မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Saturday, November 29, 2014

AFC Challenge Cup အားပယ်ဖျက်ပြီး အသင်းအားလုံး အဆင့် မခွဲခြားဘဲ အာရှဖလား ယှဉ်ပြိုင် ကစားခွင့်ရရေး MFF ဥက္ကဋ္ဌ အဆိုပြုချက် အောင်မြင်





            ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှ စတင်ကာ ကျင်းပလျက်ရှိသည့် အာရှဘောလုံး
 အဖွဲ့ချုပ် (AFC) အမှုဆောင် အစည်းအဝေးသို့ အာရှလူငယ် ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ အဖြစ်တာဝန်ယူ 
ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက် ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် AFC Challenge Cup ပြိုင်ပွဲအား ပယ်ဖျက်ပြီး အာရှဘောလုံး အဖွဲ့ချုပ် လက်အောက်ရှိ ဘောလုံး
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများနှင့် ဘောလုံးဖွံ့ဖြိုးဆဲ နိုင်ငံငယ်များ မခွဲခြားဘဲ အသင်းများအားလုံး အာရှဖလား ပြိုင်ပွဲခြေစစ်ပွဲသို့ 
တန်းတူဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိရန် ဦးဇော်ဇော်မှ တင်ပြခဲ့ရာ အမှုဆောင်များ အားလုံး ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်
သူမရှိဘဲ သဘောတူ အတည်ပြုခဲ့ကြသည်။
          လက်ရှိ အချိန်တွင် အာရှဘောလုံး အဖွဲ့ချုပ် လက်အောက်ရှိ ဘောလုံးဖွံ့ဖြိုး နိုင်ငံငယ်များ အနေဖြင့် အာရှ
 ဖလားပြိုင်ပွဲသို့ တိုက်ရိုက် ၀င်ရောက်ခွင့် မရရှိဘဲ AFC Challenge Cup ပြိုင်ပွဲမှတဆင့် ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်ရ 
လျက်ရှိရာ ဦးဇော်ဇော်က အဆိုပါ အနေအထားမှာ အာရှဘောလုံး လောကကို နိုင်ငံကြီး၊ နိုင်ငံငယ်ခွဲခြား ထားသည့် 
သဘော သက်ရောက်နေကြောင်း၊ ဥရောပ ဖလားပြိုင်ပွဲကဲ့သို့ အသင်းအားလုံး တန်းတူခြေစစ်ပွဲ ၀င်ရောက် ယှဉ်ပြိုင်
ခွင့် ရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် AFC Challenge Cup ပြိုင်ပွဲကို ပယ်ဖျက်ပြီး အသင်းအားလုံး ခြေစစ်ပွဲမှတဆင့် 
ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရန် ပြိုင်ပွဲကို ပြင်ဆင်သင့်ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။
           အဆိုပါ တင်ပြချက်ကို အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးပြီး အတည်ပြုခဲ့ကြသဖြင့် လာမည့်နှစ်များမှ
 စတင်၍ AFC Challenge Cup ပြိုင်ပွဲကို ပယ်ဖျက်ကာ အသင်းအားလုံး ခြေစစ်ပွဲမှစတင်၍ တန်းတူယှဉ်ပြိုင်သွားရန် 
ဆုံးဖြတ်ခဲ့ကြ ကြောင်းသိရသည်။ MFF ဥက္ကဋ္ဌ အနေဖြင့် အမှုဆောင် အစည်းအဝေး အပြီးတွင် အာရှ ဘောလုံး အဖွဲ့ချုပ် 
နှစ်(၆၀)ပြည့် အခမ်းအနားနှင့် နှစ်ပတ်လည် ဆုပေးပွဲ အခမ်းအနား သို့လည်း ဆက်လက်တက်ရောက် မည်ဖြစ်သည်။
BY: Myanmar Football Lovers Page

Friday, November 21, 2014

KIA ဗိုလ်သင်တန်းကျောင်း သေဆုံး စာရင်း ထုတ်ပြန်

       BY: VOA  
          အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကချင်လွတ်လပ်ရေး
တပ်ဖွဲ့ KIA ဗိုလ်သင်တန်းကျောင်းက သင်တန်းသား ၂၃ယောက် ကျဆုံးခဲ့ရာမှာ သူတို့တွေဟာ တိုင်းရင်းသား
 မဟာမိတ် အဖွဲ့ဝင်တွေဖြစ်ကြပြီး ပလောင်ခေါ် တအာင်းအဖွဲ့က ၁၁ဦးနဲ့ ရခိုင်အဖွဲ့က ၈ဦးပါဝင်ခဲ့ပါတယ်။ ဒီပစ်
ခတ်မှုနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်ဖက်က KIAက သူတို့ စစ်ကြောင်းကို လာရောက် ပစ်ခတ်တာကြောင့် လက်
နက်ကြီးနဲ့ တန်ပြန်သတိပေး ပစ်ခတ်ရတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းကိုတော့ KIO ဖက်က လက်မခံပါ
ဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
             ဒီလ ၁၉ရက်နေ့ နေ့ခင်းပိုင်းက KIO ဌာနချုပ် အနီး ခရာတောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်က
 ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ KIO ဗိုလ်သင်တန်းကျောင်းမှာ ကျရောက် ပေါက်ကွဲခဲ့ တာကြောင့် သင်တန်း
သား ၂၃ဦးသေဆုံးပြီး လူ၂၀ ထိခိုက်ဒဏ်ရာရခဲ့ရာမှာ သေဆုံးသူသင်တန်းသား အများစု ဟာ ပလောင်နဲ့ ရခိုင်တပ်
ဖွဲ့တွေက ဖြစ်ပါတယ်။
             ဒီသေဆုံးတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အပစ်အခတ် မရပ်စဲရသေးတဲ့ ပလောင်ခေါ် တအာင်း အမျိုးသား 
လွတ်မြောက်ရေး တပ်ဦး TNLAက ဒုပြန်ကြားရေး တာဝန်ခံ တာ့ပန်လှက အခုလို ပြောပါတယ်။
               "နိုဝင်ဘာလ ၁၉ရက်နေ့ မွန်းလွဲ ၁၁နာရီမှာ အစိုးရတပ်ဘက်က ၁၀၅ မမနဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ ပစ်ခတ်
လိုက်တဲ့ အတွက် ကျနော်တို့ဘက်က ၁၁ဦး ကျဆုံးပါတယ်။" ပလောင်တပ်ဖွဲ့က သေဆုံးခဲ့ရသူ သင်တန်းသားတွေဟာ 
အသက် ၁၈နှစ်ကနေ ၂၅နှစ်ကြား အရွယ်တွေ ဖြစ်ပါတယ်။ ဒုတိယ အကျအဆုံး အများဆုံးကတော့ AA ခေါ် ရက္ခိုင့် 
တပ်မတော်က ဖြစ်ပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သူတို့ တပ်ဖွဲ့က ၈ဦး ကျဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကြောင်း
 ဖော်ပြပါတယ်။ ကျန် ကျဆုံးသူတွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF 
က ၂ယောက်နဲ့ ချင်းအမျိုးသားတပ်ဦးက ၂ယောက်တို့ ဖြစ်ကြပါတယ်။
            ABSDF မြောက်ပိုင်း တာဝန်ခံ ဦးလဆိုင်း က ကျဆုံးသူ တွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"နှစ်ယောက်ပါပါတယ်။ ကျနော်တို့ဆီက ဆေးဆရာ သက်ဇော်နဲ့ သင်တန်းဆရာ ဖြစ်တဲ့ ဟိန်းထက် နှစ်ဦးပါပါတယ်။"
အခုလို မဟာမိတ်တပ်ဖွဲ့က သင်တန်းသားအများစု ကျဆုံးရတာဟာ သူတို့တွေက သင်တန်းကို နောက်ကျပြီး ရောက်
လာတဲ့အတွက် သီးသန့် သင်တန်း ပေးနေရ တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
             "တချို့က စစ်ရေးပြမှာ လိုက်မမှီတဲ့ဟာတွေရှိတယ်။ အဲ့တာတွေကို သီးသန့်ပြန်သင်မယ်ဆိုတဲ့ အနေအထား
အပေါ်မှာ ဖြစ်တာပါ။"ဒဏ်ရာရသူ ၂၀ဦးအနက်က ၁၆ဦးလောက်ဟာ ပြင်းထန်ကြောင်းနဲ့ ကျဆုံးသွားသူတွေကိုတော့ 
မနေ့ မနက် သဂြုင်္ိဟ် လိုက်ကြောင်း ပြောပါတယ်။ လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တာနဲ့ ပတ်သက်ပြီး အစိုးရစစ်
တပ်က သတင်းထုတ်ပြန်ရာမှာ ဒီလ ၁၆နဲ့ ၁၇ရက်နေ့တွေကKIA က တပ်မတော် စစ်ကြောင်းကို နှောက်ယှက် ပစ်ခတ်
တာရှိခဲ့ကြောင်း၊ ၁၉ရက်နေ့ကလည်း ရိက္ခာပို့ လမ်းကြောင်းအတွက် လမ်းဖောက်လုပ်ရေးဆောင်ရွက်နေတဲ့ စစ်ကြောင်း
ကို ပစ်ခတ်တဲ့အတွက် လက်နက်ကြီးနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း၊ KIA ဖက်ကို ဒီလိုပစ်ခတ် တာတွေအတွက်  အကြိမ်
ကြိမ်သတိပေးခဲ့ပေမဲ့ ထိန်သိမ်းကြပ်မတ် တာမရှိဘဲ စစ်ရှိန်မြင့်မားစေတဲ့ လုပ်ရပ်တွေ တိုးမြှင့်လုပ်လာတဲ့အတွက် တပ်
စခန်းကနေ လက်နက်ကြီးနဲ့ တန်ပြန်သတိပေး ပစ်ခတ်ခဲ့ရာမှာ KIA တပ်စခန်းတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်
ရာ ရတာတွေ ရှိခဲ့ကြောင်း ဖော်ပြပါတယ်။
            ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ ဒီသတင်း ထုတ်ပြန်ချက်ကို လက်မခံပါဘူး။
"စစ်တပ်ရဲ့ဖြေရှင်းချက်တွေကတော့ အမြဲတမ်း အဲ့လိုပါပဲ။ သူတို့ရဲ့ တပ်စခန်းတွေနဲ့ ကျနော်တို့ရဲ့ KIA တပ်စခန်းတွေနဲ့ 
အနီးကပ်ဆုံး နေရာမှာ လာရောက်ပြီး စခန်းချထားပြီး အင်အားဖြည့်တင်းနေတာဟာ သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာ
 အားလုံးက အသိဖြစ်ပါလိမ့်မယ်။ အဲ့မှာ သူတို့လာပြီးတော့ စစ်ကြောင်းတွေ ရိက္ခာပို့တာတို့ လူနာပို့တာတို့ သူတို့ ခါတိုင်းပြော
နေကျ သူတို့ကို ဖြတ်ပြီး ပစ်တယ် ခတ်တယ်။ တိုက်တယ် ခတ်တယ်ဆိုတာမျိုးက သူတို့ NCCT ကနေ ဆွေးနွေးပွဲ စတင်ပြီး
နောက်ပိုင်း ဒီလိုဟာမျိုး ကျနော်တို့ဘက်က လုံးဝ စတင်ပြီးတော့ ပစ်တာ မရှိဘူးဗျ။ မဖြစ်အောင် ကျနော်တို့ဘက်က အောက်
ခြေတပ်ဖွဲ့တွေက အားလုံး ထပ်ခါထပ်ခါ ညွှန်ကြားပြီးဖြစ်တယ်။ "
          ကြာသပတေးနေ့က KIOရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီပစ်ခတ်တိုက်ခိုက်တာဟာ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တာဖြစ်
ကြောင်းနဲ့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြပါတယ်။ကချင်ပြည်နယ် နယ်စပ်ရေးရာ နဲ့ လုံခြုံရေး ၀န်ကြီး 
ဗိုလ်မှုးကြီးသန်းအောင်က ကြာသပတေးနေ့ ညနေပိုင်း က မြစ်ကြီးနားမြို့သတင်းစာရှင်းလင်းပွဲမှာတော့ ဒီပစ်ခတ် တာဟာ 
တမင်တကာ ရည်ရွယ်ပြီး လုပ်ဆောင်တာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပဋိပက္ခ ညှိနှိုင်း
ရေးဆွေးနွေးပွဲမှာ ဆွေးနွေးမှာဖြစ်ကြောင်း နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အပျက်ခံမှာ မဟုတ်ကြောင်းလည်း ထည့်သွင်း
ပြောဆိုခဲ့ပါတယ်။

Thursday, November 20, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို အာမခံလျှောက်ခွင့်ပေး




           ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးကို သတ်ဖြတ်မှုသံသယနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ 
မြန်မာလူငယ် ၂ ဦးကို အာမခံလျှောက်ခွင့်ပေးလိုက်တယ်လို့ ရှေ့နေ ဦးအောင်မျိ...ုးသန့်က ပြောပါတယ်။
အလုပ်သမား ၂ ဦးရဲ့ အာမခံအတွက် ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ရမှာ ဖြစ်သလို မြန်မာသံရုံးနဲ့ 
တိုင်ပင်ပြီး လာမယ့် နိုဝင်ဘာ ၂၄ ရက်နေ့လောက် အာမခံ အမြန်ဆုံးတင်သွင်းနိုင်ဖို့ ဆောင်ရွက်သွားမယ်
လို့ သူက ပြောပါတယ်။
            ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ကော့စမွီ တရားရုံးမှာ အစိုးရ ရှေ့နေဘက်က ရမန် တပတ် 
ထပ်မံတောင်းဆိုခဲ့တာပြီး မြန်မာလူငယ်တွေရဲ့ ရှေ့နေတွေကတော့ ချုပ်နှောင်ထားတာ ၄၈ ရက်ရှိပြီဖြစ်တဲ့
အတွက် ထပ်မံမချုပ်နှောင်ထားသင့်ကြောင်း ကန့်ကွက်ခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“နှစ်ဖက် သုံးသပ်ချက်ကို တရားသူကြီးက ချပြီးတော့ မပြည့်စုံသေးတဲ့ စစ်ဆေးချက်တွေ ရှိနေလို့ ဆိုပြီး
တော့ ရမန် တပတ်ထပ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာတော့ အာမခံ လာလျှောက်ရင် လျှောက်
လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတော့ ပြောလိုက်ပါတယ်။”
             ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကတော့ ဒီကနေ့ မနက်က တရာရုံးကို အချုပ်ကားနဲ့ ရောက်
လာခဲ့ပြီး ကလေး ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ ရှေ့နေက ပြောပါတယ်။
ကလေးတွေက သူငယ်ချင်းတွေဆီပေးတဲ့ စာမှာ အမှုကလွတ်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့နဲ့ ဒီအမှု
မှာ အပြစ်တစုံတရာ မကျူးလွန်ခဲ့ဘူးလို့ ရေးသားထားပါတယ်။
            “ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့ကို မေတ္တာ ပို့ပါတယ်။ ကျနော်တို့ ၂ ယောက် အခုဖြစ်ပျက်နေတဲ့ ပြဿ 
နာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ ၂ ယောက် ထောင်ထဲက လွတ်မြောက်ဖို့အတွက် ၀ိုင်း
ဝန်းပြီး ကြိုးစားပေးကြပါဖို့ ကျနော်တို့ ၂ ယောက် တောင်းပန်ပါတယ်။ တကယ်လည်း ကျနော်တို့ မဟုတ်ပါဘူး” 
လို့ ကလေးတွေရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။
            ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရသူတွေကို ၁၂ ရက် ၁ ကြိမ် စုစုပေါင်း ရမန် ၇ ကြိမ် ရယူနိုင်တာဖြစ်ပြီး
 ဒီကနေ့ ပဉ္စမမြောက် ရမန်ထက်ယူတာကို ကန့်ကွက်ဖို့ ရှေ့နေက ကြိုးပမ်းခဲ့တာပါ။ လက်ရှိမှာတော့ မြန်မာ လူငယ်
 ၂ ဦး ချုပ်နှောင်ခံထားရ တာ ၄၈ ရက် မြောက် ရှိပြီဖြစ်ပါတယ်။
credit>> DVB

Wednesday, November 19, 2014

ရမန်လေးပတ်ပြည့်ပြီး အမှုမတင်နိုင်ပါက ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး တရားရှင်လွတ်နိုင်


BY : 7daydaily

            ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရမန်လေးကြိမ် ပြည့်မည်ဖြစ်ပြီး ထိုရက်အတွင်း 
ထိုင်းရဲတပ်ဖွဲ့ မှ အမှုတည်ဆောက်နိုင်ခြင်း မရှိပါက ထိုင်းဥပဒေအရ တရားရှင် လွှတ်ပေးနိုင်သည့် ဥပဒေရှိသောကြောင့်
 မြန်မာသံရုံးအထူးအဖွဲ့ က မြန်မာလုပ်သားနှစ်ဦးအား တရားရှင်လွှတ်ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။
         ထိုင်းနိုင်ငံဥပဒေသည် ရမန် တစ်ကြိမ်ကို ၁၂ ရက်ယူပြီး အမှု တစ်ခုတည်ဆောက်ရန် ရမန် ခုနစ်ကြိမ် ယူလေ့ရှိသည်။
 ထို ရမန် ခုနစ်ကြိမ်၊ ရက်ပေါင်း ၈၄ ရက်အတွင်း အမှုတည်ဆောက် နိုင်ခြင်း မရှိပါက တရားခံအား တ ရားသေလွှတ်ရမည်ဟု
 ထိုင်းနိုင်ငံ ဥပဒေတွင် ဖော်ပြထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
အမှုတစ်ခုအား ရမန်လေး ကြိမ်မြောက်အတွင်း  အမှုတည်ဆောက်နိုင်ခြင်း မရှိပါက ရဲတပ် ဖွဲ့အနေဖြင့် တရားခံအား တရား 
ရှင် လွှတ်ပေးလိုပါက လွှတ်ပေး ခွင့်ရှိကြောင်းလည်း ရှေ့နေ ဦး အောင်မျိုးသန့်က ပြောသည်။
        ‘‘ရမန်လေးကြိမ်မြောက်လို့ အမှုတွဲ မတင်နိုင်ဘူးဆိုရင် ဖမ်းထားတဲ့သူကို သူတို့လွှတ်ပေးချင်ရင် လွှတ်ပေးလို့ရတယ်။ 
မလွှတ် ချင်ရင်လည်း ရမန်ထပ်ယူပြီး လုပ်လို့ရတယ်။ တကယ်တော့ ရမန်က ခုနစ်ကြိမ် ယူလို့ရတယ်။ လေးကြိမ်မြောက်လို့ 
မတင်နိုင် ရင်လည်း လွှတ်ပေးလို့ရတာပေါ့။ အဲဒါကြောင့် အစိုးရရှေ့နေတွေ က ၂၀ ရက်မှာ အပြီးတင်နိုင် အောင် ရဲတပ်ဖွဲ့
ကို ပြောထား တယ်။ အဲဒီနေ့မှာ ရဲတပ်ဖွဲ့က မတင်နိုင်ဘူးဆိုရင် အန်ကယ်တို့ က တရားရှင်လွှတ်ပေးအောင် အယူခံဝင်သွား
မယ်’’ ဟု ရှေ့နေဦး အောင်မျိုးသန့်က ပြောသည်။
        အဆိုပါ ရမန်လေးကြိမ်ပြည့်ရန်မှာ သုံးရက်သာ လိုတော့သည်။ မြန်မာ့သံရုံးအထူးအဖွဲ့ သည် မြန်မာလုပ်သားနှစ်ဦးအား
 တရားရှင်လွှတ်ပေးရန် ရမန်လေးကြိမ်ပြည့်မည့် နိုဝင်ဘာ ၂၀ ရက် တွင် မြန်မာလုပ်သားနှစ်ဦးအား ရမန်ယူရုံးထုတ်မည့် 
ကော့စမွီ ထောင်သို့ သွားရောက်မည်ဖြစ် သည်။
           ထိုင်းရဲတပ်ဖွဲ့အနေဖြင့် မြန်မာလုပ်သားနှစ်ဦးအား အမှုတွဲ တင်ပါက မြန်မာလုပ်သားနှစ်ဦး ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း
 သက်သေပြနိုင်ရန် တရားခံပြ သက်သေသုံးဦးကို ထိုင်းရှေ့နေ များကောင်စီက ရှာဖွေတွေ့ရှိ ထားကြောင်း မြန်မာသံရုံးအထူး 
အဖွဲ့က ပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးအား လူသတ်တရားခံဟု စွပ်စွဲထားသော်လည်း မျက်မြင်သက်သေ
နှင့် တရားလိုပြ သက်သေ မရှိသေးပေ။
            ၎င်းတို့ ယခင်က ထားရှိသော တရားလိုပြသက်သေ မောင်မောင်သည် ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးက လူသတ်တရားခံ 
များ မဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်ပွားရာတွင် မြင်တွေ့ခြင်းမရှိ ကြောင်း ပြောဆိုထားသောကြောင့် ထိုင်းရဲတပ်ဖွဲ့က တရားလိုပြ
သက်သေအဖြစ် မထားရှိတော့ပေ။
            ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးအား တရားခံဟု စွပ်စွဲထားရာတွင် DNA အဖြေတစ်ခုသာ တူညီသည့် အချက် 
တစ်ချက်သာ ရရှိထားသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ယခုလ
အတွင်း ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်

Wednesday, November 12, 2014

အကြမ်းဖက်သမား (၄) ဦးဝင်ရောက်မှု မြန်မာရဲတပ်ဖွဲ့ သတိပေး


BY: ဗွီအိုအေ ( မြန်မာ)


        မွန်ပြည်နယ်အတွင်း ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကလို့ယူဆရတဲ့ အကြမ်းဖက်သမား
 (၄) ဦး ၀င်လာတဲ့အတွက် ပြည်နယ်ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ ပြည်နယ်အစိုး
ရအဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီ အကြမ်းသမားတွေဝင်ရောက်လာမှုဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ
ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးရေးအရ စိတ်ပူစရာအနေအထားမှာရှိနေတယ်လို့ ပြောဆိုမှုတွေရှိနေတဲ့
အကြောင်းကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
 ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကစေလွှတ်လာတယ်လို့ယူဆရတဲ့
          အကြမ်းဖက်သမား (၄) ဦးဟာ မွန်ပြည်နယ်အတွင်း ၀င်ရောက်လာတဲ့ အတွက်ကြောင့် ပြည်နယ်ရဲတပ်ဖွဲ့တွေ
အနေနဲ့ အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ မွန်ပြည်နယ်၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး 
ဌေးမြင့်အောင်က ပြောပါတယ်။ 
           “ကျနော်တို့လည်း ရောက်လာတယ်ပဲ သိရတာပဲ၊ ရှာတော့ရှာနေတာပဲ၊ တွေ့သမျှလူထုနဲ့ရော ဘာနဲ့ရော
 အကုန်လုံး ဧည့်စာရင်းစစ်တာတွေရော၊ ရဲတပ်ဖွဲ့က နယ်ထိန်းတွေရော အကုန် ရှာဖွေနေပါတယ်။ လမ်းကြောင်း
ကတော့ မြဝတီက ဝင်လာတယ်လို့ သိရတယ်။ ဘယ်သွားမလဲတော့ ဖမ်းမမိသေးတော့ မသိသေးဘူးပေါ့။”
အကြမ်းဖက်သမား (၄) ဦးဟာ ထိုင်နိုင်ငံ မဲဆောက်-မြ၀တီလမ်းကြောင်းကနေ မော်လမြိုင်မြို့ကိုရောက်လာတာဖြစ်
ကြောင်း ဗိုလ်မှူးကြီးဌေးမြင့်အောင်က ပြောပါတယ်။ အကြမ်းဖက်သမားလို့ယူဆရသူ (၄) ဦးရဲ့ဓာတ်ပုံနဲ့ ကိုယ်ရေး
အချက်အလက်တွေကို မော်လမြိုင်မြို့လမ်းဆုံလမ်းခွတွေမှာကပ်ထားပြီး ပြည်သူတွေကို အသိပေးကြေညာထား
တယ်လို့လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အတည်ပြုခဲ့ပေမယ့် တခြားအချက်အလက် တွေကို
တော့ ဖြေကြားပေးတာ မရှိခဲ့ပါဘူး။
             ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) က ပြည်တွင်းလှုပ်ရှားမှုတာဝန်ခံ သန်းဝင်း၊ အဖွဲ့ဝင် အိုစမာ
(ခ)ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွတိုက်ခိုက်ရေး သင်တန်းဆင်း အာဖက်(ခ)အမင်းနှင့် အစ္စလာမ်မစ် စစ်သွေးကြွ
အကူ ဖောက်ခွဲရေးသမား အီစမိုင်(ခ)ဇော်ဝင်းတို့ရဲ့ ဓာတ်ပုံတွေနဲ့တကွ မွန်ပြည်နယ် ရဲတပ်ဖွဲ့ကနေ သတိပေး ကြေ
ညာထားပါတယ်။
           အခုလိုအကြမ်းဖက်သမားတွေ အချိန်ကိုက်ဝင်ရောက်လာတာဟာ နေပြည်တော်မှာကျင်းပမယ့် အာဆီယံ 
ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးအရ စိတ်ပူစရာအနေအထားမှာရှိနေတယ်လို့လည်း မွန်ပြည်နယ်ဝန်ကြီး 
ဒေါက်တာလှဦးက ပြောပါတယ်။ ဒါကြောင့်မို့လို့ သတိရှိရှိနဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အကြမ်းဖက်
မှုမဖြစ်ပွားအောင် ရဲတပ်ဖွဲ့တွေအနေနဲ့ အချိန်မီ ဖော်ထုတ်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း မွန်ပြည်နယ်ဝန်ကြီး
ဒေါက်တာလှဦးက အခုလို ပြောပါတယ်။
            “သတိရှိတာတော့ ကောင်းတာပေါ့။ … ဖော်ထုတ်ပေးနိုင်တယ်ဆိုတော့လည်း ပိုအကျိုးရှိတာပေါ့။ တကယ့်
အခမ်းအနားတွေ လုပ်ကိုင်ပြီးမှ ဘာမှန်းမသိလေ၊ ကောင်းလေလေပေါ့။ ….ဆိုတော့လေ။” နိုဝင်ဘာ (၁၂) ရက်က 
(၁၃) ရက်အထိ နေပြည်တော်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အာရှနဲ့အရှေ့တောင်အာရှ ထိပ်သီး
 ခေါင်းဆောင်တွေအပါအ၀င် အမေရိကန်သမ္မတ အိုးဘားမားလည်း ပါဝင်တက်ရောက်မှာဖြစ်ပါတယ်။
            အာဆီယံထိပ်သီးအစည်းအဝေးလုံခြုံရေးအတွက် နေပြည်တော်နဲ့ စပ်ဆက်ခရိုင်တွေဖြစ်တဲ့ ရမည်းသင်း၊
 တောင်ကြီး၊ တောင်ငူ၊ မကွေးမြို့တွေမှာ ရဲတပ်ဖွဲ့ဝင်အင်အား နှစ်သောင်းကျော်နဲ့ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့
 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲမှူးချုပ်စိုးမြိုင်က သတင်းမီဒီယာ တွေကိုပြောခဲ့ပါတယ်။
             အာဆီယံထိပ်သီး အစည်းအဝေးကျင်းပမယ့်ကာလတွေမှာ ပြည်တွင်းပြည်ပ ခရီးသွားလာသူတွေအပေါ်
 စိစစ်ဆေးမှုတွေကို တိုးမြှင့်သွားမှာဖြစ်လို့ နိုင်ငံသား စိစစ်ရေးလက်မှတ် သို့မဟုတ် ခိုင်လုံတဲ့အထောက်အထားတွေ
 ယူဆောင်လာကြဖို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Wednesday, November 5, 2014

လိပ်ကျွန်းလူသတ်မှု သဲလွန်စများ ဆွဲထုတ်နေသော ဖေ့စ်ဘုတ်စုံထောက် ကိုယ်ရောင်ပြပြီ


By နန်းမြနဒီ (ဒီဗွီဘီ)
           ထိုင်းတောင်ပိုင်း လိပ်ကျွန်းက လူသတ်မှုနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ၊ သတင်းတွေ အဆက်မပြတ် 
တင်ပြပြီးတဲ့နောက် သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ၀င်ဖတ်သူ၊ နှစ်သက်သူ ဦးရေပေါင်း ၄ သိန်းနီး
ပါးရှိသွားပြီဖြစ်တဲ့ စီအက်စ်အိုင်အယ်လ်အေ CSI LA ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ သူဘယ်သူလဲ ဆိုတာကို ဖော်
ထုတ်ပြသလိုက်ပြီ ဖြစ်ပါတယ်။
               သူ့ကို ထိုင်းရဲတပ်ဖွဲ့က ကွန်ပြူတာ အီလက်ထရောနစ်ဥပဒေ၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ ဖော်
ထုတ်အရေးယူသွားမယ်လို့ ပြောထားသလို လူမှုကွန်ရက်မှာလည်း သူ့ရဲ့ အကောင့်နာမည်ကို ယူသုံးပြီး အခြားပရို
ဖိုင်းပုံတွေနဲ့ နာမည်ပျက်အောင် တိုက်ခိုက် ရေးသားလာကြတဲ့ အတွက် သူက “ရွှေသားစစ်ရင် မီးလောင်မှာမကြောက်”
လို့ ဆိုပြီး သူ့ဓာတ်ပုံအစစ်နဲ့ ကိုယ်ရေး ရာဇ၀င်တွေ ကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။
သူ့ရဲ့ အမည်ရင်းဟာ ဒေးဗစ် ခေါ် ပရမုခ် အနန္တဆင်လ် ဖြစ်ပြီး အသက် ၃၆ ရှိပြီဖြစ်ကြောင်း၊ ဇာတိမွေးရပ်မြေမှာ 
ထိုင်းနိုင်ငံ အလယ်ပိုင်း ချွန်းပူးရီးခရိုင်ကဖြစ်ပြီး အသက် ၁၈ နှစ် ကစလို့ နိုင်ငံခြားမှာ ပညာသင်ခဲ့တာမှာ အမေရိကန်
နိုင်ငံ လော့စ်အိန်ဂျလိစ် တက္ကသိုလ်ကနေ အပြည်ပြည် ဆိုင်ရာ စီးပွားရေးဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ အလုပ်အကိုင်မှာ ကျောက်မျက်ရတနာ ဒီဇိုင်းနာနဲ့ ရောင်းဝယ်ရေးလုပ်ငန်းရှင်ဖြစ်ပြီး Rotary Club လူမှုအသင်း
 ဥက္ကဋ္ဌဖြစ်ကြောင်း၊ သူဟာ လူမှုရေးကူညီမှုလုပ်ငန်းကို စိတ်ဝင်စားပြီး တရားမျှတမှုနဲ့ အမှန်တရားကို မြတ်နိုးတယ်တယ်
လို့ ထိုင်းရုပ်သံလိုင်း အင်တာဗျူး တခုမှာ ဖြေကြားထားပါတယ်။
            Critical ဝေဘန်ပိုင်းခြားစဉ်းစားခြင်း၊ Skeptics – သံသယဖြစ်ခြင်း၊ Investigation – စုံစမ်းခြင်း လို့ အဓိပ္ပါယ်ရှိ
တဲ့ စီအက်စ်အိုင်အယ်အေ (CSI LA) ဖေ့စ်ဘုတ်စာမျက်နှာကို ၂၀၁၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စဖွင့်ခဲ့ပြီး အစပိုင်းမှာ
 ကြိုက်သူပေါင်း ထောင်ဂဏန်းသာရှိပေမယ့် လိပ်ကျွန်းလူသတ်မှုအကြောင်း ပို့စ်တင်ပြီးတဲ့နောက် ပရိသတ်တွေ သိန်းချီ
ရှိလာတာ ဖြစ်ပါတယ်။
             လိပ်ကျွန်းလူသတ်မှုမှာ မြန်မာလူငယ် ၂ ဦးဟာ တရားခံအစစ်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့ ထိုင်းရဲချုပ်ကြီးက
 ပြောဆိုပြီး လူမှုကွန်ရက်တွေက သံသယနဲ့အမျိုးမျိုး ပြောဆိုနေကြတာဟာ စိတ်ကူးနဲ့ မှန်းဆပုံဖော်တာတွေသာ ဖြစ်တဲ့အ
တွက် ထိုင်းရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်တာဘဲဖြစ်ဖြစ်၊ ထပ်ပြီးမျှဝေ (Share) တာဘဲဖြစ်ဖြစ် အရေးယူခံရ
မယ်လို့ သတိပေးထား ပါတယ်။
            စီအဲက်စ်အိုင်အယ်လ်အေ ပိုင်ရှင် ဒေးဗစ်ကတော့ သူဟာ ဘာမှ အမှားလုပ်ထားတာ မဟုတ်တဲ့အတွက် ကြောက်ရွံ့
မှု မရှိကြောင်း၊ အမေရိကန်ရဲ့ သတင်းလွတ်လပ်ခွင့်ဥပဒေကလည်း သူ့ကို ကာကွယ်ပေးထားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က 
သူ့ကိုဘာမှ မလုပ်နိုင်ကြောင်း၊ ထိုင်းရဲချုပ်ရော၊ ကော့တောင်ကျွန်းသူကြီးနဲ့ သူကြီးသားပါ သူ့နဲ့ မီဒီယာမှာ ရင်ဆိုင်တွေ့ဆုံနိုင်
ကြောင်း စိမ်ခေါ်ထားပါတယ်။
            စီအက်စ်အိုင်အယ်လ်အေဟာ ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ သဲလွန်စ ဓာတ်ပုံ၊ အထောက်
အထားတွေ၊ သတင်းအချက်အလက်တွေကို စုစည်းဖော်ပြပြီး ထိုင်းရဲတပ်ဖွဲ့ကို သံသယ မေးခွန်းပေါင်း ၅၀ ကျော် ပြန်ထုတ်ခဲ့
ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကလည်း စီအက်စ်အိုင်အယ်လ်အေ အပါအ၀င် ထိုင်းပြည်သူအများစုက မေးခွန်းတွေကို တိတိကျကျ 
ဖြေမပေးနိုင်တဲ့အတွက် မယုံကြည်မှု၊ ဝေဖန်မှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။



စွပ်စွဲခံမြန်မာ ၂ ဦး ညှဉ်းဆဲခံရမှုတင်ချက် ထိုင်း DSI လက်ခံ


BY: ဗွီအိုအေ

         ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ 
စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်တွေနဲ့ ပတ်သက်လို့ နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးတယ်ဆိုတဲ့ အချက်အလက်တွေ တွေ့
ရှိရတဲ့အတွက် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကို ထိုင်းရှေ့နေများကောင်စီက ရှေ့နေ ၂၀ ဦး ပါဝင်တဲ့အဖွဲ့နဲ့
 မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့တို့ သွားရောက်တိုင်ကြားခဲ့ပါတယ်။
          ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကလည်း အမှုကို  လက်ခံခဲ့ပါတယ်။ ဒီအတွက် လိပ်ကျွန်း လူသတ်မှုနဲ့
ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရသူတွေကို အစကနေ ပြန်စစ်ဆေးဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို ထိုင်းအ
ခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
           ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုဖြစ်အပြီး စွပ်စွဲခံထားရသူတွေဘက်က 
လိုက်ပါဆောင်ရွက်နေတဲ့ ထိုင်းရှေ့နေများကောင်စီ၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်
အဖွဲ့တို့က တရားခံတွေဟာ နှိပ်စက်ညှဉ်းပန်းခံရတာကြောင့် ထွက်ဆိုခဲ့ရကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က ဘန်ကောက်မြို့
မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။
         အဲဒီသတင်းစာရှင်းလင်းပွဲမှာ တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ စစ်ဆေးမှုတွေအတွင်း  နှိပ်စက်ညှဉ်းပန်းခံရတယ်
လို့ ပြောဆိုတဲ့အတွက် ထိုင်းရဲတွေကို မေးမြန်းဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ထိုင်းရဲတပ်ဖွဲ့က လာရောက်ခြင်း မရှိတဲ့အတွက် ဒီအ
မှုနဲ့ပတ်သက်လို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မြန်မာသံရုံးကိုယ်စားပြု လိုက်ပါ
ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ဆိုပါတယ်။
          “ကျနော်တို့ အမှုနဲ့ပတ်သက်လို့ စတင်ပြီးတော့ စစ်တဲ့အချိန်တုန်းက စွပ်စွဲခံရတဲ့ ကလေးနှစ်ယောက်မှာ ရိုက်နှက်စစ်
ဆေးတယ်ဆိုတဲ့ အကြောင်းအရာတွေ ပေါ်လွင်ပါတယ်။ ဒါကိုပဲ ကျနော်တို့ ရှေ့နေများကောင်စီကနေ အကျဉ်းဦးစီးဌာနကို 
သွားကြည့်တဲ့ အခါမှာသော်လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီအနေနဲ့ သွားပြီးတော့ အကျဉ်းထောင်မှာ သွားကြည့်တဲ့ 
အခါမှာသော်လည်းကောင်း ပေါ်လွင်နေပါတယ်။ အဲ့လို ပေါ်လွင်တဲ့အချက်တွေကို မိဘများတွေနဲ့အတူတူ တခါ အကျဉ်းဦးစီး
ဌာနကို သွားတွေ့တဲ့အခါမှာလည်း ဒီအချက်က ထပ်မံ ပေါ်လွင်ပါတယ်။ အဲ့လိုပေါ်လွင်တဲ့ အချက်တွေကို ကျနော်တို့က ရဲရဲ့
ရှေ့မှာ မေးမြန်းပြီးတော့ ဒါကိုပဲ အစည်းအဝေးကို ရဲအနေနဲ့ တက်ရောက်လာခြင်း မရှိပါဘူး။ မရှိတဲ့အခါကျတော့ ရိုက်နှက်စစ်
ဆေးလို့ မရဘူးဆိုတဲ့ ထိုင်းသက္ကရာဇ် ၂၅၄၇ ခုနှစ်က အပြည်ပြည်ဆိုင်ရာစာချုပ်မှာ စွပ်စွဲခံရသူတွေကို ရိုက်နှက်စစ်ဆေးခြင်း
မပြုရ ဆိုတဲ့ဟာကို လက်မှတ်ရေးထိုးထားတာ ရှိပါတယ်။ အဲ့ဒီအချက်က ပျက်ကွက်နေတယ်။ ပျက်ကွက်တဲ့အခါကျတော့ 
ကျနော်တို့က ဒီဟာကို အမှုမှန်ဖြစ်နိုင်ရေးအတွက် ဒီအမှုကို DSI အနေနဲ့ အထူးအဖွဲ့ ဖွဲ့စည်းပြီးတော့ အမှုကို အစကနေ
 ပြန်စစ်ဆေးပေးပါဆိုပြီးတော့ ကျနော်တို့ တင်ပြခဲ့တာပါ။ လက်ခံလိုက်ပါတယ်ခင်ဗျ။ မနေ့က လက်ခံလိုက်ပါတယ်။”
        ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI အနေနဲ့ လုပ်ဆောင်တာကတော့  အထူးစုံစမ်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
 ငွေကြေးဆိုင်ရာ အငြင်းပွားမှုကိစ္စတွေ စာရွက်စာတမ်းဆိုင်ရာ အတုလုပ်မှုတွေကို စစ်ဆေးတာတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေ
မှာ ပါဝင်ပတ်သက်တာတွေကို စစ်ဆေးတာတွေ လူကုန်ကူးခံရမှုနဲ့ ပတ်သက်လို့ တိုင်ကြားတာရှိရင် သွားရောက် စုံစမ်းစစ်ဆေး
 ဖမ်းဆီးတာတွေ လုပ်လေ့ရှိပါတယ်။ DSI အနေနဲ့ တိုင်ကြားတဲ့အမှုတိုင်းကို သေချာစိစစ်ပြီးမှသာ လက်ခံတာဖြစ်ပြီး လိပ်ကျွန်း
လူသတ်မှုဟာ စစ်ဆေးစဉ်မှာ နှိပ်စက်ညှဉ်းပန်းတာကြောင့် ထွက်ဆိုရတယ်ဆိုတဲ့အပေါ်မှာ ဒီအမှုကို ချက်ချင်းပဲလက်ခံကြောင်း
 အကြောင်းပြန်စာပါ တခါတည်းပေးခဲ့တယ်လို့ ဆိုပါတယ်။ DSI ကနေ လက်ခံစစ်ဆေးမယ်ဆိုရင် ဒီအမှုဟာ အစကနေ ပြန်လည် 
စစ်ဆေးဖွယ်ရှိတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။
          “တင်ပြလာတဲ့ အကြောင်းအရာကို သူတို့ စိစစ်ပါတယ်။ စိစစ်ပြီးတော့ လက်ခံတာရှိသလို၊ လက်မခံတာလည်း ရှိပါတယ်။
 တကယ်လို့ DSI က လက်ခံလို့ ကျနော်တို့ပြောတဲ့အတိုင်း လုပ်ပေးမယ်ဆိုရင် ဒီကလေးတွေကို အမှုက အစက ပြန်စစ်ရမှာပါ။
 အဲ့ဒီအခါမှာ ကလေးတွေ အမှုကိုစစစ်တာမှာ ရိုက်နှက်ပြီးတော့ ကျူးလွန်ပါတယ်ဆိုတဲ့အချက်တွေက ပျက်သွားပြီးတော့ အခု
အချိန်မှာ အစကနေပြီးတော့ ကလေးတွေက အမှန်အတိုင်း ထွက်ဆိုလာမှာပါ။ အဲ့ဒီအခါ အမှုက အမှန်အတိုင်း ပေါ်ပေါက်လာ
မယ်လို့ ကျနော်တို့ သိရပါတယ်။”
                  ကော့စမွေအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာလူငယ် ၂ ဦးအနေနဲ့ သူတို့ကို အာမခံပေးမယ့်သူတွေ
 ရှိပေမဲ့ သူတို့ရဲ လုံခြုံရေး အခြေအနေတွေကြောင့် မြန်မာသံရုံးဘက်က ပြန်လည် စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ထိုင်းဥပဒေ
အရ သူတို့ကို ရက်ပေါင်း ၈၀ ကျော်သာ ချုပ်နှောင်ထားခွင့်ရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။ အမှုကို ပြန်လည် စစ်ဆေးမယ်ဆိုရင် 
သက်ဆိုင်ရာရှေ့နေတွေကို DSI က အကြောင်းကြားမှာဖြစ်ပြီး ဘယ်အချိန် အကြောင်းကြားမယ် ဆိုတာကိုတော့ DSI က ထုတ်
ဖော်ပြောဆိုခြင်း မရှိသေးဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။
                 ကော့တောင်ကျွန်း လူသတ်မှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့ပြီး ၂ ပတ်ကျော်အကြာမှာ မြန်မာလူငယ်
တွေကို တရားခံတွေအဖြစ် ထိုင်းရဲတွေက စွပ်စွဲခဲ့တာဖြစ်ပါတယ်။ မြန်မာလူငယ်တွေကတော့ အစပိုင်းမှာ သူတို့သတ်ပါတယ်လို့ 
ဝန်ခံခဲ့ရပေမဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်တွေ၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ၊ ထိုင်းရှေ့နေများကောင်စီက သွားရောက် စစ်
ဆေးမေးမြန်းတဲ့ အခါမှာတော့ နှိပ်စက်ညှဉ်းပန်းပြီး ထွက်ဆိုခိုင်းတာကြောင့် ၀န်ခံရပါတယ်လို့ ပြောဆိုကာ ပြန်လည်ရုပ်သိမ်း
ခဲ့ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More