မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Sunday, October 13, 2013

christv_online_premium

ချစ်မိတ်ဆွေများ ခဗျာ ဒီနေ့ မိတ်ဆွေများအတွက် အထူးလက်ဆောင်အဖြစ် Software တစ်ခု
တင်ပေးလိုက်ပါပြီး ဒီကောင်လေးကတော့ မိမိကွန်ပျူတာကနေ အင်တာနက်ချိတ်ဆက်ထားပြီး
အားကားစား TV လှိုင်းများနှင့် သတင်း TV လှိုင်းများကိုပါ ကြည့်ရှူးနိုင်မှာဖြစ်ပါတယ်..
မိတ်ဆွေများ အစမ်းကြည့်နိုင်အောင်.. အောက်က လင့်မှာဒေါင်းနိုင်ပါပြီး
အားလုံး အဆင်ပြေကြမှာပါ
      
                                              DOWNLOAD

ထိုင်း-မြန်မာ ဆက်ဆံရေးနဲ့ မြန်မာ့ စောင်း

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို မြန်မာ့ ရိုးရာ စောင်း လက်ဆောင်ပေးနေစဉ် (ဓာတ်ပုံ – မစ္စ ရင်လတ် ရှင်နာဝပ် ဖေ့စ်ဘုတ်)


လူတဦး က အခြားတဦးကို တူရိယာပစ္စည်း လက်ဆောင်ပေးတာဟာ ဘယ်လို အဓိပ္ပာယ်မျိုးကို ဆောင်ပါသလဲ။
အထူးသဖြင့် နိုင်ငံကိုယ်စားပြု နိုင်ငံ့ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တဦးက အလားတူ အခြားနိုင်ငံရဲ့ တာဝန်ရှိသူတဦးကို
လက်ဆောင် ပေးအပ်ခြင်း ဆိုပါက လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနိုင်ပါလိမ့်မယ်။
         ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းက မြန်မာ စစ်တပ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
 မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို မြန်မာ့တူရိယာ “စောင်းကောက်” တလက်
လက်ဆောင် ပေးလိုက်ပါတယ်။ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ
 အစည်းအဝေးတက်ဖို့ ရောက်လာရင်း ပေးလိုက်တာပါ။
        အဲဒီ “စောင်း” တူရိယာ လက်ဆောင်ပေးတဲ့ ဓာတ်ပုံကို မီဒီယာတွေမှာ တွေ့လိုက်ရလို့ ထူးခြားမှုတခု အနေနဲ့ စိတ်ဝင်စား
သွား မိပါတယ်။ မြန်မာ့ တူရိယာ စောင်းကောက် ဆိုတာ တေးဂီတ သံစဉ်တွေကို ဖော်ကျူးဖို့ ပြုလုပ်ထားတဲ့ ကြိုးတပ် တူရိယာ
တမျိုးပဲ ဖြစ်ပါတယ်။
      “စောင်း”ဟာ မြန်မာတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ မြန်မာ့ ဂီတ အနုပညာ တူရိယာ ပစ္စည်းလည်း ဖြစ်သလို ကြေး၊ ကြိုး၊
သားရေ၊ လေ၊ လက်ခုပ် ဆိုတဲ့ ကမ္ဘာ့ ဂီတ တီးမှုတ်မှု အနုပညာ အနွယ်ဝင် တမျိုးလည်း ဖြစ်ပါတယ်။
တကယ်တော့ “စောင်း” (Harp) တူရိယာဟာ မြန်မာ တနိုင်ငံတည်း အသုံးပြုတာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာလည်း မြန်မာ
စောင်းလို ကြိုးတပ် တူရိယာ အသုံးပြုစရာ ရှိပြီးသားပါ။ စောင်းကို ထိုင်းဘာသာ အရ “ဖင်န်” လို့ ခေါ်တယ်လို့ သိရပါတယ်။
စောင်းဟာ ကမ္ဘာပေါ်ရှိ တူရိယာများ အနက် ရှေးအကျဆုံး ကြိုးတပ် တူရိယာ ဖြစ်ပါတယ်။ စောင်းကို အကြမ်းအားဖြင့် လေးကိုင်းပုံ
စောင်းနဲ့ တြိဂံပုံ စောင်းဆိုပြီး ၂ မျိုး ခွဲထားတာရှိပါတယ်။ မြန်မာ့ စောင်းကောက် အမျိုးအစားဟာ လေးကိုင်းပုံ စောင်း အမျိုးအစား
 ဖြစ်ပြီး အိန္ဒိယက ဆင်းသက်လာဟန် ရှိတယ်လို့လည်း ဆိုပါတယ်။
       လေးကိုင်းပုံသဏ္ဌာန် စောင်းကို ရှေးခေတ် အီဂျစ် နိုင်ငံ၊ အိန္ဒိယ တိုင်းနဲ့ ဂျာဗားကျွန်း တို့မှာ ပေါ်ထွန်း ခေတ်စားခဲ့ပြီး ဘီစီ
၃၀၀၀ လောက်ကစလို့ အီဂျစ်ပြည်မှာ ထွန်းကားလာဟန်ရှိတယ်လို့ သိရပါတယ်။ စောင်းကို အီဂျစ်၊ ဗေဗီလုံ၊ ပါရှား၊ ဂျာဗား၊
အိန္ဒိယ စတဲ့ နိုင်ငံ အသီးသီးမှာ အလွန်ရှေးကျတဲ့ ခေတ်ကတည်းက စပြီးရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။
       ရှေးဘုရင်များ ခေတ်ကတည်းက စောင်းကို နန်းသုံးတော်ဝင် တူရိယာအဖြစ် သုံးခဲ့ကြပါတယ်။ နန်းတက်ပွဲ အခမ်းအနား၊
မင်း မိဖုရား နန်းဆောင်တွေ နဲ့ မင်းခမ်း မင်းနားတွေမှာ စောင်းတူရိယာကို တီးခတ် အသုံးတော် ခံကြတယ်လို့လည်း သမိုင်း
မှတ်တမ်း တွေမှာ တွေ့ရပါတယ်။
       ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) စာဆို ၀န်ကြီး ပဒေသရာဇာ ကလည်း “စာပေဝတ္ထု၊ ရတုကဗျာ၊ ပျို့လင်္ကာနှင့်၊ သာသည့်
သီချင်း၊ အဲစောင်းညှင်း ကို မကင်းမပြတ်၊ ဖတ်ရွတ်လေ့ကျက်၊ တီးမှုတ်လျက်သာ၊ နေကောင်းစွာ”လို့ ဆိုထားတာ မှတ်သားဖူးပါတယ်။
 လူသားတို့ ဘဝမှာ စာပေ၊ ဂီတ၊ အနုသုခုမ ပညာတွေနဲ့ နေပျော်အပ်တယ်လို့ စာဆို ၀န်ကြီးရဲ့ ဆိုလိုရင်းကို ယူဆမိပါတယ်။
စောင်းကို အခုအထိလည်း နိုင်ငံတော်အဆင့် အခမ်းအနားတွေမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့
နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဗဲလ် ငြိမ်းချမ်းရေး ဆုယူတဲ့ အခမ်းအနားမှာတောင် မြန်မာ စောင်းနဲ့ ဖျော်ဖြေတာကို တွေ့ရပါသေးတယ်။
မြန်မာ စောင်းနဲ့ပတ်သက်ပြီး ဂျပန် နိုင်ငံမှာလည်း လူသိများစေတဲ့ ၀တ္ထုတပုဒ်ကို “မြန်မာ့စောင်း” (Biruma No Tategoto) အမည်နဲ့ပဲ
ဂျပန် စာရေးဆရာ ထာကဲရာမမိကျိအို က ရေးသားခဲ့ပါတယ်။ ဒီဝတ္ထုကို အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့ရပြီး ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးပြသခ
ဲ့လို့ ဂျပန်လူမျိုးတွေ အလွန် စိတ်ဝင်စားခဲ့ကြပါတယ်။ ၀တ္ထုကို ဂျပန် ဘာသာကနေ မြန်မာဘာသာ ပြန်ဆို ထုတ်ဝေ ထားတာလည်း
ရှိပါတယ်။ မြန်မာ စောင်းဟာ လွန်ခဲ့တဲ့ ၁၁ ရာစု ပုဂံ ခေတ်ကတည်းက ရှိခဲ့တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။ ကျန်စစ်မင်း
 တည်ထားခဲ့တဲ့ ပုဂံ အာနန္ဒာ စေတီ အတွင်းရှိ နံရံကပ် ကျောက်ရုပ်တုတွေမှာ စောင်းကောက်ပုံ တပုံကို အစောဆုံးတွေ့ရှိရလို့
ပုဂံခေတ် ကတည်းက မြန်မာ နိုင်ငံမှာ စောင်း တူရိယာ ခေတ်စားခဲ့တယ်လို့လည်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒီလို သမိုင်းရာဇ၀င်ရှိတဲ့ မြန်မာ စောင်း တလက်ကို နိုင်ငံတော်အဆင့် လက်ဆောင်ပေးတဲ့နေရာမှာ အသုံးပြုတာဟာ ရည်ရွယ်ချက်
 ရှိတယ်လို့ ဆိုရပါမယ်။
       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း ၀န်ကြီးချုပ်ကို လက်ဆောင်ပေးဖို့ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မရွေးချယ်ဘဲ
ဘာဖြစ်လို့ ဂီတ တူရိယာ စောင်းကို ရွေးချယ်ခဲ့ရ တာပါလဲ။ စစ်သားကြီး ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ “စောင်း”
တူရိယာ တီးခတ် တတ်သလား၊ မတတ်ဘူးလား၊ ဂီတ အနုပညာ ခံစားတတ်သလား၊ မခံစားတတ်ဘူးလား ဆိုတာတော့ မသိပါ။
တကယ်တော့ ထိုင်းနဲ့ မြန်မာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး၊ ငါးရာလောက် ကတည်းက ပဋိပက္ခတွေ ရှိခဲ့တဲ့အပြင် မြန်မာ ဘုရင်တွေက
တိုက်ခိုက် သိမ်းပိုက်မှုတွေ ပြုလုပ်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အထင်အရှား ဆိုရင်တော့ အလောင်းမင်းတရား ဦးအောင်ဇေယျ
(နန်းစံ ၁၇၅၂-၁၇၆၀) ကိုယ်တိုင် တိုက်ခိုက်ခဲ့ပါတယ်။ ဟံသာဝတီ ဘုရင် ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ကလည်း ယိုးဒယား
 (ထိုင်း) ကို သိမ်းပိုက် အောင်ပွဲခံပြီး အခု ချင်းမိုင်လို့ ခေါ်တဲ့ ဇင်းမယ်ကိုလည်း မြန်မာ လက်အောက်ခံ အနေနဲ့ အုပ်ချုပ်ခဲ့တဲ့
ရာဇ၀င် သမိုင်းတွေ ဖြစ်ပွားခဲ့ပါတယ်။
      ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေးကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်က စခဲ့တာ အခုနှစ်ဆိုရင် ၆၅ နှစ် ရှိပါပြီ။
ဒီ သံတမန်ဆက်ဆံရေး ကာလတွေအတွင်းမှာပဲ တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၀၀ – ၂၀၀၂ ခုနှစ်ဝန်းကျင် မြန်မာ စစ်အစိုးရ
လက်ထက်မှာတင်ပဲ နယ်စပ်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး
တင်းမာ မှုတွေ ရှိခဲ့ပါတယ်။ မြန်မာ အစိုးရဘက်ကဆိုရင် အဲဒီ ပြဿနာတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ၁၀ ကြိမ်မက
လုပ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။
      တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အခြေအနေက ကမ္ဘာ့အလယ်မှာ အထီးကျန် နိုင်ငံတနိုင်ငံ ဖြစ်နေပြီး နိုင်ငံရဲ့ စီးပွားရေး၊
 ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍ အသီးသီးမှာလည်း ထိုးဆင်းနေတဲ့အခြေအနေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အတွင်းကိုလည်း
 မြန်မာ ဘက် က ဒုက္ခသည်တွေ၊ အလုပ်သမားတွေ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် လူပေါင်း သန်းနဲ့ ချီပြီး ရောက်ရှိနေ
ခဲ့တာ အခုအချိန် အထိ ပါပဲ။ အဲဒီလို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အများစုဟာလည်း အခက်အခဲ ဒုက္ခ မျိုးစုံ ကြုံတွေ့ကြရတာ
တွေ ရှိပါတယ်။
      ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး
 တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဘုရင်မင်းမြတ်က တော်ဝင် ဘွဲ့တံဆိပ် ချီးမြှင့် လိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ထိုင်းအစိုးရနဲ့ လုပ်ငန်း
ရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလို ဖိတ်ခေါ် ပြောဆိုမှုတွေကြောင့်ပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီးပွားရေး ၀င်လုပ်နေပြီလား ၊
၂၀၁၅ ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်နေတာလား ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ် ခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းက ဟောင်ကောင်မှာ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး
 Yutthasak Sasiprapa တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပတ်သက်ပြီး တိတ်တဆိတ် ပြောဆိုခဲ့တယ်လို့ ယူဆရတဲ့ အသံဖိုင
် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအသံဖိုင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့လူယုံတော်၊ စစ်တပ်ကိုထိန်းချုပ်
 ထားနိုင်တဲ့ အတွက် သြဇာ အာဏာနဲ့ ငွေကြေးချမ်းသာသူ၊ ဒါကြောင့် သူ့ကို အပိုင်စည်းရုံးထားနိုင်ရင် ထားဝယ်ဆိပ်ကမ်းကို
ရရှိမှာဖြစ်တယ် ဆိုတဲ့ ပြောဆို ဆွေးနွေးချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
      အခု ၁ နှစ် ၂ နှစ်အတွင်းမှာကိုပဲ ထိုင်းဘက်က မြန်မာ ကို အရင်ကနဲ့ မတူတဲ့ ဆက်ဆံရေးမျိုးတွေ ရှိလာတာလည်း သတိထား
မိပါတယ်။ ဒီလို အခြေအနေတွေနဲ့ သမိုင်းကြောင်း နောက်ခံတွေ ရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ “စောင်း”တလက် လက်ဆောင်
နဲ့လည်း သက်ဆိုင်မှု ရှိလာနိုင်မလား ဆိုတာ တွေးတော စရာပါ။ ဂီတ တူရိယာ ပစ္စည်းတခုဟာ နူးညံ့မှု၊ သိမ်မွေ့မှု၊ ငြိမ်းချမ်းမှု
အငွေ့အသက် တွေကို ရရှိစေတယ် မဟုတ်ပါလား။
      ဒါကြောင့် အခုပေးအပ်လိုက်တဲ့ လက်ဆောင် ပစ္စည်းအရ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ်ဟာ အခုထက်ပိုမို
ကောင်း မွန် လာမယ့် လက္ခဏာ တရပ်၊ သင်္ကေတ တခုလို့တော့ ယူဆရပါတယ်။ “မလျော့ မတင်း စောင်းကြိုးညင်း” ဆိုတဲ့
စကားလည်း ရှိပါတယ်။
     ဒါပေမယ့် “ပိုးသာကုန် မောင်ပုံ စောင်း မတတ်” တို့၊ “ကျွဲပါး စောင်းတီး” တို့ ဆိုတဲ့ မြန်မာ စကားပုံ တွေကိုလည်း သတိရနေ
 မိပါတယ်။     ။

နွယ်နီ...

ကျွန်တော် ချစ်သော မိတ်ဆွေများအတွက် VIDOE သီချင်းလေးတစ်ပုဒ်
တင်းပေးလိုက်ပါတယ်ဗျာ..ဒီသီချင်းလေးကြည့်မိရင်တော့ ဟိုတုန်က ကျောင်းတော်ကြီး
ကိုသတိရမိကြမယ်လို့ထင်ပါတယ်.. ကျွန်တော်ကတော့ တိုက်ဆိုင်လွန်လို့ဗျာ...



မိုးစက်ကရှမ်းမြန်မာတရုတ်ပါ

မန်မာပြည်ကို ကိုယ်စားပြုပြီး ဒီနှစ်အတွက် မယ်စကြာဝဠာသရဖူ ရယူဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်က သူ
ဘာလူမျိုးလဲ ဆိုတာကို သူ့ဖေ့စ်ဘုတ်မှာ မနေ့က ကြေညာလိုက်ပါတယ်။
သူဟာ မြန်မာပြည်သားစစ်စစ်ဖြစ်တယ်၊ ရန်ကုန်သူ၊ လူမျိုးကတော့ "ရှမ်းမြန်မာတရုတ်" လို့ ဆိုပါတယ်။
အပြည့်အစုံကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

   " မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်... အားလုံး သိချင်နေကြတဲ့အကြောင်းလေးတစ်ခုကို မိုးစက်ရှင်းပြပါရစေ,
 မိုးစက်ကရှမ်းမြန်မာတရုတ်ပါ.. မိုးစက်မိဘများက ရှမ်းပြည်မှာမွေးတာပါ... မိုးစက်က ရန်ကုန်မှာမွေးတာပါ..
.ထို့အတွက်ကြောင့် မိုးစက်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်... တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ..
 ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့် အထိမ်းအမှတ်အတွက်Trader hotel တွင် ကျင်းပတဲ့ပွဲတစ်ခုတည်းသာပါဝင်ဖူးပါသည်။
မိဘပြည်သူများကို မိုးစက်အနေဖြစ်ဤမျှသာ ရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသော မိဘပြည်သူများအားလုံး အားရကျေနပ်နိုင်
မည်ဟုမျှော်လင့်ပါသည်....
    ကျေးဇူးတင်ပါတယ်ရှင်
    မိုးစက်ဝိုင် "
ဒီပုံက မနေ့တုန်းက ရိုက်ကူးထားတာဖြစ်တယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
အပေါ်ဆုံးကပုံကတော့ မယ်စကြာဝဠာပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ ၀က်ဆိုက်မှာ ဒီကနေ့ တက်လာတဲ့ပုံ ဖြစ်ပါတယ်။

    ဧရာဝတီ Facebook / ဧရာဝတီ Twitter

Thursday, October 10, 2013

ကြီးကြီးကျယ်ကျယ် ပြောရရင်.

ဘယ်အနုပညာသမားမဆို ကိုယ်ဖန်တီးထားတဲ့ အနုပညာလက်ရာတခု၊ စာတပုဒ်၊ ကဗျာတပုဒ်ကို
ပြင်ဆင်ခံရတာ မကြိုက်ဘူးဗျ
သတ်ပုံမှားလို့ပြင်တာ၊ စာလုံးကျပေါက်လို့ ပြင်တာက တမျိုးလေ
မိဘတွေလိုပေါ့ဗျာ... ကိုယ်မွေးထားတဲ့ သားသမီး မလိမ္မာရင် ကိုယ်ပဲ ရိုက်နှက်ဆုံးမမယ် သူများက ဝင်ပြီးဆုံးမတာမျိုး
ဘယ်မိဘကမှ လက်ခံမှာ မဟုတ်ဘူး
ဒါဟာ အတ္တမဟုတ်ဘူးဗျ
ဒါဟာ "ရင်နှစ်သည်းခြာပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာ"

ခုရက်ပိုင်း ကျနော်လည်း ခံစားနေရတယ်ဗျာ
ကျနော် စာတွေ ပြင်ဆင်ဖျက်စီးခံနေရတယ်

အကြောင်းပြန်တိုက်ဆိုင်လို့ လွန်ခဲ့တဲ့လတွေက ရေးခဲ့တဲ့ စာလေးတပုဒ် ပြန်တင်လိုက်ပါတယ်ဗျာ... ....
(သန်၎ကို)


==========
သတ်ပုံမှားတဲ့ ဘဝ
==========

1.
ပြီးခဲ့တဲ့လထုတ် မဂ္ဂဇင်းတစ်စောင်မှာပါ
ကျနော်ရေးတဲ့စာကို မှားတယ်ထင်ပြီး ပြင်တာကို ခံလိုက်ရတာလေးနဲ့ ပတ်သက်လို့ ဆက်စပ်တွေးမိတာလေးတွေ
 ပြောပြချင်လို့ပါ…
အယ်ဒီတာက ပြင်တာလား၊ စာစီစာရိုက်လုပ်သူကပဲ ပြင်တာလား ဆိုတာကိုတော့ မသိပါ

2.
ကျနော်ရေးတာက ဒီလိုပါ...
ဇာတ်ထဲမှာ ရာဇဝတ်သားကို မင်းချင်းစစ်သားတွေက လိုက်ဖမ်းနေတဲ့အခန်းကို ရေးတာ

ကျနော်က….
'တပ်တော်ပါဗိုလ်ထုနဲ့ လူစုပြီးလိုက်တယ်'... လို့ ရေးတာကို ဘာအောက်မေ့တယ် မသိဘူး 'မ' တစ်လုံးတိုးထည့်လိုက်ကြတယ်။
နောက်တစ်နေရာမှာလည်း ကျနော်က...
'တပ်တော်ဗိုလ်'... လို့ ရေးတာကို 'မ' တစ်လုံးထပ်ထည့်ပြန်တယ်

အဲဒီတော့ ဘယ်လို ဖြစ်သွားလဲဆိုတော့...
'တပ်မတော်ပါဗိုလ်ထုနဲ့ လူစုပြီးလိုက်တယ်'
'တပ်မတော်ဗိုလ်'.... အဲလိုမျိုးတွေ ဖြစ်ကုန်ရော

ကျနော်ရေးတာက ရှေးခေတ်က အကြောင်းပါ
ရှေးဘုရင်တွေခေတ်အခေါ် 'တပ်တော်' လို့ဘဲ သုံးချင်တာပါ။ 'တပ်မတော်' လို့ မသုံးချင်ဘူး
ဒါကို စာလုံးကျနေတယ်ထင်ပြီး ဖြည့်စွက်ပေးလိုက်ကြတယ်

အဆိုတော်ကြီး ပြည်လှဖေ ကွယ်လွန်သွားတာ ကံကောင်းတာပေါ့
နို့မို့ သူ့ခမျာ 'နတ်ရှင်နောင်သီချင်း' ဆိုတဲ့အခါ...
♫ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ ♫ ... လို့ မဆိုရပဲ
♫ တပ်မတော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ ♫… လို့ ဆိုနေရမယ်၊
ခက်ဘူးလားဗျာ

3.
ခုခေတ် facebook ပေါ်လာတော့ တစ်ချို့လူတွေက ညစ်ညစ်ညမ်းညမ်း ဆဲကြဆိုကြနဲ့၊ ဖတ်ရတာ ရင့်သီးလွန်းလို့
လန့်တောင်လန့်တယ်….
facebook အသုံးပြုသူ သန်းပေါင်းများစွာကို စောင့်ကြည့်ပြီး တည်းဖြတ်ပေးဖို့ရာလည်း ဖြစ်မှမဖြစ်နိုင်တာကိုး

ကျနော် အမြဲဝင်ရေးဖြစ်နေတဲ့ web site တစ်ခု ရှိပါတယ်
mmcybermedia တဲ့၊ အဖွဲ့ဝင် တစ်သောင်းကျော် နှစ်သောင်းလောက်ရှိမယ်
ဒီလောက် များပြားလှတဲ့ အဖွဲ့ဝင်တွေ ရေးတဲ့စာကို စောင့်ကြည့်တည်းဖြတ်နေဖို့ မဖြစ်နိုင်တော့ Admin တွေက
Auto Correction ကို ထည့်ထားလိုက်တယ်
ညစ်ညမ်းတဲ့ စကားလုံးတွေကိုရိုက်ရင် Auto Correction က အလိုအလျောက် ပြင်ပစ်လိုက်တယ်

ငါးခြောက်တောင် ချက်လို့ရတယ်၊ ကြော်လို့ရတယ်၊ ဖုတ်လို့ မရဘူး။
'ငါးခြောက်ချက်' လို့ ရိုက်၊ အိုကေတယ်။
'ငါးခြောက်ကြော်' လို့ ရိုက်၊ အိုကေတယ်။
'ငါးခြောက်ဖုတ်' လို့ ရိုက်၊ မရဘူး၊ ‘ဖုတ်’ ပါတာကိုး
'ဖုတ်' လို့ ရိုက်လိုက်တာနဲ့ အော်တိုမတစ် '-ုတ်' ဖြစ်သွားတော့တာ

တခြားစကားလုံးတွေလည်း ရှိသေးတယ်၊ ရေးပြလို့မကောင်းလို့ သိပ်မရိုင်းတာလေးတွေပဲ ဥပမာပြောပြချင်ပါတယ်...

mmcybermedia ထဲမှာ Member တွေက တပ်မတော်သားတွေလည်း ပါနေတယ်။
ဒီတော့ စာရေးတဲ့အခါ 'စစ်သား' လို့ ရေးတာကို ရင့်သီးတယ်လို့ သူတို့က ကွန်ပလိန်းတက်တာနဲ့
Auto correction က 'စစ်သား' လို့ ရိုက်တိုင်း 'တပ်မတော်သား' လို့ ပြင်ထည့်လိုက်တယ်။

အဲ... အဲဒီတော့
ပုဂံရာဇဝင်လို အကြောင်းလည်း ရေးရော ပြဿနာတက်တော့တာဘဲဗျို့...
'ကျန်စစ်သား' လေ၊ ဘယ်လိုမှ 'ကျန်စစ်သား' လို့ မရဘူး၊ 'ကျန်စစ်သား' လို့ ရိုက်လိုက်တိုင်း
'ကျန်တပ်မတော်သား' ချည့် ဖြစ်နေတော့တာ....
ပုဂံခေတ်က စစ်သည်တော် လေးသိန်းအားနဲ့ညီတဲ့ သူရဲကောင်းလေးယောက်နာမည်လည်း
mmcybermedia ထဲရောက်မှ....
1. ညောင်ဦးဖီး
2. ငလုံးလက်ဖယ်
3. ငထွေရူး နဲ့
4. ကျန်တပ်မတော်သား.... ဖြစ်ရော
4.
နောက်တစ်ခုရှိပါသေးတယ်...
mmcybermedia မှာ ရိုင်းမှာစိုးလို့ ပြင်ထားတဲ့ စကားလုံးတွေ မိုလို့ သူတို့အကြောင်းပြောတော့ နည်းနည်းရိုင်းနေရင် ခွင့်လွှတ်ပါ
အဲဒီထဲမှာ 'ဖင်' ဆိုတဲ့ စကားလုံးလည်း ရိုက်မရဘူး၊
'ဖင်' လို့ ရိုက်လိုက်တာနဲ့ Auto correction က 'စအို' လို့ ပြင်လိုက်တယ်...

“ဒယ်အိုးဖင်ကို မီးပြင်းတိုက်ပါ”… လို့ ချက်နည်းပြုတ်နည်း အခန်းမှာ တစ်ယောက်ကရေးတယ်
ဒါကို Auto correction က ပြင်ထည့်လိုက်တယ်
“ဒယ်အိုးစအိုကို မီးပြင်းတိုက်ပါ”… တဲ့
သူ့ချက်နည်းပြုတ်နည်းကို အဟုတ်မှတ်လို့ လိုက်ချက်တဲ့လူ အဲဒီနေရာကျရင် ဘာဆက်လုပ်ရမှန်းကို သိမှာမဟုတ်တော့ဘူး

နောက်တခါ... သိပ္ပံပညာရှင် Stephen Hawking အကြောင်း ရေးပြန်တော့လည်း ပြဿနာရှိနေပြန်ရော...
ဘယ်လိုမှ 'စတီဖင်ဟော့ကင်း' လို့ ရိုက်မရဘူး၊ 'စတီစအို ဟော့ကင်း' ချည့် ဖြစ်နေတော့တာရယ်...
ဟိုကသိရင် သူ့နာမည်ဖျက်ရပ့ါမလားဆိုပြီး ထကန်ချင် ကန်နေမှာ၊ ခြေမသန်တာ ကံကောင်းတယ် မှတ်ရမယ်
5.
ဒီတော့ဗျာ...
စာရေးသူတွေက တခါတလေ သူ့ခံစားချက်နဲ့သူရေးတာကို တည်းဖြတ်သူများက ကိုယ့်အထင်အမြင် အယူအဆတွေနဲ့
 ပြင်ထည့်လိုက်တော့ လိုရင်းလေးတွေ ပျောက်ကြရတာပေါ့

ကဗျာမှာဆို အဲလို အပြင်ခံရရင် ပိုဆိုးမယ် ထင်ရဲ့
ကဗျာက စကားလုံး sensitive ပိုဖြစ်တာကိုးဗျ... နော်


သန်၎ကို-ပေါက်ကရရေးသည်

Monday, September 23, 2013

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ
ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကို
နောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်
22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်
ပြန်လေ တင်ပေးလိုက်ပါတယ် နောက်ဆုံးရ သတင်များ facebook ကို
ကျေးဇူးအထူတင်ပါတယ် ပြန်လေ မျှဝေခြင်း ပေးပါလို့လည်း ဒီpost လေး
နဲ့တောင်ဆိုပါရစေ သူကတော့ Windows 7 အသုံးပြုတဲ့သူငယ်ချင်းတိုင်း
လက်မလွတ်သင်တဲ့ ဆောစ့်ဝဲလ်လေးပါ သူ့ရဲ့Features အချို့ကတော့ System
တွေနဲ့ hardware information တွေကိုလည်းအသေးစိတ်ကအစ ကြည့်ရှူနိုင်ခြင်း
 ၊မိမိတို့စက်ထဲမှာရှိတဲ့ running processes နဲ့ threads တွေရဲ့ အချက်အ လက်တွေ
ကိုလည်းအသေးစိတ်ကြည့်နိုင်ခြင်း၊Windows 7 Manager မှာ 1-clicking cleans
 system automatically လည်းပါဝင်ခြင်း၊windows startup and shutdown speed
 ကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း၊ hardware တွေရဲ့ system speed နဲ့ performance
တွေကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း၊မ လိုအပ်တဲ့ system tasks တွေကိုလည်း Turn off
လုပ်ပေးနိုင်ခြင်း၊ Registry Cleaner ကလည်း မိမိတို့ရဲ့ incorrectly linked registry entries
အလိုအလျောက်ဖယ်ရှားပေးခြင်း နဲ့စတဲ့ Features လေးတွေတော်တော်များများကို
ပါဝင်ပါတယ်။
 
                                  DOWNLOAD

Saturday, September 21, 2013

Android ဖုန်းတွေတွက် Mobogenie

ဒီကောင်းလေးကတော့ Android ဖုန်းတွေကိုသုံးနေကြတဲ့ မိတ်ဆွေများအတွက်
သသုံးဝင်ပါတယ်ဗျာ... ဒီဆောဝဲလ်လေးကို ဒေါင်းပြီး Computer မှာ RUN ထားလိုက်ပါ
မိမိဖုန်းအတွက် GAME များ Player အမျိုးမျိုးနှင့်Wallpaper များကိုပါ ဒေါင်းလော လုပ်ပြီး
 ဖုန်းအတွင်းသို့ ထည့်သွင်းနိုင်ပါတယ် အစမ်းသုံးကြည့်မယ်ဆို့ အောက်မှာဆွဲထားကြပါဗျာ..
                          
                                          DOWNLOAD

Monday, September 2, 2013

Windows 8.1 ကို Online မှာ Activate လုပ်ခြင်း

 ကျနော် မြို့ကို ခဏ ရောက်တုံး Windows 8.1 Pro with Media Center Build 9471 လေးကို ဒေါင်းပြီး ကလိကြည့်ပါတယ်။
Media Center ပါတော့ မြန်မာစာတမ်းထိုး ခွေတွေကိုကြည့် လို့ရတာနဲ့ ဒေါင်းဖြစ်သွားတယ်။
အောက်တိုဘာ (၁၇) မှာတော့ Windows 8.1 ကို Microsoft က update ပေးမှာပါ။
Build ....ကတော့ ဘယ်လောက်ဖြစ်မလည်းမသိဘူး။ ထွက်လာမှပဲသိရမှာ။
Windows 8.1 ကို Activate လုပ်ရအောင်-
၁။ Computer ကို Internet ချိတ်ဆက်ထားပါ။
     Control Panel >> System and Security >> Windows Update ကိုသွားပါ။
    Add features to Windows 8.1 ကိုနှိပ်လိုက်ပါ။

၂။ I already have a product key ကိုနှိပ်ပါ။
၃။  Enter your Key နေရာမှာ အောက်ကပေးထားတဲ့ Key (၂) ခုထဲက တစ်ခုခုစမ်းထည့်ကြည့်ပါ။
     Product Key: NTTX3-RV7VB-T7X7F-WQYYY-9Y92F
     Product Key: MBFBV-W3DP2-2MVKN-PJCQD-KKTF7
     Next ကိုနှိပ်ပါ။

၎။ I accept the license terms ကိုအမှန်ခြစ်ခဲ့ပါ။ Add features ကိုနှိပ်ပါ။
    ခဏစောင့်လိုက်ပါ။ Install လုပ်ပြီးသွားရင်ရပါပြီ။

၅။ My Computer ကို Right Click ထောက်ပြီး Properties ကိုနှိပ်လိုက်ပါ။
    Windows is Activated ဖြစ်နေတာကိုတွေ့ရမှာပါ။

ဒီလိုမရ ရင်ဒီလိုလုပ်လိုက်ပါ-
Local Disk (C:) (window တင်ထားတဲ့ အပိုင်းပါ) >>Windows >>System32>>slui ကိုသွားပါ။
Slui ကို Double Click နှိပ်လိုက်ပါ။ Product Key နေရာမှာပေးထားတဲ့ Key (၂) ခုထဲက တစ်ခုခုစမ်းထည့်ကြည့်ပါ။
ပြီးရင် အညွှန်းအတိုင်းဆက်လုပ်သွားလိုက်ပါ။ 
Windows is Activated ဖြစ်မှသာ Personalize ကိုပြင်လို့ ရမှာပါ။
အထူးသတိပေးချက်
Microsoft Office 2013 ကို Activate လုပ်ရာမှာ KMS Nano လို Automatic Activator တွေနဲ့ မလုပ်ပါနဲ့။
သူက Windows8  Activate အတွက်ပါ ပါလို့ပါ။
Windows  Activate ပျက်သွားပါတယ်။ Microsoft Office 2013 ကိုသီးသန့် Activate  လုပ်တဲ့ Activator တွေနဲ့ပဲလုပ်ပါ။
ှQEMU(KmsMicro) လို Manual Activator တွေနဲ့ပဲလုပ်ပါ။
Microsoft .NET Framework 3.5 ကိုတော့ ကျနော်ရေးထားတဲ့ ပိုစ့်တွေထဲကအတိုင်းတင်လို့ရပါတယ်။

Windows 8.1 Preview ကိုမသုံးချင်ဘူး။ Windows 8.1 အစစ်သုံးချင်တဲ့ သူများ စမ်းကြည့်နိုင်အောင်ပါ။
ဒေါင်းချင်ရင်ဒေါင်းလို့ရအောင် Torrent ဆိုဒ်လေးကို ညွှန်းပေးလိုက်ပါတယ်။
64 bit ဖြစ်ပါတယ်။ 32 bit ကိုလိုချင်ရင်တော့ Google မှာရိုက်ရှာပြီးဒေါင်းနော်။

 မှတ်ချက်။ ။ဤ post သည်ကျွန်တော် post မဟုတ်ပါ ကျွန်တော်ကိုယ်လည်း နည်းလမ်းတွေ
ရှာတုန်းပါ ထိုကြောင်း ကျွန်တော် ကြည့်ခဲ့သော post အားတဆင့်ကူးယူဖော်ပြပေးလိုက်
ခြင်းပင်ဖြစ်ပါသည်.. ထိုမူရင်း post အား ဤနေရာမှ တဆင့်သွားရောက်နိုင်ပါသည်...။




 

Twitter Delicious Facebook Digg Stumbleupon Favorites More