မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Saturday, May 31, 2014
အမြတ်ထုတ်တဲ့ တရုတ်၊ လူများတဲ့ ဘင်္ဂလား၊ နယ်မြေခိုးတဲ့ ယိုးဒယားကြားက မြန်မာနိုင်ငံငယ်ကို အုပ်ချုပ်တဲ့ သမ္မတဟာ စစ်ရေးအမြင် မရှိလို့ဖြစ်ပါ့မလား
Myanmar Express Group 
            သဘာဝ သည် အဆိုးနှင့် အကောင်းကို မျှမျှတတ ပေးတတ်သည်။ သဘာဝပေးခြင်းရဲ့ ကောင်းကျိုးအဖြစ်
 မြန်မာနိုင်သည် အရှေ့တောင်အာရှ၏ အချက်အချာနေရာဖြစ်သည်။ အင်ဒိုချိုင်းနားကျွန်းစွယ်၏ ဂိတ်ပေါက်တစ်ခု ဖြစ်
ခဲ့သည်။ ကျယ်ပြန့်၍ သယံဇာတပေါသော ပင်လယ်ကို ပိုင်ဆိုင်သည့်အပြင် အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင်
များလည်းရှိသည်။
          သဘာဝကပေးသည့် ဆိုးမွေများကတော့ မကောင်းတဲ့ အိမ်နီးချင်းများဖြစ်သည်။ တရုတ်သည် ရသမျှ အကုန်
အမြတ်ထုတ်သည်။ တရုတ်မကောင်းသည်ကို သိသော်လည်း အိမ်ပြောင်းသွားလို့ မရတာကြောင့် အိမ်နီးချင်းဆိုးကို အ
ဆင်ပြေအောင် သည်းခံပေါင်းရသည်။ ဒီကြားထဲ တရုတ်ကို ဆရာတင် အထောက်အပံ့ယူပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်တောင်း
နေသည့် KIO နှင့် UWSA တို့လို အမေကျော်ဒွေးတော်လွမ်းသူများက ရှိသေးတာကြောင့် ပိုမိုသည်းခံရပြန်သည်။ အရှေ့
ဖက်က ယိုးဒယားကတော့ မြန်မာကို အသွေးထဲ၊ အသားထဲ မုန်းနေကြသည်။ မြန်မာဘုရင်များ မကောင်းကြောင်းရိုက်ထား
တဲ့ ရုပ်ရှင်ကားသည် ယိုးဒယားတွင် လူကြည့် အများဆုံးဖြစ်ခဲ့သည်။ မြန်မာစစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း မရှိသော်
လည်း မြန်မာ အချင်းချင်းပြန်တိုက်ပေးသည်။ ပြည်ထောင်စု ပြိုကွဲအောင် ကြံဆောင်မည့် တိုင်းရင်း သားဖြစ်စေ၊ ကျောင်း
သားဖြစ်စေ အကုန်လက်ခံ၍ မြောက်ပြ ဆန်တောင်းသေးသည်။ သောင်ရင်းမြစ်ကို ထိုင်းဖက်မှ ကျောက်စီ၍ မြန်မာဖက်ကိုပဲ 
ရေတိုက်စားစေသည်။ အလယ်တွင် ပေါ်လာသော ကျွန်းကိုတော့ နှစ်ဖက်ပိုင် လိုချင်ပြန်သည်။
            အဆိုးဆုံးက ဘင်္ဂလားဒေ့ရှ်ဖြစ်သည်။ လူဦးရေနဲ့ နိုင်ငံက မဆံ့တာကြောင့် မြန်မာဖက်ကို အမျိုးမျိုးခိုးဝင်သည်။ ရခိုင်
တွင် လူများလာတော့ ခရိုင်းမီးယားလို ဆန္ဒကောက်ပြီး ခွဲထွက်ခိုင်းဖို့ အရိပ်ယောင်ပြသည်။ စည်းရိုးကို အမျိုးမျိုးကျော်က ခိုးဝင်
သည်။ မိလျှင် လုံခြုံရေးကို သတ်ပစ်သည်။ မြန်မာဖက်က သေတော့ ရိုဟင်ဂျာ သောင်းကျန်းသူ သတ်တာဟု ပြောသည်။ 
ဘင်္ဂလားဒေ့ရှ်ဖက်က သေတော့ နယ်ကြားစောင့်တပ် ဟုဆိုသည်။ နယ်စပ်တွင် စစ်ပြင်ဆင်သည်။ အင်အားတိုးချသည်။ နိုင်ငံ
တွင်းက အစ္စလမ် ဘာသာဝင်များ ကလည်း ဗလီထဲတွင် လက်နက်များ စုကြသည်။ အစ္စလမ်ဘာသာဝင်များက ဗုဒ္ဓဘုန်းတော်
ကြီးများကို သတ်သည်။ တိုင်းရင်းသူများကို မုဒိန်းကျင့်သတ်သည်။ ဓာတ်ဆီလောင်းမီးရှို့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို 
ကပ်၍ NLD ပါတီတွင်းသို့ စိမ့်ဝင်သည်။ အမေ့အိမ်ပညာဒါန ကျောင်းဆိုသည်မှာ ကုလားပိုင်ဖြစ်သည်။ ကျောက်တံတားမှ 
ကုလားများက ဒါရိုက်တာ ကြည်ဖြူရှင် မှတဆင့် ဒေါ်အောင်ဆန်း စုကြည်ကို စပွန်ဆာပေးသည်။ အမည်မဖော်လိုသူတစ်ဦးမှ
 ၁၀၀၀ တန် အကျီကို သိန်း ၅၀၀ ပေးဝယ်သည် ဆိုသည်မှာလည်း ကုလားဖြစ်သည်။ မြေတစ်ကွက်နဲ့ ကား ၅ စီး ယူစရာမလို
အောင် ထောက်ပံ့သည်မှာ လည်း ကုလားဖြစ်သည်။ ကုလားများလွန်းလို့ မစိုးရိမ် တိုက်အုပ် ဆရာတော်မှ ခွတ်ဒေါင်းမဟုတ်
တော့ဘူး.. မွတ်ဒေါင်း ဟုပင် နာမည်ပေးခဲ့ဖူးသည်။ ယခုအခါ မြန်မာနိုင်ငံတွင်း ဗလီနှင့် မွတ်ဆလင်များ များပြားလာသည့်အခါ 
မြန်မာကို စတင်စိန်ခေါ်လာသည်။ အင်ဒိုနီးရှား တွင်လည်း မြန်မာနိုင်ငံအား ဂျီဟက် စစ် ဆင်နွဲလိုကြောင်း ဆန္ဒထုတ်ဖော်သည်။
 အိမ်နီးချင်းသာ သတိထားရမည် မဟုတ်။ OIC အဖွဲ့ဝင် နိုင်ငံများအားလုံးကိုလည်း သတိထားရသည်။ သေနတ်တစ်ချက်မဖောက်ပဲ 
သိမ်းသွင်းရန် ကြိုးစားနေသည့် အမေရိကန်ကိုလည်း သတိထားရမည်။ အရာရာသည် ရှော့တွက်၍မရ။ ကာကွယ်ရေး ဦးစီးချုပ်
တစ်ဦးတည်း စစ်ရေးအမြင်ရှိရုံဖြင့် မလုံလောက်တော့။ နိုင်ငံကို အဓိက အုပ်ချုပ်နေပြီး နိုင်ငံတကာနှင့် ဆက်ဆံကာ နယ်စပ်ပဋိပက္ခ
များကို ကိုင်တွယ်ဖြေရှင်း တာဝန်ယူရသည့် နိုင်ငံတော်သမ္မတ အနေဖြင့် စစ်ရေးအမြင် မရှိလို့မဖြစ်တော့။ အရေးမကြီးဟု ထင်ရ
သော်လည်း စစ်ဗျူဟာ တစ်ချက်မှားလျှင် မြန်မာတစ်နိုင်ငံလုံး အမှုန့်ဖြစ်သွားမည်။ အနိုင်ရှိလျှင် အရှုံးရှိသည် ဆိုသော်လည်း စစ်ဆို
သည်မှာ နိုင်မှသာ ကောင်းသည်။ မဖြစ်လျှင် အကောင်းဆုံး။ သို့ဖြစ်၍ ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာထွန်းခါး၍ ဘာသာ၊ သာသနာ
 ထွန်းကားပြီး အမျိုးဂုဏ်၊ ဇာတိကုန်မြင့်မားသည့် ဖွံ့ဖြိုးစ မြန်မာနိုင်ငံတွင် သမ္မတထိုင်ခုံကို ထိုင်မည့်သူသည် စစ်ရေးအမြင်၊ မဟာဗျူ
ဟာ အထူးကျွမ်းကျင်သူသာ ဖြစ်သင့်ပါကြောင်း သုံးသပ်လိုက်ရပါသည်။
ဒဂုံဆိပ်ကမ်း (၆၇)ရပ်ကွက်မှ ကျူးကျော်များကို ဖယ်ရှားစဉ် ရုန်းရင်းဆန်ခတ်ဖြစ်
Saturday, May 31, 2014 7daydaily
             ကြက်၊ ဘဲ ဈေးတည် ဆောက်ရန် ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇)ရပ်ကွက်ရှိ ကျူးကျော်များ ဖယ်ရှားစဉ် 
ကျူးဖယ်ရှားရန် ခေါ် ယူထားသူများက အနုကြမ်းစီး သောကြောင့် နှစ်ဖက်အပြန်အလှန် ရုန်းရင်းဆန်ခတ်ဖြစ်
ပွားခဲ့ကြောင်း သတင်းရရှိသည်။ မေလ ၃၀ ရက် နံနက် ၄ နာရီက ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး
မှူးအဖွဲ့၊ မြို့နယ်စည်ပင်နှင့် ရဲတပ်ဖွဲ့တို့က ကြက်၊ ဘဲဈေးတည်ဆောက်ရန် (၆၇)ရပ်ကွက် အပိုင်း (၄)ရှိ ကျူး
ကျော်နေအိမ်အလုံး ၂၀ ကို ဖယ်ရှားခဲ့သည်။ ကျူးကျော်များဖယ်ရှားရန် အာဏာပိုင်များခေါ်ယူထားသူများက
 နေအိမ်များဖယ်ရှားစဉ် နေအိမ်အချို့ရှိ သေတ္တာများကိုရိုက်ဖျက်၍ ရွှေထည်၊ ပိုက်ဆံနှင့် အိမ်သုံးပစ္စည်းများ ယူ
ဆောင်သွားကြောင်း နေအိမ် ဖယ်ရှားခံရသူများက ပြောကြားသည်။
                ထိုသို့ ယူဆောင်သွားသော ကြောင့် ဖယ်ရှားခံကျူးကျော်များ က ရပ်ကွက်ထံအကူအညီတောင်း ခံရာ
 ရပ်ကွက်ပြည်သူများနှင့် ကျူးဖယ်ရှားသူများ နှစ်ဖက်အပြန်အလှန်ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းဖြစ်သည်။ရုန်းရင်း
ဆန်ခတ်မှုကြောင့် အာဏာပိုင်များဘက်မှ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကားလေးစီးပျက် စီးကာ ကျူးကျော်များဘက်မှ 
တစ်ဦးဒဏ်ရာရရှိခဲ့သည်။
               အာဏာပိုင်များခေါ်ယူထား သည့် ဦးထုပ်အဝါရောင်ဆောင်း ထားသော ကျူးဖယ်ရှားသူများ သည် 
မကြည်ကြည်ဌေးအိမ်မှ သေတ္တာသော့ကို ရိုက်ဖျက်၍ ကျပ်ခြောက်သိန်းခွဲတန် ဟန်းချိန်း နှင့် ငွေကျပ်နှစ်သိန်း၊
 ဦးဇော်ဝင်း ၏ နေအိမ်မှ ကျပ် ၃၈၀,၀၀၀ နှင့် အခြားနေအိမ်များမှ အိမ်သုံး ပစ္စည်းများလည်း ယူဆောင်သွား ကြောင်း 
ဖယ်ရှားခံ ကျူးကျော် များက ပြောသည်။
                  (၆၇)ရပ်ကွက် ပြည်သူများ နှင့် ကျူးကျော်ဖယ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေချိန် ကျူးဖယ်ရှား
သူများက လေးခွဖြင့်ပစ်မှုကြောင့် (၁၇)နှစ် အရွယ် အမျိုးသမီး တစ်ဦးကို နှစ်ချက်ထိမှန်ကာ ဒဏ်ရာရရှိ၍ သင်္ဃန်းကျွန်း
ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။ ကျူးဖယ်ရှားသူ များသည် မကြည်ကြည်ဌေး၏နေ အိမ်ကို မီးရှို့ခဲ့ရာ (၆၇ရပ်
ကွက် ပြည်သူများက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။ နေအိမ်အား မီးစပစ်သွားသည်ကို (၆၇)ရပ်ကွက် ရာအိမ်
မှူး ကိုတင်ဆန်းက မျက်မြင်တွေ့ရှိခဲ့ကြောင်း ပြောကြားသည်။
                ကျူးဖယ်ရှားသူများ သေတ္တာသော့ရိုက်ဖျက်ခဲ့သည့် သေတ္တာနှင့် နေအိမ်မီးရှို့ခဲ့သည့် အပိုင်းအစများကို 
ဖယ်ရှားခံကျူးကျော်များက လာရောက်သတင်းယူသော မီဒီယာများကို ပြသသည်။ ‘‘မနက် ၄ နာရီလောက်မှာ လာပြီးနေ
အိမ်တွေကို ချက်ချင်းဖျက်ပေးပါလို့ပြောတယ်။ ပြောနေတုန်းမှာပဲ သူတို့က ဝင်ဖျက်တယ်။ ကျွန်မက ကလေးတွေကို 
တခြားနေရာသွားပို့နေတုန်းမှာ သေတ္တာကို ဖျက်ကြတယ်။ သေတ္တာထဲက ပိုက်ဆံနှစ်သိန်းနဲ့ ဟန်းချိန်းတစ်ခုပါသွားတယ်။
 ကျွန်မတို့မှာ တံငါလုပ်စားနေကြတာပါ။ အိမ်မှာ ဒါလေးပဲရှိတာပါ’’ ဟု (၆၇)ရပ်ကွက် ၎င်း၏ ဖယ်ရှားခံမြေနေရာတွင် နှစ်
 ၄၀ ကြာနေ ထိုင်လာသော ကလေးသုံးဦး၏ မိခင် မကြည်ကြည်ဌေးက ပြောသည်။
                    ‘‘ကျွန်တော့် သမီးဆိုရင် ဘယ်မှာ တစ်ချက်၊ ညာဘက် လက်မှာတစ်ချက် လေးခွနဲ့အပစ် ခံရတယ်။ အခု
ဆေးရုံမှာရောက်နေတယ်။ ဖျက်ဆီးတဲ့သူတွေက ကျွန်တော်တို့အိမ်က ပစ္စည်းတွေ ရော ယူသွားတယ်’’ဟု လေးခွဖြင့် အ
ပစ်ခံရမှုကြောင့် ဆေးရုံတွင် ဆေးကုသနေသော မိန်းကလေး ၏ ဖခင်က ပြောသည်။
                (၆၇)ရပ်ကွက် ပြည်သူများ သည် ကျူးဖယ်ရှားသောသူများ ထဲမှ ၁၆ ဦးကို ဖမ်းဆီးထားပြီး ရပ်ကွက်အုပ်ချုပ်
ရေးမှူးရုံးသို့ ပို့ဆောင်ထားရာ မြို့နယ်ဒုအထွေ ထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးထွေး က လာရောက်ခေါ်ဆောင်သွား သည်ဟု 
ရာအိမ်မှူး ကိုတင်ဆန်း က ပြောသည်။
              ‘‘ပစ္စည်းတွေ ယူသွားတယ် ဆိုတာ  မဖြစ်နိုင်ပါဘူး။  အဲဒီ လောက် ပိုက်ဆံရှိနေရင် ကျူးထဲ မှာ မနေပါဘူး။ အမျိုး
သမီးတစ် ဦး ဒဏ်ရာရတာက ရဲစခန်းကို မေးရမှာပါ။ ကျွန်တော်တို့ဘက် မှာလည်း ဒဏ်ရာရတဲ့သူတွေရှိ ပါတယ်။ တာဝန်ရှိ
တဲ့သူတွေဖမ်း ထားတာ သူတို့တောင် အရေးယူ လို့ရပါတယ်’’ဟု ဒဂုံဆိပ်ကမ်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး
 ဦးကျော်နိုင်ထွန်းက ပြောသည်။ ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အတွင်း ကျူးကျော်များ ထောင်နှင့်ချီ၍ရှိရာ ထိုကျူး
ကျော် များကို ဖယ်ရှားရန်အစီအစဉ်မရှိ သေးကြောင်း ၎င်းက ပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တင်းမာမှုကြောင့် နှစ်ဖက်စလုံးမှ စစ်ရေးပြင်ဆင်မှုများပြုလုပ်ထားသော်လည်း ယနေ့အခြေအနေမှာ တည်ငြိမ်နေ
မောင်တော၊ မေ (၃၁) ရက်၊ ညနေ(၇း၃၀)နာရီ
            ယမန်နေ့ ညနေ(၄)နာရီကျော်က သေဆုံးသွားသည့် RSO အလောင်းကို လွှဲပြောင်းပေးချိန်တွင်
 မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကြားဝင်ပစ်ခတ်မှုကြောင့် နှစ်ဖက်ပစ်
ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်ထားသော်လည်း ယနေ့မေလ (၃၁) 
ရက်နေ့ နယ်စပ်အခြေအနေမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်နေကြောင်း နယ်စပ်ဒေသအနီးနေ ဒေသခံ
များက ပြောကြားသည်။ 
           သို့သော်လည်း တဖက်နယ်စပ်တွင် တင့်ကားများ၊ စစ်တပ်အင်အားများ နယ်စပ်သို့ ရောက်ရှိနေပြီး 
ကာပါကျင်းတူးခြင်းများကိုလည်းပြုလုပ်ထားကြောင်း အလားတူ မြန်မာဖက်မှလည်း စစ်တပ်အင်အားများကို
 နယ်စပ်သို့ အားဖြည့်ထားကြောင်း သိရသည်။
Western Gate Guard
ဘင်္ဂလားဒေ့ရှ်နယ်စပ် အငြင်းပွားမှုကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းနိုင်မည်
            ( 1 ) ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင် မိမိနိုင်ငံလုံခြုံရေးတပ်ဖွဲ့များမှ အမှားအယွင်းတစ်စုံတစ်ရာမှ မရှိခဲ့ပါ ။
 မိမိနိုင်ငံရဲ့ပိုင်နက်နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် RSO ဟုယူဆရသည့် လက်နက်ကိုင်သောင်းကျန်းသူများ
သာဖြစ်သည် ။( 2 ) ဘင်္ဂလားဒေ့ရှ်ရှိ မိမိနိုင်ငံသံအမတ်ကြီးမှ သက်သေအထောက်အထားများဖြင့် ဘင်္ဂလားအစိုးရအား
 ဖြစ်စဉ်အမှန်ကို ရှင်းပြထားပါသည် ။ နှစ်နိုင်ငံ အထင်လွဲမှားမှုမရှိစေရန် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းလျှက်ရှိပါသည် ။
( 3 ) မြေပြင် နှစ်ဘက်တပ်ဖွဲ့များအကြားတွင်လည်း ဖြစ်စဉ်အမှန်ကို ရှင်းလင်းပြတ်သားစွာ သိရှိနိုင်ကြရန် ညှိနှိုင်းဖြေ
ရှင်းလျှက်ရှိပါသည် ။
          ( 4 ) နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်စေရန်အတွက် နိုင်ငံခြားရေးမူဝါဒနှင့်အညီသံတမန်နည်းလမ်းဖြင့် လက်ရှိဖြေရှင်း
ဆောင်ရွက်လျှက်ရှိပါသည် ။ ( 1 ) အချုပ်အချာအာဏာ အထိအခိုက်မခံ ။( 2 ) ပြည်သူများ၏ အကျိုးစီးပွားကိုအထိအခိုက်မခံ ။
 ( 3 ) နိုင်ငံတော်၏ဂုဏ်သိက္ခာကို အထိအခိုက်မခံ ဟူ၍ဖြစ်ပါသည် ။( 5 ) နိုင်ငံတော် ကာကွယ်ရေးနှင့်အမျိုးသားလုံခြုံရေး 
ကိစ္စရပ်များဖြစ်၍ အသေးစိတ်ထုတ်ပြန်ရန်မရှိပါ ။ သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်မည်ဟု မျှော်မှန်းထားပါသည် ။
 ပြည်သူအများ စိုးရိမ်ပူပန်မှုများ မရှိကြစေလိုပါ ။
From : Hmuu Zaw
ဘင်္ဂလားဒေရှ့် အားလေ့လာကြည့်ခြင်း
             အကျယ်အ၀န်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၃၉၉၈ ကျယ်ဝန်းတဲ့ ဒီနိုင်ငံအနေနဲ့ လူဦးရေပေါက်ကွဲမှု
တွေဖြစ်နေတယ်။ မြို့တော်က ဒါကာဖြစ်ပါတယ်။ လူဦးရေပေါင်းက ၁၆၁၀၈၃၈၀၄ ဖြစ်ပါတယ်(၂၀၁၂ ဇူလိုင်) ။ 
ရေကြောင်းထိစပ်မှုက ကီလိုမီတာ ၅၈၀ ဖြစ် ပါတယ်။ ဘင်ဂါလီ ၉၈ ရာခိုင်နှုန်း ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာက 
မွတ်ဆလင် ၈၉.၅ % ဖြစ်ပါ တယ်၊ ကျန်တဲ့ရာခိုင်နှုန်းတွေ ကိုလည်း သူတို့ဘာ သာထဲကိုသွတ် သွင်းနေပါတယ်၊
 ပါလီမန် ဒီမိုကရေစီအုပ်စိုးတဲ့ အစိုးရစနစ်တစ်ခုဖြစ်ပါတယ်။ ပြည်နယ် ၇ ခုနဲ့ အုပ်ချုပ်နေ ပါ တယ်။စီးပွားရေးတိုး
တက်နှုန်းက တစ်နှစ် ကို ၅ % ကနေ ၆% အထိတိုးတက်နေပါတယ်။ ဒါပေ မဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ရာသီဥ 
တုဘေးဒဏ်တွေကို အမြဲခံစားနေရတဲ့အတွက် ဒီထက် တိုးတက်အောင် မပြုလုပ်နိုင်ပါဘူး။ အဓိက၀င်ငွေရနေတာ
 ကတော့အထည် ချုပ် လုပ်ငန်းတွေ ၊ ပြည်ပမှ သူတို့နိုင်ငံသားတွေ ကနေပြန်ပို့ တဲ့ ငွေတွေ ဖြစ်ပါ တယ်။ နောက်
နိုင်ငံအတွက်ဝင်ငွေ ရှာပေး နိုင်ပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံတကာဘာသာ စကား တတ်ကျွမ်း 
လာတယ်၊ စစ် သည်တွေ အပိုဝင်ငွေရသလို သူတို့ရဲ့ကာ ကွယ်ရေးဝန်ကြီးဌာန ကို ထောက်ပံ့ပေးနိုင် ပါတယ်။
သူတို့ရဲ့တပ်မတော်နဲ့ပတ်သတ်လို့ တန်းပြည့်စစ်မှုထမ်းတဲ့အင်အားက ကြည်းတပ်မှာ ၁၂၆၁၅၃ ၊ လေတပ်မှာ 
၁၄၀၀၀ နဲ့ ရေတပ်မှာ ၁၆၉၀၀ ဖြစ်ပါတယ်။ အရန်စစ်အင်အား အနေ နဲ့ ဘင်္ဂလားရိုင်ဖယ် လို့ခေါ်တဲ့အင်အားက
 ၃၈၀၀၀ ၊ ရဲအင်အားက ၅၀၀၀ ၊ Ansars (Security Guards) လို့ခေါ်တဲ့အစောင့်တပ်က ၂၀၀၀၀ ကျော်၊ ကမ်းခြေ
စောင့်ရဲ တပ်ဖွဲ့က ၉၀၀ ကျော် ရှိပါတယ်။ သူတို့နိုင်ငံရေးနဲ့ ပတ်သတ်လို့ အကျယ်ရှင်းမပြတော့ပါဘူး။သူတို့ကြည်း
တပ်ရဲ့ ဖွဲ့စည်းပုံတွေ အနေနဲ့ ကတော့ ပြည်နယ် ၇ ခုခွဲထား လို့ခြေလျင်တပ် မပေါင်း ၁၇ ခု (တပ်ရင်းပေါင်း ၆၈ ခု) 
၊ တပ်ရင်းကြီး ၆ ခု၊ တပ်မဟာ ၁ ခု၊ လေကြောင်း ရန်ကာ ကွယ်ရေးတပ်မ ၁ ခု၊ လေကြောင်း ချီတပ်မ ၂ ခု၊ ကွန်မန်ဒို 
တပ်ရင်း ၁ ခု၊ အမြောက်တပ်ရင်း ၂၀ ခု၊ ဆက်သွယ်ရေးတပ်မ ၁ ခု တို့နဲ့ဖွဲ့စည်း ထားပါတယ်။ သူတို့ရဲ့ စစ်လက်နက်နဲ့
 စစ်ယာဉ်တွေကတော့ ပင်မတိုက် ပွဲဝင်တင့် MBT အမျိုးအစားက Type 58 က ၂၃၂ စီး၊ Type 69 က ၁၇၄ စီး၊ အပေါ့
စားတင့်အနေနဲ့ Type 62 က ၈စီး၊ သံချပ်ကာ သယ်ယူ ပို့ဆောင်ရေး ယာဉ် APC က MTLB က ၂၂၆ စီး၊ BTR 80 က
 ၉၂ စီး၊ Otocar က ၁၇ စီး ဖြစ်ပါတယ်။အမြောက်တပ်ဖွဲ့အနေ နဲ့ ၁၀၅ မမ ၃၄၃ လက်၊ model 56 pack howitzer 
က ၁၁၄ လက်၊ M-30 (Type 54 နဲ့ 54-1 )က ၅၇ လက်၊ D-30 ဟောင်ဝစ်ဇာက ၅၄ လက်၊ ၁၃၀မမ M-46(Type 59-1)
 က ၆၂ လက်ဖြစ်ပါတယ်။ 
                    စိန်ပြောင်းနဲ့မော်တာတွေ အနေနဲ့က ၈၁မမ M29A1 က ၄၇၂ လက်၊ ၈၂မမ (Type -53/87/M-31) က 
၃၆၆ လက်၊ ၁၂၀မမ က ၉၅ လက် ရှိပါတယ်။ နောက်ပွင့်ရိုင်ဖယ် အနေနဲ့ ၁၀၆ မမ M40A1 က ၂၃၈ လက်ရှိပါတယ်။လေ
ကာလက်နက်တွေအနေနဲ့ ၃၇ မမ ၁၆၄ လက်၊ ၅၇ မမ က ၇၄ လက် နဲ့ Type-59 (S-60)က ၃၄ လက်ရှိပါတယ်။ SAM 
လို့ခေါ်တဲ့ Missile တွေက HN-5Aက အလက် ၂၀ ၊ QW-2 နဲ့အစားထိုး ဖို့လုပ်နေပါ တယ်။ရေတပ်အနေနဲ့ကတော့ ကျ
တော်ထည့်မရေးတော့ပါဘူး ၊ ဖရီးဂိတ်က ၂ စီး ကတော့ သေချာပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့အနေ နဲ့လည်း ဖွဲ့စည်း
ထားပါတယ်၊ မိုင်းရှင်ယာဉ် ၄ စီး၊ ကြည်းရေနှစ်တန် သွားယာဉ်က အနည်းဆုံး ၁၀ စီးရှိပါတယ်။ patrol board လေးတွေ 
ကတော့ တော်တော်များများပိုင်ဆိုင်းထားပါတယ်၊ရေငုပ် သဘောင်္ လည်းပိုင်ဆိုင်ထားပါတယ်။လေတပ်အနေနဲ့က တိုက်ပွဲ 
ဝင်လေယာဉ်က ၇၄ စီး၊ F-7MB/ F-7BG က အစီး ၃၀၊ A-5 Fantan က ၁၈ စီး၊ Mig-29 Fulcrum က ၈ စီးကနေ ၆ စီး၊
 Mig-29 UB က ၂စီး၊ FT-6(Mig-19UTI) Farmer က ၁၀ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ်အုပ်က တစ်အုပ်၊ အဲ့အထဲ
မှာ C-130B hercules က ၄စီးပါတယ်။ ကျန်တာက An-32 က ၃စီး၊ 1 squd စာပါ။ Heli တွေအနေနဲ့က တော့ Mi-17 
အုပ်က ၅ အုပ်စာ (Mi17 က ၁၇ စီး၊ ၊ ဘဲလ်၂၀၆ က ၂စီး၊ ဘဲလ် ၂၁၂ က ၁၁စီး ဖြစ်ပါတယ် ၊ တိုက်ခိုက်ရေး အုပ်တွေတော
့ မတွေ့သေးပါဘူး။ ကျန်တာတွေကတော့ Trainer အမျိုးအစားတွေထဲမှာ PT-6 အမျိုးအစား၊ T-37B Tweet နဲ့ L-39ZA 
Albatros တွေပဲဖြစ်ပါတယ်။ အရေအတွက်ကတော့ ၁၀ စီး၊ ၁၂ စီးနဲ့ ၃၀ စီး ဖြစ်ပါတယ်။ AAM တွေ အနေနဲ့ကတော့ AA-
2 Atoll လို့ပဲပေါ်ပါတယ်။
            m  ဒါတွေက သူတို့ရဲ့တပ်တွေကို အကြမ်းဖျင်းပြောပြတာပါ။ ကျွန်တော်တို့ကို လည်း သူတို့ကြည့်နေပါတယ်။
 ကျွန်တော်ကတော့ ကျွန်တော်သိတာမြင်တာ ကို ရေးပြ လိုက်တာပါ၊ နောက်တစ်ခုက သူတို့ ရဲ့ MI တွေသည် ကျွန်တော်တို့ 
တွေအထဲကို ထိုးဖောက်နေပါတယ် ၊ အထူးသဖြင့်သူတို့နဲ့ ဘာသာတူတွေလို အသွင်ယူပြီး ရခိုင်မြေပေါ်မှာရှိနေပါတယ် ၊ သူ
တို့ အဖွဲ့ကို ဘယ်အုပ်ချုပ်မှုအောက်မှာထားလဲ ဆိုတာတော့ သိပါတယ်။ ဒီ့ထက်အနုစိတ်ရင်လည်း အဆင်မပြေတော့ဘူး ခင်ဗျ.
.... ရန်သူ့အကြောင်း ကို သိထားတော့ ကောင်းတာပေါ့ ဗျာ၊ နောက်ကျန်တာ တစ်ခုက သူတို့ရဲ့ရုံးသုံးစကားက ဘင်ဂါလီလို
ဆိုပေမဲ့ အင်္ဂလိပ်စာတော့ အတိုင်းအ တာ တစ်ခုအထိကောင်းပါတယ်။ သူတို့ကို စစ်လက်နက် အဓိကထောက် ပံ့နေ တဲ့ နိုင် 
ငံတွေကတော့ China. France, Germany, Russia, Turkey, United Kingdom, Indonesia, United States, Malaysia, 
South Korea တို့ပဲဖြစ်ပါတယ်။အနာဂတ်မှာ ဒီလိုတပ်မတော်မျိုးကို ကျွန်တော်တို့က ခုချိန်မှာအတိုင်းအတာတစ် ခုလောက် 
ဂျွမ်းပြန်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ခုကျွန်တော်ရေး ထားတာတွေ အပြင်သူတို့မှာ ၀ှက်ဖဲတွေရှိနေပါ တယ်။ အဲ့ ၀ှက်ဖဲ
တော့ ချမပြတော့ ပါဘူး .... ဗဟုသုတ အဖြစ်ရေးပေး တာပါ။ရန်သူလို့သတ်မှတ်ထားရင် ကြောက်စရာလည်းမလိုသလို အထင်ကြီး 
စရာလည်းမလိုပါဘူ .. သိပ်ကြောက်နေရင်လည်း အသက်ပေး လိုက် ရနိုင်သ လို သိပ်အထင်သေးရင်လည်း အသက်ပေး သွားရ
ပါလိမ့်မယ် ။ အနီးစပ် ဆုံး ဒေတာတွေ တိကျပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ခုကျွန်တော်ရေးပေး ထား တာတွေက သူ့ရဲ့အိမ်နီး
ချင်းဖြစ်တဲ့ India က ရေးထားတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ် ၊ စိတ်ကြိုက်သဘောထားကွဲလွဲနိုင်ပါတယ် ၊ ဒါပေမဲ့ ခင်ဗျားတို့
ဘယ်တော့မှ မမေ့နဲ့ ဒီမြေမှာနေဒီရေသောက်ပြီး လူဖြစ်လာ တယ်ဆိုတာကို ..... ကမ္ဘာပျက်မှ မြန်မာပျက်စေရမယ်။
Zero Snipers Team - Myanmar
Friday, May 30, 2014
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်ဘက်တပ်ဖွဲ့တွေအကြား စတင်တိုက်ပွဲဖြစ်ပွား
                 မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်ဘက်တပ်များအကြား ယနေ့ ( 30 . 5 . 2014ညနေ ၄ နာရီခန့်က 
စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည် ။တိုက်ပွဲဖြစ်ပွားကြောင်းကို ဘင်္ဂလားဘက်က အွန်လိုင်းသတင်း
များက ဖေါ်ပြနေပါသည် ။ တိုက်ပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသရှိနတ်ကျောက်ဆရီမြို့
နယ်အနီးရှိ နယ်စပ်တွင် ဖြစ်ပွားခဲ့ကြောင်း အကျအဆုံးအထိအခိုက်များကိုမူ မသိရှိရသေးပါ ။
                BGB ဘင်ဒရိုဘင်ခရိုင် တပ်မှူးဗိုလ်မှူးကြီး Col KM Saiful Islam ကထုတ်ဖေါ်ပြောကြားလိုက်ကြောင်း
ကိုသတင်းများက ဖေါ်ပြထားပါသည် ။အဆိုပါ ပြင်တိုက်ပွဲဖြစ်ပွားရသည့်အကြောင်းအရင်းကိုမသိရသေးကြောင်း
နှင့်သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှအရာရှိတစ်ဦး ကျဆုံးသွားခြင်းအပေါ်မြန်မာဘက်သို့ ကန့်ကွက်ရှုတ်ချခဲ့ပြီး
နောက် တစ်ရက်အကြာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။
                 ယခုအခါ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် အခြေအနေမှာ အထူးပင်သတိထားနေရတော့မည့် အနေအ
ထားတွင်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နယ်မြေခံတစ်ဦးက နေရဉ္ဇရာသို့ပြောသည် ။
From : နေရဉ္ဇရာ
မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်
Friday, May 30, 2014 7daydaily
           ရန်ကုန်- ယနေ့နံနက် ၇ နာရီ ၅၁ မိနစ်က မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ 
ငလျင်လှုပ်ခတ်သွားကြောင်း သတင်းရရှိသည်။ အဆိုပါငလျင်ကြောင့် ဒေသတွင်းပျက်စီးဆုံးရှုံးမှုမရှိကြောင်း
 ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ လူမှုဌာနမှသတင်းရရှိပြီး လှုပ်ခတ်ချိန် ၁၅ စက္ကန့်နီးပါးကြာခဲ့ပြီး အဆောက်
အအုံများ သိသိသာသာလှုပ်ခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရဲအုပ်အောင်မျိုးနိုင်ကပြောသည်။
             ‘‘မြို့ပေါ်မှာရော နယ်ဘက်တွေမှာပါ ပျက်စီးမှုရော၊ လူတွေဒဏ်ရာရတာမျိုးမရှိပါဘူး။ အခုတင် သတင်း
တက်လာပါတယ်။ ကျွန်တော်တို့လည်း အထက်ကိုဆက်တင်ဖို့ လုပ်နေပါတယ်’’ဟု ရဲအုပ်အောင်မျိုးနိုင်ကပြောသည်။
အဆိုပါငလျင်ကို မန္တလေးမြေငလျင်စခန်းမှ ၂၃၅ မိုင်အကွာ မြစ်ကြီးနားမြို့အရှေ့တောင်ဘက် ၃၈ မိုင်အကွာကိုဗဟို
ပြု၍ ရစ်ခ်ျတာစကေး ၅  ဒသမ ၉ အဆင့်ဖြင့်လှုပ်ခတ်သွားခဲ့ကြောင်း မိုး/ဇလဌာန မြေငလျင်ဌာနက သတင်းထုတ်ပြန်
ခဲ့သည်။
            အမေရိကန်နိုင်ငံအခြေစိုက် မြေငလျင်တိုင်းတာရေးဌာန (USGS) က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပန်ယွမ်မြို့
မြောက်ဘက် ၁၈ မိုင်အကွာကိုဗဟိုပြု၍ မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။
ပညာရပ်ဆိုင်ရာ တိုင်းတာချက်များအရ မြေပြင်အနက် ၁ ကီလိုမီတာမှ ၃၀ ကီလိုမီတာကြားတွင် လှုပ်ပါက အန္တရာယ်ရှိ
အဆင့်သတ်မှတ်ထားသောကြောင့် မြန်မာ-တရုတ်နယ်စပ်တွင် ယနေ့နံနက် လှုပ်ခတ်သည့်ငလျင်သည် ပတ်ဝန်းကျင်ဒေ
သများအတွက် အန္တရာယ်များကြောင်း ငလျင်ပညာရှင်ဦးစိုးမင်းကသတိပေးသည်။
          အဆိုပါငလျင်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်တွင် အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်အတိုင်း
 သွယ်တန်းနေသော Red River ဟုခေါ်သည့် ပြတ်ရွေ့ကြောလှုပ်ရှားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် 
ယှဉ်တန်းလျက်တည်ရှိနေကြောင်း ဘူမိဗေဒပညာရှင်ဦးကျော်ထွန်းကပြောသည်။
            မေလ ၂၄ ရက် နံနက်ကလည်း  မြစ်ကြီးနားမြို့၏အရှေ့တောင်ဘက် ၄၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ
တာစတေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ပြီး နယ်စပ်တစ်လျှောက် 
နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေပါက သတိပြုရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ ဒေါက်တာ
စိုးသူရထွန်းကပြောသည်။
ဘယ်နိုင်ငံက မှားနေသလဲ (RSO)ကြောင့် နှစ်နိုင်ငံ စစ်ဖြစ်ရတော့မလား
           လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (၂၈။၅။၂၀၁၄) နံနက်(၇း၃၀)အချိန် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ 
မသင်္ကာစရာ လက်နက်ကိုင် နှစ်ဦးကိုတွေရှိရာ တဦးကို (M22) မောင်းပြန် သေနတ် ကျည်ဘောက်အပါ
အဝင် အရှင်ပစ်ခတ်ဖမ်းဆီးပြီး ကျန်တဦးမှာ လွတ်မြောက်သွားကြောင်း မြန်မာနိုင်ငံ ပြည်တွင်းပြည်ပသ
တင်းတွေအရ သိရပါတယ် ပစ်ခတ်ဖမ်းဆီးရထားတဲ့ အကြမ်းဘက်သမားဟာ(RSOt ) ဖွဲ့ ဝင်လို့ ပြောဆို
ထားပေမဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်ကတော့ လွန်ခဲတဲ့ (၂၀)ရက်နေ့ နှစ်နိုင်ငံအလံတင် ဆွေးနွေးပွဲမှာ 
ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ (RSO)မရှိဘူးလို့ ဗြောင်ငြင်းဆိုထားပါတယ်။ ဆက်လို့ ဘင်္ဂလာဒေခ်ျ့ ရုပ်သံတွေနဲ့ 
သတင်းစာတွေမှာ အဆိုပါ ဗုဒ္ဓဟူးနေ့က ဘန်ဒရိုဘန်ခရိုင် နတ်ကျောက်ဆရီ ဒူးဆိုရီနယ်စပ် မှတ်တိုင်(၅၂)
မှာ ပုံမှန်တာဝန်ထမ်းဆောင်နေတဲ့ (BGD)တပ်ဖွဲ့ ဝင်တွေကို မြန်မာရဲတပ်ဖွဲ့ မှ စတင်ပစ်ခတ်ခဲ့ကြောင်း ထိုကဲ
သို့ ပစ်ခတ်ရာက ဒုတပ်ကြပ်တဦးဖြစ်သူ မီဇာနုးရာဟင်မန်ဆိုသူ ပျောက်ဆုံးသွားကြောင်း နတ်ကျောက်ဆရီ
တပ်ရင်းမှူးမှ မြန်မာဘက်သို့ ကြေးနန်းဆက်သွယ်ရာမှ ပစ်ခတ်မှူရပ်သွားကြောင်း ဖေါ်ပြထားပါတယ်။ ဆက်လို့ 
ပျောက်ဆုံးသွားတဲ့ တပ်ကြပ်ကို မြန်မာဘက်မှ ဖမ်းဆီးသွားတယ်လို့လည်း စွပ်စွဲရေးသားနေကြပါတယ် အစိုးရ
တရားဝင်အရ ဒါကာမြို့ မှာရှိနေတဲ့ မြန်မာသံအမတ်ထံ ဘင်္ဂလာပြည်ထဲရေးဝန်ကြီးဌါနမှလည်း ကန့်ကွက်စာ
ပေးပို့ထားကြောင်းနဲ့ လာမည့်ရက်အတွင်း မောင်တောမြို့ ပေါ်မှာ နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲပြုလုပ်ကာ
 ပြန်လည်တောင်းဆိုသွားမယ်လို့ဆိုပါတယ်။
              အဆိုပါစွပ်စွဲချက်နဲ့ (RSO)မရှိငြင်းဆိုချက်များအပေါ် လေးဝတီမှ နတ်ကျောက်ဆရီ ရခိုင်ရွာသို့ 
ဆက်သွယ်ရာ အမည်မဖေါ်လိုသူ ရွာသားတဦးမှ ယခုလိုပြောပါတယ်။ '' ကျွန်တော်တို့က ဒီနေရာမှာ မွေးတဲ့ 
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေပါ ဒီနေမြေတွေ ဒီမှာ ဖြစ်နေတာတွေ အကုန်သိနေကြပါတယ် (RSO)တခုတည်း
မဟုတ်ဘူး ကုလားဆိုးတွေမှာ (RNO)ဆိုပြီးလည်းတဖွဲ့ ရှိသေးတယ် သူတို့က အချင်းချင်းကီးမကိုက်ကြဘူး
 ဒီကုလားအဖွဲ့ ဝင်တွေ နတ်ကျောက်ဆရီဈေးထဲမှာ ဆိုင်ရောင်းပြီးမိသားစုတွေနေကြတာ နှစ်သုံးဆယ်နီးပါးရှိ
နေပြီ ကျွန်တော့အဖေတို့ လက်ထက်ကတည်းက မောင်တောကပြေးလာတဲ့ ကာဆိန်းရာဇာဆိုသူတွေရဲ့  
ဆွေမျိုးတွေ အများကြီးပါ အပြင်ကလူတွေက စီပွါးရေးလုပ်ကြတယ် လစဉ်ငွေတွေ ပန့်ပို့ကူညီကြတယ်လေ
 ပန်းဝါ ဗုဒ္ဓဘာသာအဆောက်အဦးတွေကို အဓိကမီးရှို့ ရာမှာ သူတို့ပါဝင်ကြပါတယ်''ဟုဆိုသည်။
                  ဆက်လို့ ပြောသည်မှာ'' ဒီနယ်တဝိုက်မှာ ကုလားဆိုးတွေကို အယင်ကတော့ မသိဘူး ခုဟာက 
(BGD)တပ်တွေနဲ့  ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ အကာအကွယ်ပေးထားပါတယ် ကျွန်တော်က ဘင်္ဂလာဒေခ်ျ့ 
နိုင်ငံမှာ အစိုးရအလုပ်ကို လုပ်နေတဲ့လူဆိုတော့ အစိုးရဆိုင်ရာတွေကို ကျွန်တော်တို့ဆီမှာ အကြမ်းဘက်လက်နက်
ကိုင်တွေ ရှိနေတဲ့အကြောင်း တင်ပြပါတယ် ဘာကြောင်းတော့မသိဘူး ခုချိန်ထိ ဘာမှဖြစ်မလာဘူး တခုတော့ရှိပါ
တယ် ဒီနေရာတွေမှာ ယခင်ကရခိုင်တော်လှန်ရေးသမားတွေ ရှိနေတုန်းက ဒီကုလားတွေ ငြိမ်နေကြပါတယ် 
ခုရခိုင်တပ်တွေ ဘယ်ရောက်ကုန်ပြီလဲမပြောတတ်ဘူး လွန်ခဲ့တဲ့ (၁၅)နှစ်လောက်ကတော့ ဒီတပ်ရင်းမှာ တာဝန်ကျ
ခဲ့တဲ့ တပ်မှူးကအကြီးအကျယ် ထိုးစစ်ဆင်ဖမ်းလို့ သေနတ်တွေအများကြီး မိတာတွေကြောင့် (RSO)တွေ ပျောက်ကုန်
တာ ခု (၂၀၁၀)လောက်မှာပြန်အင်အားကောင်းလာပါတယ် (၂၀၁၁)တုန်းကလည်း (GE)တပ်ဖွဲ့ ဝင်တွေကို ဖမ်းပြီး
သတ်ပစ်တာ ကျွန်တော်တို့သိတယ်လေ ပြီးတော့တပတ်လောက်က ဆက်ပြီး(GE)တပ်သားတွေကို ပြန်ဖမ်းလာ
တယ် ပြီးတော့ မြန်မာနယ်ခြားရဲတွေကို ချောင်းပစ်တာ လေးယောက်သေတာကအစ ကျွန်တော်တို့ ဈေးမှာ ကုလား
တွေ တီးတိုးပြောနေတာ အကုန်ကြားပါတယ်'' ဟုရှင်းပြပါတယ်။။ လက်ရှိဘင်္ဂလာဒေခ်ျ့ က စွပ်စွဲထားတဲ့ သတင်း
နဲ့မေးမြန်ရာ ၄င်းက '' (BGD)တပ်ဖွဲ့ ဝင်တွေက (၁၇)ရက် နေ့က မိုင်တိုင်(၅၂)မှာ (RSO)နဲ့ တိုက်ပွဲဖြစ်တဲ့ အခြေအ
နေစုံစမ်းဖို့သွားတဲ့ တပ်ဖွဲ့ ကို မြန်မာဘက်မှ စတင်ပစ်တာမှန်ပါတယ် မြန်မာဘက်မှ (RSO)ဖမ်းမိတာလည်း မှန်နေ
ပြန်တယ် ပျောက်ဆုံးသွားတယ်လို့ ဘင်္ဂလာသတင်းတွေမှာ ဖေါ်ပြထားတဲ့ မီဇန်နူးရာဟင်မန် ကိုတော့ ကျည်ဒါဏ်ရာနဲ့ 
သေဆုံးပြီး ဒီနေ့မှ ပြန်တွေ့ပါတယ် ဒီကိစ္စနဲ့ နယ်စပ်မှာ လုံခြုံရေးတွေ တိုးမြှင့်တာတို့ အထူးဆောင်ရွက်နေပါတယ် 
သေဆုံးသွားတဲ့ အလောင်းကို ယူလာနေပါပြီ ဘာတွေဆက်ဖြစ်မလဲ ဒီက ဒေသခံရခိုင်တွေတော့ စိုးရိမ်နေကြပါတယ်''
 ဟု ရှည်လျှားစွာ ရှင်းပြပါတယ်။ မြန်မာဘက်မှ လေးဝတီ တာဝန်ခံကတော့ ''ဒီနေ့ စောစောပိုင်းက စစ်တပ်လို့ထင်ရတဲ့ 
အရပ်ဝတ်နဲ့ လူရာကျော် နယ်စပ်တွေဘက်ကိုတက်သွားကြပါတယ် လက်နက်တွေကို ခေါက်ချိုးပြီး ယူလာကြတယ်'' 
လို့ဆိုသည်။
                 ဘင်္ဂလာဒေခ်ျ့ (BGD)နဲ့ နီစပ်သူတွေကို ဘင်္ဂလာနယ်စပ်တပ်ဖွဲ့ ဝင်တွေ (M22) မောင်းပြန်တွေ ကိုင်မကိုင်မေး
တဲ့အခါ (BGD)တွေက တရုပ်ရိုင်ဖယ် (AK 47)အမျိုးအစားတွေဘဲ ကိုင်ကြကြောင်းဆိုပါတယ်။ ယခုလနယ်စပ်ဖြစ်စဉ်တခု
လုံးကို ရခိုင်နိုင်ငံရေးနဲ့ နယ်စပ်စောင့်ကြည့်နေသူတွေ သုံးသပ်ထားတာက မြန်မာပြည်တွင်းမှာ အစိုးရကို (NLD)ပါတီနဲ့ 
ရှစ်ဆယ့်ရှစ်ပွင့်လင်းအဖွဲ့ တွေ အကျပ်ကိုင်ထားမှူ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးစင်တာဆွေးနွေး 
အဖြေမရမှူ တပ်ကြပ်ဦးအောင်ကျော်သိန်းပျောက်ဆုံးမှု ရဲတပ်ဖွဲ့ ဝင်တွေနဲ့ နယ်စပ် အဓိကရဲတွေ ခေတ်မှီလက်နက်အား
နည်းမှူ အသစ်ရောက်လာတဲ့ နယ်စပ်ရဲတွေ တိုက်ပွဲအတွေ့အကြုံ နုနယ်မှူ နယ်မြေမကျွမ်းကျင်မှူတွေကြောင့် သေဆုံးရတဲ့ 
အခြေအနေတွေ ဖြစ်ပေါ်လာပြီး ဘင်္ဂလာအာဏာပိုင်တွေ အကြမ်းဘက်သမားတွေကို ခိုလှုံခွင့်ပေးထားမှူ နှစ်နိုင်ငံနယ်စပ်
မူးယစ်ဆေးဝါးကုန်ကူးမှူတွေ အကြမ်းဘက်မှူ တွေကြောင့် နှစ်နိုင်ငံ တင်းမာလာနေကြပြီး နှစ်နိုင်ငံ စစ်တပ်ကိုပါ လျှို့ ဝှက်စွာ
 ထားရှိနေမှူတွေကြောင့် မကြာခင်(RSO)ခေါ် ကုလားအကြမ်းဘက် သောင်းကျန်းသူတွေကြောင်း နှစ်နိုင်ငံစက်မက်ဖြစ်နိုင်
ဖွယ် စိုးရိမ်နေကြောင်း သုံးသပ်ပြောဆိုထားမှူကို တင်ပြလိုက်ရပါတယ်။
ခိုင်ဥက္ကာပျံ (လေးဝတီ လွတ်လပ်သော ရခိုင်သတင်းဌါန)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သောင်းကျန်းသူများနှင့် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများပြုလုပ်နေ
မောင်တော၊ မေ (၃၀) ရက်
            ယခုလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် RSO သောင်းကျန်းသူ လက်နက်
ကိုင်များနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျဆုံးမှုများ ဖြစ်
ပေါ်လျှက်ရှိရာ မေလ (၂၈) ရက်နေ့က မိုင်တိုင် (၅၂)နှင့် (၅၃)ကြား သောင်းကျန်းသူ လက်နက်ကိုင်များနှင့် 
မြန်မာနယ်စပ်လုံခြုံရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နှစ်ဖက်နယ်စပ်အခြေအနေမှာ တင်း
မာမှု ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။
တဖက်နိုင်ငံခိုင်လုံသော သတင်းရပ်ကွက်များမှ လာသည့်သတင်းများအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်
 (BGB) တပ်ရင်းသို့ တင့်ကား (၆)စီး၊ တာပေါ်လင်အမဲအလုံပိတ်ထားသော ဆယ်ဘီးကား (၃)စီး၊ တပ်အင်အား
 (၅၀၀)ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်း နယ်စပ်သို့ ရောက်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လည်း နယ်
စပ်တစ်လျှောက် တပ်စွဲထာကြောင်း သိရသည်။
           မေလ (၂၈) ရက်နေ့က မြန်မာနယ်စပ်ဖက်သို့ ၀င်ရောက်လာသည့် အ၀ါရောင် ပြောက်ကျားဝတ် သောင်း
ကျန်းသူ လက်နက်ကိုင် တစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ ကန့်ကွက်စာများကို အပြန်အလှန် ပေးပို့ခဲ့ပြီး
 သေဆုံးခြင်းဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ သေ
ဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်နိုင်ကြောင်း၊ အဆိုပါ BGB တပ်ဖွဲ့ဝင်ပျောက်ဆုံးနေမှုနှင့် အသက်ရှင်လျှက်ရှိပါက 
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း ဖော်ပြထားသည်။ ဖြစ်စဉ်နှင့် ပတ်
သက်၍ ဘင်္ဂလာဒေ့ရှ် ကော့ပဇားသတင်းစာတွင် သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း 
ဆိုသည်။
              ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခုကဲ့သို့ ပြောကြားခြင်း၊ စစ်ရေးပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မြန်မာနယ်စပ်လုံခြုံ
ရေးမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်း သတင်းရရှိသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်တ
လျှောက်တွင်လည်း ကင်းစခန်း (၁၂)ခုကို တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။
Western Gate Guard
Thursday, May 29, 2014
ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်
ရန်ကုန်၊ မေ ၂၇
                 သာသာနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ
 ဥပဒေမူကြမ်းတွင်ဘာသာသာသနာကို ဖျက်ဆီးရန် ရည်ရွယ်၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်
ချမှတ် နိုင်သောပုဒ်မများ ထည့်သွင်း ရေးဆွဲထားကြောင်း ယနေ့ (မေလ ၂၇ရက်နေ့) ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်
ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ ဥပဒေမူကြမ်းတွင် ဖော်ပြထားချက်အရသိရသည်။
                     အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်)
 အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ကျပ်နှစ်သိန်းထက် မပိုသော ငွေ
ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း 
ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။
             “ဥပဒေကြမ်း ရောက်လာတာနဲ့ ကော်မတီထဲမှာ ချက်ချင်း ဆွေးနွေးဖြစ်မှာပါ။ ပြည်သူအများ စိတ်ဝင်စားနေတဲ့ ဥပဒေဖြစ်
တာမို့ လွှတ်တော်ထဲကို အမြန်ဆုံး ပို့မှာပါ” ဟု ၎င်းကဆိုသည်။ ထို့အပြင် ကိုးကွယ်ရာ ဘာသာကူးပြောင်းရန် ကြွေးမြီဖြင့် နှောင်ဖွဲ့ 
ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပို
သော ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ထည့်သွင်း ရေးဆွဲထားသည်။
               အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာကူးပြောင်း လိုသူသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်ပြီး မိမိကိုးကွယ်ရာ 
ဘာသာမှ အခြားဘာသာသို့ မိမိ၏ သဘောဆန္ဒအတိုင်း ကူးပြောင်းခြင်း ဟုတ် မဟုတ်ကို စိစစ်ပြီးနောက် ကိုးကွယ်ရာ ဘာသာကူး
ပြောင်ခြင်း ဆိုင်ရာ စိစစ် မှတ်ပုံတင်ရေးအဖွဲ့မှ စိစစ်မည်ဟု ပါရှိသည်။
               ထို့အပြင် ဘာသာကူးပြောင်း လိုသူသည် အခြားဘာသာကို လေ့လာနိုင်ရန် ရက်ပေါင်း ၁၈၀ အထိ သတ်မှတ်ထားပြီး
နောက် ကူးပြောင်းလိုကြောင်း ဆန္ဒရှိလျှင် မှတ်ပုံတင်ရေးအဖွဲ့က ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ မှတ်ပုံတင်ကို ထုတ်ပေးမည်
 ဖြစ်ကြောင်း ထည့်သွင်း ရေးဆွဲထားသည်။
                အဆိုပါ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ကန့်ကွက်စရာ မရှိကြောင်း 
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဦးဆောင် ဆရာတော် မန္တလေးတိုင်းဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ
က မိန့်ကြားသည်။“မိန်းကလေးတွေအတွက် အသက် ၂၀ ပြည့်ပြီးမှ ဘာသာကူးပြောင်းခွင့် ပေးရမည် ဆိုတာနဲ့ တစ်အိမ်သားလုံး 
ဘာသာကူးပြောင်းတာကို ထည့်သွင်း ဖြည့်စွက်စေချင်တယ်” ဟု ၎င်းကမိန့်ဆိုသည်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး
အဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုးကွယ်ခြင်း၊ ဘာသာ
ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦး
ရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ်စဉ်းစား ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကထံ 
သဝဏ်လွှာ ပေးပို့ခဲ့သည်။
                ယင်းသို့ မျိုးစောင့်ဥပဒေကို ကော်မရှင်များ ဖွဲ့စည်းကာ ရေးဆွဲနေခြင်းကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၁၀ ကကန့်
ကွက်ကြောင်း အမျိုးသမီး အဖွဲ့အစည်းနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက မေလ ၅ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
သတ္တိမရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်သမီးတစ်ဦးမှ ပြန်လည်စိန်ခေါ်
              မေလ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စိန်ခေါ်တဲ့အကြောင်း၊ သတ္တိရှိရှိ လုပ်ဖို့ 
လိုတဲ့အကြောင်း၊ နိုင်ငံရေးလုပ်ဖို့ ဥပဒေနဲ့ ကိုက်ညီအောင် မိမိကိုယ်ကိုယ်ပြင်ဖို့ (ဥပမာ-နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်
ကထွက်) ဆိုပြီး ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာရော အဲလို သတ္တိရှိရဲ့လား၊ ဥပဒေနဲ့... ကိုက်ညီ
အောင် မိမိကိုယ်ကိုယ် ပြုပြင်နိုင်ရဲလား ကျွန်မစိန်ခေါ်ပါရစေ။
           သတ္တိမရှိတာဘယ်သူလဲ။ မိမိကိုယ်ကိုယ် သေချာမေးကြည့်ပါ။ ကိုယ့်ကိုယ်ကို မလိမ်ပါနဲ့ ဒေါ်စု။ လုပ်ချင်တာ
က သမ္မတ။ ပြင်ချင်တာက ၅၉(စ)။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြည်သူကို ချမပြရဲဘူး။ “ကျွန်မ သမ္မတလုပ်ချင်လို့ ၅၉(စ)
 ပြင်ဖို့ လက်မှတ်ထိုးပါ” ဆိုပြီး အမှန်အတိုင်း ပြောဖို့ သတ္တိမရှိဘူး။ ကိုနေမျိုးဇင်နဲ့ ကိုဝင်းချိုတို့က ၄၃၆ ပြင်ဆင်ရေး
 ဟောပြောပွဲလုပ်တာတွေ့တော့မှ သတိရပြီး ၄၃၆ ဆိုပြီး ခေါင်းစဉ်တပ် လက်မှတ်ထိုးပွဲလုပ်တယ်။ လူထုခေါင်းဆောင် 
ဆိုတဲ့လူက အဲ့လောက်တော့ သူရဲပေါ မကြောင်သင့်ဘူး။ ဘာဖြစ်လဲ.. သမ္မတလုပ်ချင်ရင် လုပ်ချင်တယ်ပေါ့.. လက်မှတ်
ထိုးပေးကြပါ.. ပြောရဲရမှာပဲ။ ကိုယ့်ကိုယ်ကို လူထု သန်း ၆၀ က အမှန်တကယ် ထောက်ခံတယ်လို့ ယုံကြည်ရင် ဒဲ့လုပ်ရဲ
ရမှာပဲ။ အခုတော့ ခိုးချောင်ခိုးဝှက်နဲ့ ပြည်သူကို ၄၃၆ ဆိုပြီး မလှိမ့်တပတ်လုပ်တယ်။ 
            ဒါမျိုးလုပ်တာ ရှက်ဖို့လည်းကောင်းပါတယ်။ ဒီတော့ သတ္တိရှိပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးချင်တယ်။
နောက်တစ်ခုက နိုင်ငံရေးလုပ်ဖို့ ဥပဒေနဲ့ ညီအောင် မိမိကိုယ်ကိုယ် ပြုပြင်ဖို့ ဆိုတာပဲ။ ဒေါ်စု ပြောတာ မှန်ပါတယ်။ နိုင်ငံရေး
လုပ်ချင်ရင် စစ်တပ်က ထွက်ရမယ်။ သိပ်ကောင်းတယ်။ ဒါပေမယ့် စစ်သားဖြစ်နေတဲ့လူက စစ်တပ်က ထွက်တာ လွယ်တယ်။
 ဒေါ်စုလည်း သမ္မတလုပ်ချင်ရင် နိုင်ငံခြားသားနဲ့ ပတ်သက်နေတာတွေ အကုန်ဖြတ်လေ။ ဘယ်လိုလဲ..။ လူအတွက် ဥပဒေ
ကို မပြင်ပါနဲ့။ ဥပဒေနဲ့ ဘောင်ဝင်အောင် လူကို ပြင်ပါ။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ကိုယ်ကျိုးတွေ အရမ်း
စွန့်ခဲ့တယ်လို့ လော်ဘီတွေက အမြဲရေးနေကြတယ်။ အခု သမ္မတလုပ်ဖို့တောင် မြန်မာစကားမတတ်တဲ့ သားတွေကို မစွန့်နိုင်
ပါလား။ သေသွားတဲ့ တိုင်းတပါးသား ယောင်္ကျားကို မစွန့်နိုင်ပါလား။ ကိုယ်တိုင်ကတော့ မပြင်နိုင်၊ မပြောင်းနိုင်ပဲ တခြားလူ
ကိုတော့ ဘယ်ပြောင်း၊ ဘာလုပ် လို့ အော်ဟစ်နေတဲ့ ဒေါ်စုပုံက ရန်လိုမှုတွေ၊ အာဏာမက်မောမှုတွေကို ထင်သာနေတယ်။ 
ခေါင်းဆောင်ဆိုတာ ကိုယ်တိုင်အရင် လုပ်ပြီးမှ သူများကို ခိုင်းရတယ်။ ကိုယ်မလုပ်နိုင်တာကို သများအတင်းခိုင်းတာ အောက်
တန်းစားဆန်တယ်။ အသက်လည်း မငယ်တော့တာမို့ ဒါမျိုးအလုပ်တွေကို ရှောင်ကြဉ်ပါ ဒေါ်စု။
                    နောက်ဆုံးတစ်ခုကတော့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ကိုယ့်အခြေအနေကို သိပါ။ ပြည်သူဆီက ရတဲ့ 
လက်မှတ်တွေက ပုဒ်မ ၄၃၆ ကို နားလည်လွန်းလို့၊ ပြင်ချင်လွန်းလို့ လာထိုးတာ မဟုတ်ဘူးဆိုတာကို သတ္တိရှိရှိလက်ခံပါ။
 ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ် မှာ လူသိန်းချီလာတယ်လို့ မီဒီယာတွေက ရေးကြတယ်။ ရှေ့ဆုံးက ထိုင်တဲ့ ကလေးတွေကို
 ပုဒ်မ ၄၃၆ ဆိုတာ သိလားလို့ ဒေါ်စု မမေးရဲဘူး။ မီဒီယာတွေကလည်း မမေးရဲဘူး။ အလားတူ လက်မှတ်လာထိုးတဲ့လူတွေကို 
၄၃၆ ဘာကြောင့် ပြင်ချင်တာလဲဆိုတာ ဘယ်သူမှမမေးရဲဘူး။ လူထု တစ်ရပ်လုံးက ၄၃၆ ကို ပြင်ချင်တယ်လို့ ပြောပြန်တယ်။ 
တကယ်ဟုတ်တယ်ဆိုရင် ဒေါ်စု အိမ်မှာထိုင်နေပြီး လက်မှတ် ကောက်ခိုင်းလိုက်ပါ။ မြို့နယ်လိုက်က NLD ရုံးတွေကို မိမိဆန္ဒ
အလျှောက် လက်မှတ်သွားထိုးဖို့ ကြေညာလိုက်ပါ။ မြန်မာပြည်သူ ဘယ်နှယောက် လက်မှတ် သွားထိုးမယ် ထင်ပါသလဲ။ 
ဒေါ်အောင်ဆန်းစုကြည် အဲလို လုပ်ရဲပါသလား။
၁။ အမှန်တကရားကို လက်ခံပါ။ ပြည်သူ့ဆန္ဒအမှန်ကို လေးစားပါ။ ကိုယ်တိုင်လိုက်မထည့်ခိုင်းပဲ ပြင်ချင်စိတ်ရှိတဲ့လူကို ရုံးကို 
လာထည့်ခိုင်းပါ။
၂။ ဥပဒေကို လေးစားပါ။ သမ္မတလုပ်ချင်ရင် လင်တွေ၊ သားတွေကို စွန့်ပါ။ ဥပဒေကို မပြင်ပါနဲ့။
၃။ သတ္တိရှိပါ။ "သမ္မတလုပ်ချင်လို့ ၅၉(စ) ပြင်ဆင်ရေးလက်မှတ်ထိုးပါလို့" ပေါ်တင်ပြောပါ။
ဒေါ်စု စကားအတိုင်းပြောရရင် ဒါဟာ တိုက်တွန်းတာ ဖြစ်တယ်။ တနည်းအားဖြင့် စိန်ခေါ်တာ ဖြစ်တယ်။
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး လုံခြုံမှုရှိစေရေးအတွက် ကင်းပုန်းစနစ် ( သို့ ) စစ်မျက်နှာဖွင့်၍ ကာကွယ်သွားမည်ဟုဆို
            မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး မောင်တောမြို့ နယ်နမိတ်အတွင်း တစ်ဘက်နိုင်ငံမှ
 RSO ဘင်္ဂလလီသောင်းကျန်းသူများ သီတင်းတစ်ပတ်ခြားတစ်ခါလောက်မှာ ဝင်ရောက်လာလေ့ရှိ
နေသည့်အတွက် ၎င်းမှာလည်း နယ်စပ်မှတ်တိုင်အားဖြင့် ( ၅၁ / ၅၂ / ၅၃ ) အနီး စပ်ကြားတွင်းသာ
 ဝင်ရောက်ခြုံခိုတိုက်ခိုက်သည်က အလေ့အထတစ်ခုလိုဖြစ်နေသည့်အတွက် နယ်စပ်ခြံစည်းရိုးလုံခြုံရေး
တာဝန်ယူ ဆောင်ရွက်နေကြသော နယ်ခြားစောင့်တပ်ဖွဲ့အနေဖြင့်စစ်မျက်နှာတစ်ခုအဖြစ် ဖွင့်လှစ်တော့
မည်ဖြစ်ကြောင်း သိရှိရသည် ။
              နယ်ခြားစောင့်တပ်၏ အဆင့်မြင့်အရာရှိတစ်ဦးက ""ကျွန်တော်တို့ စေ့စပ်လုပ်ဆောင်သွားကြ
မှာပါ ။ အခုဟာကအဲဒီကောင်တွေ ဝင်ပေါက်ဖြစ်နေတာကိုခန့်မှန်းနိုင်ပါပြီ ။ တစ်ဘက်ရန်သူက ခြုံခိုလို့ရတဲ့ 
လမ်းကြောင်းကနေ တိုက်ခိုက်တာပါ ။ ဒီဘက်က လှည့်ကင်းသမားကလည်း ဗြုန်းစားကြီးဆိုတော့ အငိုက်မိ
တဲ့အဖြစ်အပျက်နဲ့တိုးသွားတာပေါ့လေ ။
              အခု စစ်ရေးစီမံချက်နဲ့ နယ်စပ်ဒေသ လုံခြုံရေးကို နယ်ခြားစောင့်တပ်ဖွဲ့ကရောအနီးစပ်ဆုံး ရခိုင်
ကျေးရွာတွေကိုရောစိတ်ချနိုင်လောက်တဲ့ လုံခြုံမှုရရှိစေရေးကို ရခိုင်ကျေးရွာသားတွေကို ပြည်သူ့စစ်အဖြစ် 
လက်နက်တွေတပ်ဆင်ပေးထားပါပြီ ။ ကျွမ်းကျင်မှု / စစ်ရေးနည်းပရိယာယ်နဲ့ တိုက်ခိုက်မှုအပိုင်းတွေကိုလည်း
သင်တန်းပို့ချပေးနေပါတယ် "" ဟု ပြောဆိုလိုက်သည် ။
             RSO အမည်ရှိ ဘင်္ဂလီအကြမ်းဖက်သမားများ၏ တစ်ဘက်နိုင်ငံအတွင်းက ဝင်ရောက်လာမည့်လမ်း
ကြောင်းနှင့်ဝင်ရောက်လာနိုင်သည့် ခြံစည်းရိုးနယ်နမိတ်မှတ်တိုင်များကိုလည်း တပ်အင်အားလက်နက်အင်
အားနဲ့ စစ်ရေးနည်းပရိယာယ်ဗျူဟာများ စနစ်တကျဖြန့်ချထားသည့်အကြောင်းနှင့် တစ်ဘက်နိုင်ငံ၌ခိုလှုံခွင့်ရ
ရှိနေကြသော RSO ဘင်္ဂလီအကြမ်းဖက်သမားတို့ရဲ့ ခြေကုတ်စခန်းကိုလည်း ဒုက္ခသည်ကယ်ဆယ်ရေးစခန်း
အသွင်ဖြင့် တစ်ဘက်လှည့်လှုပ်ရှားနေကြခြင်းသာဖြစ်ကြောင်း သုံးသပ်ပြောကြားလိုက်သည် ။
နန်းတွင်းမိညို
အင်တာဗျူးသတင်းမှ ကောက်နှုတ်ဖေါ်
ပြပါသည် ။
Wednesday, May 28, 2014
မောင်တောနယ်စပ်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ ဘင်္ဂလီအကြမ်းဖက်သမားတွေဖက်က တစ်ဦးသေ လက်နက်ဖမ်းဆီး
                    မောင်တောနယ်စပ် နယ်ခြားမိုင်တိုင် ၅၂ အနီးမှာ ဒီနေ့နံနက်ပိုင်းက ဘင်္ဂလီအကြမ်းဖက်
သမားတွေနဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည် ။အဆိုပါ ဘင်္ဂလီသောင်း
ကျန်းသူများသည် နယ်စပ်ခြံစည်းရိုးအနီးကို ချဉ်းကပ်လာစဉ် အသင့်စောင့်နေသော နယ်ခြားစောင့်ရဲ ကင်း
ပုန်းအဖွဲ့နဲ့ ထိပ်တိုက်တိုးလေတော့ ရန်သူဘက်က စတင်ပစ်ခတ်ကြောင်း သိရှိရသည် ။
             မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ကပြန်လည်ခုခံပစ်ခတ်တဲ့အတွက် ဘင်္ဂလီတစ်ဦးသေဆုံးသွားပြီးတော့ 
၎င်း၏သေနပ်နှင့် ကျည် ၉၀ ကျော်တို့ကို ဖမ်းဆီးရမိလိုက်ကြောင်း ကျန်တဲ့ဘင်္ဂလီလက်နက်ကိုင်တွေကတော့ 
ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရှိရပါသည် ။
နန်းတွင်း မိညို
ထိုင်း ပညာရေး ၀န်ကြီးကို အာဏာသိမ်း စစ်တပ် ဖမ်းဆီး
ဗွီအိုအေ (မြန်မာပိုင်း) 27.05.2014 21:57
         ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေရပ်ဖို့ စစ်တပ်အကြီးအကဲရဲ့ သတိပေးချက်ကို
 အာခံပြီး ဘန်ကောက်မြို့မှာ ရာနဲ့ချီတဲ့လူအုပ်တွေ စုဝေးခဲ့ကြပါတယ်။ တနင်္လာနေ့ညနေခင်းပိုင်းက ပြည်သူဆန္ဒပြ
သူတွေဟာ နဖူးစီးစာတမ်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ အော်ဟစ်ရင်း ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ နိုင်ငံရေး
မှာ ထိုင်းစစ်တပ်ဝင်ရောက်စွက်ဖက်မှုကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြတာပါ။
             စစ်တပ်ရဲ့ခြိမ်းခြောက်မှုကို မကြောက်လို့ အခုလို လမ်းပေါ်ထွက် ဆန္ဒပြနေရတာဖြစ်တယ်လို့ ဆန္ဒပြသူတွေ
က ဆိုကြပါတယ်။ စစ်အာဏာသိမ်းမှုကို တရားမ၀င်ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့တဲ့ ပညာရေးဝန်ကြီးဟောင်း Chaturon 
Chaisang ကိုလည်း ဝေဖန်ပြီး မိနစ်ပိုင်းအကြာမှာပဲ နိုင်ငံခြားသတင်းထောက်တွေရှေ့မှောက်မှာ ဖမ်းဆီးလိုက်ပါတယ်။
 အကြီးတန်းအရာရှိ အတော်များများလည်းပဲ ထိန်းသိမ်းခံနေရတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ 
ဆန္ဒပြပွဲတွေ မဖြစ်ပွားခင် အစောပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က တိုင်းပြည်ကို 
စီမံခန့်ခွဲမယ့် စစ်ကောင်စီရဲ့ အကြီးအကဲ တာဝန်ယူဖို့ ဘုရင်ကိုယ်တိုင်က သူ့ကို ထောက်ခံထားတာဖြစ်တဲ့အကြောင်း 
ပြောကြားခဲ့တာပါ။ တကယ်လို့ ဆန္ဒပြပွဲတွေ တဖန် ပြန်ပြီး ထကြွလာမယ်ဆိုရင် အင်အားသုံး ဖြေရှင်းဖို့ကလွဲလို့ တခြား
နည်းလမ်း မရှိတော့ဘူးလို့လည်း ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး Prayuth 
Chan-ocha က ပြောဆိုခဲ့ပါတယ်။
အရုပ်ဟု တံဆိပ်ကပ်ထားသည့် သေတ္တာနှင့် နိုင်ငံဖြတ်သန်း ချောပို့ဖြင့် ပြန်ရောက်လာသော ဂျပန်အမျိုးသမီးတစ်ဦး အလောင်း
           တိုကျို- ဂျပန်ရဲတပ်ဖွဲ့ စုံထောက်များသည် နိုင်ငံကိုဖြတ်သန်းပြီး ချောပို့စနစ်ဖြင့် ပြန်လည်ရောက်ရှိလာသော
 ဂျပန်အမျိုးသမီးတစ်ဦး၏ အလောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ရီကာအိုကာဒါ (၂၉) နှစ်၏ 
ရုပ်အလောင်းကို ‘‘အရုပ်’’ ဟု တံဆိပ်ကပ်ထားသည့် နှစ်မီတာအရှည်ရှိသော သော့ခတ်ထားသည့် သေတ္တာတစ်လုံးဖြင့် 
စာတိုက်မှပေးပို့လိုက်သည်ကို တိုကျိုအနောက်ဘက်ရှိ ၎င်းနေထိုင်ရာ ဟာချီအိုဂျီစီးတီးတွင် ရဲက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်
သည်။ အိုကာဒါသည် ပြီးခဲ့သည့် မတ်လကပင် ပျောက်ဆုံးနေခဲ့ပြီး ၎င်း၏ အလောင်းထည့်ထားသော သေတ္တာအတွက် 
အမြန်ချောပို့ခငွေပေးချေမှုကို ၎င်း၏ ခရက်ဒစ်ကတ်ဖြင့်ပင် ပေးချေထားကြောင်း တွေ့ရသည်ဟု ဆိုသည်။
              အိုကာဒါမပျောက်ဆုံးမီ အချိန်က သူ၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် 
သူငယ်ချင်းတစ်ဦးနှင့် သွားတွေ့ရန်ရှိသည်ဟု ရေးသားထားခဲ့သည်ကို သိရသည်။ ရဲတပ်ဖွဲ့စုံစမ်းရေးသမားများသည် နေ
အိမ်သို့ ပြန်ရောက်လာသော ၎င်း၏ အလောင်းကို စစ်ဆေးရာတွင် ဓားဒဏ်ရာများစွာ တွေ့ရပြီး လက်များတွင်မူ ကိုယ့်ကိုယ်
ကိုယ် ခုခံကာကွယ်ရာမှဖြစ်သော ဒဏ်ရာဒဏ်ချက်များ မတွေ့ရဟုဆိုသည်။ အိုဆာကာ ရဲတပ်ဖွဲ့ကလည်း အိုကာဒါ၏ ပတ်စ်ပို့
ကို အသုံးပြုကာ တရုတ်အမျိုးသမီးတစ်ဦးနှင့်အတူ ရှန်ဟိုင်းသို့ ဦးတည်ထွက်ခွာသွားသော အမျိုးသမီးတစ်ဦးရှိခဲ့ကြောင်း 
သတင်းများက ဖော်ပြနေမှုကို အတည်ပြုရန် ငြင်းဆန်ထားသည်။
Ref: BBC
Tuesday, May 27, 2014
ပင်လယ်ထဲကမြစ်များ Mp3
အောင်လ ရဲ့ပင်လယ်ထဲကမြစ်များ ရယူနိုင်ပါပြီ
၀၁။ အပြစ်မဲ့လူသား
၀၂။ Animation X (feat. ဟန်ထူးလွင်)
၀၃။ ကွက်လပ်
၀၄။ ငါ့ကိုသတိရပါ
၀၅။ မှားခဲ့လား
၀၆။ စက်ရုပ်ကမ္ဘာ
၀၇။ Unabsent - Minded Maze (Instrumental)
၀၈။ ပင်လယ်ထဲကမြစ်များ (feat. မျိုးကြီး)
၀၉။ For the Moment
၁၀။ အဆင်ပြေမှာပါ
၁၁။ အလွမ်းသည်
၁၂။ ဘောင်
၁၃။ ခံစားချက်
                                        DOWNLOAD
နိုင်ငံအတွင်း၌ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ ထပ်မံမပြုလုပ်ရန် ထိုင်းစစ်ဘက်အကြီးအကဲ သတိပေးပြောကြား
                  ထိုင်းစစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုသ်ချန်အိုချာက အစိုးရကိုဆန့်ကျင်ဆန္ဒပြမှုတွေ 
မပြုလုပ်ကြဖို့ ပြည်သူတွေကိုတောင်းဆိုခဲ့ပြီး လူထုစည်းဝေးမှုတွေကို ကာကွယ်ဖို့အတွက် ဘန်ကောက်မြို့ မှာ
 စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များစွာကို တပ်ဖြန့်ချထားတယ်လို့ သိရပါတယ်။
              ဒါ့အပြင်ငံအတွင်းရှိ နိုင်ငံရေးသမားများစွာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးရခြင်းမှာ 
  ဖြုတ်ချခံအစိုးရနဲ့ဆက်စပ်နေခြင်းကြောင့် ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာကပာပါတယ်။ အတိုက်
အခံတွေ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေ၊  တက္ကသိုလ်မှ ဆရာများ၊ သတင်းထောက်များ ကိုလည်း စစ်ဘက်
ဆိုင်ရာအာဏာပိုင်တွေထံလက်နက်ချဖို့ အမိန့်ပေးထားတယ်လို့ သိရပါတယ်။
Myanmar dailystar
မောင်တောနယ်စပ် လုံခြုံမှုရှိစေရေးအတွက် နယ်စပ်ကျေးရွာအချို့မှာ ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်တပ်ဆင်ပေးပြီ
                  ရခိုင်ပြည် မောင်တောမြို့နယ်မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဗန္ဓုလတပ်ချောင်း ၊ ဝေလာတောင်
ကျေးရွာများမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေအတွက် နယ်စပ်လုံခြုံရေး အာဏာပိုင်အဖွဲ့များမှ ကျေးရွာတစ်
ရွာကို လက်နက်၁၀ လက်စီ မနေ့ကတပ်ဆင်ပေးလိုက်တယ်လို့ သိရှိရသည် ။
                    ရခိုင်ပြည် မောင်တောနယ်စပ်ကလုံခြုံရေးစိုးရိမ်ရတဲ့ ကျေးရွာပေါင်း ၁၀ ကျော်လောက်မှာ ယခင်နှစ်
ကတည်းကတပ်ဆင်ပေးထားခဲ့သော်လည်း အာဏာပိုင်တွေက ပြန်လည်သိမ်းဆည်းခြင်းပြုလိုက်ပါတယ် ။ယခုတစ်ဖန် 
မောင်တောနယ်စပ်မှာ RSO အကြမ်းဖက် မွတ်ဆလင်သောင်းကျန်းသူတွေနဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲ
တွေမကြာခဏဖြစ်နေတာကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့ကျေးရွာ ၃ ရွာမှာ လက်နက်တွေပြန်လည်တပ်ဆင်ပေးခဲ့တာဖြစ်
ကြောင်း နယ်စပ်လုံခြုံရေး အရာရှိတစ်ဦးက RFA သတင်းဋ္ဌာနကို ပြောကြားလိုက်ပါတယ် ။
From : RFA
မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန်
May 27, 2014 7daydaily
              ပျောက်ဆုံးသွားသော မလေးရှား လေယာဉ် MH370 နှင့် ဂြိုဟ်တုများအကြား ဆက်သွယ်ခဲ့
မှုအချက်အလက်များကို ယနေ့ထုတ်ပြန်လိုက်သည်။ ပျောက်ဆုံးသွားသော မလေးရှားလေယာဉ် ခရီးစဉ်မှာ
 အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု အပြီးသတ်ဆုံးဖြတ်မှုတွင် အသုံးပြုခဲ့သော မူရင်း
ဂြိုဟ်တုအချက်အလက် ၄၇ မျက်နှာကို မလေးရှားအစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။
             ဂြိုဟ်တုအချက်အလက်များတွင် ဗြိတိန်ဂြိုလ်တုကွန်ရက် အင်မာဆက်နှင့် မလေးရှားလေယာဉ်ကြား 
ဆက်သွယ်ခဲ့သော အီလက်ထရွန်နစ် အချက်ပြပုံများပါဝင်သည်။ ယင်းကို ခွဲခြမ်းစိတ်ဖြာလေ့လာ၍ လေယာဉ်
ပြန်လည်ရှာဖွေ တွေ့ရှိရေးအတွက် အသုံးချခဲ့သည်။
---------------
Update
                   ယခု သတင်းအချက်အလက်များကို ခရီးသည်များ၏ ဆွေမျိုးသားချင်းများထံ ဦးစွာပေးပို့ခဲ့ပြီးနောက်
 မီဒီယာများသို့ ထုတ်ပြန်ပေးခဲ့သည်။ လေယာဉ်ခရီးသည်များ၏ မိသားစုများကမူ သတင်းအချက်အလက်များကို 
ကျွမ်းကျင်သူ အများအပြားထံ ဖွင့်ချပြ၍ ခွဲခြမ်း စိတ်ဖြာလေ့လာနိုင်ခဲ့ပါက လေယာဉ်၏ နောက်ဆုံးတည်နေရာကို
 ကူညီဖော်ထုတ်နိုင်မည်ဟု မျှော်လင့်နေကြသည်။
                  အချက်အလက်များ ထုတ်ပြန်ရေးမှာ မိသားစု၏ တစ်ခဲနက် တောင်းဆိုမှုဖြစ်ပြီး မလေးရှားအစိုးရက 
သတင်းအချက်အလက် များကို ထိမ်ချန်ထားသည်ဟု ၎င်းတို့က စွပ်စွဲခဲ့ကြသည်။‘‘လွန်ခဲ့တဲ့ နှစ်လကျော်လောက်က 
ကျွန်မတို့ ပထမဆုံး အချက်အလက်တွေစပြီး တောင်းဆိုခဲ့တဲ့အချိန်က ဒီကိစ္စဟာ ဒါလောက် အခက်အခဲအတားအ
ဆီးတွေ ကျော်ဖြတ်ရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ဘူး’’ ဟု ခရီးသည်တစ်ဦး၏ အမေရိကန် လက်တွဲဖော်က ရိုက်
တာသတင်းဌာနအား ပြောသည်။
               အချက်အလက်များအရ ဝေးလံသော အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းဖြစ်သည့် သြစတြေးလျနိုင်ငံ အနောက်
ပိုင်းတွင် အာ ရုံစိုက်ရှာဖွေခဲ့သော်လည်း အောင် မြင်မှု မရရှိခဲ့ပေ။ မလေးရှားလေကြောင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်သည် 
မတ်လ ၈ ရက်က ခရီးသည်ပေါင်း ၂၃၉ ဦး တင်ဆောင်၍ ကွာလာလမ်ပူမှ ဘေဂျင်းသို့ သွားရောက်စဉ် ပျောက်ဆုံးသွား
ခဲ့သည်။ ပျောက်ဆုံးသွားသော ခရီးသည်များ၏ မိသားစုဝင်အချို့ကလည်း ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန်ရန် 
မလေးရှားအစိုးရကို တောင်းဆိုခဲ့သည်။
Monday, May 26, 2014
မောင်တောမြို့မှ ပဉ္စမံအဖွဲ့ဝင် ဘင်္ဂလီသူလျိုတစ်ဦးအား ဖမ်းဆီးရမိ
            ရခိုင်ပြည် မောင်တောမြို့ လက်ဝဲတောင်ပြိုမြို့နယ်ခွဲ နယ်စပ်မျဉ်းတလျှောက်အား ခြံစည်းရိုး
ကာရံခြင်းအတွက် အောက်ခြေသိမ်းအလုပ်များလုပ်ဆောင်ရန် GE စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးတပ်
က အခကြေးငွေဖြင့်ငှားရမ်းပြီးခိုင်းစေထားသည့် ဘင်္ဂလီကုလားတစ်ဦးဖြစ်သူ အာမန်အူလာ ( ဘ ) ဆ
လမ်းအူလာ ( တောင်ပြိုလက်ဝဲ ) နေထိုင်သူသည် အခြားသောခိုးဝင်ဘင်္ဂလီများအဖွဲ့များနှင့် လျို့ဝှက်စွာ
 ပဉ္စမံအဖွဲ့တစ်ခုဖွဲ့စည်းကာ တစ်ဖက်နိုင်ငံက မိုဘိုင်းဖုန်းများလက်ဝယ်ထားရှိပြီး နယ်စပ်တလျှောက် နေ့
တဓူဝဖြစ်စဉ် သတင်းအချက်အလက်များကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ RSO ဂျီဟတ်ဒီများနှင့် ပြည်
တွင်း၌ဆူပူသောင်းကျန်းမှုများဖြစ်လာအောင်သွေးထိုးလှုံ့ဆော်ရေးသားနေသည့် သတင်းမီဒီယာများထံသို့
 ဓါတ်ပုံများနှင့်တကွ ပေးပို့နေကြောင်း သိရှိရပါသည် ။
              အဆိုပါ ပဉ္စမံအဖွဲ့သား ဘင်္ဂလီကုလားဆိုး အာမန်အူလာအား 25 . 5 . 2014 နေ့က ကြိမ်ချောင်း
ကျေးရွာတွင်သက်သေခံပစ္စည်းများနှင့် သတင်းအချက်အလက်များပေးပို့နေသည့် ဘင်္ဂလားSIM Card အချို့
နှင့်အတူ ရဲတပ်ဖွဲ့ဝင်များက လက်ပူးလက်ကြပ် သိမ်းဆည်းရမိပြီး ဖမ်းဆီးလိုက်ကြောင်း သိရသည် ။
                 ၎င်းအား စုံစမ်းစစ်ဆေးမှုများချက်ချင်းပြုလုပ်နိုင်ရန် မောင်တောမြို့ ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်း
ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူ ဋ္ဌာနဆိုင်ရာများက စစ်ဆေးဖေါ်ထုတ်လျှက်ရှိကြောင်း သိရှိရပါသည် ။
By // Maung Aung Mra Tun
ဇွန်လ ၇ ရက်နေ့တွင် ရခိုင်ပြည်စစ်တွေမြို့၌ NLD နှင့် ၈၈ ( ငြိမ်း / ပွင့်)တို့ ပူးပေါင်းလာရောက် ဟောပြောမည်
             အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈ ( ငြိမ်း / ပွင့် ) အဖွဲ့တို့ ပူးပေါင်းပြီးရခိုင်ပြည်ဘက်ကို ခြေဦးလှည့်လာကြ
မည်ဟု သိရှိရသည် ။အကြောင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲကို ရခိုင်ပြည်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေ
သကြီး ၉ ခုတွင် သွားရောက်ဟောပြောကြမည်ဖြစ်သည် ။
              အဆိုပါ ဟောပြောပွဲများကို မေလ၂၈ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့ ၊ မေလ ၃၁ ရက်နေ့တွင် ချင်းပြည်
နယ် ဟားခါးမြို့ ၊ ဇွန်လ ၇ ရက်နေ့တွင်ရခိုင်ပြည် စစ်တွေမြို့ ၊ ဇွန်လ ၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ၊ ဇွန်လ ၁၀ရက်
နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ဇွန်လ ၁၄ ရက်နေ့တွင် မွန်ပြည်နယ်မော်လမြိုင်မြို့ ၊ ဇွန်လ ၁၅ ရက်နေ့တွင်ရှမ်းပြည်နယ် 
တောင်ကြီးမြို့နှင့် ဇွန်လ၁၆ ရက်နေ့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့တို့တွင် သွားရောက်ဟောပြောကြမည်ဖြစ်ကြောင်း NLD 
မှ သတင်းထုတ်ပြန်ကြေညာထားသည် ။
 R.N.G News မှ 
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် အဝေးရောက် အစိုးရ ဖွဲ့နိုင်
May 26, 2014 ဧရာဝတီ
         ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အနောက်နိုင်ငံများ၏ ထောက်ခံမှုကို 
ရယူပြီး အိမ်နီးချင်း ကမ္ဘော ဒီးယားနိုင်ငံတွင် အခြေစိုက်ကာ အဝေးရောက်အစိုးရ ဖွဲ့နိုင်ကြောင်း ပြီးခဲ့
သည့် သောကြာနေ့ထုတ် အေးရှားတိုင်းမ် သတင်းတွင် ရေးသား ထားသည်။မစ္စတာသက်ဆင်နှင့် နီးစပ်
သည့် သံတမန်တဦးကို ကိုးကားပြီး ရေးသားထားသည့် အဆိုပါ သတင်းတွင် ၂၀၁၀ ခုနှစ် ဆန္ဒပြမှုများကို 
စစ်တပ်က ဖြိုခွင်းစဉ် အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးသွားသည့် အာဏာရှင်ဆန့်ကျင်ရေး
 ညီညွတ်သော ဒီမိုကရေစီ တပ်ဦး (UDD) အဖွဲ့ခေါင်းဆောင်တချို့နှင့် သက်ဆင်တို့ ပူးပေါင်းပြီး အဝေး
ရောက်ထိုင်းအစိုးရ ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားသည်။
        သို့သော် ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခယူ ခန်ဟာရစ်သ် (Khieu Kanharith)က “အဲဒီလို 
အစိုးရကို ကျနော်တို့ မြေပေါ်မှာ ခွင့်ပေးမှာ မဟုတ်သလို ဖွဲ့စည်းပုံကလည်းခွင့်မပြုပါဘူး” ဟု သူ၏ 
Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
              ယမန်နေ့ကလည်း မစ္စတာ သက်ဆင်၏ ရှေ့နေက ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်း
ကာ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရပ်ဆိုင်း လိုက်သည့် အတွက် ဒီမိုကရေစီပြန်လည်ရှင်သန်ရေး
 ထိုင်းနိုင်ငံ၏ အဝေးရောက် အစိုးရ ဖွဲ့မည်ဟု ထုတ်ပြန်ထားသည်။
            ထို့အတွက် အဆိုပါရှေ့နေကိုလည်း ထိုင်း စစ်အစိုးရက တရားစွဲဆိုမည်ဟု သိရသည်။ထိုင်းစစ်
တပ်က အာဏာသိမ်းခြင်းကို အမေရိကန် အပါအ၀င် နိုင်ငံတကာက ပြစ်တင်ကန့် ကွက်နေပြီး၊ ဒီမိုကရေ
စီကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန် တိုက်တွန်းပြောဆိုနေချိန်၊ မစ္စတာသက်ဆင်သည် ၄င်းအပေါ်
 စာနာစိတ်များရှိနေသည့် အနောက်နိုင်ငံ များ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အ ချိတ် 
အဆက်မိမိလုပ်နိုင်မည့် အခြေ အနေ ရှိသည်ဟု အေးရှားတိုင်းမ်က ဆိုသည်။
           စစ်အာဏာသိမ်းမှုကို အာဏာသိမ်း စစ်ကောင်စီ၊ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု
 ကောင်စီ (National Peace and Order Maintaining Council – NPOMC) ၏ အကြီးအကဲ ထိုင်းဘုရင့်တပ်
မတော် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ယနေ့ နံနက်ထိုင်းစံတော်ချိန် ၁၁ နာရီကျော်က ထိုင်းဘုရင်
မင်းမြတ်၏ အတည်ပြုချက်ရယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။
           ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်နေ့ ညနေ ၅နာရီတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ညမထွက်ရအမိန့်
ထုတ်ပြန်ကာ ထင်ရှားသည့် နိုင်ငံရေးသမား ၁၅၅ ဦးကို ထိုင်းစစ်တပ်အာဏာပိုင်များထံ လာရောက်သတင်းပို့ရန်
 ဆင့်ခေါ်၍ ထိန်းသိမ်းခဲ့ပြီး ရုပ်မြင်သံကြား၊ သတင်းနှင့် မီဒီယာများကိုလည်း ထိန်းချုပ်ခဲ့သည်။ဝန်ကြီးချုပ်ဟောင်း
 မစ္စယင့်လတ် အပါအ၀င် အစိုးရ ဆန့်ကျင်ရေးခေါင်းဆောင် ဆူထေ့သက်ဆူဗန်ကို ယမန်နေ့က ပြန်လွှတ်ပေး
 ခဲ့သော်လည်း မစ္စတာ ဆူထေ့ပ်ကိုမူ တိုင်းပြည်ပုန်ကန်မှု နှင့် တရားစွဲကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် 
ယနေ့ ရေးသား ထား သည်။
        အာဏာသိမ်း စစ်ကောင်စီက ထိုင်းအထက်လွှတ်တော်ကို ဖျက်သိမ်းကာ ရဲချုပ်အပါအ၀င် မစ္စတာ သက်
ဆင်နှင့် နီးစပ်သည့် ထိုင်း မြောက်ပိုင်းဒေသများက ရဲမှူးကြီးများကိုလည်း ၄င်းတို့၏ လက်ရှိ နေရာ ရာထူးတာဝန်
များမှ ဖယ်ရှား ပြောင်းရွှေ့မိန့်များဆက် တိုက် ထုတ်ပြန်ခဲ့သည်။
            မစ္စတာ သက်ဆင်အား အဓိက ထောက်ခံသည့် ချင်းမိုင်အပါအ၀င် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများရှိ 
ဖုယာ့ ထိုင်းပါတီနှင့် ရှပ်နီ ခေါင်းဆောင်များကိုလည်း သတင်းပို့၊ လာရောက်တွေ့ဆုံရန် ဆင့်ခေါ်စာ ဖြင့် အမိန့်ထုတ်
ပြန်ထားသည်။ ရှပ်နီအဖွဲ့ဝင်များဟု ယူဆရသော လူ ၂၀ ကျော်ကိုလည်း လက်နက်ခဲယမ်းများနှင့် အတူ ထိုင်းနိုင်ငံ
မြောက်ပိုင်းတွင် ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်း ဌာန Khaosod က ရေးသားသည်။ ယင်း သတင်းဌာနသည် 
လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ သတင်းများကို အဓိက ထုတ်ပြန်နေသည်။
            မစ္စယင့်လတ်အစိုးရ လက်ထက်က ပြည်ထဲရေး ၀န်ကြီးနှင့် နောက်ထပ် ၀န်ကြီး ၁ ဦးတို့သည် စစ်အစိုးရ
အား သူပုန် အစိုးရ ဟု သမုတ်ကာ အာဏာသိမ်းစစ်ကောင်စီမှ သတင်းပို့ရန် မလုပ်ဟုပြောဆိုပြီးနောက် ၄င်းတို့၏ 
ဘဏ်အကောင့် များအား ပိတ်သိမ်း ထားကြောင်း သိရသည်။
            စစ်အာဏာသိမ်းမှုကို ရှပ်နီများ၊ ရှပ်ဝါများ အပြင် လူငယ်မျိုးဆက်သစ်များ၊ အစိုးရ ၀န်ထမ်းများက ကန့်ကွက် 
ဆန္ဒပြမှုများလည်း ဘန်ကောက်နှင့် ချင်းမိုင် စသည့်မြို့ကြီးများတွင် ဖြစ်ပေါ်လျှက်ရှိသည်။ထို့ကြောင့် စစ်အစိုးရမှ 
ဘန်ကောက်အပါအ၀င် ထိုင်းနိုင်ငံတ၀န်းဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှု ကန့်ကွက်သည့် ဆန္ဒပြပွဲများကို မလုပ်
ဆောင်ရန်သတိပေးထားပြီး၊ လုပ်ဆောင်ခဲ့ပါက ပြင်းထန်စွာအရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။
စွဲလမ်းမှု ပြဿနာ
Monday, May 26, 2014 7daydaily
                   ယခုမနက် ထိုင်း၊ မြန်မာနှစ်နိုင်ငံနှင့် စစ်တပ်အာဏာသိမ်းမှုများ အကြောင်း ဆွေးနွေးပါမည်။
ထိုင်းနိုင်ငံကို လူတစ်ဦး အနေဖြင့် တွေးကြည့်ရလျှင် ဆေး ကုသမှုအရေးတကြီးလိုအပ် နေသည့် လူနာတစ်ဦး
ဟု ဆိုရ မည်။ အရက်စွဲမှု၊ မူးယစ် ဆေးစွဲမှုများကို ဆေးရုံတက်ပြီး ဖြတ်ရသလို ထိုင်းနိုင်ငံမှာလည်းဖြတ်တောက်
ကုသရမည့် စွဲလမ်း မှုပြဿနာတစ်ခုရှိနေသည်။
           အာဏာသိမ်းမှုကို စွဲလမ်း ခြင်း (Coup Addiction)ပဲဖြစ်ပါ သည်။ စစ်တပ်က ပထမဆုံး အာ ဏာသိမ်း
ခဲ့သည့် ၁၉၃၂ ခုနှစ်မှ စတွက်လျှင် ယခုအချိန်ထိ ၈၂ နှစ်အတွင်း အောင်မြင်စွာ အာ ဏာသိမ်းခဲ့သည်က(၁၂)
ကြိမ်၊ ကြိုးပမ်းအားထုတ်မှုက (၇)ကြိမ်၊ စုစုပေါင်း (၁၉)ကြိမ်ဖြင့် ‘‘ကမ္ဘာ့ ဖလားအာဏာသိမ်းပြိုင်ပွဲ’’မှာ ထိုင်းက
 ရွှေဖိနပ်ဆုရဖို့ ကျိန်းသေ နေပါသည်။
            အရက်စွဲသူများက ဝီစကီ၊ ရမ်၊ ဂျင်၊ ဘရန်ဒီ စသည့်အရက် အမျိုးမျိုးကို ဘာရရမှီဝဲတတ်ကြ သလို 
ထိုင်းနိုင်ငံရေး သမိုင်းမှာ လည်း အာဏာသိမ်းမှုများကို တံဆိပ်အမျိုးမျိုး၊ ကြွေးကြော်သံ အမျိုးမျိုးဖြင့် ထုပ်ပိုး
သုံးစွဲလေ့ရှိ ကြသည်။ ကွန်မြူနစ်အန္တရာယ်ကို ချေ မှုန်းရေးအာဏာသိမ်းမှု၊ အရှင် မင်းမြတ်ကို ကာကွယ်ရေး အာ
ဏာသိမ်းမှု၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအာဏာသိမ်းမှု၊ ငြိမ်ဝပ်ပိပြားရေးအတွက် အာဏာသိမ်းမှု၊ အာဏာသိမ်းမှု
ကို ကြိုတင်ကာကွယ်ရေး အာဏာသိမ်းမှု၊ သိမ်းချင်လို့သိမ်းသည့် အာဏာသိမ်းမှု စသည်ဖြင့် အရောင်စုံမထပ်အောင်
 ထုပ်ပိုးပြင်ဆင်ကြသည်။
             ထိုင်းနိုင်ငံရေးရာသီဥတုမှာ အာဏာသိမ်းပွဲ၏ ရွာရန်ရာနှုန်း ကို ခန့်မှန်းဖို့အတွက် မိုးလေဝသ ပညာရှင် 
ဆရာဦးထွန်းလွင်၏ အကူအညီမလိုပါ။ ထိုင်းစစ်ဗိုလ် ချုပ်ကြီးများ၏ စကားကိုသာ နား ထောင်ကြည့်ဖို့ ဖြစ်ပါသည်။
 ဗိုလ် ချုပ်ကြီးများက ‘‘အာဏာသိမ်း မည်မဟုတ်ပါ’’ဆိုလျှင်တော့ အိမ် အတွက် ဆီနှင့် ဆန်ကို အပြည့် ဝယ်ထားရန်
 လိုအပ်ပါလိမ့်မည်။ ရက်အနည်းငယ်အတွင်းမှာ ဘန် ကောက်မြို့၏ လမ်းများပေါ်ကို တင့်ကားများလှိမ့်တက်လာဖို့
 နီး စပ်နေပါပြီ။
              ယခုနောက်ဆုံးတစ်ကြိမ် (၁၉)ကြိမ်မြောက်ဂိုးကို သွင်းသူ ကတော့ ထိုင်းကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်
ကြီးပရာယွတ်ချန် အိုချာဖြစ်သည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်က စစ်အုပ်ချုပ်ရေးကို ၎င်းက ကြေညာခဲ့သည်။ အာဏာ 
သိမ်းခြင်းလုံးဝမဟုတ်ပါဟု အာမခံသည်။ အာမခံပြီး ၄၈ နာရီအကြာမှာတော့ ရုပ်မြင်သံကြားကတစ်ဆင့် ၎င်းကပဲ နိုင်ငံ
အာဏာကို ထိုင်းစစ်တပ်ကသိမ်းယူလိုက်ပါပြီဟု ကြေညာပြန်သည်။
        အရက်ဖြတ်ဖို့ ကြိုးစားသူ တစ်ဦးက စိတ်ညစ်မှုကိုအကြောင်း ပြပြီး အရက်ပြန်သောက်သလို ထိုင်းနိုင်ငံသည်လည်း
 အရပ်သား နိုင်ငံရေး အကျဉ်းအကျပ်များကို အကြောင်းပြုပြီး အာဏာသိမ်းမှု နည်းလမ်းက ရုန်းမထွက်နိုင်သေး ပါ။ 
အာဏာသိမ်းမှုများနှင့် ထိုင်း နိုင်ငံ မည်မျှကျင့်သားရနေသည် ကို ဘန်ကောက်မြို့လမ်းများပေါ် တွင်တွေ့နိုင်သည်။ 
လုံခြုံရေးယူ ထားသည့် စစ်သားများနှင့် တွဲ ရိုက်သည့် ဓာတ်ပုံများနှင့် Selfie များက အာဏာသိမ်းမှုကို စွဲလမ်း သည့်
 လက္ခဏာများအဖြစ် မြင် တွေ့ရသည်။
           ထိုင်းနိုင်ငံရေးမှာ အာဏာ သိမ်းယဉ်ကျေးမှု (Coup Culture) တည်ရှိနေသည်ဟု ဩစတြေးလျ အမျိုးသား
တက္ကသိုလ်မှ နိုင်ငံ တကာရေးရာကျွမ်းကျင်သူ ဒေါက်တာနီကိုးလပ်စ်ဖာရယ်လီက ဩစတြေးလျနိုင်ငံတကာ ဆက်ဆံ
ရေးဂျာနယ်မှာ ၂၀၁၃ ခုနှစ်က ရေးသားခဲ့သည်။ ထိုင်းနိုင်ငံရေးမှာ အကျပ်အတည်းများတွေ့သည့်အခါ မျက်နှာချင်းဆိုင်
ရင်ကြားစေ့ဖြေရှင်းမှုကိုမလုပ်နိုင်ဘဲ စစ်တပ်က ဝင်ရောက်အာဏာသိမ်းခြင်းဖြင့်သာ အဆုံးသတ်သွားလေ့ရှိသည်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဆက်ဆံရေးကောင်စီ (Council on Foreign Relations) က အရှေ့တောင်အာရှ
ရေးရာ ကျွမ်းကျင်သူဆောင်းပါးရှင် ဂျို ရွာကာလန်ဇစ်ကတော့ ထိုင်းစစ် တပ်၏ သဘောသဘာဝကို သုံး သပ်သည်။ မည်
သည့်နိုင်ငံနှင့်မှ စစ်ဖြစ်ပွားနေခြင်းမရှိဘဲ ကြီးထွားနေသည့် တပ်အင်အားကို ထောက်ပြသည်။ ထိုင်းနိုင်ငံတွင် ကြည်း၊ ရေ၊
 လေ ဗိုလ်ချုပ်စုစု ပေါင်း ၁,၇၀၀ ခန့်ရှိနေသည်။ စစ် သားအရေအတွက် အချိုးနှင့် ကြည့်လျှင် အမေရိကန်စစ်တပ် ထက်ပင်
 ပိုများသည်ဟုဆိုရမည်။ ၎င်းတို့အများစုမှာ အလုပ်တာဝန် များ မည်မည်ရရမရှိပါ။ သို့နှင့် ၎င်းတို့အတွေးအခေါ်မှာ နိုင်ငံရေး
 တွင် စွက်ဖက်လွှမ်းမိုးခြင်းဖြင့်ဂုဏ်သိက္ခာ၊ အဆောင်အယောင်နှင့် အခွင့်အလမ်းများရဖို့ကို ဦးတည်နေသည်ဟု ဂျိုရွာက
 ဆိုသည်။
            ယခုတော့ အသက် (၆၀) ပြည့်နေသည့် ဗိုလ်ချုပ်ကြီး ပရာ ယွတ်က ပင်စင်မယူမီ ထိုင်းနိုင်ငံရေး  အကျပ်အတည်း
ကို  ဖြေရှင်းမည်။ မဖြေရှင်းနိုင်သေးလျှင်ပင်စင် မယူသေးပါဟု ဆိုလာသည်။ ၁၉ ဂိုးသွင်းသည့် ထိုင်းစစ် တပ်ကိုကြည့်ပြီး 
မြန်မာတို့အား ငယ်ရန် မလိုအပ်ပါ။ မြန်မာက ၁၉၆၂ ခုနှစ်မှာ တစ်ကြိမ်သာ အာ ဏာသိမ်းခဲ့ပါသည်။ သို့သော် ထို တစ်ကြိမ်
က နှစ် ၅၀ ကျော်တည် တံ့ပါသည်။ ထိုင်းနိုင်ငံ၏ ပြဿ နာက နိုင်ငံရေးအကျပ်အတည်း များတွေ့တိုင်း အာဏာသိမ်းလေ့
 ရှိသည့် အလေ့အထကို ဖျောက် ဖျက်ရမှာဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြဿနာက တစ်ကြိမ်အာဏာ သိမ်းပြီး တိုင်းပြည်ကို ဆယ်
စုနှစ် များကြာအောင် စစ်မှုပြုခဲ့သည့် စနစ်ကို တစ်စစီပြန်ဖြုတ်ရမှာ ဖြစ်သည်။
              လမ်းများပေါ်ကို တင့်ကား များ တက်မလာသည့်တိုင် အရပ် ဘက် လူ့အဖွဲ့အစည်း၏ ဌာန အသီးသီးနှင့် အဖွဲ့
အစည်းတိုင်း မှာ ဝင်ရောက်ချုပ်ကိုင်ထားသည့် တပ်မတော်သားများနှင့် တပ်မတော်သည် နိုင်ငံရေး၏ ဗဟိုချက်ဆိုသည့်စ
နစ်ကို တစ်ဆင့်ချင်းပြုပြင်ပြောင်းလဲသွားဖို့ဖြစ်သည်။
            ထိုင်းနိုင်ငံ၏ သင်ခန်းစာကို ယူရလျှင် မျက်နှာချင်းဆိုင်စေ့စပ် ဆွေးနွေးရေးများကို လူ့အဖွဲ့ အစည်းအကျိုးကိုကြည့်ပြီး 
မဖြစ် ဖြစ်အောင် ပြုလုပ်သွားနိုင်ကြဖို့ ဖြစ်သည်။ စေ့စပ်ဆွေးနွေးမှုများ ကို အောင်မြင်အောင်မလုပ်နိုင် လျှင် နောက်တစ်ဆင့်မှာ
တွေ့မည့် ထိပ်တိုက်ရင်ဆိုင်မှုများက တပ် မတော်အပါအဝင် တာဝန်ရှိသူ များကို ထာဝရနာမည်ဆိုးပေးပါ လိမ့်မည်။ယခုအထိတော့
 ထိုင်းနိုင်ငံ က အရက်စွဲလမ်းမှုကို ဖြတ်ဖို့ ကြိုးစားသည့်တိုင် မအောင်မြင် သူဟုဆိုရလျှင် မြန်မာနိုင်ငံက ဖြတ်ဖို့ မစဉ်းစားဘဲခိုး
သောက်နေ သူဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။ ပြုပြင်ပြောင်းလဲရေးများစတင်ပြီး အပြုသဘောဆောင်သည့် ခြေ လှမ်းများ လှမ်းပြ
နေသည့်တိုင် စွဲလမ်းမှုကို မဖြတ်နိုင်သည့် သင်္ကေတများကို တွေ့ရသည်။ 
            ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆုပ်ကိုင်ထားမှုက သက်သေပြနေသည်။နိုင်ငံတကာ အသိုင်းအဝိုင်း က အနံ့ခံ၍ 
သိပ်မရနိုင်သည့် ‘‘ဂျင်’’အရက်ကို သံပရာသီးညှစ် ပြီး မှီဝဲဦးမည့်သဘောရှိသည်။ ထိုင်းနိုင်ငံမှာတော့ တင့်ကားများ က လမ်းများ
ပေါ်မှာ နေရာယူထားကြသည်။ မြန်မာနိုင်ငံမှာတော့ တင့်ကားများက လမ်းများပေါ်မှာ ရှိမနေကြပါ။
          တင့်ကားများက နိုင်ငံ၏ စီးပွားရေးဈေးကွက်၊ အစိုးရအဖွဲ့ ရုံး၊ လွှတ်တော်နှစ်ရပ်နှင့် ရွေး ကောက်ပွဲကော်မရှင်တို့ကို ထိန်း 
ချုပ်ထားပြီး ဖြစ်နေလို့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့် အာဏာသိမ်းမှု (Constitutional Coup)ဟုပဲ ဆိုရ ပါလိမ့်မည်။။
စစ်တပ်ကို စိန်ခေါ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကော်မရှင် သတိပေး
ဧရာဝတီ May 26 / 2014
            စစ်အစိုးရ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲများ ကျင်းပလျက်ရှိပြီး ယင်းလူထု
ဟောပြောပွဲများတွင် ဖွဲ့စည်းပုံ ပြင်ရေး စစ်တပ်ကို စိန်ခေါ်သည်ဟု ပြောဆိုခဲ့သည့်အတွက် ပြည်ထောင်စုရွေး
ကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်း စုကြည် ထံသို့ သတိပေးချက် စာတစောင် ပေးပို့လိုက်ကြောင်း သိရှိရ
သည်။ မေလ ၁၈ ရက်နေ့ မန္တလေးမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဒေါ်
အောင်ဆန်းစုကြည်က စစ်တပ်အနေဖြင့် အာဏာ မမက်မောကြောင်း၊  အထူး အခွင့်အရေး မ မက်မောကြောင်း၊
 နေရာမ မက်မောကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းဖြင့် သက်သေပြရန် လိုကြောင်း၊ သက်သေပြ
ရန်လည်း တိုက်တွန်းပြီး စိန်ခေါ် ကြောင်း ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ပြဋ္ဌာန်း
ချက်များကို ချိုးဖောက်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မေလ ၂၂ ရက်နေ့က ပေးပို့လိုက်သော
 သတိပေးချက်စာတွင် ဖော်ပြထားသည်။
               နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက “ တပ်မတော်ကို 
ပုတ်ခတ်တဲ့ သဘောပြောတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားစာ ပို့ထားပါတယ်။ သတိပေး အ
ကြောင်းကြားတဲ့ သဘောပါ ”ဟု ဧရာဝတီသို့ ပြောဆိုသည်။
              ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင် ဥပဒေ အရ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခြင်း၊ 
ကြီးကြပ်ခြင်းတို့ အတွက် တာဝန်ရှိကြောင်း၊ နိုင်ငံရေးပါတီများသည် ဥပဒေပါ ပြဋ္ဌာန်းချက်များကို စောင့်ထိန်း လိုက်နာ
ရန် ပျက်ကွက်ခြင်း တို့ကို တွေ့ရှိပါက ကော်မရှင်က လိုအပ်သည်များ လိုက်နာရန် ဥပဒေအရ ညွှန်ကြားနိုင်သဖြင့် ယခ
ုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ထံသို့ သတိပေးစာ ပေးပို့ခြင်းဖြစ်သည်ဟု သိရှိရသည်။
           ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ ပြန်လည် မှတ်ပုံတင်စဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေးစားလိုက်
နာရေး ၀န်ခံ လက်မှတ်ရေးထိုးထားပြီး လွှတ်တော်ကိုယ်စားလှယ်တဦးအနေဖြင့်လည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ
ကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်ဥပဒေများကို လိုက်နာပါမည်ဟု ကတိပြုထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ 
ပြောဆိုချက်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုသည့် ဘောင်ကို ကျော်လွန်ရာ ရောက်နေကြောင်းသတိပေး 
ထားသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှင်းလင်းဆွေးနွေးပွဲများတွင် ပါတီအနေဖြင့် ဖြစ်စေ၊ ပါတီဝင် တဦးချင်း အနေဖြင့်
 ဖြစ်စေ၊ မိမိတို့ ၀န်ခံ လက်မှတ်ရေးထိုးထားသည့် သို့မဟုတ် ကတိသစ္စာ ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေး
စား လိုက်နာရန် တာဝန်နှင့် တည်ဆဲ ဥပဒေများနှင့်အညီ ဆွေးနွေး ဟောပြော ပွဲများ ဖြစ်စေရန် တာဝန်တို့ကို သတိပြု 
ဆောင်ရွက်ရန် လိုအပ်သည် ဟုလည်း ရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာတွင် ရေးသားထားသည်။
         ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးချက်နှင့် ပတ်သက်၍ NLD ခေါင်းဆောင်များ၏ သဘောထား မှတ်
ချက် ရယူရန် ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ။
Sunday, May 25, 2014
ယင်လတ် ရှင်နာဝတ်ကို ပြန်လွှတ်လိုက်ပြီ
 25 May 2014  ဘီဘီစီ       
           ထိုင်းစစ်တပ်က ခေါ်ယူ ထိမ်းသိမ်းထားသော ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ကို 
ယနေ့ ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။သိုသော် ထိုင်းစစ်တပ် အာဏာသိမ်းမှုသည် 
အခြားသော စစ်အာဏာသိမ်းမှုများ ကဲ့သို့ပင် စာအုပ်ကြီး အတိုင်း ဖြစ်လာနေပြီဟု လေ့လာသူများက 
ဆိုသည်။
       ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ညမထွက်ရ အမိန့်များ၊ စစ်အုပ်ချုပ်ရေး ကြေငြာချက်များ၊ ရုပ်သံမှ 
စစ်ချီတေး ထုတ်လွှင့်မှုများနောက်တွင် မီဒီယာ ဆင်ဆာနှင့် ဖမ်းဆီးထိမ်းသိမ်းမှုများ ပါလာသည်။
နောက်ဆုံးတွင်တော့ အသင့် အနေအထား ရှိနေသော လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် 
စစ်သားများက နေရာတိုင်း လိုလိုတွင် ရောက်လာခဲ့ပြီ။ ယခု အချိန်တွင် မြို့တွင်း လမ်းထောင့်မှ မက်ဒေါ်
နယ်ဆိုင် ရှေ့တွင်ပင် လက်နက်ကိုင် စစ်သားအစောင့် ရှိနေပြီ ဖြစ်သည်။
        တဖက်ခြမ်းတွင်တော့ ညနေအတွက် စားသောက်စရာ ၀ယ်ရန် တန်းစီနေသော ပြည်သူများ ရှိသည်။
 သူတို့ကြားတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း အော်ဟစ်ကာ ဆန္ဒ ဖော်ထုတ်ကြသူ လူတစ်စုက 
တန်းစီစောင့်ကြပ်နေသော စစ်သည်များကို ရင်ဆိုင်လျှက်ရှိသည်။
 မကြာမီ စစ်တပ်က ထရပ်ကားတစ်စီး ရောက်လာပြီး အသင့်တင်ဆောင်လာသော အသံလွှင့်စက်
များဖြင့် စစ်ချီသီချင်းများ ဖွင့်ကာ ဆန္ဒပြသူများ၏ အသံကို ဖုံးလွှမ်းပစ်လိုက်သည်။ထိုင်းစံတော်ချိန် ညနေ
 ၆ နာရီတွင် လူစုခွဲခိုင်းထားသည်။ သို့သော် ယခု အချိန်ထိ လူစု မကွဲသွားဘဲ ဆန္ဒပြသူများက ပိုလို့ပင် တိုး
လာသည်။ တပ်အနေဖြင့် ယခု အခြေအနေတွင် လမ်းပေါ်မှ ပြည်သူလူထု၏ ဆန့်ကျင်မှုများကို မည်သို့ တုံ့
ပြန်ရမည်ကို ဝေခွဲမရ ဖြစ်နေဟန်တူသည်။
           စစ်သည်ငယ် တစ်ဦး၏ တာဝန်နှင့် ခံစားချက်ကြားမှ ကြေကွဲနေရဟန် မျက်နှာကိုလဲ သတင်းပေး
ပို့ချက်များတွင် တွေ့ရသည်။ တိုက်ဆိုင်စွာပင် နေကလဲ ခြစ်ခြစ် ပူသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။
ယခုတကြိမ် အာဏာသိမ်းမှုသည် ယခင် အကြိမ်များနှင့် မတူ။ ဒေါသပါသည်။ တင်းမာမှု ပိုကြီးသည်။ 
ဆန့်ကျင်ဆန္ဒပြမှုများက ယခု အချိန်တွင် လူရာဂဏန်းမျှဖြင့် သေးငယ်သော်ငြား ပိုမို ကြီးထွားလာမည့် 
အရိပ်အယောင်များ ရှိနေသည်။ စစ်တပ်က အမှားမခံသည့် အနေအထားတွင် ထိပ်တိုက် ရင်ဆိုင်မှုများ
 ယခုထက် ပိုများပြီး ပိုလဲ ဆိုးလာနိုင်သော အနေအထား ဖြစ်သည်။
ဘန်ကောက်မြို့မှ ဘီဘီစီ သတင်းထောက်၏ သတင်းပေးပို့ချက် ဖြစ်ပါသည်။
Saturday, May 24, 2014
အချိန်ပိုသွင်းဂိုးတွေနဲ့ (၁၀)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်
 ရီးရဲလ်ဟာ ရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီမာ၊ မိုဒရစ်စတဲ့ တိုက်စစ်ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး 
ခံစစ်ပိုင်းမှာတော့ ဗရာနီ၊ ရာမို့စ်အတွဲကို အသုံးပြုခဲ့ပါတယ်။ အက်သလက်တီကိုဘက်မှာတော့ အာဒါတူရန် 
ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ဒီယေဂိုကော်စတာ၊ ဒေးဗစ်ဗီလာတို့ တိုက်စစ်အတွဲကို ကိုကီ၊ ဂါဘီ၊ ရာအူးလ်ဂါစီယာတို့
 ပံ့ပိုးကစားစေတဲ့ ပုံစံခင်းကျင်းခဲ့ပါတယ်။
          ပွဲချိန် (၉)မိနစ်မှာပဲ ဒီယေဂိုကော်စတာ ဒဏ်ရာရသွားလို့ အက်ဒရီယန်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒါဟာ
 ချန်ပီယံလိဂ် ဗိုလ်လုပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံး လူစားလဲမှုပါပဲ။ ရီးရဲလ်ဟာ ပွဲချိန်အစပိုင်းမှာ အသာစီး
ရခဲ့သလို ရှိပေမယ့် ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပွဲချိန် ၃၁မိနစ်မှာ တီယာဂို လူပေးမှား
တာကို ဘေးလ်ရသွားပြီးနောက်ခံလူ နှစ်ယောက်ကြားက လိမ်ခေါက်ကန်သွင်းရာမှာ လွဲချော်ခဲ့လို့ ရီးရဲလ် နစ်နာ
ခဲ့ပါတယ်။
        ဂိုးပေါက်ခြိမ်းခြောက်ခံလိုက်ရပေမယ့် အက်သလက်တီကိုကတော့ ခပ်ကြမ်းကြမ်း ကစားကွက်နဲ့ ရီးရဲလ်ဘက်
ကို ပြန်စိုးမိုးခဲ့ပြီး ပွဲချိန် ၃၆မိနစ်မှာ ဂိုးရသွားခဲ့ပါတယ်။ ထောင့်ကန်ဘောကတစ်ဆင့် ဂျူအန်ဖရန် ခေါင်းတိုက်ချ
ပေးတဲ့ ဘောလုံးကို ဂိုဒင် ထပ်ဆင့်ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့တာပါ။ ဒီဂိုးပေးလိုက်ရတာဟာ ထွက်ပုတ်ဖို့ ဆုံး
ဖြတ်ခဲ့တဲ့ ဂိုးသမား ကာဆီးလက်စ်ရဲ့ အမှားအယွင်းပါပဲ။ဒုတိယပိုင်း (၅၄)မိနစ်မှာ ရော်နယ်ဒို ပြစ်ဒဏ်ဘောကန်ချက်
ကောင်းမွန်ခဲ့ပေမယ့် ဂိုးသမား ကော်တိုရစ် ပုတ်ထုတ်သွားနိုင်ခဲ့ပြီး နောက်(၄)မိနစ်အကြာမှာတော့ ရီးရဲလ်ဟာ 
တိုက်စစ်မြှင့်ဖို့အတွက် တိုက်စစ်အားသန်တဲ့ နောက်ခံလူ မာဆယ်လို၊ ကွင်းလယ်ကစားသမား အစ္စကိုတို့ကို ထည့်
သွင်းကစားစေခဲ့ပါတယ်။ ဒါပေမဲ့ အက်သလက်တီကိုရဲ့ ဇုန်အလိုက် ကစားမှုကို မထိုးဖောက်နိုင်ခဲ့ဘဲ ဧရိယာအတွင်းလက်ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်
မှတ်ပေးခဲ့ခြင်းမရှိပါဘူး။အချိန်ပို ဒုတိယပိုင်းမှာတော့ ရီးရဲလ်တို့ အနိုင်ဂိုး ရရှိခဲ့ပြီး ဒီဂိုးကို ပွဲချိန်တစ်လျှောက်လုံး အခွင့်အရေးတွေ ဖြုန်းတီး
ခဲ့တဲ့ ဘေးလ်ကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘယ်တောင်ပံကနေ ဒီမာရီယာ တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်း
ရာမှာ ဂိုးသမား ကော်တိုရစ်နဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဘေးလ်က ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ ခေါင်းတိုက်
သွင်းခဲ့တာပါ။ ၁၁၄ မိနစ်မှာ တီယာဂို အခွင့်အရေး ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီး ရီးရဲလ်အတွက် တတိယဂိုးကို အက်သလက်တီ
ကို ခံစစ်ကြောင်း ပေါ့လျှော့မှုကတစ်ဆင့် မာဆယ်လိုက ဧရိယာထိပ်က ကန်သွင်းခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုကို ခြေချိတ်
တယ်ဆိုပြီး ပွဲချိန် ၁၁၉မိနစ်မှာ ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ပြီး ရော်နယ်ဒိုက ဒီရာသီ (၁၇)ဂိုးမြောက် ချန်ပီယံလိဂ် 
သွင်းဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။
မှတ်တမ်းမှတ်ရာများ
၁။ ။ ဂိုဒင်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် ပထမဆုံး ဥရုဂွေး ကစားသမားဖြစ်လာခဲ့။ 
၂။ ။ အက်သလက်တီကိုမှာ ယခုရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ခေါင်းတိုက်ဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ကျန်အသင်းများထက် 
ခေါင်းတိုက်ဂိုး ပိုရခဲ့။
၃။ ။ နောက်ဆုံးယှဉ်ပြိုင်ခဲ့ကြသည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲများတွင် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သော အသင်း(၈)သင်းအနက် (၆)သင်း
 ချန်ပီယံဖြစ်ခဲ့သော်လည်း ဘိုင်ယန်နှင့် အက်သလက်တီကိုတို့ ချန်ပီယံဆုဖလားနှင့် လွဲချော်ခဲ့ကြ။
၎။ ။ ဘေးလ်မှာ ဘာစီလိုနာကို အနိုင်ရခဲ့သည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ရပ်ဆက် ဂိုးသွင်းနိုင်ခဲ့။
၅။ ။ ရော်နယ်ဒိုမှာ ယခုရာသီ ချန်ပီယံလိဂ် သွင်းဂိုး(၁၇)ဂိုး သွင်းယူပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီ သွင်းဂိုးအများ
ဆုံး စံချိန်သစ်တင်ခဲ့။
၆။ ။ ရီးရဲလ်နည်းပြ အန်စလော့တီမှာ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် ဗိုလ်စွဲခဲ့သည့် ပထမဆုံးနည်းပြ ဖြစ်လာခဲ့။
၇။ ။ ရီးရဲလ်သည် ယခုရာသီတွင် အက်သလက်တီကိုအား (၄)ဂိုး သွင်းယူနိုင်ခဲ့သည့် ပထမဆုံးအသင်းဖြစ်လာ။ 
၈။ ။ အက်သလက်တီကိုသည် ၁၉၇၄ခုနှစ် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ကို အချိန်ပိုတွင် ရှုံးနိမ့်ခဲ့ရ။
၉။ ။ ဘေးလ်မှာ ဥရောပပြိုင်ပွဲ (သို့) ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် ပထမဆုံး ဝေးလ် ကစားသမားဖြစ်လာ။
@z (ရိုးရာလေး)
                               ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင်သွင်း ဂိုး များကိုအောက်မှာ စုစည်းပြသထားပါသည်
                                      သွင်းကိုများကြည့်ရန် 
ထိုင်းနိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားရင်းနှီးမြုတ်နှံသူများ စိတ်ပူပန်မှုများနေ
    ထိုင်းနိုင်ငံရေးအခြေအနေတွေနှင့်ပါတ်သက်ပြီး ၊ စစ်တပ်အနေဖြင့် နိုင်ငံခြားရင်းနှီးမြုတ်နှံသူများ 
စိတ်ပူပန်မှု့ လျော့ကျစေရန် ၊ သိသာရှင်းလင်းတဲ့ ပေါ်လစီတွေကို ရှင်ပြဖို့ လိုအပ်ကြောင်း ဆို ၊ 
အခုလောလောစဉ် နိုင်ငံခြားရင်းနှီးမြုတ်နှံသူများ နောက်ထပ် ရင်းနှီးမြုတ်နှံမှု့ မလုပ်တောဘဲ အခြေ
အနေကိုစောင့်ကြည့်နေကြပြီး တစ်ခြားနိုင်ငံကိုရွှေပြောင်းဖို့ ကလည်း ၊ သူတို့ အဆောက်အဦးတွေဒီ
နိုင်ငံတွင်မှာဘဲ ရှိနေတော သူတို့ ကထိုင်းနိုင်ငံရေးအခြေအနေကို နားလည်ကြောင်း အများစုက ထိုင်း
နိုင်ငံက တစ်ခြားနိုင်ငံကို မရွေ့ သွားချင်ကြကြောင်းဆိုပါတယ် ။ စစ်တပ်အနေဖြင့် သူတို့ ရဲ့ ပေါ်လစီတွေ
နဲပါတ်သက်ပြီး ၊ နိုင်ငံခြားရင်းနှိးမြုတ်နှံသူများနှင့် ဆက်သွယ်ပြီး အခြေအနေကို ရှင်ပြဖို့ လိုကြောင်း
 The nation ထိုင်းသတင်းစာစီးပွါးရေးသတင်းမှာရေးသားဖော်ပြ ထားပါတယ် ။
          မင်းခိုင်ဇံ ( ဘန်ကောက် )
ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ရခိုင်လက်နက်ကိုင်တပ်များချထားပေးရေး တောင်းဆိုတော့မည်
နောင်ရိုး (မြစ်မခ)
      ရန်ကုန်၊ ရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်၌ ဒေသလုံခြုံရေးအတွက် ရခိုင်လက်နက်
ကိုင်အဖွဲ့အစည်းများ ချ ထားပေးရေး တောင်းဆိုတော့မည်ဟု ရခိုင်နိုင်ငံရေးပါတီများထံမှ သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအ ခြေစိုက်လက်နက်ကိုင်အုပ်စုများနှင့် ပဋိ ပက္ခများဖြစ်ပွားနေပြီး ယင်း
အခြေအနေ ကို ထိန်းသိမ်းနိုင်ရန်အတွက် သက်ဆိုင် ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်သွားနိုင်ရေး ရခိုင် တိုင်းရင်းသားများက လိုလားနေခြင်း ဖြစ်သည်။
      ''အဓိကကတော့ နယ်စပ်ကိုလုံခြုံ စေချင်တယ်။ အခုထက်လုံခြုံမှုကို ပေး စေချင်တယ်။ ဒါကြောင့်
 နယ်စပ်လုံခြုံရေး အတွက် (AA)၊ (ALP)တပ်တွေကို နယ် စပ်မှာထားဖို့အတွက် အစိုးရကိုရော တာ ဝန်ရှိ
သူတွေကိုရော တင်ပြတယ်''ဟု ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေး သာမောင်က ဆိုသည်။
ထို့ပြင် ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများ ကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့
အစည်း များအနေဖြင့် တရားဝင် စုံစမ်းစစ်ဆေး ၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူး ပေါင်းပြီး ထိရောက်
စွာအရေးယူသွားရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားသည် ဟူ၍လည်း သိရသည်။
      ယခုရက်ပိုင်းများအတွင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံအခြေစိုက်တပ်ဖွဲ့များနှင့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့များ
အကြား အပြန် အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ပြီးခဲ့သည့်မေ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ် မောင် တောနယ်
စပ်မိုင်တိုင်အမှတ်(၅၂)၌ တစ် ဖက်နိုင်ငံမှ လက်နက်ကိုင်သောင်းကျန်း သူဆိုသူများ၏ ချောင်းမြောင်းပစ်ခတ်
 မှုကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင် နေသည့် အမှတ်(၁)နယ်ခြားစောင့်တပ်မှ ရဲတပ်ဖွဲ့ဝင်လေးဦးသေ
ဆုံးကာ ဒုရဲအုပ် တစ်ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ် သားနှစ်ဦးမှာ လက်နက်ခဲယမ်းများနှင့် ပျောက်ဆုံးနေ
ကြောင်း သိရသည်။
         ယခုဖြစ်စဉ်များမှာ ကျူးကျော်ရန်စ ခြင်းဖြစ်သော်လည်း ရခိုင်နယ်စပ်တွင် ရခိုင်လက်နက်ကိုင်တပ်များ 
ချထားပေး ရန်ဆိုသည်မှာ ပြည်ထောင်စုအစိုးရမှ ခွင့်ပြုမှသာဖြစ်နိုင်မည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး 
ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဦးဇော်အေးမောင်က ပြော သည်။''အဓိကလုံခြုံရေးအတွက်တာဝန် ရှိတာက
 ပြည်ထောင်စုအစိုးရနဲ့ ရခိုင် ပြည်နယ်အစိုးရပဲ။ ဒါမဖြစ်သင့်ဘူးလေ။ ကိုယ်တို့ကိုကျူးကျော်တာပဲ၊ ကျူးကျော်
 ပြီးရန်စတာပဲ၊ လုံခြုံရေးများများချပေးဖို့ လိုတယ်။ မဟုတ်ရင် တစ်ချိန်မှာ အန္တရာယ် အလွန်ရှိလာနိုင်တယ်''ဟ
ု ဦးဇော်အေး မောင်က ဆိုသည်။
Twitter Delicious Facebook Digg Stumbleupon Favorites More