မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Thursday, July 31, 2014
ခမာနီခေါင်းဆောင်တွေ မျိုးတုံးသတ်ဖြတ်မှုနဲ့ရင်ဆိုင်
 ဗွီအိုအေ (မြန်မာပိုင်း)
           ကမ္ဘောဒီးယားနိုင်ငံ ခမာနီအဖွဲ့ထဲက အသက်မသေ ကျန်နေသေးတဲ့ ၀ါအရင့်ဆုံးအဖွဲ့ဝင် နှစ်ဦးအပေါ် 
ဒုတိယအကြိမ် တရားစစ်ဆေးတဲ့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု တရားခွင် စတင်ပြီ ဖြစ်ပါတယ်။
သမ္မတဟောင်း Khieu Samphan နဲ့ အယူအဆရေးရာ အကြီးအကဲ Nuon Chea တို့အပေါ် အစုလိုက်အပြုံလိုက်
 လူသတ်မှုစွဲချက်တွေနဲ့ ဖနွမ်းပင်မြို့တော်တရားရုံးမှာ ဒီကနေ့ စပြီးစစ်ဆေးတာပါ။
             လူသားကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ သူတို့နှစ်ဦးအပေါ် ကနဦး တရားစွဲခဲ့တာဟာ ပြီးခဲ့တဲ့နှစ်မှာ 
အဆုံးသတ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီကနေ့ တရားခွင်ကို 
Nuon Chea မလာခဲ့ဘဲ Khieu Samphan ကတော့ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့အတူ တရားခွင်မှာ လိုက်လံ မှတ်သားနေပြီး
တော့ ကျန်းမာရေးကောင်းတဲ့ပုံ ရပါတယ်။
             အခု ဒုတိယအကြိမ် တရားခွင်မှာ ကမ္ဘောဒီးယားနွယ်ဖွား ဗီယက်နမ်လူမျိုးတွေနဲ့ တိုင်းရင်းသား Cham မူဆ
လင်လူနည်းစု ထောင်ပေါင်းများစွာတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် အထူး စစ်ဆေးမှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံတခုအဖြစ် ထူထောင်ဖို့ ကြိုးစားခဲ့တဲ့ ခမာနီအစိုးရ လက်ထက်အတွင်း ကမ္ဘောဒီး
ယားလူမျိုး ၂ သန်းလောက်အထိ သေဆုံးခဲ့ရပါတယ်။
ဧရာဝတီတိုင်းအတွင်းမှ ရခိုင်ကိုယ်စားလှယ် ( ၇ ) ဦး ANP ညီလာခံသို့ တက်ရောက်ခွင့်ရမည်
နိရဉ္ဇရာ / ဇူလိုင် ၃၁ / ၂၀၁၄
               ရခိုင်ကျေးရွာပေါင်း ( ၁၅၀ ) ခန့်တည်ရှိသော ဧရာဝတီတိုင်းမှ သံတွဲမြို့ ၊ ငပလီတွင်ပြုလုပ်မည့် 
ရခိုင်အမျိုးသားပါတီ ( ANP ) ညီလာခံသို့ ကိုယ်စားလှယ် ( ၇ ) ဦးကို နက်ရောက်ခွင့်ပြုမည်ဟု သိရသည် ။
"" ဘယ်မြို့နယ်တွေက ရခိုင်ကိုယ်စားလှယ်တွေဆိုတာကိုတော့ ပြောဖို့ခက်နေတယ် ။ ဧရာဝတီတိုင်းမှာ ရခိုင်
ကျေးရွာပေါင်း ( ၁၅၀ ) ခန့်ရှိပြီး အဲဒီရွာတွေအထဲက ရွေးချယ်သတ်မှတ်မှာဖြစ်ပါတယ် ။ ဧရာဝတီတိုင်း ရခိုင်
အမျိုးသားပါတီကို နီးစပ်ရာ ကျေးရွာတွေအလိုက် အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး အဲဒီအထဲက မြို့နယ် / ခရိုင်အဆင့်
 ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ် "" ဟု ANP စည်းရုံးရေးခရီးစဉ်ဆင်းခဲ့သူ ဦးလှမြင့်
က ပြောသည် ။
           ရခိုင်အမျိုးသားပါတီအနေဖြင့် ညီလာခံသို့တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ရာတွင် 
မြို့နယ် တစ်မြို့နယ်စီကို ( ၅ ) ဦး ၊ ခရိုင်တစ်မြို့စီကို ( ၇ ) ဦး သတ်မှတ်ထားပြီး ဧရာဝတီတိုင်းကိုလည်း 
ရန်ကုန်တိုင်းနည်းတူ ခရိုင်အဆင့်ဆင့် သတ်မှတ်ထားသဖြင့် ကိုယ်စားလှယ် ( ၇ ) ဦးသာ စေလွှတ်ခွင့်ရမည်
ဖြစ်သည် ။
       "" ဧရာဝတီတိုင်းက ရခိုင်ကျေးရွာတွေအနေနဲ့ အခုအချိန်ထိ ရခိုင်လိုပြောဆို ၊ ရခိုင်လိုစားသောက်နေထိုင်
တာတွေကို တွေ့ရတယ် ။ အခုလို ကျွန်တော်တို့ဆင်းပြီး ရခိုင်လူထုနဲ့ တွေ့ဆုံပွဲလုပ်တော့ အထူးအားရကျေနပ်
ပါတယ် ။ အားပေးထောက်ခံကြပါတယ် "" ဟု ဆိုသည် ။
           ဧရာဝတီတိုင်းတွင် ရခိုင်ကျေးရွာအုပ်စုပေါင်း ( ၃၃ ) စုရှိပြီး ကျေးရွာပေါင်း ( ၁၅၀ ) ခန့် ရခိုင်လူဦးရေ
 ( ၆ ) သောင်းခန့်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဘကြူကို ကိုးကားပြီး
 ဦးလှမြင့်ကပြောသည် ။ စုစုပေါင်း တိုင်းလုံးကျွတ်လူဦးရေ ( ၆ ) သန်းရှိရာ ကရင်လူဦးရေမှာ ( ၁၃ ) သိန်းရှိ
သည်ဟု သိရှိရသည် ။
သမ္မတ အိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်
             သမ္မတ ဘာရတ်အိုဘားမားကို တရားစွဲဆိုရန် အဆိုတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်တွင် 
မဲခွဲဆုံးဖြတ်ရာ အောင်မြင်မှု ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။ အိုဘားမား အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့် အာ
ဏာများကို ဘောင်ကျော် အသုံးချခဲ့ကြောင်း စွဲချက်တင်ရန် အဆိုပြုခဲ့ပြီး အောက်လွှတ်တော်တွင် မဲခွဲရာ (၂၂၅)
မဲ၊ (၂၀၁)မဲဖြင့် အနိုင်ရရှိခဲ့သည်။ အိုဘားမား၏  ဒီမိုကရက်တစ် မဟာမိတ်များက ကန့်ကွက်နေသည့်တိုင် အောက်
လွှတ်တော် ရှေ့နေများသည် အဆိုပါ စွဲချက်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို စုစည်းပြီး စွဲချက်အတွက် 
မူကြမ်းရေးသား ပြင်ဆင်နိုင်တော့မည် ဖြစ်သည်။
                 အိုဘားမားသည် ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသစ် ပြဋ္ဌာန်းရေးအတွက် အားထုတ်ခဲ့ရာတွင် 
အာမခံဆိုင်ရာ အချိန်သတ်မှတ်ချက် တစ်ခုကို နှောင့်နှေးသွားစေရန်အတွက် လုပ်ပိုင်ခွင့်များကို ဘောင်ကျော် အ
သုံးချခဲ့ကြောင်း အဆိုတင်သွင်းသူများက စွပ်စွဲခဲ့သည်။ သမ္မတကမူ အဆိုပါ အားထုတ်မှုသည် အချိန်ဖြုန်းခြင်းသာ 
ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
                “ဒါက နိုင်ငံရေး စတန့်ထွင်မှုတစ်ခုဆိုတာ လူတိုင်းသိတယ်။ တကယ်လို့ သူတို့ဘက်က ဘာမှမလုပ်ဘူး
ဆိုရင် ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် ဆက်လုပ်မှာပဲ။ တကယ်တမ်း အလုပ်ကြိုးစားတဲ့ မိသားစုတွေကို အကူ
အညီ ပေးနိုင်မယ့် စီမံလုပ်ဆောင်မှု (၄၀)ကျော်ကို ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ။ အဲဒါတွေက ခင်ဗျားတို့ ကွန်ဂရက် ဘာ
မှမလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ခဲ့တာ ဖြစ်တယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။
                   အမေရိကန် နိုင်ငံရေး သမိုင်းကြောင်းတွင် အောက်လွှတ်တော်က လက်ရှိ အာဏာရ သမ္မတကို အာဏာ
အသုံးပြုမှုဆိုင်ရာ တရားစွဲဆိုမှုတစ်ရပ် အကောင်အထည် ဖော်ခြင်းသည် ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်။ အတိုက်
အခံ ရီပတ်ဘလစ်ကန်တို့က အိုဘားမားသည် သမ္မတ တစ်ဦး၏ လုပ်ပိုင်ခွင့်ကို တစ်ကြိမ်ထက်မက ဘောင်ကျော် 
အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
                   အိုဘားမားသည် ၎င်းတာဝန်ယူခဲ့သည့် သမ္မတသက်တမ်း (၆)နှစ်အတွင်း စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်
ထုတ်ပြန်မှု (၁၈၃)ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ဂျော့ဘုရှ် သမ္မတအဖြစ် တာဝန်ယူခဲ့သည့် (၈)နှစ်အတွင်း ယင်းအမိန့်မျိုး 
ထုတ်ပြန်မှု (၂၉၁)ကြိမ် ရှိခဲ့ဖူးပြီး ရော်နယ်လ်ရေဂင် လက်ထက်ကမူ (၃၇၁)ကြိမ်ထိ ရှိခဲ့ဖူးကြောင်း သိရှိရသည်။
_Ref: BBC
အစ္စရေးကို လက်နက်ခဲယမ်း ဖြည့်တင်းရောင်းချရန် အမေရိကန် သဘောတူ
            လက်နက်ခဲယမ်း ပြန်လည် ဖြည့်တင်းနိုင်ရေး အကူအညီပေးရန် အစ္စရေး၏ တောင်းဆိုမှုကို 
အမေရိကန်က သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။ ဂါဇာရှိ ကုလသမဂ္ဂ ကျောင်းတစ်ကျောင်းကို 
အစ္စရေး လက်နက်ကြီးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း (၁၆)ဦးထက်မနည်း သေဆုံးကြောင်း
 စွပ်စွဲမှုများကို အမေရိကန် အစိုးရက ရှုတ်ချထားသည့်တိုင် ဇူလိုင်(၃၀)ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်
က အစ္စရေးကို စစ်လက်နက်များ ရောင်းချပေးမည့် အစီအစဉ်ကို လက်ခံကူညီပေးရန် သဘောတူညီပြီး
ဖြစ်ကြောင်း ကြေညာခဲ့သည်။
           အိမ်ဖြူတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ကျောင်းဝင်းထဲ လက်နက်ကြီး ပစ်ခတ်မှုကို ဆန့်
ကျင်ကြောင်း ကြေညာထားချိန်တွင် ကာကွယ်ရေးဌာနက အစ္စရေးကို စစ်လက်နက် ထောက်ပံ့မည့် အစီ
အစဉ်ကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေးသည် လတ်တလောတွင် ပါလက်စတိုင်း အခြေစိုက် 
ဟားမားစ် စစ်သွေးကြွတို့နှင့် စစ်ဖြစ်နေပြီး ယင်းအတွက် အမေရိကန်ထံမှ လက်နက်ဝယ်ယူခွင့် တောင်းခံ
ခဲ့ခြင်း ဖြစ်သည်။
             ပင်တဂွန်က ဇူလိုင်(၂၀)ရက်တွင် အစ္စရေးသည် ၎င်းတို့၏ လက်နက်တိုက်ကို ပြန်လည်ကူညီ ဖြည့်
ဆည်းရန် တောင်းဆိုခဲ့ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနက နောက်ထပ် (၃)ရက်အကြာတွင် ကာကွယ်ရေး
 ဝန်ကြီးဌာနက သဘောတူညီခဲ့ကြောင်း ဆိုသည်။ “အမေရိကန် ပြည်ထောင်စုဟာ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေး
အတွက် အခိုင်အမာ ထောက်ခံ ရပ်တည်နေမှာပါ။ အစ္စရေးရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင် 
ထိန်းသိမ်းထားနိုင်အောင် ကူညီရေးဟာ အမေရိကန်ရဲ့ အမျိုးသားရေး အကျိုးစီးပွားတစ်ရပ် အသွင် ဆောင်
ပါတယ်။ ကာကွယ်ရေး ပစ္စည်းတွေ ရောင်းချခြင်းဟာ ဒီလုပ်ဆောင်မှုမှာ အပါအဝင် ဖြစ်ပါတယ်”ဟု ပင်တဂွန် 
ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်းသေနာပတိ ဂျွန်ကာဘီက ပြောကြားခဲ့သည်။
          အမေရိကန်သည် အစ္စရေးတွင် လျှို့ဝှက်လက်နက်တိုက် တစ်ခုကို ထားရှိပြီး အရေးကြုံပါက အစ္စရေး
က ထိုလက်နက်တိုက်မှ ခဲယမ်းမီးကျောက်များကို ဝယ်ယူနိုင်အောင် စီစဉ်ပေးထားသည်။ အစ္စရေးသည် လက်
နက်ခဲယမ်း ဒေါ်လာ တစ်ဘီလီယံဖိုးမျှကို အမေရိကန်ထံမှ ကနဦး ဝယ်ယူဖွယ် ရှိနေကြောင်း သိရသည်။
ဂါဇာတွင် ဇူလိုင်(၈)ရက်က စတင်သော အစ္စရေး ထိုးစစ်ကြောင့် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း
 (၁၃၀၀)ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ တစ်ဖက်တွင် ဟားမားစ်တို့က အစ္စရေး ပိုင်နက်ဘက်သို့ ဒုံးကျည်များ 
ပစ်ခတ်နေဆဲဖြစ်ပြီး နှစ်ဖက်စလုံးက တိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်နေဆဲဖြစ်သည်။
_Ref: 7daydaily
Wednesday, July 30, 2014
( AZG ( MSF ) အဖွဲ့အား ရခိုင်ပြည်သူများ ကန့်ကွက်နှင်ထုတ်လိုက်ရသော အကြောင်းအရင်းနှင့် ၎င်းအဖွဲ့၏ ကုလားအားပေးလှုပ်ရှားခဲ့သော / နောက်ကြောင်းမရှင်းသော ရာဇဝင်သာဓကများ ရှင်းလင်းချက်
 နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ( Medecins Sans Frontieres - MSF ) သည် ၁၉၈၄ ခုနှစ်ကပင် 
ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက်တွင် လုပ်ကိုင်ခဲ့ပါသည် ။ မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် လျှောက်
ထားသောအခါ KNU အဖွဲ့နှင့် ဆက်စပ်မှုရှိနေသဖြင့် မြန်မာအစိုးရမှ ပယ်ချခဲ့ပါသည် ။ အဆိုပါ MSF အဖွဲ့သည် MSF
 အမည်ကို မသုံးတော့ဘဲ "" ဒတ်ခ်ျဘာသာစကား "" ဖြစ်သော ( Artsen Zandar Grenzan - AZG ) အမည်ပြောင်းကို 
အသုံးပြုလျှက် ၁၉၉၀ ပြည့်နှစ် ၊ ဖေဖေါ်ဝါရီလ ( 25 ) ရက်နေ့က စတင်၍ ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ( MOU ) လက်
မှတ်ရေးထိုးပြီး ရခိုင်ပြည်မြောက်ပိုင်း ( ဘင်္ဂလီကုလားများရှိရာ ) သို့ ဝင်ရောက်လှုပ်ရှားခဲ့ပါသည် ။ ထို့ကြောင့် AZG နှင့်
 MSF သည် အတူးတူပင်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လှုပ်ရှားမှုပြုနိုင်ရန် အမည်ပြောင်း လှည့်စားလိုက်ခြင်း
ပင်ဖြစ်ပါသည် ။ AZG ( MSF ) သည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟု အကြောင်းပြထားသော်လည်း ၎င်းတို့၏ 
အဓိကရည်ရွယ်ချက်မှာ "" ဘင်္ဂလီလူမျိုးများ၏ စားဝတ်နေရေး ကျန်းမာရေးနှင့် ရိုဟင်ဂျာလူမျိုးအဖြစ် ကမ္ဘာကသိရှိစေ
ရေးအတွက် ဆောင်ရွက်ပေးရန် "" သာ ဖြစ်သည် ။ ၂၀၁၀ ခုနှစ် ၊ စက်တင်ဘာလ ( 29 ) ရက်နေ့၌ အမေရိကန် ကွန်ဂ
ရက်လွှတ်တော်အမတ် ခရစ္စတိုဖါစမစ်က ကွန်ဂရက်သို့တင်သွင်းသော မြန်မာနိုင်ငံရှိ ဘင်္ဂလီဆိုသူများကို နိုင်ငံသားဖြစ်ခွင့် 
အပြည့်အဝပေးရေး ဆုံးဖြတ်ချက်မူကြမ်းတွင် """ ရိုဟင်ဂျာ ( ဘင်္ဂလီ ) များသည် ကမ္ဘာတွင် မျိုးတုန်းပျောက်ကွယ်လုနီး
ပါးဖြစ်သည့် လူအုပ်စု ( 10 ) မျိုးထဲမှ တစ်မျိုးအပါအဝင်ဖြစ်သည် """ ဆိုသော AZG ( MSF ) ၏ ရီပိုစ့်လိမ် ရေးသားချက်
ကို စဉ်းစားဆင်ခြင်မဲ့စွာ ကိုးကားပြောဆိုသွားခဲ့ပါသည် ။
           AZG ( MSF ) သည် ရခိုင်ဒေသသို့ ဝင်ရောက်လာစဉ်က ဘင်္ဂလီလူမျိုးများကိုသာ ဝန်ထမ်းအဖြစ်ခန့်ထားခြင်း ၊ 
၎င်းတို့ ဖွင့်လှစ်ထားသော ဆေးခန်းများက ရခိုင်လူမျိုးဆိုလျှင် ဆေးကုသပေးရန် ငြင်းဆိုခြင်း ၊ ဘင်္ဂလီကျေးရွာများကိုသာ
 ဘက်လ်ုက်ကူညီပေးခြင်း စသည်ဖြင့် ခွဲခြားဆက်ဆံခဲ့ပါသည် ။ ၂၀၁၂ / ဇွန်လ ပဋိပက္ခတွင် AZG ( MSF ) အဖွဲ့သည် 
ကုလားဘက်က မီးတစ်စအဖြစ် ပါဝင်လှုပ်ရှားခဲ့ပါသည် ။
( 1 ) ၂၀၁၂ ခုနှစ်အတွင်း ရခိုင် - ဘင်္ဂလီကုလား ပဋိပက္ခတွင် သေဆုံး / ပျောက်ဆုံးသည့် ဘင်္ဂလီလူဦးရေ ကျား/မ စာရင်း
ကို လိုက်လံစုံစမ်း ကောက်ခံခြင်း ။
( 2 ) ဘင်္ဂလီကုလားတို့၏ အိမ်ထောင်စုအလိုက် မိသားစုဝင် လူဦးရေနှင့် နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်နေသည့်
 မိသားစုဝင်များ၏ အခြေအနေနှင့် ယခုလက်ရှိ စားဝတ်နေရေးတို့ကို လဝကဋ္ဌာနသဖွယ် မေးမြန်းခြင်း ။ ဘင်္ဂလီမိသားစုဝင်
တစ်ဦးလျှင် တစ်နေ့အတွက် လိုအပ်သည့်ပမာဏကိုကြည့်ပြီး တစ်နေ့တာအတွက် ( 3000 ) ကျပ်စီ ထုတ်ပေးခြင်း ။
( 3 ) နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်သည့်လမ်းကြောင်းနှင့် ငွေကြေးကုန်ကျမှုအခြေအနေ ။ ယခှို / အလုပ်
လက်မဲ့ရှိ / မရှိတို့အား မေးမြန်းခြင်း ။
( 4 ) ၂၀၁၂ ခုနှစ် အဓိကရုဏ်းနောက်ပိုင်း ဖမ်းဆီးခံရသော ဘင်္ဂလီများအား ပြစ်ဒဏ်ချမှတ်ခြင်း အခြေအနေနှင့် ၎င်းတို့၏ မိ
သားစုဝင်များ စားဝတ်နေရေး ၊ အမှုလိုက်ပါဆောင်ရွက်နိုင်ရန် ရှေ့နေငှားရမ်းပေးခြင်း ။ ကမ္ဘာ့လူ့အခွင့်အရေးနှင့် ကုလ
သမဂ္ဂအဖွဲ့အား မဟုတ်မမှန် သတင်းလိမ်တိုင်တန်းခြင်း ။
( 5 ) ဘင်္ဂလီကုလားများအပေါ် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဆက်ဆံမှုအခြေအနေများကို မေးမြန်းစုံစမ်းခြင်းနှင့်ယင်း
အချက်အလက်များကို ကမ္ဘာ့မီဒီယာကြီးများသို့ လိမ်လည်ဝါဒဖြန့်ခြင်း ။
( 6 ) လုံခြုံရေးဆောင်ရွက်နေကြသော အာဏာပိုင်အဖွဲ့များ ဒေသတွင်း လုံခြုံရေးဖြန့်ခွဲချထားမှုများနှင့် ကင်းစခန်းများ ၊ 
လုံခြုံရေးဦးရေ စစ်တပ် / ရဲများ၏ လှုပ်ရှားမှုများအား Map Plan ရေးဆွဲ၍ စောင့်ကြည့်လျှက် မှတ်တမ်းများရယူခြင်း ။ 
( အရေးအကြီးဆုံးအချက်ဖြစ်ပါသည် ။ )))
AZG ( MSF ) အဖွဲ့မှ ၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီလထုတ် "" သတင်းလွှာ "" ၏ ရခိုင်ပြည်နယ်တွင် ဘက်မလိုက်တဲ့ ကျန်းမာ
ရေးစောင့်ရှောက်မှုပေးနေ ဆောင်းပါး၌ "" ရခိုင်ပြည်နယ်က လူမှုအဖွဲ့အစည်းအားလုံးမှာ အဆင့်အတန်းမခွဲခြားပါဘဲ 
အခြေခံဝန်ဆောင်မှုတွေကို ရယူခံစားခွင့်ရှိကြဖို့ အစိုးရမှာ တာဝန်ရှိပါတယ် "" ဟု လမ်းကြောင်းပေးလျှက် ရခိုင်ပြည်နယ်
အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ညီတူညီမျှ ဖြန့်ဝေပေးသင့်သည်ဟု အစိုးရအဖွဲ့ထဲမှပုဂ္ဂိုလ်
များက ထပ်ကာတလဲလဲပြောကြားသည်ကို ၎င်းတို့အနေဖြင့် ဘဝင်မကျပါကြောင်း "" ဘင်္ဂလီကိုသာ ဦးစားပေးကူညီနေရခြင်း
 "" သာ ဖြစ်ကြောင်း ခွဲခြားဆက်ဆံမှုကို အတိအလင်း ဝန်ခံရေးသားထားပါသည် ။ 
အထက်ဖေါ်ပြပါ ဆောင်းပါး၌ပင် ၂၀၁၃ ခုနှစ် ၊ နိုဝင်ဘာလ ( 2 ) ရက်နေ့တွင် ပေါက်တောမြို့နယ်က ဂုံးရှာနေသော ရခိုင်
အမျိုးသမီးအုပ်စုကို ဘင်္ဂလီကုလားများက အကြောင်းမဲ့သက်သက် ဓါးများဖြင့် ဝင်ရောက်ခုတ်ထစ် သတ်ဖြတ်ခြင်းများနှင့်
ပတ်သက်၍ "" ဒေသတွင်း ပြောင်းရွေ့ခံမူဆလင်တွေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေ နှစ်ကြိမ် ပဋိပက္ခဖြစ်ရာမှာ "" 
ဟု မဟုတ်မမှန် ဘင်္ဂလီများဘက်က တစ်ဖက်သတ်ကာကွယ် ရေးသားထားပါသည် ။ အာဏာပိုင်များက လူအုပ်ဖြိုခွင်းပစ်
ရာ၌ သေနပ်ဒဏ်ရာထိမှန်သော ဘင်္ဂလီကုလားများကို AZG ( MSF ) အဖွဲ့က လျှပ်ပြေးရေယာဉ်ဖြင့် ကုလားတန်မြစ်ကို
ဖြတ်၍ ပို့ဆောင်ဆေးကုသပေးခဲ့သော်လည်း ဘင်္ဂလီများက ဓါးဖြင့်ခုတ်လိုက်သည့် ရခိုင်အမျိုးသမီးငယ်ကိုမူ သိပင်မသိဟု
 ထွက်ဆိုထားပါသည် ။ ရခိုင်လူမျိုးများဘက်မှလည်း "" သူတို့မသိဆိုတာ ဟုတ်နိုင်ပါတယ် ။ ဘယ်လိုလုပ်သိမှာလဲ ၊ သူတို့က
 ရခိုင်ရွာဆိုရင် လုံးဝမလာဘဲ ကုလားရွာမှာဘဲ စခန်းချကြတာကိုး "" ဟု ပြောခဲ့ကြပါသည် ။
  13 . 1 . 2014 နေ့က မောင်တောမြို့နယ် ၊ ဒုချီရားတန်းကျေးရွာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း ရက်ရက်
စက်စက် အသတ်ခံရမှုဖြစ်စဉ်တွင် AZG ( MSF ) အဖွဲ့မှ မြန်မာပြည်တာဝန်ခံ "" ပီတာပေါလ်ဒီဂရု "" ရဲတပ်ကြပ်ကြီး အ
သတ်ခံရမှုကို မရေးသားပါဘဲ "" ဒဏ်ရာများ ရရှိခဲ့ကြသော ဘင်္ဂလီလူမျိုး ( 22 ) ဦးကို ဆေးကုသခဲ့ရသည် "" ဟု ကမ္ဘာ့မီဒီ
ယာများသို့ သတင်းလိမ် ဖြန့်ဝေခဲ့ပါသည် ။ထိုကဲ့သို့ မဟုတ်မမှန် ဝါဒဖြန့် သတင်းလိမ်ခြင်းမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း
ကို ဘင်္ဂလီကုလားများက အကြမ်းဖက်သတ်ဖြတ်လိုက်ခြင်းအပေါ် ဖုံးကွယ်သွားအောင် ရည်ရွယ်ချက်ဖြင့် အသုံးချကြံစည်
လိုက်ခြင်းပင်ဖြစ်ပါသည် ။
              အထက်ဖေါ်ပြပါ အလိမ်အပတ် ယုတ်မာမှုများကြောင့် AZG ( MSF ) အဖွဲ့အား ရခိုင်တစ်ပြည်လုံးက ကန့်ကွက်နှင်
ထုတ်ခဲ့ကြခြင်းဖြစ်ပေသည် ။   နိုင်ငံတော်အစိုးရ၏ သမ္မတရုံးမှ လျို့ဝှက် ခုတ်ပြန်စာမှာလည်း "" ရခိုင်ပြည်နယ် ဒုချီးရားတန်း
ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်၍ MSF Holland ( MEDECINA SANS FOONTIERS HOLLAND ) AZG အဖွဲ့မှ ရခိုင်ပြည်နယ် 
ကျန်းမာရေးဦးစီးဋ္ဌာနသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ်၏ လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေး ၊ ငြိမ်ဝပ်ပိပြားရေးနှင့် 
နယ်မြေအေးချမ်းသာယာရေးကို ပျက်ပြားစေရန် ဖြားယောင်းလှုံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး အဖွဲ့တစ်ခု
ကြောင့် လူမျိုးစွဲ ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခမဖြစ်ဖြစ်အောင် သွေးတိုးစမ်း ဖန်တီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သုံးသပ်ရရှိ
သဖြင့် INGO အဖြစ် ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လုပ်ကိုင်မှုများအား ပြည်နယ်အစိုးရမှ လက်ခံခြင်းမပြု
ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလိုက်သည် ။ ( လျို့ဝှက်နံပါတ်ကို သက်သေအဖြစ်ဖေါ်ပြပေးရင် နန်းတွင်းမိညိုအ
တွက် အန္တရာယ်ကြီးပါသည် ။ နားလည်ပေးပါ )
            အထက်ဖေါ်ပြပါ အကြောင်းအရာတို့၏ ဘက်လိုက်မှုဇစ်မြစ် / သတင်းလိမ်မှု / ရခိုင်လူမျိုးများအား ခွဲခြားဆက်ဆံ
မှုတို့အား ဗဟိုအစိုးရက အတိအလင်း ဆုံးဖြတ်ချက်ချပြီးခါမှ ယခုတစ်ဖန် ပြန်လည်ဝင်ရောက်စေမှုသည်ကား ရခိုင်ပြည်နဲ့ 
ရခိုင်လူမျိုးတွေကို အားမနာရာ ရောက်နေသည့်အပြင် ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ ပြည်သူ့ဆန္ဒသဘောထားများကို ချိုးဖေါက်
နေခြင်းသာဖြစ်ကြောင်း နိဂုံးချုပ် တင်ပြလိုက်ပါသည် ။
                မှတ်ချက် === အစ်ကို ဝံသာနု ခရိုစော၏ တောင်းဆိုချက်အတိုင်း / အစ်ကို ဝေဟင်အောင် မရေးတာကြောင့် 
မိညိုရေးသားလိုက်ခြင်း ဖြစ်ပါသည် ။ ဤမျှလောက်နဲ့ ကျေနပ်ပေးကြပါ ။
ကျန်ရှိလိုက်မည်ထင်ကြသော လိုအပ်ချက် အကြောင်းအရာများကို . . .
ဆရာ ဦးသာပွင့်
ဆရာ ဦးသန်းထွန်း
အူးအူး HA DA YA တို့မှ ဖြည့်စွက်ကြပါလိမ့်မေ ။ ( နန်းတွင်းမိညို တာဝန်ပြီးဆုံးပါ၍ ခေါင်းရှောင်ပါတော့မည် ။ )
သူငယ်ချင်းများအားလုံးကို
လေးစားလျှက်
နန်းတွင်းမိညို
MSF ကို ပြန်လည်ဖိတ်ခေါ်ခဲ့ခြင်းအတွက် ဒေသခံများအား ပြည်နယ်ဝန်ကြီးချုပ် တောင်းပန်
             နယ်စည်းမခြား ဆရာ ၀န်များအဖွဲ့ MSF (AZG) အား ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း ပြန်လည်လုပ်
ကိုင်ခွင့် ပြုခဲ့ခြင်းအ တွက် ရခိုင်တိုင်းရင်းသားများ စိတ်ဆင်းရဲခဲ့ခြင်းအပေါ် ပြည် နယ်ဝန်ကြီးချုပ်က တောင်းပန် 
လိုက်ပြီး UN/INGO များ၏ ရခိုင် ပြည်နယ်အတွင်း ဆောင်ရွက်မှု များအတွက် ပြည်နယ်အစိုးရအ ဖွဲ့က လုံးဝတာ
ဝန်ယူကြောင်း က တိပြုလိုက်သည်။
                ပြည်နယ်အစိုးရက MSF (AZG) အဖွဲ့အား ပြန်လည် ဖိတ် ခေါ်ခဲ့သည့်အပေါ် ရခိုင်တိုင်းရင်း သားများ
က ကန့်ကွက်ကြောင်း ဇူ လိုင် ၂၇ ရက်က အကြောင်းကြား စာကို ဇူလိုင် ၁၈ ရက်တွင် ပြန် လည်အကြောင်းပြန်သည့်
စာ၌ အထက်ပါ ကတိက၀တ်များ ထည့် သွင်းရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြန်စာလက်ခံရရှိသူများက ပြော သည်။
အငြင်းပွားဖွယ်ရာ အခြေအ နေများ၊ ဘင်္ဂါလီများအပေါ် ဘက် လိုက်ထောက်ခံမှုများနှင့်ပြည် နယ်အတွင်း နိုင်ငံရေး
ကိစ္စများ ၀င်ရောက်စွက်ဖက်သည်ဟု အ စဉ်တစိုက် ဝေဖန်ခံခဲ့ရသည့် နယ် စည်းမခြား ဆရာဝန်များအဖွဲ့ MSF (AZG) 
ကို အခြား NGO/ INGO များနှင့်အတူ ရခိုင်ပြည် နယ်အတွင်း ပြန်လည်လုပ်ကိုင် ရန် ပြည်နယ်အစိုးရက ဇူလိုင် ၂၃ 
ရက်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
                 ပြည်နယ်အစိုးရ၏ ဖိတ်ခေါ် မှုအပြီးတွင် ရခိုင်တိုင်းရင်းသား များက ကန့်ကွက်မှုများပြုလုပ်ခဲ့ ပြီး ဆရာ
တော်သံဃာတော်များ၊ သက်ကြီးနိုင်ငံရေး အုပ်စုများ၊ မြို့မိမြို့ဖများ၊ စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ တစ်သီး
 ပုဂ္ဂလများက စစ်တွေမြို့၌ ဇူလိုင် ၂၅ ရက်တွင်  စည်းဝေးတိုင်ပင် ခဲ့ပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
             ပြီးခဲ့သည့်လပိုင်းအတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးလှမောင်တင်၏ နေရာတွင် အ စားထိုးခန့်အပ်
ခံခဲ့ရသည့် ဦးမောင် မောင်အုန်း (ဗိုလ်ချုပ်)သည် စစ် တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသား အင်အားစုများထံ အကြောင်းပြန်
 သည့်စာတွင် UN/INGO မည် သည့်အဖွဲ့အစည်းမဆို ဘက် လိုက်မှု၊ ခွဲခြားဆက်ဆံမှု၊ နိုင်ငံ ရေးကိစ္စများကို သွေးထိုး
လှုံ့ဆော် မှုစသည့်ကိစ္စများ လုံးဝမရှိစေဘဲ ပြည်နယ်အစိုးရအဖွဲ့၊ ပြည် ထောင်စုအဆင့် ECC ၊ ပြည်နယ် အဆင့် ECC 
နှင့်အတူ ရခိုင်တိုင်း ရင်းသား မြို့မိမြို့ဖ၊ လူငယ်အဖွဲ့ အစည်းအားလုံး၏ အနီးကပ်ကြပ် မတ်မှုများဖြင့် ရခိုင်တိုင်းရင်း
သား များ၏ ဆန္ဒအတိုင်းသာ အလေး ထားဆောင်ရွက်သွားစေမည်ဖြစ် ကြောင်းလည်း အကြောင်းပြန်ခဲ့ သည်။
ထို့အပြင် UN/INGO များ ၏ ရခိုင်ပြည်နယ်အတွင်း ဆောင် ရွက်မှုများအတွက် ပြည်နယ်အစိုး ရအဖွဲ့က လုံးဝ တာဝန်
ယူကြောင်း ကတိက၀တ်ပြုလိုက်သည်။
                  UN/INGO များသည် ပြည် ထောင်စုအဆင့် အရာရှိများဖြင့် သဘောတူစာချုပ်များ ချုပ်ဆို ထားခြင်းဖြစ်
သောကြောင့် ပြည် နယ်အစိုးရက ၎င်းတို့၏ လုပ်ရပ် များအပေါ် လုံးဝတာဝန်ယူ ကြောင်း ပြောဆိုသည်ကို သံသ ယ
အနည်းငယ်ဖြစ်မိကြောင်း စစ် တွေမြို့၏ မြို့မိမြို့ဖ ဦးသန်းထွန်း က ပြောသည်။
            ‘‘ဒါဝန်ကြီးချုပ်ကို မယုံလို့ ပြောတာမဟုတ်ဘူး။ စနစ်ကို မယုံလို့ ပြောတာပါ’’ ဟု ဦးသန်း ထွန်းက ပြောသည်။
MSF ကိစ္စနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများက မကျေ မနပ်ဖြစ်ပြီး စိတ်ဆင်းရဲ ဒေါသ ဖြစ်မှုများ ဖြစ်ခဲ့ရကြောင်း သိရ 
သည့်အတွက် ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ ၀န်ကြီးချုပ်အနေဖြင့် အမှန်တကယ် လွန်စွာ စိတ်မ ကောင်း ၀မ်းနည်းခံစားခဲ့ရ
သည် ဟုလည်း အဆိုပါ အကြောင်းပြန် စာတွင် ရေးသားထားကြောင်း သိ ရသည်။
           အဆိုပါ အဖွဲ့အစည်းကို ဖိတ်ခေါ်ရခြင်းမှာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အစီအမံများ ထိ ရောက်စွာ ဆောင်ရွက်
နိုင်ရေး၊ နိုင်ငံတကာ စာမျက်နှာတွင် လွန် ကဲစွာ သုံးသပ်နေမှုများကို ထင် သာမြင်သာရှိအောင် ဆောင်ရွက် ခြင်းတို့ကြောင့်
ဖြစ်ကြောင်း ရေး သားထားသည်။ ‘‘အထူးသဖြင့် MSF ဟာ ရ ခိုင်လူမျိုးတွေအတွက် ပြစ်မှုကြီး တွေအများကြီး ကျူးလွန်ခဲ့
တယ်။ အဲဒီပြစ်မှုကြီးတွေ အများကြီး ကျူးလွန်ခဲ့တဲ့ MSF ကို ရခိုင်တို့ရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး ပြန်လည်ဖိတ်ခေါ်
ခဲ့တာကို ရခိုင် တိုင်းရင်းသားတွေက လုံးဝသ ဘောမတူဘူးလို့ ကန့်ကွက်တယ်။ MSF ဟာ အရင်လိုပဲ ဆက်လုပ် နေရင် 
အခုတစ်ခါ ဆန္ဒပြပွဲထက် ပိုဆိုးတဲ့ အနေအထားကို ရောက် လာနိုင်တယ်’’ ဟု ဦးသန်းထွန်းက ပြောသည်။
Ref: 7daydaily
ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ရုရှားအပေါ် အိုဘားမားချမှတ်
  ဗွီအိုအေ (မြန်မာပိုင်း)
                   ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ခွဲထွက်ရေးသူပုန်တွေအပေါ် ရုရှားက ထောက်ပံ့ပေးနေမှုကို 
ကန့်ကွက်တဲ့အနေနဲ့ ရုရှားနိုင်ငံရဲ့ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေး အစရှိတဲ့ ကဏ္ဍတွေကို ဦးတည်ပြီး
တော့ ချမှတ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေကို သမ္မတ အိုဘားမားက ထုတ်
ဖော်ကြေညာလိုက်ပါတယ်။
                 အခုလို အရေးယူတာဟာ ဇူလိုင်လ ၇ ရက်နေ့က လိုက်ပါလာသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရတဲ့ 
မလေးရှားခရီးသည်တင်လေယာဉ် ပစ်ချခံရမှုနဲ့ ဆက်စပ်နေပါတယ်လို့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့ 
အိမ်ဖြူတော်မှာ ပြောဆိုလိုက်ပါတယ်။ အဲ့ဒီလေယာဉ်ကို ယူကရိန်းလေယာဉ်နဲ့ မှားပြီးတော့ ယူကရိန်းနိုင်ငံရဲ့ 
အရှေ့ပိုင်းမှာ သူပုန်တွေက ရုရှားလုပ် မစ်ဇိုင်းဒုံးပျံနဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြ
ပါတယ်။ ရုရှားနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှု အပါအ၀င် ရုရှားနိုင်ငံရဲ့ ရေနံနဲ့ ကာကွယ်ရေးဆိုင်ရာ 
ပစ္စည်းတွေ ရောင်းဝယ်မှုကို ပိတ်ပင်တားဆီးတဲ့ ပိတ်ဆို့အရေးယူမှုအသစ်ကို ဘရတ်စဲလ်မှာရှိတဲ့ ဥရောပသမဂ္ဂ
 ၂၈ နိုင်ငံက သံအမတ်ကြီးတွေက သဘောတူညီခဲ့ပါတယ်။
             အီးယူအနေနဲ့ မလွဲမရှောင်သာတဲ့အတွက် ရုရှားအပေါ် အခုလို အရေးယူ ပိတ်ဆို့မှု လုပ်ရတာ ဖြစ်
တယ်လို့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကဲ က ပြောဆိုပါတယ်။ ရုရှားနိုင်ငံဟာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေ
ယာဉ်ပျက်ကို စုံစမ်းစစ်ဆေးတဲ့ နိုင်ငံတကာစစ်ဆေးရေးအဖွဲ့နဲ့ ပူးတွဲလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သမ္မတ
 အိုဘားမားက ပြောပါတယ်။
                 ဒါ့အပြင် ရုရှားနိုင်ငံက သူ့စစ်တပ်ကို ယူကရိန်းနယ်စပ်အနီးမှာ ဖြန့်ကျက်တပ်စွဲထားသလို၊ ခွဲထွက်
ရေးသူပုန်တွေကိုလည်း စစ်လက်နက်တွေ ဆက်လက်ပြီးတော့ ထောက်ပံ့နေဆဲဖြစ်တယ်လို့ မစ္စတာ အိုဘားမား
 က ပြောပါတယ်။ ရုရှားနိုင်ငံဘက်ကနေ မစ်ဇိုင်းဒုံး အမြောက်လက်နက်ကြီးတွေနဲ့ ယူကရိန်းနိုင်ငံဘက်ကို ပစ်ခတ်
နေတာ တွေ့နေရတဲ့တိုင်အောင် ရုရှားက သူပုန်တွေကို လက်နက်ထောက်ပံ့နေတယ်လို့ ပြောဆိုထားတာကို ငြင်း
ပယ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ဟီရိုရှီးမားကို အဏုမြူဗုံး ကြဲခဲ့သည့် လေယာဉ်မှ နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ ကွယ်လွန်
ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလတွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား ကျွန်းပေါ်သို့ အဏုမြူဗုံး ကြဲချခဲ့သည့် အမေရိကန် 
ဗုံးကြဲလေယာဉ်မှ နောက်ဆုံးအသက်ရှင် ကျန်ရစ်သူ အမှုထမ်းသည် ယခုအခါ ကွယ်လွန်သွားပြီဟု သတင်းရရှိသည်။
သီအိုဒိုရီ ဗန်ကာ့ခ်သည် အသက်(၉၃)နှစ် အရွယ်တွင် ဂျော်ဂျီယာပြည်နယ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 
ဒုတိယ ကမ္ဘာစစ်တွင် လေကြောင်းလမ်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗန်ကာ့ခ်ကို မိတ်ဆွေ အပေါင်းအသင်း
များက ဒတ်ခ်ျဟု ချစ်စနိုး ခေါ်ဝေါ်လေ့ ရှိသည်။ ၎င်းသည် ဟီရိုရှီးမားကို ဗုံးကြဲခဲ့စဉ်က အသက်(၂၄)နှစ်မျှသာ ရှိသေးသည်။
(၁၉၄၅)ခုနှစ်၊ ဩဂုတ်(၈)ရက်က ဗန်ကာ့ခ် လိုက်ပါခဲ့သည့် Enola Gay ဗုံးကြဲလေယာဉ်သည် ဟီရိုရှီးမား မြို့ပေါ်တွင် 
အဏုမြူဗုံး ကြဲချခဲ့ရာ လူပေါင်း(၁၄၀၀၀၀)မျှ အသက်ဆုံးရှုံးခဲ့သည်။
             ဗန်ကာ့ခ်က အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့ရခြင်းအပေါ် လုံးဝနောင်တမရကြောင်းနှင့် ဟီရိုရှီးမားတွင် ဗုံးကြဲခဲ့ခြင်း
က ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။ ဗန်ကာ့ခ်သည် ဇူလိုင်
(၂၈)ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ နောက်ဆုံးအချိန်ထိ နံဘေးတွင် ရှိနေခဲ့သော သားဖြစ်သူ တွမ်ဗန်ကာ့ခ်က 
ပြောကြားခဲ့သည်။
 “သူဟာ စစ်သမိုင်းမှာ အထင်ကရ သူရဲကောင်းတစ်ယောက်အဖြစ် မှတ်တမ်းဝင်နေမယ်ဆိုတာကို ကျွန်တော်တို့ 
သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အဓိက အရေးကြီးတာက သူဟာ ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာပါပဲ”
ဟု တွမ်က ဆိုသည်။ ဗန်ကာ့ခ်သည် အငြိမ်းစား စစ်မှုထမ်း ခံစားခွင့်အဖြစ် ၎င်းရရှိထားသည့် နေအိမ်တွင်ပင် သဘာဝအတိုင်း 
ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
           Enola Gay လေယာဉ်ပေါ်တွင် လက်နက်ကိုင်တွယ်သည့် လက်ထောက်အမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် 
မော်ရစ်ဂျပ်ဆန် ကွယ်လွန်ခဲ့ပြီးနောက် ဗန်ကာ့ခ်သည် ဟီရိုရှားမီးကို ဗုံးကြဲခဲ့သည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသည့် တစ်ဦးတည်း
သော အသက်ရှင် ကျန်ရစ်သူအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။ Enola Gay ပေါ်မှ ကြဲချခဲ့သော အဏုမြူဗုံးကို Little Boy ဟု 
အမည်ပေးခဲ့ပြီး ကမ္ဘာ့စစ်သမိုင်းတွင် ပထမဆုံး အဏုမြူလက်နက် အသုံးပြုမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဟီရိုရှီးမား
တွင် ဗုံးကြဲပြီး နောက်ထပ် (၃)ရက်အကြာတွင် အမေရိကန် လေတပ်၏ Bockscar လေယာဉ်က ဂျပန်ပိုင် နာဂါစကီ မြို့ပေါ်သို့ 
Fat Man ဟု အမည်ပြောင် ပေးထားသည့် ဒုတိယမြောက် အဏုမြူဗုံး ကြဲချခဲ့ပြန်ရာ လူ(၈၀၀၀၀)ခန့် သေဆုံးပြီး ဂျပန်လည်း
 အကြွင်းမရှိ လက်နက်ချကာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည်။
_Ref: BBC
Tuesday, July 29, 2014
လိုင်ဇာထိပ်သီးအစည်းအဝေးပြီးဆုံး
            တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့က
 ထိပ်သီးခေါင်းဆောင်တွေရဲ့ လိုင်ဇာမြို့က အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားပြီး အပစ်အခတ် ရပ်စဲ
ရေးအတွက် ဆွေးနွေးနေချိန်မှာပဲ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်တာတွေကို တပြိုင်တည်း
 ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
             ဒီလိုဆောင်ရွက်ဖို့အတွက် အခြေခံမူ၁၀ ချက် ချမှတ်ထားတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်က ပြောပါတယ်။ 
ဒီသတင်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ကို ရောက်ရှိနေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် 
ကိုမိုးဇော်က တင်ပြထားပါတယ်။
            ၂၅ ရက်နေ့ကနေ စတင်ခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်
ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်ပိုင်း ဆွေးနွေးပွဲဟာ ဒီကနေ့ ညနေမှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေချိန်မှာပဲ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်
တာတွေကို တပြိုင်တည်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ NCCT ရဲ့ ဒုတိယအဖွဲ့ ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း
က ပြောပါတယ်။
            “ညှိနှိုင်းရခက်မယ့်အနေအထားကတော့ ကျနော်တို့ ဒီအစည်းအဝေးကနေ ချလာတဲ့မူအပေါ် တော်တော်
များများကတော့ ကျနော်တို့ ကျော်လွှားသွားနိုင်ပါတယ်။ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမယ်။ တချိန်
တည်းမှာပဲ political dialogue framework ဆိုတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ကို ကျနော်တို့ ဘယ်လိုပြင်
ဆင်မလဲ ဆိုတဲ့ကိစ္စပါ။ ပြင်ဆင်မှုဆိုတာကတော့ အကုန်လုံး လုပ်ရမှာပဲဒါ။”
            တဆက်တည်းမှာပဲ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် အခြေခံ မူ ၁၀ ချက်ကိုလည်း ချ
မှတ်ခဲ့ပါတယ်။ “ဆုံးဖြတ်ချက်ချနိုင်မယ့် အခြေခံမူလို့ တချို့ကိစ္စမှာ NCCT ကို လွှဲပြီး တာဝန်ပေးတာတို့၊  ရေးသား
တဲ့နေရာမှာ တကယ်ပြင်ရမယ့် စာအရေးအသားတို့၊ technically ပေါ့လေ။ ဒါကို NCCT ကို တာဝန်ပေးလိုက်တာ၊ 
အာဏာပေးလိုက်တဲ့ သဘောပေါ့။ နောက်ပြီးတော့ တချို့တိုင်းရင်းသားတွေ တကယ် လက်မှတ်ထိုးမယ်လည်းဆို
ရင် ပါဝင်ရမယ့် အဖွဲ့အစည်းတွေ ဘယ်လိုလဲဆိုတာ သတ်မှတ်တာတွေပေါ့နော်။”
                      လက်မှတ်ထိုးရာမှာ ပါဝင်ရမယ့် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး စံသတ်မှတ်ချက်တွေကို အခုလို ဆက်
ပြောပါတယ်။“သူက အဖွဲ့အရေအတွက်နဲ့တော့ သတ်မှတ်မှုမရှိဘူး။ ဒါပေမဲ့ အခြေခံရမယ့် လက်မှတ်ထိုးသင့်တဲ့ အဖွဲ့
အစည်းက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ သူ့စံနှုန်းတော့ ထားထားတာပေါ့နော်။ စံ ဆိုတာကတော့ တကယ့်ဟိုဥစ္စာပေါ့ 
ကျနော်တို့ အစိုးရနဲ့ လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့အစည်းဖြစ်ရမယ်။ နောက်ပြီးတော့ တကယ့် တိုင်းရင်းသား 
ဟိုဥစ္စာပေါ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ အစိုးရကို နိုင်ငံရေးအရ တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ နိုင်ငံခြား
တွေကို တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်း မဖြစ်ရဘူး။ တချို့အဖွဲ့အစည်းတွေက ကျနော်တို့ ဗမာပြည်မှာ အခြေချတယ်၊ တခြား
နိုင်ငံနဲ့ နိုင်ငံရေးအရ တိုက်ပွဲဝင်နေတဲ့ အပေါ်မှာ ဒါတွေကျတော့ ကျနော်တို့အနေနဲ့ လက်မှတ်ထိုးတဲ့အထဲမှာတော့ မပါ
သင့်ဘူးပေါ့။”
             မနက်ဖြန်မှာတော့ NCCT မှာ မပါဝင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ မြန်မာနိုင်ငံ
လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့နဲ့ တွေ့ဆုံပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တိုင်း
ရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ရေးအတွက် ဆွေးနွေးဖို့ ရှိနေပါတယ်။ UWSA ခေါ် ၀ပြည်သွေးစည်းညီ
ညွတ်ရေးပါတီနဲ့ မုန်းလားအဖွဲ့တွေကတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။ ဒီဆွေးနွေးပွဲ ပြီးတဲ့နောက်မှာတော့ မြန်မာငြိမ်း
ချမ်းရေးစင်တာနဲ့ NCCT ကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့မှာ ထပ်မံ တွေ့ဆုံပြီး အစိုးရကိုယ်စားလှယ်တွေနဲ့ ဆွေး
နွေးဖို့အတွက် ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
VOA မြန်မာ
အိချောပိုကို ဟိန်းဝေယံခိုးပြေးသည် ဆိုသည့် သတင်း ပြန်ဖြေရှင်းပြီ
                အွန်လိုင်းပေါ်တွင် သရုပ်ဆောင် ဟိန်းဝေယံနှင့် မင်းသမီးတစ်ဦး ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း
 ကြောင့် ဟိန်းဝေယံ၏ မာန်ထက်ချီ ရုပ်ရှင်ထုတ် လုပ်ရေးကို မဇ္ဈိမမှ သွားရောက် မေးမြန်းရာတွင် ဖခင်ဖြစ်သူ ဦးဝင်းကို က 
ကောလဟလ သာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
                 သရုပ်ဆောင် ဟိန်းဝေယံသည် ရိုက်ကူးရေး ထွက်သွားခြင်းကြောင့် နေအိမ်၌ မရှိခြင်းကြောင့် သားဖြစ်သူ ကိုယ်
စားဖြေပေး ခဲ့ခြင်းဖြစ်သည်။" အဲဒီသတင်းက ကြာပါပြီ။ ဦးကို မေးတာထက်စာရင် သားငယ် ဟိန်းဝေယံကို မေးတာ က ပိုကောင်း
 လိမ့်မယ်။ ခုရက်ပိုင်းမှ အဲဒီသတင်းက ပြန်ထွက် လာ တာပါ။ အမှန်အတိုင်း ပြောရရင် လုံးဝကို မဟုတ်ပါဘူး။ အဲဒီလို ပြောတာပဲ 
ကောင်းလိမ့်မယ်။ တစ်ပါး သူတွေကိုလည်း လုံးဝ မထိခိုက်စေချင်ပါဘူး။ ပြောချင် တာကတော့ ကောလာဟလပါ။ လုံးဝကို မဟုတ်
ပါဘူး။ " ဟု မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဟိန်းဝေယံ၏ ဖခင် ဦးဝင်းကိုက ပြောသည်။
           လက်ရှိတွင် ဟိန်းဝေယံမှာဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးနေသည့် ယောက်ဖတောင်ပေါ်ကျော်၍ ယောက္ခမပင်လယ်
ဖြတ်မည် ဇာတ်ကားတွင် ဖူးပွင့်သခင်၊ သီးလေးသီး တို့နှင့်အတူ ရိုက်ကူးလျက်ရှိသည်။
Credit : New Myanmar News
Monday, July 28, 2014
အောင်မင်္ဂလာအဝေး ပြေးကားဝင်းအတွင်းတွင် အမျိုးသမီးတစ်ဦးအလောင်းတွေ
              အောင်မင်္ဂလာအဝေး ပြေးကားဝင်းအတွင်းတွင် အမျိုးသမီးတစ်ဦးအသတ်ခံရသည့် အနေအထားဖြင့် 
သေဆုံးနေကြောင်း သတင်းရရှိသည်။ဇူလိုင် ၂၇ ရက် နံနက်ကအောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ဆိုင်
ခန်းလွတ်တစ်ခုတွင် လည်ပင်းညှစ်ခံထားရသည့် လက္ခဏာဖြင့် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း မျက်မြင်
တွေ့ရှိသူတစ်ဦးကပြောသည်။
             အဆိုပါ အမျိုးသမီးသည် ပဲခူးတိုင်း၊ အုတ်ဖိုမြို့ဇာတိဖြစ်ပြီး အသက် (၂၀) ခန့်ရှိကာ ခင်ပွန်း သည်နှင့်
အတူ ကားဂိတ်များအ တွက် ခရီးသည်ခေါ်သည့်အလုပ် အတူတူလုပ်နေသူဖြစ်သည်။‘‘တိုကျိုလက်ဖက်ရည်ဆိုင် 
ဖွင့်ခဲ့တဲ့နေရာပဲ။ ဆိုင်ပိတ်ထား တာ အခန်းမလုံတော့ အနောက် ဘက်က တံခါးကို ဖျက်ဝင်ကြပြီး ကြုံရာကျပန်း
တွေ ၀င်အိပ်နေ တတ်တာ။ သေတဲ့သူနဲ့ သူ့ခင်ပွန်းက ကားဂိတ်တွေကို ခရီးသည်ခေါ်ပေးတဲ့ အလုပ်လုပ်ကြတာ’’
ဟု အောင်မင်္ဂလာအဝေးပြေးဝင်းရှိ အမျိုးသားတစ်ဦးက ပြောသည်။
             အမျိုးသမီးသေဆုံးနေ ကြောင်း လူငယ်တစ်ဦးက တွေ့ရှိ ရာမှ ကားဝင်းအတွင်းရှိ တာဝန် ရှိသူများသို့ 
အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။ ထို့နောက်ရဲတပ်ဖွဲ့ က လာရောက်စစ်ဆေးပြီး သေ ဆုံးသူ၏ ခင်ပွန်းကို လိုက်
လံဖမ်း ဆီးရာ နေ့လယ်တွင် ဖမ်းမိခဲ့ ကြောင်း စုံစမ်းသိရှိရသည်။
           ‘‘သေတာတော့ဟုတ်တယ်။ ရဲလုပ်ငန်းတွေ လုပ်နေသေးတာ မပြီးသေးလို့ ကျွန်တော်တို့တွေ မပြောနိုင်
သေးဘူး။ လုပ်နေတဲ့ ကာလအတွင်းမှာ အခက်အခဲတွေရှိနေလို့ လူသတ်တာလား၊ လူသေတာလားဆိုတာ မပြော
နိုင်သေးဘူး။ အလောင်းကိုတော့ ဆေးရုံကို သယ်သွားပါပြီ။ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပါ’’ဟု
 မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
Ref: 7daydaily
Sunday, July 27, 2014
MSFအားဖိတ်ခေါ်ခဲ့အစိုးရအဖွဲ့၏ ကြေငြာချက်ကြောင့်ပြည်သူများစိတ် မကောင်းကြောင်းကြားရ၍၀မ်းနည်းမိကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြော
စစ်တွေ၊ ဇူလိုင် ၂၆ ရက်
             MSFအားဖိတ်ခေါ်ခဲ့အစိုးရအဖွဲ့၏ ကြေငြာချက်ကြောင့်ပြည်သူများစိတ် မကောင်းကြောင်းကြားရ၍ 
ဝမ်းနည်းမိကြောင်း ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ် ၀န်ကြီးချုပ်
ဦးမောင်မောင်အုန်းကပြောကြားခဲ့ကြောင်းသိရသည်။
               အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်၏ ရည်ရှည်ဖွံ့ဖြိုးတိုးတက်မှု နှင့် ဂုဏ်သိက္ခာ မြင့်မားစေရေးအ
တွက် ယင်းသို့ ရခိုင်ပြည်သူများ ကကန့်ကွက်ထားသည့်MSFအဖွဲ့အားဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ပြည်နယ်အတွင်းဝင်ရောက်လာလျင် ပြည်နယ်အစိုးရနှင့် MOU ရေးထိုးရ
မည်ဖြစ်ပြီး ရခိုင်ပြည်သူများ၏ ဆန္ဒသဘောအတိုင်းသာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြော
ကြားခဲ့သည်။
             ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နေ့က ထုတ်ပြန်ခဲ့သည့်ကြေငြာချက်တွင် 
၂ဝ၁၄ ခုနှစ် ဇွန်လ ၂၆ ရက်နှင့် ၂၇ရက်များတွင် ရန်ကုန်မြို့ Myanmar Peace Center ၌ ပြည်ထောင်စု အဆင့် 
အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (Union Level Emergency Coordination Center) အဖွဲ့ဝင်များနှင့် နိုင်ငံ
ခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊
 ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ MPC မှ ပညာရှင်များပါဝင်၍ ရခိုင်ပြည်နယ် 
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး Action Plan ကို ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လူသား
ချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ကယ်ဆယ်ရေး အထောက်အပံ့ကိစ္စရပ်များအပြင် အဓိကအားဖြင့်
 ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးများကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း၊ 
          သို့ပါ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Action Plan) ကို နိုင်ငံတော်
အဆင့် ထိထိရောက်ရောက်လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် အပိုဒ်
(၂)တွင် ဖော်ပြခဲ့သော အဖွဲ့အစည်းများ ၊ MSF အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် 
ကျန်ရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများကိုလည်း ဖွံ့ဖြိုးတိုးတက်
ရေးလုပ်ငန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများတွင် ရခိုင်တိုင်း
ရင်းသားများ၏ ဆန္ဒကိုအလေးထားလျက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဖိတ်ခေါ်အပ်
ကြောင်းပါရှိခဲ့သည်။
           ရခိုင်ပြည်နယ်အတွင်းသို့ MSF အဖွဲ့ဝင်ရောက်လာမည်ကို ဒေသခံများက ကန့် ကွက်သွားမည်ဖြစ်ကြောင်းနှင့် 
အစိုးရ၏ ဖိတ်ကြားချက်ကိုလည်း လက်ခံမည် မဟုတ်ကြောင်းဇူလိုင်လ ၂၅ ရက်နေ့၊နေ့လည်ပိုင်းတွင် စစ်တွေမြို့စေ
တနာမိုး ခန်းမတွင် ဒေသခံ ၁၅၀ ခန့်တို့ဖြင့် အဖွဲ့အစည်း ၃၀ ကျော်ပါဝင်သော ဆွေးနွေး ပွဲ တစ်ခုကိုကျင်းပပြုလုပ်ခဲ့ပြီး
 ဆုံဖြတ်ခဲ့ကြကြောင်းသိရသည်။
            ထို့ဆွေးနွေးပွဲ၌ပင် MSF အဖွဲ့အား ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက်ခွင့်ပြု မည်မဟုတ်ကြောင်း၊ အကယ်၍
များတွင် လုံးဝတာဝန်မရှိကြောင်းလည်း ဆုံးဖြတ်ခဲ့ကြသည်ဟုသိရသည်။
Ref: R S V 
MSF-Holland ခေါ် AZG အဖွဲ့အား ရခိုင်လူထုက မလိုလားသည့် အဘောထားမှာ ယခင်အတိုင်း မပြောင်းမလဲဘဲ ရှိနေကြောင်း ရခိုင်လူမှုကွန်ရက် (စစ်တွေ) ကြေငြာချက်ထုတ်ပြန်
စစ်တွေ၊ ဇူလိုင် ၂၇ ရက်
  MSF-Holland ခေါ် AZG အဖွဲ့အား ရခိုင်လူထုက မလိုလားသည့် အဘောထားမှာ ယခင်အတိုင်း မပြောင်းမလဲဘဲ 
ရှိနေကြောင်း ရခိုင်လူမှုကွန်ရက်(စစ်တွေ)ကယနေ့တွင် ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါကြေငြာချက်တွင် အချက် ၆ ချက်ပါဝင်ပြီး ဘင်္ဂါလီလူအုပ်စုအား တစ်ဘက်သတ်အင်အားကြီးထွားစေရန်လုပ်
ဆောင်ခြင်း၊ ဘင်္ဂါလီလူအုပ်စု၏ နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ပေါ်စေရန် အားတက်သရော ဆောင်
ရွက်ခြင်းတို့ကို နှစ်ပေါင်းဆယ်ချီ လှုပ်ရှားဆောင်ရွက်ခဲ့သော MSF-Holland ခေါ် AZG အဖွဲ့အား ရခိုင်ပြည်နယ်အ
တွင်း လုံးဝအလိုမရှိကြောင်း ရခိုင်လူထုက ကြိမ်ဖန်များစွာ ဆန္ဒထုတ်ဖော်၍ သဘောထားကို ပြတ်ပြတ်သားသား
 ဖော်ထုတ်ပြသပြီးဖြစ်ကြောင်း ၊MSF-Holland အား ရခိုင်လူထုက မလိုလားသည့် အဘောထားမှာ ယခင်အတိုင်း 
မပြောင်းမလဲဘဲ ရှိနေကြောင်းအချက်လည်းပါဝင်သည်။
             ထို့အပြင် ယခင်က ပြဿနာများကို မီးမွှေးဖန်တီးရာတွင် ပါဝင်ခဲ့ကြသည့် Maltesar အဖွဲ့ နှင့် MSF-Holland 
အဖွဲ့တို့အား ရခိုင်ပြည်နယ်အတွင်းလုပ်ငန်းဆောင်ရွက်ခွင့်ပေးခြင်း လုပ်ငန်းဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်းတို့သည် ခွဲခြား
နားလည်ရန် မတတ်နိုင်အားသည့် သာမန်ရခိုင်လူထုအား စိတ်အနှောင့်အယှက်ဖြစ်စေကာ မည်သည့် နိုင်ငံခြား NGO ကို 
မဆို မခွဲမခြား နှင်ထုတ်လိုသည့် သဘောထားဖြစ်လာအောင် ဖန်တီးရာ ရောက်သွားနိုင်ကြောင်း၊သက်ဆိုင်ရာ တာဝန်ရှိ
သူတို့အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ခုလုံး၏ ရေရှည်အကျိုးစီးပွား နှင့် ရခိုင်ပြည်သူလူထု၏ အကျိုးစီးပွား
တို့အား ဦးထိပ်ပန်ဆင်ကာ ရဲဝံ့ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ “နိုင်ငံတကာဖိအား” ဆိုသည်ကို 
အကြောင်းပြကာ နိုင်ငံတော်၏ အချုပ်အချာအာဏာကို ရောင်းစားသည့် အလုပ်များကိုမလုပ်ကြရန်အရေးကြီးကြောင်း
 လည်းပါဝင်သည်။
           ယင်းအပြင် နိုင်ငံတကာဖိအားဆိုသည်ကို ရဲရဲဝံ့ဝံ့ရင်မဆိုင်ဘဲ ခေါင်းငုံ့ရိုကျိုးသဘောတူလာပြီးကာမှ အဆိုပါသ
ဘောတူညီချက်များကို ဖျက်သိမ်းနိုင်ရန်အတွက် ရခိုင်လူထုအား ဆန္ဒပြအောင် တွန်းပို့သောလုပ်ရပ်များသည် ရခိုင်လူမျိုး
တို့အား နိုင်ငံတကာမျက်နှာစာတွင် လူမိုက်ဖြစ်အောင် ပုံရိပ်ညိုးနွမ်းအောင်လုပ်ရာရောက်သည့် ခေါင်းဆောင်မပီသသော
 သူရဲဘောကြောင်သည့် လုပ်ရပ်များ ဖြစ်သည် ဟို့ ရှုမြင်ကြောင်း စသည့်အချက်များပါဝင်သည်။
Ref: R S V 
ဂါဇာမှာ အပစ်ခတ်ရပ် သက်တမ်းတိုးဖို့ အလားလာရှိ
ဗွီအိုအေ (မြန်မာဌာန)27.07.2014 22:32
            အရှေ့အလယ်ပိုင်းက ဂါဇာကမ်းမြှောင်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတွက် 
ဒေသစံတော်ချိန် နေ့လည် ၂ နာရီကစပြီး ၂၄ နာရီကြာ ထပ်ပြီး အပစ်အခတ်ရပ်စဲထားဖို့  သဘောတူမယ်လို့ 
Hamas စစ်သွေးကြွတွေက ပြောပါတယ်။ အစ္စရေးဘက်ကတော့ ဒါနဲ့ပတ်သတ်ပြီး အကြောင်းမပြန်သေးပါဘူး။
ပါလက်စတိုင်းဖက်ကနေ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာကြောင့် အစ္စရေးတို့ဖက်ကလည်း တိုက်ခိုက်မှုတွေ ပြန်လုပ်
ဆောင်လိုက်ပြီး အကြာခင်မှာပဲ Hamas က ဒီလို နောက်ထပ်အပစ်ရပ်ဖို့ ကြေညာချက် ထုတ်ပြန်သွားတာပါ။
တိုက်ခိုက်မှုတွေရပ်ထားဖို့ သဘောတူထားခဲ့တဲ့အချိန် မပြီးဆုံးခင်မှာပဲ ဂါဇာက စစ်သွေးကြွတွေက အစ္စရေးနယ်
မြေထဲကို ဒုံးကျည်တွေ ဖိပစ်နေခဲ့တာပါ။ ဂါဇာမှာနေထိုင်ကြတဲ့ ဒေသခံတွေအတွက် အပစ်ရပ်ထားဖို့ သဘောတူ
ထားတဲ့ကာလအတွင်းမှာလည်း Hamas က ဒုံးကျည်တွေ ဆက်ပြီး ပစ်နေတာကြောင့် အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ 
ဝေဟင်၊ ရေပြင်နဲ့ မြေပြင် စစ်ဆင်ရေးတွေ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ အစ္စရေးစစ်တပ်က ဒီကနေ့ တနင်္ဂနွေ
နေ့မှာပဲ ပြောသွားပါတယ်။
               ဒီလို ပစ်ခတ်မှုတွေပြန်စတင်ချိန်ကစပြီး လူ ၃ ဦးသေဆုံးခဲ့ရပြီလို့ ပါလက်စတိုင်းတို့က ပြောပါတယ်။ 
စနေနေ့ကတော့ မူလ ၁၂ နာရီ အပစ်ရပ်သဘောတူ ထားတာကို တနင်္ဂနွေညသန်းခေါင်အထိ ၂၄ နာရီ ထပ်တိုး
ပေးမယ်လို့ အစ္စရေးတို့က သဘောတူခဲ့တာပါ။  ဒါပေမယ့်လည်း သက်တမ်းတိုးကာလအတွင်း Hamas က ဒုံးကျည်
နဲ့ ပစ်လာခဲ့ရင် တုံ့ပြန်မှာဖြစ်တယ်၊ အစ္စရေးနိုင်ငံထဲကို လက်နက်တွေ၊ တိုက်ခိုက်ရေးသမားတွေ ခိုးဝင်တဲ့ ဥမင်လှိုဏ်
ခေါင်းတွေကို ဆက်လက်ရှာဖွေပြီး ဖျက်ဆီးပစ်မှာ ဖြစ်တယ်လို့ အစ္စရေးက ပြောထားတာပါ။
               ဟားမတ်စ်ဘက်ကလည်း အပစ်ရပ်သက်တမ်းတိုးတာကို ပယ်ချပြီး အစ္စရေးတပ်တွေ ဂါဇာဒေသကနေ 
အရင် ရုပ်သိမ်းရမယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဖက်ကြားပဋိပက္ခကြောင့် ကလေးအများအပြားအပါအဝင် လူပေါင်း
 ၁,၀၀၀ ကျော် သေဆုံးရပြီဖြစ်ပြီး အများစုက အရပ်သားတွေ ဖြစ်ကြပါတယ်။ အစ္စရေးဖက်ကတော့ စစ်သား ၄၃
 ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီလို့ ပြောပါတယ်။
ကွန်ပျူတာ အယူအဆ အမှားများ
    ကွန်ပြူတာ နဲ့ ပတ်သက်ပြီး အယူအဆများစွာ ၊ နည်းလမ်းများစွာ ရှိပါတယ်။ အဲဒီအယူအဆ တွေထဲက အချို့ 
ဟာ မှားယွင်းနေပါတယ်။ အဲဒီအမှားတွေ ကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေကို ရေးပေးလိုက်ပါတယ်။ 
Default Installation ကို အသုံးပြုခြင်း
--------------------------------------
Freeware တွေဟာ အခမဲ့အသုံးပြုနိုင်တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် Freeware အများစု မှာ 
ကြော်ညာတွေ ပါရှိကြပြီး Ad-Ware လို့ ခေါ်တဲ့ ဆော့ဝဲ အပိုတွေကို ထည့်သွင်းပေးတတ်ကြပါတယ်။ အဲဒီ အပို
ဆော့ဝဲ တွေ ဟာ ကွန်ပြူတာ ကို လေးလံစေပါတယ်။ အဲဒီအတွက် Freeware တစ်ခုကို အင်စတော လုပ်ပြီဆိုတိုင်း
 Custom Installation ကို အသုံးပြုသင့်ပါတယ်။ Custom Installation ကို အသုံးပြုရင် Ad-Ware, Crapware ,
 Browser Toolbar နဲ့ အခြား ဆော့ဝဲ တွေကို အင်စတော လုပ်ခြင်း မှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 
Registry ရှင်းလင်းခြင်း
------------------------
Registry ရှင်းလင်းခြင်း ဟာ ကွန်ပြူတာ ကို မြန်ဆန်စေတယ်လို့ ယူဆနေကြပါတယ်။ အဲဒီ အယူအဆ ဟာ မှားယွင်း
ပါတယ်။ Windows Registry ဟာ Windows နဲ့ Applications တွေရဲ့ Settings တွေကို သိမ်းမှတ်ထားတဲ့ Database
 ဖြစ်ပါတယ်။ Windows Registry မှာ Entry ပေါင်း သိန်းဂဏန်း ရှိပါတယ်။ ဆော့ဝဲ တစ်ချို့ကို Uninstall လုပ်လိုက်တဲ့
အခါမှာ Registry မှာ Entry အနည်းငယ် ကျန်ရှိတတ်ပါတယ်။ အဲဒီ Entry အနည်းငယ် ကို ရှင်းလင်းခြင်းဟာ ကွန်ပြူတာ
 ကို သိသာစွာ လျှင်မြန်လာစေမှာ မဟုတ်ပါဘူး။ အခြား Registry Entry တွေကို မှားယွင်း ရှင်းလင်း မိတတ်ပြီး မလိုလား
အပ်တဲ့ Error တွေ ဖြစ်တတ်ပါတယ်။ ဆော့ဝဲ Company တွေက သူတို့ရဲ့ Registry Cleaner တွေ ရောင်းကောင်းအောင်
 လိမ်လည်ကြော်ညာနေကြတာဖြစ်ပါတယ်။ 
Disk Defragmentation မကြာခဏ ပြုလုပ်ခြင်း
------------------------------------------------
Windows က Drive တွေကို နောက်ကွယ်မှာ အလိုအလျှောက် Defragment ပြုလုပ်ပေးတဲ့အတွက် ကိုယ်တိုင် Defragment
 ပြုလုပ်စရာမလိုပါဘူး။ Fragmented ဖြစ်တဲ့ နှုန်းဟာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း အတွင်းမှာ ရှိလာမှသာ ကိုယ်တိုင်
 Defragment ပြုလုပ်သင့်ပါတယ်။ Magnetic Hard Drive (HDD) များမှာသာ Defragment ပြုလုပ်စရာလိုပါတယ်။ Solid 
State Drive (SSD) များမှာ Defragment ပြုလုပ်စရာမလိုပါဘူး။ 
ကွန်ပြူတာ ကို Restart မပြုလုပ်ခြင်း
-------------------------------------
ကွန်ပြူတာမှာ ပြဿနာ တစ်ခုတက်ရင် ပထမဆုံး Restart ပြုလုပ်ပြီး ပြဿနာ ပြေလည်သွားပြီလားဆိုတာ စစ်ဆေးသင့်ပါ
တယ်။ Reboot ပြုလုပ်ခြင်းဖြင့် ပြဿနာများစွာ ကို ပြေလည်စေပါတယ်။ Reboot ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ နှေးကွေးစွာ
 အလုပ်လုပ်ခြင်း၊ Program တွေက Memory ကို အလွန်အကျွံအသုံးပြုခြင်း ၊ အင်တာနက် နဲ့ WiFi ချိတ်ဆက်မရခြင်း ၊ 
Windows Blue Screen of Death ပြဿနာဖြစ်ခြင်း စတာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ 
Data များကို Back Up မပြုလုပ်ခြင်း
-----------------------------------
ဒေတာ ဆုံးရှုံးမှုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး က မှားယွင်းဖျက်မိခြင်း၊ Hard Disk ပျက်ဆီးခြင်း၊
 Viruses နဲ့ သင့်တော်စွာ Shutdown မပြုလုပ်ခြင်း တို့ ဖြစ်ပါတယ်။ အဲဒီအတွက် အရေးကြီးတဲ့ ဖိုင်တွေကို အမြဲတစ်စေ Back 
Up ပြုလုပ်ထားသင့်ပါတယ်။ ဒေတာတွေကို Back Up ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ External Hard Drive မှာ Back 
Up ပြုလုပ်ခြင်း၊ Cloud Storage မှာ Back Up ပြုလုပ်ခြင်း ၊ Network Drive အသုံးပြုခြင်း တို့ ဖြစ်ပါတယ်။ Windows 7 မှာ ဒေ
တာတွေကို Back Up , Restore ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Windows 8 မှာ Time Machine Back Up စွမ်းဆောင်
ချက်ပါရှိပါတယ်။ 
Windows OS နဲ့ အခြား ဆော့ဝဲတွေကို Update မပြုလုပ်ခြင်း
--------------------------------------------------------------
Developer တွေက Updates တွေပြုလုပ်ပေးရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဓိက အကြောင်းအချက်တွေက စွမ်း
ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးဖို့၊ အမှားတွေကို ပြင်ဆင်ဖို့၊ လုံခြုံရေး ဟာကွက်တွေကို ဖာထေးပေးဖို့ နဲ့ System ကို 
ပိုမိုလုံခြုံစေဖို့ ဖြစ်ပါတယ်။ 
Control Panel>System and Security> Windows Update မှာ Windows Update တွေကို ရယူနိုင်ပါတယ်။ Windows 
Update တွေကို အလိုအလျှောက် Download ရယူပြီး အင်စတော လုပ်ဖို့ ကို Windows Update ရဲ့ Settings ထဲမှာ သတ်မှတ်
ထားနိုင်ပါတယ်။ 
          Antivirus ကိုလည်း အမြဲတစ်စေ Update ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ Antivirus Company တွေက Virus အသစ်တွေကို 
ကာကွယ်ဖို့ Virus Database တွေကို နေ့စဉ် Update ပြုလုပ်ပေးလေ့ရှိပါတယ်။ 
ကွန်ပြူတာနည်းပညာနယ်ပယ် ဟာ ကျယ်ပြန့်တဲ့အတွက် မှားယွင်းတဲ့ အယူအဆတွေကို လက်ခံကျင့်သုံးနေသူတွေ အများကြီး 
ရှိပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အယူအဆမှားတွေကို သိရှိပြီး ရှောင်ရှားနိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။ 
Credit > yatanarponcomputer.com
Saturday, July 26, 2014
Unity ဂျာနယ်အမှု စစ်တပ်တာဝန်ရှိသူတွေပါ အရေးယူမည်
          ယူနတီဂျာနယ်က သတင်းသမားတွေကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ အရေးယူထောင်ချခဲ့သလို 
ဒီအမှုနဲ့ ပတ်သက်နေတဲ့ စစ်တပ်က တာဝန်ရှိသူတွေကိုလည်း စစ်ဥပဒေအတိုင်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ 
သမ္မတရုံး အကြီးတန်းအရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမထား
 သတင်းထောက်များအဖွဲ့ကတော့ စစ်တပ်ဖက် ကိုလည်း အရေးယူတယ်ဆိုပေမယ့် မီဒီယာကိုဖိနှိပ်တဲ့ အခြေအနေက
 ပြောင်းလဲသွား တာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြမှာပါ။
            မကြာသေးခင်က သတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ် လိုက်တာဟာ သတင်းမီဒီယာတွေကို 
ပစ်မှတ်ထားတာမဟုတ်ပဲ စစ်တပ်က တာဝန်ရှိတဲ့သူတွေကိုလည်း အရေးယူဖို့ပြင်ဆင်နေကြောင်း သမ္မတရုံး အကြီးတန်း
အရာရှိ တဦးက မနေ့ကပြောပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်လို့ ယူနတီ ဂျာနယ် အမှုဆောင်
အရာရှိချုပ် ဦးတင့်ဆန်း နဲ့ သတင်းထောက်လေးဦး ကိုထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့သလို ဒီအမှုနဲ့ ဆိုင်တဲ့ စစ်တပ်က
 တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ ပြင်ဆင်နေတဲ့အကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ တဦးက ဗွီအိုအေကို အခု
လိုပြောပါတယ်။
             " ယူနတီကိစ္စနဲ့ပတ်သက်လို့ သတင်းသမားတွေကို ထောင်ချပြီး ဥပဒေအရ အရေးယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့
 ဝေဖန်ပြောဆိုနေတဲ့ အချိန်မှာ တပ်မတော်ဘက်မှာ သက်ဆိုင်ရာ ကပစ စက်ရုံ တာဝန်ရှိတဲ့ လုံခြုံရေးတာဝန်ရှိတဲ့ သူတွေ၊ 
သက်ဆိုင်ရာ အရာရှိတွေ၊ ဒါတွေကိုလည်း ကျနော်တို့ စစ်တပ်ဘက်က တပ်မတော်ဘက်ကနေ စစ်စည်းကမ်း၊ စစ်ဥပဒေ
 စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
              တပ်မတော်ဘက်မှာကျတော့ ဒီလိုမျိုး လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေ ဆိုတာ အမြင့်ဆုံး ပြစ်ဒဏ်ပေါ့နော် 
အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဆိုလိုတာက ဒီယူနတီဂျာနယ်က သတင်းထောက်တွေ လုပ်လိုက်တဲ့
ကိစ္စက ဒီဘက်က တပ်မတော် သက်ဆိုင်ရာ အဖွဲ့အစည်းမှာလည်း ဒီလိုမျိုး အရေးယူမှုတွေ လုပ်ဆောင်နေတယ်ဆိုတာ အဲ့တာ
လေး ပြောချင်ပါတယ်။ ဆိုလိုတာက ဒီဥပဒေနဲ့ ငြိစွန်းတဲ့သူတွေ အကုန်လုံး ပါဝင်သွားတဲ့ သဘောပါ။"
              ဒါပေမယ်လို့ သတင်းသမားတွေကို ဖိနှိပ်တဲ့ကိစ္စကို စစ်တပ်က တာဝန်ရှိသူတွေကိုလည်း အရေးယူပါတယ်ဆိုပြီး နှိုင်း
ယှဉ်ကာကွယ်ပြောဆိုတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့
ရဲ့ အာရှရေးရာ တာဝန်ခံ Benjamin Ismail က ဗွီအိုအေ ကို ပြောပါတယ်။
            "ဒီကိစ္စကို ယှဉ် ပြောလို့မရပါဘူး။ ယူနတီ ကို အရေးယူပြီးတဲ့နောက်မှာလည်း အခု ဘိုင်မွန်းတည့်နေက သတင်းသမား
တွေကို အရေးယူအပြစ်ပေးဖို့ လုပ်နေပါတယ်။ အထူးထောက်လှမ်းရေးတွေက မီဒီယာဥပဒေနဲ့မဆိုင်တဲ့ ကိစ္စရပ်တွေကို စနစ်တ
ကျ စစ်ဆေးမေးမြန်းတာ စတဲ့အချက်တွေ ပါနေတာပါ။ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေရဲ့ အပြုအမူတွေဟာ သတင်းသမားတွေ
ကို ခြိမ်းခြောက်နေတာပါ။"
             သတင်းမီဒီယာဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယကစီကို မနေ့ 
သ၀ဏ်လွှာ ပို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီဆောင်ရွက်နေ တယ်လို့
လည်းဖေါ်ပြထားပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ  (၁၂)ရက်နေ့က ဖမ်းဆီးထောင်ချထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ 
သမ္မတဦးသိန်းစိန်ကို အသံတိတ်ဆန္ဒပြတဲ့ သတင်းသမား(၇)ဦးကို ပုဒ်မ (၁၈) လူစုလူဝေးနဲ့ လှည့်လည်ဆန္ဒပြမှု ဥပဒေအရ 
အရေးယူထားတဲ့နဲ့ ပတ်သက်လို့ လည်း အကြီးတန်းအရာရှိက အခုလို အကျယ်တ၀င့် ရှင်းပြပါတယ်။
                 " နိုင်ငံတော်သမ္မတကြီး ရန်ကုန်မှာ ရုပ်ရှင် သဘင် ဂီတပေါ့ အဲ့ဒီ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဆန္ဒပြတဲ့ 
သတင်းသမားတွေကို သက်ဆိုင်ရာ ရဲစခန်းက တရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင် တာတွေ၊ ပြောဆိုတာတွေ ရှိပါတယ်။
 အဲ့တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တည်ဆဲဥပဒေပေါ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ဆန္ဒပြမယ်ဆိုရင် အသိပေးခြင်း၊ အရင်တုန်း
ကဆိုရင် ခွင့်ပြုချက်တောင်းခံခြင်း သက်ဆိုင်ရာ ရဲစခန်းကို လုပ်ရပါတယ်။ အဲ့တာ မလုပ်ပဲနဲ့ အသိပေးခြင်းမရှိပဲ ဆန္ဒပြတယ်ဆိုတာ
ကတော့ ဥပဒေနဲ့ မညီဘူးဗျ။ မညီတဲ့အတွက် သူသက်ဆိုင်တဲ့ ရဲစခန်းက တရားစွဲဆိုခြင်းဖြစ်တယ်။
                ဒါပေမဲ့ အဲ့တာနဲ့ပတ်သက်လို့ ပြောတယ်ဆိုရင် ကျနော်တို့က ဘာပြောချင်လဲဆိုတော့ လက်ပံတောင်းကြေးနီ စီမံကိန်း
 ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့ အချိန်မှာ အဲ့လိုမျိုး ကန့်ကွက် ဆန္ဒပြတာတွေ့တဲ့ အချိန်မှာ သူပြောထားတာတွေရှိတယ်။ သူဆိုလို
တာက အကြမ်းဖျင်းပြောရမယ်ဆိုရင် ဆန္ဒပြချင်ရင် ပြ အဲ့ ဒါပေမဲ့ ရဲစခန်းကိုတော့ ခွင့်ပြုချက်တင် ဥပဒေနဲ့အညီ ဆန္ဒပြရမယ်။ ဥပဒေနဲ့
 မညီရင်တော့ အရေးယူခံရမယ်လို့ပြောတယ်။ ဒါက ဒီမိုကရေစီခေါင်းဆောင်ပေါ့နော်။ ဒီလိုမျိုး ဒေါ်အောင်ဆန်း စုကြည် ပြောထားတဲ့
စကားက။"
          ဒါပေမဲ့လို့ RSF နယ်စည်းမထား သတင်းထောက်များအဖွဲ့ကတော့ မြန်မာ့ သတင်းမီဒီယာလောကဟာ တနေ့ထက်တနေ့ပိုပြီး
ဆိုးလာနေပြီး အရင် နအဖ စစ်အစိုးရခေတ်က သတင်းသမားတွေကို ဖိနှိပ်ကန့်သတ်တဲ့ ပုံစံမျိုးအတိုင်းပြန်ပြီး ဖြစ်နေတာတွေ့ရတယ်
လို့ Benjamin Ismail ကဆိုပါတယ်။ ဘိုင်မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူ မိသားစုနဲ့ သတင်းထောက်တွေကို ၁၉၅၀ ခုနှစ်က ထုတ်
ထားတဲ့ အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မနဲ့ စွဲချက်တင်ပြီး ရုံးထုတ်စစ်ဆေးနေတာကိုလည်း RSF အနေနဲ့ ကန့်ကွက်ရှုတ်ချတဲ့ အ
ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
              ဒါအပြင် သမ္မတရဲ့သ၀ဏ်လွှာမှာ အမုန်းပွားစေတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လှုံဆော်မှုတွေကို ပြည်တွင်းပြည်ပ မီဒီယာအချို့
ကနေ ရေးသားဖေါ်ပြခဲ့ကြတယ်လို့ ဆိုထားပေမယ့် တကယ့် လက်တွေ့မှာ ကျင့်ဝတ်ကိုချိုးဖောက်ပြီးရေးနေတဲ့ သတင်းစာဂျာနယ်တွေ
ကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူတာမျိုးမတွေ့ရဘူးလို့လည်း သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေက ပြောပါတယ်။
Ref : VOA
MH17၏ Black Boxများတွင် မသမာသည့် ပြုပြင်ပြောင်းလဲထားမှုများ မရှိဟု ကျွမ်းကျင်သူများပြော
              ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် MH17 ခရီးသည်တင် လေယာဉ်မှ ပြန်လည် ရရှိလာသည့် 
Black Boxများမှ အချက်အလက်အားလုံးကို Download ရယူခဲ့ပြီဖြစ်ပြီး မသမာသည့် နည်းလမ်းဖြင့် ပြောင်းလဲထားမှု
 အထောက်အထား မတွေ့ရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
              ရုရှားလိုလားသည့် ယူကရိန်း ခွဲထွက်ရေး ပြောက်ကျား သူပုန်များက ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခဲ့သည်ဟု 
ယူဆရသော လေယာဉ်ပျက်မှ Black Boxနှစ်လုံးကို သူပုန်များ၏ လက်လွှဲပေးမှုကြောင့် ပြန်လည် ရရှိခဲ့သည်။ နယ်သာလန် 
နိုင်ငံမှ ကျွမ်းကျင်သူများက ပျံသန်းမှုဆိုင်ရာ မှတ်တမ်းများ သိုလှောင်သိမ်းဆည်းထားသည့် Black Box၏ အချက်အလက်
 အားလုံးကို ရယူထားနိုင်ပြီဖြစ်ပြီး ပြုပြင် ပြောင်းလဲထားသည့် လက္ခဏာ မရှိကြောင်း ဆိုသည်။
            “တစ်ခုခု ဖျက်လိုဖျက်ဆီး လုပ်ထားတာ၊ လှည့်စားထားတာမျိုး ဘာအထောက်အထားမှ မတွေ့ရပါဘူး”ဟု 
နယ်သာလန် လုံခြုံရေး ဘုတ်အဖွဲ့ (OVV)မှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “တိကျမှန်ကန်တဲ့ ပျံသန်း
မှုဆိုင်ရာ အချက်အလက်တွေကို အောင်အောင်မြင်မြင်ပဲ Download ရယူနိုင်ခဲ့ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ ကျွမ်း
ကျင်သူများသည် လေယာဉ်မှူးခန်းအတွင်း ပြောဆိုနေမှုများကို အသံသွင်း သိမ်းဆည်းထားသည့် Black Boxမှ အချက်အ
လက်များကိုလည်း ဇူလိုင်(၂၃)ရက်က အောင်မြင်စွာ Download ရယူနိုင်ခဲ့ပြီး ဖြစ်သည်။
           လတ်တလောတွင် အဆိုပါ Black Box နှစ်လုံးကို ဗြိတိန်နိုင်ငံ၊ လန်ဒန်တောင်ပိုင်းရှိ ဖန်းဘရော့ရှိ လေကြောင်းမ
တော်တဆမှု စုံစမ်းရေးဌာနတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်။ OVVသည် ယူကရိန်း သူပုန်များထံမှ Black Boxများကို 
လက်လွှဲယူပြီး ဖန်းဘရော့သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်(၁၇)ရက်က ပျက်ကျသည့် MH17 လေယာဉ်တွင် လိုက်
ပါသွားသူ (၂၉၈)ဦးစလုံး သေဆုံးပြီး ယင်းတို့အနက် (၁၉၃)ဦးသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။
_Channel Newsasia
မြောက်ဦး တွင်စစ်ယူနီဖောင်းဝတ် ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးရမိ
      စစ်ယူနီဖောင်းဝတ် ဘင်္ဂလီတစ်ဦးအား ခိုးရာပါ သက်သေခံပစ္စည်းများနှင့်အတူ ဇူလိုင်လ ၂၀ ရက်နေ့၊
 နံနက် ၁ နာရီအချိန်ခန့်က မြောက်ဦးမြို့၊ ကုန်သည်တန်းရပ်ကွက်အတွင်း ဖမ်းမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဘင်္ဂလီမှာ မြောက်ဦးမြို့နှင့် အရှေ့ဘက် ၅ မိုင်ခန့်အကွာ ပေါင်းတုပ်ကျေးရွာတွင် နေထိုင်သူတစ်ဦး
ဖြစ်ကာ မြောက်ဦးမြို့တွင်းသို့ ၀င်ရောက်နေခြင်းဖြစ်ပြီး ကုန်သည်တန်း လမ်းဆုံအနီးတွင် နယ်လှည့်ရဲအဖွဲ့ 
ကင်းနှင့် တွေ့ဆုံစဉ် ခေါ်ယူစစ်ဆေးရာမှ တပ်မတော်သားမဟုတ်ကြောင်း သိရှိရခြင်းဖြစ်သည်။
        “ကနေ့ နံနက်ပိုင်း ၁ နာရီလောက်မှာ ဖမ်းဆီးရမိတယ်လို့ သတင်းကြားသိရပါတယ်။ သူခိုးတွေဟာ
 စစ်တပ်ရဲ့ ယူနီဖောင်း တွေကို ဝတ်ထားပြီးတော့ ခိုးယူလာတဲ့ ပစ္စည်းတွေ၊ ခြင်ထောင်တွေကိုလည်း သူတို့နဲ့ 
အတူ ရရှိခဲ့တယ်လို့ သိရပါတယ်”ဟု လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင်က ပြောသည်။
           သို့ရာတွင် မြောက်ဦးမြို့မ ရဲစခန်းမှ အဆိုပါ သတင်းမှာ မှားယွင်းသတင်းဖြစ်ကြောင်းနှင့် ထိုသို့ ဖမ်း
ဆီးထားမှုမှာ လုံးဝ မရှိကြောင်း တာဝန်ကျ ရဲအရာရှိမှ ဖြေဆိုခဲ့သည်။ အဆိုပါ စစ်ယူနီဖောင်းဝတ် ဘင်္ဂလီ ခိုး
ယူခဲ့သည့် ဆေးခြင်ထောင် ၃၄ လုံးမှာ ကျေးလက်ကျန်းမာရေး သားဖွားဆရာမ ဒေါ်ဖြူမှ ကြိမ်ချောင်းကျေးရွာ
တွင် ပေးအပ်ရန် ဌာနမှ ထုတ်ယူလာသည့် ပစ္စည်းများဖြစ်ကြောင်း သူမက အတည်ပြု ပြောကြားခဲ့သည်။
ဇော်ဇော် ( မြောက်ဦး)
AH5017၏ အပျက်အစီးများ ရှာဖွေတွေ့ရှိပြီဟု ကြေညာ
             ပျက်ကျသွားကြောင်း အတည်ပြုခဲ့သည့် အယ်လ်ဂျီးရီးယား ခရီးသည်တင်လေယာဉ် AH5017၏ 
အပျက်အစီးများကို ရှာဖွေတွေ့ရှိပြီဟု သတင်းရရှိသည်။ Air Algerie လေကြောင်းလိုင်း၏ MD-83 လေယာဉ်
သည် ဇူလိုင်(၂၄)ရက်က ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်၍ မြောက်ဘက်စူးစူးသို့ ပျံသန်းရင်း 
မာလီနိုင်ငံ ပိုင်နက်အတွင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် လေကြောင်း
လိုင်းက ခရီးသည် (၁၁၀)နှင့် အမှုထမ်း(၆)ဦး လိုက်ပါသွားသည့် လေယာဉ်သည် ပျက်ကျသွားခြင်းဟု အတည်ပြု 
ကြေညာခဲ့သည်။ ယခုအခါတွင်မူ လေယာဉ်ပျက် နေရာကို ရှာဖွေနိုင်ခဲ့ပြီဟု သိရသည်။
           ဘာကီနာဖာဆို စစ်တပ်က လေယာဉ်သည် ဘာကီနာဖာဆို နယ်ခြားနှင့် ကီလိုမီတာ (၅၀)မျှအကွာ မာလီ
နိုင်ငံအတွင်းတွင် ပျက်ကျသွားခြင်းဟု ပြောကြားခဲ့သည်။ လေယာဉ်မှူးသည် ဆိုးဆိုးဝါးဝါး ရာသီဥတုကြောင့် လမ်း
ကြောင်းပြောင်းလဲ ပျံသန်းခွင့်ပေးရန် နိုက်ဂျား လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ ဆက်သွယ် တောင်းဆိုခဲ့ပြီး
 ထို့နောက်တွင် လေယာဉ်နှင့် ထိန်းချုပ်ရေး မျှော်စင်တို့ကြား အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။ 
အဆိုပါ လေယာဉ်သည် Air Algerie လေကြောင်းလိုင်းအတွက် မှတ်ပုံတင်ထားသော်လည်း စပိန်လေကြောင်းလိုင်း
 Swiftairက စင်းလုံးငှား အသုံးပြုနေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။
             မာလီ အစိုးရ ရုပ်မြင်သံကြား ဌာနကလည်း ဘူလီကက်ဆီ ရွာအနီးတွင် လေယာဉ်ပျက် အစိတ်အပိုင်းများကို 
ရဟတ်ယာဉ်ပေါ်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဘာကီနာဖာဆို စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ဂီးလ်ဘတ်
 ဒီရန်ဒီရီက မာလီအစိုးရသည် ဘာကီနာဖာဆို စစ်တပ်များကို နယ်ခြားဖြတ်ကျော် ဝင်ရောက်ခွင့်ပြုပြီး လေယာဉ်ကို ရှာ
ဖွေနိုင်ရန် ကူညီပေးခဲ့ကြောင်း APသို့ ပြောကြားခဲ့သည်။
           “လောလောဆယ်တော့ ရှာဖွေရေး အဖွဲ့တွေက ရုပ်အလောင်းတွေကို တွေ့ထားပြီးပြီ။ လေယာဉ် အပျက်အစီး
တွေကတော့ လုံးဝကို မီးကျွမ်းပြီး ပြန့်ကျဲနေတယ်”ဟု ဒီရန်ဒီရီက ဆိုသည်။ လေယာဉ်ပေါ်တွင် ပြင်သစ်နိုင်ငံသား (၅၁)ဦး
 လိုက်ပါသွားရာ ရှာဖွေရေး ကဏ္ဍတွင် ပြင်သစ်တိုက်လေယာဉ်များကလည်း ပူးပေါင်းကူညီခဲ့ပြီး ကုလသမဂ္ဂကလည်း 
ရဟတ်ယာဉ်များ စေလွှတ်ပေးခဲ့သည်။ လေယာဉ်သည် မာလီနိုင်ငံ တောင်ပိုင်းရှိ ဂိုအာအနီးတွင် အဆက်အသွယ် ပြတ်
သွားပြီး ရှာဖွေရေး လုပ်ငန်းများကို ဂါအိုမှ အစပြုကာ မြောက်ပိုင်း တက်ဆာလစ်ထိ ဖြန့်ကျက် အကောင်အထည် ဖော်ခဲ့
သည်။ ဘာကီနာဖာဆို အစိုးရ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ် ပါသွားသူများတွင် ဘာကီနာဖာဆို နိုင်ငံသား (၂၇)ဦး၊
 ပြင်သစ်(၅၁)ဦး၊ လက်ဘနွန်မှ (၈)ဦး၊ အယ်လ်ဂျီးရီးယား နိုင်ငံသား (၆)ဦး၊ လူဇင်ဘာ့ဂ်မှ (၂)ဦး၊ ကနေဒါမှ (၅)ဦး၊ ဂျာမနီမှ
 (၄)ဦး၊ ကင်မရွန်း၊ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ ယူကရိန်း၊ ဆွစ်ဇာလန်၊ နိုက်ဂျီးရီးယားနှင့် မာလီတို့မှ (၁)ဦးစီ ပါဝင်ကြောင်း သိရှိ
ရသည်။ လေယာဉ်အမှုထမ်း အားလုံးမှာ စပိန်နိုင်ငံသားများ ဖြစ်ကြကြောင်း စပိန်လေယာဉ်မှူးများ သမဂ္ဂမှ ကြေညာသည်။ 
AH5017သည် ဘာကီနာဖာဆိုရှိ အူရာဂါဒူဂူမှ အယ်လ်ဂျီးရီးယားရှိ အယ်လ်ဂျီရားစ်မြို့သို့ တစ်ပတ်လျှင် လေးကြိမ် ပုံမှန်ပျံ
သန်း ပြေးဆွဲနေခဲ့ကြောင်းလည်း AFPက ဖော်ပြခဲ့သည်။
Ref : _BBC
အဆက်အသွယ် မပြတ်မီ AH5017 လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့
              ရုတ်တရက် ပျောက်ဆုံးသွားသည့် အယ်လ်ဂျီးရီးယား ခရီးသည်တင် လေယာဉ်သည် အဆက်အသွယ်
 ပြတ်တောက်မသွားမီ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့သေးကြောင်း သတင်းရရှိသည်။Air Algerie
 လေကြောင်းလိုင်းမှ AH5017 လေယာဉ်သည် ခရီးသည် (၁၁၀)၊ အမှုထမ်း (၆)ဦး လိုက်ပါလာပြီး ဘာကီနာဖာဆိုမှ 
အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။ လေယာဉ်မှာ DC-9 
အမျိုးအစားဖြစ်ပြီး (သတင်းအချို့တွင် MD83 ဟု ဖော်ပြ) ခရီးသည်များမှာ နိုင်ငံပေါင်း အတော်များများမှဖြစ်ကြောင်း 
သိရသည်။
          လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက လေယာဉ်သည် အယ်လ်ဂျီးရီးယား လေပိုင်နက်ထဲ မဝင်မီ တောင်
ဘက် မာလီနိုင်ငံ ကောင်းကင်ယံတွင် ရှိနေစဉ် လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့ကြောင်း ဆိုသည်။ AH5017
သည် ဘာကီနာဖာဆိုမှ ပျံတက်လာပြီး မိနစ်(၅၀)မျှ အကြာတွင် ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း ဖြစ်
သည်။ “အဆက်အသွယ် ပြတ်တောက်သွားချိန်မှာ လေယာဉ်ဟာ အယ်လ်ဂျီးရီးယားနဲ့ သိပ်မဝေးတဲ့ နေရာထိ ရောက်နေပြီ။
 လေယာဉ်အမှုထမ်းတွေက လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်ကွင်း မရှင်းလင်း
ဘဲ ဖြစ်နေပြီး အယ်လ်ဂျီးရီးယားကနေ ဘာကီနာဖာဆိုဘက် ပျံသန်းလာတဲ့ လေယာဉ်တစ်စီးစီးနဲ့ ဝင်တိုက်မိနိုင်တဲ့ အန္တရာယ်
 ရှိနေလို့ ဖြစ်ပါတယ်”ဟု လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ ၎င်းကပင် “လမ်းကြောင်း
ပြောင်း ပျံသန်းပြီးတာနဲ့ပဲ အဆက်အသွယ် ပြတ်သွားတာပါ”ဟုလည်း ဆိုသည်။
              “လေကြောင်းလမ်းညွှန် စနစ်တွေမှာ Air Algerie လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ ပျံသန်းမှု လမ်းကြောင်း 
အချက်ပြမှု ပျောက်ဆုံးသွားပါတယ်။ လေယာဉ်ကွင်းကနေ ပျံတက်လာပြီး မိနစ်(၅၀) အကြာမှာ အဆက်အသွယ် ပြတ်
သွားတာပါ”ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး အယ်လ်ဂျီးရီးယား သ
တင်းဌာန APSက အစောပိုင်းတွင် ဖော်ပြထားခဲ့သည်။ လေကြောင်းလိုင်းသည် လေယာဉ် အဆက်အသွယ် ပြတ်သွား
သည်နှင့် ပျံသန်းသည့် လမ်းကြောင်းတလျှောက် လိုက်လံရှာဖွေရန် ပြင်ဆင်နေပြီ ဖြစ်သည်။
              အဆိုပါ လမ်းကြောင်းမှာ ပျံသန်းချိန် (၄)နာရီ ကြာမြင့်ကြောင်းလည်း သိရသည်။ အယ်လ်ဂျီးရီးယား နိုင်ငံသည် 
ယခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး လေယာဉ် မတော်တဆမှု တစ်ရပ်နှင့် ကြုံတွေ့ဖူးသည်။ 
ထိုစဉ်က စစ်ဘက်သုံး C-130 လေယာဉ်တစ်စီးသည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ တောတောင်ထူထပ်ရာ ဒေသတွင် ပျက်ကျပြီး
 လူ(၇၀)ကျော် သေဆုံးခဲ့သည်။
_ Ref: 7daydaily
Wednesday, July 23, 2014
MH-17 မပျက်ကျမီ အနီး၌ ယူကရိန်း တိုက်လေယာဉ် ရှိနေခဲ့ကြောင်း ရုရှားစွပ်စွဲမှုကို ယူကရိန်းသမ္မတ ငြင်းဆို
              MH-17 လေယာဉ် ပျက်မကျမီ ယူကရိန်းလေတပ်၏ SU-25 တိုက်လေယာဉ် တစ်စီးက ချဉ်းကပ်လိုက်
ပါနေခဲ့ကြောင်း ရုရှားစစ်ဘက်၏ စွပ်စွဲချက်ကို ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကိုက ငြင်းဆန်ခဲ့သည်။ရုရှားက 
လက်နက် ထောက်ပံ့ထားသည့် ယူကရိန်း ခွဲထွက်ရေး သူပုန်များက MH-17 ကို မှားယွင်းပစ်ချခဲ့ခြင်းဟု ယူကရိန်း 
အစိုးရဘက်က အခိုင်အမာ စွပ်စွဲနေဆဲတွင် ရုရှားဘက်က ယူကရိန်းလေတပ်၏ ပါဝင်ဆက်နွယ်မှုကို တန်ပြန် မေး
ခွန်းထုတ်လာခဲ့သည်။ အဆိုပါ အခြေအနေက ဒုံးကျည်ထိမှန်၍ ပျက်ကျခဲ့သည်ဟု ယူဆရသော MH-17 အမှန်တ
ကယ် ကြုံတွေ့ခဲ့သည့် ကြမ္မာဆိုးနှင့် ပတ်သက်၍ ပိုမိုရှုပ်ထွေးလာသည်။
                ရုရှား ဒုတိယ ဗိုလ်ချုပ်ကြီး အန်ဒရီ ကာတိုပိုလော့ဗ်က ဇူလိုင်(၁၇)ရက် လေယာဉ်ပျက်ကျမှုနှင့် သက်
ဆိုင်သော ပျံသန်းမှု မှတ်တမ်းများကို မိမိတို့ ပြန်လည် လေ့လာသည့်အခါ ယူကရိန်း လေတပ်၏ SU-25 တိုက်လေ
ယာဉ် တစ်စီးသည် MH-17 မပျက်ကျမီ အချိန်ပိုင်းလေးတွင် MH-17 နှင့် ကီလိုမီတာ အနည်းငယ်မျှ အကွာ၌ ပျံသန်း
ခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း အစိုးရသည် ထိုအချိန်တွင် မိမိတို့၏ လေတပ်က မည်သည့် 
စစ်ရေးလှုပ်ရှားမှုမျှ ပြုလုပ်နေခြင်း မရှိဟု ကြေညာထားသည်။
             “မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ မြောက်ဘက်ကို နည်းနည်း လမ်းလွဲပြီး ပျံသန်းခဲ့တယ်။ 
အလွန်ဆုံး (၁၄)ကီလိုမီတာလောက်ပါပဲ။ ယူကရိန်း လေတပ် တိုက်လေယာဉ် တစ်စီးဟာ အဲဒီလေယာဉ်နဲ့ အမြင့်ပေ
 တူတူလောက်မှာ ရှိနေခဲ့တယ်။ မလေးရှား လေကြောင်းရဲ့ Boeing လေယာဉ်ကနေ (၃)ကီလိုမီတာကနေ၊ (၅)ကီလို
က SU-25 တစ်စီးသည် အချိန်တို အတွင်းမှာပင် အမြင့်မီတာ (၁၀၀၀၀)မျှထိ ရောက်ရှိအောင် ပျံသန်းနိုင်စွမ်း ရှိကြောင်း
လည်း မှတ်ချက်ပြုခဲ့သည်။
           “စစ်ဘက်လေယာဉ် တစ်စီးက အရပ်ဘက်လေယာဉ် တစ်စီးရဲ့ ပျံသန်းမှု လမ်းကြောင်းမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ 
တူညီတဲ့အချိန်၊ တူညီတဲ့ အမြင့်အတိုင်း ပျံသန်းနေရတာလဲ။ ဒီမေးခွန်းအတွက် ကျွန်တော်တို့ အဖြေတစ်ခုလောက်တော့
 လိုချင်ပါတယ်”ဟု ကာတိုပိုလော့ဗ်က ဆိုသည်။ ၎င်းက ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန၏ ရေဒါများသည် အခင်းဖြစ်သည့်
နေ့က ဒုံးကျည်စနစ် တစ်ခု အသက်ဝင်လာသည့် အခြေအနေမျိုး ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများကို ဖမ်းယူရရှိခဲ့ကြောင်း
လည်း ပြောကြားခဲ့သည်။
              “ဇူလိုင်(၁၇)ရက်က ယူကရိန်း ရေဒါစခန်းတွေရဲ့ ထုတ်လွှင့်မှုတွေက ပြင်းအားအမြင့်ဆုံးထိ ဖြစ်သွားခဲ့တယ်”ဟု 
၎င်းက စွပ်စွဲခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ကာတိုပိုလော့ဗ်က ရုရှားသည် ယူကရိန်း သူပုန်တပ်များကို BUK ဒုံးကျည်စနစ် 
ထောက်ပံ့ တပ်ဆင်ပေးခဲ့သည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ငြင်းဆန်ခဲ့သည်။ “သူပုန်တပ်တွေကို ရုရှားက BUK ဒုံးကျည်
တွေ မပေးခဲ့ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ BUK တွေတင် မကဘူး၊ တခြား လက်နက်တွေ၊ စစ်ရေးဆိုင်ရာ အသုံးအဆောင်
တွေ ဘာတစ်ခုမှ ပေးမထားခဲ့ပါဘူး”ဟု ကာတိုပိုလော့ဗ်က ဆိုသည်။
            ကာတိုပိုလော့ဗ်က Boeing 777 လေယာဉ်ကြီးကို သူပုန်တပ်များက ဒုံးကျည်ဖြင့် ပစ်ချခဲ့ကြောင်း စွပ်စွဲချက်အတွက် 
အမေရိကန် အစိုးရက ဂြိုဟ်တု ဓာတ်ပုံများ ထုတ်ပြရန်လည်း စိန်ခေါ်လိုက်သည်။ “အဲဒီပုံတွေကို မြင်ဖူးပါတယ် ဆိုတဲ့သူ တစ်
ယောက်မှ မရှိဘူး”ဟု ၎င်းက ဆိုသည်။ “တိုက်ဆိုင်မှုပဲ ပြောရမလား။ အဲဒီ အဖြစ်ဆိုးကြီး ပေါ်ပေါက်လာချိန်နဲ့ အမေရိကန် ဂြိုဟ်
တုတွေက စောင့်ကြည့်နေတယ်ဆိုတဲ့ အချိန်က အံကိုက်ကြီး ဖြစ်နေတယ်”ဟုလည်း ကာတိုပိုလော့ဗ်က ထောက်ပြခဲ့သည်။
ယူကရိန်း သမ္မတ ပိုရိုရှန်ကိုကမူ ရုရှားဘက်မှ စွပ်စွဲချက်များသည် မှန်ကန်မှု လုံးဝမရှိကြောင်း ငြင်းဆိုခဲ့သည်။ “အဲဒါ မမှန်ပါဘူး။ 
ကျွန်တော်တို့ဟာ စုံစမ်းစစ်ဆေးမှု အားလုံးအတွက် ပွင့်ပွင့်လင်းလင်း လမ်းဖွင့်ထားပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက 
အဲဒီလို ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်ဆိုရင် လိုအပ်တဲ့ သက်သေ အထောက်အထားတွေ ပြသရပါမယ်။ ယူကရိန်း နိုင်ငံရဲ့ 
ကောင်းကင်ယံကို ဂြိုဟ်တုတွေ၊ လေကြောင်းကာကွယ်ရေး စနစ်တွေ အများကြီးက စောင့်ကြည့်နေတာပါ။ ယူကရိန်း တိုက်လေ
ယာဉ်တွေဟာ အခင်းဖြစ်ချိန်မှာ လေယာဉ်ပျက်ကျတဲ့ နေရာနဲ့ ကီလိုမီတာပေါင်း အတော်ဝေးဝေး မြေပြင်ပေါ်မှာပဲ အခြေစိုက်ထား
တယ်ဆိုတာ အားလုံး သိပါတယ်”ဟု ပိုရိုရှန်ကိုက ဖြေရှင်း ပြောကြားသွားသည်။
_Ref: 7daydaily
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်ရင်ကြားစေ့ဖို့ ဦးသိန်းစိန် ကြိုးပမ်းလေသလား
               စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊
 လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါ
အဝင် ကြီးသုံး ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဆက်ဆံရေး မပြေလည်ချိန်မှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ 
ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ ကြိုးစားမှုတချို့ ရှိလာတာကို တွေ့လာရပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး
 ဟောပြောပွဲမှာ ဒေါ်အောင် ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
တို့ကို တိုင်းပြည် နဲ့လူမျိုးအတွက် ထောက်ထားကြဖို့၊ စေတနာရှိကြောင်း ပြသဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့
လိုကြောင်း ပြောဆိုခဲ့ပါတယ်။ ပခုက္ကူ ဟောပြောပွဲကြောင့် ကြီးသုံးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့
 ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံရေး ရေချိန်ကို သိသာစေတာမို့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေး အသိုင်း 
အဝိုင်းက လိပ်ခဲတည်းလည်း မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကို အာရုံစိုက်လာကြပါတယ်။
          ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ သမ္မတဦးသိန်းစိန် အထူးအားထားရတဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ ဒေါ် 
အောင်ဆန်း စုကြည် တို့ နေပြည် တော်အစိုးရရုံး အမှတ် ၁၈ မှာ တွေ့ဆုံဆွေးနွေးမှုတရပ် ပြုလုပ်ခဲ့ပါ တယ်။ တွေ့
ဆုံဆွေးနွေးမှု ခေါင်းစဉ်က တရားဥပဒေ စိုးမိုးရေးစင်တာ ဖွင့်လှစ်ရေးအတွက် တွေ့ဆုံဆွေး နွေးကြ တယ်လို့ အမျိုး
သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန်ပါတယ်။
            သမ္မတ ဦးသိန်းစိန်ကို တချိန်က ပြုပြင်ပြောင်း လဲရေးသမားအဖြစ် ယုံကြည်ပါတယ်လို့ ပြောဆိုခဲ့ပြီး နောက် 
ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေက အလုပ်မဖြစ်ဘူးလို့ ပြန်လည်ပြင်ဆင် ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်
အနေနဲ့ သမ္မတ ရုံးဝန်ကြီး ဦးလှထွန်းကို ကြည်ကြည်သာသာနဲ့ လက်ခံတွေ့ဆုံသလို သမ္မတ ဦးသိန်း စိန်ဘက်ကလည်း 
ဒေါ်အောင်ဆန်း စုကြည် ဆောင်ရွက်နေတဲ့ တရားဥပဒေ စိုးမိုး ရေးစင်တာ ဖွင့်လှစ်ရေးမှာ တက်တက်ကြွကြွ ပူးပေါင်း
ဆောင်ရွက်လာတာမို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ထိတွေ့ ဆက်ဆံဖို့ ကြိုးစားလာ
တာ အသေအချာပါပဲ။
             ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် 
အေးချမ်းရေး ကော်မတီက တရားဥပဒေ စိုးမိုးရေး စင်တာတွေဖွင့်ဖို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) နဲ့ ၂၀၁၃ 
ခုနှစ်လောက်ကတည်းက ကြိုးပမ်းနေတာဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး စင်တာတွေကို လားရှိုးနဲ့ မန္တလေးမှာ လာမယ့် 
စက်တင်ဘာလမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီတရားဥပဒေ စိုးမိုးရေးစင်တာတွေမှာ ပြည်သူတွေ အပါအဝင် နိုင်ငံ
တည်ဆောက်ရေးမှာ ပါဝင်တဲ့ အလွှာအသီးသီးကို တရားဥပဒေ စိုးမိုးရေးဆိုင်ရာ သင်တန်းတွေ၊ ပို့ချချက်တွေအပြင် 
တိုင်ကြားမှုတွေ ကို လက်ခံတာမျိုးတွေ လုပ်ဖို့ရှိနေပါတယ်။
              တရားဥပဒေ စိုးမိုးရေးစင်တာ ဖွင့်လှစ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ ဒေါ်အောင်ဆန်းစု ကြည်
တို့ တွေ့ဆုံခဲ့ပေမယ့် ဒီတွေ့ဆုံဆွေးနွေး မှုက အဲဒီခေါင်းစဉ်ထက်ပိုပြီး ကြီးမားတဲ့ ပြန်လည် ရင်ကြားစေ့ ရေး ခြေလှမ်း တရပ်
အဖြစ် ရှုမြင်မယ် ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဦးသိန်းစိန်က သမ္မတ ရုံးဝန်ကြီး ဦးလှထွန်းကို ဒေါ်အောင်ဆန်း စုကြည် နဲ့ 
ထိတွေ့ဆက်ခံခိုင်းခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် ရဲ့သဘောထားကို စူးစမ်းချင်ပုံ ရပါတယ်။
                  “တွေ့ဆုံဆွေးနွေးမှု အသေးစိတ်တော့ ကျနော် မပြောနိုင်ဘူး။ ခေါင်းစဉ်ကတော့ တရားဥပဒေစိုးမိုး ရေးစင်တာ
 တွေ ဖွင့်ဖို့ပဲ ဆွေးနွေးတာပေါ့။ တဖက်နဲ့ တဖက် နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ကြပါတယ်” လို့ တွေ့ဆုံ
 ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က 
ပြောပါတယ်။
            ဒေါ်အောင်ဆန်းစုကြည် ဘက်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အားရစရာ ကောင်းတဲ့ 
အခြေအနေ လုံးဝမရှိပါဘူး။ တချိန်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမား အဖြစ်ပြောဆိုခဲ့တဲ့ လွှတ်တော်နာယက သူရဦး
ရွှေမန်း ကလည်း NLD ကလုပ်ဆောင်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှား မှုတွေက လွှတ်တော်ကို မသက်ရောက်ဘူး၊
 NLD က ကန့်ကွက်နေတဲ့ အချိုး ကျကိုယ်စားပြုစနစ် (PR) ကို တိုင်းပြည်အတွက်အကျိုး ရှိရင် ရွေးကောက်ပွဲမှာ သုံးမယ်ဆိုပြီး
ပြောဆိုလိုက်တာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း သဘောထား တွေ မတိုက်ဆိုင်တော့ဘူးဆိုတာအထင် အရှားပါပဲ။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်တွေ့ဆုံဖို့  ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တောင်းဆို နေ
ဆဲပါပဲ။ သမ္မတ ဦးသိန်းစိန် ရဲ့ထိတွေ့ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည် ဘက်က ပြန်လည် လက်ခံတာဟာ လေးပွင့်ဆိုင်
တွေ့ဆုံ ရေးဖြစ်လာဖို့ ရည်ရွယ်ချက်ရှိပုံ ရတယ်လို့  NLD အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
              သမ္မတ ဦးသိန်းစိန်ဘက်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခိုင်ခိုင်မာမာ 
ရပ်တည် နေတာမို့ ဦးသိန်းစိန်နဲ့ ဆက်ဆံရေးကောင်းမွန်ခြင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုအတွက် အဖြေ တစုံတခုတော့ 
ရစေနိုင်မယ့်အပြင် ၂၀၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံရေး မတည်မငြိမ် မဖြစ်စေဖို့ ညှိနှိုင်းမှုတွေ လုပ်နိုင်မယ့် အခြေအနေ ရှိပါတယ်။
           “သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမားအဖြစ် ယုံကြည်ပါတယ်” ၊”နာယကကြီး (သူရ ဦးရွှေမန်း)က
 ဖြောင့်ဖြောင့်မတ်မတ်ပါပဲ” လို့ပြောဆိုပြီး စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးကစားကွက်မှာ အသုံးချခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ ဒီတခါတော့ သေချာတဲ့ နိုင်ငံရေးဗျူဟာ တရပ်ကို ခင်းကျင်းလို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိတွေ့ဆက်ဆံရေး ပြန်လည် 
စတင်မယ်ဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးအတွက် အကျိုးအမြတ်တခုတော့ ထွက်နိုင်မယ့် အခြေအနေရှိပါတယ်။
Ref : ဧရာဝတီ
Monday, July 21, 2014
MH17 ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက် ရွှေ့ပြောင်းနေသည်ဆိုသော ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့လာ
              ကြီးမားသော စစ်လက်နက် ပစ္စည်းတစ်ခုကို ထရပ်ကားကြီး တစ်စီးပေါ် တင်ဆောင်ပြီး နေရာရွှေ့ပြောင်းနေသည့် 
ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာပြီးနောက် ယင်းသည် MH17 ကို ပစ်ချခဲ့သည့် BUK ဒုံးကျည်စနစ်ဖြစ်ကြောင်း စွပ်စွဲမှု
များ ထွက်ပေါ်လာခဲ့သည်။ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဇူလိုင်(၁၉)ရက်က ယာဉ်မောင်းတစ်ဦးသည် ကားဒက်ရှ်ဘုတ်ပေါ်တွင် 
တပ်ဆင်ထားသည့် ကင်မရာဖြင့် ၎င်း၏ရှေ့မှောက်မှ ထရပ်ကားကြီးကို မှတ်တမ်းယူ ဗီဒီယို ရိုက်ထားခြင်း ဖြစ်သည်။ အဆိုပါ 
ယာဉ်မောင်းသည် စစ်ဘက်သုံး ထရပ်ကားကြီးနောက်မှ (၂)ကီလိုမီတာမျှထိ နောက်ယောင်ခံ မောင်းနှင်ပြီး ဗီဒီယို ရိုက်ယူထား
ခဲ့သည်။
         ထရပ်ကားကြီး၏ နောက်ဘက်တွင် အညိုရောင် အဝတ်စဖြင့် ဖုံးလွှမ်းထားသည့် ကြီးမားသော ပစ္စည်းတစ်ခု ရှိနေပြီး ယင်း
၏ ကောက်ကြောင်းသည် ဒုံးကျည်စနစ် တစ်ခုသဏ္ဍန် ပေါ်လွင်နေသည်။ ယူကရိန်း ထောက်လှမ်းရေး ရင်းမြစ်များက အဆိုပါ ဗီဒီ
ယိုကို ထုတ်ပြန်ခဲ့ပြီး ရုရှား Blogger တစ်ဦးက BUK M1 ဒုံးကျည်စနစ် ရွှေ့ပြောင်းနေသည်ကို မှတ်တမ်းတင်ထားခြင်းဟု ဖော်ပြခဲ့
သည်။ အဆိုပါ ထရပ်ကားကြီးသည် လေယာဉ် ပျက်ကျပြီး (၂)ရက်မျှ အကြာတွင် ယူကရိန်းမှ ရုရှားနယ်စပ်ဘက်သို့ ဦးတည် မောင်း
နှင်နေခြင်းဟုလည်း သိရသည်။
                MH17သည် ရုရှားက အထောက်အပံ့ ပေးထားသည့် ယူကရိန်း သူပုန်များ မှားယွင်းပစ်ခတ်သည့် ဒုံးကျည်ထိမှန်ပြီး
 ပေါက်ကွဲသွားခြင်းဟု ယူဆစရာ အခြေအနေများ ရှိနေရာ ယခုအခါ လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက်သို့ 
ပြန်လည် ပေးပို့လိုက်ခြင်းဟု ယူကရိန်းဘက်က စွပ်စွဲထားသည်။
                “ရုရှားနိုင်ငံက Blogger တစ်ယောက်ဟာ အဝတ်နဲ့ လွှမ်းခြုံဖုံးအုပ်ထားတဲ့ BUK 1M ဒုံးကျည်စနစ် ရွှေ့ပြောင်းမှု 
ခရီးစဉ်နောက်ကို (၂)ကီလိုမီတာလုံးလုံး ခြေရာခံ လိုက်ခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရတော့ အဲဒီကားကြီးက ယူကရိန်း နယ်ခြားဘက်
ကို ဦးတည်နေပါတယ်တဲ့။ သူကတော့ ဒါဟာ MH17 ကို ပစ်ချခဲ့တဲ့ ဒုံးကျည်စနစ်ပဲလို့ သေချာပေါက် ယူဆထားတယ်”ဟု အင်တာ
နက်တွင် ပျံ့နှံ့နေသည့် ဗီဒီယို၌ ရေးသားထားသည်။ ဗီဒီယိုထဲတွင် ကားမောင်းနေသူက “ဒါနောက်နေတာ မဟုတ်ဘူး”ဟု ရေရွတ်
နေသော အသံလည်း ပါရှိနေသည်။
                    ယူကရိန်း အစိုးရက သူပုန်များသည် ရုရှားစစ်တပ်က ထောက်ပံ့သည့် BUK ဒုံးကျည်ဖြင့် မိမိတို့၏ စစ်ဘက်လေယာဉ်
များကို ပစ်ချနေရာမှ MH-17 ကို မှားယွင်းပစ်ခတ်ခဲ့ခြင်းဟု စွပ်စွဲထားသည်။သူပုန်တပ်ဖွဲ့များက ၎င်းတို့သည် လေယာဉ်ပျက်၏ သေတ္တာ
နက်ဟု ယူဆရသော အရာကို ပြန်လည်တွေ့ရှိထားပြီး ယင်းကို ဒိုးနက်စ်ခ်မြို့သို့ ယူဆောင်လာကာ ထိုမှတစ်ဆင့် နိုင်ငံတကာ ကျွမ်း
ကျင်ပညာရှင်များထံ လက်လွှဲပေးအပ်မည်ဟု ကြေညာထားသည်။
                 သူပုန်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အလက်ဇန္ဒား ဘိုရိုဒိုင်က ဒိုးနက်စ်ခ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ 
တစ်ရပ်၌ “လေယာဉ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတချို့ကို ရှာတွေ့ထားပါတယ်။ အဲဒီထဲမှာ သေတ္တာနက်လို့ ယူဆရတဲ့ ပစ္စည်းလည်း ပါတယ်။ 
ကျွန်တော်တို့ရဲ့ ကွပ်ကဲမှုနဲ့အတူ အဲဒီပစ္စည်းတွေကို ဒိုးနက်စ်ခ်ထိ သယ်ယူလာနေပါတယ်။ ကျွန်တော်တို့ထဲမှာ ဒီပစ္စည်းဟာ လေယာဉ်
ရဲ့ သေတ္တာနက် ဟုတ်မဟုတ် အတည်ပြုပေးနိုင်တဲ့ ပညာရှင် မရှိပါဘူး။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေလို့ ယူဆရတဲ့ အရာ
မှန်သမျှကို ဒိုးနက်စ်ခ်ထိ သယ်လာပါတယ်”ဟု ပြောကြားသွားသည်။
_Ref: 7daydaily
Friday, July 18, 2014
မလေးရှားလေယာဉ်မှာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည် ထိမှန်ခံခဲ့ရခြင်းဖြစ်ကြောင်း အိုဘားမား ပြောကြား
 ယူကရိန်းတွင် ပျက်ကျသွားသည့် MH17 မလေးရှား ခရီးသည်တင်လေယာဉ်မှာ မြေပြင်မှဝေဟင်ပစ်
 ဒုံးကျည်ထိမှန်ခံရခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ဒုံးကျည်မှာ ရုရှားကိုထောက်ခံသော ယူကရိန်းခွဲထွက်ရေးအုပ်
စုက ထိန်းချုပ်ထားသည့် နယ်မြေမှ ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိထားသည့် အထောက်အထားက ညွှန်
ပြနေကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်သည်။
            အမေရိကန်သမ္မတ အိုဘားမားသည် MH17 ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ အိမ်ဖြူ
တော်တွင် သတင်းထောက်များကို ထုတ်ပြန်ပြောကြားမှုတစ်ရပ် ပြုလုပ်စဉ် ထိုသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း
 ဖြစ်သည်။ မလေးရှားခရီးသည်တင် လေယာဉ်ပျက်ကျမှုတွင် အနည်းဆုံး အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံး
ခဲ့ကြောင်းလည်း အိုဘားမားက အတည်ပြုခဲ့သည်။
            ရုရှားကိုထောက်ခံသည့် ယူကရိန်းခွဲထွက်ရေး လက်နက်ကိုင်အုပ်စုများ၊ ရုရှားနှင့် ယူကရိန်းတို့ကို လေ
ယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေစဉ် အပစ်အခတ်ရဲစဲမှုကို အတိအကျလိုက်နာရန် အမေရိကန်
သမ္မတက တောင်းဆိုလိုက်သည်။ ထို့အပြင် တစ်ကမ္ဘာလုံးက လေယာဉ်ပျက်မှု ဖြစ်ရပ်ကို စောင့်ကြည့်နေကြောင်း
နှင့် အမှန်တရား ထွက်ပေါ်လာရန် အသေအချာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အိုးဘားမားကဆိုသည်။
Ref:  Mizzima News
AIDS ညီလာခံကိုယ်စားလှယ် ရာကျော် လေယာဉ်ပျက်ရာ သေဆုံး
             ဗွီအိုအေ (မြန်မာပိုင်း) 18.07.2014 20:27
          ယူကရိန်းနိုင်ငံပေါ်မှာပျံသန်းနေတဲ့အချိန် ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်း လိုင်းက ခရီးသည် 
တင်လေယာဉ်ပေါ်မှာ ပါသွား တဲ့ ခရီးသည်တွေထဲ သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီ
လာခံကို တက်ရောက်မယ့်သူ အများအပြားပါပြီး အဲဒီထဲမှာ အထင်ရှားဆုံးကတော့ နယ်သာလန်နိုင်ငံက HIV 
သုတေသီ၊ နိုင်ငံတကာ AIDS အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဟောင်း Joep Lange ဖြစ်ပါတယ်။
           “ပျက်ကျသွားတဲ့ MH17 မလေးရှားခရီးသည်တင်လေယာဉ်ပေါ်မှာ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့
မှာကျင်းပ မယ့် အကြိမ် ၂၀ မြောက် နိုင်ငံတကာ AIDS ညီလာခံကို တက်ရောက်မယ့် လုပ်ဖော်ကိုင်ဘက်တွေ၊
 မိတ်ဆွေ သူငယ်ချင်းတွေ ပါသွားတယ်ဆိုတာသိရတဲ့အတွက် နိုင်ငံတကာ AIDS အဖွဲ့အစည်း အနေနဲ့ အလွန်
အမင်းဝမ်းနည်းရပါတယ်။ အခုလို ၀မ်းနည်း ကြေကွဲဖွယ်အချိန်မျိုးမှာ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ နိုင်ငံတ
ကာ မိသားစုတွေနဲ့ အတူတကွ ရပ်တည်ပြီး ဒီဖြစ်ရပ်ဆိုးကြီးမှာ အသက် ဆုံးပါးသွားကြသူတွေရဲ့ ကျန်ရစ်သူမိ
သားစုတွေအတွက် ၀မ်းနည်းစကားပြောကြားလိုပါတယ်။” လို့ နိုင်ငံတကာ AIDS အဖွဲ့အစည်းအရဲ့ ဥက္ကဋ္ဌအဖြစ် 
ရွေးချယ်ခံထားရသူ Chris Beyrer က ပြောခဲ့ပါတယ်။
             သေဆုံးတဲ့ထဲမှာ ဥက္ကဋ္ဌဟောင်း Lange လည်းပါတယ်ဆိုတဲ့ သတင်းသာ မှန်ခဲ့မယ်ဆိုရင် HIV/AIDS 
တိုက်ဖျက်ရေး လှုပ်ရှားမှု အတွက် အရေးပါသူတဦးကို ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါလိမ့်မယ်လို့လည်း Beyrer က 
ပြောပါတယ်။
Twitter Delicious Facebook Digg Stumbleupon Favorites More