မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Monday, September 29, 2014
ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်
         သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ မနေ့ကကျင်းပတဲ့ သံဃာတော်များ ညီလာခံမှာ မြန်မာနိုင်ငံ 
မစိုးရိမ် တိုက်သစ်က အရှင်ဝီရသူက အစွန်းရောက် ဂျီဟတ် မွတ်စလင်တိုက်ဖျက်ရေးမှာ သီရိလင်္ကာ 
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့အတူ လက်တွဲဆောင် ရွက်သွားမယ်လို့ မိန့်ကြားခဲ့
ကြောင်း AP သတင်းက ဖေါ်ပြ ပါတယ်။
          ညီလာခံတက်ရောက်လာကြတဲ့ သီရိလင်္ကာ ရဟန်း ပရိသတ်နဲ့ လူပရိသတ်တွေကို မိန့်ကြားခဲ့
တာဖြစ် ပါတယ်။ မိမိရဲ့ မဘသ ခေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့ အာရှတိုက်
မှာ ဗုဒ္ဓသာသနာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘောဓု ဗလ သေန ခေါ် သီရိလင်္ကာ 
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ထောက်ခံကူညီသွားမှာဖြစ်ကြောင်း၊ ဒီကနေ့မှာ ဗုဒ္ဓဘာ
သာဟာ အစ္စလာမ် အစွန်းရောက် ဂျီဟတ်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်း၊ ဗုဒ္ဓဘာသာ
ဝင်တွေရဲ့ သည်းခံခြင်းတရားကို အားနည်းချက်အဖြစ် ရှုမြင်နေကြကြောင်း၊ ဗုဒ္ဓဘာသာစေတီပုထိုးတွေ 
ဖျက်ဆီးခံနေရကြောင်း မိန့်ကြားခဲ့ပါတယ်။
          ဒီညီလာခံကို သီရိလင်္ကာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ Bodu Bala 
Sena (BBS) အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ခေါင်းဆောင် အရှင် ဝိမာလယောသိက
လည်း သိရိလင်္ကာဟာ ယဉ်ကျေးမှုအစုံရှိတဲ့ နိုင်ငံမဟုတ်ဘဲ၊ ဆင်ဟာလီ ဗုဒ္ဓဘာသာ တိုင်းပြည်သာဖြစ်
ကြောင်း၊ သီရိလာင်္ာသမ္မတအနေနဲ့ မိမိတို့အဖွဲ့ တောင်းဆိုထားတဲ့ ဘာသာသာသနာ ကာကွယ်စောင့်ရှောက်
မှုဆိုင်ရာ အပြောင်းအလဲတွေချမှတ်ဖို့ ပျက်ကွက်မယ်ဆိုရင် အစိုးရပြုတ်ကျအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း
 ဟောပြောခဲ့ပါတယ်။
            မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခတွေဖြစ်စေတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခံနေ
ရတဲ့ ဦးဝီရသူကို ပင့်ဖိတ်ခဲ့တာနဲ့ ပတ်သက်လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီက စိုးရိမ်ပူပန်ကြောင်း ပြောဆို
ခဲ့သလို အစိုးရက ပြည်ဝင်ခွင့်ဗီဇာပေးလိုက်တာဟာ ပြည်တွင်းမှာ ဘာသာနှစ်ရပ်ကြား ရင်ကြားစေ့ရေးထိခိုက်
စေနိုင်ကြောင်း တမီးလ်အမျိုးသားမဟာမန်အဖွဲ့က ပြောပါတယ်။ ဦးဝီရသူဟာ စက်တင်ဘာ ၂၆ ရက်နေ့က
 သီရိလင်္ကာကို ရောက်ရှိခဲ့ပြီး၊ ၄ ရက်ကြာ သီတင်းသုံးမယ်လို့ သိရပါတယ်။
RFA Burmese
မြန်မာနိုင်ငံတွင်းဝင်ရောက်နေသည့် တရားမဝင် ဆေးငါးမျိုးအား မသုံးစွဲရန် ကြေညာချက်ထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၂၈။
မြန် မာနိုင်ငံတွင်းသို့ တရားမဝင်လမ်း ကြောင်းမှတစ်ဆင့် ဝင်ရောက်ကာ ဈေးကွက်တွင်းတွေ့ရှိနေရသည့် တ
 ရားမဝင် ဆေးငါးမျိုးအား သုံးစွဲခြင်း မပြုရန် အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ ကြေညာချက်ထုတ် ပြန်
ထားကြောင်း သိရသည်။ဈေးကွက်တွင်း ရောက်ရှိနေ သည့် သုံးစွဲခြင်းမပြုရန် ထုတ်ပြန် ထားသည့် ဆေး ငါးမျိုးမှာ
ထိုင်းနိုင် ငံ Acdhol, Co.,Ltd မှ ထုတ် လုပ်သော Chloroquine Tablet (Chloroquine Phosphate 250mg) 
ငှက်ဖျားဆေး၊ထိုင်းနိုင်ငံ Asia Union laboratories Co.,Ltd မှ ထုတ်လုပ်သည့် Dexamethasone 0.5 mg Tablet 
အရောင်ကျဆေး၊Lin Fen Bao Zhu Pharmaceutical Co., Ltd (ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြထားခြင်းမရှိ) မှ
 ထုတ်လုပ် သည့် Nifedipine 10 mg Tablet (သွေးတိုးကျဆေး)၊
       အိန္ဒိယနိုင်ငံ၊ Maxtar Bio Genic မှ ထုတ်လုပ် သည့် Chloramphenicol Ip 250 mg Capsule နှင့်
အိန္ဒိယနိုင်ငံ Aventis Pharma,Ltd မှ ထုတ် လုပ်သည့် Lasix Tablet(Frusemide Ip 40 mg) ဆီးဆေးတို့ဖြစ်သည်။
အဆိုပါဆေးများကို အစားအ စာနှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဈေးကွက်အတွင်း ဆေးဝါးများအား လိုက်လံစိစစ်ရာမှ
 မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် တရား မဝင်ဆေးဝါးများဖြစ်ကြောင်း စိစစ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု 
သိရသည်။''စိစစ်တွေ့ရှိချက်တွေအရ တ ရားမဝင်ဆေးတွေဖြစ်လို့ ပြည်သူ တွေနဲ့အနေနဲ့ သုံးစွဲခြင်းမပြုကြဖို့ နဲ့ မှတ်ပုံ
တင်ထားတဲ့ ဆေးဝါးတွေ ကိုလဲ ဆရာဝန်ညွှန်ကြားချက်မပါ ဘဲ ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့ ကျန်း မာရေးဝန်ကြီးဌာနက 
လိုအပ်လို့ ကြေညာခြင်းဖြစ်ပါတယ်။ ပြည်သူ့ ကျန်းမာရေးအတွက် စောင့်ရှောက် မှုလုပ်ဆောင်ပေးသူတွေအနေနဲ့လဲ 
သုံးစွဲနေတဲ့ ဆေးဝါးမှ သံသယဖြစ် ဖွယ်တွေ့ရှိရင် သတင်းပေးအကြောင်း ကြားဖို့ကိုပါ ကြေညာထားတာပါ။ မလိုအပ်တဲ့ 
ဆေးဝါးသုံးစွဲမှုတွေနဲ့ ပြည်သူတွေထိခိုက်နစ်နာမှုမရှိ အောင် ကြေညာခြင်းဖြစ်ပါတယ်'' ဟု ဆရာဝန်တစ်ဦးကပြောသည်။
TMD
Yangon Media Group
ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ
    ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကာကီဗ်မြို့ခံတွေက ဆိုဗီယက်အင်ပါယာကို တည်ထောင်သူ 
လီနင်ရဲ့ ရုပ်တုကြီးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဖြိုချလိုက်ပါတယ်။
leninဖြိုချခံလိုက်ရတဲ့ လီနင် ရုပ်တုကြီးဟာ ယူကရိန်းနိုင်ငံမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။
ယူကရိန်းအလံတော်ကို လွှင့်ထူပြီး ယူကရိန်း နိုင်ငံတော်သီချင်းကို သီဆိုတဲ့ လူအုပ်ကြီးက 
ရုပ်တုကို ကြိုးနဲ့ ဆွဲချလိုက်တာကို လူတော်တော်များများကလည်း ၀ိုင်းအုံကြည်နေခဲ့ကြပါတယ်။
လူအုပ်ထဲက တဦးက “လီနင်ကြောင့် ယူကရိန်းမှာ ၁၀ နှစ်လောက် အငတ်ဘေးနဲ့ ကြုံခဲ့ရ၊ ဆင်း
ရဲတွင်းထဲမှာ ရုန်းကန်ခဲ့ရတယ်လို့ အပြစ်တင်ပါတယ်။ ဒါကြောင့် လီနင်နဲ့ ပတ်သက်လို့ ဘာမှ မရှိ
စေချင်တော့ဘူး” လို့ ပြောပါတယ်။
            ကာကီဗ်မြို့မှာလည်း ရုရှားလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီနှစ်ထဲမှာ ယူကရိန်း 
အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖန်းတီးဖို့ စည်းရုံးပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
မြို့ခံ လီယိုနတ် အိုနစ်ရှန်ကိုကလည်း “လွတ်လပ်တဲ့ ယူကရိန်းနိုင်ငံမှာ လီနင်ရုပ်တု ရှိနေတာဟာ 
စော်ကားမှုတခုပဲ။ လီနင်ဟာ ၂၀ ရာစုမှာ သွေးအစွန်းဆုံး  အာဏာရှင်တယောက်ပဲ” လို့ ပြောပါတယ်။
By ဒီဗွီဘီ
Sunday, September 28, 2014
မြေမြှုပ်သဂြုင်္ိဟ်ပြီးနောက် အခေါင်းတွင်းမှ အော်သံထွက်ပေါ်လာသည့် ကိစ္စကို ဂရိနိုင်ငံမှ တာဝန်ရှိသူများ စုံစမ်းနေ
                  ဂရိနိုင်ငံမြောက်ပိုင်း တက်ဆာလိုနီကီမြို့တွင် ကင်ဆာရောဂါဖြင့် သေဆုံးသွားကြောင်း ဆရာဝန်
 များက အတည်ပြုပြီးဖြစ်သည့် အမျိုးသမီး အား မြေမြှုပ် သင်္ဂြိုလ်ခဲ့ရာ အခေါင်းအတွင်းမှ အော်သံ ထွက်ပေါ်
လာသဖြင့် အခေါင်းအား ပြန်လည်တူးဖော်ခဲ့သော်လည်း အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း ပြောဆိုမှု များ
နှင့်ပတ်သက်၍ တာဝန်ရှိသူများက အလောင်းအား ပြန်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
             စက်တင်ဘာ ၂၅ ရက်နေ့က သူမ၏ နာရေးအား လိုက်ပါပို့ဆောင်သည့် ဆွေမျိုးများ သင်္ချိုင်း အတွင်းမှ
 ထွက်ခွာသွားပြီး မကြာမီတွင် သင်္ချိုင်းအပြင်ဘက် တွင် နေထိုင် သူများနှင့် ကစားနေသော ကလေးများက အတွင်းမှ
 အော်ဟစ်အကူအညီ တောင်းသံကို ကြားခဲ့ရခြင်းဖြစ်သည်။
                 ၎င်းတို့က ရဲများကို ဆက်သွယ်အကြောင်းကြားပြီး အလောင်းကို တူးဖော်ရန် ကြိုးပမ်းခဲ့သော်လည်း 
အသက် ၄၅ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် အခေါင်း တွင်း အသက်ရှူကြပ်ကာ သေဆုံးသွား ကြောင်း သိရ
သည်။ အဆိုပါ အမျိုးသမီးသည် အသက်မသေဘဲ မြေမြှုပ်ခံရခြင်းဟုတ်၊ မဟုတ်ကို သူမ၏ ကင်ဆာ ရောဂါအား 
ကုသနေပြီး သေဆုံးကြောင်း ထောက်ခံချက်ပေးခဲ့သည့် ဆရာဝန်များအား ရဲများက စစ်ဆေးနေကြောင်း သိရသည်။
သို့သော် အလောင်းအား ပြန်ဖော်ပြီးနောက် စစ်ဆေးသည့် ဆရာဝန်က အဆိုပါအမျိုးသမီးသေ ဆုံး သွားသည်မှာ
 နာရီများစွာ ကြာမြင့်ပြီဖြစ်သောကြောင့် ပြန်ရှင်နိုင် ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။
               “ကျွန်တော် ဒီကိစ္စကို မယုံပါဘူး။ ဒီအမျိုးသမီးရဲ့ နှလုံးအပါအ၀င် အမျိုးမျိုးစမ်းသပ်ပြီးမှ သေဆုံး ကြောင်း
 အတည်ပြုခဲ့တာပါ” ဟု အဆိုပါ ဆရာဝန် က ပြောကြားသည်။ “သေပြီး ခန္ဓာကိုယ် တောင့်တင်းပြီး သွားတဲ့သူတစ်
ယောက်ဟာ အခုလို အော်ပြီး အခေါင်းကို ထုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
mizzimaburmese
Saturday, September 27, 2014
မန္တလေးတွင် တယ်လီနောဆင်းမ်ကတ်များ စတင်ရောင်းချပြီး တန်းစီစောင့်ဆိုင်းဝယ်ယူသူ များပြား
             မန္တလေးမြို့တွင် စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် လမ်း ၃၀ နှင့် ၇၃ လမ်းထောင့်ရှိ 
တယ်လီနောအရောင်းဆိုင်အား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မြို့တော်ဝန်တို့ ဖဲကြိုးဖြတ်ဖွင့်
လှစ်ပြီး စတင်ရောင်းချခဲ့သည်။
             တယ်လီနောဆင်းမ်ကတ်များကို မန္တလေးမြို့ရှိ Branded Showroom ကိုးဆိုင်နှင့် ဖုန်းအရောင်း
ဆိုင် ၁၅၀၀ တို့မှ စတင်ရောင်းချပေးခဲ့ပြီး အချို့ဆိုင်များမှာ ငွေဖြည့်ကတ် ကျပ် ၃၀၀၀ တန်ကတ်ဖြင့် တွဲ
ဖက်ရောင်းချခဲ့ကြောင်း သိရသည်။
         ထို့အပြင် နံနက် ၇ နာရီမှစ၍ မြို့နယ်များတွင် မြို့မတူရိယာအဖွဲ့၊ တယ်လီနောအမှတ်တံဆိပ်ပါ 
ကားများဖြင့် လှည့်လေည်ကြော်ငြာမှုများ ပြုလုပ်ခဲ့သည်။ တယ်လီနောဆင်းမ်ကတ်များကို နံနက် ၁၁ နာရီမှ 
စတင်ရောင်းချခဲ့သော်လည်း နံနက် ၇ နာရီမှစ၍ စောင့်ဆိုင်းဝယ်ယူသူများ ရှိခဲ့ပြီး ၀ယ်လိုအားပေါ်မူတည်ကာ 
ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
          “ကျွန်တော်တို့ဆိုင်မှာ နံနက် ၇ နာရီကတည်းက နာမည်စာရင်းပေးပြီး ၀ယ်တဲ့သူတွေ ရှိပါတယ်။ 
အချိန်ကြာမြင့်အောင် မစောင့်ရအောင်လို့ ကုမ္ပဏီက ၀န်ထမ်းတွေက ဖောင်ဖြည့်ပေးပြီး အတွင်းရောက်ရင် 
ဖုန်းကတ်တစ်ခါတည်း ၀ယ်ယူနိုင်ဖို့ စီစဉ်ပေးပါတယ်” ဟု ၃၅ လမ်း တယ်လီနောဖုန်းကတ်အရောင်းဆိုင်မှ 
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အချို့ကိုယ်စားလှယ်များထံ၌မူ စက်တင်ဘာ ၂၆ ရက် ညပိုင်းအချိန်
ကတည်းကပင် ၀ယ်ယူမည့်သူ၏ စာရင်းရယူ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တယ်လီနောကုမ္ပဏီမှ 
ဝန်ထမ်းများက ရပ်ကွက်များသို့ဆင်းကာ နီးစပ်ရာအရောင်းဆိုင်များအား ညွှန်ပြခြင်းနှင့် ၀ယ်ယူရန် လိုအပ်
ချက်များကို ရှင်းလင်းပြသမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
          ဆင်းမ်ကတ်ဝယ်ယူလိုသူများသည် မှတ်ပုံတင်မိတ္တူတစ်စောင်ဖြင့် ၀ယ်ယူနိုင်ပြီး တယ်လီနောအရောင်း
ဆိုင်ကြီးများတွင် မှတ်ပုံတင်တစ်စောင်လျှင် ဆင်းမ်ကတ်သုံးကတ်ထိ ရောင်းချပေးကြောင်း သိရသည်။
နံနက်ပိုင်းတွင် Branded Showroom ဆိုင်များတွင် မှတ်ပုံတင်မိတ္တူဖြင့် ဆင်းမ်ကတ်သုံးကတ်ထိ ၀ယ်ယူခွင့်ပြုခဲ့
သော်လည်း မွန်းလွဲပိုင်းတွင် တစ်ကတ်သာရောင်းချခဲ့သည်။
            ၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ တယ်လီနော Branded Showroom တွင် စောင့်ဆိုင်းနေသူတစ်ဦးက “
ကျွန်တော်တို့ မနက် ၈ နာရီကတည်းက စောင့်နေတာပါ” ဟု မွန်းလွဲ ၃ နာရီခွဲတွင် ပြောကြားသည်။
တယ်လီနော(မြန်မာ) မှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ကတော့ ငွေဖြည့်ကတ်ဝယ်မှ ကတ်ရောင်းရမယ်
လို့ ညွှန်ကြားထားခြင်း မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ စုံစမ်းပြီးဖြေရှင်းပေးဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြော
ကြားသည်။
          တယ်လီနော ငွေဖြည့်ကတ်များအနေဖြင့် ကျပ်တစ်ထောင်တန်ကတ်တွင် ၁၅ မိနစ်နှင့် အင်တာနက် ၁၅ MB
 အခမဲ့၊ ကျပ်သုံးထောင်တန်ကတ်တွင် မိနစ် ၃၀ နှင့် အင်တာနက် ၃၀ MB အခမဲ့၊ ကျပ်ငါးထောင်တန်ကတ်တွင် မိနစ်
 ၆၀ နှင့် ၆၀ MB အခမဲ့၊ ကျပ်တစ်သောင်းတန်ကတ်တွင် မိနစ် ၁၂၀ နှင့် ၁၂၀ MB အခမဲ့ ပါဝင်မည်ဖြစ်ကြောင်း သိ
ရသည်။ ထိုသို့ တယ်လီနောဆင်းမ်ကတ်များ စတင်ရောင်းချသည့်နေ့တွင် အူရီဒူးကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးတို့မှ
 လူစည်ကားသည့်နေရာများနှင့် အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ဈေးကွက်ယှဉ်ပြိုင်မှု ပြုလုပ်ခဲ့သည်။ အူရီဒူး
ကုမ္ပဏီမှ ကားများဖြင့် လှည့်လည်ရောင်းချကာ ဆင်းမ်ကတ်တစ်ကတ်နှင့် ငွေဖြည့်ကတ် ကျပ် ၅၀၀၀ တန်ဝယ်ယူ
လျှင် တီရှပ်အင်္ကျီ လက်ဆောင်ပေးအပ်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးမှလည်း MPT ဆင်းမ်ကတ်များကို ကျပ် ၅၀၀၀
 တန်ငွေဖြည့်ကတ်ဖြင့် တွဲဖက်ရောင်းချခဲ့ပြီး မှတ်ပုံတင်မိတ္တူဖြင့် အလွယ်တကူ ရောင်းချခဲ့သည်။
Eleven Media Group
Wednesday, September 24, 2014
ISIS ကို လေကြောင်း တိုက်ခိုက်မှု ချက်ခြင်းစဖို့ ဆီးရီးယားအတိုက်အခံ လိုလား
       ဗွီအိုအေ (မြန်မာဌာန)
23.09.2014 08:39
            ဆီးရီးယားနိုင်ငံတွင်းက Islamic State အစွန်းရောက်တွေကို လေကြောင်းကနေ အလျင်အမြန်
တိုက်ခိုက်မှုတွေလုပ်ဖို့လိုလားတယ်လို့ ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဘေးအကြပ်အတည်းဆိုးကြီးကို ကာကွယ်တားဆီးဖို့ အချိန်ရောက်နေပြီလို့ ဆီးရီးယားအတိုက်အခံခေါင်း
ဆောင် Hadi al-Bahra က နယူးယောက်မြို့ ကုလသမဂ္ဂမှာ ပြောဆိုသွားတာပါ။ စစ်သွေးကြွရဲ့ ရက်စက်
ကြုမ်းကြုတ်စွာ နယ်မြေသိမ်းယူမှုတွေကြောင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ အရပ်သား သောင်းဂဏန်း 
ပိတ်မိနေကြတယ်လို့လည်း ပြောပါတယ်။
             လေကြောင်းတိုက်ခိုက်မှုမခံရတဲ့ နေ့တွေတိုင်းဟာ IS အစွန်းရောက်အဖွဲ့အတွက် အကြမ်းဖက်မှု
တွေလုပ်ဖို့ ပိုမိုအခွင့်အလမ်းတွေ ရှိစေတယ်လို့ Al-Bahra က ပြောပါတယ်။ IS အစွန်းရောက်တွေကို ဆီးရီးယား
နိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ သမ္မတအိုဘားမားက ခွင့်ပြုထားပါတယ်။ ဒါပေမယ့်လို့ ဘယ်တော့
 စပြီး တိုက်မလဲဆိုတာ အမိန့်မပေးသေးပါဘူး။ အီရတ်နိုင်ငံတွင်းမှာတော့ အမေရိကန် IS ကို လေကြောင်းတိုက်
ခိုက်မှုတွေ လုပ်နေတာကြောင့် အီရတ်တပ်ဖွဲ့တွေနဲ့ ကဒ်တပ်ဖွဲ့တွေအဖို့ စစ်သွေးကြွတွေ သိမ်းယူထားတဲ့နေရာ
ကို ပြန်လည်ထိန်းချုပ်ယူဖို့ ကြိုးပမ်းနေကြပါပြီ။ IS အစွန်းရောက်တွေကို နှိမ်နင်းရေး နိုင်ငံတကာညွန်ပေါင်းအဖွဲ့
မှာ နောက်ထပ် နိုင်ငံတွေပါဝင်နိုင်ဖို့ အခု သီတင်းပတ်မှာစတင်မယ့် ကုလသမဂအထွေထွေညီလာခံအတွင်း 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီးအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိပါတယ်။
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်
            မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ
 မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ 
သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာကျိန် 
ဆိုပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းသစ္စာကျိန် ဆိုပွဲကို ဒေသခံများက အိမ်များ၊
 ဈေးဆိုင်များပိတ်ကာ လမ်းများ ပေါ်သွားလာလှုပ်ရှားခြင်းမပြုဘဲ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြ ခြင်း
 ဖြစ်သည်။ ‘‘အထောက်အထားပြည့်စုံ မှုမရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို နိုင် ငံသားကတ်ထုတ်ပေးတာကြောင့်
တစ်မြို့လုံးက ကန့်ကွက်တာ။ တံခါးပိတ်ဆန္ဒထုတ်ဖော်ကြတာ’’ဟု မြေပုံမြို့နယ်မှ ပြည်နယ်လွှတ် တော်
ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
                မြေပုံမြို့နယ်တွင် နိုင်ငံသား စိစစ်ရန် လျှောက်လွှာတင်သွင်း သူ ၁၀၉၄ ဦးရှိပြီး ၁၉၈၂ ဥပဒေ 
အရ စစ်ဆေးရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦးရှိသည်။ ယင်းအထဲမှ အချို့မှာ မိဘ၊
 အဘိုး၊ အဘွားမှတ်ပုံတင် မရှိသူများ၊ တိုင်းရင်းသားဘာသာ စကားမပြောဆိုတတ်သူများ ဖြစ် ပြီး အထောက်
အထားမပြည့်စုံသူ များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
             ထို့အပြင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကန့်ကွက်သည့်အနေဖြင့် ရဟန်းသံဃာများက ဆွမ်းခံမကြွခြင်း၊
 ဒေသခံများက စာတမ်း၊ ဆိုင်းဘုတ်များတွင် ‘‘အထောက်အထားပြည့်စုံမှုမရှိသော ဘင်္ဂါလီလူမျိုးများအား 
နိုင်ငံသားကတ်ထုတ်ပေးခြင်းကို လုံးဝလုံးဝကန့်ကွက်ကြောင်း’’ရေးသားဖော်ပြ ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၂၂ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦး မောင်မောင်အုန်းကိုယ်တိုင် မြေပုံ မြို့သို့ သွားရောက်ခဲ့
သော်လည်း ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ခဲ့ သော ဘင်္ဂါလီကျေးရွာသို့ မလိုက် ပါခဲ့ကြောင်း သတင်းရရှိသည်။
၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ အရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ် အတွင်း မြန်မာနိုင်ငံနယ်နိမိတ် ၌ ရှစ်နှစ်ဆက်
တိုက်တစ်ဆက် တည်း နေထိုင်သူများ၏ တတိယ မျိုးဆက်ကို နိုင်ငံသားပြုခွင့်ရရှိ မည်ဖြစ်သည်။
            လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ဘင်္ဂါ လီများကို
 စိစစ်ရာ မြို့နယ်အဆင့် မှစ၍ ဗဟိုအထိ အဆင့်ဆင့်စစ် ဆေးပြီးမှ ခွင့်ပြုခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၁ 
ရက်က ပြော ကြားခဲ့သည်။ 
7daydaily
Sunday, September 21, 2014
မြ၀တီမြို့ကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှားကြောင့် စိုးရိမ်မှုလွန်ကဲကာ မွန်းလွဲပိုင်းက လူစုလူဝေး ဖြစ်ပေါ်ခဲ့
               မြဝတီမြို့တွင် ဖြစ်ပေါ်ခဲ့သော ကောလာဟလ သတင်းစကားများကြောင့် စာသင်ကျောင်းများ၌ 
ပညာသင်ကြားနေသော ကလေးငယ်များအား မိဘများက လာရောက်ခေါ်ယူကြ၍ မွန်းလွဲ ၁း၃ဝ ခန့်က လူ
စုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လူစုလူဝေးဖြစ်ပေါ်ရာ အမှတ်(၁) အထက်တန်းကျောင်းရှေ့
သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင်DKBA ကလို့ထူးဘောတပ်ဖွဲ့မှ ဆက်
ဆံရေးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်တို့ လာရောက်ပြီး မဟုတ်မမှန် ကောလာဟလများကြောင့် အစိုးရိမ်မလွန်ကြဖို့ 
ကျောင်းသားမိဘများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
             “ကောလာဟလ စကားတွေကြောင့် ကျောင်းသားမိဘတွေက အစိုးရိမ်လွန်ပြီး အခုလို စုရုံးရာက်လာ
ကြတာပါ။ မြဝတီမြို့မှာ ဘာမှမဖြစ်ပါဘူး။ ကျောင်းသားတွေကို ကျောင်းလွှတ်ချိန်ကျမှ တံခါးဖွင့်ပေးမှာပါ” ဟု 
အမှတ်(၁) အထက်တန်းကျောင်း အနီးတွင် စုရုံးရောက်ရှိလာသော ကျောင်းသားမိဘများအား တာဝန်ရှိသူများ
က ရှင်းပြခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလို့ထူးဘော ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် မြဝတီ
ဆက်ဆံရေးရုံးတာဝန်ခံက DKBA ကလို့ထူးဘောတပ်ဖွဲ့သည် ငြိမ်းချမ်းရေး အဖွဲ့အစည်းဖြစ်သည့်အတွက် ပဋိ
ပက္ခများကို ငြိမ်းချမ်းရေး နည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ယခုထွက်ပေါ်နေသည့် ကောလဟာ
လမျိုးကို ဘယ်တော့မှ ပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားသည်။
               မြဝတီမြို့တွင်းကို မွန်းလွဲ ၂ နာရီ တိုက်ခိုက်မည်ဆိုသည့် ကောလာဟလ သတင်းစကားများကြောင့်
 မိမိတို့၏သားသမီးများကို လာရောက်ခေါ်ယူကြခြင်းသာ ဖြစ်ကြောင်း အမှတ်(၁) အထက်တန်းကျောင်းသို့ ရောက်
ရှိလာသည့် ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
                 မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ နှစ်ရက်ဆက်တိုက် မိုင်းတွေ့ရှိခြင်း၊ စက်တင်ဘာ ၁၉ 
ရက် နံနက် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူလူထု အထိတ်တလန့် ဖြစ်ပေါ်နေသော်လည်း မြို့တွင်း၊ မြို့ပြင် 
တပ်မတော်၊ ရဲ၊ BGF၊ ပြည်သူ့စစ်၊ ရပ်ကွက်လူထု ပူးပေါင်းပါဝင်သည့်အဖွဲ့များက မြို့တော်လုံခြုံရေးအတွက် နေ့ည
အချိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
news-eleven
Saturday, September 20, 2014
IS စစ်သွေးကြွတွေ ဓားစာခံ ၄၉ ဦး ပြန်လွှတ်
ဗွီအိုအေ (မြန်မာဌာန) 20.09.2014 22:39
            ပြီးခဲ့တဲ့ ဇွန်လတုန်းက IS စစ်သွေးကြွတွေ အီရတ်နိုင်ငံအတွင်းမှာ ဖမ်းဆီးသွားခဲ့တဲ့ တူရကီနိုင်ငံသား
 ၄၉ ယောက် အခု ပြန်လွတ်မြောက်လာပြီလို့ တူရကီဝန်ကြီးချုပ်က ပြောပါတယ်။ ၀န်ကြီးချုပ် Ahmet Davutoglu 
က ဓားစာခံတွေအားလုံး စနေနေ့အစောပိုင်းမှာ ဘေးကင်းစွာနဲ့ တူရကီကို ပြန်ရောက်လာပြီလို့ဆိုပါတယ်။
သံတမန်တွေ၊ စစ်သားတွေနဲ့ ကလေးတွေကို အီရတ်နိုင်ငံ Mosul မြို့ ကောင်စစ်ဝန်ရုံးကနေ ဖမ်းဆီးခေါ်ဆောင်
သွားခဲ့တာပါ။ Moseul အပါအ၀င် အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက နေရာအချို့ကို IS စစ်သွေးကြွတွေက သိမ်း
ပိုက်ထားခဲ့ပါတယ်။ ဒီဓားစာခံတွေ လွတ်မြောက်ဖို့ ငွေပေးခဲ့သလား ဒါမှမဟုတ် ဘယ်လိုလွတ်မြောက်ခဲ့လည်းဆို
တာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။
                   ဖမ်းဆီးခံထားရတဲ့ တူရကီနိုင်ငံသားတွေလည်း ရှိခဲ့တာကြောင့် NATO အဖွဲ့ဝင်ဖြစ်တဲ့ တူရကီဟာ 
IS စစ်သွေးကြွတွေကို ချေမှုန်းတဲ့နေရာမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ အခုလို လွတ်မြောက်
မှုဟာ အမေရိကန် သတင်းထောက် ၂ ဦးနဲ့ ဗြိတိန်နိုင်ငံသားတဦး အသတ်ခံရတာနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေတာပါ။
ဝန်ကြီးချုပ် Davutoglu က တူရကီထောက်လှမ်းရေးက သူတို့နည်းသူတို့ဟန်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် အခုလို 
ဓားစာခံတွေ လွတ်မြောက်လာတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ ဇွန်လ ၆ ရက်နေ့တုန်း
က အီရတ်နိုင်ငံအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ထရပ်ကားမောင်းသမား ၃၂ ယောက် ဟာလည်း တလအကြာမှာ ပြန်လွတ်
မြောက်လာခဲ့ဖူးပါတယ်။
Thursday, September 18, 2014
တာချီလိတ် ရေဘေးသင့်
ဗွီအိုအေ (မြန်မာ)
        ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမူတွေ ကြောင့် နှစ်ပေါင်း ၁၅ နှစ်ကျော် အတွင်း  
ဒီတလထဲမှာ ဒုတိယအကြိမ် တောင်ကျရေတွေ ကျလာပြီး ရုတ်တရက် ရေကြီးမူတွေ ရှိနေတာကြောင့် မဲဆိုင်၊ 
တာချီလိတ် ချစ်ကြည်ရေး တံတားကို ယာယီပိတ်ခဲ့ရသလို ရေကြီးမူတွေ အတွင်းလူတွေ မျောပါ၊ ပျောက်ဆုံး မူတေ
ွ ရှိနေတယ်လို့ ဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။
                   ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ  စက်တင်ဘာ ၁၈ ရက်နေ့ 
မနက် ၂နာရီကျော် အချိန်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တောင်ကျရေတွေ ရုတ်တရက် ဝင်လာပြီး 
ရေကြီးရေ လျှံမူတွေ ဖြစ်ခဲ့ပါတယ်။ ထောင်နဲ့ချီ ရှိတဲ့ လူထုတွေ ဒုက္ခရောက်နေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို 
လုပ်ကိုင်နေတဲ့ တာချီလိတ်မြို့က သံဃာတပါးက အခုလို ရှင်းပြပါတယ်။
            " မနေ့ညက ရွာခဲ့တဲ့ မိုးကြောင့်ပေါ့။ မနေ့ကညက ည နှစ်နာရီလောက်မှာ စပြီးတော့ ရေကြီးတယ်။ ရေကြီးတဲ့
အခါကျတော့ လက်ရှိအနေအထားကတော့ ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားကိုလည်း နှစ်နိုင်ငံ သဘောတူ 
ပိတ်လိုက်တယ်။ နောက်ပြီးတော့ တာချီလိတ်မှာလည်း ရပ်ကွက်၊ မဲခေါင်ရပ်ကွက် အစရှိတဲ့ ရပ်ကွက် တချို့မှာလည်း 
ရေကြီးမှုတွေ ခံနေရတယ်။ လက်ရှိ အနေအထားကတော့ တာချီလိတ်မြို့ရဲ့ အလည်ခေါင် မဲခေါင်ရပ်ကွက်မှာတော့ ပစ္စည်း
တွေ မျောပါနေတယ်။ လူတွေလည်း ဒုက္ခရောက်တယ်။ လူတွေလည်း ထောင်နဲ့ချီပြီး အားလုံးက ဒုက္ခရောက်နေကြတယ်။
ဒီကနေ့ ရေဘေးသင့်တဲ့ တောင်ကျရေကြောင့် ရေဘေး ဒုက္ခသည် သောင်းနဲ့ချီ ရှိပါတယ်။ သူ့ယောက်ကျားရော ကလေး
ရော ရေထဲ ပါသွားလို့တဲ့။ လမ်းမမှာ ငိုနေတယ်။ တာချီလိတ်မြို့ရဲ့ အလည်ခေါင်မှာ လူတွေ ဝိုင်းမေးနေကြတဲ့အခါကျတော့ 
သူ့ယောက်ကျားနဲ့ ကလေးက ရေထဲပါသွားပြီတဲ့ အဲ့တာကြောင့် ငိုနေတယ်ပြောပါတယ်။ နှစ်နာရီလောက်မှာ ရေကြီးတယ်။
 ငါးနာရီလောက်မှာ တံတားစ ပိတ်လိုက်တယ်။ ယခုချိန်ထိ နှစ်ဘက်စလုံး သွားလာလို့မရသေးဘူး။"
              နှစ်နိုင်ငံ ကုန်သွယ်မူလုပ်နေတဲ့ မဲဆိုင်၊ တာချီလိတ် ချစ်ကြည်ရေးတံတားကို သစ်တုံးတွေ အမှိုက်တွေ ရိုက်ခတ်မူ
တွေ ရှိနေတာကြောင့်  ဒီနေ့ ယာယီပိတ်ပြီး အမှိုက် ရှင်းလင်းမူတွေလည်း လုပ်နေရပါတယ်။ ရပ်ကွက်တချို့ အိမ်ခေါင်မိုးထိ 
ရေနစ်မြုပ်နေတဲ့ အတွက် လူတွေကိုဘေးလွတ် ရာရွှေ့ ပြောင်းပေးနေပြီး စားသောက်ရေး အကူညီတွေပေးနေတယ်လို့  
တာချီလိတ်မြို့  နာရေးကူညီမူ အသင်း ဥက္ကဋ္ဌ ဦးလှမိုးကလည်း ပြောပါတယ်။
           "အခြေအနေကတော့ ကျနော်တို့အသင်းအနေနဲ့ လက်ရှိအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို ကူညီနေပါတယ်။ 
လက်ရှိကတော့ ပြီးခဲ့တဲ့အပတ် ကထက် ရေပိုကြီး တယ်ဗျ။ တချို့နေရာတွေဆိုရင် လည်ပင်းလောက် အထိ မြုပ်တယ်။ ရေ
ဘေး ကယ်ဆယ်ရေး လူတွေကို ကယ်တင်ပေးတယ်။ ထမင်းထုတ် လိုက်ဝေမှာပေါ့နော်။ လောလောဆယ်က စားဝတ်နေရေး
ကို ဖြေရှင်းပေးတယ်။"
             ရုတ်တရက်ကျလာတဲ့ တောင်ကျရေကြောင့် တမြို့လုံးနီးပါးမှာ ရေတွေဝင်လာပြီး အိမ်တွေ၊ ဆိုင်တွေက ပစ္စည်းတွေ
တောင် ရွှေ့ချိန်၊ သယ်ချိန်မရခဲ့တဲ့ ရပ်ကွက်တွေရှိနေသလို မဲဆိုင်ချောင်း နဘေး နေထိုင်နေတဲ့ မိသားစုတွေ ထဲက တချို့ ရေ
ထဲပါသွားလို့ ပျောက်ဆုံးနေတယ်လည်း ကယ်ဆယ်ရေး လုပ်နေသူတွေကဆိုပါတယ်။
               မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ဒုညွှန်မှူး ဦးကျော်လွင်ဦး ကတော့ မြန်မာနိုင်ငံတဝှမ်း စိုးရိမ်ရတဲ့နေ
ရာတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားပြီး စက်တင်ဘာလ ၁၈ရက်နေ့ တိုင်းထွာချက်တွေအရ  မိုးကြီးရေလျှံ ဖြစ်နေရတဲ့ 
နေရာဒေသတွေကိုလည်း  ပြောပြခဲ့ပါတယ်။
              " ဒီကနေ့ မိုးလေဝသ အခြေအနေအရဆိုရင် အများဆုံး မိုးရွာသွန်းခဲ့တဲ့ ဒေသ ကတော့ လောင်းလုံမြို့မှာ ၈.၅ လက်မ၊
 ရေးမြို့မှာ ၆.၉၃ လက်မ၊ ဘားအံမြို့မှာ ၆.၁၈ လက်မ ပေါင်မြို့မှာ ၅.၈၇ လက်မဆိုပြီးတော့ မြန်မာနိုင်ငံ အထက်ပိုင်းရယ်။ မွန်၊ 
တနင်္သာရီ ကမ်းရိုးတန်းရယ်၊ ရှမ်းပြည်နယ် ဒေသတချို့မှာလည်း နေရာ ကွက်ကြားပြီးတော့ မိုးကြီးခဲ့တဲ့ အနေအထားမျိုး တွေ့ရှိ
ရပါတယ်။ နောက် အခုလက်ရှိ အခြေအနေမှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း
တခု ပြီးခဲ့တဲ့ နှစ်ရက်လောက် ဖြစ်နေတာ လည်း အခု ဆက်လက် တည်ရှိနေတဲ့ အနေအထားမျိုးမှာဆိုလို့ရှိရင် အနောက်တောင် 
မုတ်သုံလေ ကတော့ အားအသင့်အတင့်ကနေ အားကောင်းနေတဲ့ အနေအထားဖြစ်ပါတယ်။ အရှေ့ဖက်ကတော့ တိုင်ဖုန်းမုန်တိုင်း 
ကြောင့်မို့လို့ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အထက်ပိုင်းတွေမှာနရာအနှံ့ ဒေသအလိုက် မိုးကြီးနိုင်တဲ့အခြေအနေကို ကျနော်တို့တွေ 
ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ကတည်းက ထုတ်ပြန်ထားတာရှိပါတယ်။"
                တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ရေကြီးမှု ဖြစ်ခဲ့သေးပေမယ့် ၁၅ နှစ်အတွင်းမှာတော့ ဒီနှစ် ရေကြီးတာ
တွေက  ပိုပြီးဆိုးဝါးပြင်းထန်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ ပြိးခဲ့တဲ့ စက်တင်ဘာ ရရက်နေ့က ရေကြီးခဲ့တုန်းကတော့  ပစ္စည်း
တွေ ရေထဲမျောပါတာတွေ ရှိခဲ့ပြိး တာချီလိတ်မြို့က ပျက်စီးဆုံးရှုံးမှုတွေဟာ  ဘတ်ငွေ သန်းနဲ့ချီပြီး ရှိခဲ့ ကြောင်း မြို့ခံတွေက ပြော
ပါတယ်။
Tuesday, September 16, 2014
ဗြိတိသျှခရီးသွား ၂ ဦးသေဆုံးမှု မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စစ်ဆေး
ဗွီအိုအေ (မြန်မာ)
                     ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင်အတွင်းက Koh Tao (လိပ်ကျွန်း) မှာ ဗြိတိသျှနိုင်ငံသား 
ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကျွန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း 
အလုပ်သမား ၃ ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းနေပါတယ်။ ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာကိုတော့ ထိုင်းရဲက
 ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
            ထိုင်းနိုင်ငံကို အလည်လာရောက်တဲ့ ဗြိတိသျှနိုင်ငံသား အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် 
၂၃ နှစ်အရွယ် Hannah Witheridge တို့ နှစ်ဦးဟာ စက်တင်ဘာလ ၁၄ ရက်နေ့က Koh Tao (လိပ်ကျွန်း) မှာ အ
သတ်ခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ တနင်္လာနေ့မှာ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာ ဖြစ်
ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ ထိုင်းရဲတွေက ဒီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ 
ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး သူတို့ရဲ့ အိမ်ကိုလည်း ရှာဖွေခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာအနီးမှာ ပေါက်ပြားတ
ချောင်းလည်း တွေ့ရတာမို့ အခု အသတ်ခံရသူတွေဟာ ပေါက်ပြားနဲ့ ရိုက်နှက်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ထိုင်း
အာဏာပိုင်တို့က ယူဆနေကြပါတယ်။ ဆူရတ်ဌာနီခရိုင် ရဲချုပ် Kiattipong Khaosam-ang က အခုလို ပြောပါတယ်။
“အခု အသတ်ခံရသူတွေကို တိုက်ခိုက်ခဲ့တဲ့ ပေါက်ပြားလို သက်သေခံ ပစ္စည်းတွေကို ရဲဘက်က လိုက်လံ စုစည်းနေ
ပါတယ်။ အခု အသတ်ခံရသူတို့ရဲ့ အ၀တ်အစားတွေ၊ ဖိနပ်တွေနဲ့ တခြား သက်သေခံ ပစ္စည်းတွေ ကျနော်တို့မှာ ရှိနေ
ပါပြီ။ အခုတော့ သက်သေခံ ပစ္စည်းအားလုံးကို နောက်ထပ် စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါပြီ။”
အသတ်ခံရသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ရင်ခွဲ စစ်ဆေးဖို့အတွက် ဘန်ကောက်မြို့က ရဲဌာနဆီကို ပို့ပေးထား
ပြီ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် Prayuth Chan-ocha ကလည်း ကမ္ဘာလှည့် ခရီးသွားတွေ ထိုင်းနိုင်ငံတွင်း သွားလာတာမှာ 
သတိရှိကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုပါတယ်။
               “ဒီအဖြစ်အပျက်ဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အစိုးရက ဒီလုပ်ရပ်ကို လက်မခံနိုင်ပါဘူး။ နောက် မီဒီယာ
တွေအနေနဲ့လည်း နိုင်ငံခြားသားတွေကို ၀ိုင်းဝန်းပြီး ရှင်းပြဖို့ လိုပါတယ်။ နေရာဒေသတိုင်းဟာ အမြဲတမ်း ဘေးကင်း
လုံခြုံနေတာ မဟုတ်ဘူးဆိုတာကို ဒီလူတွေက မသိကြပါဘူး။ အခု ကျနော်တို့ နိုင်ငံတွင်းမှာ ပြဿနာတွေ ရှိနေဆဲ 
အချိန်အတွင်း အချိန်တိုင်း နေရာတိုင်းက သူတို့အိမ်လိုဘဲ ဘေးကင်း စိတ်ချရတယ်လို့ ဒီလူတွေက ယူဆနေကြတာပါ။
 ဒီအဖြစ်အပျက်အပေါ် ဒေသခံတွေကလည်း လုံးဝ လက်သင့်မခံနိုင် ဖြစ်နေကြပြီး အခုဆို အင်္ကျီအနက်တွေ ၀တ်ဆင်ပြီး
 ဆန္ဒထုတ်ဖော်နေကြပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ ရဲနဲ့ စစ်တပ်ကို ကျနော် အမိန့်ပေးထားပါတယ်။”
အခု ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ Koh Tao (လိပ်ကျွန်း) ဟာဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လည်
ပတ်ရာ ထိုင်းပင်လယ်ကွေ့က ကျွန်းတကျွန်းဖြစ်ပြီး ဒီကျွန်းက ဟိုတယ်၊ စားသောက်ဆိုင်တို့မှာ မြန်မာ ရွှေ့ပြောင်းအလုပ်
သမား အတော်များများ အလုပ်လုပ်ကိုင်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးထူးချစ်
ကတော့ ဒီကိစ္စအပေါ်မှာ အခုလို ပြောဆိုပါတယ်။
                “တခါတလေကျလို့ရှိရင်တော့ မြန်မာအလုပ်သမားတွေကိုယ်တိုင်က အလားတူ ပြစ်မှုမျိုးတွေ ကျူးလွန်တာကို 
တွေ့ရတာရှိပါတယ်။ နောက်တခုကလည်း သူတို့ကိုယ်တိုင် အဲ့လိုမျိုး ခံရတာရှိတယ်လေ။ ကျနော်တို့ ပြီးခဲ့တဲ့လတုန်းကဆိုရင်
 ကျနော်တို့နားမှာပဲ မြန်မာအလုပ်သမား ၂ ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ ရှိတာပဲ။ ကျနော်တို့ကိုယ်တိုင် 
အမြဲတမ်းပြောတယ်။ မြန်မာတွေ အသတ်ခံရတဲ့အချိန်မှာ အစိုးရက သိပ်ပြီးတော့ ထိထိရောက်ရောက် မလုပ်တော့ ထိုင်း
အစိုးရအနေနဲ့ သိပ်ပြီးတော့ အရေးယူ ဆောင်ရွက်မှုတွေ မရှိဘူး။ အခု နိုင်ငံခြားသား ၂ ယောက်သေတော့ ထိုင်းဝန်ကြီးချုပ်
ကအစ ထုတ်ဖော်ပြောလာတာမျိုးတွေ ကျနော်တို့ ကြားရတယ်။”
            အခုလို ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၃ ဦးကို ထိုင်းရဲက စစ်ဆေး
မေးမြန်းမှုတွေ လုပ်နေတဲ့ ကိစ္စကိုတော့ ဘန်ကောက်မြို့ မြန်မာသံရုံးက မသိရှိရသေးကြောင်း အလုပ်သမား သံအရာရှိက
 ဗွီအိုအေကို ဖြေကြားပါတယ်။
Syria ရှိ ISIS အစွန်းရောက်အုပ်စုအပေါ် လေကြောင်းတိုက်ခိုက်မှု အမေရိကန်စတင်
  ဗွီအိုအေ (မြန်မာဌာန) 16.09.2014 07:25
                  ဆီးရီးယားနိုင်ငံတွင်းက IS စစ်သွေးကြွအဖွဲ့ရဲ့ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်
ရာမှာ ဆီးရီးယားအနေနဲ့ ၀င်ရောက်မနှောင့်ယှက်ဖို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။ ဆီးရီးယား
 လေကြောင်းကာကွယ်ရေးစနစ်တွေ ဘယ်မှာရှိလဲဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကောင်းကောင်း 
သိရှိထားတယ်လို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူက တနင်္လာနေ့က ပြောပါတယ်။ အမေရိကန် လေယဉ်တွေကို 
ဆီးရီးယားက နှောင့်ယှက်ပစ်ခတ်လာမယ်ဆိုရင်တော့ အဲဒီ လေကြောင်းကာကွယ်ရေးစနစ်တွေ အန္တရာယ်ကျရောက်
လိမ့်မယ်လို့ ဆီးရီးယားကို အမေရိကန်အကြီးတန်းတာဝန်ရှိသူတဦးက သတိပေး ပြောဆိုခဲ့တာပါ။
                 ဆီးရီးယားနိုင်ငံတွင်းက IS စစ်သွေးကြွ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်ဖို့ အမေရိကန်သမ္မတ
အိုဘားမားက ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဘယ်တော့ တိုက်ခိုက်မှုတွေလုပ်မလဲဆိုတာကိုတော့ မဆုံးဖြတ်
ရသေးပါဘူး။ ဒါပေမယ့် ဆီးရီးယားနိုင်ငံတွင်း IS တွေကို နှိမ်နင်းရာမှာ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆဒ်နဲ့တော့ 
တွဲပြီးတော့ မလုပ်နိုင်ဘူးလို့ သမ္မတအိုဘားမားက ပြောထားပါတယ်။ IS စစ်သွေးကြွတွေဟာ သမ္မတဘာရှား ပြုတ်ကျ
အောင် တိုက်ခိုက်နေကြသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဆီးရီးယားသမ္မတအာဆဒ်ကို အမေရိကန်အနေနဲ့ ရာဇ
ဝတ်သားအဖြစ်သာ သတ်မှတ်ထားပြီး နိုင်ငံခေါင်းဆောင်အဖြစ် သတ်မှတ်မှုမရှိပါဘူး။ တချိန်တည်းမှာတော့ IS ကို နှိမ်နင်း
ရာမှာ အီရတ်နိုင်ငံကို အကူအညီပေးဖို့ အမေရိကန်နဲ့အတူ နိုင်ငံပေါင်း ၃၀ လောက်က ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး
တော့ ကတိပြုထားကြပါတယ်။
Monday, September 15, 2014
IS တိုက်ဖျက်ရေးကူညီဖို့ နိုင်ငံ ၃၀ ကတိပြု
ဗွီအိုအေ (မြန်မာဌာန)
           နိုင်ငံပေါင်း ၃၀ က အီရတ်နိုင်ငံတွင်း IS အစ္စလာမ်အစွန်းရောက်တိုက်ဖျက်ရေးမှာ စစ်ရေးအပါအဝင် 
လိုတာအားလုံး ဝိုင်းကူပေးသွားမယ်လို့ ကတိပြု လိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဒီနေ့လုပ်တဲ့  နိုင်ငံတကာညီ
လာခံအပြီး ကြေညာချက်ထုတ်ရာမှာ အီရတ်အစိုးရဘက်က တောင်းဆို လာတာကို နိုင်ငံတကာ ဥပဒေတွေနဲ့
အညီ အရပ်သားတွေရဲ့လုံခြုံရေးကိုလည်း မထိခိုက်စေဘဲ ဝိုင်းကူပေးသွားဖို့ တသဘောတည်းရှိတယ်လို့ ဒီနိုင်
ငံတကာ သံတမန်တွေက ထုတ်ပြောလိုက်တာပါ။
             ဒီညီလာခံကို နိုင်ငံပေါင်း ၃၀ က အရာရှိတွေအပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်က
 ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။ တကယ်တော့ ဒီညီလာခံဟာ IS အစ္စလာမ်အစွန်းရောက်
အဖွဲ့ တိုက်ဖျက်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ ထူထောင်ရေး ကြိုးပမ်းမှုအတွက် နောက်ဆက်တွဲ ဆက်ဖြစ်လာတာပါ။
ဒီ ညီလာခံမှာ အီရတ်သမ္မတနဲ့အတူ အဖွင့်မိန့်ခွန်းပြောခဲ့တဲ ပြင်သစ် သမ္မတ Francois Hollande က IS အစ္စလာမ်
အစွန်းရောက်အဖွဲ့ဟာ ကမ္ဘာ တခုလုံးကို ခြိမ်းခြောက်လာတာနေတယ်၊ အချိန် ထပ်အကုန်ခံလို့ မရတဲ့ အခြေအနေကို
 ရောက်နေပြီလို့ လို့ ဆိုလိုက်ပါတယ်။ သမ္မတ Hollande ပြင်သစ်လိုပြောသွားတာက ဒီအကြမ်းဖက်မှုဟာ ဒေသတခု
လုံးကိုပြန့်နေပြီ၊ အီရတ်မှာ၊ ဆီရီးယားမှာ သူတို့ရှိနေပြီ၊ ဒီအကြမ်းဖက်လှုပ်ရှားမှုဟာ နိုင်ငံ နယ်စပ်တွေကို ဖြတ်ကျော်ပြီး
 အင်ပါယာတခု ထူထောင်ဖို့ စိုင်းပြင်းနေတယ်၊ ကမ္ဘာတခုလုံးအတွက် ခြိမ်းခြောက်လာနေပြီး ဒါကြောင့် တကမ္ဘာလုံးက
 ဝိုင်းဖြေရှင်းပေးရတော့မယ်လို့ ဆိုတာပါ။
            အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေး ဝိုင်းကူပေးဖို့ အရှေ့
အလယ်ပိုင်းဒေသတွင်းက ခေါင်းဆောင်တွေကို သွားဆွေးနွေးအပြီး၊ ဒီ ပြင်သစ်က ညီလာခံကို တက်ရောက်ခဲ့ပါတယ်။
Sunday, September 14, 2014
အမြဲတမ်းအတွင်းဝန်ရာထူးအား လက်ရှိအစိုးရ လက်ထက်တွင် ခန့်အပ်မည်ဟုဆို
                 အတွင်းဝန်ရာထူးခန့်အပ်လျှင် ၀န်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးများ ခရီးသွားခြင်း၊ 
လစ်လပ်ခြင်းများ ဖြစ်ပေါ်လျှင် ဌာနလုပ်ငန်းများ မနှောင့်နှေးအောင်အတွင်းဝန်က ဆက်လက်လုပ်ကိုင်
သွားမည်ဟုဆိုသည်။ ပြည်ပခရီးစဉ် တစ်ခုမှ ပြန်လာသော နိုင်ငံတော်သမ္မတကို ကြိုဆိုနေသော ပြည်
ထောင်စုဝန်ကြီးအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်သမ္မတရုံး)
ကျက်သည့် နိုင်ငံ့ဝန်ထမ်းများကို သာ ရွေးချယ်တာဝန်ပေးအပ်သွား မည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ သက်
တမ်းမကုန်မီစတင်ခန့်အပ် မည်ဟု သတင်းရရှိသည်။
            လက်ရှိအစိုးရသက်တမ်း ၁၉လသာကျန်တော့ချိန်တွင်ဝန် ကြီးဌာနများ၌ ၀န်ကြီးအပြောင်း အလဲ
ဖြစ်သော်လည်း မူဝါဒမ ပြောင်းဘဲ ဆက်လက်လည်ပတ် နိုင်ရန် အမြဲတမ်းအတွင်းဝန်ရာ ထူးခန့်အပ်ရေးကို
 စဉ်းစားဆောင် ရွက်နေပြီး အတွင်းဝန်စနင်ကျင့် သုံးသည့် ဒီမိုကရေစီနိုင်ငံများကဲ့ သို့ အတွေ့အကြုံရှိနိုင်ငံ့
ဝန်ထမ်း များကိုသာရွေးချယ်တာဝန်ပေး မည်ဟု ပြည်ထောင်စုဝန်ကြီးဦးရဲ ထွဋ်ကပြောသည်။
          ထို့အပြင် ၀န်ကြီးဌာနများအတွင်း ရာထူးတစ်ခုအတွက်ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဆွဲခြင်းမှာ လွှတ်တော်နှင့် 
မသက်ဆိုင်ဘဲ လက်ရှိ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၀န်ကြီး၊ ဒုဝန်ကြီးခန့် ထားမှုများတွင်သာ လွှတ်တော်
သို့ တင်ပြရကြောင်း ဦးရဲထွဋ်ကဆိုသည်။ ပြည်လည်ခန့်အပ်မည့်အမြဲ တမ်းအတွင်းဝန်မှာ ၀န်ကြီးဌာ နတစ်ခုလုံး
တွင် အကြီးဆုံးဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် အထက်မှ နေ၍ စီမံခန့်ခွဲရမည်ဖြစ်သည်။
            မြန်မာနိုင်ငံရေးတွင်ဝန်ကြီး ချုပ်ဦးနုလက်ထက်၌ အမြဲတမ်း အတွင်းဝန်နှင့်ပါလီမန်အတွင်း ၀န်နှစ်မျိုးရှိ
ခဲ့ပြီး ဗြိတိသျှစနစ်ကို ယူ၍ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ထို စဉ်က အမြဲတမ်းအတွင်းဝန်များ ကို နိုင်ငံ့ဝန်ထမ်းများသာ
ခန့်အပ် ခဲ့ပြီး ပါလီမန်အတွင်းဝန်မှာ အ ရပ်သားများထဲမှ ပညာတတ်အ ချို့ကို လွှတ်တော်ဆိုင်ရာဆက်ဆံ ရေးအ
တွက်ခန့်ခဲ့ခြင်းဖြစ်သည်။
             တော်လှန်ရေး ကောင်စီ လက်ထက်တွင် အမြဲတမ်းအ တွင်းဝန်များကို ဆက်လက်ခန့် ထားခဲ့သော်လည်း
 တပ်မတော်မှ အရာရှိများကပါ လာရောက်တွဲ ဖက်လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း နအဖအစိုးရလက် ထက်
တွင် ဒုတိယညွှန်ကြားရေး မှူးချုပ်များကို ရုံးအဖွဲ့မှူးတာဝန် ပေး၍ အတွင်းဝန်ဆန်ဆန်ခန့်အပ် သုံးစွဲမှုရှိခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေး နှင့် အပြောင်းအလဲတို့တွင်လွှတ် တော်သဘောထား
ရယူရပြီးအမြဲ တမ်းအတွင်းဝန်မှာ ယခင်ပါလီ မန်ခေတ်တွင် ဒုဝန်ကြီးအဆင့်နှင့် ညီကြောင်း ပြည်သူ့လွှတ်တော် 
ကိုယ်စားလှယ်ဦးဝင်းထိန်ကပြော သည်။ ‘‘အခုက ဒုဝန်ကြီးရှိတော့ ဒီအတွင်းဝန်ခန့်တာက လွှတ်တော်ကို တင်ချင်
လည်းရတယ်။ မတင် လည်းရတာပေါ့’’ဟု ၎င်းကဆို သည်။
7daydaily
Saturday, September 13, 2014
“ဦးဝီရသူလှူဒါန်းသော ငွေများထုတ်ပြီးအပြန် ဆိုင်ကယ်အတိုက်ခံရ”
             10.9.2014 ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရွာမှ 
ဦးပဉ္စင်း ဦးဉာဏက ဦးဝီရသူလှူသော ငွေ(၆၅၁)သိန်းကို သံတွဲမြို့မှ ထုတ်ပြီးအပြန် မြပြင်ရွာမှာ
 ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဦးဉာဏနှင့် ကားဆရာ ဒကာဦးဝင်းမြင့်တို့က ရှေ့တည့်တည့်မှ အပြင်း
မောင်းလာသော ဆိုင်ကယ်ကိုတွေ့လို့ အရှိန်လျှော့ချလိုက်ပါတယ်။ ဆိုင်ကယ်က ဘယ်လမ်းကြော
အတိုင်း ကားဆီကို ဦးတည်မောင်းလာတာဖြစ်လို့ ဦးဝင်းမြင့်က ကားကို လမ်းဘေးမြေသားပေါ်
 ချပြီး ရပ်ပေးလိုက်ပါတယ်။ ဆိုင်ကယ်က အရှိန်မထိမ်းနိုင်ဘဲ ကယ်ဘက်ကားဘီးကို ဝင်တိုက်လိုက်
ပါတယ်။ ကားဘော်ဒီယိုင်နဲ့သွားပါတယ်။(ကားမောင်းကြည့်မှ သိရတာပါ။) ဘက်မှန်အိမ်ကျိုးပဲ့သွား
ပါတယ်။ ဆိုင်ကယ်သမားက လွင့်ပြီး လမ်းလယ်ခေါင်ပေါ် ပက်လက်လန်သွားပါတယ်။ ဘယ်ပေါင်-
ညာဒူးနှင့် ဦးခေါင်း မှာ ဒဏ်ရာရသွားပါတယ်။
           ခဏအကြာ ဆိုင်ကယ်သမားရဲ့အစ်ကို ရောက်လာပါတယ်။ ညီအစ်ကိုနှစ်ယောက်လုံးက
 ဇီးဖြူကုန်းရွာမှ မူဆလင်တွေဖြစ်ပါတယ်။ ကုလားကို သံတွဲဆေးရုံမှာတင်ထားပါတယ်။
လွန်ခဲ့တဲ့ မတ်လတုန်းကလည်း ဂျိတ္တောရွာဆရာတော်ကားကို ကုလားက သုံးဘီးဆိုင်ကယ်နှင့် အခုလို 
လမ်းပြောင်းပြန်ပုံစံကြီးနှင့်ပဲ တိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ဦးဝီရသူ ရခိုင်ခရီးစဉ်အတွင်း 
သံတွဲ ရောက်ခိုက်ဖြစ်ပွားခဲ့တာပါ။ အခုလည်း ဦးဝီရသူ လှူဒါန်းသော ငွေထုတ်ပြီး သံတွဲမှအပြန် ဝင်
တိုက်ခံရခြင်း ဖြစ်ပါတယ်။ တိုက်လည်းတိုက်ဆိုင်လွန်းပါတယ်။
တိုက်လည်း တိုင်နိုင်လွန်းပါတယ်ဗျာ။
ရဲရဲနီတဲ့ ရဲရဲ ဗမာသွေး
မဲဆောက်သို့ သွားရောက်သည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား KNU၊ KNLA အဖွဲ့က တားဆီးစစ်ဆေး
               မဲဆောက်သို့သွားရောက်သည့် မြန်မာနိုင်ငံမှကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းရဲများ၏ 
ဖမ်းဆီးငွေညှစ်ခံရမှုကြောင့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ လာရောက်သည့် ထိုင်းကုန်ကားများအား
 KNU၊ KNLA ဗိုလ်မှူးကြီးတိုင်းဂါး ဦးဆောင်သည့် အဖွဲ့မှ အာရှလမ်းမ၊ မင်းပဒုံမာ ကလေးကစားကွင်းအနီး
တွင် စက်တင်ဘာ ၁၃ ရက် နံနက်က တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
              မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ 
သွားရောက်မည့် ထိုင်းကုန်တင်ယာဉ် ၃ဝ စင်းအားKNU၊ KNLA မှ ဗိုလ်မှူးကြီး တိုင်းဂါးဦးဆောင်သည့်အဖွဲ့မှ 
တားဆီးစစ်ဆေးရခြင်းမှာ မြန်မာနိုင်ငံမှ ကားများနှင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်
သော်လည်း နည်းမျိုးစုံဖြင့် ဖမ်းဆီးစစ်ဆေး ငွေညှစ်ခံနေရခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုင်းဂါးက 
ပြောကြားသည်။
             “ခရိုင်ကသွားရင် သူတို့မစစ်ဘူး။ ရဲသွားရင် မစစ်ဘူး။ မြန်မာပြည်သူတွေ တိုင်းရင်းသားတွေသွားရင်
 အမြဲစစ်တယ်။ ပြီးရင် အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်တယ်။ ဒါကိုဖြေရှင်းချင်လို့ ခုလိုလုပ်တာပါ” ဟု ဗိုလ်မှူး
ကြီးတိုင်းဂါးက ပြောကြားသည်။“ကျွန်တော်တို့ နိုင်ငံကကားသမားတွေဟာ ထိုင်းရဲတွေ ငွေညှစ်တာ အမြဲခံရတယ်။ 
ဒီမနက်သွားတာ လေယာဉ်ကွင်း အလွန်မှာ တစ်ယောက် ဘတ် ၁ဝဝ ပေးခဲ့ရပါတယ်။ နယ်စပ်ဖြတ်သန်းခွင့်
 လက်မှတ်ပါပေမယ့် နယ်လွန်တယ်ဆိုပြီး ရဲစခန်းခေါ် ငွေညှစ်တာထိရှိတယ်” ဟု မဲဆောက်သို့ သွားရောက်ခဲ့သူ
 မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
                      မြဝတီမြို့အထွက် နယ်စပ်ကုန်သွယ်လမ်းကြောင်းမှ နယ်စပ်စခန်းသို့ လာရောက်သည့် ထိုင်းကုန်
တင်ယာဉ်များအား ရပ်တန့်စစ်ဆေးနေသည့် နေရာသို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့
နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌတို့ ရောက်ရှိလာပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက်သို့ တရားဝင် 
ကန့်ကွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးကာ ထိုင်းကုန်ကားများအား ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။
news-eleven
ဖိလစ်ပိုင် ကူးတို့သင်္ဘော နစ်မြုပ်
ဗွီအိုအေ (မြန်မာဌာန)
           ဖိလစ်ပိုင်နိုင်ငံ Leyte ( လေတေး) ကျွန်း ကမ်းလွန်မှာ စနေနေ့က နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘောက 
အသက်ရှင်ကျန်နေနိုင်သူတွေကို ဖိလစ်ပိုင်ရေတပ် အာဏာပိုင်တွေ ရှာဖွေနေကြပါတယ်။ ကူးတို့သင်္ဘော
ပေါ်မှာ ခရီးသည် ၈၄ ယောက်ထက် မနည်းပါသွားပြီး တနင်္ဂနွေနေ့ မနက် အစောပိုင်းရောက်ချိန် အထိ 
ခရီးသည် ၆၃ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်းရိုးတမ်းစောင့်တပ်က ပြောပါတယ်။
            တက်မကျိုးသွားလို့ သင်္ဘော ရှေ့ဆက်သွားလို့မရတဲ့အကြောင်း၊ လေပြင်းတိုက်ပြီး လှိုင်းကြီးနေ
ချိန်မို့ ဒုက္ခရောက်နေတဲ့အကြောင်း Maharlika II အမည်နဲ့ သင်္ဘောဆီက လှမ်းအကြောင်းကြားခဲ့တယ်လို့ 
ကမ်းရိုးတန်းစောင့်တပ် ပြောခွင့်ရသူက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံမြောက်ဖက် တောင်တရုတ် ပင်လယ်ဖက်
 ဦးတည်ပြီး  Kalmaegi မုတ်သုန်မုန်တိုင်းဖြတ်နေစဉ်မှာကူးတို့သင်္ဘော နစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သင်္ဘော
နစ်တဲ့ Leyte ကျွန်း တောင်ပိုင်းဖက်မှာတော့ မုန်တိုင်းသတိပေးချက် ထုတ်ထားတာမရှိပါဘူးလို့ ပြောခွင့်ရသူ 
Armand Balilo က သတင်းထောက်တွေကို ပြောပါတယ်။
ရခိုင် တည်ငြိမ်ဖွံဖြိုးရေး ကုလအရာရှိတွေ သွားရောက် စစ်ဆေး
ဗွီအိုအေ (မြန်မာ)
           လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ ဟာ မနှစ်ကထက် 
တိုးတက်လာတယ် ဆိုပေမယ့်၊ ဒေသခံ လူမှု အသိုင်းအ၀ိုင်းတွေ ရဲ့ အခြေခံ လိုအပ်ချက်အပေါ် လုပ်ဆောင်စရာ
တွေ အတော် ကျန်သေးတယ်လို့ အဲဒီဒေသကို နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အရာရှိနှစ်ဦး က
 ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး ဆိုင်ရာ အရာရှိနှစ်ဦးဟာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စ
ခန်းတွေကို သွားရောက်ကြည့် ရှုခဲ့သလို၊ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း စစ်ဆေးခဲ့ကြ တာပါ။
 အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။
              ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအ၀ိုင်းအားလုံးကို လိုအပ်ချက်တွေ ကို ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့
 ရခိုင်ပြည်နယ်တွင်း တည်ငြိမ်ရေးနဲ့ တည်တံ့တဲ့ ငြိမ်းချမ်းရေးတွေ အောင်မြင်အောင် ဆောင်ရွက်နိုင် မှာဖြစ်တယ်လို့ 
သွားရောက်ခဲ့သူ အရာရှိတဦးဖြစ်တဲ့ UNDP ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် အာရှ  ပစိဖိတ်ဆိုင်ရာ ညွန်ကြားရေးမှုး 
Haoliang Xu က ပြောခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ သူနဲ့အတူ ရခိုင်ပြည်နယ်ကို သွားရောက်
ရာမှာ OCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုးရုံး လုပ်ငန်းအစီအစဉ် ညွန်ကြားရေးမှုး John Ging 
လည်း ပါဝင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အဲဒီဒေသက လူသားချင်းစာနာကူညီမှုဆိုင်ရာလိုအပ်ချက်တွေကို သုံးသပ်နိုင်ဖို့ ဖြစ်
တယ်လို့ နယူးယောက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ Stephane Dujarric က ပြောပါတယ်။
               “ ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအ၀ိုင်းတွေအကြား သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ကြိုးပမ်း
ဆောင်ရွက်ချက်တွေကို အကဲဖြတ်ဖို့နဲ့၊ အဲဒီဒေသပြည်သူတွေရဲ့ ဖွံဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ
ကို သုံးသပ်ဖို့ ကုလသမဂ္ဂ အရာရှိနှစ်ဦးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို နှစ်ရက်ကြာ ခရီးသွားရောက်ခဲ့ပါတယ်။”
             အကူအညီပေးရေးအဖွဲ့တွေရဲ့ ကြိုးပမ်းချက်ကြောင့် အခြေအနေတွေ တည်ငြိမ်လာပြီဆိုပေမယ့်လို့ ဒေသခံ 
လူအတော်များများကြုံနေရဆဲ လူမှုအကျပ်အတည်းတွေကတော့ လက်မခံနိုင်လောက်အောင် အခက်အခဲတွေ ရှိနေတုန်း
ပဲလို့ OCHA အရာရှိ John Ging က ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
                 ဒေသတွင်း ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ရေရရှိရေး၊ အသက်မွေးဝမ်းကျောင်းမှု၊
 လမ်းပမ်းဆက်သွယ်ရေး စတဲ့ အခြေခံ လိုအပ်ချက်တွေကို ပြည်နယ်အစိုးရကနေ အရည် အသွေး ပြည့်ပြည့်၀၀ ဆောင်ရွက်
ပေးနိုင်ဖို့ လိုအပ်ချက် ရှိတယ် ဆိုတာကိုလည်း ကုလအရာရှိတွေက ထောက်ပြပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း 
မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့နဲ့၊ ဒုက္ခသည်တွေအတွက် ရေရှည်တည်တံတဲ့ 
အဖြေထုတ်နိုင်ဖို့ လုပ်ဆောင်စရာတွေ အတော်များများရှိနေတယ်ဆိုတာကို UNDP ညွန်ကြားရေးမှုး Mr.Xu က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို ရောက်လာတုန်းက အခြေအနေတွေထက် ပိုပြီး တိုးတက်လာမှုမြင်ရပေမယ့်လည်း၊ လုပ်ဆောင်
ရမယ့် ကြိုးပမ်းမှုတွေကို နှစ်ဆတိုး လုပ်သွားရလိမ့်မယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု အရာရှိ Mr.Ging က
 ပြောဆိုခဲ့တဲ့အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ တိုးတက်လာတဲ့အခြေအနေတွေထဲမှာတော့ လူမှုအသိုင်း
အ၀ိုင်း အချင်းအချင်းကြား ဆွေးနွေးမှုတွေကနေ လက်တွေ့ကျတဲ့ အပြုသဘောဆောင်ရလာဒ်တွေ ရရှိလာတယ်လို့ ဆိုထား
ပါတယ်။
           ကုလသမဂ္ဂ အရာရှိနှစ်ဦးဟာ စစ်တွေနဲ့ ပေါက်တောမြို့နယ်တွင်း က ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး၊ အဲဒီက
 နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေကို လေ့လာခဲ့ကြပါတယ်။ မင်းပြားနဲ့ စစ်တွေမှာရှိတဲ့ ကျေးရွာတွေ ကိုလည်း သွား
ရောက်ပြီး ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ်က ဆောင်ရွက်မှုတွေ ကိုလည်း သွားရောက် စစ်ဆေးခဲ့တယ်လို့ ကုလသမဂ္ဂက 
သတင်းထုတ်ပြန် ထားပါတယ်။ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းအပါအ၀င် တာဝန်ရှိသူတွေနဲ့ 
တွေ့ခဲ့သလို၊ UNDP နဲ့ ပြည်နယ်အစိုးရ ပူးတွဲလုပ်ဆောင်နေတဲ့ တံတားဆောက်လုပ်ရေးလုပ်ငန်းတခုကို ပြည်နယ်ဝန်ကြီးချုပ်နဲ့
အတူ သွားရောက်ဖွင့်လှစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်ဒေသဟာ ဒုတိယအဆင်းရဲဆုံး
 ပြည်နယ်ဖြစ်ပြီး၊ မကြာခင်နှစ်တွေက ဖြစ်ခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကြောင့် လူဦးရေ တသိန်း
ကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ခုချိန်အထိ နေထိုင်နေကြရဆဲရှိပါတယ်။
ဥပဒေနှင့်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးနိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော
                   ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း
 တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်
တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿနာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခ
အဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။
             စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်
များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင်ဂျာ များအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်
တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂလိပ်
လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်
၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။
                ‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်း
စိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။
 ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင်ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်
က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။
               နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီ
အရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ   
လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။
              ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်
သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း 
ဖော်ပြကြ သည်။ ‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်
နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့
သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။
             နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့
သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်
လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး 
ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿနာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်း
ခဲ့ခြင်းဖြစ်သည်။
7daydaily
Friday, September 12, 2014
သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစိပြီ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး
           သင်္ဃန်းကျွန်း၊ ၁၆/၁ ရပ်ကွက်တွင် ဓာတ်တိုင်မှ ၀ိုင်ယာရှော့ဖြစ်ပြီး ရေစိုနေသည့်လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ကာ
 အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံးသင်္ဃန်းကျွန်းမြို့နယ်တွင် ဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ 
ရေစိုနေသည့် လမ်းပေါ်သို့ လျှပ်စစ်စီးဝင်ပြီး အနီးတွင်ရှိနေသည့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်
ဦးတို့ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာမှာ သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက်၊ ဇဋိလလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ ဓာတ်တိုင်
အနီးတွင်ဖြစ်ပြီး ယင်းနေ့ ည ၈ နာရီခွဲခန့်က အဆိုပါဓာတ်တိုင်မှ လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားကာ အနီးတွင်ရှိနေသည့် အသက် 
၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁ဝ နှစ်အရွယ် ကလေးတို့ ဓာတ်လိုက်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်
တွေ့များက ပြောကြားသည်။
           ဖြစ်စဉ်အနီးတွင် ရှိနေသည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမျိုးလွင်က “ဖြစ်တဲ့အချိန်က မိုးလည်းရွာနေတယ်။ သေသွားတဲ့
ကလေးမလေးတွေက အခွေငှားပြီးပြန်လာလို့ မိုးရွာနေတော့ အဲဒီဓာတ်တိုင်နားမှာရှိတဲ့ ကားမှတ်တိုင်နားမှာ မိုးခိုရင်းထိုင်နေတာ။
 ဓာတ်တိုင်က မီးပန်းတွေပွင့်ပြီး တဖြောင်းဖြောင်းနဲ့ဆိုတော့ သူတို့လည်း လန့်ပြီးထွက်ပြေးရင်း လမ်းပေါ်မှာတင် ဓာတ်လိုက်သေ
ရှာတာပါပဲ။ ဓာတ်ကြိုးက ပြတ်ကျတာဟုတ်ဘူး။ လမ်းပေါ်မှာ ရေတွေကစီးနေတော့ ဓာတ်တိုင်က လျှပ်စစ်စီးဝင်တယ်လို့ပဲ ထင်ရ
တယ်။ မီးပြတ်သွားလို့ တော်သေးတယ်။ နို့မို့ ဒီမှာရှိတဲ့လူတွေက ဘုမသိဘမသိနဲ့ ရေထဲဖြတ်လျှောက်မိရင် သေကုန်မှာ” ဟု
 The Daily Eleven သတင်းစာသို့ အခင်းဖြစ်ပွားရာ နေရာတွင် ပြောကြားသည်။
           ထိုကဲ့သို့ ရှော့ဖြစ်ခဲ့သည့်ဓာတ်တိုင်မှာ ယခင်ကလည်း မကြာခဏဆိုသလို ရှော့ဖြစ်လေ့ရှိပြီး ထိုကဲ့သို့ လျှပ်စစ်အန္တရာယ်
များ ရှိနေသဖြင့် နေထိုင်သွားလာရသည်မှာ မလုံခြုံတော့သကဲ့သို့ ခံစားရကြောင်း အဆိုပါ ရပ်ကွက်ရှိ ပြည်သူများက ပြောကြား
ကြသည်။ ရပ်ကွက်နေသူတစ်ဦးက “လျှပ်စစ်ဝန်ကြီးဌာနကို ပြောချင်တာက ဒီလိုစုတ်ပြတ်နေတဲ့ ဓာတ်ကြိုးတွေကို အသစ်ပြန်လဲ
ပေးပါလို့ ပြောချင်တယ်။ အခုနောက်ပိုင်း သတင်းစာတွေထဲမှာလည်း ဖတ်နေရတယ်။ လမ်းသွားရင်း၊ ဈေးဝယ်ရင်း လျှပ်စစ်ဓာတ်
ကြိုး ပြတ်ကျပြီးသေတဲ့ ဖြစ်စဉ်တွေ များလာပြီ။ ကိုယ်တွေလည်း ဒီလိုဘယ်အချိန်ဖြစ်မလဲ ဆိုတာ မပြောတတ်တော့ဘူး။ လမ်းပေါ်
မှာ သွားလာရတာ အသက်အန္တရာယ် မလုံခြုံတော့ဘူး ခံစားရတယ်” ဟု ပြောကြားသည်။
                  အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးက “ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။
 ဓာတ်ကြိုးက ပြတ်မကျဘဲဘာလို့ လျှပ်စစ်စီးဝင်ရတာလဲဆိုတာ အခုစစ်ဆေးမှ သိရမှာပါ။ လောလောဆယ်တော့ မပြောနိုင်သေး
ပါဘူး” ဟု ဖြေကြားခဲ့သည်။ ယခုဖြစ်စဉ်တွင် အသက်သေဆုံးခဲ့ရသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီး၏ အစ်မဖြစ်သူက “
ကျွန်မညီမလေးပါ။ ညနေက အခွေသွားအပ်မယ်ဆိုပြီး ထွက်သွားပြီး အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာပဲ။ သူနဲ့အတူ သေဆုံးသွား
တဲ့ ကလေးမလေးကလည်း အိမ်နားက။ အတူတူ အဖော်လိုက်သွားတာ။ နှစ်တန်းတက်နေတာ။ အသက်က ၁ဝ နှစ်ပဲ ရှိသေးတယ်”
 ဟု ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများကြောင့် ဓာတ်လိုက်ကာ 
လူရှစ်ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။ 
The Daily Eleven
IS စစ်ဆင်ရေး အပေါ် ရုရှားဝေဖန်ချက် Kerry ပယ်ချ
ဗွီအိုအေ (မြန်မာပိုင်း)
           Islamic State အစ္စလာမ်အစွန်းရောက်တွေကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ဖို့ ကြိုးပမ်း 
ဆောင်ရွက်မှုတွေဟာ သူ့သဘောနဲ့သူ လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်
ဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ ပြောဆိုမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပယ်ချလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ Crimea ဒေသကို သိမ်းပိုက်လိုက်တဲ့ 
လုပ်ရပ်တွေ လုပ်ဆောင်ထားတဲ့ ရုရှားနိုင်ငံက အခုလို နိုင်ငံတကာ ဥပဒေချိုးဖောက်တယ်၊ ကုလသမဂ္ဂနဲ့ဆိုင်
တဲ့ကိစ္စဖြစ်တယ် စသည်ဖြင့် ပြောဆိုတာတွေဟာ ရယ်စရာ ဖြစ်နေကြောင်း သူနဲ့အတူ လိုက်ပါသွားတဲ့ သတင်း
ထောက်တွေကို ၀န်ကြီးကယ်ရီက ဆော်ဒီ အာရေးဗီးယားနိုင်ငံမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
Islamic State အစ္စလာမ် အစွန်းရောက်တွေဟာ ရုရှားနိုင်ငံကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ်ဆိုတာ
 သဘောပေါက်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းနဲ့ ရုရှားအနေနဲ့ ISIL အဖွဲ့ရဲ့ အန္တရာယ်ကို စိုးရိမ် ပူပန်ဖို့
လိုကြောင်း ဗွီအိုအေနဲ့ သီးခြား ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ၀န်ကြီးကယ်ရီက ပြောပါတယ်။
            ဆီးရီးယားနိုင်ငံအတွင်းက အစ္စလာမ်အစွန်းရောက်တွေကို တိုက်ခိုက်ဖို့ သမ္မတ Barack Obama က 
ခြိမ်းချောက် ပြောဆိုမှုကို ရုရှားက ကြာသပတေးနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဆီးရီးယားအစိုးရ၊ ဒါမှမ
ဟုတ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကြိုတင် တိုင်ပင်ခြင်း မရှိဘဲ လုပ်ဆောင်တဲ့ အဲဒီလို လုပ်ရပ်မျိုးဟာ ကျူး
ကျော် ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို အလွန်အကျွံ ကျူးလွန်ခြင်း ဖြစ်တယ်လို့ ရုရှားနိုင်ငံခြား
ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Alexander Lukashenvich က ပြောပါတယ်။
Thursday, September 11, 2014
တိုက်ပွဲပြန် အစ္စလာမ်မစ် စစ်သွေးကြွတွေ နိုင်ငံတွင်းအန္တရာယ်ပြု
ဗွီအိုအေ မြန်မာ
           အီရတ်နဲ့ ဆီးရီးယားနိုင်ငံက တိုက်ပွဲတွေမှာပါဝင်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံတွေ ကို ပြန်ရောက်နေကြတဲ့ 
မူဆလင်စစ်သွေးကြွတွေရဲ့ အန္တရာယ်ကို  တရုတ်နိုင်ငံနဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ရင်ဆိုင်နေရတယ်လို့ ဗဟိုအာရှ
 အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။
             အကြမ်းဖက်စစ်ပွဲဖြစ်တဲ့ နိုင်ငံတွေဆီ သွားရောက်ခဲ့တဲ့စစ်သွေးကြွတွေကို သူတို့အဖွဲ့က အနီးကပ်စောင့်
ကြည့်နေကြောင်း၊ အကြမ်း ဖက်မှုနှိမ်နင်းရေး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့SCOရဲ့ အကြီးအကဲ (Zhang Xinfeng 
ကျန်ဇီဖန့်)ကပြောပါတယ်။
            အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေကို သွားရောက်ပြီး ပြန်လာသူတွေထဲမှာ တရုတ်နိုင်ငံသားတွေပါဝင်တယ်လို့ (ကျန်)
ကို ကိုးကားပီး တရုတ်ဆင်ဟွာ သတင်းက ရေး ပေမယ့် အသေးစိတ်ကို ပြောဆိုခြင်း မရှိပါဘူး။ ဒီစစ်သွေးကြွတွေနဲ့ ပတ်သက်
ပြိး ဒီတပတ်တွင်း ပြုလုပ်မယ့် သူတို့ရဲ့ SCO အဖွဲ့ညီလာခံမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းကို ပြန်လာကြတဲ့ စစ်
သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ နိုင်ငံတွေကတော့ တရုတ် ၊ ရုရှား ၊ ကာဇစ်စတန်၊ တာဂျစ်ကစ္စတန်၊ ခါဂျစ္စတန် နဲ့ 
ဥပါကစ္စတန် နိုင်ငံတွေဖြစ်ကြပါတယ်။
ဗီယက်နမ်နှင့် ပွဲအတွက် ယုံကြည်မှု မလွန်ကဲကြောင်း မြန်မာ ယူ - ၁၉ နည်းပြပြောကြား
မြန်မာနှင့်ပွဲမှာ အလွန်ခက်ခဲသော စိန်ခေါ်မှုဖြစ်ပြီး ဗဟိုနောက်ခံလူတစ်ဦး ဒဏ်ရာရရှိထားကြောင်း ဗီယက်နမ်နည်းပြဆို
အာဆီယံ ယူ - ၁၉ အကြိုဗိုလ်လုပွဲ မကစားမီ မီဒီယာ တွေ့ဆုံပွဲ၌ မြန်မာ ယူ - ၁၉ လက်ရွေးစင် အသင်းနည်းပြ 
ဂတ်ဖရိုင်းဒရစ်က မိမိတို့ အနေဖြင့် သေချာပေါက် ဗိုလ်လုပွဲ တက်မည်ဟု ယုံကြည်မှု မလွန်ကဲကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ (၁၁)ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်ရှိ မိုင်ဒင်းကွင်းကြီးတွင် ကစားမည့် အကြိုဗိုလ်လုပွဲ
တွင် အိမ်ရှင် ဗီယက်နမ်နှင့် မြန်မာတို့ ရင်ဆိုင် ကစားကြမည် ဖြစ်သည်။ မြန်မာ ယူ - ၁၉ အသင်းသည် ပြီးခဲ့သည့်လက 
ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်လုပွဲ အဆင့်တွင် ဗီယက်နမ် ယူ - ၁၉ ကို (၄-၃)ဖြင့် အနိုင်ရရှိခဲ့ဖူးသည်။
             ပြိုင်ဘက်ဟောင်းနှစ်သင်း သီတင်းပတ် အနည်းငယ်အတွင်း ပြန်လည် ရင်ဆိုင်ချိန်၌ နည်းပြ ဖရိုင်းဒရစ်က 
ဗီယက်နမ်ကို ခက်ခက်ခဲခဲ ကစားရမည်ဟု ကြိုတင် မျှော်လင့်ထားကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။ “အိမ်ရှင် ဗီယက်နမ်
မှာက မြန်နှုန်းမြင့်ပြီး ထူးချွန်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားနိုင်ပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ ကစားသမားတွေက 
ပူးပေါင်းလေ့ကျင့်မှုအတွက် အချိန်အများကြီး ရထားသလို အတူတွဲ ကစားလာတာလည်း ကြာပါပြီ။ ဗီယက်နမ် ယူ - ၁၉ ရဲ့
 ခြေစွမ်းကို ကျွန်တော် အထင်ကြီးမိပါတယ်”ဟု ဂျာမန်ဖွား နည်းပြကြီးက ဆိုသည်။
               မြန်မာအနေဖြင့် ပြီးခဲ့သည့်လက ဗီယက်နမ်ကို နိုင်ထားဖူးသော်လည်း အိမ်ရှင်ပရိသတ် ထောင်နှင့်သောင်းနှင့်ချီ 
လာရောက်အားပေးမည့် မိုင်ဒင်းကွင်းတွင် ကစားရ အလွန်ခက်ခဲနိုင်ကြောင်းလည်း နည်းပြကြီးက ဝန်ခံခဲ့သည်။ ၎င်းက ဘရူနိုင်း
 ဘုရင့်ဖလား ပြိုင်ပွဲ မတိုင်မီက ဂျာမနီ၊ ချက်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိုမန်၊ လာအိုနှင့် ပိုလန် နိုင်ငံများတွင် သွားရောက် 
လေ့ကျင့်ဖြစ်ခဲ့ခြင်းက အတွေ့အကြုံပိုင်း တိုးတက်ဖွံ့ဖြိုးလာစေရန် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်းလည်း မှတ်
ချက်ပြုခဲ့သည်။
              မြန်မာအသင်းတွင် တိုက်စစ်မှူး အောင်သူ၊ ကွင်းလယ်ကစားသမားများ ဖြစ်ကြသည့် ငြိမ်းချမ်းအောင်နှင့် မောင်မောင်စိုး
တို့သည် ဗီယက်နမ်ကို အဓိက ခြိမ်းခြောက် ကစားဖွယ် ရှိသည်။ ပြိုင်ပွဲတွင် မြန်မာအသင်း ရရှိထားသည့် သွင်းဂိုး(၅)ဂိုးအနက် 
အဆိုပါကစားသမားများက (၄)ဂိုး သွင်းယူထားနိုင်ခဲ့သည်။ တိုက်စစ်မှူး အောင်သူသည် ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်လုပွဲတွင် 
ဗီယက်နမ် အသင်းကို အပိတ်ဂိုး သွင်းယူခဲ့သူလည်း ဖြစ်သည်။
               တစ်ဖက်တွင် ဗီယက်နမ် ယူ - ၁၉ အသင်း၏ ပြင်သစ်သားနည်းပြ ဂွီလမ်မီ ဂရေချန်က မြန်မာနှင့် ပြန်လည် ရင်ဆိုင်
ရခြင်းသည် အလွန်ခက်ခဲသော ပွဲစဉ်တစ်ခုဟု ထုတ်ဖော် ဝန်ခံခဲ့သည်။ “အကြိုဗိုလ်လုပွဲမှာ မြန်မာနဲ့ တွေ့ဆုံလာတာက ဗီယက်နမ်
အတွက် အရမ်းခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဗဟိုနောက်ခံလူ ဒေါင်ထရီရူက ညာခြေထောက်မှာ 
ဒဏ်ရာနည်းနည်း ရှိနေပါတယ်”ဟု ဂရေချန်က ဆိုသည်။ ထို့အပြင် ဗီယက်နမ်သည် မြန်မာကို အနိုင်ရရန်အတွက် အလွန်ကျစ်
လစ် ကောင်းမွန်သော စွမ်းဆောင်ရည်မျိုးအပြင် ခံစစ်ပိုင်း၌ အမှားကင်းကင်း ကစားနိုင်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြော
ကြားခဲ့သည်။
               မြန်မာ အသင်းအနေဖြင့် ဗီယက်နမ် ယူ - ၁၉ အသင်းခေါင်းဆောင်ဖြစ်သည့် ကျောနံပါတ်(၁၀) တိုက်စစ်မှူး ငုယင်
ကောင်ဖောင်းကို အထူးတလည် သတိပြု ထိန်းချုပ်ရဖွယ် ရှိနေသည်။ ယခုပြိုင်ပွဲတွင် အထူးတလည် ခြေစွမ်းပြ ကစားနေသည့် 
ကောင်ဖောင်းကို ဗီယက်နမ်နှင့် အင်္ဂလိပ် သတင်းစာ အချို့က ဗီယက်နမ်၏ လီယွန်နယ် မက်ဆီအဖြစ် ညွှန်းဆို ရေးသားခဲ့ကြ
သည်။ ၎င်းသည် ဩစတြေးလျနှင့် ပွဲစဉ်တွင် ခံစစ်မှူး (၃)ဦးကို လိမ်ခေါက်ကျော်ဖြတ်ကာ ဂိုးတိုင်ထောင့်ထဲ ဝေ့ဝိုက်ကန်ချက်ဖြင့်
 ဂိုးသွင်းခဲ့သလို ဂျပန်နှင့်ပွဲတွင်လည်း နည်းစနစ်ပိုင်း ပိုင်နိုင်ကျွမ်းကျင်သော ပင်နယ်တီ သွင်းဂိုးတစ်ဂိုးကို ရယူပြနိုင်ခဲ့သည်။
ကောင်ဖောင်းသည် လက်ရှိတွင် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း အာဆင်နယ်၏ ဗီယက်နမ် အခြေစိုက် အကယ်ဒမီ 
အသင်းဖြစ်သည့် ဟွန်အန်းဂိုင်လိုင် အသင်းတွင် ကစားလျက် ရှိသည်။ Daily Express သတင်းစာမှ အဲလက်စ်ဟားရစ်က ကောင်
ဖောင်းနှင့် ပတ်သက်ပြီး “သူ့နာမည်ကို အာဆင်နယ် ပရိသတ်တွေ စိမ်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီချာတိတ်လေးဟာ မကြာခင်မှာ 
အာဆင်နယ်ရဲ့ ကြယ်တစ်ပွင့် ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ သူဟာ AFF ယူ - ၁၉ ဖလားပြိုင်ပွဲမှာ လူငယ် လက်ရွေးစင် အသင်း
အတွက် ဩစတြေးလျဘက်ကို လှလှပပ ဂိုးတစ်ဂိုး သွင်းယူပြခဲ့တယ်။ ပြိုင်ဘက် ကစားသမားတွေကို လှည့်ပတ်ထိုးဖောက်ပြီး 
ဧရိယာထဲကနေ သပ်သပ်ရပ်ရပ် အပြင်းကန်သွင်းသွားခဲ့တာပါ”ဟု ချီးကျူး ရေးသားထားသည်။
_ 7daydaily
Wednesday, September 10, 2014
ကန်ဥပဒေကြမ်း မြန်မာအစိုးရဝေဖန်
                အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရရဲ့ စစ်တပ်နဲ့ အနီးကပ်ဆက်ဆံပြီး အကူအညီပေး
တာမျိုးတွေ မလုပ်ဘူးဆိုတဲ့ အချက်တွေ အပါအ၀င် ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ
 မူကြမ်းကို အမေရိကန် အောက်လွှတ်တော် အမတ်တွေက စက်တင်ဘာလ ၉ ရက်နေ့တုန်းက ဆွေးနွေးခဲ့ကြပါတယ်။ 
အခုလို မြန်မာအစိုးရ စစ်တပ်နဲ့ ဆက်ဆံရေးအပေါ် ကန့်သတ်တာဟာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုပါ
 ထိခိုက်နိုင်တယ်လို့ မြန်မာသမ္မတရုံးက အကြီးတန်းအရာရှိတဦးက တုံ့ပြန်လိုက်ပါတယ်။
             ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးမှာ အာဏာရှင်အကြွင်းအကျန် လုပ်ရပ်တွေ ဆက်ရှိနေဆဲဆိုရင်တော့ ကူညီပေး
နေတာတွေကို ပြန်စဉ်းစားရမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်တွေက သုံးသပ်ပါတယ်။ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ 
ဆွေးနွေးမှုတွေအပေါ် တုံ့ပြန်ချက်တွေကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က 
သတင်းပေးပို့ထားပါတယ်။
             မြန်မာနိုင်ငံအနေနဲ့ အပြောင်းအလဲတွေ လုပ်လာပေမဲ့ အခုနောက်ပိုင်းမှာ အားရစရာ မရှိတာကြောင့် အမေရိကန်
 အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အကူအညီပေးမှုမျိုးတွေ ဆက်လက် မလုပ်ဆောင်ဖို့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ 
အမေရိကန်အမတ်တွေက အမေရိကန် လွှတ်တော်မှာ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ 
သမ္မတရုံး အကြီးတန်းအရာရှိတဦးကတော့ အမေရိကန် လွှတ်တော်အမတ်တွေရဲ့ ပြောဆိုချက်ကို ပယ်ချလိုက်ပါတယ်။ 
အခုလို ဆောင်ရွက်ချက်ဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်အတွင်းက နိုင်ငံရေးအားပြိုင်မှုဖြစ်ပြီးတော့  မြန်မာနိုင်ငံအနေနဲ့ 
အခုလို လုံခြုံရေးအရ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ လျစ်လျူရှုဖို့ တိုက်တွန်းတာတော့ မေးခွန်းထုတ်စရာ ကောင်း
တယ်လို့ ပြောပါတယ်။
                 “နံပါတ်တစ်အချက်ကတော့ သူတို့ရဲ့ internal politics ပေါ့နော် အမေရိကန်က နိုဝင်ဘာမှာ လွှတ်တော်ရွေး
ကောက်ပွဲတွေ ကျင်းပတော့မယ့်ကာလအတွက် ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် Joseph Crowley တို့ ဘာတို့ဆိုတာက 
အစဉ်တစိုက်ပေါ့နော် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ negative ရှုထောင့်ကနေ လုပ်လာတဲ့သူတွေပေါ့နော်။ ဒီအိုဘား
မားရဲ့ foreign policy မအောင်မြင်ဘူးဆိုတာ ပြသချင်တဲ့ သဘောနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို သူတို့က 
ပိုပြီးတော့ ယုတ်လျော့အောင် အဲ့လိုလုပ်တယ်လို့ မြင်ပါတယ်။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်သင့်
ဘူးဆိုပြီးတော့ ပြောတဲ့စကားက ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒ အထူးသဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်
တဲ့ အမေရိကန်ရဲ့ strategy နောက်တခုက policy ဒါတွေက မကိုက်ညီဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံကို လုံခြုံရေးဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်မှုတွေ ကူညီပေးဖို့၊ လုပ်ပေးဖို့ ကန့်ကွက်တယ်ဆိုတော့ ဒီပြောသွားတဲ့ပေါ့နော် ကန့်ကွက်တယ်ဆိုတော့ ပြော
သွားတဲ့၊ ကန့်ကွက်တဲ့ congress က အမတ်တွေပေါ့နော် နောက် သူတို့ကို ကိုယ်စားပြုတဲ့ ပါတီတွေ၊ နောက် သူတို့ကို 
ကိုယ်စားပြုတဲ့ institution တွေရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ရပ်တည်ချက် မေးခွန်းထုတ်စရာ ဖြစ်နေ
တယ်။”
         ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်ကစလို့ အမေရိကန်အစိုး
ရက မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲကျင့်သုံးပြီးနောက်မှာ အစိုးရရဲ့ ခြေလှမ်းတွေဟာ မြန်မာကို လိုက်လျော
လွန်းတယ်ဆိုပြီး အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်တွေက စောင့်ကြည့် ဝေဖန်နေတာပါ။ အမေရိကန် လွှတ်တော်ဘက်
က မြန်မာစစ်တပ်ကို အကူအညီ မပေးသင့်ဘူးလို့ ကန့်သတ်တာဟာ မဖြစ်သင့်ဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာအကဲဖြတ် 
ဦးတင်မောင်သန်းက ရှုမြင်ပါတယ်။
                “ကျနော့်သဘောဆိုရင်တော့ အကူအညီ ပေးဖို့ သင့်တယ်လို့ ထင်ပါတယ်။ လက်ရှိ ကမ္ဘာမှာ စဉ်းစားနေတဲ့ နိုင်ငံတ
ကာက စဉ်းစားနေတဲ့ အနေအထားကိုလည်း နားလည်ကြည့်ဖို့ အများကြီး လိုလာတယ်။ အဲ့ဒီအတွက် ကျနော်တို့ ပညာပေးတဲ့
ကိစ္စကအစပေါ့နော် အထောက်အကူတွေ လိုတယ်။ အဲ့ဒါက စစ်တပ်ကိုမှ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အကူ
အညီပေးတယ်ဆိုတဲ့ နေရာမှာလည်းပဲ အရပ်ဖက်အဖွဲ့အစည်းတွေကို ပေးရတာလည်း ပါပါတယ်။ ဒါကတချက်။ ဒုတိယတချက်
က ဘာလဲဆိုရင် ဒီ ဒီမိုကရေစီ အကူးအပြောင်းမှာ အရပ်ဖက်၊ စစ်ဘက် ဆက်ဆံရေးဟာ အရေးကြီးပါတယ်။ ဆိုတော့ မြန်မာ
ပြည်က အရပ်ဖက်မှာရော လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဘယ်လောက်အထိ သိနားလည်သလဲလို့ ကြည့်လိုက်လို့ရှိရင် အားနည်း
ချက်တွေ ကျနော်တို့ အများကြီး တွေ့ရတယ်။ လုံခြုံရေးကဏ္ဍကြီးတခုလုံးကို ပြုပြင်ပြောင်းလဲဖို့က လိုအပ်နေတယ်။ ဒါကြောင့်
မို့လို့ နိုင်ငံတကာ အကူအညီတွေက အင်မတန်မှကို အရေးကြီးပါတယ်။”
             တဘက်မှာတော့ အမှန်တကယ်သာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲနေတယ်ဆိုရင် အကူအညီ  ပေးနိုင်ပေမဲ့ အာ
ဏာရှင် အကြွင်းအကျန် လုပ်ရပ်တွေ ဆက်ရှိနေသေးရင်တော့ အကူအညီပေးမှုတွေကို ပြန်စဉ်းစားရမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်
 ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။“ဒီလိုဗျ ကျနော်တို့က အင်
မတန် ရှင်းပါတယ်။ ပြုပြင်ပြောင်းလဲရေးကို မှန်မှန်ကန်ကန် လုပ်ရင် အဲ့ဒါဆိုရင် ပူးပေါင်းဆောင်ရွက်ပေးရမယ်၊ အားပေးအားမြှောက်
လည်း လုပ်ရမယ်။ ဒါက ရှင်းတယ်။ နောက်တခုကကျတော့ မမှန်မကန် နည်းလမ်းတွေ ကျန်ရှိနေမယ်၊ လုပ်သင့်လုပ်ထိုက်တာ
တွေကို မလုပ်နိုင်သေးဘူးဆိုရင်လည်း သူ့အတွက် ဖိအား တစုံတရာပေးဖို့အတွက် ယန္တရားတခုကတော့ လိုတာပဲလေ။ မှန်ကန်တဲ့
ပြောင်းလဲရေးတွေ မလုပ်ကြဘဲနဲ့နော် အာဏာရှင်ရဲ့ အကြွင်းအကျန်တွေ၊ ပုံသဏ္ဍာန်တွေ၊ လုပ်နည်းလုပ်ဟန်တွေ ကျန်နေသေး
မယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ ကန့်သတ်မှု၊ တားမြစ်မှုတွေနဲ့ ကြုံရမယ်။ သူ့ဘက်က မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်
တယ်ဆိုရင်လည်း ဖြေလျှော့မှုတွေ ပေးရမှာဖြစ်တယ်။”
              အခု ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေ မူကြမ်းကိုတော့ အောက်လွှတ်တော်ရဲ့ အာရှ-ပစိဖိတ်
ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဌ ရီပတ်ဗလစ်ကန်ပါတီ အမတ် Steve Chabot နဲ့ နယူးယောက်ပြည်နယ် အောက်လွှတ်
တော် ဒီမိုကရက်ပါတီအမတ် Joseph Crowley တို့က ဦးဆောင် တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရဘက်က အခု
လို လိုက်လျောမှုတွေ ရှိခဲ့ပေမဲ့လို့လည်း မြန်မာဘက်ကတော့ ပြောင်းလဲလာတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရဘူးလို့လည်း Mr. Chabot 
က ပြောပါတယ်။
              ဥပဒေကြမ်းထဲမှာတော့ မြန်မာအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ထားဖို့၊ စစ်တပ်
က ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေအချာ လျစ်လျူရှုမထားဖို့နဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု
 ဖြတ်တောက်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီလို အခြေအနေတွေ မရှိသေးတဲ့အတွက်  အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ 
ကူးလူး ဆက်ဆံရေး မလုပ်ဖို့၊ မြန်မာစစ်တပ်ကို မကူညီဖို့ ဒီဥပဒေကြမ်းမှာ ကန့်သတ်ထားတာလို့ ဒီဥပဒေကြမ်းကို ဦးဆောင်တင်
သွင်းသူ Mr. Chabot က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိချိန်တုန်းကတော့
 ဒီမိုကရေစီ ကူးပြောင်းနေတယ်လို့ ပြောဆိုထားတဲ့ မြန်မာအစိုးရရဲ့ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ရှိသင့်
တယ်လို့ ထောက်ပြခဲ့သလို၊ မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကလည်း 
အခုလိုပဲ ထောက်ပြ ပြောဆိုခဲ့ဖူးပါတယ်။
ဗွီအိုအေ
ဂျော့ဘုရင်(၂)သို့ အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ ဂျာမနီက မြန်မာထံ ပေးအပ်
               မြန်မာဘုရင်အလောင်း မင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ၏ ဒုတိယ မြောက်ဂျော့
ဘုရင်ထံသို့ လက်ဆောင်ပေးအပ်ခဲ့သော ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေပေလွှာ၏ ဒစ်ဂျစ်တယ်မိတ္တူကို မြန်မာ
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံပေးအပ်ခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက  သ တင်းထုတ်ပြန်
သည်။ ၁၇၅၆ခုနှစ်တွင်အလောင်း မင်းတရားသည် တန်ဖိုးကြီးမားသော ပတ္တမြား ၂၄လုံးနှင့် ရွှေစင်ရွှေသားဖြင့်ပြု
လုပ်ထားသော ရွှေပေလွှာကို ဂျော့ဘုရင်ထံပေးပို့ခဲ့ခြင်းဖြစ်ပြီး  လက်ရှိအချိန်တွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ စာကြည့်
တိုက်၌  ထိန်းသိမ်းပြသ ထားသည်။
              သန့်စင်သည့် ရွှေအစစ်ဖြင့် ပြုလုပ်ထားပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိပြီး   ရှားပါးသော သမိုင်းဝင်အ
မွေအနှစ်ပစ္စည်း လည်းဖြစ်သော အဆိုပါရွှေပေ လွှာမိတ္တူကို မြန်မာနိုင်ငံသို့ ပေး အပ်နိုင်ရန် ဂျာမနီနိုင်ငံခြားရေး ၀န်ကြီး
ဌာနနှင့် သမိုင်းဝင်စာရွက် စာတမ်းများ ထိန်းသိမ်းစောင့် ရှောက်သည့် ဂျာမနီမှ Gottfried Wihelm Leibiniz စာကြည့်တိုက်
 တို့ ပူးပေါင်း၍ 3D ဒစ်ဂျစ်တယ် နည်းပညာဖြင့် မိတ္တူကူးယူခဲ့ခြင်း ဖြစ်သည်။
               ရွှေပေလွှာလွှဲပြောင်းပေး အပ်ရေးအတွက် ၂၀၁၃ခုနှစ်က တည်းက မြန်မာနိုင်ငံယဉ်ကျေးမှု ၀န်ကြီးဌာနနှင့်
 ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနတို့ စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ပြီး ဂျာမနီ-မြန် မာသံတမန်ဆက်ဆံရေး  နှစ် (၆၀)အထိမ်း
အမှတ်အခမ်းအနားတွင် ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူကို ပေးအပ်ခြင်းဖြစ်သည်။
                  ဂျာမနီသမ္မတ ဂျိုအာဂျင် ဂေါက် မြန်မာနိုင်ငံသို့ လာ ရောက်သည့် ခရီးစဉ်ကတည်းက ယင်းရွှေပေလွှာမိတ္တူကို
 ပေးအပ် လိုက်ကြောင်း ကမ်းလှမ်းပြော ကြားခဲ့သည်ဟု မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီး ဌာနမှ အဆင့်မြင့်
အရာရှိတစ်ဦး ကပြောကြားသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ ကျော်က မြန်မာ့လက်မှုအနုပညာ ကို လေ့လာနိုင်မည့်ရွှေပေ
လွှာ၏ သုံးဖက်မြင်ဒစ်ဂျစ်တယ်မိတ္တူကို ရန်ကုန်မြို့တွင် ခေတ္တပြသ၍ နေ ပြည်တော်ရှိ အမျိုးသားပြတိုက်၌ ပြသထားမည်ဖြစ်
သည်။ ရွှေပေလွှာဒစ်ဂျစ်တယ်မိတ္တူ ပေးအပ်ခြင်းသည် နှစ်နိုင်ငံယဉ် ကျေးမှုဖလှယ်ရေးအတွက်အ လွန်အရေးကြီးသောဆောင်
ရွက် မှုဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သောယဉ်ကျေးမှုဖလှယ်ရေးသဘောတူညီ မှုမှာ  တိုးတက်ကောင်းမွန်
လာနေ ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန် ကြီိးကပြောသည်။
                ‘‘ခုပြန်ပေးတာကို ယဉ်ကျေး မှုဝန်ကြီးဌာနကို ပြန်လွှဲမှာပေါ့။ ပြီးတော့ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းစဉ်တွေကို
 ယဉ်ကျေး မှုကလည်း လုပ်မှာပေါ့။ ပထမ ဆုံးရွှေပေလွှာကို ရန်ကုန်အမျိုး သားပြတိုက်မှာ ပြသမယ်။ ပြီးရင် နေပြည်တော်က 
အမျိုးသားပြ တိုက်မှာ ထိန်းသိမ်းသွားမှာဖြစ် တယ်။ ဒီပေလွှာပြန်ပေးအပ်တဲ့ ကိစ္စက မြန်မာ−ဂျာမနီ နှစ်နိုင်ငံ ကြားက ချစ်ခင်ရင်း
နှီးမှုနဲ့ ပူး ပေါင်းဆက်ဆံရေးတိုးမြှင့်ခြင်း အတွက် ယဉ်ကျေးမှုတံတားထိုး လိုက်တာတစ်ခုပဲ’’ဟု ၎င်းက ပြောကြားသည်။
သမ္မတဦးသိန်းစိန်သည် ဂျာ မနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန် နိုင်ငံတို့သို့ ဆယ်ရက်ကြာခရီး သွားရောက်နေပြီး သမ္မတ၏ ဂျာမနီ
ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံခြား ရေးဝန်ကြီးဌာနက နှစ်နိုင်ငံသံတ မန်ဆက်ဆံရေးအစပြုခဲ့သည့် နှစ် (၆၀) အထိမ်းအမှတ်အဖြစ် 
နှစ် နိုင်ငံအကြားပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ ယဉ်ကျေးမှုမြှင့်တင်ရေး ပြပွဲကို စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပြပွဲ
တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး စတိုင်းလိုင်က မြန်မာနိုင်ငံခြားရေးဝန် ကြီးကို ပေးအပ်ခဲ့ခြင်းလည်းဖြစ် သည်။ မြန်မာ-ဂျာမနီနှစ်နိုင်
ငံ ကြား ယဉ်ကျေးမှုအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသဘော တူညီချက်ကို ၂၀၁၃ ခုနှစ်က ရေး ထိုးခဲ့ပြီး ယင်းသဘောတူညီ
ချက် အရ နှစ်နိုင်ငံတက္ကသိုလ်များကြား ပူးပေါင်းဆောင်ရွက်မှုများ တိုး တက်လာနေပြီး သတင်းစာဆရာ များအား လေ့လာရေးခရီး
စဉ် ဖိတ် ခေါ်မှုများလည်းရှိနေကြောင်း ဂျာ မနီနိုင်ငံခြားရေးဝန်ကြီး စတိုင်း လိုင်ကပြောကြားကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန
              Goethe-Institute  ကိုလည်း ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်သွားမည်ဟု၎င်းကဆိုသည်။ မြန်မာနိုင်ငံသည် အသွင်ကူး 
ပြောင်းရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်တည်းက စတင်ခဲ့ပြီး ဂျာမနီနိုင်ငံက မြန်မာနိုင်ငံ၏ စီး ပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု တို့
တွင် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ထောက်ခံ ကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ထောက်ပံ့မှု
 များဆက်လက်ပြုလုပ်မည်ဖြစ် ကြောင်း ဂျာမနီနိုင်ငံခြားရေး ၀န်ကြီးက ကတိပြုပြောကြား ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြ
ထားသည်။
Ref: 7daydaily
Monday, September 8, 2014
လူသားနဲ့ချက်ပြုတ်ထားတဲ့ အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်ကို ရဲတွေဝင်ရောက်ဖမ်းဆီးနိုင်ခဲ့
               စားသုံးသူတွေကို လူသားနဲ့ တည့်ခင်းဧည့်မှုပြုနေခဲ့တဲ့ နိုင်ဂျီးရီးယားစားသောက်ဆိုင်တစ်ဆိုင်ကို ရဲတွေ 
ဝင်ရောက်ဖမ်းဆီးနိုင်းခဲ့ပြီးနောက်မှာတော့ အဲ့ဒီဆိုင်ဟာ အပိတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီဆိုင်က စားသောက်ဆိုင်
ပိုင်ရှင် အပါအဝင် အနည်းဆုံး လူ (၁၁) ယောက် ဖမ်းဆီးပစ်ခဲ့ပါတယ်။
             Anambra ပြည်နယ်မှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ ဈေးတန်းတစ်နေရာမှာရှိတဲ့ အဲ့ဒီစားသာက်ဆိုင်က
 တည့်ခင်းတဲ့အသားတွေဟာ နူးညံ့လွန်တာကြောင့် ဖြစ်နိုင်ချေ အခြေအနေကိုစုံစမ်းဖို့  ဒေသခံတွေက ရဲအရာရှိတွေကို
 အသိပေးခဲ့တာပါ။ ဒီဆိုင်ကို ၀င်ရောက်ဖမ်းဆီး စစ်ဆေးမှုအတောအတွင်း အာဏာပိုင်တွေက သွေးပေကျန်နေတဲ့ လူရဲ့
ဦးခေါင်းနှစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်သားဦးထုပ်နှစ်လုံး၊ လက်နက်ခဲယမ်းမီးကျောက်တွေ၊ ဆဲလ်ဖုန်းတွေနဲ့ 
AK-47 နှစ်လက်တို့ကိုလည်း တွေ့ရှိခဲ့ပါတယ်လို့ Nigeria Tribune က သတင်းထုတ်ပြန်ထားပါတယ်။
         ဟိုတယ်နဲ့တွဲရက် ဖွင့်ထားတဲ့ စားသောက်ဆိုင်ဟာ ဈေးနဲ့ အရမ်းနည်းကပ်တာကြောင့် ဈေးလာဝယ်တိုင်း ဟိုတယ်
မှာ ရှုပ်ရှုပ်ရှပ်ရှပ် အဝင်၊ အထွက်၊ ကလန်ကဆန် အမူအကျင့်တွေနဲ့ ညစ်ပစ်ပေရေနေတဲ့ လူတွေ ဟိုတယ်ထဲ အမြဲဝင်၊ထွက်
သွားလာနေကြတာကို အနီးအနားက လူတွေ သတိထားမိခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ရဲတွေ ဒီကြောင်းကို ရိပ်မိတဲ့အခါ 
အံ့သြမှု မဖြစ်ခဲ့ပါဘူးလို့ အဲဒီမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်တစ်ယောက်က Osun Defender ကို ပြောပြခဲ့တယ်။
စားသောက်ဆိုင်မှာ လာစားတဲ့သူတွေကတော့ သူတို့စားတဲ့အသားတွေဟာ  လူသားဖြစ်ကြောင်း အမှန်တကယ် မသိခဲ့ကြပါ
ဘူး။ အဲ့ဒီအသားကို စားသုံးခဲ့တဲ့ သူတွေထဲမှာ ခရစ်ယာန်တရားဟော ဆရာတစ်ဦးလည်း ပါဝင်ခဲ့တယ်။ "ဒီဟိုတယ်ကို ဒီနှစ်
အစောပိုင်းမှာ သွားရောက်ခဲ့တာဖြစ်ပြီး အသားတစ်တုံးကိုနိုင်ဂျီးရီးယား ငွေ ၇၀၀ နဲ့ ရောင်းတယ်လို့ ပြောတော့ အတော်လေး
 အံ့အားသင့်သွားတယ်။ ဒါ့ကြောင့် အဲဒီလောက်ဈေးကြီးပေးပြီး စားခဲ့တဲ့အသားက လူသားဖြစ်မှန်း မသိခဲ့ဘူး"လို့ သူက ပြော
ဆိုခဲ့ပါတယ်။
              မကြာသေးမှီ အချိန်ကမှစပြီး အဖြစ်များလှတဲ့ ဇာတ်တူသားစားတဲ့ အဖြစ်အပျက်ကိစ္စတွေကြောင့် ပြည်သူတွေကြား
 ဒေါသမီး ဟုန်းဟုန်းတောက်လောင်ခဲ့ပါတယ်။ သို့ပေမဲ့ ဒီအဖြစ်အပျက်ဟာ  နိုင်ငံထဲ သတင်းထုတ်ခြင်းခံရတဲ့ ပထမဦး ဆုံးအ
ဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။
Trend Myanmar
MH370 ဦးတည်ပျံသန်းသွားသည့် လမ်းကြောင်း (၁၀၀၀)မျှ ရှိနိုင်ကြောင်း ကျွမ်းကျင်သူ မှတ်ချက်ပြု
              ပျောက်ဆုံးနေသည့် MH370 လေယာဉ် ဦးတည်ပျံသန်း သွားနိုင်သည့် လမ်းကြောင်းပေါင်း (၁၀၀၀)မျှကို 
ထည့်သွင်း စဉ်းစားရလိမ့်မည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြု ပြောကြားခဲ့သည်။ မလေးရှား လေကြောင်းပိုင် 
MH370 သည် မတ်လ(၈)ရက်က လူပေါင်း (၂၃၉)ဦးကို တင်ဆောင်၍ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်း
ရင်း ပျောက်ကွယ်သွားခဲ့သည်။ ဂြိုဟ်တု ဓာတ်ပုံများကို ကိုးကားပြီးနောက် လေယာဉ်သည် မူရင်းလမ်းကြောင်းမှ 
သွေဖယ်ကာ အိန္ဒိယ သမုဒ္ဒရာဘက် ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယုံကြည်ရသည့်အတွက် အိန္ဒိယ သမုဒ္ဒရာတွင် 
လေယာဉ်ပျက်ကို ကာလရှည်ကြာ စုံစမ်း ရှာဖွေနေသည်။
            ယခုအခါ လေယာဉ်ပျောက်ဆုံးမှု (၆)လ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လေယာဉ်ရှာဖွေရေးတွင် ပါဝင်လုပ်ဆောင်
နေသည့် ဩစတြေးလျ ကူးသန်းသွားလာရေး လုံခြုံမှု ဗျူရိုမှ ပညာရှင် မာတင်ဒိုလန်က မိမိတို့ အနေဖြင့် မမျှော်လင့်
သော ရှုထောင့်မှ ကြုံလာသည့် အခက်အခဲ များစွာကို ကြိုတင် မျှော်လင့်ထားရကြောင်း ဝန်ခံခဲ့သည်။
           “ပြောရမယ်ဆိုရင် တိတိကျကျ သတ်မှတ်လို့ မရတဲ့ ပျံသန်းမှု လမ်းကြောင်းတွေ အများကြီး ကွဲလွဲနိုင်တယ်။ 
လေယာဉ်က ဘယ်လောက်ထိ ဝေးအောင် ပျံသန်းသွားသလဲ၊ ဘယ်ကို ဦးတည်သလဲ ဆိုတာကို မသိနိုင်ဘူး။ စဉ်းစား
ကြည့်ရင် ဖြစ်နိုင်ခြေ လမ်းကြောင်း (၁၀၀၀)လောက် ရှိတယ်။ ဒါဟာ လေယာဉ် တောင်ဘက်ကို ပြန်လှည့်သွားတယ်
ဆိုတဲ့ အချက်ကိုပဲ အခြေခံပြီး စဉ်းစားထားရသေးတာနော်”ဟု ဒိုလန်က ဆိုသည်။ ၎င်းက “ဘယ်သူမှ လေယာဉ်တစ်စီး 
တွေ့လိုက်ပါတယ်လို့ ထုတ်မပြောနိုင်တဲ့ ဧရိယာမျိုးမှာ ကျွန်တော်တို့ လိုက်ရှာနေရတာ။ ငရဲဘုံလို ကြမ်းတမ်းတဲ့ နေရာပဲ။ 
ရာသီဥတုက ဆိုးတယ်။ လုပ်ငန်းစဉ်တွေကလည်း ရှုပ်ထွေးလွန်းတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။
                   လတ်တလောတွင် ဒိုလန်နှင့် အဖွဲ့သည် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းရှိ စတုရန်း ကီလိုမီတာ (၆၀၀၀၀)မျှ 
ကျယ်ဝန်းသော ရေပြင်ဧရိယာကို ဇုန်နေရာ သတ်မှတ်ပြီး လေယာဉ်ကို ရှာဖွေနေကြောင်း သိရှိရသည်။
_Ref: 7daydaily
Sunday, September 7, 2014
ဆိုမာလီal-Shabab ခေါင်းဆောင် သေဆုံးကြောင်း ကန် အတည်ပြု
ဗွီအိုအေ (မြန်မာပိုင်း)
         ဆိုမားလီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် 
စစ်သွေးကြွအဖွဲ့ al-Shabab ခေါင်းဆောင် Ahmed Abdi Godane သေဆုံးသွားကြောင်း အမေရိကန် 
အရာရှိတွေက အတည်ပြု ပြောဆို ပါတယ်။ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးကြောင့်
 Godane သေဆုံးသွားခြင်းဖြစ်ကြောင်း ပင်တဂွန်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် John Kirby က ကြေညာ
ချက်ထုတ်ပြန် ပြောဆိုပါတယ်။
             ဆိုမားလီးယားတောင်ပိုင်းမှာ al-Shabab အဖွဲ့ စည်းဝေးပွဲလုပ်နေတဲ့အချိန် အမေရိကန် မောင်း
သူမဲ့ယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ Al-Shabab
 အဖွဲ့ အားနည်းသွားအောင် အမေရိကန် အနေနဲ့ အမြဲတမ်း ကြိုးပမ်း ဆောင်ရွက်နေခဲ့ကြောင်း သမ္မတ 
Barack Obama ကလည်း သောကြာနေ့မှာ ပြောပါတယ်။
             အမေရိကန်က အခုလို ခေါင်းဆောင်ကို သတ်ဖြတ်လိုက်နိုင်တာဟာ al-Shabab အဖွဲ့အတွက် 
အထိနာစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တခြား ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး Steve Warren ကလည်း 
ဗွီအိုအေကို ပြောပါတယ်။ ဆိုမားလီးယားအစိုးရက Godane ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို လက်ထောက်
ချပေးခဲ့တာဖြစ်ပြီး ၀င်ရောက် တိုက်ခိုက်ခွင့်လည်း ပြုခဲ့ကြောင်း ဆိုမားလီး ၀န်ကြီးချုပ် Abdiweli Sheikh Ahmed 
က ဗွီအိုအေကို ပြောပါတယ်။
Twitter Delicious Facebook Digg Stumbleupon Favorites More