနားအစီစဉ်ကို ကြေငြာခြင်း၊ကျဆုံးလေ
ပြီးသော အမျိုးသားခေါင်းဆောင်များနှင့် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြသော ခေါင်းဆောင်များ အား အောက်
မေ့ဂုဏ်ပြုသောအားဖြင့် အားလုံး မတ်တပ်ရပ်၍ တစ်မိနစ် ငြိမ်သက်ခြင်း စသည့်အစီအစဉ်များကို အစီအစဉ်
အလိုက် ပြုလုပ်ခဲ့ကြသည်။
          ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ ညီလာခံကျင်း
ပရခြင်းရည်ရွယ်ချက်များနှင့် ညီလာခံမှချမှတ်လိုက်သည့် မူဝါဒရေးဆွဲရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အ
ချက်များကို အခြေခံကာ ရခိုင်အမျိုးသားမူဝါဒတစ်ရပ်ပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖေါ်ဆောင်
ရေးတို့ကို ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယကကြီးအား သြဝါဒမိန့်ခွန်း ချီးမြှုင့်ပေးပါရန် ပန်ကြားခဲ့
သည်။ပြည်ထောင်စုလွှတ်တော်နာယကကြီးမှ သြဝါဒမိန့်ခွန်း ချီးမြှုင့်ပေးခဲ့ပြီး ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်
တာအေးမောင်မှ ညီလာခံသို့ လာရောက်ချီးမြှုင့် ခြင်းအတွက် ကျေးဇူးတင် ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့
ပါသည်။ထို့နောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ ၁၁-ပါးမြောက် သာသနာ့ အာဇာနည် 
ရခိုင်ဆရာတော်၊ ဘဒ္ဒန္ဒက္ကန္ဒပါလ မှသြဝါဒ တရားချီး မြှုင့်ခဲ့ပါသည်။ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် 
စုပေါင်းဓါတ်ပုံရိုက်ကြပြီး ပထမပိုင်းအခမ်းအနားအစီ အစဉ် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ရခိုင်လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်၍ ခေတ်ပြောင်းတော်လှန်ရေး လုပ်မည်



့မြန်မာနိုင်ငံအစိုးရနှင့် လွှတ်တော်တို့ကို ပြည်သူလူထု ယုံကြည်မှု မရှိသည့် အခြေအနေမျိုးတွင်
 ရခိုင်လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်၍ ခေတ်ပြောင်းတော်လှန်ရေး လုပ်မည်ဖြစ်ကြောင်း 
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
     ကျောက်ဖြူမြို့တွင် ဧပြီလ ၂၉ ရက်နေ့က ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံ တတိယမြောက်
နေ့တွင် စစ်တွေခရိုင်က မေးမြန်းသည့် ရခိုင်ပြည်သူလူထု လက်ရှိ ခံစားနေရသည့် လူမှုဒုက္ခအဝဝကို
 ပြည်ထောင်စုအစိုးရက ဂရုမစိုက်ဘဲ ဆက်လက် လျစ်လျူရှုထားလျှင် ရခိုင်တစ်မျိုးသားလုံး ပါဝင်သည့် 
ခေတ်ပြောင်းတော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲရန် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်မှု ပေး
မည်လား ဆိုသည့် မေးခွန်းကို ၎င်းက ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။
         အစိုးရသည် နိုင်ငံရေးအားဖြင့် ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးအားဖြင့် ပြုပြင်ပြောင်းလဲမှု၊ ဝန်းထမ်း
များနှင့် ပတ်သက်၍ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းကို နိုင်ငံရေး ရည်မှန်းချက် ကြီးကြီးမားမား
နှင့် လုပ်ဆောင်နေချိန်တွင် အစိုးရတွင်လည်း လုပ်သာကိုင်သာ ရှိစေရန်၊ ပြည်သူလူထု တောင်းဆိုမှုများ
ကိုလည်း လွှတ်တော်စသည့် နိုင်ငံရေး တွေ့ဆုံမှု လမ်းကြောင်းတို့မှ ဆွေးနွေးညှိနှိုင်း အဖြေရှင်းသွားနိုင်ရန် 
မျှော်လင့်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။
        “တကယ်လို့များ အစိုးရသည် လည်းကောင်း၊ လွှတ်တော်သည် လည်းကောင်း လူထုယုံကြည်သော 
အစိုးရ၊ လွှတ်တော် မဖြစ်တဲ့ ကာလမျိုးမှာ အခုနားက မေးတဲ့ မေးခွန်းအတိုင်း ဆောင်ရွက်သွားမယ်လို့ 
ယူဆပါတယ်” ဟု ၎င်းက ပြောဆိုသည်။
        ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လုပ်ပိုင်ခွင့် အပြည့်အဝရှိပြီး ပြည်သူလူထု လိုလားချက်များ
 (စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး စသည့်) ကို အပြည့်အဝ ဥပဒေပြု လုပ်ဆောင်ပေးနိုင်သည့်၊ ဖွဲ့စည်းပုံအ
ခြေခံဥပဒေ တစ်ရပ်က ပေးထားသည့် ပြည်နယ်များ၏ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိပြီး ခိုင်မာ
တင့်တင်းသော ရခိုင်ပြည်နယ် အစိုးရတစ်ရပ် ပေါ်ပေါက်လာရန် ပြည်သူလူထုက လိုလားနေကြောင်း၊ ယင်း
ကိစ္စကို ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြင့် ဘုံရည်မှန်းချက်ထား လုပ်ဆောင်ရန် 
လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။
          ရခိုင်တိုင်းရင်းသားများသည် ပြည်ထောင်စုက ခွဲထွက်မည် မဟုတ်ကြောင်း၊ သို့သော်လည်း ဖက်ဒရယ်
စနစ်အရ လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးရန်၊ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုတို့ကို လုပ်ဆောင်ပေးရန်
 လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကက ရခိုင်အမျိုး
သားညီလာခံ ဖွင့်ပွဲတွင် ပြည်ထောင်စု အစိုးရအဖွဲ့ကို တောင်းဆိုခဲ့သည်။
new: theVoiceWeekly

အမြန်လမ်း ခရီးသွားအာမခံ အိမ်စီးကားများလည်းထားနိုင်


Thursday, May 1,2014 7daydaily
           ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ယင်းအာမခံကို စတင်ရောင်းချခြင်းဖြစ်
အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေသဖြင့် မြန်မာ့အာမခံလုပ်ငန်းက အဝေး
ပြေးအမြန်လမ်းများဆိုင်ရာ အထူးခရီးသွားအာမခံ သစ် စတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းအာမခံသစ်ကို ခရီး သွားယာဉ်လိုင်းတိုင်းက ခရီးသည်များအတွက် တာဝန်ယူရောင်းချ ပေးရမည်
ဖြစ်ပြီး ထိုသို့ရောင်းချ ပေးသည့်အတွက် ယာဉ်လိုင်းမှ ၁၀ ရာခိုင်နှုန်း ကော်မရှင်ရရှိမည် ဖြစ်သည်။
အာမခံသစ်၏ ပရီမီယံမှာ ၃၀၀ ကျပ်ဖြစ်ပြီး အကျိုးခံစားခွင့်မှာ ကျပ်သိန်း ၃၀ ဖြစ်ကာယခင်က ပင် 
ကားလက်မှတ်တိုင်းတွင် ပါ ၀င်ခဲ့ပြီးဖြစ်သည်။သူတစ်ပါးထိ ခိုက်မှု အာမခံ ကျပ်ငါးသိန်း၊ စုစုပေါင်း ကျပ် 
၃၅သိန်းကို ခရီးသည် က အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်းမြန်မာ့အာမခံလုပ်ငန်းမှ သတင်းရရှိသည်။ 
ယင်းအာမခံသစ်ထားရှိသူ များသည် ယာဉ်မတော်တဆမှု ကြောင့် သေဆုံးပါက ခုနစ်ရက် အတွင်း အာမခံ
ငွေရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူဖြစ်ပါက ဆေးကုသမှုအထိုက်အလျောက် ပြီးလျှင် အာမခံငွေရရှိ
မည်ဖြစ် ကြောင်းနှင့် ယခင်ကထားရှိခဲ့ဖူး သော အလုံးစုံမော်တော်ယာဉ် အာမခံကိုလည်း ဆက်လက်ထား 
ရှိရန် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းကတိုက်တွန်းပြောဆို သည်။
                ‘‘အဓိက ရည်ရွယ်တာက အဝေးပြေးအမြန်လမ်းကသွားတဲ့ လူတွေအတွက် ရည်ရွယ်တာပါ။
 တခြားလမ်းက သွားတဲ့လူတွေ လည်း ဝယ်ချင်ရင်ဝယ်လို့ရပါ တယ်’’ဟု ဒုဝန်ကြီးက ပြော သည်။
မိုင်တစ်ရာနှင့်အထက်ပြေး ဆွဲသောအဝေးပြေးကားများ မဖြစ်မနေဝယ်ယူရမည်ဖြစ်ပြီး မိုင်တစ် ရာအောက်
ပြေးဆွဲသည့် ယာဉ် လိုင်းများလည်း ဝယ်ယူနိုင် ကြောင်းနှင့် ယာဉ်လိုင်းဖြင့်ခရီး မသွားဘဲအငှားယာဉ် အိမ်စီး
ကားဖြင့် သွားရောက်သူ ဖြစ်ပါကလည်း ဝယ်ယူလိုပါက ဝယ်ယူနိုင်သည်။ ‘‘လောလောဆယ်တော့ တရားဝင်
အကြောင်းမကြားသေးဘူး။ ခရီးသည်တစ်ယောက် ကို တစ်ရာသွင်းနေရတာတော့ရှိ တယ်။ ခရီးသည်က
လူအစုံဆို တော့ ဝယ်ချင်တဲ့လူလည်းရှိမယ်။ မဝယ်ချင်တဲ့လူလည်းရှိတယ်။ လူ အစုံဆိုတော့လေ။ မဖြစ်မနေ
လုပ် ပေးရမယ်ဆိုရင်တော့ လုပ်ရမှာ ပေါ့’’ဟု JJ Express မှတာဝန်ရှိ သူတစ်ဦးကပြောသည်။
           အဝေးပြေး အမြန်လမ်းမ ဆိုင်ရာ အထူးခရီးသွားအာမခံ သစ်ကို မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိက
အာမခံကုမ္ပဏီ ၁၂ ခုပူး ပေါင်းပြီး မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်၍ လုပ်ဆောင်သွားမည် ဖြစ်သည်။ အဆို
ပါအာမခံများကို မေလ ၈ ရက်တွင် မြန်မာ့အာမခံ ရုံးများ၌ စတင်ဝယ်ယူနိုင်မည် ဖြစ်သည်။
           ဧပြီ ၂၀ ရက်က တောင်ပြာ တန်း ခရီးသည်တင်ယာဉ်နှင့် ချီဇာ အဖြူရောင် ဆလွန်းကား တစ်စီး ယာဉ်
မတော်တဆမှုဖြစ် ပွားပြီးနောက်ပိုင်း အစိုးရကအဆို ပါအာမခံထားရှိရန် စီစဉ်လိုက် ခြင်းဖြစ်သည်။အမြန်လမ်း
တွင် ၂၀၁၄ခုနှစ်  ပထမလေးလအတွင်း ယာဉ်တိုက်  မှုပေါင်း ၁၆၀ကျော်ဖြစ်ပွားခဲ့ပြီး လူ ၆၆ဦးသေဆုံးခဲ့သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More