မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Monday, June 30, 2014

နိုက်ဂျီးရီးယားတွင် ခရစ်ယာန် ဘုရားကျောင်းများ၊ ရွာများကို ဘိုကိုဟာရမ်တို့တိုက်ခိုက် (၄၀)ကျော် သေဆုံး


                 နိုက်ဂျီးရီးယား နိုင်ငံတွင် ဘိုကိုဟာရမ် စစ်သွေးကြွများဟု ယူဆရသည့် အကြမ်းဖက်သူများ၏ 
တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ(၄၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ချီဘော့အနီး ကျေးရွာတစ်ခုရှိ 
ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းကို ပစ်မှတ်ထားခဲ့သည်ဟု ယူဆရသော အဆိုပါ တိုက်ခိုက်မှုတွင် အရပ်
သား(၄၀) သေဆုံးပြီး စေတနာ့ဝန်ထမ်း ကင်းအဖွဲ့များ၏ ခုခံမှုကြောင့် စစ်သွေးကြွ (၆)ဦးလည်း သေဆုံးကြောင်း 
အတည်မပြုနိုင်သည့် သတင်းများက ဖော်ပြထားသည်။ ဘိုကိုဟာရမ်တို့သည် အဆိုပါ ဒေသတွင် အခြားကျေးရွာ
 အချို့ကိုလည်း တိုက်ခိုက်ခဲ့သေးသည်။
               ချီဘော့သည် ဧပြီလအတွင်းက ကျောင်းသူမိန်းကလေး (၂၀၀)ကျော်ကို ဘိုကိုဟာရမ်တို့ ပြန်ပေးဆွဲ
သွားသည့် မြို့လည်း ဖြစ်သည်။ ဘိုကိုဟာရမ်တို့သည် အလားတူ အကြမ်းဖက် တိုက်ခိုက်မှုမျိုး အကြိမ်ကြိမ် လုပ်
ဆောင်ဖူးပြီး အရပ်သား ရာနှင့်ချီ သေဆုံးခဲ့သည်။
            နိုက်ဂျီးရီးယား အစိုးရသည် နိုင်ငံမြောက်ပိုင်း ဒေသများတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာ
ထားရပြီး ဖြစ်သည်။ ဘိုကိုဟာရမ်တို့သည် အဆိုပါဒေသများကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်တစ်ရပ် 
ထူထောင်ရန် ကြိုးပမ်းနေသည်။ ချီဘော့နှင့် မနီးမဝေးရှိ ကော်တီကာရီ ကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု
များအား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ရွာထဲတွင် အရပ်သား အလောင်းများ ပျံ့နှံ့နေပြီး ဘိုကိုဟာရမ်တို့က လှည့်
လည်သွားလာနေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် (၄)နာရီမျှ ကြာမြင့်ခဲ့ကြောင်းလည်း သိရ
သည်။ အခြား အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးက စစ်သွေးကြွများသည် ထရပ်ကားတစ်စင်းနှင့် မော်တော်
ဆိုင်ကယ်များ စီးနင်းကာ ရောက်ရှိလာပြီး လူ(၂၀)ဝန်းကျင်မျှဟု Reutersသို့ ပြောကြားခဲ့သည်။ “ပထမတော့ စစ်
တပ်က ရွာထဲဝင်လာတာလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က တွေ့ရာလူ လိုက်ပစ်တော့တာပဲ။ လူတွေ ထွက်ပြေးကုန်
တော့ ရွာကို မီးတင်ရှို့ခဲ့တယ်”ဟု မျက်မြင်တစ်ဦးဖြစ်သည့် ဆမ်မြူရယ် ချီဘော့က ပြောကြားခဲ့သည်။
         AFP က ဘိုကိုဟာရမ်တို့သည် အနီးအနားရှိ ကွာဒါ၊ ငူရိုဂျီနီနှင့် ကာရာဂါအူ ရွာများကိုပါ ပစ်မှတ်ထား တိုက်
ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကွာဒါတွင် ဇွန်လ(၂၉)ရက်နေ့က ဘုရားကျောင်းအချို့ မီးရှို့ဖျက်ဆီးခံရပြီး တနင်္ဂနွေ
နေ့ ဝတ်ပြုနေသူ အချို့လည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

_Ref: BBC

ဒိုင်ဗင်သမားအဖြစ် စွပ်စွဲခံနေရသည့် နယ်သာလန် အသင်းဖော် ရော်ဘင်ကို ဂိုးသမား ဆီလက်ဆန်ကာကွယ်


             အာဂျန်ရော်ဘင်ကို ဟန်ဆောင်လှဲချသူ ဒိုင်ဗင်သမား တစ်ဦးအဖြစ် စွပ်စွဲမှုများအား နယ်သာလန် ဂိုးသမား
 ဂျက်စ်ပါ ဆီလက်ဆန်က ငြင်းဆန်ပြီး အသင်းဖော်ဘက်မှ ကာကွယ်ရပ်တည်ခဲ့သည်။ နယ်သာလန်က မက္ကဆီကိုအား
 (၂-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ရော်ဘင်သည် နောက်ဆုံးမိနစ်ပိုင်း၌ ရာဖေးလ်မားကွက်ဇ်၏ ဖျက်ထုတ်မှုကြောင့် 
လဲကျပြီး ပင်နယ်တီ ရရှိခဲ့သည်။ ယင်းပင်နယ်တီကို နယ်သာလန် တိုက်စစ်မှူး ကလက်စ်ဂျန် ဟန်တဲလားက အသင်း
၏ အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
            မက္ကဆီကိုနည်းပြ မီဂွယ် ဟာရဲရာက ရော်ဘင်သည် ယခုပွဲတွင် သုံးကြိမ်တိတိ ဒိုင်ဗင်ထိုး ဟန်ဆောင်လှဲချခဲ့
ကြောင်း စွပ်စွဲ ဝေဖန်ခဲ့သော်လည်း ဆီလက်ဆန်ကမူ မိမိ၏ အသင်းဖော်သည် အလွယ်တကူ လဲကျသွားလေ့ ရှိသူမ
ဟုတ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။
            “ရော်ဘင်က အလွယ်တကူ လဲကျသွားတတ်တဲ့ ကစားသမား မဟုတ်ပါဘူး။ တကယ်ဆိုရင် ပထမပိုင်း က
တည်းက သူ့ကို မက္ကဆီကိုက လူချကစားခဲ့ပြီး ကျွန်တော်တို့ ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ကျွန်တော် အဲဒီဖြစ်ရပ်ကို 
သေချာပြန် မကြည့်ရသေးဘူး။ ဒါပေမဲ့ ပင်နယ်တီ ရခဲ့သင့်တယ်လို့ ထင်ပါတယ်။ တကယ်လို့ ဒါဟာ ပင်နယ်တီပါလို့ 
ရော်ဘင်က ထုတ်ပြောထားတယ်ဆိုရင် သူပြောတာကို ကျွန်တော် ယုံတယ်”ဟု ဆီလက်ဆန်က ဆိုသည်။ ရော်ဘင်က
 နောက်ဆုံးမိနစ် ပင်နယ်တီမှာ အမှန်တကယ် ထိုက်တန်ကြောင်း ပြောကြားထားသော်လည်း ပထမပိုင်းကမူ တစ်ကြိမ်
 ဟန်ဆောင်လှဲချခဲ့ကြောင်း ဝန်ခံထားသည်။
           ယခုပွဲတွင် အရန်တိုက်စစ်မှူး ဟန်တဲလားက ဂိုးသွင်းယူနိုင်ခဲ့ပြီး နယ်သာလန်ကို ကွာတားဖိုင်နယ်တက်အောင် 
ကူညီပေးခဲ့သည့်နောက် ဆီလက်ဆန်က အသင်း၏ အရန်အင်အား တောင့်တင်းမှုကိုလည်း ချီးကျူးခဲ့သည်။ ၎င်းက “
ကျွန်တော်တို့ ရှုံးနေတဲ့ တစ်လျှောက်လုံး ယုံကြည်မှု မပျက်ပါဘူး။ တစ်ဂိုးပြန်ချေလိုက်ရင် သေချာပေါက် နိုင်အောင် က
စားနိုင်တော့မယ်လို့ ခံစားမိနေခဲ့တယ်။ အသင်းမှာက တောင့်တင်းတဲ့ အရန်အင်အား ရှိတယ်လေ။ ကစားသမားတိုင်းက
 ပွဲမှာ ပါဝင်ကစားဖို့ နိုးကြား တက်ကြွနေကြတယ်။ ချီလီနဲ့ပွဲမှာ လီရွိုင်ဖား၊ ဩစတြေးလျနဲ့ ပွဲမှာတော့ မမ်ဖစ်ဒီပေတို့လို 
အရန်ကစားသမားတွေက ဂိုးတွေသွင်းပြခဲ့တယ်။ နယ်သာလန်ဟာ တကယ်တောင့်တင်းတဲ့ အသင်းကောင်း တစ်ခုကို 
စုဖွဲ့ပိုင်ဆိုင်ထားတာပါ”ဟုလည်း ပြောကြားသွားသည်။

_Ref: 7daydaily

ISIS စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်ထားသည့် နယ်မြေများကို အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ကြေညာ



                အီရတ်နှင့် ဆီးရီးယားတို့တွင် ၎င်းတို့ သိမ်းယူထားသည့် နယ်မြေများဖြင့် အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် 
သတ်မှတ်ထူထောင်ကြောင်း ISIS စစ်သွေးကြွများက ကြေညာခဲ့သည်။ ISIS ၏ ခေါင်းဆောင်ဖြစ်သူ အဘူဘေကာ 
အယ်လ်ဘဂ္ဂဒက်ဒီက ယင်းအစ္စလာမ်မစ် နိုင်ငံတော်တွင် Caliphခေါ် ဘာသာရေးကို အခြေခံသည့် ခေါင်းဆောင်အ
ဖြစ်လည်း ခံယူခဲ့သည်။ Caliphate ခေါ် အစ္စလာမ်မစ် နိုင်ငံတော်တစ်ခု တည်ထောင်ရေးသည် ဂျီဟတ်ဝါဒီ စစ်သွေး
ကြွများ၏ နှစ်ရှည်လများ ရည်မှန်းချက်တစ်ရပ်လည်းဖြစ်ပြီး တင်းကျပ်သည့် အစ္စလာမ်မစ် စည်းမျဉ်းများဖြင့် နိုင်ငံကို 
အုပ်ချုပ်မည် ဖြစ်သည်။ လတ်တလောတွင် အီရတ်စစ်တပ်သည် ISISတို့ ထိန်းချုပ်ထားသည့် တီကရစ်မြို့ကို ထိုးဖောက်
 တိုက်စစ်ဆင်ရန် ကြိုးစားနေသော်လည်း အောင်မြင်မှု မရဘဲ ရုန်းကန်နေရဆဲ ဖြစ်သည်။
        စစ်သွေးကြွများသည် တီကရစ်ကို ဇွန်လ(၁၁)ရက်နေ့ ကတည်းက သိမ်းပိုက်ထားပြီး အီရတ်၏ အနောက်ပိုင်းနှင့်
 မြောက်ပိုင်း ဒေသများကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။ ISIS တို့သည် အသံသွင်းဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်
တင်ပြီး ၎င်းတို့၏ နိုင်ငံထူထောင်မှု စီမံကိန်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစ္စလာမ်မစ် နိုင်ငံတော်သည် ဆီးရီး
ယား မြောက်ပိုင်းရှိ အေလက်ပိုမြို့မှ အီရတ်အရှေ့ပိုင်းရှိ ဒီယာလာထိ ကျယ်ပြန့်မည်ဟု ဆိုသည်။ အဆိုပါ အသံသွင်း 
ကြေညာချက်တွင် မွတ်ဆလင်တိုင်းက အစ္စလာမ်မစ် နိုင်ငံတော်ကို သစ္စာခံရန် တိုက်တွန်းထားပြီး ဒီမိုကရေစီစနစ် အပါ
အဝင် အနောက်နိုင်ငံများ၏ အမှိုက်သရိုက်များကို စွန့်ပယ်ရန်လည်း ဆော်ဩထားသည်။လတ်တလောတွင် အီရတ်အစိုး
ရသည် ရုရှားနိုင်ငံမှ တစ်ပတ်ရစ် တိုက်လေယာဉ်များကို စတင်လက်ခံ ရရှိနေပြီး ISISတို့အပေါ် လေကြောင်းမှ စစ်ဆင်
ရေးများ အရှိန်မြှင့်တင်နိုင်ရန် မျှော်လင့်နေသည်။ ဇွန်လ(၂၉)ရက်နေ့တွင် အစိုးရ စစ်တပ်၏ ဂျက်တိုက်လေယာဉ်များသည် 
တီကရစ်မြို့ရှိ စစ်သွေးကြွများ ခိုအောင်းနေရာ ခံတပ်နေရာများကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်းလည်း 
သိရှိရသည်။

_Ref: BBC

Sunday, June 29, 2014

မွတ်ဆလင်နိုင်ငံတည်ဆောက်ရေး ကြိုးစကို ဆွဲကြည့်ခြင်း


ခိုင်လင်း (မေဃ၀တီ)
            မြန်မာနိုင်ငံတော်ထဲက နောက်ထပ်နိုင်ငံ တနိုင်ငံထွက်ပေါ်လာအောင် UN အဖွဲ့အစည်းတွေနဲ့ 
INGO အဖွဲ့တွေက စနစ်တကျလုပ်ဆောင်နေတာလားဆိုတာ သံသယဖြစ်မိတယ်ဆိုတဲ့အကြောင်း လွန်
ခဲ့တဲ့နှစ်က ဆောင်းပါးတပုဒ်မှာ အစလေးတခု ဖော်ပေးခဲ့ပါတယ်။ အဲဒီအစလေးကို ဆွဲထုတ်ဖို့ ဇန္န၀ါရီ 
(၁၃) ရက် မောင်တောဖြစ်စဉ်က ကျွန်တော့်ကို တွန်းအားပေးခဲ့ပါတယ်။
             အစိုးရ၀န်ထမ်း ရဲတပ်ကြပ်ကြီးတဦး အကြမ်းဖက်ခံရခြင်း ပကတိအဖြစ်မှန်သတင်းက နိုင်ငံ
တကာကို မရိုက်ခတ်ဘဲ ဘင်္ဂလီလေးဆယ်ပတ်ဝန်းကျင် သတ်ဖြတ်ခံရတယ်ဆိုတဲ့ လုပ်ကြံသတင်းက
 နိုင်ငံတကာကို ရိုက်ခတ်ခဲ့တယ်။ အဖြစ်မှန်က ပျောက်ကွယ်သွားပြီး လိမ်ညာဝါဒဖြန့်မှုက မှန်ကန်တဲ့ 
အဖြစ်အပျက်တစ်ခုလို နိုင်ငံတကာမီဒီယာတွေ၊ အစိုးရအဖွဲ့တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေအထိ ပျံ့
နှံ့ခဲ့ပါတယ်။
           တကယ့်အဖြစ်မှန်သတင်းကို ဖုံးလွှမ်းစေတဲ့ လုပ်ကြံသတင်းရဲ့ ”အင်အား“ နဲ့ မြန်မာနိုင်ငံရဲ့ အ
တွင်းအပြင်ချိတ်ဆက်ထားတဲ့ ကွန်ရက်ရဲ့ကျယ်ပျံ့မှုကိုလည်း ချင့်တွက်နိုင်ပါတယ်။ ကြံ့ခိုင်ရေးပါတီ
လွှတ်တော်အမတ် ဦးရွှေမောင်ကိုယ်တိုင် ဒီလုပ်ကြံသတင်းကို အင်အားဖြည့်ထားခြင်းက သံသယဟာ
 ပိုလို့ခိုင်မာစေပါတယ်။ ဒီသံသယတွေဟာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေ၊ အထောက်အထားတော
ကြောင့် ဖြစ်နိုင်ချေအပေါ်မှာ သံသယဖြစ်မိခြင်း၊ ကောက်ချက်ချရခြင်း ဖြစ်မိပါတယ်။
             ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ သူတို့လိုချင်တဲ့ မွတ်ဆလင်နိုင်ငံတော်အိပ်မက်ကို အကောင်
အထည်ဖော်ဖို့ မွတ်ဆလင်နိုင်ငံတွေ စုဖွဲ့ထားတဲ့ (OIC) ကို ချဉ်းကပ်ခဲ့တာတွေရှိတယ်။ မြန်မာနိုင်ငံရဲ့
 ပြည်တွင်းရေးကို ညင်သာစွာ ၀က်စွက်ဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာလူထုရဲ့ အမျိုးသားရေးအမြင်နဲ့ 
တော်လှန်ခဲ့မှုတွေကြောင့် (OIC) ဟာ နောက်ကို ဆုတ်ခဲ့ပါတယ်။
          ဒါပေမယ့် (OIC) ရဲ့လက်တံက ရှည်ပါတယ်။ INGO အဖွဲ့တွေ၊ UN အဖွဲ့တွေဟာ သာမန်အားဖြင့်
 ကြည့်ရင် (OIC) နဲ့သီးခြားစီဖြစ်နေပါတယ်။ သြဇာလည်း မသက်ရောက်နိုင်ဘူးလို့ မြင်နိုင်ပါတယ်။ အမှန်
တကယ်က INGO အဖွဲ့တွေနဲ့ UN အဖွဲ့ဟာ (OIC) ရဲ့ သြဇာသက်ရောက်နိုင်သလို (OIC) ရဲ့ ခါးပိုက်
ဆောင်တွေလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် မွတ်ဆလင်နိုင်ငံတွေရဲ့လက်တံ တွေဖြစ်ပါတယ်။
 တဖက်မှာလည်း Human Right လို အဖွဲ့တွေဟာလည်း (OIC) ရဲ့ လက်တံတွေဖြစ်တယ်ဆိုတာ အဲဒီအဖွဲ့
ရဲ့ တဘက်သတ်ရပ်တည်ချက်တွေ၊ သူတို့ရဲ့လှုပ်ရှားမှုတွေက ငြင်းမရတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ
ဖြစ်ပါတယ်။
         မောင်းတော ဒုချီးရားတန်းအကြမ်းဖက်မှုဖြစ်စဉ်ဟာ အစိုးရ၀န်ထမ်းတဦးကို အကြမ်းဖက်တိုက်ခိုက်ခြင်း
 ဖြစ်တယ်။ အဲဒီဖြစ်စဉ်မျိုး ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် သီးခံမှာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုကို ပြင်းထန်တဲ့စစ်
ဆင်ရေးတွေ လုပ်ကြတာချည်းဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းတွေက ကန့်ကွက်သည်ဖြစ်စေ နိုင်ငံတော်ရဲ့ 
အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားအပေါ်မှာ ရပ်ပြီး တုံ့ပြန်ကြတာချည်း ဖြစ်ပါတယ်။ အစိုးရ၀န်
ထမ်းတဦး အကြမ်းဖက်ခံရခြင်း သတင်းတခုတည်းသာ နိုင်ငံတကာကို ပျံ့နှံ့ခဲ့ရင် ဘင်္ဂလီတွေဖက်က တ
ဘက်သတ်ရပ်တည်ခဲ့တဲ့ INGO အဖွဲ့တွေ၊ UN အဖွဲ့တွေရဲ့ပုံဖော်မှုလမ်းကြောင်းတွေ လမ်းလွဲသွားနိုင်ပါတယ်။
 တဘက်မှာလည်း ဘင်္ဂလီတွေဟာ သနားစရာသတ္တ၀ါတွေအဖြစ် ပုံဖော်ထားမှု မျက်နှာဖုံးတွေ ကွာကျသွားမှာ
 သေချာပါတယ်။
               ဒါကြောင့် အစိုးရ၀န်းထမ်းတဦး အကြမ်းဖက်သတ်ဖြတ်ခံရခြင်းဖြစ်စဉ်ကို ပျောက်ကွယ်သွားဖို့ INGO 
အဖွဲ့တွေ၊ UN အဖွဲ့စတဲ့ အဖွဲ့တွေဟာ မဟုတ်မမှန်လုပ်ကြံထားတဲ့ သတင်းရင်းမြစ်ကို ပေးခဲ့ခြင်း ဖြစ်တယ်လို့ နား
လည်ပါတယ်။ သတင်းထုတ်ပြန်ခြင်းဟာ သတင်းရင်းမြစ်ခိုင်မာမှုအပေါ်မှာ အခြေခံထားမှုမရှိခြင်းနဲ့ အဲဒီအဖွဲ့တွေ
ကိုယ်တိုင် သတင်းရင်းမြစ်တွေဖြစ်နေခြင်းက တမင်တကာ အကွက်ချလုပ်ဆောင်ခြင်းဆိုတာ ထင်ရှားပါတယ်။
 ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ ငွေကြေးပေးမှုကို လက်ခံထားတယ်လို့နာမည်ကြီးနေတဲ့ ဧရာဝတီသတင်းဌာနရဲ့ 
လုပ်ရပ်တွေကလည်း မီးလောင်ရာလေပင့်သလို ဖြစ်စေခဲ့ပါတယ်။
            မြန်မာအစိုးရအဖွဲ့တွေ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေက အဲဒီဒေသကို သွားရောက်စစ်ဆေးခဲ့မှု တွေ
အရ တပ်ကြပ်ကြီး အောင်ကျော်သိန်းပျောက်ဆုံးခဲ့ခြင်းသာ တွေ့ရှိရပြီး ဘင်္ဂလီလေးဆယ်ကျော် သတ်ဖြတ်ခံရခြင်း
အထောက်အထားအထားတွေ မတွေ့ရှိရကြောင်း ရှင်းလင်းပြောကြားခဲ့ပေမယ့် နယ်စည်းမခြားဆရာဝန်အဖွဲ့စတဲ့ 
INGO အဖွဲ့တွေက သူတို့အဖွဲ့တွေမှာ ခိုင်မာတဲ့ အထောက်အထားတွေ ပြနိုင်တယ်လို့ ပြောပေမယ့် အထောက်
အထားတွေ မပြနိုင်ခဲ့ခြင်းနဲ့ ၂၀၁၂ အရေးအခင်းက ဗီဒီယိုမှတ်တမ်းအဟောင်းကိုသာ ဆွဲထုတ်ပြနိုင်ခဲ့ခြင်းတွေက
 အဲဒီအဖွဲ့တွေရဲ့ ရိုးသားမှုမရှိခြင်းနဲ့ တမင်တကာအကွက်ချ လုပ်ကြံဖန်တီးခဲ့ခြင်းဆိုတာ ထင်ရှားပါတယ်။
ယခင်အရေးအခင်းကာလတွေမှာရော၊ ယခုဖြစ်စဉ်မှာပါ UN အဖွဲ့နဲ့ INGO အဖွဲ့တွေရဲ့ ရပ်တည်လှုပ်ရှားမှု နိုင်ငံ
တကာအသိုင်းအ၀ိုင်းက ရခိုင်အမျိုးသားတွေနဲ့ မြန်မာအစိုးရက ဘင်္ဂလီတွေကို မျိုးတုံးသတ်ဖြတ်မှု (Genocide)
 လုပ်နေတယ်ဆိုတာကို မြင်လာအောင် တမင်တကာ လုပ်ဆောင်ခြင်းဆိုတာ ထင်ရှားပါတယ်။ ဒီလုပ်ရပ်တွေဟာ
 OIC ရဲ့ လက်တံတွေဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်။ OIC ဟာ သူကိုယ်တိုင် ပါဝင်ခွင့်မရပေမယ့် နောက်
ကွယ်က ကြိုးကိုင်တဲ့လုပ်ရပ်ဖြင့် ရပ်တည်ခဲ့တယ်လို့ အခိုင်အမာပြောနိုင်ပါတယ်။
             တနည်းအားဖြင့် ပြောရရင် အဲဒီအဖွဲ့ရဲ့လက်တံတွေ၊ ကွန်ရက်တွေက လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် 
OIC အဖွဲ့ မြန်မာပြည်တွင်းမှာ တရားဝင်ရုံးစိုက်ခွင့် မရှိရင်လည်း သူတို့အဖွဲ့ရဲ့လုပ်ချင်တဲ့ အလုပ်တွေကို ညင်သာ
စွာလုပ်ဆောင်နိုင်ခဲ့၊ လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။
              INGO အဖွဲ့တွေဟာ ကူညီရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရေခြုံထားပြီး သတင်းပေးလုပ်ငန်းတွေ၊ 
လက်တံတွေ၊ ဒေါက်တိုင်တွေ၊ ကွန်ရက်တွေအဖြစ် ရပ်တည်ခဲ့တာတွေက များပါတယ်။ တောင်အာဖရိကနိုင်ငံ ပြန်လည်
တည်ထောင်ရေးလုပ်ငန်းစဉ်တွေမှာလည်း INGO အဖွဲ့တွေကို အစိုးရအဖွဲ့က မောင်းထုတ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။ နောက်
ဆုံးမှာ အဲဒီအဖွဲ့တွေကို မောင်းမထုတ်ခဲ့ပေမယ့် အစိုးရရဲ့ထိန်းချုပ်မှုအောက်ကို ဆွဲသွင်းခဲ့ဖူးပါတယ်။ ရခိုင်ပြည်ထဲမှာ 
ရပ်တည်နေတဲ့ INGO အဖွဲ့တွေကိုလည်း အစိုးရအနေနဲ့ ဒီအတိုင်းလွှတ်ထားရင် အချုပ်အခြာအာဏာကို ထိပါးခိုင်းတာနဲ့
 တူပါလိမ့်မယ်။ တနည်းအားဖြင့် ပြောရရင် မိမိပြည်တွင်းရေးကို ၀င်စွက်ဖက်ခိုင်းတာနဲ့ တူပါလိမ့်မယ်။ မောင်တောဖြစ်
စဉ်ကို ပြောင်းပြန်လှန်ပြီး သတင်းရင်းမြစ်လုပ်သူဟာ INGO အဖွဲ့တွေဖြစ်နေခြင်းက ထင်ရှားတဲ့သာဓကဖြစ်ပါတယ်။ 
ယူအန်အေဂျင်စီကိုယ်တိုင်က သတင်းအရင်းအမြစ်ခိုင်မာမှု ရှိ၊ မရှိကို မစစ်ဆေးဘဲ ထုတ်ပြန် ခဲ့ခြင်းတွေဟာ ဟန်ချက်
ညီတဲ့လုပ်ရပ်တွေဆိုတာ ထင်ရှားပါတယ်။
            သမိုင်းနဲ့ ချီတဲ့ လုပ်ရပ်တွေ၊ အထောက်အထားတွေအရ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ မြန်မာနိုင်ငံတော်ထဲ
က အစ္စလာမ်မစ်နိုင်ငံပေါ်ထွန်းရေး အိပ်မက်ကို မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်ကပင် တစိုက်မတ်မတ် မျိုးဆက် အ
ဆက်ဆက်လုပ်ဆောင်ခဲ့ခြင်းကို သတိမူဖို့လိုပါတယ်။ အဲဒီ အိပ်မက်တွေအတိုင်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ ပြည်
တွင်းထဲက မွတ်ဆလင် ဘာသာဝင်တွေကို မျိုးဆက်အဆက်ဆက်စည်းရုံးခဲ့သလို တဖက်မှာလည်း မွတ်ဆလင်ကမ္ဘာက 
ထောက်ခံအောင်၊ ကူညီအောင်ကြိုးစားခဲ့တဲ့ သမိုင်းအထောက်အထားတွေရှိပါတယ်။
                   ဒါကြောင့် (၅၇) မွတ်ဆလင်နိုင်ငံတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ OIC ဟာ နောက်ကွယ်က ရပ်တည်ခဲ့ခြင်း
ဖြစ်တယ်။ အဲဒီလိုရပ်တည်တဲ့နေရာမှာ ညင်သာစွာ ရပ်တည်ခဲ့တယ်။ သူရဲ့လက်တံတွေ၊ ကွန်ရက်တွေကိုသာ မောင်းနှင်
ခဲ့ပါတယ်။ ဒါကြောင့် UN အဖွဲ့၊ INGO အဖွဲ့တွေဟာ မြန်မာနိုင်ငံထဲက နယ်မြေအချို့ ကို ဖဲ့ထုတ်ပြီး ဘင်္ဂလီတွေအတွက် 
အစ္စလာမ်မစ်နိုင်ငံတော်တခု မွေးထုတ်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။
           အဲဒီလို ပြောခဲ့ခြင်းဟာ အထက်မှာ တင်ပြခဲ့တဲ့ လုပ်ဆောင်ချက်တွေအရ ကောက်ချက်ချရခြင်းသာ ဖြစ်ပါတယ်။
 ပြည်တွင်းထဲမှာ OIC ရဲ့လက်တံတွေ၊ ကွန်ရက်တွေဖြစ်တဲ့ UN ၊ INGO အဖွဲ့တွေနဲ့အတူ ဟန်ချက်ညီညီ လှုပ်ရှားနေတာ
ကတော့ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဘဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာလည်း OIC ရဲ့လက်တံတခု ဖြစ်ပါ
တယ်။ ဒါကြောင့် OIC နဲ့ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဟာ Genocide ဆိုတဲ့စကားလုံးကို အခြေအမြစ်
မရှိပေမယ့် လက်နက်သဖွယ် သုံးစွဲခဲ့တာ ဖြစ်တယ်။ လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) လုပ်တယ်ဆိုရင် ခိုင်မာတဲ့ အ
ထောက်အထားတွေနဲ့ ချပြဖို့ လိုအပ်ပါတယ်။ ခိုင်မာတဲ့ အထောက်အထားမရှိဘဲ လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) 
လုပ်တယ်လို့ ပြောဆိုခြင်းဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းအားနဲ့ ဘင်္ဂလီတွေအတွက် အစ္စလာမ်မစ်နိုင်ငံတခု ဖြစ်ပေါ်လာ
အောင် လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
            ဒီနေရာမှာ ကိုးကားချင်တာတစ်ခုရှိတယ်။ အမေရိကန်အမျိုးသမီးတဦး ပြောဆိုချက်ဗီဒီယိုမှတ်တမ်းပါ။ သူမဟော
ပြောမှု နောက်ခံဆိုင်းဘုတ်မှာ ရေးထားတာကတော့ At The Hudson Institute Washington DC လို့ ရေးထားတာကို 
တွေ့ရပါတယ်။ ခုနှစ်ကတော့ အောက်တိုဘာ ၃၀ ရက်နေ့ ၂၀၀၇ ဖြစ်ပါတယ်။ အဲဒီအမျိုးသမီးပြောကြားချက်တွေထဲက 
သတိထားစရာတွေကို ဆွဲထုတ်ပြချင်ပါတယ်။ သူမက “လူ့အခွင့်အရေးအဖွဲ့ကို လက်နက်သဖွယ် အသုံးပြုပြီး မွတ်ဆလင်
တွေရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့နဲ့ သူတို့လုပ်ခဲ့တဲ့ ပြစ်မှုတွေကို တဘက်မှာခံနေရတဲ့သူက လုပ်ခြင်းသာ ဖြစ်ပါတယ်လို့ ပြောင်း
ပြန် ပြန်လုပ်ပြီး လိမ်လည်ဖို့နဲ့ အာရုံတဖက်ကို လွှဲဖို့ လူ့အခွင့်ရေးအဖွဲ့ကို မွတ်ဆလင်တွေက အသုံးချပါတယ်။ နောက်ပြီး 
သူတို့မွတ်ဆလင်တွေက အခြားဘာသာဝင်တွေကို မုန်းတီးတာတွေ၊ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ အကြောင်း
ပြချက်အနေနဲ့ UN ၊ Human Right ကို အသုံးချပါတယ်။ သူတို့ကလည်း သူများကို စော်ကားသေးတယ်။ သူတို့ကို ပြန်ခုခံရင် 
ခုခံတဲ့သူတွေ အမှားဖြစ်တယ်လို့ လုပ်ကြတယ်။ UN ကလည်း မွတ်ဆလင်ဘက်က ရပ်တည်တဲ့အခါ ခံရတဲ့သူတွေက နှစ်ခါနာ
ရတဲ့သဘောဖြစ်နေတယ်။ မွတ်ဆလင်တွေက အခြားသူတွေကို ခေါင်းလိုက်ဖြတ်တာကို အပြစ်မရှိသလိုလုပ်ပြီး ပြန်ခုခံသူကို
တော့ မွတ်ဆလင်တမျိုးလုံးကို ဖျက်ဆီးတော့မလို အကြီးကြီးလုပ်ကာ အာရုံကို တဘက်ပြောင်းပေးလိုက်တယ်” တဲ့။
သူမရဲ့ ဟောပြောချက်ဟာ ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို အခြေခံပြီး ပြောနေသလား ထင်မှတ်ရပါတယ်။ ဒီနေရာမှာ
 ကုလသမဂ္ဂ အဖွဲ့အနေနဲ့ဘဲဖြစ်ဖြစ်၊ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေနဲ့ဘဲဖြစ်ဖြစ် OIC ရဲ့ ကွန်ရက်
တွေ၊ လက်တံတွေ၊ ဒေါက်တိုင်တွေ ဖြစ်နေတယ်ဆိုတာကို နားလည်ထားဖို့ ဆိုတာပါဘဲ။ သူမရဲ့ထောက်ပြမှုဟာ မြန်မာနိုင်ငံ
ထဲက ဖြစ်ရပ်တွေသာမဟုတ် တကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်စေပါတယ်။
                      ဒါကြောင့် မောင်တောဖြစ်စဉ်မှာ အစိုးရအမှုထမ်းတယောက် အကြမ်းဖက်သတ်ဖြတ်ခံရမှုသတင်း ပျောက်
ကွယ်သွားခဲ့ရပြီး လုပ်ကြံသတင်းက နိုင်ငံတကာကို ရိုက်ခတ်ခဲ့တာဖြစ်တယ်။ ယူအန်အေဂျင်စီအနေနဲ့ အိနြေ္ဒသိက္ခာတောင် 
မဆည်နိုင်ဘဲ ယူအန်ရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး ထုတ်ပြန်ခဲ့ခြင်းတွေက သိသာထင်ရှားပါတယ်။ ယူအန်အေဂျင်စီ၊
 INGO အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေအတွက် မြန်မာနိုင်ငံတော်ထဲက နယ်မြေအချို့ကို ဖဲ့
ထုတ်ပြီး မွတ်ဆလင်နိုင်ငံတခုမွေးဖွားဖို့ ညင်သာစွာ လုပ်ဆောင်နေတယ်လို့ ယုံကြည်ပါတယ်။ IOC အဖွဲ့ဟာ မြန်မာပြည်
တွင်းထဲမှာ ရုံးစိုက်ခွင့် မရှိပေမယ့်၊ အဲဒီအဖွဲ့ရဲ့ လက်တံတွေ၊ ဒေါက်တိုင်တွေ၊ ကွန်ရက်တွေဟာ စနစ်တကျပုံဖော်နေတယ်လို့ 
နားလည်ပါတယ်။
              အထက်က တင်ပြခဲ့တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံတော်ထဲက နယ်မြေအချို့ကို ဖဲ့ထုတ်ပြီး ဘင်္ဂလီတွေ
အတွက် နိုင်ငံတခုမွေးဖွားပေးဖို့ လုပ်ဆောင်နေတာလားဆိုတဲ့ မေးခွန်းကို မေးရပါလိမ့်မယ်။ မွတ်ဆလင်နိုင်ငံအဆင့်ကို မတက်
လှမ်းခင် သမိုင်းလိမ်တင်ပြတိုက်ပွဲဝင်ခြင်း၊ တိုင်းရင်းသားဖြစ်ရေး၊ မွတ်ဆလင်ပြည်နယ်ဖြစ်ပေါ်ရေးတွေကတော့ ပထမလှေ
ခါးထစ် တွေဖြစ်ပါလိမ့်မယ်။ နောက်ဆုံး ဒီဆောင်းပါးကို သူမရဲ့ အောက်ပါ ဟောပြောချက် အစိတ်အပိုင်းတစ်ခုနဲ့ အဆုံးသတ်
ပါရစေ။ သူမက “သေချာတာကတော့ ---- ဒီလောက်ကြီးကျယ်တဲ့ UN အဖွဲ့ကြီးကိုယ်တိုင် အနုကြမ်းစီးခံထားရပြီဆိုတာ သိ
သာထင်ရှားနေပါတယ်။ UN အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အကာအကွယ်တွေရပြီးတဲ့နောက်မှာ UNHCR ၊ Human Right 
စတာတွေကို အသုံးချလို့ ရသွားပါပြီ။ နောက်တဆင့်အနေနဲ့ မွတ်ဆလင်တွေ ဘာလုပ်မလဲဆိုတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ 
ကျန်တဲ့ဘာသာဝင်တွေကို တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။ ဒီတော့ သင်္ချာနည်းနဲ့ တွက်ကြည့်ရင် အဖြေဟာ ရှင်းရှင်းလေးပါ။ UN 
မှာ ၁၉၂ (ယခု ၁၉၃) အဖွဲ့ဝင်ရှိပါတယ်။ US နဲ့ အပေါင်းပါမဟုတ်တဲ့ အဖွဲ့ဝင်နိုင်ငံ (၁၇၀) ထဲက အင်အားအကြီးဆုံး မဲပေးနိုင်တဲ့ 
အဖွဲ့ဝင်နိုင်ငံ အများဆုံးဟာ OIC က (၅၇) နိုင်ငံပါတဲ့ အဖွဲ့ဘဲ ရှိတယ်။ နောက်တချက် UN ရဲ့ လူ့အခွင့်အရေးအဖွဲ့ကို ကြည့်ပါ။
 (၄၇) နိုင်ငံအဖွဲ့ဝင်မှာ နေရာအများဆုံး ယူထားပြီး အများဆုံးမဲပေးနိုင်တဲ့ အာဖကန်နဲ့ အာရှမှာ အများဆုံးပါဝင်နေတာက OIC
 မွတ်ဆလင်နိုင်ငံတွေဘဲ ဖြစ်တယ်။ မဲပေးစနစ်နဲ့ အနိုင်ယူခြင်းဖြစ်တာကြောင့် မွတ်ဆလင်တွေကဘဲ ဒီအဖွဲ့တွေကို လွှမ်းမိုးထား
ပါတယ်။ ဒီတော့ -- သူတို့လိုချင်တာ သူတို့ဟာ သူတို့မဲပေးပြီး ယူလိုက်ယုံဘဲရှိပါတယ်” တဲ့ ။ ။
ခိုင်လင်း (မေဃ၀တီ)

တောင်ကြီးတိုင်းမ် မှ 

ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ နိုင်ငံသားဖြစ်ရေး အမြင်


           ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဗိုလ်ချုပ် မောင်မောင်အုန်းက
 ရခိုင်ဒေသအတွင်း နေထိုင်သူ လူမျိုးခြားတွေကို အသေအချာ စိစစ်ပြီး နိုင်ငံသား ဖြစ်ထိုက်သူ
တွေကို အသိအမှတ်ပြုသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ၂ရက်ကြာ ကျင်းပခဲ့တဲ့ ဆွေး
နွေးပွဲ နောက်ဆုံးနေ့ မှာ ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့အ
စည်းတွေ နဲ့ မနေ့က တွေ့ဆုံဆွေးနွေး အပြီး အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ 
           ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ဖို့ အလားအလာ များနေတဲ့ ဗိုလ်ချုပ် မောင်မောင်အုန်း က
 မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားကြတဲ့ ဘင်္ဂလီ လူမျိုးတွေ ထဲက နိုင်ငံသားဖြစ်ထိုက်သူတွေ
ကိုသာ အသေအချာ စိစစ်ပြီးမှ နိုင်ငံသား အဖြစ် အသိအမှတ်ပြုသွားမယ်လို့ မြန်မာငြိမ်းချမ်းရေး
 စင်တာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ အပြီးမှာ အခုလိုပြောကြားလိုက်ပါတယ်။
         "ပြီးခဲ့တဲ့ ကာလတွေမှာ ရခိုင်တိုင်းရင်းသားတွေ ငြင်းတာကတော့ပေါ့နော် ဒီစိစစ်ရေး လက်
မှတ်အတုတွေ နဲ့ ရှိနေကြတယ်ဆိုတဲ့ ဟာတွေလည်း သူတို့ပြောကြတယ်။ ဥပမာအားဖြင့် ကမန်လူ
မျိုးတွေပေါ့၊ တိုင်းရင်းသားဆိုတာ ငါတို့ရဲ့ တိုင်းရင်းသားထဲမှာ တစ်ရာကျော်မှာပါတဲ့ တိုင်းရင်းသားပဲ။ 
ဒါပေမဲ့ ယနေ့ ကမ့်တွေထဲမှာ ရောက်နေတယ်။ ဘာကြောင့်ရောက်သလဲဆိုတော့ ဘင်္ဂလီပေါ့ တို့ အခု
ကမ့်ထဲက အဖွဲ့တွေက ခုနက စိစစ်ရေးကဒ်တွေကို ကမန်တွေနဲ့တွဲ နာမည်နဲ့ လုပ်တယ်။ ဒါကြောင့်မို့လို့
 ကမန်ဆိုလည်း မယုံဘူးဆိုပြီးတော့မှ ယနေ့ ကမန် တိုင်းရင်းသားတွေလည်း အကြောင်းအမျိုးမျိုး
ကြောင့် ယနေ့ ကမ့်ထဲမှာ သွားနေရတယ်။
           ဘယ်ဟာ မှန်တယ်။ မှားတယ်ဆိုတာကတော့ ဒါတွေက အချိန်ယူစစ်ဆေးရမယ့် ကိစ္စပေါ့။
 ပြန်စစ်လိုက်ရင် အကုန်ပေါ်တာပေါ့။ ဒါကတော့ လဝက ဝန်ကြီးဌာနက လုပ်ရမယ့် အပိုင်း၊ ပြီးခဲ့တဲ့
 ဟာတွေကတော့ ကိုယ်က သိပ်မဆွေးနွေးချင်ပါဘူး။ ကိုယ်အခု တာဝန်ထမ်းဆောင်မယ့်အချိန်မှာ
တော့ နိုင်ငံသားဖြစ်သင့်တဲ့ သူကို ပေးမယ်။ မပေးသင့်တဲ့သူတော့ လုံးဝ မပေးရဘူး။ ဒါကို ကိုယ်တို့ 
တိတိကျကျ လုပ်ရမယ်။ ဒါ နိုင်ငံအတွက် သိပ်အရေးကြီးတယ်။ မြေမျိုလို့ လူမျိုးမပျောက်ဘူး။ လူမျိုရင် 
လူမျိးပျောက်မယ်။ ဒီလိုသာဖြစ်ရင် နိုင်ငံတော်မှာ အကြီးမားဆုံး သစ္စာဖောက်မှုပဲ။"
            ရခိုင်ဒေသမှာ ပဋိပက္ခတွေပေါ်လာပြီး မငြိမ်မသက်ဖြစ်လာရတာဟာ ဘင်္ဂလီ မူဆလင်တွေရဲ့
 နိုင်ငံရေးရည်မှန်းချက် တစ်ခုအပေါ် အခြေခံခဲ့တာဖြစ်တဲ့အကြောင်း ဒါကိုလည်း သူတို့ ရခိုင်အမျိုးသား
ပါတီက ဒီဆွေးနွေးပွဲမှာ ထောက်ပြခဲ့ကြောင်း ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က
 ပြောပါတယ်။ "ဒီဥစ္စာတွေက နိုင်ငံရေး ရည်မှန်းချက်ကြောင့်ဖြစ်တယ်။ နိုင်ငံရေး ရည်မှန်းချက် နောက်မှာ
 ဘင်္ဂလီတွေက ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေး ဆိုတဲ့ ဦးတည်ချက်နဲ့ သမိုင်းတွေကို ဟိုလိုပြော ဒီလိုပြော
 ဖြစ်စဉ် မဟုတ်တာတွေကို အဟုတ်ပြန်လုပ်ပြီးမှ နိုင်ငံတကာ Pressure နဲ့လာတဲ့အခါမှာ ရိုဟင်ဂျာ တိုင်း
ရင်းသားဖြစ်ရေး ဆိုတဲ့ ဦးတည်ချက်ကို ရောက်သွားတာ။ ဘင်္ဂလီအဖြစ်နဲ့ ဥပဒေအရ နိုင်ငံသားဖြစ်စဉ် 
လမ်းကြောင်းက ဝင်လာမယ်ဆို ကျနော်တို့က လက်ကမ်းကြိုဆိုတယ်။ အဲ့လိုမျိုးဆွေးနွေးပြီးမှ လုံခြုံအေး
ချမ်း၊ ဖွံ့ဖြိုးတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးလိုတယ်ဆိုတာ ကျနော်တို့ ဒီမှာ ဆွေးနွေးကြပါတယ်။"
မြန်မာငြိမ်းချမ်းရေးစင်တာမှာ သောကြာနေ့ပြုလုပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ နိုင်ငံ
ခြားသံအမတ်တွေပါ တက်ရောက်တဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက နိုင်ငံတကာ NGO တွေ
ဟာ မူဆလင်ဒုက္ခသည်တွေရဲ့ စခန်းတွေကိုသာ ပိုပြီး အကူအညီပေးနေတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ 
သူဆွေးနွေးခဲ့ကြောင်းပြောပါတယ်။
          " ဒီIDP ဆိုတဲ့ ကမ့်တွေဟာ သွားကြည့်လိုက်လို့ရှိရင် အိမ်သာတွေ၊ ရေလောင်း အိမ်သာတွေ၊ တမ့်
တွေ၊ ရိက္ခာတွေနဲ့ အောင်မယ် သူက အဆင်ပြေနေတယ်။ ကိုယ်တို့ရဲ့ တကယ့် ရခိုင်တိုင်းရင်းသားအစစ် 
ရွာတွေမှာ အိမ်သာမရှိဘူး။ မီးမရှိဘူး။ ရေမရဘူး။ တဖက်ရပ်တဲတွေနဲ့ နေရတယ်။ ဆိုတော့ ကိုယ်က UN 
အဖွဲ့တွေကို ရောက်ရင် ဧည့်သည်တွေကိုခေါ်သွားတယ်။ ကမ့်တွေ ပြ ပြီးရင် အဲ့ဒီ့ရွာတွေကို ခေါ်သွားတယ်။
 ခင်ဗျားတို့ကြည့်ပါ။ ခင်ဗျားတို့ပြောတဲ့ IDP တွေနဲ့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ကြည့် IDP က ကိုယ့်တိုင်း
ရင်းသားထက် အဆင့်မြင့်နေတယ်။ အဲ့တော့ ခင်ဗျားတို့ လူသားချင်းစာနာတယ်ဆိုတာ ဘယ်လိုကြည့်မှာလဲ။
 အိမ်ရှင်ဖြစ်တဲ့ ကိုယ့်တိုင်းရင်းသားတွေက ဆင်းရဲနိမ့်ကျနေတော့မှ ဟုတ်တယ်မဟုတ်လား။ တဖက်နိုင်ငံက
 လာတဲ့ နိုင်ငံသား မဖြစ်သေးတဲ့သူတွေက ယနေ့ အဆင်ပြေနေတယ် လို့ ပြောရင်လည်း မမှားဘူးပေါ့။ ဆိုတဲ့
အခါမှာ ရခိုင်တိုင်းရင်းသားတွေ ခံစားမှု ပေါက်ကွဲတာပေါ့။
               ဒီခေတ်ကတော့ ကိုယ်ပြောသလိုလေ ခေတ်ကာလစနစ်ကလဲ ပြောင်းလဲသွားပါပြီ။ အားလုံးက ဒီမို
ကရေစီပဲ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာပဲ။ နော် နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး အတွက် လျှို့ဝှက်
တာကလွဲရင် ကျန်တဲ့ဟာကတော့ လျှိ့ဝှက်စရာ အကြောင်းမရှိဘူး။ ကိုယ်ဘာလုပ်တယ်ဆိုတာကို ပြည်သူတွေ
 သိရမယ်။"တကယ်တော့ ဒီဆွေးနွေးပွဲဟာ ၂၀၁၃ခုနှစ်တုန်းက ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်ရဲ့အစီရင်ခံ
စာအပေါ် အခြေခံထားတဲ့ ဆွေးနွေးပွဲဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ဒေသဖွံ့ဖြိုးရေး ဘယ်လိုလုပ်သွားမလဲ
ဆိုတဲ့ လုပ်ငန်းစဉ်ခြောက်ခုကို ချပြဆွေးနွေးကြတာလည်းဖြစ်ပါတယ်။
               အဲ့ဒီ့အထဲမှာ ပြည်နယ်လုံခြုံရေးအပိုင်းနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ က တင်ပြခဲ့တဲ့ သဘော
ထားကို ဒေါက်တာအေးမောင်က ရှင်းပြပါတယ်။
                    "ဒီ Action Plan ပေါ့နော် အရေးယူဆောင်ရွက်မယ့် အစီအစဉ်၊ လုံခြုံရေး။ လုံခြုံရေး အပိုင်းလို့ 
ပြည်ထောင်စုအစိုးရရဲ့တာဝန် သာဖြစ်တယ်။ ပြည်နယ် အစိုးရရဲ့တာဝန် ဘယ်လိုဖြစ်သင့်သလဲပေါ့။ ပြီးခဲ့တဲ့ကာ
လ လုံခြုံရေး ကျိုးပေါက်မှုတွေခဲ့တာ အပေါ်မှာ  နောင်မဖြစ်အောင် ပြည်နယ်အစိုးရကို လုံခြုံရေးနဲ့ပတ်သက်လို့ 
ကွပ်ကဲ စီမံပိုင်ခွင့်တွေ ဘယ်လို အပ်နှင်းထားရမှာလဲ။ အဲ့တာတွေကို ဆွေးနွေးကြပါတယ်။ အဲ့ဒီ့အခါမှာ နယ်စပ်
လုံခြုံရေး၊ ခြံစည်းရိုး ကာတာ၊ နောက် ပင်လယ်ပြင် လုံခြုံရေး နယ်စပ်ဒေသမှာရှိတဲ့ နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ 
တာဝန် လုပ်ပိုင်ခွင့်၊ အဲ့လိုလုပ်ပိုင်ခွင့်အတွက် လိုအပ်တဲ့ ဥပဒေ၊ နယ်စပ်ဒေသတွေမှာ ရှိတဲ့ ကျေးရွာတွေပေါ် မှာ 
လုံခြုံရေး ဘယ်လိုစိစစ်သွားမလဲ။ ဒါတွေကို အသေးစိတ် နီးပါးလောက် ဆွေးနွေးကြပါတယ်။"
                 Action Plans လို့ခေါ်တဲ့ အေးချမ်းလုံခြုံဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ခြောက်ခု ထဲမှာ ပြည်နယ်လုံခြုံရေး၊
 အရေးပေါ်ကာလ ကိုင်တွယ်မှု၊ ပြန်လည် ထူထောင်နေရာချ ထားရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ဘယ်လို 
အကောင်အထည်ဖော်သင့်သလဲ။ ဒေသလူမှုစီးပွားဖွံ့ဖြိုးအောင် ဘာတွေ လုပ်ပေးမလဲ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်း
နှစ်ခု ဟန်ချက်ညီညီ ငြိမ်းချမ်းစွာ ဘယ်လိုနေထိုင်သွားမလဲ စတဲ့ ခေါင်းစဉ်ခြောက်ခု နဲ့ဆွေးနွေးခဲ့ကြကြောင်း သိရပါ
တယ်။
   ဗွီအိုအေ (မြန်မာ)

Friday, June 27, 2014

သတင်းစာ၊ ဂျာနယ်များ ခေါ်ယူမေးမြန်းမှု ဘင်္ဂလီငွေကြေးများ စစ်ဆေးရန် ဟု ဆို


          သတင်းစာ၊ ဂျာနယ်များအား သတင်းတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခြင်းမှာ အစ္စလာမ်အဖွဲ့ အစည်းများမှ 
ငွေကြေးများ စီးဝင်နေမှုများကို စစ်ဆေးရန် ဖြစ်ကြောင်း သတင်းရရှိသည်။လတ်တလော ပြည်တွင်းမီဒီယာ
အသိုင်းအ၀ိုင်း၌ ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေ သည့် အရင်းအနှီး၊ ၀င်ငွေ၊ အမြတ်၊ အရှုံးနှင့် လည်ပတ်မှုတို့
နှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီက ဆန့်ကျင်သည့် ကြေညာချက်ထုတ်ပြန်ထားပြီး Eleven Media Group
 မှ မသွားနိုင် ဟု အကြောင်းပြန်ထားကြောင်း သိရသည်။
              ထိုသို့ ခေါ်ယူ၍ မေးခွန်းများ မေးမြန်းနေခြင်း၏ နောက်ကွယ်တွင် မြန်မာနိုင်ငံ မီဒီယာ လောကသို့
 စီးဝင်နေသော OIC အပါအ၀င် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများ၏ ငွေကြေးများကို စုံစမ်းဖော်ထုတ်ရန်
 ဖြစ်ကြောင်း နေပြည်တော် သတင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။“အဓိက ဖော်ထုတ်ချင်တာက
 Islamic Banking ဆိုတာ ရှိတယ်။ မြန်မာနိုင်ငံထဲကို အဲဒီအဖွဲ့အစည်းတွေကတစ်ဆင့် ငွေတွေ စီးဝင်နေတာ
တွေ ဘယ်လို ၀င်လာသလဲ ဆိုတာ သိချင်တာရယ်၊ နောက် ငွေကြေး ခ၀ါချမှုနဲ့လည်း ဆက်စပ်ပါတယ်။ ငွေ
မည်းတွေကို မီဒီယာထဲ ၀င်ပြီး ရင်းနှီးမြုပ်နှံတာမျိုးတွေလည်း ရှိနိုင်တယ်။ အဓိကအချက်ကတော့ ဘင်္ဂလီတွေ
 ဘယ်လို လုပ်လာသလဲ ဆိုတာ ဖော်ထုတ်နိုင်ဖို့ လို့ သိရပါတယ်” ဟု သတင်းတပ်ဖွဲ့အသိုင်းအ၀ိုင်းမှ သိရှိရသည်။
“မြန်မာနိုင်ငံမှာ မွန်းတည့်နေ တို့လို ဘာသာရေးကို အခြေခံတဲ့ ဂျာနယ်တွေ ရှိတယ်။ နောက် ကမာရွတ်မီဒီယာလို 
အွန်လိုင်းမှာ လုပ်နေတဲ့ မီဒီယာတွေ ရှိတယ်။ ဒီဟာတွေက ဘင်္ဂလီတွေ လုပ်နေတာ၊ ဘင်္ဂလီ ကန်ပိန်းမီဒီယာတွေပဲ။
 ဒီမီဒီယာတွေရဲ့နောက်မှာ ဘယ်သူတွေ ရှိနေသလဲ၊ သူတို့တွေ ငွေကြေးတွေ ထောက်ပံ့မှုတွေ ဘယ်လိုရနေသလဲ 
ဆိုတာ မဖြစ်မနေ သိထားရမယ့် ကိစ္စပါ။ နိုင်ငံတကာမှာလည်း ဒီလိုမျိုး ဘာသာရေးကို အခြေခံတဲ့ ထောက်ပံ့ကူညီ
မှုတွေ၊ တရားဝင်လမ်းကြောင်းက ဘယ်ပုံဘယ်နည်း စီးဝင်လာတယ် ဆိုတာကို မပြတ် စောင့်ကြည့်ရပါတယ်။ 
           ကျွန်တော်တို့ နိုင်ငံမှာ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေတွေမှာ ဒါတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ရမှာ တွေကို 
ထည့်သွင်းထားပါတယ်။ ဒါ့ကြောင့် ခေါ်ယူစစ်မေးတာပါ” ဟု ယင်းက ဆိုသည်။“မီဒီယာတွေကလည်း အော်ဖို့ပဲ သိ
တယ်ဗျ။ လာမထိနဲ့ အော်မယ် ဆိုတာချည်းပဲ။ မီဒီယာကို ကိုယ်ကျိုးအတွက် အသုံးချပြီး အော်ကြတော့ ပြည်သူတွေ
က ထင်ယောင်ထင်မှား ဖြစ်ကြမှာပေါ့။ စာနယ်ဇင်းကောင်စီက ဒါမျိုးကျတော့ အော်တယ်၊ အပြာစာအုပ်တွေ ထွက်နေ
တာကျတော့ ဘာတစ်ခွန်းမှ အသံ မထွက်ရဲဘူး။ ကျင့်ဝတ်နဲ့ မညီတဲ့ ဂျာနယ်တွေကို ဘာတစ်ခွန်းမှ မပြောရဲဘူး။
 ဒီတော့ ဒီကောင်စီက ဘာလုပ်ဖို့ ဖွဲ့ထားတာလဲ မေးစရာဖြစ်လာတယ်။ ဒီလိုမျိုး အစ္စလာမ်ငွေကြေး စီးဝင်လာမှုကို
 စုံစမ်းဖော်ထုတ်တာကိုလည်း လူသိထင်ရှား ထုတ်ပြောလို့ မရဘူး ဆိုတာ နားလည်ပါတယ်။ စာနယ်ဇင်းတွေက နား
လည်ဖို့ လိုတယ်။ နောက် စာနယ်ဇင်းကောင်စီအပေါ်မှာ အလဲဗင်းတို့လို လူတွေ ရှိနေသလား စဉ်းစားစရာ ဖြစ်လာ
နေတယ်။ အလဲဗင်းကတော့ ထားလိုက်ဗျာ။ သူက လူတိုင်းကို လိုက်ပြီး အော်နေတာ။ အော့ကြေလန်။ စာနယ်ဇင်း
ကောင်စီက ပြတ်ပြတ်သားသား ရပ်တည်ရမယ့် ကိစ္စတွေမှာ အလဲဗင်း အော်တာ၊ ပြောတာ၊ စောင်းတာ၊ မြောင်းတာ
ကို ကြောက်နေသလား မသိဘူး။ နောက် အလဲဗင်းက အမေးမခံရဲဘူး ဆိုတာက မရိုးသားလို့ ဆိုတဲ့ အဓိပ္ပါယ် ပေါက်
နေသလားပေါ့” ဟု သတင်းတပ်ဖွဲ့သို့ သွားရောက်ဖြေဆိုပြီး ဖြစ်သော အယ်ဒီတာတစ်ဦးက ပြောသည်။
          “အလဲဗင်းမှာ လေနဲ့ ရှယ်ယာ ထည့်ထားတာ အရင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒါမှမဟုတ် သူ့ကိုယ်ရေးအရာရှိ 
ဗိုလ်ချုပ်စိုးရှိန် လို့ သိရတယ်။ သူတို့က တစ်ကယ် ငွေမထည့်ပေမယ့် အလဲဗင်းက ရှယ်ယာ ဘယ်လောက် ယူပါ ဆိုပြီး
 ပေးထားတာ လို့ သိရတယ်။ ဒီဘက်ခေတ် ရောက်တော့ သတင်းစာ၊ အင်္ဂလိပ်သတင်းစာအဆင့်အထိ တိုးချဲ့လာတော့ 
ငွေလိုလာတယ်။ ဒီတော့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ သားတွေက ၀ိုင်းပြီး ရှယ်ယာထည့်ထား တယ် လို့ ပြောကြာ
တယ်။ တချို့ကလည်း ဦးဇော်ဇော်တို့လို ခရိုနီတွေ ငွေထည့်ထားတယ် ပြောတယ်။ ဟုတ် မဟုတ်တော့ မသိဘူးပေါ့။ 
ဒါတွေ ရှိနေလို့ အလဲဗင်းက အစစ်မခံရဲတာ ဖြစ်မှာပေါ့။ သူတို့နောက်မှာ ဘယ်သူမှ မရှိရင် အစစ်ခံရဲမှာပေါ့။ အခုဟာက 
သွားကိုမသွားရဲတာ ဆိုတော့ တစ်ခုခုတော့ မမှန်မကန် လုပ်ထားပြီ လို့ ထင်ရတာပဲ” ဟု ယင်းက ဆိုသည်။
          မီဒီယာလုပ်ငန်းများအပြင် အခြားစီးပွားရေးလုပ်ငန်း မျိုးစုံတွင် ရလမ်းဖော်ပြနိုင်ခြင်း မရှိသော ငွေကြေးများ စီးဝင်
နေမှု၊ ဘာသာရေးအခြေခံ အဖွဲ့အစည်းများ၏ ငွေကြေးစီးဝင်မှု၊ မူးယစ်ဆေးဝါး ရောင်းချခြင်းမှ ရရှိလာခဲ့သော ငွေကြေးများ 
အိမ် ခြံ မြေ ဈေးကွက်အတွင်း စီးဝင်နေမှု စသည်တို့ကိုလည်း ဆက်လက်ထောက်လှမ်းစစ်ဆေး ဖော်ထုတ်သွားမည် ဖြစ်
ကြောင်း သိရှိရသည်။
             လက်ရှိ မြန်မာနိုင်ငံတွင် ဘင်္ဂလီဘာသာရေးအဖွဲ့အစည်းများ၏ ငွေကြေးထောက်ပံ့မှုဖြင့် လည်ပတ်နေသော 
မီဒီယာများမှာ မွန်းတည့်နေဂျာနယ်၊ အာရှအလင်းဂျာနယ်၊ သမဂ္ဂဂျာနယ်၊ အစ္စလာမ့်မျက်ဝန်းဂျာနယ်၊ The Ladies ဂျာ
နယ်နှင့် ကမာရွတ် အွန်လိုင်းမီဒီယာတို့ ဖြစ်ကြောင်း သတင်းရရှိသည်။ လူမှုကွန်ရက်စာမျက်နှာတွင်မူ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် 
ဘင်္ဂလီစာမျက်နှာပေါင်း များစွာ ရှိနေကြောင်းလည်း သိရှိရသည်။
P™

အငြိမ်းစားရဲမှူးကြီးသမီးတစ်ဦးမှ ဘင်္ဂလီများကို ကားဖြင့်ရန်ကုန်ပို့ရာ အမ်းဂိတ်တွင်ဖမ်းဆီးမိ

အမ်း။ ဇွန် ၂၇
နေပြည်တော်၊ ပုပ္ပသီရိမှ အငြိမ်းစားရဲမှူးကြီးအဆင့်ရှိသူ တစ်ဦး၏သမီးဖြစ်သူ
မမွန်မွန်ချို နှင့် ရန်ကုန်မြို့ဒဂုံ မြို့နယ်တွင် နေထိုင်သူ အငြိမ်းစားရဲမှူးကြီး တစ်ဦး၏သား မောင်မျိုးထက်စိုး( ဒရိုက်ဘာ) 
တို့ မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘင်္ဂလီ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၈ ဦးအား ကားဖြင့်ခေါ်ဆောင်
သွားခဲ့ရာ ဇွန်လ ၂၇ ရက်နေနေ့က နံနက် ၉ နာရီခန့်က အချိန်က အမ်းဂိတ်တွင်ဖမ်းဆီးမိခဲ့ကြောင်း သက်ဆိုင်ရာမှသိ
ရသည်။အဆိုပါကားအား အမ်းမှ အဖွဲ့ပေါင်းစုံက စိစစ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကားပေါ်တွင် ပါလာသော ဘင်္ဂလီ 
များမှာ - ကျောက်တော်မြို့နယ်အတွင်းမှ ဖြစ်ပြီး

 ( ၁) မာမတ်ရော်ရှိန်း(ဘ)မာမောက်ရော်ဖီး (၁၄ နှစ်)
( ၂) အဒူမာကား (ဘ)ရာဟာမွတ် (၁၈နှစ်)
( ၃) မိုဟာမတ်အာဒင် (ဘ) မတ်ဆွန်း (၁၆ နှစ်)
( ၄) ဆလွတ်အာမွတ် (ဘ)၀ါဖူး (၁၈နှစ်)
( ၅) နော်ဘီဟူဆောင်း(ဘ)ဇော်ဆောင်းအာလီ (၃၂ နှစ်)
( ၆) ဆာတာရာဘေဂွမ်(ဘ)ဟာဘီ ( ၁၅ နှစ်)
( ၇) ရာဟာနော်ဒိန်(ဘ)အေဆာနူလောက် (၁၅ နှစ်)
( ၈) နာဆာရာမောက် (ဘ) အဘူဆီဒီး (၁၈နှစ်)
( ၉) ဇော်ဟီးရာမောက်
(ဘ)အာတိုမိုမီ (၁၈ နှစ်) တို့ဖြစ်ကြောင်းသိရသည်။
မောင်မျိုးထက်စိုး(ဘ)
ဦးကျော်စိုးလွင်၊ ၃၅ နှစ်နှင့် ဦးဆောင်သူ မမွန်မွန်ချိုမှာ ၂၈ နှစ်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။ ယင်းတို့သည် အငြိမ်း
စားရဲမှူးကြီး ၂ဦး၏ သားသသီးများဖြစ်ကြောင်းလည်း သိရှိရပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ်အတွင်းက
လည်း မွန်ပြည်နယ်။ ကျိုက်ထိုမြို့၊ဇမ္ဗူအေးကျောင်းတိုက် မှ ဦးဃောတိယ(လူအမည်-ဦးကျော်နိုင်စိုး)အသက် ၃၈ နှစ်။
(ဘ)ဦးသောင်း။ သာသနာဝင်အမှတ် ၁၀/ကထန(သ)၀၀၂၇၃၆ ဘိုကိုင်ဆောင်ထားသူ ဘုန်းကြီးတစ်ပါးက ဘင်္ဂလီ ၈
 ဦးအား ကားဖြင့်သယ်ဆောင်လာခဲ့စဉ်အမ်းဂိတ်တွင်ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ယင်းသို့ ခေါ်ဆောင်လာရာတွင် ဘင်္ဂလီ 
များအားသင်္ကန်းဝတ်ဖြင့် ပုံပြောင်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟုလည်းသိရှိရသည်။
 ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီများဖြစ်ကြောင်းနှင့် ယင်းမတိုင်ခင်လည်း ကားဖြင့် အကြိမ်ကြိမ် ပို့ ဆောင်ပေးခဲ့
သည်ဟု မေးမြန်းချက်များအရသိရှိရပါသည်။ (မှတ်ချက်- သင်္ကြန်းဝတ်ဖြင့် ဖမ်းဆီးမိခဲ့သော ဘင်္ဂလီများ၏ ပုံအားဖော်ပြပေး
လိုက်ပါသည်။) ယင်းသို့ ရဲအရာရှိတို့၏ သားသမီးမှ လူကုန်ကူးခြင်းပေါ် သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိပြီး ဖမ်းဆီးရရှိသူ များကို
 အမ်းစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရသည်။
           ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွါသော ဘင်္ဂလီများအား ထိုသို့ဖမ်းဆီးမှုများ ရှိ သော်လည်း စစ်တွေလေယာဉ်ကွင်းမှ
 ထွက်သွားသော ဘင်္ဂလီများစွာရှိ ကြောင်းလည်းသိရသည်။
Ref: RSV


ဆီးရီးယား သူပုန်တွေကို ကန်အစိုးရ ကူညီမည်


             ဆီးရီးယား အတိုက်အခံအုပ်စုတွေထဲက အယူအစွဲ မပြင်းထန်တဲ့သူတွေ ကို ရွေးထုတ်ပြီး 
လက်နက်ထောက်ပံ့ဖို့နဲ့ စစ်သင်တန်း ပို့ချပေးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကူအညီ
ပေးရေး အတွက် အမေရိကန်သမ္မတ အိမ်ဖြူတော်က ကွန်ဂရက် လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီငွေတွေကို ဆီးရီးယားပြည်သူတွေကို အကာကွယ်ပေးရေး၊ သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသ
တွေ တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးရေးနဲ့ အကြမ်းဖက် လုပ်ငန်းတွေကို ထိပ်တိုက် ရင်ဆိုင်ရေးတို့
အတွက် အသုံးချသွား မှာဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောခွင့်ရအမျိုးသမီး Caitlin Hayden 
က ပြောပါတယ်။ ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စစ်ရေးအရ အဖြေရှာလို့ မရနိုင်
ပေမယ့် ဆီးရီးယားပြည်သူတွေအနေနဲ့ သမ္မတ အာဆဒ်အစိုးရရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရေးမှာ
 ဒီငွေတွေကို အသုံးပြုနိုင်မယ်လို့ Ms. Hayden က ပြောပါတယ်။
            ဆီးရီယားနိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာကို အခွင့်ကောင်းယူပြီး တိုင်းပြည်အတွင်းမှာ
 ခိုလှုံနေကြတဲ့ အစွန်းရောက်သမားတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ တွန်းလှန် တိုက်ထုတ်ပစ်ရမယ်
လို့ ပြီးခဲ့တဲ့လအတွင်း အမေရိကန်စစ်တက္ကသိုလ် West Pint က ဘွဲ့နှင်းသဘင် အခမ်းအနားမှာ သမ္မတ Barack 
Obama က ပြောကြားခဲ့ပါတယ်။ အီရတ်နိုင်ငံအတွင်းက ဆူနီးမူဆလင် သူပုန်တွေရဲ့ အကြမ်းဖက်မှုတွေအပေါ် 
ဆီးရီးယားနိုင်ငံက ဆူနီးမူဆလင်တွေက သြဇာသက်ရောက်နေတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

ဗိုလ်ချုပ် မောင်မောင်အုန်း ရခိုင်ပဋိပက္ခကို တကယ် ကိုင်တွယ်နိုင်ပါ့မလား


        ရခိုင်ပြည်နယ်၏ ၀န်ကြီးချုပ်အဖြစ် အဆိုပြုခြင်း ခံထားရသည့် ဗိုလ်ချုပ် မောင်မောင်အုန်းက 
၎င်းအနေဖြင့် ၀န်ကြီးချုပ် တာဝန် ထမ်းဆောင်ချိန်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ
 လုံးဝ တည်ငြိမ် ချုပ်ငြိမ်းရေးနှင့် ရခိုင်ဒေသကြီး ဖွံ့ဖြိုးရေးကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု ဇွန်လ 
၂၆ ရက်နေ့က ပြောဆိုခဲ့သည်။
           ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) ၌ ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ရခိုင် လူမှုအဖွဲ့
အစည်းများ၊ ရခိုင် ရပ်မိရပ်ဖများ အပါအ၀င် ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်များ၊ မစ္စတာ နမ်ဘီး
ယား စသည်တို့နှင့် တွေ့ဆုံအပြီးတွင် သတင်း ထောက်များက မေးမြန်းရာ ထိုသို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၌ ရခိုင်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး အစီအမံများ ဆောင်ရွက်မည့်ကိစ္စ၊ ၁၉၈၂ 
နိုင်ငံသား ဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရေး၊ နိမ့်ကျနေသည့် ရခိုင်လူမှုဘ၀ မြှင့်တင်နိုင်ရန် စီးပွားရေး
 စီမံကိန်းများ အကောင် အထည်ဖော်ရေး၊ ဒုက္ခသည် စခန်းများ အခြေအနေ စသည့် အကြောင်းအရာများကို 
ဆွေးနွေးခဲ့ကြောင်း သိရသည်။
               လက်ရှိ အချိန်၌ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး အစိတ်အပိုင်း တခုဟု သမ္မတ
 ဦးသိန်းစိန်က အကြိမ်ကြိမ် ပြောဆိုထားကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသေးသည့် အစိုးရ သက်တမ်း တနှစ်
ကျော်တွင် ရခိုင်ပြည်တွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခကြီးကို လျှော့ချ၍ လုံးဝ တည်ငြိမ် ချုပ်ငြိမ်းသွားရေးနှင့် 
ရခိုင်ဒေသ ဖွံဖြိုးရေး လုပ်ငန်းများကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ် မောင်မောင်အုန်းက
 ပြောသည်။
           ၎င်းအား ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းသည် ရခိုင်ဒေသတွင်း ပြဿနာများအား နိုင်ငံတော်အဆင့် 
အနေဖြင့် ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး၊ ပဋိပက္ခ ကိစ္စအ၀၀ကို ဆောင်ရွက်နိုင်ရန် အသင့်တော်ဆုံးသူကိုသာ နိုင်ငံ
တော်က ရွေးချယ်ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ် မောင်မောင်အုန်းက ဆိုသည်။
            ၎င်းက “ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသား အကျိုးစီးပွားကို အဓိကထား လုပ်ပေးမယ်၊ သမ္မတကြီး
က တိုက်ရိုက်ခိုင်းတာ ဖြစ်တဲ့အတွက် ကျနော်က ၅၀ ရာခိုင်နှုန်း မဟုတ်ဘူး၊ ၇၅ ရာခိုင်နှုန်းနဲ့အထက် လုပ်နိုင်တယ်၊
 ဒါတွေက စကားနဲ့ပြောရင်တော့ လေထဲပျောက်သွားတာပေါ့၊ လုပ်စရာတွေက တကယ်လုပ်ကြဖို့ပဲ လိုပါတယ်” ဟု
လည်း ပြောသည်။ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ရခိုင်အမျိုးသား ပါတီ (ANP ) ၏ ဒု ခေါင်း
ဆောင်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က “သူလုပ်မယ့်ဟာတွေကို ပြောပေမယ့် 
မြေပြင်ရဲ့ ပကတိ အခြေအနေမှာ တကယ် လုပ်နိုင်မလုပ်နိုင် ဆိုတာကပဲ အရေးကြီးပါတယ်။ ဗိုလ်ချုပ် မောင်မောင်အုန်း
ကို အပြုသဘောနဲ့ ကြိုဆိုပါတယ်၊ ရခိုင်ပြည်တွင်းက ခက်ခဲတဲ့ ပဋိပက္ခတွေကိုလည်းပဲ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်
လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။
             ဗိုလ်ချုပ် မောင်မောင်အုန်းက ၎င်း လုပ်ဆောင်သွားမည့် အရာများကို ရခိုင်အဖွဲ့အစည်းများထံ တင်ပြ 
ဆွေးနွေးခဲ့သည့်တိုင် ၎င်း၏ သက်တမ်း တနှစ်ကျော်တွင် အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် မလွယ်ကူနိုင်သေးပါ။
 သမ္မတ ဦးသိန်းစိန် အစိုးရသည်လည်း ရခိုင်ပဋိပက္ခ ဖြစ်ပွားချိန်မှ စ၍ လုပ်ဆောင်သွားမည့် အကြောင်းအရာ အများ
အပြားကို ရခိုင်ပြည်သူများထံ မကြာခဏ တင်ပြပေးခဲ့သော်လည်း လက်တွေ့တွင် မည်သည့် ကိစ္စကိုမှ ထိရောက်
အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
               ဒေါက်တာ အေးမောင်က “ရခိုင်အရေး ကိစ္စတွေကို ဒီတနှစ်ခွဲကျော် သက်တမ်းမှာ ဘယ်လိုလုပ် ဆောင်ရွက်
 ပြီးစီးနိုင်မှာလဲ။ အဲဒီတော့ နောင်တက်လာမယ့် အစိုးရနဲ့ ချိတ်ဆက်ပြီး လုပ်နိုင်အောင် ဆောင်ရွက်ပေးသွားဖို့တော့ အ
ရေးကြီးပါတယ်” ဟု ဆိုသည်။ ရခိုင်ဒေသ၌ ဗိုလ်ချုပ် မောင်မောင်အုန်း တာဝန်ယူ ဖြေရှင်းရမည့် အကြောင်းအရာသည် 
ရခိုင်-ဘင်္ဂါလီ အရေး ကိစ္စနှင့် နယ်စပ်လုံခြုံရေး၊ ဒေသတွင်း လုံခြုံရေးတို့သာ မကပါ။ ၀န်ကြီးချုပ် ရာထူးမှ နှုတ်ထွက်သွား
သည့် ဦးလှမောင်တင် လက်ထက်တွင် ဖြေရှင်းပေးနိုင်မှု မရှိခဲ့သည်များကိုပါ ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ပြီး စိန်ခေါ်မှု 
အများအပြားနှင့်လည်း ကြုံတွေ့ရနိုင်ဖွယ် ရှိသည်။
                  ကျောက်ဖြူ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း၊ ရေနံပိုက်လိုင်း၊ ဆောင်ရွက်ရန် လျာထားသည့် ကျောက်ဖြူ-
ကူမင်း မီးရထားလမ်း၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်၊ နေပူတောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်း၊ တိုက်တေနီယမ် 
သတ္တုတူးဖော်ရေး စီမံကိန်းများနှင့် လယ်ယာမြေ သိမ်းဆည်းထားမှု ပြဿနာကို ဖြေရှင်းရာတွင်လည်း ရခိုင်ပြည်သူများ
နှင့် ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းရမည့် ကိစ္စအများ အပြားရှိနေသည်။
                 သို့သော် ဗိုလ်ချုပ် မောင်မောင်အုန်း ကမူ ရခိုင်ပြည်သူများ၏ တောင်းဆိုချက်၊ လိုအပ်ချက်များကို အတတ်နိုင်
ဆုံး ဖြေရှင်းပေးသွားမည်ဟု ယမန်နေ့က တွေ့ဆုံပွဲ၌ ပြောဆိုသွားခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုသည် 
ဗိုလ်ချုပ် မောင်မောင်အုန်းက ရခိုင်ဝန်ကြီးချုပ် တဦးအနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ်အတွက် ဖွဲ့စည်း
ထားသည့် ပြည်ထောင်စုအဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (ECC) ဒု ဥက္ကဋ္ဌ တဦး အနေဖြင့် ဆွေးနွေးကြခြင်း
 ဖြစ်ကြောင်း၊ ထို့အတူ ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ပါကလည်း ၎င်း လုပ်ဆောင်သွားမည့် အရာများကိုပါ ရခိုင် 
အဖွဲ့အစည်းများနှင့် ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။
              ဆွေးနွေးကြသည့် အကြောင်းအရာများ၌ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်တွင်းရေး ပဋိပက္ခများ
အပြီး ဖွဲ့စည်းထားသည့် ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါ အချက်အလက်များကို အခြေခံ၍ လုပ်ဆောင်
သွားမည့် ကိစ္စများ၊ ဒေသတွင်း လုံခြုံရေးနှင့်နယ်စပ် ပင်လယ်ပြင် လုံခြုံရေးအတွက် ဒေသတွင်း ရဲတပ်ဖွဲ့များကို ပြည်နယ် 
အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ထားရှိရေး စသည်တို့ကိုပါ ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာ အေးမောင်က ပြော
သည်။ ထိုအစီရင်ခံစာ၌ ရခိုင်ဒေတည်တွင်း တည်ငြိမ်ရေးအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်
အထည် ဖော်ရန်နှင့် စီးပွားရေး လုပ်ငန်းများ ဖန်တီးပေးရန် တိုက်တွန်းထားပြီး ရခိုင်-ဘင်္ဂလား နယ်စပ်ဒေသ၌ လုံခြုံရေး တပ်
ဖွဲ့တခု ဖွဲ့စည်းရေးတို့ကိုပါ အကြံပြုထားသည်။
            ယင်းအစီရင်ခံစာပါ အချက်အလက်များအား အမြန်ဆုံး အကောင်အထည်ဖော်ရန် ရခိုင်ပြည်သူများနှင့် ကော်မရှင်
အဖွဲ့က နိုင်ငံတော် အစိုးရကို တိုက်တွန်းခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း လက်တွေ့ အကောင်အထည်ဖော်မှု မရှိခဲ့ပေ။ 
၁၉၈၂ နိုင်ငံသား ဖြစ်မှု ဥပဒေကို မြေပုံမြို့နယ်၌ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က စတင် လုပ်ဆောင်နေသကဲ့သို့ 
လူဝင်မှု ကြီးကြပ်ရေး အဖွဲ့အပေါ်လည်း ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
           ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခတချို့ကို အချိန်မီ ထိန်းသိမ်းနိုင်ခြင်း မရှိမှုသည်  ၀န်ကြီးချုပ် ဦးလှမောင်တင်
 အစိုးရ အဖွဲ့၏ ကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့်ဟု သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ်က မီဒီယာများကို ပြောဆိုခဲ့ပြီး ပြည်နယ် 
အာဏာပိုင်များကမူ ၎င်းတို့ အား လုပ်ပိုင်ခွင့်အပြည့် ပေးမထားသောကြောင့်ဟု ဆိုသည်။ ထို့ကြောင့်ပင် ဦးလှမောင်တင်အား 
နှုတ်ထွက်ရန် ဖိအားပေးမှုများ ရှိခဲ့နိုင်ကြောင်း ANP ပါတီ ခေါင်းဆောင်များနှင့် ရခိုင် နိုင်ငံရေး အသိုင်းအ၀ိုင်းများက သုံး
သပ်ကြသည်။ ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင် ၀န်ကြီးချုပ်အဖြစ် အတည်ပြုနိုင်ဖွယ်ရှိသည့် ဗိုလ်ချုပ် မောင်မောင်ကမူ ၎င်းအား 
ဗဟို အဆင့်မှ တိုက်ရိုက် ခိုင်းစေခြင်းဖြစ်၍  ရခိုင်အရေး ကိစ္စများကို အပြည့်အ၀ လုပ်ပိုင်ခွင့် ရမည်ဖြစ်ကြောင်း၊ ရခိုင်ဒေသ
 ဖွံဖြိုးရေး လုပ်ဆောင်ရန်လည်း နိုင်ငံတော်က ဘတ်ဂျက်ငွေ ကျပ် ၁၅ ဘီလီယံ ချပေးထားကြောင်း၊ လိုအပ်ပါက ထပ်မံ 
တောင်းခံနိုင်ကြောင်း ပြောဆိုထားသည်။
            ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည့် ဗိုလ်ချုပ် မောင်မောင်အုန်းသည်  ရခိုင်ပြည်သူများ၏ ကန့်ကွက်မှုများနှင့် ကြုံ
တွေ့နေရသည်။ ထို့အတူ ANP ပါတီကလည်း ၀န်ကြီးချုပ် ရာထူးအား ပြည်သူများက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်
တော် ကိုယ်စားလှယ်များထဲကသာ ရွေးချယ် တင်မြှောက်သင့်ကြောင်း၊ ရခိုင်လွှတ်တော်၌ အမတ်နေရာ အများဆုံး ရထားသည့်
  (ANP) ကသာ ရွေးချယ်သင့်ကြောင်း ဇွန်လ ၂၃ ရက်နေ့က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သေးသည်။
            ကန့်ကွက်မှုများ ရှိသည်ကို ၎င်းအနေဖြင့် နားလည်ကြောင်း၊ ကန့်ကွက် ပြောဆိုမှုများကို အပြုသဘောဆောင်၍ 
တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု ဗိုလ်ချုပ် မောင်မောင်အုန်းက ဆိုသည်။ ရခိုင်ပြည်နယ် လွှတ်တော်၌ ANP ပါတီ ကိုယ်
စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၁၄ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး ရှိသည်။ ၀န်ကြီးချုပ် ခန့်
အပ်ရေးကို ကန့်ကွက်နိုင်သည်ဟု ဆိုသော်လည်း နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အဆိုပြုထားသူ ဖြစ်၍ 
ကန့်ကွက်ရန် လွယ်ကူမည် မဟုတ်ပေ။ ဖွဲ့စည်းပုံပါ အချက်အလက် တခုခုနှင့် ငြိစွန်းမှသာ ကန့်ကွက်ပိုင်ခွင့် ရှိပြီး၊ သမ္မတ 
ကိုယ်တိုင်ကလည်း ဖွဲ့စည်းပုံနှင့် ကိုက်ညီသူဟု ယူဆ၍ ရွေးချယ်ထားခြင်း ဖြစ်သည်။
             ကန့်ကွက်မှုများ ရှိနေသော်လည်း ရခိုင်အရေးကို ကိုင်တွယ် ဖြေရှင်းပေးနိုင်လိမ့်ဟု ယုံကြည်ကြောင်း၊  နယ်စပ်ရေးရာ 
ဒု ၀န်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်အရေးကိစ္စများ၌လည်း ပါဝင်နေခြင်းကြောင့် ခက်ခဲသည့် ရခိုင်အရေးကို ဖြေရှင်းနိုင်မည်
ဟု မျှောင့်လင့်၍ မူအားဖြင့် လက်ခံကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။ ၎င်းက “အခြေအနေ လိုအပ်ချက်အရ ဗိုလ်ချုပ်
တဦးကို ခန့်အပ်တာကို မူအားဖြင့် လက်ခံပါတယ်၊ ဒါပေမယ့် ဖွဲ့စည်းပုံရဲ့ အားနည်းချက်ကလည်း ရှိတော့ တခြားပြည်နယ်တွေမှာ
လည်း စစ်သားတွေကို ခန့်အပ်တဲ့ အစဉ်အလာ ဖြစ်လာမှာကိုတော့ မလိုလားပါဘူး”ဟု ဆိုသည်။
            ရခိုင်လူမှုအဖွဲ့များ၊ ရပ်မိရပ်ဖများကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား ရခိုင်လူမျိုးကိုသာ လိုလားကြောင်း၊ သို့သော် 
အခြေအနေအရ မည်သည့် ပုဂ္ဂိုလ်ကို ခန့်အပ်သည် ဖြစ်စေ ရခိုင်ပြည်သူများနှင့် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်
ဖို့သာ အရေးကြီးကြောင်း ပြောဆိုကြသည်။ စစ်တွေ မြို့မိမြို့ဖ တဦးဖြစ်သူ ဦးသန်းထွန်းက “ကျနော်တို့တွေ သူနဲ့အတူတူ အလုပ်
တွဲလုပ်ဖူးတာတွေ ရှိတယ်။ ဥပမာ – ဘင်္ဂါလီကိစ္စ၊  NGO တွေနဲ့အတူ တွဲလုပ်တဲ့အခါ သူက လုပ်နိုင်တယ်၊ အဆင်ပြေတာ တွေ့ရ
တယ်၊ စစ်သားတယောက် ဖြစ်နေတဲ့အတွက်လည်း တချို့ကိစ္စတွေမှာ ပြတ်ပြတ်သားသား လုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်” ဟု 
ဆိုသည်။ ထို့အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကိုယ်စားလှယ်နှင့် ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ
လည်း ဖြစ်သူ ဦးသာညွန့် ကလည်း မိမိတို့ဒေသ အကြီးအကဲအဖြစ် ကိုယ့်လူမျိုးသာ ဖြစ်စေလိုကြောင်း၊ သို့သော် ဗိုလ်ချုပ် 
မောင်မောင်အုန်း၏ လုပ်ဆောင်ခဲ့မှုများကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်ကို ဦးဆောင်နိုင်ရန် အရည်အချင်းရှိသောသူ ဖြစ်မည်ဟု 
ယူဆကြောင်း ပြောဆိုသည်။ ဗိုလ်ချုပ် မောင်မောင်အုန်းသည် နယ်စပ်ရေးရာ ဒု ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်
အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော အဖွဲ့တချို့တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သေးသည်။ ၎င်းအား 
ရခိုင်ပြည်နယ် လွှတ်တော်၏ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ဇွန်လ ၂၅ ရက်က အတည်ပြုခဲ့သည်။
            မည်သို့ပင် ဆိုစေကာမူ ကန့်ကွက်သည် ဖြစ်စေ၊ ထောက်ခံသည် ဖြစ်စေ ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင် ၀န်ကြီးချုပ်
 ဖြစ်ရန် သေချာနေပြီ ဖြစ်၍ ၎င်းကြွေးကြော် ပြောဆိုထားသကဲ့သို့ ရခိုင် ပြည်တွင်းရေး ပဋိပက္ခများ၊ ရခိုင်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ
ကို တနှစ်ကျော် သက်တမ်း၌ မည်မျှ လုပ်ဆောင်ပေးနိုင်မည် ဆိုသည်ကို စောင့်ကြည့်ရန်သာ ရှိတော့သည်။
Ref: burma.irrawaddy

Thursday, June 26, 2014

ထိုင်းတွင် Cobra Gold စစ်ရေး လေ့ကျင့်မှု ပြောင်းရွှေ့ရန် အမေရိကန် စဉ်းစား



                 ထိုင်းနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိသော အမေရိကန်-ထိုင်း ဦးဆောင်သည့် ရွှေမြွေဟောက်
(Cobra Gold) နိုင်ငံစုံ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် အခြား တနိုင်ငံ၌ ကျင်းပရန် အမေရိကန်
ဘက်က စဉ်းစားနေကြောင်း သိရသည်။ အမေရိကန်အနေဖြင့် လာမည့်နှစ် ရွှေမြွေဟောက် ပူးတွဲ စစ်ရေး လေ့
ကျင့်မှုကို အခြား နောက်တနိုင်ငံတွင် ကျင်းပရန် စဉ်းစား နေ သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန 
အရာရှိတဦးဖြစ်သူ Scot Marciel က ကွန်ဂရက် လွှတ်တော်သို့ အင်္ဂါနေ့က ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
           အကယ်၍ Cobra Gold စစ်ဆင်ရေးကို ထိုင်းနိုင်ငံ၌ ကျင်းပမည်ဆိုပါက ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်း
မှုကို အမေရိကန်က ထောက်ခံ သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း၊ ယခုကိစ္စသည် စစ်အာဏာရှင်များ၏ သဘာဝကို 
ကမ္ဘာသို့ မီးမောင်း ထိုးပြခြင်းဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ အာရှဒေသဆိုင်ရာ
 ကော်မတီ ဥက္ကဋ္ဌ စတိဗ် ရှာဗော့ ကလည်း ပြောဆို သည်။
                  မစ္စတာ ရှာဗော့က သမ္မတ အိုဘားမား အစိုးရအား လာမည့်နှစ် Cobra Gold ပူးတွဲ စစ်ရေးလေ့ကျင့်မှု
ကို သြစတြေးလျ နိုင်ငံ ဒါဝင် မြို့တွင် ပြောင်းရွှေ့ကျင်းပရန် တိုက်တွန်းထားပြီး ထိုနေရာသည် အမေရိကန်၏ မဟာ
ဗျူဟာ အာရှ ဆုံမှတ် အစိတ်အပိုင်းလည်း ဖြစ်၍ အမေရိကန် မရိမ်းတပ်သား ၂၅ဝဝ ကျော်လည်း ရှိထားပြီးသား 
နေရာဖြစ်သည်ဟုလည်း ဆိုသည်။
               ထိုသို့ Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် ထိုင်းနိုင်ငံအစား အခြား နိုင်ငံတခုခုတွင်
 ကျင်းပမည်ဟု ဆုံးဖြတ် ခဲ့မည်ဆိုပါက ပြဿနာတခုအဖြစ် ထိုင်းနိုင်ငံက ရှုမြင်မည်မဟုတ်ကြောင်း၊ သို့ရာတွင် ဆုံးရှုံး
မှုများစွာ ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး စစ်ကောင်စီ(NPCO) ဒုတိယ အကြီးအကဲ 
Prajin Juntong က ပြောဆိုသည်ဟု ဘန်ကောက်ပို့စ် သတင်း တပုဒ်တွင် ဖော်ပြထားသည်။
          ထိုင်း စစ်အစိုးရ ဒုတိယ အကြီးအကဲ Prajin Juntong က Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် ထိုင်းနှင့်
 အမေရိကန် ၂ နိုင်ငံ အကျိုး တခုတည်းအတွက် မဟုတ်ကြောင်း၊ ၂ နိုင်ငံ နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့မှုကို 
အရှည်သဖြင့်ကြည့်၍ ပြောင်းရွှေ့ကျင်းပမည်ဟု မဆုံးဖြတ်ခင် အမေရိကန် အနေဖြင့် အသေအချာ စဉ်းစားသင့်ကြောင်း
လည်း ပြောဆိုသည်။
             ထိုင်း လေတပ်အနေဖြင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့နှင့်လည်း Cobra Gold မဟုတ်သည့် ပုံမှန်ပူးတွဲ 
လေ့ကျင့်မှု ကို ပြုလုပ်လေ့ ရှိကြောင်းလည်း သူက ထပ်ပြောသည်။ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံတွင် စစ်တပ် 
က အာဏာသိမ်းလိုက်ရာ အမေရိကန် က စစ်အာဏာသိမ်းမှုကို ကန့်ကွက် ၍ အမြန်ဆုံး ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်
ရန် တိုက်တွန်းထားပြီး စစ်ရေး ဆိုင်ရာ အထောက်အပံ့များကိုလည်း ဆိုင်းငံ့ ကြောင်း အင်္ဂါနေ့က ကြေညာလိုက်သည်။
ထို့အပြင် အမေရိကန်က ထိုင်းနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အထောက်အပံ့ပေးမှု နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ဝ သန်း ကျော် 
ပုံမှန်ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် ယခုနှစ်အတွက် လက်ကျန် ဒေါ်လာ ၅ သန်းနီးပါးကိုလည်း ရပ်ဆိုင်း ခဲ့သည်။
ထိုင်းနှင့် အမေရိကန် ၂ နိုင်ငံ စစ်ရေး အနီးကပ်ဆက်ဆံရေး ရှိသည့်အားလျော်စွာ Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို 
 ၁၉၈၂ နှစ်ကတည်းက ထိုင်းနိုင်ငံတွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
             ယခုအခါ နိုင်ငံစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု Cobra Gold တွင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင် ကိုရီးယား၊
 ဂျပန်နိုင်ငံ တို့လည်း ပါဝင်လာပြီး မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၀ က လေ့လာသူအဖြစ် တက်ရောက်လျက် ရှိသည်။
Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ထိုင်းနိုင်ငံတွင် ဧပြီနှင့် မေလများအတွင်း ရက်သတ္တ ၆ ပတ်ကြာပြုလုပ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် Cobra Gold စစ်ဆင်ရေးတွင် လေ့လာသူအဖြစ် ၂၀၁၃ ခုနှစ်မှ စတင် ပါဝင်ခွင့် ရရှိခဲ့သည်။

 _Ref: burma.irrawaddy

ရခိုင်အကျိုးစီးပွားကို အသက်နှင့်လဲ ကာကွယ်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်း ကတိပြုပြောဆို


             ၎င်းကို ဝန်ကြီးချုပ်ခန့်မည့်ကိစ္စ စစ်တွေတွင် သံပုံးတီးဆန့်ကျင်ကန့်ကွက်
ဗိုလ်ချုပ်မောင်မောင် အုန်းကို ၀န်ကြီးချုပ်အဖြစ် ခန့် အပ်ရန် အဆိုပြုထားသော သ၀ဏ်လွှာဖတ်ကြားခဲ့သည့် 
ရခိုင် ပြည်နယ်အရေးပေါ် လွှတ်တော် အစည်းအဝေးကျင်းပနေချိန်တွင် စစ်တွေမြို့၌ လုံခြုံရေးတင်းကျပ် ခဲ့ကြောင်း 
သတင်းရရှိသည်။
          ထို့အပြင် ရခိုင်ဝန်ကြီးချုပ် ရာထူးနေရာကို ရခိုင်တိုင်းရင်းသားသာ ခန့်အပ်ရန်နှင့် လူမျိုးခြားဝန်ကြီးချုပ်ကို 
ဆန့်ကျင်သည့်ကြွေးကြော်သံများ ဟစ်ကြွေး၍ သံပုံးများ တီးခတ်ရန် လက်ကမ်းစာစောင်များကို စစ်တွေမြို့တွင် ဇွန်
 ၂၅ ရက်ညနေက ဝေငှခဲ့ကြောင်း သတင်းရရှိသည်။
             ယနေ့ည ၈နာရီမှစတင်ကာ  ၅ မိနစ်ကြာ ဟစ်ကြွေးရန်တိုက် တွန်းထားသည့် လက်ကမ်းစာ စောင်များကို 
စစ်တွေမြို့ပေါ်ရှိ အိမ်တိုင်းသို့ ဝေငှခြင်းဖြစ်ပြီး မည် သည့်အဖွဲ့အစည်းက ဦးဆောင် ဝေငှသည်ကို မသိရကြောင်းစစ် 
တွေ မြို့မရဲစခန်းက အတည်ပြုပြောဆိုသည်။
            အဆိုပါလက်ကမ်းစာစောင် တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦး လှမောင်တင်အား ဇွန်လ ၁၉ ရက်တွင် ၀န်ကြီး
ချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပေးပြီးနောက် လစ်လပ်လျက်ရှိသော ပြည်နယ် ၀န်ကြီးချုပ်နေရာတွင်ရခိုင်လူမျိုးမဟုတ်သည့် 
လူမျိုးခြားတစ်ဦးဦးအား ခန့်အပ်နေရာပေးခြင်းသည် နိုင်ငံတော်၏ လက်ရှိ လျှောက်လှမ်းနေသည့် ဒီမိုကရေစီ လမ်းစဉ်
၏ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ် သည်က တစ်ကြောင်း၊ တိုင်းရင်း သားအားလုံး လိုလားတောင့်တ နေသော ဖက်ဒ
ရယ်ပြည်ထောင်စု စနစ်နှင့်ပါလွဲချော်နေသဖြင့် ရခိုင် ၀န်ကြီးချုပ်ရာထူးနေရာတွင် ရခိုင် သားသာ ဖြစ်ရေးအတွက် ဆန္ဒ 
ထုတ်ဖော်သည့်အနေဖြင့် ဇွန်လ၂၅ ရက်မှစတင်ပြီး ည ၈နာရီတိ တိမှ ကြာမြင့်ချိန် ၅ မိနစ်ခန့် မိမိ တို့နေအိမ်မှနေ၍ ‘‘
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရခိုင်သားကို ခန့်ပေး ပါ’’၊ ‘‘လူမျိုးခြားဝန်ကြီးချုပ်အလို မရှိ၊ အလိုမရှိ’’ ဟူသော ကြွေး ကြော်
သံများဟစ်ကြွေးကာ ဆန် ကော၊ သံပုံးများတီးခတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် ဟု ရေးသားထားသည်။
‘‘တစ်မြို့လုံးနီးပါး တီးကြ မယ်ထင်တယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာတော့ သံပုံးတွေရော သံချောင်းတွေရော အမျိုး
မျိုး တီးကြတာပဲ။ မိုးတွေက အရမ်းရွာနေတော့ မိုးသံတွေပဲ ကြားရပြီး သံပုံးတီးသံတွေတော့ အကျယ်ကြီး မထွက်ဘူး
ပေါ့’’ ဟု စစ် တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ဒေ သခံတစ်ဦးက ပြောသည်။
           စစ်တွေမြို့မရဲစခန်းကမူ သံ ပုံးတီးခြင်းများ ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိကို မိုးသည်းထန်စွာ ရွာ နေ သောကြောင့် အ
တည်မပြုနိုင် ကြောင်း ရဲအရာရှိတစ်ဦးက ပြော သည်။ ဇွန်လ ၂၅ ရက်က ပြုလုပ် သော ရခိုင်ပြည်နယ်လွှတ်တော် အ
ရေးပေါ် အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်မောင်အုန်းအား ၀န် ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆို ပြုထားသော နိုင်ငံတော်
သမ္မတ ၏ သ၀ဏ်လွှာကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
              ဗိုလ်ချုပ်မောင်မောင်အုန်း နှင့် အခြားတပ်မတော်သား ကိုယ် စားလှယ်တစ်ဦးတို့ ကျမ်းသစ္စာ ဆိုခဲ့ပြီး အစည်း
အဝေးကျင်းပနေ ချိန်တွင် စစ်တွေမြို့၌ လမ်းမများ၊ လမ်းဆုံများကို သံဆူးကြိုးအတား အဆီးများဖြင့် ပိတ်ဆို့၍ လုံခြုံရေး
တင်းကျပ်ထားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
           စစ်တွေမြို့တွင် ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးလွှတ်တော်၌ ပြုလုပ်သောအရေးပေါ်ပြည်
နယ်လွှတ်တော်အစည်းအဝေး အပြီးတွင် ဗိုလ်ချုပ် မောင်မောင်အုန်းက သတင်း ထောက်များနှင့် တွေ့ဆုံခဲ့သည်။
‘‘တာဝန်ပေးလာပြီ ဆိုရင် တော့ ရခိုင်တိုင်းရင်းသား  မိဘ ပြည်သူများရဲ့ အကျိုးစီးပွားကို အသက်နဲ့လဲပြီး ကာကွယ်စောင့် 
ရှောက်ပါ့မယ်။ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်အောင် ကျွန် တော် အစွမ်းကုန်ကြိုးစားမယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ 
ဆန္ဒကို  ကျွန်တော့်အနေနဲ့ စိတ်ထဲမှာအမြဲ တမ်း ရှေ့တန်းက နေပြီးတော့  ဆောင်ရွက်ပါမယ်’’ဟု ဗိုလ်ချုပ် မောင်မောင်အုန်း
ကပြောသည်။
          ‘‘၂၀၁၅ကျရင် တက်လာ မယ့်ပြည်နယ်အစိုးရသစ်ရခိုင် တိုင်းရင်းသားဦးဆောင်မယ့် ၀န် ကြီးချုပ်ဟာ တစ်ခါတည်းချက်
 ချင်းကိုပြောင်းလဲပြီးတော့မှ ယနေ့ ရခိုင်ပြည်နယ်ဟာ နိမ့်ကျနေတဲ့ ဟာကို တက်အောင်ကြိုးစားမယ်။ နိုင်ငံတော်ကလည်း ကျွန်
တော့်ကို လုပ်ပိုင်ခွင့်အာဏာပေးထားပြီဆို တော့ လာမယ့် ၂၀၁၅အလွန်ကျ ရင်တော့ ရခိုင်ပြည်နယ်ကြီးဟာ အဆင့်တစ်ဆင့်မှာ
တိုးတက်ပြီးမှ လာမယ့်ပြည်နယ်အစိုးရ၊ ပြည် နယ်ဝန်ကြီးချုပ်က ကောင်းမွန်တဲ့ ရလဒ်တွေကိုဆုပ်ကိုင်ပြီးတော့မှ ဒီထက်တိုး
တက်အောင်ဆောင် ရွက်သွားနိုင်အောင် ကျွန်တော့် သက်တမ်း ကာလလေးမှာတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ့ မယ်လို့ပြော
လိုပါတယ်’’ ဟု ပြော ဆိုခဲ့သည်။
                  သမ္မတ၏ အဆိုကို ကန့် ကွက်လိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင် အတွင်းမှ ဇွန်လ ၂၇ ရက်နောက်ဆုံးထား၍ 
လွှတ် တော်သို့ ကန့်ကွက်လွှာပေးပို့ရ မည် ဖြစ်သည်။ ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇွန် လ ၃၀ ရက်
တွင် ပြန်လည်ပြုလုပ် မည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်အား အတည်ပြုခန့်အပ်မည် ဖြစ်သည်။
 _Ref: 7daydaily

ဗြိတိန်မီဒီယာများက ဆွာရက်ဇ်ကို ပစ်မှတ်ထား ထိုးနှက်နေကြောင်း ဥရုဂွေး အသင်းခေါင်းဆောင် ဝေဖန်



         ဗြိတိန်မီဒီယာများသည် မိမိ၏ အသင်းဖော် လူးဝစ်ဆွာရက်ဇ်အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား
 တိုက်ခိုက်နေကြောင်း ဥရုဂွေး အသင်းခေါင်းဆောင် ဒီယေဂို လျူဂါနိုက ဝေဖန် ပြောကြားခဲ့သည်။ အီတလီ
ကို အနိုင်ရသည့် ပွဲစဉ်တွင် ပြိုင်ဘက် ကစားသမား ဂျော်ဂျီယို ချီလီယေနီကို ဆွာရက်ဇ်က ကိုက်ခဲ့သည့် ကိစ္စ
အပေါ် ဗြိတိန်မီဒီယာများက ပြင်းပြင်းထန်ထန် ရှုတ်ချရေးသားခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ကလည်း
 ဆွာရက်ဇ်ကို စွဲချက်တင် စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ ဆွာရက်ဇ်အနေဖြင့် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်
 လီဗာပူးလ်တွင် ကစားနေစဉ် ကတည်းက ဗြိတိန်မီဒီယာများ၏ ပစ်မှတ်သဖွယ် ဖြစ်ခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင်
လည်း ဆွာရက်ဇ်မှာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံနေရခြင်းဟု လျူဂါနိုက သုံးသပ်ခဲ့သည်။
             “ဗြိတိန်မီဒီယာတွေက ဆွာရက်ဇ်ကို ဘယ်လိုသဘောထားတယ် ဆိုတာကို အားလုံးအသိပဲ။ အင်္ဂလန်
မှာတော့ ဒီအကြောင်းတွေ ရေးထားပြီး သတင်းစာတွေ ရောင်းကောင်းလိမ့်မယ်။ ဒီနေရာမှာတော့ ဒါမျိုးမရဘူး”ဟ
ု လျူဂါနိုက BBCသို့ ပြောကြားခဲ့သည်။ “ဗြိတိန်မှာ သတင်းသမား တစ်ယောက်က ဆွာရက်ဇ်အကြောင်းကို ဘာ
ကြောင့် အလေးထား ပြောဆိုနေချင်သလဲ ကျွန်တော်မသိဘူး။ ဗြိတိန်မီဒီယာ လောကမှာ ဒီအကြောင်းက ရေပန်း
စားနေလို့များလား။ တခြားအကြောင်းပြချက်လည်း ရှာမတွေ့တော့ဘူးလေ”ဟုလည်း လျူဂါနိုက ဆိုသည်။
၎င်းက ချီလီယေနီကို ဆွာရက်ဇ်က သွားဖြင့်ကိုက်ခဲ့သည်ဟု အခိုင်အမာ သက်သေပြစရာ မရှိကြောင်းလည်း ပြော
ကြားခဲ့သည်။ “ဓာတ်ပုံတွေမှာ ပြထားတာကို ကြည့်လေ။ ထင်ယောင်ထင်မှား ပုံစံမျိုးကလွဲပြီး အရေးပါတဲ့ ကောက်
နုတ်ချက်မျိုး ရယူနိုင်တာ မရှိဘူး”ဟုလည်း လျူဂါနိုက မှတ်ချက်ပြုခဲ့သည်။
           FIFA သည် ဆွာရက်ဇ်၏ ကိစ္စကို စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးကြားနာမှု ပြုလုပ်သွားမည်ဟု ကြေညာ
ထားပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် (၂)နှစ်ထိ ပွဲပယ်နိုင်ခွင့် ရှိနေကြောင်း သိရသည်။

_Ref: 7daydaily

Wednesday, June 25, 2014

''ရိုဟင်ဂျာ'' ဆိုသည့် လူမျိုးနာမည်လိမ်ဖြစ်တည်ရေး လှုပ်ရှားမှုခေါင်းဆောင် ဟုသံသဖြင့်ဖမ်းဆီးခံရသူ စစ်တွေသက္ကယ်ပြင်မှ ဘင်္ဂလီဦးကျော်မြင့်တို့အုပ်စုပြန်လွတ်ပြီ


စစ်တွေ၊ ဇွန် ၂၅
         ၂၀၁၃ ခုနှစ်၊ မေလအတွင်းက စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂလီများအား ဆွဲတင်စစ်ဆောင်ရွက်ရာတွင် 
စာရင်းကောက်အဖွဲ့ဝင်များအား ခဲများဖြင့်ပစ်ပေါက်ခြင်း၊ တုတ်များဖြင့်ရိုက်နှက်ခြင်းများကြောင့် အဖွဲ့ ခေါင်း 
ဆောင် လက၀ ဦးစီးမှူး ဦးရန်အောင်မြင့်၏ လက်ကိုင်ဖုန်းကို လူယုခံရသည့်အပြင် ဦးစိုင်းမြတ်သူ၊ တပ်ကြပ် 
မင်းအောင်၊ အရပ်သားကိုယ်စားလှယ် ဦးထွန်းလှအောင်တို့မှာ ပေါက်ပြဲ ၊ခေါင်းကွဲဒဏ်များရရှိခဲ့ သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုယ်ထိလက်ရောက် စော်ကားသူများနှင့် ''ရိုဟင်ဂျာ'' ဆိုသည့် လူမျိုးနာမည်လိမ်
ဖြစ်တည်ရေး လှုပ်ရှားမှုခေါင်းဆောင် ဟု ယူဆရသူ ဘင်္ဂလီ ဦးကျော်မြင့်(ခ) မိုဟာမတ်ဆော်ဒီ၊ ဦးလှမြင့်(ခ) 
အီဆုတို့အား ဖမ်းဆီးခဲ့ကြောင်းသိရသည်။
          သို့သော်လည်း ဆော်ဘီရာမတ်နှင့် ဆာလေအာမတ်တို့ နှစ်ဦးအား ပြစ်မှုပုဒ်မ ၃၃၂/၁၄၄ အရ ထောင်ဒဏ် 
တစ်နှစ်စီချမှတ်ခဲ့ကြောင်း၊ မာမတ်ဟာရှိန်း၊ မဆော်လေမာတို့ နှစ်ဦးအား ပြစ်မှုပုဒ်မ ၁၄၇ အရ ထောင်ဒဏ် ၂ နှစ်စီ
နှင့် ပြစ်မှုပုဒ်မ ၃၃၂ အရ ထောင်ဒဏ် ၁ နှစ်နှင့် ၆ စီ သီးခြားကျခံစေရန် ချမှတ်ခဲ့ကြောင်းသိရသည်။သို့ရာတွင်
 ဦးကျော်မြင့်နှင့် ဦးလှမြင့်တို့အား ပြစ်မှုမရှိဟုထင်ရှားသဖြင့် စစ်တွေခရိုင်တရားရုံးမှ ဇွန်လ ၂၄ ရက်နေ့က တရား
သေ လွှတ်လိုက်ကြောင်းသိရှိရပါသည်။
Ref : RSV

ရခိုင်ပြည်နယ် ‘၀န်ကြီးချုပ်’ အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်း ကို သမ္မတက အဆိုပြု၊ စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်စွာချထား

 ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သော ရခိုင်ပြည်နယ် လွှတ်တော်တွင် သမ္မတ ဦးသိန်းစိန်က
 ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ယင်းသ၀ဏ်လွှာတွင် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်
နယ် ‘၀န်ကြီးချုပ်’ အဖြစ်ခန့်အပ်ရန် အဆိုပြုထားသည်။
           ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတကအဆိုပြုခြင်းကို 
ကန့်ကွက်လိုပါက ကန့်ကွက်လိုသည့် ပြည်နယ်လွှတ်တော်အမတ်သည်။ ဇွန်လ၂၇ရက် ညနေ ၄နာရီနောက်
ဆုံးထား စာရင်းပေးရမည်ဖြစ်ပြီး၊ အစည်းအဝေးကို ဇွန်လ ၃၀ရက်နေ့တွင် ပြည်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြ
သည် ဟု သိရသည်။ ဗိုလ်ချုပ်မောင်မောင်အုန်းအား သမ္မတက ယခုကဲ့သို့ အဆိုပြုခန့်အပ်စေခြင်း နှင့် ပတ်သက်
၍ စစ်တွေမြို့ဒေသခံတစ်ဦးက “ဒီလိုမျိုးခန့်လို့ရတယ် ဆိုတော့ ၀န်ကြီးချုပ်လို့ ခေါ်မနေပါနဲ့။ ဘုရင်ခံ လို့ပဲ ခေါ်
လိုက်တာက ပိုပြိးဆီလျော်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော် ဆိုပြီးတော့လည်း ဟန်ဆောင်ပန်ဆောင် လုပ်မနေ
ပါနဲ့တော့” ဟု Coral Arakan News အားပြောကြားသည်။
             ယနေ့နံနက် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပနေချိန်တွင် အစည်းအဝေး
ကျင်းပရာ အစိုးရရုံးရှေ့ မေယုလမ်းအား သံဆူးကြိုးတပ် blockade များချကာ ရဲလုံခြုံရေးများဖြင့် လမ်းပိတ်ထား
သည်။ စစ်တွေမြို့ပေါ်နေရာ အနှံ့အပြား၌လည်း ရဲလုံခြုံရေးများထူထပ်စွာချထားသည်။ ‘ဘုရင်ခံ’ မောင်မောင်အုန်း
အား ဆန့်ကျင်ကန့်ကွက်နှင်ထုတ်မည့် ဆန္ဒပြဖော်ထုတ်မှုများကို ပြုလုပ်မည် ဟု သတင်းအချို့ထွက်ပေါ်ခဲ့သော်
လည်း ယခုအချိန်အထိ လှုပ်ရှားမှုများကို စစ်တွေမြို့တွင် မတွေ့ရသေးပေ။
 Coral Arakan News

Tuesday, June 24, 2014

ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ


           မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း 
ဖောက်ထွင်းခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီး
ခြင်းကို ခံခဲ့ရကြောင်း သိရသည်။   နီကိုလပ်စ်ဝစ်ခ်ျဟုခေါ်သည့် ဖောက်ထွင်းရေးသမားသည် ဇွန်လ 
၁၉ ရက်က စိန့်ပေါလ်တောင်ဘက်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ထွင်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းနေအိမ်
ရှိ ကွန်ပျူတာတွင် Facebook အသုံးပြုခဲ့ကြောင်း၊ သို့သော်လည်း log out ပြုလုပ်ရန် မေ့လျော့သွားခဲ့
ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။   ထို့နောက်တွင် အိမ်ပိုင်ရှင် ဂျိမ်းစ်ဝုဒ်က ၎င်း၏အိမ် ဖောက်
ထွင်းခံရကြောင်းကို သတိပြုမိပြီး နေအိမ်မှ ငွေသားများအပြင် အကြွေးဝယ်ကတ်များနှင့် နာရီတစ်လုံး 
ပျောက်ဆုံးခဲ့ကာ ဂျင်းဘောင်းဘီတစ်စုံ၊ ခါးပတ်တစ်ခုနှင့် Nike တင်းနစ်ဖိနပ်အချို့ကို တွေ့ရှိခဲ့ကြောင်း၊
 ၎င်းအပြင် ကွန်ပျူတာ၌ Facebook page တစ်ခု ဖွင့်ထားသည်ကို သတိပြုမိပြီးနောက် ရဲများထံ အကြောင်း
ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မစ္စတာဝုဒ်က ဝစ်ခ်ျသည် သူခိုးတစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး 
၎င်း၏ ဖုန်းနံပါတ်ကို ဝေမျှကာ အချက်အလက်များကို တောင်းဆိုခဲ့သည်။ ညနေပိုင်းတွင် မစ္စတာဝုဒ်သည်
 ဝစ်ခ်ျထံမှ message တစ်စောင်ကို ရရှိခဲ့ပြီး အိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် အတွက် ချိန်း
ဆိုခဲ့ကာ ဖောက်ထွင်းရေးသမားက ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်လာယူချိန်တွင် ၉၁၁ ကို ဖုန်းဆက်ပြီး ဖမ်း
ဆီးခဲ့ခြင်း ဖြစ်သည်။   ရဲများက ဝစ်ခ်ျကို ဖမ်းဆီးချိန်တွင် ၎င်းသည် မိမိ၏ နာရီကို ဝတ်ဆင်ထားကြောင်းနှင့် 
အဆိုပါ ဖောက်ထွင်းရေးသမားသည် ကမ္ဘာပေါ်တွင် အတုံးဆုံး ဒုစရိုက်သမား ဖြစ်ကြောင်း မစ္စတာဝုဒ်က
 ပြောကြားခဲ့သည်။   ဝစ်ခ်ျသည် အဆိုပါ ဖောက်ထွင်းမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်အပြင် ဒဏ်ကြေး ဒေါ်
လာ ၂၀,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။  
Ref: Internet Journal

ထိုင်း အဝေရောက်အတိုက်အခံအဖွဲ့ ဖွဲ့စည်း



                 ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ပြန်လည် ဖော်ဆောင်နိုင်ဖို့အတွက် အခုလက်ရှိ စစ်အစိုးရကို 
အတိုက်အခံပြုမယ့် အဝေးရောက် စင်ပြုင် အဖွဲ့အစည်းတစ်ရပ်ကို ယခင် ဝန်ကြီးဟောင်း တစ်ဦးက ဦးဆောင် 
ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
            ဒါဟာ လွန်ခဲ့တဲ့လက အာဏာသိမ်းခဲ့တဲ့ ထိုင်း စစ်အစိုးရကို အတိုက်အခံပြုဖို့အတွက် ပထမဆုံးအနေနဲ့
 ညီညီညွတ်ညွတ် တုံ့ပြန်ကြမှု ဖြစ်ပါတယ်။ လူအခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လွတ်လပ်တဲ့ ထိုင်းများလို့ အမည်
ပေးထားတဲ့ အဲဒီအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ကို နိုင်ငံခြားမှာ တိမ်းရှောင်နေတဲ့ ယခင် အရပ်ဖက် 
အစိုးရ ဝန်ကြီးဟောင်း ချာရုပွန် ရုဝန်ဆူဗန် Charupong Ruangsuwan က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ချာရုပွန်
ဟာ စစ်အစိုးရလက်အောက်က လွတ်မြောက်ခဲ့တဲ့ တစ်ဦးတည်းသော ဝန်ကြီးဟောင်း ဖြစ်ပြီး သူ့ရဲ့ အဖွဲ့အစည်း
 အခြေစိုက်ရာ နေရာကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိပါဘူး။
  Ref: BBC (မြန်မာ့ပိုင်း)

ထိုင်းရောက် တရားမ၀င်လုပ်သား နှစ်သန်း မှတ်ပုံတင်ထုတ်ပေးမည်


              ထိုင်းအစိုးရက တရား မ၀င်အလုပ်သမား နှစ်သန်းခန့် အား ဇူလိုင် ၁ ရက်မှစ၍ အလုပ် လုပ်ကိုင်ခွင့် 
မှတ်ပုံတင်များ စတင် ထုတ်ပေးမည်ဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အ ရေးကွန်ရက်မှ သတင်း
ရရှိသည်။ ထိုင်း ပြည်ထဲရေးဝန်ကြီး ဌာနသည် ခရိုင် ၂၂ ခုရှိ တရား မ၀င် ရွှေ့ပြောင်းအလုပ်သမား များအား အလုပ်
လုပ်ကိုင်ခွင့် မှတ်ပုံတင်များ ထုတ်ပေးရန် ဇွန် လ ၂၁ ရက်က ပြုလုပ်သော နိုင်ငံ ခြားသားအလုပ်သမား စနစ်တ ကျ
 ဖြစ်ရေးအစည်းအဝေးတွင် သဘောတူညီမှုချမှတ်ခဲ့ခြင်း ဖြစ် သည်။
            ‘‘အထောက်အထားဘာမှ မရှိတဲ့သူတွေကို လုပ်ပေးမှာ။ အရင်တုန်းကတော့ တစ်နိုင်ငံလုံး က လုပ်သားတွေ
ကို လုပ်ပေး တာ။ ဒါပေမဲ့ အခုကခရိုင် ၂၂ ခုပဲ ပါတယ်။ ရေလုပ်သားတွေ များတဲ့နေရာမှာ လုပ်ပေးတာ တွေ့ရတယ်။ 
မရှိတာထက်စာ ရင်ကောင်းတာပေါ့။ အမှုကိစ္စ တွေဖြစ်ရင် အထောက်အထားရှိ တော့ ရှင်းရတာလွယ်တာပေါ့’’ ဟု 
မဟာချိုင်ခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန် ရက်မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောသည်။
          အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံ တင်များကို မြန်မာအလုပ်သမား များဒုတိယအများဆုံးလုပ်ကိုင်နေ သော မဟာချိုင်
ဒေသတွင် စတင် ထုတ်ပေးမည်ဖြစ်ပြီး မှတ်ပုံတင် အတွက် ကုန်ကျစရိတ် မသိရှိရ သေးပေ။ ယခင်က မှတ်ပုံတင် လုပ်
ပါက အလုပ်သမား တစ်ဦး လျှင် ဘတ် ၃၈၀၀ နှင့်အထက် ကုန်ကျကြောင်း သိရသည်။
          ‘‘ကောင်းကျိုးကတော့ သွား ရလာရတာ လွတ်လပ်တယ်။ အ ဆိုးကတော့ အလုပ်နေရာ တစ်ခု တည်းမှာပဲ လုပ်
ရတော့မှာပေါ့။ ပိုက် ဆံနည်းနည်းပဲ ရတဲ့အလုပ် ဘယ်သူကလုပ်ချင်မှာလဲ။ ဒီမှာက ရွှေ့ပြောင်းပြီး လုပ်တဲ့သူပိုများတယ်။
 အခု မှတ်ပုံတင်ရှိလည်း ဖမ်းနေတာ။ အဲဒီလောက်ထိ အသုံးဝင်မယ်မထင်ဘူး’’ ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား
တစ်ဦးက ပြောသည်။
           ထိုင်းနိုင်ငံတွင် မကြာသေးမီ ရက်ပိုင်းက အာဏာသိမ်းထိုင်း စစ်အစိုးရက တရားမ၀င် လုပ် သားများကို ဖမ်းဆီး
လျက်ရှိခဲ့ရာ မြန်မာအလုပ်သမားလေးရာ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်း ရောက်မြန်မာနိုင်ငံသားအဖွဲ့ကထုတ်ပြန်ခဲ့သည်။
သို့သော် ထိုင်းစစ်အစိုးရက မြန်မာလုပ်သားများကို လုံးဝဖမ်း ဆီးမည်မဟုတ်ကြောင်း၊ ဖမ်းဆီး ခဲ့ခြင်းလည်း မရှိကြောင်း 
ထိုင်း နိုင်ငံရောက် မြန်မာ သံအမတ်နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ သည်။ ထို့အပြင် နိုင်ငံခြားလုပ် သားစနစ်ဖြစ်ရေး အစည်း
အဝေး တွင် ထိုင်းစစ်ရေးချုပ် ဗိုလ်ချုပ် ကြီးက နိုင်ငံခြားသားလုပ်သား များကို ထိုင်းနိုင်ငံအတွင်းမှ နှင် ထုတ်သည့် မူဝါဒမ
ရှိကြောင်း ပြောကြားခဲ့သည်။
          လက်ရှိ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားလုပ်သား သန်းနှင့် ချီရှိသည့်အနက် မြန်မာအလုပ်သမား သုံးသန်းနှင့်အထက်ရှိပြီး
 ၎င်းတို့ အနက် အထောက်အထားရှိသော မြန်မာအလုပ်သမား ၁ ဒသမ ၇ သန်းခန့်သာရှိကြောင်း သတင်း ရရှိသည်။
  Ref: 7daydaily

အခမဲ့ cloud သိုလှောင်မှုပမာဏကို နှစ်ဆတိုးပေးခဲ့သည့် Microsoft

                  Microsoft သည် ကုမ္ပဏီ၏ အခမဲ့ cloud ဝန်ဆောင်မှုကို အသုံးပြုသူများ အတွက် 
သိုလှောင်မှု ပမာဏကို နှစ်ဆတိုးမြှင့်ပေးခဲ့ပြီး အခပေး Office 365 သုံးစွဲသူများအတွက်လည်း သို
လှောင်မှု ပမာဏ 1TB အထိ တိုးမြှင့်ပေးခဲ့သည်။   ထိုကဲ့သို့ အခမဲ့နှင့် အခပေး cloud ဝန်ဆောင်မှု
များအတွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခဲ့ခြင်းသည် ဓာတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက် ဖိုင်များ
၏ အရွယ်အစား ကြီးမားလာခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။   OneDrive cloud ဝန်ဆောင်မှုအ
တွက် သိုလှောင်မှု ပမာဏ တိုးမြှင့်ပေးခြင်းသည် ဇူလိုင်လတွင် စတင် အသက်ဝင်မည်ဖြစ်သည်။ 
Microsoft သည် ယခင်က OneDrive အခမဲ့ဝန်ဆောင်မှု အတွက် 7GB သာ အထောက်အပံ့ပေးထား
ပြီး Office 365 သုံးစွဲသူများအတွက် 20GB သာ ခွဲဝေသတ်မှတ်ပေးထားသည်။ Office 365 Home 
ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူများသည် ၅ ဦးစာအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ
 ၉.၉၉ ကျသင့်မည် ဖြစ်သည်။ သို့သော်လည်း သိုလှောင်မှု ပမာဏ 1TB ကို တစ်ဦးချင်းစီတိုင်းက ရ
ရှိမည်ဖြစ်သည်။   ယခုအပြောင်းအလဲကြောင့် Microsoft သည် အခမဲ့ သိုလှောင်မှုပမာဏ 15GB 
ပေးထားသည့် Google Drive ဝန်ဆောင်မှုနှင့် တူညီသွားပြီ ဖြစ်သည်။ အခြားသော cloud ဝန်ဆောင်
မှုများတွင် Box က 10GB အခမဲ့ သိုလှောင်သိမ်းဆည်းခွင့်ပေးထားပြီး Dropbox တွင် 2GB အခမဲ့ သိမ်း
ဆည်းနိုင်သည်။   Microsoft OneDrive ဝန်ဆောင်မှုသည် လွန်ခဲ့သော ၂၆ လက SkyDrive အနေဖြင့် 
စတင်ခဲ့ခြင်း ဖြစ်သည်။ 
  Ref: myanmarinternet

မောင်တောနယ်စပ်တွင် တစ်သောင်းတန်ငွေအတုတွေ့ရှိမှုများလာ

၂၀၁၄ ဇွန် ၂၄
          မောင်တောနယ်စပ်ဒေသရှိ ပုဂ္ဂလိကဘဏ်ခွဲများတွင် လာရောက်ငွေသွင်း၊ ငွေလွှဲပို့နေသူများထံမှ 
တစ်သောင်းတန် ငွေအတုများကို တွေ့ရှိရမှုများလာကြောင်း သတင်းရရှိသည်။“မနေ့ကငွေ သိန်းသုံးဆယ် 
ဘဏ်မှာသွားလွှဲတာ တစ်သောင်းတန်အတု သုံးရွက်တွေ့ပါတယ်။ ကျွန်တော်တို့ ဆိုင်သည် တွေက ငွေ
ကောက်လို့ရှိရင် ပေးတဲ့အတိုင်းယူလာပြီး ဘဏ်မှာသွားလွှဲတာဖြစ်တဲ့အတွက် ကိုယ်တို့စစ်ဆေးတာ မရှိသ
လောက်ပါဘဲ။ အခုလိုမျိုးတစ်သောင်းတန်အတုတွေ များလာတာကြောင့် ငွေကိုသေချာစစ်ဆေးယူဖို့ လိုလာ
ပါပြီ။” ဟု ကုန်မျိုးစုံရောင်းသည့် အရောင်းဆိုင်သည်တစ်ဦးက ပြောပြသည်။
            မောင်တောနယ်စပ်ဒေသတွင် ငါးထောင်ကျပ်တန်ငွေစက္ကူများ အသစ်ပေါ်သည့်အချိန်က ငါးထောင်
တန်အတုများ များပြားစွာတွေ့ရှိခဲ့ပြီး တစ်သောင်းတန်ငွေစက္ကူပေါ်လာချိန်တွင် ငါးထောင်တန်အတုများမှာ 
ပျောက်သွားကြောင်း၊ ယခင် တစ်သောင်း တန်အတုများကို မတွေ့ရဘဲ ယခုဇွန်လမှစတင်ကာ တစ်သောင်းတန်
အတုများ တစ်ရက်လျှင် ဆယ်ရွက်ထက်မနည်း ဘဏ်ထဲသို့ ၀င်လာကြောင်း၊ စက္ကူကောင်းမွန်သည့်အတွက် 
အတုအစစ်ခွဲခြားရန် ခက်ခဲသော်လည်း အရောင်မှာ သိသိသာသာကွဲပြားကြောင်း ဘဏ်ဝန်ထမ်းတစ်ဦးက ပြော
ပြသည်။
      မကြာသေးမီရက်ပိုင်းအတွင်းကလည်း ဆံသဆိုင်တွင် ဆံပင်ညှပ်ရန် လာရောက်သူ ဘင်္ဂလီတစ်ဦးမှ ဆံပင်
ညှပ်သူအား တစ်သောင်းတန်ငွေစက္ကူတစ်ရွက်ပေးခဲ့ရာ ဆံပင်ညှပ်သူမှ ကုန်ဆုံဆိုင်တစ်ဆိုင်သို့သွားရောက် တစ်
သောင်းတန်ကို ငွေအကြွေဖြင့် လှဲလှယ်ခိုင်းခဲ့ရာ ကုန်စုံဆိုင်သည်မှ တစ်သောင်းတန်ငွေအတုဖြစ်ကြောင်း ပြန်လည်
ပေးအပ်လိုက်ရာ ဆံပင်ညှပ်သူမှ ဆံပင်ညှပ်ရန် လာရောက်သူ ဘင်္ဂလီအားပြန်လည် လှဲလှယ်ခိုင်းခဲ့ရာ အဆိုပါငွေ
ကို တာကာငွေလှဲလှယ်သည့်ဆိုင်မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
        ယခုကဲ့သို့ တစ်သောင်းတန်ငွေအတုများ ဘဏ်များတွင် မကြာခဏတွေ့ရှိနေမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး
မှုများကို ပြုလုပ်ရန်လိုအပ်နေပြီဖြစ်ပြီး သုံးစွဲသူများမှာ အတုအစစ်မခွဲခြားတတ်သည့်အတွက် လွန်စွာအန္တရာယ်ရှိ
ကြောင်း ဆိုသည်။ 

Western Gate Guard

အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO နှစ်ယောက်


             အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO နှစ်ယောက် ချာရာဘန် အသက် ၁၀ နှစ် 
ဆန်ဂျေကူမာရာ အသက် ၁၂ နှစ် ဖြစ်ပါတယ်။ ကျောင်းကတော့ ညီဖြစ်သူက ၆ တန်း အကို
ဖြစ်သူက ၈ တန်းပါ။၎င်းတို့ ညီအကို နှစ်ယောက်ဟာ အိန္ဒိယနိုင်ငံ၏ အသက်အငယ်ဆုံး CEO
 ဖြစ်တယ်လို့ သိရပါတယ်။ ဒီလောက် အသက်ငယ်ငယ် လေးနဲ့ CEO ဖြစ်သွားရတဲ့ အကြောင်း
ရင်း ကတော့ ဒီလိုပါ။ ညီအကိုနှစ်ယောက်ဟာ မိုဘိုင်းဖုန်း အတွက် Application ကို တီထွင် 
ဖန်းတီးခဲ့တယ်လို့ သိရပါတယ်။
         သူတို့ တီထွင်ဖန်တီး လိုက်တဲ့ Application ကို အိန္ဒိယနိုင်ငံ မှာတင် အသုံးပြုတာ မဟုတ်
ဘဲ နိုင်ငံပေါင်း ၂၀ ကတောင် အသိအမှတ်ပြု သုံးစွဲတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ထို Application 
ကို download စွဲသူပေါင်း ကလည်း အတော်လေးပင် များကြောင်း သိရပါတယ်။ Application အမည် 
ကတော့ Go Dimension ဖြစ်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

မန္တလေးမြို့တွင် ချို့တဲ့ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား၍ လှူဒါန်းမှုများ ရှိလာ


             မန္တလေးမြို့တွင် ချို့တဲ့သူ ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ်
 စိတ်ဝင်စား လှူဒါန်းမှုများ ရှိလာကြောင်း သိရသည်။ ၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား မီးရထား တိုက်
ခန်းဆိုင်များရှေ့တွင် ညစဉ် ၇ နာရီမှ ၉ နာရီအထိ စေတနာ့ ၀န်ထမ်းများက ချို့တဲ့ကလေးများကို ပညာသင်ကြား 
ပေးလျက်ရှိကြောင်း သိရသည်။ "ပလက်ဖောင်းပျိုးခင်း" ဟု အမည်ပေးထားသည့် အဆိုပါ အခမဲ့ ပညာဒါနတွင် 
သူငယ်တန်းမှ ဒသမတန်းအထိ ပညာသင်ကြား ပေးနေခြင်းဖြစ်ကာ ကလေးများ၏ ကျောင်းစရိတ်၊ စာရေးကိရိယာ၊ 
အ၀တ်အစားများ အတွက်ပါ အကုန်ကျခံ တာဝန်ယူပေး နေသော်လည်း အလှူခံခြင်း မရှိကြောင်းနှင့် လာရောက်
လှူဒါန်း မှုများကိုသာ လက်ခံကြောင်း ကလေးများကို ယဉ်ကျေးလိမ်မာ၊ နေထိုင်နည်း၊ အကျင့်စာရိတ္တဆိုင်ရာ လိမ်
မာရေးခြား ရှိစေရန် သင်ကြားပေးသည့် ဆရာတော် အရှင်ကုမုဒမှ မိန့်ကြားသည်။
                    "သက်တမ်းက ငါးနှစ်လောက် ရှိပြီ။ မီးရထား ရဲဝန်ထမ်းတစ်ဦးက အရင်ဦးဆောင်ပြီး ဘူတာကြီး
 တစ်ဝိုက်က လေလွင့်ကလေးတွေ၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ခေါ်ယူသင်ကြားပေး၊ ကျောင်းထားပေးရင်း
နဲ့ အခု ကလေး ၃၃ ယောက်မှာ ဆယ်တန်းတစ်ယောက်၊ ကိုးတန်းနှစ်ယောက်တောင် ရှိပြီ။ ဆယ်တန်းရောက်နေတဲ့
 ကလေးဆိုရင် ဒီပလက်ဖောင်းပျိုးခင်း စထောင်ကတည်းက သင်ကြားပေးခဲ့တဲ့ သူပါ။ ဒကာကြီးက မီးရထား ရဲဝန်
ထမ်းစောင့်ရင်း နိုင်သလောက်လုပ်တဲ့ သဘောဖြစ်လို့ ဘူတာကြီး ပလက်ဖောင်းဘေးမှာပဲ သင်ကြားပါတယ်။ တစ်
ဆင့်စကားနဲ့ ကလေးတွေအတွက် လာရောက်လှူဒါန်းမှုတွေ များလာတယ်" ဟု ဆရာတော်က ဆက်လက်မိန့်ကြား
သည်။ မိဘမှ ကျောင်းထားရန် အခက်အခဲ ဖြစ်နေသည့် ကလေးများ၊ လေလွင့်ကလေးများ၊ ဘူတာကြီး တစ်ဝိုက်တွင် 
လုပ်ကိုင်စားသောက်နေသည့် ဆင်းရဲချို့တဲ့သည့် ကလေးများကို ပညာသင်ကြားပေးရင်း စာရိတ္တပိုင်းဆိုင်ရာ တိုးတက်
လာစေရန် အတွက်လည်း ရည်ရွယ်၍ သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။မန္တလေးမြို့ ၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ 
လမ်းကြား ချို့တဲ့ကလေးများအား သင်ကြားပေးနေသော ပလက်ဖောင်း စာသင်ဝိုင်းအား တွေ့ရစဉ်

_Ref: Eleven Media Group

ဘရာဇီးအသင်း အကောင်းဆုံးခြေစွမ်း ရရှိနေပြီဟု နေမာကြွေးကြော်


            ကင်မရွန်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘရာဇီးအသင်း၏ အကောင်းဆုံး ခြေစွမ်းကို ရရှိနေပြီဟု 
တိုက်စစ်မှူး နေမာက ကြွေးကြော်လိုက်သည်။ ဘရာဇီးသည် ကမ္ဘာ့ဖလား အုပ်စု(A) အပိတ်ပွဲစဉ်တွင် အာဖရိက
 ဒေသမှ အသင်းကို (၄-၁)ဖြင့် အပြတ်အသတ် အနိုင်ယူပြီး အုပ်စုဗိုလ် နေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်
ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာ တိုက်စစ်မှူး နေမာက ဘရာဇီးအတွက် ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူခဲ့သည်။
အဆိုပါပွဲစဉ် ရလဒ်ကြောင့် ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးသည် (၁၆)သင်း ရှုံးထွက်အဆင့်တွင် တောင်အမေရိက 
ဒေသတွင်းပြိုင်ဘက် ချီလီနှင့် တွေ့ဆုံတော့မည် ဖြစ်သည်။
            “ကျွန်တော်သာ အမှတ်မှားတာ မဟုတ်ဘူးဆိုရင် ကစားဖူးသမျှ ဒီပွဲဟာ ဘရာဇီးရဲ့ အကောင်းဆုံး ခြေစွမ်းပဲ။ 
လူတိုင်းက ပွဲအစကနေ အဆုံးထိ အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဒီလို ဂိုးပြတ် အနိုင်
ရလဒ်မျိုး ထွက်ပေါ်လာတာဟာ ဘရာဇီးအတွက် ထိုက်တန်ပါတယ်။ ပြီးတော့ ချီလီနဲ့ ပွဲအတွက်လည်း ကျွန်တော်တို့ကို 
ယုံကြည်မှု တိုးပွားသွားစေတယ်”ဟု နေမာက ပြောကြားခဲ့သည်။
            ဘရာဇီးတွင် ခြေစွမ်းပျောက်နေသဖြင့် ပွဲထွက်နေရာနှင့် မထိုက်တန်ကြောင်း ဖိအားပေး ဝေဖန်မှုများ ကြုံနေရ
သည့် တိုက်စစ်မှူး ဖရက်ဒ်သည်လည်း ယခုပွဲတွင် ဂိုးပေါက် ရှာတွေ့ခဲ့သည်။ ကမ္ဘာ့ဖလားတွင် ပထမဆုံး သွင်းဂိုးကို ရရှိ
ခဲ့ပြီးနောက် ဖရက်ဒ်က “ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ။ ကျွန်တော် အရမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။ 
အမှန်အတိုင်း ပြောရရင် စိတ်တည်ငြိမ်နေအောင် ကျွန်တော် မနည်းကြိုးစား တည်ဆောက်ထားရတယ်။ ဘရာဇီး အသင်း
ဖော်တွေကတော့ ကျွန်တော့်အတွက် အများကြီး ကူညီခဲ့ပါတယ်။ သူတို့အားလုံးကို ကျွန်တော် ကျေးဇူးတင်နေမှာပါ”ဟု 
ဆိုသည်။ အရန်ခုံမှ ထလာပြီး ဘရာဇီးအတွက် စတုတ္ထဂိုး သွင်းယူခဲ့သည့် ကွင်းလယ်လူ ဖာနန်ဒင်ဟိုကလည်း “ကျွန်တော် 
ဂိုးသွင်းနိုင်တဲ့အတွက် ယုံကြည်မှု ပိုမြင့်တက်လာပါတယ်။ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့လည်း 
ထင်ပါတယ်။ အခွင့်အရေးကို ကျွန်တော် စောင့်ခဲ့တယ်။ အခွင့်အရေး ရလာချိန်မှာ အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်။ ခုဆိုရင် 
ချီလီနဲ့ပွဲမှာ ကျွန်တော် ပွဲထွက်ခွင့်ရဖို့ (၅၀)ရာခိုင်နှုန်းလောက် အခွင့်အရေး ရှိလာပြီ ထင်ပါတယ်။ လူရွေးချယ်မှုကတော့ 
နည်းပြရဲ့ ဆုံးဖြတ်ချက်သာ အဓိကပါပဲ”ဟု ပြောကြားသွားသည်။

_Ref: 7daydaily

သံသယများကို ချေဖျက်ပြခဲ့သည့် မက္ကဆီကို အသင်းခေါင်းဆောင် မားကွတ်ဇ်ကို ဟာနန်ဒက်ဇ်ချီးကျူး


           သံသယများကို တုံ့ပြန်ချေဖျက်ပြီး အသင်းကို အကောင်းဆုံး ဦးဆောင်ပြခဲ့သည့် မက္ကဆီကို အသင်းခေါင်း
ဆောင် ရာဖေးလ် မားကွတ်ဇ်ကို အသင်းဖော် ဂျာဗီးယား ဟာနန်ဒက်ဇ်က ချီးကျူးစကား ပြောဆိုခဲ့သည်။အသက်(၃၅)
နှစ် ရှိပြီဖြစ်သော ခံစစ်မှူးကို မက္ကဆီကိုနည်းပြ မီဂွယ်ဟာရဲရာက ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းအတွက် ရွေးချယ်ခဲ့
စဉ်က ၎င်း၏ အသက်အရွယ်ကြောင့် အကောင်းဆုံး စွမ်းဆောင်ရည် မရှိနိုင်တော့ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း မက္ကဆီကိုကလပ် လီယွန်တွင် ကစားနေသည့် ဗဟိုနောက်ခံလူသည် ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ လွတ်
မြောက်ရေးအတွက် အရေးပါသည့် ခရိုအေးရှားနှင့် ပွဲစဉ်တွင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး မက္ကဆီကို
က (၃-၁)ဖြင့် အနိုင်ရရှိခဲ့သည်။
             “မားကွတ်ဇ်က စိတ်ဓာတ် အရမ်းခိုင်မာတဲ့သူပါ။ သူ့ရဲ့ ကစားသမားဘဝ မှတ်တမ်းကလည်း သိပ်ကို ကောင်း
မွန်ခန့်ညားတယ်။ ခုဆိုရင် သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ (၃)ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်သူ ဖြစ်လာပြီ။ သူ့ရဲ့ အ
သက်အရွယ်နဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့သူတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မားကွတ်ဇ်ဟာ 
မက္ကဆီကိုအတွက် သိပ်ကို အရေးပါတဲ့သူပါ။ မားကွတ်ဇ်ဟာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ တိုက်စစ်ထိ လိုက်
ပါပြီး ဂိုးတွေသွင်းယူနိုင်သလို ကျွန်တော်တို့ကိုလည်း ကွင်းတွင်းမှာဖြစ်စေ၊ ကွင်းပြင် လူမှုဘဝမှာဖြစ်စေ အကောင်းဆုံး 
အားပေး ထောက်ပံ့နေသူ ဖြစ်ပါတယ်”ဟု မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ချီးကျူးပြောကြားခဲ့
သည်။ မက္ကဆီကိုသည် ယခုအခါ (၁၆)သင်း ရှုံးထွက်အဆင့်တွင် နယ်သာလန်နှင့် တွေ့ဆုံနေပြီး ဟာနန်ဒက်ဇ် အနေဖြင့်
လည်း လာမည့်ရာသီ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်မည့် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်
ရတော့မည် ဖြစ်သည်။
           ဟာနန်ဒက်ဇ်က “ခရိုအေးရှားကို နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်နေဆဲပါ။ ဒါပေမဲ့ မနက်ဖြန်ဟာ နေ့သစ်
တစ်ခု ဖြစ်ပါတယ်။ အဲဒီအခါကျရင် စာမျက်နှာဟောင်းကို လှန်ပြီး နယ်သာလန်နဲ့ ပွဲစဉ်အတွက် ကျွန်တော်တို့ ပြင်ဆင်ပါမယ်”
ဟုလည်း ပြောကြားသွားသည်။

_Ref: 7daydaily

Twitter Delicious Facebook Digg Stumbleupon Favorites More