မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Tuesday, November 20, 2012
အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)
 အခုတစ်ခါ အိုင်ပက် (iPad) အသုံးပြုတဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။
 အိုင်ပက် (iPad) အသုံးပြုပုံကို ဖော်ပြချင်တာ ကြာလှပါပြီ။
သို့သော် စိတ်ကူးရုံ သက်သက်လေး။ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေး။
 မဖော်နိုင်တဲ့ အကြောင်းကလည်း အများကြီးလေ။
     အိုင်ပက် (iPad) ကို သုံးတဲ့လူ နည်းနေတာကြောင့်ရယ်။ သုံးနေကြတဲ့ အနည်းငယ်သော သူတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်းကို ဖတ်ပြီး သုံးနိုင်ကြတာရယ်ကြောင့်ပါ။
အဲလို ခပ်ဆိတ်မ နေလာခဲ့တာ…။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မိတ်ဆွေတစ်ဦးက နယူးအိုင်ပက်
 (The New iPad) ကို ၀ယ်သုံးတယ်။ သင်ပုန်း (Tablet) တစ်မျိုးမျိုးကို ၀ယ်သုံးဖို့ သူ
 စိတ်ကူးနေတာ ကြာလှပြီ။ ဒါပေမယ့် ဘာဝယ်ရမှန်း မသိဘူး။ အိုင်ပက်က ကောင်းနိုးနိုး၊
 ဆမ်ဆောင်းကပဲ ဟိုလိုလိုနဲ့ပေါ့။ နောက်ဆုံးတော့ အိုင်ပက် ကောင်းတယ်လို့ ဘယ်သူကများ ညွှန်းသလဲတော့ မသိပါ။ စာရေးသူရဲ့
    ဘလော့ထဲက အိုင်ပက်အကြောင်းကို သူ ဖတ်ဖြစ်ချင်လည်း ဖြစ်မှာပါ။ နောက်ဆုံးမှာတော့ ၀ယ်လိုက်ပါပြီ။ မျောက် အုန်းသီး ရသလို ဟိုပြေးဒီလွှား နေရသလားတော့
 မပြောတတ်ပါ။ အိုင်ပက် ရရချင်း စာရေးသူဆီ လှမ်းဆက်သွယ်လာတယ်။ အိုင်ပက်အကြောင်းနဲ့
ပတ်သက်ပြီး မေးလိုက်တာများ တပုံတစ်ခါကြီး။ စာရေးသူကလည်း တတ်သမျှ မှတ်မိသလောက် ဖောက်သည်ချပေးပါတယ်။
      အဲ…အဲမိတ်ဆွေက အင်္ဂလိပ်စာကို တီးမိခေါက်မိရုံလေးပါ။ သူ့လိုပဲ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်တဲ့ အိုင်ပက်သုံးသမား မြန်မာပြည်မှာ အများကြီး ရှိတယ်တဲ့။ သူ သိတဲ့ အိုင်ပက်သုံး လူတွေလည်း
 တပုံကြီး၊ ဆယ်ဂဏန်းချီ ရှိတယ်လို့ ပြောတယ်။ လမ်းညွှန်းကို မဖတ်တတ်
 ဖတ်တတ်နဲ့ လမ်းညွှန်းချက်အတိုင်း လိုက်လုပ်တာ တလွဲချည်းပဲတဲ့။ အမြဲတန်းလိုလို အိုင်ပက် အရောင်းဆိုင်တွေနဲ့ နှစ်ပါးသွားနေရသတဲ့။
     စာရေးသူကိုလည်း အွန်လိုင်းမှာ ဆုံဖြစ်မှ မေးရမြန်းရတယ်ဆိုတော့ မဆုံဖြစ်တဲ့အခါ အဆင်မပြေဘူး။ ဒါကြောင့် အိုင်ပက် သုံးပုံ သုံးနည်း မြန်မာလို ရေးထားတဲ့ ၀က်ဆိုက်တွေ ရှိရင်
 ညွှန်းစမ်းပါဦး၊ စာရေးသူကိုလည်း သူ့ကို ရှင်းပြသလို အခြားသူတွေကို ထပ်ရှင်းစရာ မလိုအောင် အိုင်ပက်အကြောင်း ရေးတင်ပါဦးလို့ တောင်းဆိုတယ်။ ဒီလို အကြောင်းလေးတွေကြောင့် ကောက်ကာငင်ကာ အိုင်ပက် အသုံးပြုနည်းကို တင်လိုက်ပါတယ်။
       အိုင်ပက် အသုံးပြုနည်း (အပိုင်း-၁) မှာ အိုင်ပက်ရဲ့ မူလမျက်နှာ (စကရင်း) ထိပ်ဆုံးပိုင်း ဘားတန်း တစ်လျှောက်မှာ ရှိနေတဲ့ လုပ်ဆောင်ချက် (Functions) များကိုပဲ ဦးစွာ တင်ပြပါမယ်။
 နောက်ကျမှ အခွင့်သင့် အခါသင့် အပိုင်း-၂၊ အပိုင်း-၃ တို့ကို ဆက်လက်ပြီး
ဖော်ပြပါမယ်။ (အမှာ= အိုင်ပက်အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြထားပေမယ့် အိုင်ဖုန်း (iPhone) အိုင်ပေါ့တ် တပ်ဂ်ျ (iPod Toch) တို့မှာလည်း အသုံးပြုလို့ ရပါတယ်။
 အသုံးပြုနိုင်ခြင်း အကြောင်းရင်းက iPad, iPhone, iPod Touch သုံးခုလုံးဟာ စက်လည်ပတ်မှုစနစ်  တစ်မျိုးထဲ တစ်ပုံစံထဲကြောင့်ပါ။)
အိုင်ပက်ရဲ့ မူလမျက်နှာလို့ခေါ်တဲ့ ဟုမ်း-စကရင်းပေါ်က အခေါ်အဝေါ်နဲ့ လုပ်ဆောင်ချက်များ
1. Home (ဟုမ်း-ခလုတ်)
Home (ဟုမ်း-ခလုတ်) ကို မူလစာမျက်နှာလို့ ပြောရင် ပိုသင့်တော်မယ် ထင်တယ်။
ဘာဖြစ်လဲဆိုတော့ ဘယ်မျက်နှာကိုပဲ ဖွင့်ထားဖွင့်ထား ပြန်ဖျောက်ချင်လို့ပဲ
 ဖြစ်ဖြစ်၊ ပြန်ပိတ်ချင်လို့ပဲ ဖြစ်ဖြစ် ဒီ Home (ဟုမ်း-ခလုတ်) ကိုသာ နှိပ်လိုက်ပါ။
 အဲဒီအခါကျရင် မူလစာမျက်နှာကိုပဲ ပြန်ရောက်သွားမှာမို့လို့ပါ။
 Home (ဟုမ်း-ခလုတ်) ကို သွားပြီးနှိပ်စရာ မလိုဘဲနဲ့ မူလမျက်နှာကို ပြန်ရောက်သွားတဲ့ နည်းလမ်းကလည်း ရှိသေးတယ်။ အဲဒါက- လက်ရှိ ဖွင့်ထားတဲ့ မျက်နှာ
 (Tab) ပေါ်ကို လက်ငါးချောင်းလုံးကို စကရင်းပေါ် ဖြန့်တင်လိုက်ပါ။ ပြီးရင
် လက်ငါးချောင်းလုံးကို အတွင်းဘက်သို့ ဆွဲစိ (ဆွဲစု) လိုက်ပါ။ ဒါဆိုရင် လက်ရှိ ဖွင့်ထားတဲ့
 မျက်နှာ (Tab) က ပျောက်သွားပြီး မူလမျက်နှာ အဖွင့်-စကရင်းသို့ ပြန်ရောက်သွားမယ်။
 ဒီနည်းက Home (ဟုမ်း-ခလုတ်) ကို ချွေတာတဲ့ သုံးနည်းလည်း ခေါ်တယ်။ Home (ဟုမ်း-ခလုတ်)
ကို အမြဲတန်း နှိပ်နေရင် ခလုတ် ပျက်သွားမှာကို ကြောက်တဲ့သူတွေအတွက် ဒီနောက်နည်းကို သုံးပါ။
2. Airplane mode (လေယာဉ်-စနစ်)
Airplane mode (လေယာဉ်-စနစ်) ဆိုတာ လေယာဉ်ပျံ ပုံစံဖော်ထားတဲ့ စကရင်းအတွင်းက
 အွန်/အော့ပ် (On/ Off) ခလုတ်ပါ။ ဒီခလုတ်ကို အွန်-ထားရင် (ဖွင့်ထားရင်)
ချိတ်ဆက်ထားတဲ့ အင်တာနက် ကွန်နက်ရှင်းတို့၊ ဘလူးတု(တ်) စနစ်တို့ အလုပ် မလုပ်တော့ပါ။
ကွန်ပျူတာမှာ တို့တစ်တွေ သုံးနေကျ Stand by, Sleep စနစ်တို့နဲ့ ချွတ်စွတ်ပဲ။
လေယာဉ်နဲ့ ခရီးသွားရတဲ့အခါ လေယာဉ်ပေါ် ဖုန်း/သင်ပုန်းတွေကို အသုံးပြုခွင့် မပေးပါ။ ထိုအခါ ဖုန်း/သင်ပုန်းကို ပါဝါ-ပိတ်နေရရင် ကြန့်ကြာတတ်တယ်။
      လေယာဉ်ပေါ်က အဆင်း ဖုန်း/သင်ပုန်းကို ပြန်ဖွင့်တဲ့အခါမှာလည်း ပြန်ပွင့်လာဖို့
 စောင့်ရတာလည်း နည်းနည်းတော့ ကြာတယ်မဟုတ်လား။
 ဒါကြေည့်လည်း ပါဝါကို ဖွင့် / ပိတ် လုပ်နေရမယ့်အစား Airplane mode (လေယာဉ်-စနစ်) ကိုသာ ရွေးနှိပ်လိုက်ပါ။
         ဒါဆိုရင် ပါဝါအဖွင့် / အပိတ်အတွက် အချိန်ကုန် သက်သာတယ်။
   ကားနဲ့ ခရီးဝေး သွားရမယ့် အချိန်မှာလည်း Airplane mode (လေယာဉ်-စနစ်) ကို အွန်-ထားရင် ဘက္ထရီ အားကုန် သက်သာတယ်။
ဖြတ်သန်းသွားလာတဲ့ လမ်းတစ်လျှောက်က တာဝါတိုင်တွေရဲ့ ဆွဲအားနဲ့ အိုင်ပက်ထဲက ဆက်သွယ်ရေးစနစ်တို့က အော်တိုမတစ် ချိတ်ဆက်နေကြတယ်။
 ဒီ Airplane mode နဲ့သာ ပိတ်မထားရင် ဘက္ထရီအား ဆွဲစားသွားမယ်။ ဘက္ထရီအား ချွေတာလိုတဲ့အခါ ဒီမုဒ်ကိုသာ ဖွင့် (On) လိုက်ပါ။
အိုင်ပက်ရဲ့ နောက်ကျောနဲ့ ဘေးနှစ်ဘက်ရှိ အခေါ်အဝေါ်နဲ့ လုပ်ဆောင်ချက်များ
Airplane mode (လေယာဉ်-စနစ်) ကို အွန်-ထားရင် အောက်ပါ အချက်အလက်များ အသုံးပြုလို့ မရပါ-
၁။ အီးမေးလ် ပေးပို့ခြင်း၊ လက်ခံခြင်း။
၂။ အင်တာနက် ဘရောက်ဆာကို ဖွင့်ခြင်း။
၃။ ဖုန်းနံပါတ်၊ အီးမေးလ် အကောင့်၊ ပြက္ကဒိန်တွေကို စင်းခရိုနိုက် (သိမ်းဆည်း) ခြင်း။
၎။ ယူတျုစ် (Youtube) ကနေ ဗီဒီယို တင်ခြင်း၊ ဖွင့်ကြည့်ခြင်း။
၅။ ရာသီဥတု သတင်းအချက်အလက်။
၆။ မြေပုံစနစ်။
၇။ အပ်ပ်စတိုး (Apps Store) ကို ဖွင့်ခြင်း။
၈။ အင်တာနက်ကနေ ပေးထားတဲ့ ဂိမ်းတွေကို ဆော့ကစားခြင်း-တို့ ဖြစ်တယ်။
3. 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီစနစ်)
အိုင်ပက်ရဲ့ စကရင်း ထိပ်ဆုံးပိုင်းမှာ ပြသပေးနေတဲ့ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) သင်္ကေတဟာ
 တို့တစ်တွေ အသုံးပြုနေတဲ့ ဖုန်းဆင်းကဒ်ရဲ့ လုပ်ဆောင်မှုစနစ်ကို ပြသပေးတယ်။ ၀ိုင်ဖိုင်
 (Wi-Fi) သက်သက် သရီး-ဂျီ (3G) ဖိုး-ဂျီစနစ် (4G) မပါတဲ့ အိုင်ပက်မှာတော့
 ဒီစနစ် ပါဝင်မှာ မဟုတ်ပါ။
   ထပ်ရှင်းရရင်- အိုင်ပက် (iPad) တိုင်းမှာ အမျိုးအစား ၂-မျိုး ကွဲပြားတယ်။
၁။ ၀ိုင်ဖိုင် (Wi-Fi) သက်သက်ရယ်၊
၂။ ၀ိုင်ဖိုင်+သရီး-ဂျီ (အိုင်ပက်တူး အတွက်) ၀ိုင်ဖိုင်+ဖိုး-ဂျီ (အိုင်ပက်-သရီး အတွက်)
ဆိုပြီး ခွဲထားတယ်။ အဲဒီ ၂-မျိုးကိုသာ သိုလှောင်နိုင်တဲ့ ပမာဏ ၁၆-ဂျီဘီ၊
၃၂-ဂျီဘီနှင့် ၆၄-ဂျီဘီ ဆိုပြီး ၃-မျိုးစီ ပြန်ကွာဟသွားတယ်။
(အိုင်ပက် အမျိုးအစားပေါင်း ၆-မျိုး ကွဲသွားတာပေါ့)အခုဖော်ပြတဲ့ 3G/4G
 (သရီး-ဂျီ/ ဖိုး-ဂျီစနစ်) ကိုတော့ ဒုတိယအမျိုးအစားဖြစ်တဲ့ WiFi+3G (4G) အိုင်ပက်
အမျိုးအစားကိုသာ ရည်ရွယ်တာပါ။ ပထမအမျိုးအစားဖြစ်တဲ့ ၀ိုင်ဖိုင် (Wi-Fi)
 သက်သက် အိုင်ပက်နဲ့ မဆိုင်ပါ။ (ရေးတင်ထားပြီး ဖြစ်သည့် “အိန္ဒိယအတွက်
 အိုင်ပက်-သရီး” သတင်းကို ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်- http://ayechanmon.blogspot.in/2012/04/ipad3_17.html
Sunday, November 11, 2012
iPad အတွက် Zawgyi Keyboard ထည့်နည်း
  ကျွန်တော် iPad ကိုမသုံးသေးပါဘူး ထိုင်းနိုင်ငံ တွင်းက ညီလေးတစ်ယောက်
အတွက် ရှာကြံပြီး Copy လုပ်ပေးလိုက်ပါတယ် ကျွန်တော်လည်း သုံးတတ်
အခါ အဆင်ပြေအောင်လို့စုစည်းထားတာလည်း ဖြစ်နေပါတယ် iPad မှာမြန်မာစာ
ဖတ်ချင်တယ် ရေးချင်တယ် ဘယ်လို့လုပ်ရမလဲ လို့ပေးထားပါတယ် ကိုယ်က
မသုံးဖူးသေးတော့ ဘယ်လို့မှမပြောနိုင်ပါဘူး အွန်လှိုင်းမှာ ရှာဖတ်ပြီးတော့ 
ပြန်တင်ပေးထားပါတယ် မူရင်းဆိုဒ်ကိုတော့ ဒီမှာသွားဖတ်နိုင်ပါတယ် 
အခုတော့ iPad အတွက် Zawgyi Keyboard ထည့်နည်း ဘဲကြည့်သွားလိုက်ကြပါဗျာ
နောက် post အတွက် iPad အသုံးပြုနည်းတွေကိုပါ ရှာကြံပေးပါမယ်
  အောက်ပါအတိုင်း ဆောင်ရွက်ချက်များသည် သင့် iPhone/ iPad Touch 
တို့အားအဆင်မပြေပါitune ကနေ restor ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မယ်။ 
ထို့ကြောင့် back လုပ်ထားရန်လိုအပ်ပါသည်။   System ပိုင်းဆိုင်ရာများကို
 ပြင်ထားတာကြောင့် ဖြစ်ပေါ်လာသော   တစ်စုံတစ်ခု ပြဿနာများကို
လုံးဝ တာဝန်ယူမည်မဟုတ်ပါ။
     FOR IOS 3.1.2
လိုအပ်ချက်
OS : 3.0 >= (3.1.2 recommend)
Type : Jailbreak
Installer : Cydia
Internet : Require
ADD REPO IN CYDIA
Cydi ကိုသွားပါ Manage အောက်က Source ကိုသွားပါ Edit ကနေ Add လုပ်လိုက်ပါ
address တွင် http://cydia.macforus.com ထည့်လိုက်ပါ ။ ပြီးလျှင် Package များကို သူ 
reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sectionsအောင်တွင် Zawgyi 
ဆိုတာပေါ်လာပါမည်။ အထဲတွင် Zawgyi Font နှင့် Zawgyi Keyboard
ဆိုပြီး ၂ ခုရှိပါသည်။ 
PACKAGE INSTALLATION
Zawgyi Font 
Zawgyi Font သည် System Font များကို hack ပြီးတော့မြန်မာစာ စာလုံးများ
ထည့်သွင်းထားခြင်းဖြစ်သည် ။ ထို့ကြောင့် သွင်းပြီးပါက Remove ပြန်လုပ်နိုင်မည်မဟုတ်ပါ
Remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည် Zawgyi Font package သည်
 application များအားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကိုပြုပြင်ထားခြင်းသာဖြစ်သည်။
Zawgyi Keyboard (only  OS version < 3.2 )
Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့်အခြား Dependencies များကို
အလိုအလျှေက်သွင်းသွားမည်ဖြစ်သည် ။ အောက်ပါပြဿနာများ ကြုံတွေရတတ်သည်။
၁။ English စာတွင် auto correct မဖြစ်တော့ခြင်း။ ( 3.1.2 တွင့် auto correct အလုပ်လုပ်ပါသည်။
သိပ်မသေချာပါဘူး။ အများအားဖြင့်အလုပ်လုပ်ပါသည်။ )
၂။ keyboard အတက်နှေးခြင်း။
၃။ အချို့OS 3.0 <  များဖြစ်ခဲ့လျှင် ပြသနာမတက်ခြင်း။
သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည်ဆိုမှ သွင်းပါရန်။
သွင်းပြီးပြီဆိုပါက သင့်  iPhone/iPod Touch ကို  restart ချလိုက်ပါ ။
Keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင့်ကြည့်ရှုနိုင်ပါသည်။ 
                            Download Video
Monday, October 22, 2012
AVG Antivirus 2013
     2013 AVG free - x64  Antivirus ကိုအချိန်ရလို့ တင်ပေးလိုက်ပါတယ်
လိုအပ်ရင် အောက်မှာ ဆွဲကြပါ File Size ကတော့ နည်းနည်းကြီးပါတယ် အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ......
                         DOWNLOAD
Friday, October 19, 2012
Change What the power buttons do
         ဒီနေ့ အလုပ်သိမ်းတာ နည်းနည်းစိုးလို့ပါ အချိန်ရတယ်လေ
ညီလေး တစ်ယောက် Gtalk မှာမေးလို့ ရေးပေးလိုက်ပါတယ်
ဆရာကြီး လုပ်တာမဟုတ်ပါဘူး ကျွန်တော်လည်း လေ့လာတုန်း
သင်ယူတုန်းပါ အကိုရယ် ကျွန်တော် ကွန်ပျူတာ လက်တော့ လေးပါတဲ့
အသုံးပြုပြီးတာနဲ့ တစ်ခါ တစ်လေ Power Shut down လုပ်မယ့်အချိန်
မရတဲ့နဲ့ ဒီအတိုင် ဆွဲပိတ်ခဲ့ပါတယ် ပြန်သုံးတော့ Power ကိုဖွင့်တာနဲ့
Password ရိုက်ထည့်ပြီးသုံးလို့ ရနေပါပြီ Power Shut down လေးဖြစ်အောင်
ဘယ်လို့ လုပ်ရပါမလဲ ဒီအတိုင်းထားရင် စက်တစ်ခုခု ဖြစ်သွားမလား ?......
စက်တစ်ခုခု ဖြစ်မလား မဖြစ်ဘူးလားတော့ ကျွန်တော်လည်း မသိဘူးဗျာ
Power Shut down လေးဖြစ်အောင်တော့ လုပ်တတ်ပါတယ် window7မှာ
ပြောတာပါနော်..  အပေါ်ကခေါင်းစီ ကိုသာ ဖတ်လိုက်ပါတော့ Power Shut down
လေးလုပ်ချင်ရင်တော့  Control Panel / Hardware and sound / Power Options
မှ Change What the power buttons do ကို Click နှိပ်ပြီး အခုမြင်နေရတဲ့ပုံလေး
   လို့ When I close the lid: မှာ On battery ဘက်မှာပါ  Plugged in ဘက်မှာပါ
Shut down ကိုရွေးပြီး save changes လုပ်လိုက်ပါ OK ပါစေဗျာ...
Tuesday, October 16, 2012
USB Stick များမှ Virus များမဝင်နိုင်အောင်
    စာမရေးဖြစ်တာလည်းကြာပါပြီ ရေးချင်ပေမယ့် အလုပ်မအားလို့ပါ
လာလည် တဲ့မိတ်ဆွေများကိုလည်း ကျေးဇူးပါ လိုပြောပါရစေ
  ဒီနေ့ အပေါ်က ခေါင်းစီးလေး ကိုပြောပြပေးပါမယ့် အကိုတစ်ယောက်
အတွက် ရယ်ရွယ်ထားပါတယ် သူစက် USB Stick မှ Virus ထိလို့တဲ့
  အဲဒီ အကို နဲ့အတူ မိတ်ဆွေအားလုံး အတွက်အသိတစ်ခု မျှပေးလိုက်ပါတယ်
သိပြီးသားဆိုလည်း ဆောရီပါဗျာ USB Stick များမှ Computer သို Virus များမဝင်
နိုင်အောင် လုပ်နည်းကို ကျွန်တော် အလျှင် Post တစ်ရေးခဲ့ဖူးပါတယ်
ဒီနည်းလမ်း အတိုင်း လုပ်ကြည့်နိုင်ပါတယ် အခုတစ်မျိုးကတော့ USB Stick ကို
လုံးဝ အသုံးမပြုနိုင်အောင် လုပ်ထားနည်းပါ ဒီနည်းကတော့ USB Stick မှလုံးဝ
Virus မဝင်နိုင်တော့သလို့ မိမိ Computer မှ ဖိုင်တစ်ခုခုကို USB Stick မှားနဲ့
မယူနိုင်တော့ပါ ဒီနည်းလေး ကို လုပ်ကြည့်ချင်ရင် တော့ Run BOX သို မဟုတ်
Search BOX မှာ regedit ကိုရေးထည့်ပါ OK လုပ်ပါ Registry Editor BOX
တက်လာရင် HKEY_LOCAL_MACHINE / SYSTEM / CurrentControlSet /
services / အဆင့်ဆင့်သွားပြီးပြီးဆိုရင် USBTOR ကိုတွေ့အောင်ရှာပါ
 အခုပုံနဲ့ပြထားသလို့ ညာဘက်ခြင်းမှာ Start ကိုနှိပ်ပါ Edit DWORD (32-bit)Valu
မှာ Value date: ၏တန်ဖို့ကို 3 ထက်ကြီးသော နံပါတ်တစ်ခု ထည့်လိုက်ပါ
OK လုပ်ပါ ဒါဆို USB Stick များကိုသုံးလို့မရနိုင်တော့ပါ ပြန်လည်အသုံးပြုချင်ရင်တော့
၎င်းနေရာတွင် ပုံမှန် 3 နံပါတ်သာထည့်ပြီး Ok လုပ်လိုက်ပါ ကဲ့ USB Stick များမှ
Virus ဝင်ခြင်းကင်းဝေးနိုင်ကြပါစေဗျာ....
Tuesday, September 25, 2012
Window7 တွင့် Programs တွေဖွင့်သုံးတိုင်းသီချင်းနားထောင်မယ်
    ကျွန်တော် ဒီနေ့ Window7 ကိုကလိရင်ရလာတဲ့ အသိတစ်ခုကိုပြောပြပေးပါမယ်
သိပြီးသားဆိုတော့ ဆော့ရီးပါဗျာ Programs တွေကိုဖွင့်သုံးတိုင် မိမိကြားနေချင်တဲ့
တေးသီချင်လေးက အမြဲကြားနေရမှာပါ ဒါပေမယ် သီချင်းကိုတော့ WAV ဖြစ်ဖို့လိုပါတယ်
သီချင်းလေး ရလာရင် Control Panel ကိုသွားပါ Change the theme ကိုဆက်သွားပါ
အခုပုံလေးနဲ့ ပြပေးထားသလို Sounds ကိုရွေးပါ Program Events: စာကြောင်းရဲ့
အောက်က BOX မှာဘေးက ဗားကိုဆွဲချပြီး Open Program ကို Click မှတ်ပြီး
 Browse မှ မိမိ WAV လုပ်ထားတဲ့ သိချင်းကိုရွေးပြီး Apply OK လုပ်လိုက်ပါ
ဒါဆိုရင် မိတ်ဆွေတို့ ကြားစေချင်းတဲ့ သီချင်းကို  Programs  ကိုဖွင့်သုံးတိုင်း
ကြားနေရမှာပါ နားငြီးလွန်လို့ ကျွန်တော်ကို အပြစ်မတင်ကြပါနဲလို့
တောင်းပန်ပါတယ်ဗျာ...
Sunday, September 23, 2012
Facebook ကို Shortcuts သုံးမယ်
   Facebook ချစ်တဲ့ ကိုကို မမ များနဲ့ ညီငယ် ညီမငယ်များ နှင့် သူငယ်ချင်းများ
တွက် ကျွန်တော် Facebook Shortcuts များကို ရှာဖွေပေးလိုက်ပါတယ်
Facebook ကိုအလွယ်လေးနဲ့ လျှင်မြန်စွာသုံးနိုင်ကြပါစေဗျာ သိပြီးသားဆိုလည်း
ခွင့်လွှတ်နားလည်ပေးကြပါလိုပြောပါရစေ
Morzilla Firefox တွင်သုံးနိုင်သော Facebook Shortcuts များ
Alt + Shift + 1 - Go to Homepage
Alt +Shift + 2    - Go to profile Page
Alt +Shift + 3   -  Frind Requests
Alt + Shift + 4  - Open Messages
Alt + Shift + 5  - Notifications
Alt + Shift + 6  - My Accout Page
Alt + Shift + 7  - Choose Your Privacy Settings
Alt + Shift + 8  - Facebook's Facebook Page
Alt + Shift + 9  - Facebook Terms & Conditions
Alt +  Shift +0  -  Facebook help Center
Firefox ( Mac ) တွင်သုံးနိုင်သော Facebook Shortcuts များ
Ctrl + ?   - Search
Friday, September 14, 2012
Photoshop CS6
            ဒီဆော့ဝဲလ် ကိုတော့ ကျွန်တော်သုံးနေတာကြာပါပြီ ညီငယ်တစ်ယောက်
သုံးချင်တယ်ဆိုလို့ ပြန်တင်ပေးလိုက်တာပါ ဓာတ်ပုံသမားတိုင်းလိုလို သုံးနေကြပါပြီ
 မရှိသေးဘူးဆိုတော့ သုံးကြည့်ချင်လျှင် အောက်မှာ ဆွဲသွားလိုက်ကြပါမိတ်ဆွေတို့
အားလုံးကိုခင်မင်လျှက်ပါ 
                                 DOWNLO
Twitter Delicious Facebook Digg Stumbleupon Favorites More