မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Friday, February 28, 2014

ရေဒီယိုသီချင်းတွေကို ပြန်ဆိုထားတဲ့ သီချင်းအယ်လ်ဘမ် ပတ္တမြား FM စီစဉ်ဖြန့်ချိ



တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ ရေဒီယိုသီချင်းတွေ ဒီကနေ့ခေတ် နာမည်ကျော် အဆိုတော် ၁၅ယောက်နဲ့
ပြန်ဆိုထားတဲ့ သီချင်းအယ်လ်ဘမ်တစ်ခုကို ပတ္တမြား FM က မိတ်ဆက်ဖြန့်ချိလိုက်ပါတယ်။ ဘာဖြစ်လို့ သီချင်း
ဟောင်းတွေကို စုစည်းထုတ်ဝေတာလဲ။
               ပတ္တမြား FM ရဲ့ Senior Programmer ကတော့ အရင်က နာမည်ကျော်ခဲ့တဲ့ သီချင်းကောင်းတွေကို
အရသာသစ်နဲ့ ပြန်နားထောင်စေချင်လို့ပါလို့ဆိုပါတယ်။ နောက်တစ်ခုက ပတ္တမြား FM ကို ထုတ်လွှင့်နေကျ 91 MHz
ကနေ လိုင်းသစ်ဖြစ်တဲ့ 88.2 MHz နဲ့ပြောင်းလဲမှာကို ကြေညာတဲ့အနေနဲ့လည်း အခုလို မိတ်ဆက်တာလို့ ဆိုပါတယ်။
အဆိုတော် နီနီခင်ဇော်က အင်းလေးမှာ ရွာတဲ့မိုးသီချင်းကို ဒီအယ်လမ်ဘမ်အတွက် သီဆိုထားပြီး ပရိသတ်တွေ
ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။
         ပတ္တမြား FM Radio to Live လို့ခေါင်းစဉ်ပေးထားတဲ့ ဒီအယ်လ်ဘမ်သစ်ထဲမှာ သီချင်း ၁၄ပုဒ်ပါဝင်ပြီး စည်သူလွင်၊
 ထူးအယ်လင်း၊ L လွန်းဝါ၊ ရဲရင့်အောင်၊ အေသင်ချိုဆွေ၊ အိမ့်ချစ်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ နေနေ စတဲ့ အဆိုတော် ၁၅ယောက်
 ပါဝင်ပါတယ်။ ဒီသီချင်းခွေမှာ ပါဝင်တဲ့သီချင်းတွေနဲ့ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၉ရက်နေ့မှာ ကျင်းပဖို့ရှိတာကြောင့်
ပထမဆုံး သီချင်ေးခွဝယ်တဲ့ ပရိသတ် ၅ဝကို ဂီတပွဲအတွက် အခမဲ့လက်မှတ်တွေပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
by Kamayut Media

ဒစ္စကိုကွင်းစ် နော်လီဇာ မြန်မာပရိသတ်ရှေ့မှောက် ပြန်လာပြီ

သီချင်းတွေနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေခဲ့သူ၊ တစ်ချိန်က မြန်မာပြည်ရဲ့
ဒစ္စကိုကွင်းစ်လို့ ကင်ပွန်းတပ်ခံခဲ့ရဖူးတဲ့ နော်လီဇာဟာ ၂၁ရာစုရဲ့ ဒစ္စကိုကွင်းစ်အဖြစ်
ဂီတစင်မြင့်ပေါ် ပြန်လာပြီလို့ ကြွေးကြော်လိုက်ပါပြီ။
       မလုပ်ဖြစ်လောက်တော့ဘူးလို့ သူထင်ခဲ့ပြီးမှ ဖြစ်အောင်လုပ်ခဲ့ရတဲ့ သူ့ရဲ့ Live Show
 မှာ အဆိုနဲ့ပတ်သက်လို့ ပြဿနာမရှိဘူးလို့ နော်လီဇာတစ်ယောက် ဘာ့ကြောင့်ယူဆခဲ့
တာလဲ။ ဘဝအတွေ့အကြုံရခဲ့ပြီမို့ အရင်လိုအောင်မြင်အောင် နော်လီဇာပြန်လာပြီလို့ ဆိုပါတယ်။
21st Century Disco ဘုရင်မ ပြန်လာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသားဇာတ်ရုံမှာ မတ်လ ၂၂ရက်
နေ့ကျရင် ဖျော်ဖြေပွဲမှာ မေခလာ၊ ကော်နီ၊ ချောစုခင်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်နဲ့ ဘရိတ်ကီ
တို့က Lazy Club နဲ့အတူ သီဆိုဖျော်ဖြေကြမယ်လို့ ဆိုပါတယ်။
           နော်လီဇာဟာ သူ့ရဲ့သင်ဆရာ၊ ကြားဆရာလည်းဖြစ်ခဲ့တာမို့ အနုပညာလမ်းကြောင်းမှာ
ဆက်ပြီးလျှောက်လှမ်းနိုင်စေဖို့ မေခလာက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဒိုင်းနမိုက်၊ ရက်ရက်
စက်စက်၊ မာလာဆောင် မောင်မလာဘူး စတဲ့သီချင်းတွေအပါအဝင် မြန်မာပြည်ရဲ့ ၁၉၇ဝ၊ ၈ဝပြည့်
လွန်နှစ်တွေက ပေါ့ပ်ဂီတစီးကြောင်းထဲမှာ နာမည်ကျော်ခဲ့တဲ့ နော်လီဇာဟာ ၁၉၉ဝပြည့်လွန်နှောင်း
ပိုင်းကတည်းက ဂီတလောကကနေ ပျောက်ကွယ်ခဲ့ပါတယ်။
by Kamayut Media

အာရပ်မင်းသားတစ်ပါးက ညနေစာအတူစားဖို့  ပေါင်တစ်သန်းပေး ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ နာမည်ကြီး ဂျာမန်စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ


Friday, February 28, 2014
စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ ဟာ ညနေစာအတူစားဖို့ အာရပ်မင်းသားတစ်ပါးက ပေါင်တစ်သန်းနဲ့ 
 ဌားရမ်းခဲ့မှုကို သူမ ငြင်းဆန်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဂျာမန်လူမျိုး အလှဘုရင်မ က သူမဟာ
အခုလို မော်ဒယ်လောကရဲ့ ဘုရင်မတစ်ဆူဖြစ်ပြီး ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး မိန်းမသားတစ်ဦးဖြစ်
နေရတဲ့အတွက် သူမကို မရေမတွက်နိုင်တဲ့ ထူးထူးဆန်းဆန်း ကမ်းလှမ်းမှုတွေ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
“ ကျွန်မ ထူးထူးဆန်းဆန်းကမ်းလှမ်းမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ့အာရပ်မင်းသား ကိစ္စကတော့
အထူးဆန်းဆုံးပါပဲ။ ကျွန်မနဲ့ ညနေစာအတူစားဖို့ အတွက် ပေါင်တစ်သန်းနဲ့ ဌားရမ်းနိုင်မလား လို့  သူမေးတယ်လေ။
 ကျွန်မကတော့ ငြင်းလိုက်တယ်။ ဒါနဲ့ ပဲ တခြား စူပါမော်ဒယ်တွေ အဲ့အခွင့်အရေးကို အမိဖမ်းသွားခဲ့တယ်” လို့ သူမက
 ပြန်ပြောကြားခဲ့ပါတယ်။
         အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကလောက်ဒီယာ တစ်ယောက်တည်း အခုလို အဖြစ်မျိုး ကြုံခဲ့ရတာမဟုတ်ပါဘူး။
၂၀၁၀ ခုနှစ်တုန်းကလည်း ပေါ့စ်စတား မိုင်လင်းကလတ်စ် ကို ဟောလီးဝုဒ် ထိပ်တန်းတစ်ဦးက နေ့ လည်စာအတူစားဖို့ 
အခုလို ကမ်းလှမ်းခံရဖူးပြီး မင်းသမီး Stephanie Beacham ကလည်း ၂၀၁၀ ခုနှစ် Big Brother တီဗွီအစီအစဉ်မှာ လူစိမ်း
တစ်ယောက်က လိင်ဆက်ဆံဖို့ ပေါင် လေးသောင်းနဲ့ ကမ်းလှမ်းခံခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
Trend Myanmar


Galaxy S5 ကပြောပြနေတဲ့ Samsung ရဲ့ စိတ်ဝင်စားဖွယ် နည်းပညာအသစ်များ

Galaxy S5 လဲ ထွက်လို့လာပါပြီ…. ကြိုက်တဲ့သူတွေလဲရှိသလို စိတ်တိုင်းမကျတဲ့သူ တွေလဲ အများကြီးပါပဲ… စိတ်တိုင်းမကျတဲ့ အဖွဲ့ထဲမှာ ကျွန်နော်ကိုယ်တိုင်လဲ ပါပါတယ်… Galaxy S3 တို့ S4 တို့ တုန်းကလို မဟုတ်ပဲ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှူမရှိတဲ့ galaxy version ပဲလို့ ထင်ခဲ့ပါတယ်…. တစ်ခုရှိတာက ဒီတစ်ခါ Galaxy S5 အတွက်လုပ်တဲ့ Samsung unpacked show ကို S3 , S4 တို့တုန်းကလောက် ခမ်းခမ်းနားနား ဝေဝေဆာဆာ မလုပ်ခဲ့တာကြောင့်လဲ ဖြစ်မယ်ထင်တယ်….. အဲ့ဒါကြောင့်Galaxy S5 ကို Note 3 လောက်တောင်အထင်မကြီးခဲ့ပါဘူး…. ဒါပေမဲ့ technical website တွေရဲ့ Galaxy S5 review တွေဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ Galaxy S5 မှာ လက်ရှိ ဖုန်းတွေထက် အထင်ကြီ:စရာကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာအသစ်တွေပါဝင်လာတာတွေ့ရပါတယ်…. ဘာတွေလဲဆိုတော့ လေ့လာကြည့်ရအောင်ဗျာ …
Adaptive Display For Readability In The Sun
——————————————————————
Samsung-Galaxy-S5-Features-Display
ဒါကတော့ ဖုန်းတော်တော်များများမှာ ကြုံတွေ့နေရတဲ့ ပြသနာတစ်ခုကို ပြေလည်စေတဲ့ features တစ်ခုပါပဲ။ လက်ရှိဖုန်းအားလုံ:ဟာ နေရောင်ထဲမှာဆိုရင် display resolution ကတော်တော်မှိန်ပြီ:တော့ ကြည့်ရတာ ပုံမှန်လောက် အဆင်မပြေဖြစ်တာသတိထားမိကြမှာပါ… ဒါကို Galaxy S5 မှာ local contrast enhancement ဆိုတဲ့ နည်းပညာနဲ့ ဖြေရှင်းပေးထားပါတယ်… ဒီနည်းပညာက နေရောင်ထဲမှာဆိုရင် ဖုန်းရဲ့ screen contrast level ကို အော်တိုမြင့်လိုက်ပြီ: indoor မှာဖတ်တဲ့သဘောမျိုး ဖြစ်အောင်ညှိပေးမယ်လို့ဆိုတယ်ဗျ …. လက်ရှိ ဖုန်းတွေမှာပါတဲ့ Auto Brightness features နဲ့မတူဘူးလို့ဆိုပါတယ်…
ဒါဟာ စိတ်ဝင်စားစရာကောင်းပြီ: အသုံးဝင်မဲ့ နည်းပညာ၁ ခုပါပဲ ။
Download Booster
——————————
Galaxy-S5-feature-Download-booster
ဒါကလဲ နည်းပညာအသစ်ပါပဲ…. ဘယ်ဖုန်းမှာမှ မပါသေးဘူးထင်တယ်… နောက်ပိုင်:တော့ mobile phone တော်တော်များများပါလာကြမဲ့ နည်းပညာပါပဲ…. သူက ဘယ်လိုအလုပ်လုပ်သလဲ ဆိုရင် ဖုန်းက wifi မိနေရင်းနဲ့ ဖိုင်တစ်ခုကို ဒေါင်းလိုက်တဲ့အခါ mobile network connection ရော wifi connection ရော signal ၂ခုပေါင်းပြီ: ဒေါင်းလိုက်တယ်ဆိုပဲဗျ … mobile network ရဲ့ connection ရယ်… wifi network ရဲ့ connection ရယ်.. ၂ခုပေါင်းဆိုတော့ download speed က တော်တော်မြန်သွားတာပေါ့ဗျာ… Samsung ကတော့ 1GB ဖိုင်ဒေါင်းတာကို 30 second အတွင်းရစေမယ်လို့ဆိုပါတယ်….. ဒါပေမဲ့ သူပြောတဲ့အတိုင်းရမရဆိုတာက ဖုန်း ရဲ့ mobile network အမြန်နှုံးရယ်… wifi network ရဲ့အမြန်နှုံး ရယ် ပေါ်မူတည်မယ် ထင်ပါတယ်… ဥပမာ…. ကျွန်နော့် ရုံးမှာဆိုရင် wifi network ရဲ့အမြန်နှုံးက 100 Mbs လောက်ရတယ်… ကျွန်နော့်ဖုန်းရဲ့ download speed က 35 Mbs လောက်ဆိုတော့ ဒီနည်းပညာနဲ့သာ ဒေါင်းမယ်ဆိုရင် 135 Mbs လောက်မရရင်တောင် 120 Mbs လောက်ရမယ်ထင်တယ်ဗျ…. တစ်ခုတော့ ရှိတယ်… ဒီကောင်အလုပ်လုပ်မဲ့ mobile networrk က 4G LTE network ဖြစ်ရမယ်တဲ့ဗျ ….. ဒီနည်းပညာကတော့ Samsung ကထွင်တာတော့ မဟုတ်ပါဘူး…. ဒါပေမဲ့ Samsung က ဒီနည်းပညာကို Mobile phone မှာ ပထမဆုံး ထည့်သွင်းအသုံးချတဲ့ ကုမ္ပဏီ ဖြစ်မယ်ထင်တယ် …
Ultra Power Saver
—————————
ultra-power-saving-samsung-galaxy-s5
ဖုန်းတွေမှာပါတဲ့ Battery size ကဘယ်လောက်ကြီးကြီး ဖုန်းသုံးတဲ့ သူတိုင်းက ဖုန်းမှာ battery ကုန်ခါနည်း အခြေအနေကို ရင်ဆိုင်ဖူးကြပါတယ်… battery က 20 % လောက်ပဲ ကျန်ရင်ကို စိတ်မချမ်းသာတော့ပါဘူး… ဒီလိုအခြေအနေမျိုးမှာ အရေးကြီးဖုန်းတွေလာစရာရှိရင်ပိုပြီ: စိတ်ရှုပ်ရပါတယ်….. ဒီလိုအနေအထားမှာ ဖုန်းတွေမှာ default ပါတဲ့ power saving mode ထက်ပိုကောင်းတဲ့ feature တစ်ခုကို Galaxy S5 မှာမိတ်ဆက်ပြသထားပါတယ်… ဒါကတော့ Ultra Power Saver ဆိုတဲ့ features ပါပဲ…. ဖုန်း battery percentage နည်:တဲ့ အချိန်မှာ ဒီ modeကို ဖွင့်ပြီ:သုံးလိုက်မယ်ဆိုရင်ဖုန်း screen display ကို အဖြူအမဲ ပဲပြစေပြီ:တော့ လိုအပ်တဲ့ service အချို့ပဲ ချန်ထားပြီ:တော့ ကျန်တဲ့ service တွေအားလုံးကို ပိတ်လိုက်တယ်လို့ဆိုပါတယ်… ဒီ Ultra Power Saver ကိုဖွင့်ပြီ: သုံးရင် ဖုန်း battery 10 % ကျန်တာတောင် ဖုန်းကို 24 hours standby ထားလို့ရတယ်လို့ဆိုပါတယ် …. ဒါဟာ အရင် Nokia ဖုန်းတွေရဲ့ စံချိန်ကို ပြန်လိုက်မီသွားတဲ့ သဘောပါပဲ ..   Third party Battery Saver , Taskiller တွေထက် အများကြီးပိုကောင်းတဲ့ ပိုပြီ: အသုံးဝင်တဲ့ feature ပါပဲ ..
Camera Features
————————-
Samsung-Galaxy-S5-Features-Fast-Auto-Focus-620x210
Galaxy S5 မှာပါဝင်တဲ့ကင်မရာမှာပါဝင်တဲ့ Camera အသစ်မှာ စိတ်ဝင်စားဖို့ ကောင်းပြီ: အသုံးဝင်မဲ့ shooting mode တွေပါဝင်လာပါတယ်… ပထမဆုံးစိတ်ဝင်စားဖို့ကောင်းတဲ့ shooting mode အသစ်က တော့ Selective Focus ဆိုတဲ့ feature ပါပဲ……. ဒီကောင်ကိုသုံးပြီ:ဓာတ်ပုံရိုက်တဲ့ အခါ ကိုယ် focus ထားပြီ:ရိုက်လိုက်တဲ့ object ပဲထင်ထင်ရှားရှားရှိနေစေပြီ: နောက်က background ကို နဲနဲလေး ဝါးစေတဲ့ feature ပါ… အဲ့ဒီ့လို background ကနဲနဲလေးဝါးသွားတဲ့ အတွက် ကိုယ်တကယ် ပေါ်စေချင်တဲ့ object ကပိုပြီ: ပုံထွက် ကြွလာတယ် ထင်ရပါတယ်…. အရင်တုံးကတော့ Professional camera တွေနဲ့ ရိုက်မှ ဒီလိုမျိုးလုပ်လို့ရတာပါ…. ခုတော့ Galaxy S5 မှာပါတဲ့ camera နဲ့လဲဒီလိုအနေအထားဖြစ်အောင်ရိုက်လို့ရပါပြီ….. ရိုက်ချင်တဲ့ object ကို focus ယူရာမှာလဲ လက်ရှိMobile phone camera တွေထဲမှာ အမြန်ဆုံးလို့ဆိုပါတယ်… Auto focus function နဲ့ object တစ်ခုကို focus ယူတာ 0.3 seconde ပဲကြာမှာလိုဆိုပါတယ်… ဒါဆိုရင်တော်တော်မြန်တဲ့ focus speed လို့ပဲပြောရမှာပါပဲ….
Private Mode
——————-
Galaxy-S5-Feature-Private-Mode
ဒါကတော့ ကိုယ့်ရဲ့သူများကို မမြင်စေချင်တဲ့ secret ဖိုင်တွေကို password or fingerprint ပေးပြီ: hide ထားလို့ရတဲ့ feature ပါ…… Google Play မှာလက်ရှိရှိနေတဲ့ third party app တွေဖြစ်တဲ့ Vault, App Hide တို့လို့ feature မျိုးနဲ့တူမယ်ထင်ပါတယ်….. ဒါပဲမဲ့ သိတဲ့အတိုင်းပဲ အဲ့ဒီ့ app တွေက free ရတယ်ဆိုပေမဲ့ လစ်မစ် ၁ခုရှိပါတယ်… Galaxy S5 မှာက အဲ့ဒီ့လိုမျိုး feature defaultပါလာတယ်ဆိုတော့ အတိုင်းထက်အလွန်ပါပဲ… ဘာပဲပြောပြော ဖုန်းဆိုတာ ၁ ယောက်ထဲကိုင်တယ်ဆိုပေမဲ့ သူငယ်ချင်းတွေက ခနယူပြီ: ဟိုဟိုဒီဒီ ကလိတာ…. မိသားစုထဲက ၁ ယောက် ယောက်ကခနယူပြီ: ဟိုကြည့်ဒီကြည့်လုပ်တာ တွေရှိတက်တာပဲ….. ဒီလို အချိန်မျိုးမှာဆို ကိုယ့်ရဲ့ secret file , image , movies တွေကို Private Mode ထားပြီ: ဖျောက်ထားလို့ရတာ တော်တော်အသုံးဝင်ပါတယ်….. အိမ်ကမသိအောင် ရည်းစားခိုးထားနေရတဲ့ ကောင်မလေးတွေဆိုရင် တော်တော်အသုံးဝင်မဲ့ feature ပါပဲ…   ဟဲဟဲ အမှန်ကတော့ လူတိုင်းအသုံးဝင်ပါတယ် …
အပေါ်က ပြောသွားတဲ့ဟာတွေက Galaxy S5 မှာအသစ်ပါဝင်ပြီ:တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းပညာအသစ်တွေပါပဲ…. မူရင်း Galaxy S4 မှာပါတဲ့ wireless charing , Smart feature စတဲ့ feature များအပြင် ရေစိုခံတာတို့.. finger print , heart rate sensor စသဖြစ် နည်းပညာအသစ်တွေလဲပါပါတယ်…. ဒါပေမဲ့ ကျွန်နော့်ရဲ့ ပါဆင်နယ်အမြင်အရ အဲ့ဒီ့ကောင်တွေက စိတ်ဝင်စားစရာမကောင်းသလို ထင်တဲ့ အတွက်ထည့်မရေးတော့ပါဘူး…. ရေစိုခံတယ်ဆိုတာကလဲ ကျွန်နော့် ဖုန်းက ၁ နှစ်လုံးမှာ ရေတစ်ခါ့မှ မစိုတဲ့ အတွက် အသုံးမဝင်ဘူးလို့ယူဆပါတယ်….. မိုးရွာထဲသွားလဲ ထီးတော့ အနဲဆုံးပါတာပဲလေ… finger print ကျတော့လဲ ဖုန်း lock screen မှာ pin code password ကိုက မထားတဲ့အတွက် မလိုတာလဲပါတာပေါ့….. အဲ့ security အရလိုအပ်မယ်ဆိုရင်တောင် ရိုက်ထဲ့ရတဲ့ password ကိုပဲပိုပြီ: စိတ်ချယုံကြည်ပါတယ်.. Password pin code ဆိုတာ ကိုယ်စိတ်ထဲကပဲ သိနိုင်တာအပြင် ပြောင်းလွယ်ပြုလွယ် တာလဲပါတာပေါ့ … 4K video recording ဆိုလဲ အဲ့ဒီ့အတိုင်းပဲပေါ့… 4K monitor လဲမဝယ်နိုင်သေးတော့ ဘာမှအသုံးမဝင်သလိုဖြစ်နေတယ်…. အဲ့ကျွန်နော်မကြိုက်ပေမဲ့လဲ တစ်ခြားသူတွေ ကြိုက်မဲ့ feature ဟာတွေ လဲ ရှိပါအုံးမယ် ….. ဘာပဲပြောပြော ခုသေချာလေ့လာမိမှ Galaxy S5 မှာပါတဲ့ features တွေက Galaxy S4 စထွက်တုန်းကပါတဲ့ features တွေထက်ပိုပြီ အသုံးဝင်တယ်ဆိုတာ ဝန်ခံရမယ်ဗျို့ ..

myanmarmobileapp.com မှ

Thursday, February 27, 2014

နာမည်ကြီး အဆိုတော်များ ပါဝင်ထားသည့် Star တို့သင်္ကြန်


27.2.2014
နာမည်ကြီး အဆိုတော်များ ဖြစ်သည့် ဇော်ပိုင်၊ R ဇာနည်၊ ဖြိုးကြီး၊ ထူးအယ်လင်း၊ ဟဲလေး၊ Wai လျှံ၊
အစ္စဏီ၊ စစ် သွေး၊ ညီနန္ဒ၊ သူရ၊ ဘိုဘို၊ ယုဇန၊ Jenny ၊ ဆုပန်ထွာ၊ No ၊ သန္တာဗိုလ်၊ မာရီနာ၊ မှူးရတနာ
တို့ ပါဝင်သီဆိုထား သည့် "Star"တို့ရဲ့သင်္ကြန် တေးအယ်လ်ဘမ်ကို တေးသံရှင် စစ်သွေးမှ ဒါရိုက်တာ
အဖြစ် ရိုက်ကူးထားပြီး မတ်လ ပထမ ပတ်တွင် ရတနာမြိုင် တေးသံသွင်းမှ ဖြန့်ချိသွားမည် ဖြစ်ကြောင်း
 သိရသည်။
       အဆိုပါ DVD Live Show အခွေ တေးစီးရီး မိတ်ဆက်သည့် အခမ်းအနားကို ဒါရိုက်တာအဖြစ် ရိုက်ကူး
သူ တေးသံ ရှင် စစ်သွေး၏ မွေးနေ့တွင် ပူးတွဲ ပြုလုပ်ခဲ့သည်။ ''ဒီသင်္ကြန် အခွေလေးကို 2013 SEA Games
ပွဲလေးမှာ အဖွင့် သီချင်းဆိုရင်းနဲ့ အနုပညာ မောင်နှမတွေဖြစ်တဲ့ ဇော်ပိုင်၊ ဖြိုးကြီး၊ R ဇာနည်၊ ထူးအယ်လင်း၊
ဟဲလေးတို့နဲ့ တွေ့ဆုံ ပြီးဒီနှစ် မှာတော့ မြူးမြူးကြွကြွ နဲ့ သင်္ကြန်ခွေလေး တစ်ခွေလုပ်ဖို့ ပြောဖြစ်ကြတယ်။
နာမည်ကြီး အဆိုတော်တွေ ဖြစ်တာကြောင့် သူတို့ အားလပ်တဲ့ ရက်ကို သေချာ ညှိနှိုင်းပြီးမှ ဒီ "Star"
တို့ရဲ့သင်္ကြန် Live Show လေးကိုရိုက် ကူးခဲ့ပါတယ်'' ဟု မွေးနေ့ရှင် စစ်သွေးက ပြောပြခဲ့သည်။
                     Star တို့ရဲ့ သင်္ကြန် DVD Live Show ခွေကို Promotion များအနေဖြင့် မတ် ၂၇ ရက်တွင်
 ပြည်သူ့ရင်ပြင်၊ ဧပြီ ၅ ရက်တွင် လှိုင်သာယာ ဗစ်တိုးရီးယားနှင့် မန္တလေးမြို့တို့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရသည်။

MWD

Miss 27th SEA Games Myanmar ပြိုင်ပွဲ ကျင်းပမည်

MRTV
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် Volunteer များအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့်
 မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်လေးများအား ဂုဏ်ပြုသည့်အနေဖြင့် Miss 27th SEA Games Myanmar
ပြိုင်ပွဲကြီးကို (၃၀-၃-၂၀၁၄) ရက်နေ့တွင် ကျင်းပနိုင်ရန်အတွက် အကြိုစာနယ်ဇင်းရှင်းလင်းပွဲကို (၂၆-၂-၂၀၁၄)
ရက်နေ့တွင် ယုဇနဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။

windows 8 activator

windows 8 activator မဖြစ်သေးတဲ့ မိတ်ဆွေများ windows 8 activator ကိုဒေါင်းနိုင်ပါပြီ
Window 8 အသုံးပြုသူများ လိုင်စင်အတွက် စိတ်မညစ်ရအောင် Windows 8 Activator လေးကဖြေရှင်း
ပေးပါလိမ့်မည် Window 8 Version အားလုံးမှာအသုံးပြုနိုင်မှာဖြစ်ပါတယ် 100% Activate ဖြစ်ပါတယ်
 အသုံးပြုရတာလည်းလွယ်ကူပါတယ်။ Windows 8 Activator ကို Double Click နှိပ်လိုက်ရုံနဲ့
 Auto Restart ကျသွားပါလိမ့်မယ်။ Window ပြန်တက်လာရင်တော့ မိတ်ဆွေရဲ့ Window 8 ဟာ Activate
 ဖြစ်သွားပါပြီ။ တစ်ခုဘဲသတိပြုရမှာက Activator ကို Double Click မနှိပ်ခင်မှာ ကွန်ပြူတာမှာ Program
 တစ်ခုမှ Run ထား လို့မရပါဘူးနော် အဆင်ပြေမှပါ

                                                  ImageFra.me
                                            
                                                       DOWNLOAD

Wednesday, February 26, 2014

Y.M.A - ပြား ၉၀(2014)[Album]MP3

၀၁     ပြား ၉၀   
၀၂    အချစ်ကြောင့်လွှဲမှား   
၀၃    အချစ်အလွမ်းဇာတ်လမ်း   
၀၄    မင်းရှိရင်အေးဆေး   
၀၅    ပြိုင်ဘက်ကင်း   
၀၆    အချိန်တိုင်း   
၀၇    ငါ့ကိုအသေသတ်   
၀၈    မရှိမဖြစ်   
၀၉    စိုး   
၁၀    ဘာညာမလိုပါ   
၁၁    အသည်းကြီးသူ   
၁၂    GoodBye   
                                                DOWNLOAD

Tuesday, February 25, 2014

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ထုတ် Mobile Guide Journal - Issue 143

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ထုတ် Mobile Guide Journal - Issue 143
                               DOWNLOAD

ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် - အတွဲ ၁၅ အမှတ် ၉

ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် - အတွဲ ၁၅ အမှတ် ၉
                                         DOWNLOAD

Monday, February 24, 2014

VA - သားသားနားနားသုံးရာသီ Volume # Two (2014)[Album]MP3

သားသားနားနားသုံးရာသီ [Album ရပြီ

၀၁။ အိမ်မက်မြို့ပျက် - Big Bag
၀၂။ ဒီဆောင်းတစ်ည - Lလွန်းဝါ
၀၃။ အနမ်းနေ့ရက်များ - Gateway
၀၄။ မိုးနဲ့အတူ - သားကြီး
၀၅။ မူယာမာယာမိုး - မင်းမင်းလတ်၊ အနဂ္ဂ ၊သံသာဝင်း
၀၆။ ဖက်ထားပါ - မိစန္ဒီ
၀၇။ နှင်းဝေတဲ့ဆောင်း - စန္ဒီမြင့်လွင်၊ နီနီခင်ဇော်
၀၈။ ကြိုပါအုံးကွယ် - အစ္စဏီ
၀၉။ အလွမ်းမိုးစက်များ - Too Big
၁၀။ မမုန်းမယ့်မိုး - စန္ဒီ
၁၁။ ဝေးလို့မဖြစ်တဲ့နေ့ - Wai လျှံ
၁၂။ အချမ်းပြေအနမ်း - သြရသ
၁၃။ ဆောင်းညအလွမ်း - ချစ်ခွန်းညံ
၁၄။ ဒို့လူခါးလည်းကိုင်းနေပြီ - ကိုင်ဇာတင်
                                        DOWNLOAD

Fast Racing 3D Android Apk

ဒီနေ့ Android ဖုန်းသုံးမိတ်ဆွေများအတွက် Game ကောင်းလေးတစ်ခုတင်ပေးလိုက်ပါတယ်
Android မိတ်ဆွေများ အောက်မှာ ဒေါင်းနိုင်ပါပြီ တစ်ခုတော့ ကြိုပြောလိုက်ပါရစေ ဒေါင်းယူပြီး
ဖုန်းထဲမှာ Install လုပ်မရပါ က အားမနာ ကျေးပြောခဲ့ကြပါ ကျွန်တော် Upload လုပ်တဲ့အခါ
အဆင်မပြေမှုတွေနည်းနည်းရှိနေလို့ပါ တကယ့်လို့မရဆိုရင် ပြင်တင်ပေးမှာပါ
               အဆင်ပြေနိုင်ကြပါစေ
                              DOWNLOAD

photo shop Serial Numbers: စုစည်းမှု

Adobe Photoshop 234567 Serial Numbers
တွေကတော့ အကုန် အဆင်ပြေချင်မှ ပြေပါမယ် တစ်ခုနဲ့ အဆင်မပြေရင် နောက်တစ်ခု
ပြောင်းပြီးထည့်ကြည့်ပါ အဆင်ပြေပါလိမ့်မယ်.. လိုချင်ရင်တော့ကူးပြီးသိမ်းထားစေချင်ပါတယ်

Adobe Photoshop Cs2 Serial Numbers:

1045-5842-7027-1302-1424-5692
1045-1084-3377-5725-2191-9202


Adobe Photoshop Cs3 Serial Numbers:

1330-1677-5672-5154-0616-8692
1330-1899-1879-7614-0164-0312
1330-1751-1921-7520-1721-1350
1330-1363-7694-4895-1528-1544
1330-1800-5141-4335-5864-7292
1330-1639-1879-7614-0164-0352
1330-1313-7694-4895-1528-1598
1330-1863-9167-6007-0649-1177
1330-1793-3705-2324-5056-2305
1330-1455-9505-9239-2041-4849
*

Adobe Photoshop Cs4 Serial Numbers:

1330-1802-1117-5362-3659-4617
1330-1614-6908-3941-2384-0909
1330-1364-9655-9747-2144-4369
*****

Adobe Photoshop CS5 Serial Numbers:

1330-1363-1206-9398-1328-8912
Adobe Photoshop Cs5 12.0 Serial Number:
s/n: 1330-1927-7762-6383-0202-0414
Note: Add the following line in your hosts file located in C:\Windows\system32\
drivers\etc\hosts: 127.0.0.1 activate.adobe.comAdobe Photoshop cS5 is very costly
and a number of designers can’t afford and buy Adobe Photoshop CS5 so check out
under serial number and enjoy.

1325-1263-0034-6192-0472-9778
1325-1157-8207-7707-9798-6532
1325-1319-1010-6434-1955-4619
1325-1870-2938-9873-5356-2624
1325-1174-1834-0596-8505-0323
1325-1271-7898-3364-1803-3655
1325-1823-6020-0958-5549-2729
1325-1177-2533-5307-9327-8593
1325-1960-8746-4023-7312-2320
1325-1095-0854-7085-2679-7165
1188-1702-9219-4234-2059-4581
1330-1281-8916-6015-7348-5124
1325-1558-5864-4422-1094-1126
1330-1886-0283-4688-9152-2034
1330-1971-4830-5668-6067-1762
1330-1912-2628-0850-0232-4869
1330-1148-0472-2735-6555-0617
1330-1544-4195-8131-3034-5634

Adobe Photoshop Cs6 Serial Numbers:
The Latest Serial Number Photoshop CS6

1330-1971-4830-5668-6067-1762
1330-1912-2628-0850-0232-4869
1330-1148-0472-2735-6555-0617
1330-1544-4195-8131-3034-5634
1330-1886-0283-4688-9152-2034
1330-1118-3174-6558-8260-5378
***

Adobe Photoshop CS7 Serial Numbers:

1045-1209-6738-4668-7696-2783
1045-0009-2130-3302-1733-9518
1045-1208-8261-8319-6942-3707
1045-1209-6738-4668-7696-2783

Sunday, February 23, 2014

Hacking ကိုစိတ်ဝင်စားလေ.လာနေ သူမျးအတွက် Hacking Ebook Collection(Engkish)

 Hacking ကိုစိတ်ဝင်စားလေ.လာနေတဲ.မိတ်ဆွေများအတွက် အင်္ဂလိပ်လိုမူရင်းအတိုင်းအားလုံးပေါင်း၂၅အုပ်ပါ
ကို ရှာကြံပေးလိုက်ပါပြီ ကျွန်တော်ကနားမလည်တော.ဘယ်လိုအသုံးဝင်တန်ဖိုးရှိလဲဆိုတာတော.မသိပါဘူးဗျာ
Hacking ကိုကိုများအတွက်တော့ အသုံးဝင်ကြမှာပါ ပါဝင်တဲ.စာအုပ်တွေကိုတော့ အောက်မှာဖတ်ကြည့်နိုင်ပါတယ်

HACKING INTO COMPUTER SYSTEMS
Aldi Go Cruise 4300 Hack
Got Citrix? Hack IT!
Hacking printers:for fun and profit
Google Hack Honeypot Manual
How to hack facebook with c ooki e stealing method
SMARTPHONE HACKING 101
Online Security at the Crossroads 60
Hack By Peter Wrenshall
Hack DNS for lightning-fast Web browsing
Hack HP Computer Password
Hack is 'fluent' in the legislature
Hack Squats – Old Way
Hacking Coke Machines
Hack-ma-tack National Wildlife Refuge
Reach Out and Hack Someone Session 8843
SHARE 96 (Feb.2001), Session 8172
SUNDAY 4th MAY 2014 8AM - 3PM
TLC DRIVER LICENSE NEW APPLICATION INSTRUCTION GUIDE
URU Hacking Manual
Using ArcGIS™ Survey Analyst
Hack the 360: The Tutorial
Wireless Sniffing with Wireshark
The Making of the FOCUS 11 Apple iPad Hack
wp-got-- citrix  hack it
                                           DOWNLOAD

Saturday, February 22, 2014

ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် - အတွဲ ၂ အမှတ် ၅၀


ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် - အတွဲ ၂ အမှတ် ၅၀
                         DOWNLOAD ရပြီ

ပိုးအိစံ လွမ်းမပြေတဲ့နှောင်း Mp3 Album

ပိုးအိစံ လွမ်းမပြေတဲ့နှောင်း Mp3 Album  ဒေါင်းနိုင်ပါပြီး

                        DOWNLOAD  Album


Friday, February 21, 2014

Master Thingyan(မာစတာသင်္ကြန်(2014)[Album]MP3

Master Thingyan(မာစတာသင်္ကြန်(2014)[Album]MP3  ရပြီ  လင့်မသေမှီ ဒေါင်းထားကြပါ
တေးချစ်ပဂိတ်သက်များအတွက် မျှပေးလိုက်ပါပြီ

1    နှစ်သစ်ကူးတော့မယ် - Nine One & မိစန္ဒီ  
2    အများနဲ့မသက်ဆိုင်တဲ့ငါ - လွှမ်းပိုင်& Bobby Soxer  
3    ရင်ခံတယ် - အေသင်ချိုဆွေ  
4    သင်္ကြန် Barble ရုပ် - ဂျောက်ဂျက်  
5    ဒါမျိုးကြတတ်တယ် - ထွန်းရတီ  
6     ဓာတ်လိုက်သည် - သားကြီး  
7    တစ်ကြိမ်သာရသော - အိမ့်ချစ်  
8    ဖိန့်ဖိန့်တုန် - ဆန်းသစ်လ  
9    တစ်ယောက်ဆိုတစ်ယောက် - ပူစူး  
10    သုံးရက်ထဲပါ - မေသူ  
11     ဖြူပြာနီဝါ - ဇော်ဝင်းထွဋ်၊ သား​စိုး
                             
                                                   DOWNLOAD Album

Satellite P50t (Touch)Gaming Notebook Price – USD 1299

ဂျပန်နည်းပညာဖြင့်ထုတ်လုပ်ထားပြီး Entertainment ပိုင်းတွင် Audio Sound System ကို Performance
 ကောင်းကောင်း ဖြင့် နားဆင်နိုင်ရုံသာမက အဆင့်မြင့်ဂိမ်းပါကစားနိုင်မည့် အကြမ်းခံ ပြီးပြည့်စုံတဲ့ Satellite P50t
 Touch Gaming Notebook အမျိုးအစားဖြစ်ပါတယ်။
       Processor အနေဖြင့် Intel ရဲ့ ပါဝါစားသက်သာတဲ့ Ultra Low Voltage (U series) Core i7 3537U 2.0GHz
ကိုအသုံးပြုထားတဲ့အတွက် ဘက်ထရီသက်တမ်းကို ပိုမိုကြာရှည်စွာအသုံးပြုနိုင်မည်ဖြစ်ပါတယ်။ Intel Turbo Boost
Technology ကို အသုံးပြုထားသည့်အတွက် Processor speed ကို 3.1GHz အထိ မြှင့်တင်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။
Memory အနေဖြင့် 4GB+4GB DDR3(1600) အသုံးပြုထားပြီး HDD အနေဖြင့် 1TB ပါဝင်ပြီး HDDကို ပိုမိုကြံ့ခိုင်စေသော
short absorbers ပါဝင်သောကြောင့် data တွေသိမ်းဆည်းဖို့အတွက် လုံလောက်တဲ့ပမာဏဖြစ်သည့်အပြင် HDD အပျက်
အစီးမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
                  Graphic ပိုင်းမှာ High Performance Graphics Card ဖြစ်တဲ့ NVIDIA® GeForce® GT740M 2GB VRAM
တပ်ဆင်ထားတဲ့အတွက် Graphic Design အသုံးပြုချင်သူတွေရော၊ ဂိမ်းကစားချင်သူတွေ အတွက်ပါအသုံးဝင်မှာသေချာပါတယ်။
မျက်နှာပြင်အရွယ်အစားအနေဖြင့် 1920x1080 resolution ရှိသော 15.6” Full HD Display နှင့် 10 point Multi-Touch Panel LED
 Display ကို အသုံးပြုထားပြီး Full HD Clear Super View LED Backlit Display TFT ကို အသုံးပြုထားတဲ့အတွက် HD Movies
များကို အကောင်းဆုံး ရုပ်ထွက်အရည်အသွေးဖြင့် ကြည့်ရှုခံစားနိုင်မှာပါ။
      အသံထွက်ပိုင်းဆိုင်ရာမှာ High Performance Speaker ဖြစ်တဲ့ Harmon Kardon Speaker နှင့် SRS Premium Sound 3D
 system ကို တွဲဖက်အသုံးပြုထားသည့်အတွက် Premium HD Sound တွေကို အကောင်းဆုံးနားဆင်ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်
movies,music နှင့် games တွေရဲ့ audio sound system ကို performance ကောင်းကောင်းဖြင့် နားဆင်ခံစားနိုင်ပါတယ်။
Blacklit LED Tile Keyboard ကို အသုံးပြုထားသည့်အတွက် အမှောင်ထဲမှာ အသုံးပြုသူများအတွက် အဆင်ပြေစေမှာဖြစ်ပြီး
ကြီးမားတဲ့ Click Pad ပါဝင်သောကြောင့် အသုံးပြုသူများကို စိတ်တိုင်းကျစေမှာဖြစ်ပါတယ်။Toshiba SmartFace Technology ကို
တွဲဖက်အသုံးပြုနိုင်တဲ့ 0.9M HD ကင်မရာတပ်ဆင်ထားပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ယူနိုင်မှာဖြစ်ပြီး DVD Drive
လည်းပါဝင်တာတွေ့ရပါတယ်။
      Internet ချိတ်ဆက်အသုံးပြုဖို့အတွက် Wifi စနစ် အပြင် Bluetooth 4.0 နှင့် Card Reader တို့လည်းပြည့်စုံစွာပါဝင်ပါတယ်။
Data Transfer အတွက် USB Port 3.0 (2) ခု နှင့် USB Port 2.0 (2) ခု ပါဝင်ပြီး VGA port, HDMI port တို့လည်းတပ်ဆင်ထား
တာတွေ့ရပါတယ်။
     Network ပိုင်းအနေဖြင့် 1Gbps LAN ကိုအသုံးပြုထားတဲ့အတွက် network ချိတ်ဆက်မှုတွေကို လျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Battery ပိုင်းမှာတော့ 6-Cell Lithium ion အမျိုးအစားကိုအသုံးပြုထားပါတယ်။ ***Windows 8 (64-bits) Licence OS ပါဝင်ပါတယ်။
ကာလာအရောင်မှာ ဆွဲဆောင်မှုရှိသော Precious Silver အရောင် ဖြစ်ပါတယ်။
       ဒါ့အပြင် Toshiba ရဲ့အသုံးဝင်ဆုံး Software များဖြစ်တဲ့ - Sleep & Charges Technology (Laptop ပါဝါပိတ်ထားချိန်မှာပင်
အခြားMobile Devices တွေကို USB port မှတဆင့် အားသွင်းယူနိုင်သောနည်းပညာ) - Toshiba Face Recognition (သို့) Toshiba
SmartFace™ Technology ( မျက်နှာဖြင့် Password လုပ်ထားနိုင်သောနည်းပညာ) - Toshiba PC Health Monitor (မိမိကွန်ပြူတာရဲ့
ပါဝါစားသုံးမှု၊ Battery Health, System အအေးပေးစနစ် နှင့် HDD ကြံ့ခိုင်မှုအခြေအနေတို့ကို ဖော်ပြပေးသောနည်းပညာ) - Toshiba
PC Diagnostic Tool (ကွန်ပြူတာရဲ့အဓိကအစိတ်အပိုင်းများဖြစ်တဲ့ CPU, Memory, HDD, Display, Sound, USB, DVD, Network
တို့ကို စစ်ဆေးနိုင်သောနည်းပညာ) - Toshiba Eco Utility (ပါဝါသုံးစွဲမှုကို အလိုအလျောက်လျော့ချပေးသောနည်းပညာ) တို့ပါဝင်
သည်ကိုတွေ့ရပါသည်။
           Warranty ပိုင်းအနေဖြင့် 1-Year Local Warranty ပေးထားပြီး Royal Smart Trading Co.,Ltd မှတင်သွင်းဖြန့်ချိပါသည်။
ဖုန်းနံပါတ် ၂၄၉၉၀၉၊ ၀၉၇၃၀၄၂၁၄၈ တို့တွင်စုံစမ်းနိုင်ပါသည်။
Smart Pro journal

facebook စတိုင်တစ်ခုကိုပြောပြလိုက်မယ်နော်

ချစ်မိတ်ဆွေများအတွက် facebook စတိုင်တစ်ခုကိုပြောပြလိုက်မယ်နော် သူငယ်ချင်းတို့ အကောင့်မှာ 
 သူငယ်ချင်းတွေကို facebook က စီစဉ်ပေးတဲ့ဓာတ်ပုံလေး မလုပ်ချင်ကြဘူးလားဗျာ လုပ်ချင်တယ်ဆိုရင်
တော့.. ပထမဆုံး ဒီလင့်ကို နှိပ်ပြီး အောက်ပါပုံလေးလို့ တွေမြင်ရတဲ့အခါ
Yes , Generate My Friendship Stamps ဆိုတဲ့ စာကြောင်းလေးကို နှိပ်ပြီးဝင်လိုက်ပါ.. တတိယ အနေနဲ့
ဒီပုံလေးလို့တွေလာတဲ့ခါ Okay ကိုနှိပါရမှာပါနော်..နောက်တစ်ခါ အောက်ပါပုံလို့တွေရမှာပါ
အောက်ဖက်နားက Save and Publish Stamps ဆိုတဲ့ စာကြောင်းကို နှိပ်လိုက်ရင် အဆင်ပြေပါပြီဗျာ..
 ကဲ့ဝါသနာပါပြီ လုပ်ချင်တဲ့ သူငယ်ချင်းတွေ လုပ်လိုက်ကြနော်..


ဧပြီလတွင်ဖြန့်မည့် Galaxy S5တွင် မျက်လုံးscanner ကိုထည့်သွင်းရန်လေ့လာလျက်ရှိ

Galaxy S5 အား ဧပြီလတွင် ဖြန့်ချီမည်ဖြစ်ပြီး မျက်လုံးစကင်ဖတ်သည့် နည်းပညာကို ပထမဆုံးအနေဖြင့် အသုံးပြုရန်
 လေ့လာလျက်ရှိသော Samsung သည် Apple၏ iPhone များကို ပြိုင်ဆိုင်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။
S5 ဖုန်းသည် Galaxy Gear နာရီနှင့်အတူ ပွဲထွက်လာမည် ဖြစ်ကြောင်း Samsung၏ ဖုန်းလုပ်ငန်းဆိုင်ရာ အမှုဆောင်
ဒုဥက္ကဌ လီယန်ဟီး က ဇန်နဝါရီ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော Bloomberg နှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ကျွမ်းကျင်သူများ ခန့်မှန်းထားသလောက် အမြတ်မရရှိခဲ့သော Samsung သည် တက်ဘလက်ဈေးကွက်အား မြှင့်တင်ရန်
 ကြိုးစားရင်းဖြင့် ထုတ်ကုန်သစ်များကိုလည်း မိတ်ဆက်တော့မည် ဖြစ်သည်။
              “မတ်လနဲ့ဧပြီလလောက်လိုမျိုး နှစ်တိုင်းနှစ်တိုင်းရဲ့ ပထမနှစ်ဝက်ကာလမှာ ကျွန်တော်တို့ရဲ့အဓိကကျဆုံးဖုန်းကို
ကြေငြာလေ့ရှိပါတယ်။ အခုလည်း ဒီအချိန်လောက်မှာပဲဖြန့်ဖို့ ကျွန်တော်တို့မှန်းထားပါတယ်။ ကျွန်တော်တို့ S5ကို ဖြန့်တဲ့အချိန်မှာ
 ပိုပြီးမြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့ Gear အသစ်ကိုလည်း မြင်ရမှာပါ။ ကြီးလွန်းတဲ့ဒီဇိုင်းကိုလည်း မွမ်းမံထားပါလိမ့်မယ်” ဟု လီ
က ပြောကြားခဲ့သည်။
         အဆင့်မြင့်ဖုန်းဈေးကွက်ရှိ Apple နှင့် ဒေါ်လာ၁၀၀အောက် ဖုန်းများ ပြုလုပ်နေသော တရုတ်ဖုန်းထုတ်လုပ်သူများကို
ကာကွယ်ရန် ကမ္ဘာပေါ်တွင်ရှိသော ဖုန်းသုံးလုံး၌ တစ်လုံးခန့်ရောင်းချနေရသော Samsung သည် မော်ဒယ်သစ်များနှင့် feature
သစ်များကို ပြုလုပ်လျက်ရှိသည်။
      ဖုန်းခေါ်ဆိုနိုင်ပြီး ဖုန်းအတွင်းရှိ အချက်အလက်များကို ပြသပေးနိုင်မည့် မျက်မှန်ဒီဇိုင်းတစ်ခုကို အောက်တိုဘာလ၌
တောင်ကိုရီးယားတွင် Samsung က မှတ်ပုံတင်ခဲ့သည်။

Credit : ဖိုးသူတော်phothutaw.com

ဖုန်း Android Appများ ကို ကွန်ပျူတာတွင် အသုံးပြုရန် နည်းလမ်း



Android ဖုန်းပေါ်က Application တွေကို Window ပေါ်မှာ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးတဲ့ ဆောဖ့်ဝဲနဲ့ နည်းလမ်းပေါင်း မြောက်များစွာ ရှိပါတယ်။ ယင်းနည်းလမ်းပေါင်းမြောက်များစွာထဲက Android ကို PC ( Windows , Mac) များမှာ အသုံးပြုရန် လွယ်ကူသော နည်းလမ်းနဲ့ ဆောဖ့်ဝဲကို မျှဝေပေး လိုက်ရပါတယ်။
အောက်ဖော်ပြ လခ့်ကနေ Software ကို ဒေါင်းလုခ်ရပါမယ်။

http://www.bluestacks.com/bstk-download-success-2.htm

အင်တာနက်ဆိုင်မှာ အသုံးပြုနေရပြီး ယင်း Android ကိုအိမ်မှာ ပြန်လည်အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါလခ့်မှာ ဝင်ရောက် ဒေါင်းလုခ်ဆွဲနိုင်ပါတယ်။

http://bluestacks.software.informer.com/

Windows OS ကွန်ပျူတာသများက PC ဆိုတာကို ရွေးချယ်ပြီး Apple user များကတော့ Mac ကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။ Software ကို Download ဆွဲရန် App ကတော့ ယူတာမကြာပါဘူး။ သို့ပေမယ့် ယင်းဆော့ဖ်ဝဲကို Run လုပ်ပြီး Install လုပ်တာတော့ ကော်နက်ရှင်အထိုက်အလျာက်ကြာနိုင်ပါတယ်။ စာရေးသူကတော့ ၅ မိနစ်စောင့်လိုက်ရပါတယ်။

Install လုပ်ပြီးပြီဆိုရင်တော့ သာမန် Android ဖုန်းတစ်လုံးအသုံးပြုသလို အသုံးပြုလို့ ရပါပြီ။ ဥပမာ- Facebook အသုံးပြုခြင်း၊ Android Application များ ဒေါင်းလုခ်ဆွဲ အသုံးပြုခြင်း တို့လိုမျိုး ဖြစ်ပါတယ်။ Offline အသုံးပြုချင် သူများကတော့ App တွေကို တစ်ခါတည်းဒေါင်းလုခ် ဆွဲသွားရ ပါမယ်။

သူကအလကားပေးတဲ့ Software ဖြစ်တဲ့အတွက် တစ်ခါခါ ကြော်ငြာဝင်တာကလွဲလို့ သုံးရတာ အဆင်ပြေပါတယ်။ စာဖတ်သူတို့ စမ်းသုံးလို့ရအောင် မျှဝေပေးလိုက်ရပါတယ်။

စာဖတ်သူတို့ဆီမှာ ဒီထက်ပိုကောင်းတဲ့ ဆော့ဖ်ဝဲနှင့် နည်းလမ်းများ ရှိပါက မျှဝေပေးစေလိုပါသေး တယ်။
----

  နတ်သားလေး facebook  

အမေရိကန် ရှိ Samsung Device (၁၄) ခု တွင် Android 4.4 KitKat ရပြီ

Samsung USA က အမေရိကန် ရှိ Samsung Device (၁၄) ခုတွင် Android 4.4 Kitkat ကို Update ပြုလုပ်ပေးလိုက်ကြောင်း
ကြေညာပါတယ်။ Galaxy S3 အပါအ၀င် လွန်ခဲ့တဲ့ နှစ် နှစ် က ထုတ်လုပ်ရောင်းချခဲ့တဲ့ Device တွေ ပါဝင်ပါတယ်။ ဒီလို Update
ပေးနိုင်ဖို့ Samsung ရဲ့ Software ဌာန က အတော်ကြိုးစားခဲ့ရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Update ရရှိတဲ့
Device တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

• Galaxy Note 3
• Galaxy Note II
• Galaxy S4
• Galaxy S4 mini
• Galaxy S4 Active
• Galaxy S4 zoom
• Galaxy S III
• Galaxy S III mini
• Galaxy Mega
• Galaxy Light
• Galaxy Note 8.0
• Galaxy Tab 3
• Galaxy Note 10.1
• Galaxy Note 10.1 2014 Edition
အဲဒီ Device တွေအားလုံး ကို လာမယ့် ရက်သတ္တပတ်များမှာ Update ပေးမှာ ဖြစ်ပါတယ်။ Sprint သို့မဟုတ် အမေရိကန် Cellular
ကနေ ၀ယ်ယူအသုံးပြုတဲ့ Galaxy Note 3 , Galaxy S4 ဖုန်းများမှာတော့ Update စတင်ရရှိပြီ ဖြစ်ပါတယ်။ အမေရိကန် မှာ သာ Update
 ရရှိသေးတာဖြစ်ပြီး နိုင်ငံတကာ က အဆိုပါ Device တွေအတွက်တော့ Samsung က ပြောကြားခြင်းမရှိသေးပါဘူး။

Ref:Myanmar Digital Life Journal


Thursday, February 20, 2014

မိုဘိုင်းဆော့ဖ်ဝဲ WhatsApp အား ဒေါ်လာ ၁၆ ဘီလီယံ ဖြင့် Facebook ၀ယ်ယူ

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၁၄
M-Media
မိုဘိုင်းဆော့ဖ်ဝဲ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း လူကြိုက်များသည့် WahtaApp ဆော့ဖ်ဝဲကို Facebook က
ကန်ဒေါ်လာ ၁၆ ဘီလီယံ (၁ဘီလီယံ=သန်း ၁၀၀၀) ဖြင့် ၀ယ်ယူလိုက်သည်ဟု သိရသည်။
WhatsApp အသုံးပြုသူများမှာ လစဉ် သန်း ၄၅၀ ခန့်ရှိပြီး၊ အသုံးပြုသူ သန်းထောင်ချီ ရှိလာမည့် လမ်းကြောင်း
ပေါ်တွင် ရောက်နေသည်ဟု Facebook ၏ အမှုဆောင်အရာရှိချူပ် မာ့ခ် ဇူကာဘာ့ဂ်က ပြောကြားခဲ့သည်။
“WhatsApp နဲ့ Facebook တို့ရဲ့ပေါင်းစည်းမှုကနေ ကမ္ဘာတစ်ဝှမ်းက အခြားလူပေါင်းများစွာကို ဆက်သွယ်ခွင့်
ကျွန်တော်တို့ရပါလိမ့်မယ်။ Instagram နဲ့ Messenger တို့လို မိုင်းဘိုင်းလောက မိုဘိုင်းလောကရဲ့ လုပ်ဆောင်
ချက်တွေကို ပိုမိုဖွံ့ဖြိုးအောင် ကျွန်တော်လို့ လုပ်ချင်ပါတယ်” ဟု ဇူကာဘာ့ဂ်က ပြောကြားခဲ့သည်။
WhatsApp အား ၀ယ်ယူသည့် ကန်ဒေါ်လာ ၁၆ ဘီလီယံတွင် လက်ငင်းငွေသား ၄ ဘီလီယံနှင့် Facebook ရှယ်ယာ
 ၁၄ ဘီလီယံတို့ပါဝင်ပြီး၊ သီးသန့်ဘုတ်အဖွဲ့နှင့် စီမံခန့်ခွဲသွားမည်ဖြစ်သည်။ ထို့ပြင် WahatsApp ပူးတွဲတည်ထောင်
သူနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဂျန်ကွမ်မှာ Facebook ၏ ဘုတ်အဖွဲ့ထဲသို့ ပါဝင်လာမည်ဖြစ်သည်။

Ref: dailymail

ISO ဆိုတာ ဘာလဲ၊ ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊??

အသုံးတည့်တဲ့ ကော်ပီပို့စ်တစ်ပုဒ်တင်ပေးလိုက်တယ်။ ကိုယ်တိုင်ရေးရတာပျင်းတာနဲ့ သူများဆိုက်ကနေပဲ
ယူသုံး လိုက်တယ်။ ISO ဖိုင်နဲ့ပတ်သက်တဲ့လုပ်ပုံလုပ်နည်းလေးတွေအတွက် ဒီပို့စ်က အထောက်အကူဖြစ်
စေပါလိမ့်မယ်  ဒါပေမယ် ဆောဝဲလ်ကိုတော့ ကိုယ်တိုင်တင်ပေးလိုက်ပါတယ်
ISO ဆိုတာ ဘာလည်းဆိုတာကနေ စကြပါစို့...ဒီတော့ ISOဆိုတာ အရှည်ကတော့ . International Organization for Standardization ပေါ့..Archive ဖိုင်အမျိုးအစားတခုပါပဲ..DISC Image အမျိုးအစားတခုလို့လည်း လူသိများပါသေးတယ်.။ သူကိုတော့ခုနောက်ပိုင်းတော်တော် များများကို ISO တွေနဲ့ပဲ ထွက်လာကြတာ သတိထားမိပါလိမ့်မယ်... Window ခွေဆိုလည်း ISO Software collection ဆိုလည်း ISO နဲ့ တော်တော်လေးကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာကိုတွေ့မိကြမှာပါ.။ နောက်ထပ် UDF ဆိုတာ ရှိတယ်.. ဒါဆို UDF ဆိုတာကဘာလည်း ထပ်ပေါ်လာပြန်ပါပြီ.. UDF ဆိုတာကရဲ့ အရှည်ကတော့ Universal Disk Format (UDF) ပါ. ကျယ်ကျယ်ပြန်ပြန့်တော့ ရှင်းပြမနေတော့ပါဘူး။နောက်ဆုံးတခုအနေနဲ့ Universal Image Format (UIF) ဆိုတာလည်း ရှိပါသေးတယ် Bootable ခွေ တခွေ အဖြစ် သို့မဟုတ် DVD /CD ခွေ တခွေဖြစ်အောင် ဖန်တီးနိုင်တဲ့Format အမျိုးအစားတွေပါပဲ့.။
ISO File ဘယ်လိုလုပ်ကြမလဲ??
ဖိုင်တဖိုင်ကို ISO လုပ်တော့မယ်ဆိုရင်တော့ လွယ်ပါတယ်။ ဥပမာ MagicISO နဲ့ လုပ်လုပ် Power ISO နဲ့လုပ်လုပ် လုပ်လို့ ရပါတယ်. ဒါဆို Power ISO နဲ့ ISO ဖိုင်တခုလုပ်မယ်ဆိုကြပါစို့. ဒါဆို Power ISO ကိုဒေါင်းလုပ်ချ ရမ်းပါ. အရင်ဆုံး ဒေါင်းလုပ်ချ ဖို့ အောက်မှာပေးထားပါတယ်.. ကြိုက်တာကိုဒေါင်းယူပါ.. ပြီးရင်တော့ ကိုယ်လုပ်ချင်တဲ့ ဖိုင်ကို Power ISO ထဲ့ကို စွဲထည့်ပြီး Create Image လုပ်လိုက်ယုံပါပဲ့ ။ အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ အြ့ကမ်းဖျင်း ရှင်းပြပေးပါဦးမယ်။ 
အဆင့် ၁ …
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ISO လုပ်ချင်တဲ့ ဖိုင်ကို Desktop ပေါ်တင်ထားလိုက်ပါ ပိုလွယ်အောင်လို့ပါ . ပြီးရင် ISO (Power ISO) ဖိုင်ကို ဖွင့်ပြီး ဆွဲထည့်လိုက်ပါ . အောက်က ပုံလေးလိုပါ....

အဆင့် ၂
ဒီအဆင့်ရောက်ပြီဆိုရင်တော့ Save ကို နိုပ်လိုက်ရင် ဘာနဲ့ Save မှာလည်းဆိုပြီးမေးပါလိမ့်မယ်။ ဒါကို သူမှာတော့ ၃ မျိုးပေးထားပါတယ်။ ကျွန်တော်တို့ က ISO လိုချင်တာ ဖြစ်တဲ့ အတွက် ISO ဆိုတာလေးကိုရွေးပြီး Save လိုက်ယုံပါပဲ။

အဲ့ထက်ပိုရှင်းသွားအောင် ကျွန်တော် အောက်မှာ Youtube လင့်နဲ့ ပြထားပါတယ်။ နောက်ထပ်လည်း မြန်မာက youtube ကြည့်လို့ မရတဲ့ လူတွေတွက် နောက်ထပ် Vimeo ကနေ တင်ပေးထားပါတယ် အောက်က Video နှစ်ဖိုင်ကို ကြည့်ကြည့်ပါ..

               ဆောဝဲလ်ကိုဒီမှာယူလိုက်ပါ
File တဖိုင်ကို ISO လုပ်ချင်တာကတော့ နည်းလမ်းအများကြီးရှိပါတယ်။ အများကြီးတည်းက နည်းလမ်းတခုလောက်ကို
သေချာသိထားရင် နောက်ထပ် ဆော့ဝဲတွေနဲ့ လုပ်ပုံကိုင်ပုံချင်းလည်းသိပ်မကွာပါဘူး. နည်းနည်းလေး ပြောင်းလဲ
သွားတာကလွဲလို့ ဘာမှ သိပ်ပြီးထူးထူးခြားခြားပြောင်းလဲမသွားပါဘူး..ဒီတော့ ISO ဖိုင်တဖိုင်ရလာပြီဆိုရင် ကျွန်တော်တို့
ဘယ်လိုမျိုး Bootable ခွေတခွေဖြစ်အောင် burn ကြမလည်းဆိုတာကို သိဖို့ လိုလာပါပြီ .. ဒါလည်းမခက်ပါဘူး။ အပေါ်မှာ
ပေးထားတဲ့ Power ISO ပဲ ဖြစ်ဖြစ် Magic ISO ပဲဖြစ်ဖြစ် ရမ်းပြီး ဘမ်းလို့ ရသလို window 7 ဆိုရင် Window image burn
ကို Build in ပါပြီးသားပါ ဒါကြောင့် မခက်ခဲပါဘူး။ ဥပမာအပေါ်က Video ထဲမှာ သတိထားကြည့်ရင် Burn ဆိုတာကိုတွေ့ပါလိမ့်မယ်။
 ဒီထက်ပိုပြီးရှင်းသွားအောင်တော့ အောက်က Video ဖိုင်ကို ကြည့်ကြည်နိုင်ပါတယ်။
ဘယ်လို Burn ??
ကျွန်တော် ခွေဘမ်းဖို့တွက်ကိုတော့ img burn နဲ့ ပြောပြပေးချင်ပါတယ်။တကယ်တော့ တခုနဲ့ တစ်တခုက သိပ်မကွာပါဘူး လုပ်ပုံကိုင်ပုံက … အရင်ဆုံး ကျွန်တော်တို့ Img burn နဲ့ ခွေဘမ်းမှာ ဖြစ်တဲ့ အတွက် Image burn ကို အရင်ဆုံးသွားဒေါင်းရပါမယ်။ Freeware ပါ. ဒီလင့်မှာ သွားဒေါင်းပါ...

ဒေါင်းပြီးလို့ ရတဲ့ဖိုင်ကို ရမ်းပြီးရင် အပေါ်က ပုံလေးလိုပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ဟိုးအပေါ်မှာ ISO ဆိုတာ Image file လို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ.. ဒါကြောင့် ကျွန်တော်တို့ ပထမဆုံး ပုံလေးထဲ့က Write image file ကို ရွေးလိုက်ပါမယ်။
ကျွန်တော်တို့ အပေါ်မှာ Source နေရာမှာ အနီနဲ့ ၀ိုင်းပြထားတာလေး ရှိပါတယ် ဒီနေရာလေးမှာ မိမိ ခွေရိုက်ချင်တဲ့ ISO ရှိတဲ့ Location ကို ရွေးပေးပါ ပြီးရင် ကျွန်တော်တို့ Verify ကို အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့ ဘာလို့လည်းဆိုတော့ Verify ကိုပေးပြီး ခွေရိုက်ရင် ပိုပြီး တာရှည်ခံပါတယ်။ နောက်တခုက တော်ယုံလောက် ခွေ error ကိုလည်း အမှားခံပါတယ်။ နောက်ဆုံးရွေးပေးရမှာလေးကတော့ Setting မှာ Write Speed ပါ သူ့ကိုတော့ 4x ထားတာ အကောင်းဆုံးပါပဲ့ တာရှည်ခံပါတယ် .။ အောက်က Copies ကတော့ မိမိ Copy ဘယ်လောက် ပြန်ကူးခွင့်ပေးမယ်ဆိုတာပါပဲ့။ နောက်ဆုံးအားလုံး အဆင့်သင့်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ အနီင်္နဲ့ မြှားထိုးပြထားတာလေးကို နိုပ်လိုက်ရင် အောက်ကပုံလေးလို ခွေ စဘမ်းနေပါပြီ.ဒါဆိုရင် ခွေဘမ်းတာကို အကြမ်းဖျင်းနားလည်လောက်ပါပြီ။

ဘယ်လို Mount ???
ကျွန်တော် အခုပြောပြမှာက ရှိနေတဲ့ ISO ဖိုင်ကို ဘယ်လို Mount မလဲ့ဆိုတာပါပဲ့ .. ဒီတော့ ဒါလည်း လွယ်ပါတယ် မခက်ခဲ့ပါဘူး .. Mount ဆိုတာ နားလည်လွယ်အောင်ပြောရရင်တော့ မိမိစက်မှာ CD/DVD Drive မရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့ စက်ထဲ့မှာ CD/DVD Drive ကဲ့သို့ အသုံးပြုနိုင်အောင် အတု ပြုလုပ်တာပါပဲ့။ DVD Drive အတုပေါ့. အဲ့လို အတုတွေ ရှိမှပဲ့ Mount လို့ ရမှာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့က ဘယ် Software က Free ရမလဲ့ တချက်ကြည့်ကြတာပေါ့။ ဒါပေ့မယ် လူကြိုက်လည်းများ အသုံးများတဲ့ ကောင်လေးတွေကိုပဲ့ ရွေးကြတာပေါ့။ . ဒီတော့ ကျွန်တော်တို့က Vitrual clonedrive နဲ့ Demon tool နှစ်မျိုးရှိပါတယ် Demon tool ကတော့ ပိုက်ဆံနဲ့ ၀ယ်နေရပါလိမ့်ဦးမယ် ဒီတော့ ကျွန်တော်တို့ Vitrual clonedrive ကိုပဲ့ သုံးကြတာပေါ့ အဲ့တော့ Vitrual clonedrive ကို ဒီနေရာကနေ သွားဒေါင်းလိုက်ပါဒေါင်းပြီးရင် ကျွန်တော်တို့ ISO ဖိုင်တိုင်းကို တိုက်ရိုက်ဖွင့်ပြီး DVD Drive ထဲ့ ထည့်ပြီး ခွေရိုက်သုံးသလို သုံးလို့ ရပါပြီ။ ISO ဖိုင်ကို ထောက်ပြီး Vitrual clonedrive ကို ရွေးပေးလိုက်ယုံပါပဲ့ ။ ပုံကိုကြည့်လိုက်ရင် ပိုမြင်ပါလိမ့်မယ်။
ဒီလို Mount လိုက်တော့ ဘာပိုထူးသွားလည်းဆိုတော့ DVD Drive မရှိတဲ့ ညီအကိုမောင်နှမတွေ အတွက်တော့ အဆင်ပြေသွားပါတယ် ။ နောက်ထပ်လည်း အတု အယောင်အနေနဲ့ အသုံးပြုခွင့်ရှိတဲ့အတွက် ISO ဖိုင်တိုင်းကို ခွေရိုက်ပြီးမှ အသုံးပြုလို့ ရတာတွေကိုလည်း ကျော်လွန်သွားနိုင်တာပေါ့။ ဒီလောက်ဆိုရင် Mount တက်လောက်ပါပြီ။

အောက်မှာတော့ Demon tool ကို ကျွန်တော် Crack နဲ့ ရှာပေးထားပါတယ်။ Full သုံးလို့ ရပါတယ်။

http://www.mirrorcreator.com/files/EMBSUHPT/

အားလုံးပျော်ရွှင်ချမ်းမြေကြပါစေ..
သန့်ဇင်ဌေး...


မြန်မာနိုင်ငံတွင်ရောင်းမည့် Telenor ဖုန်းကတ် ဂဏန်း အပူး၊ အလှ ဈေးကွက်ရှိနိုင်

အစိုးရဖုန်းဈေးကွက် ကဲ့သို့ပင် အပူး၊ အလှနံပါတ်များအား ဈေးကွက်တစ်ခုအဖြစ် ဖုန်းကတ်ဖြန့်ချိချိန်တွင်
ရောင်းချနိုင်ဖွယ်ရှိကြောင်း ဆက်သွယ် ရေးလုပ်ငန်းလိုင်စင်ရ Telenor Myanmar မှသိရသည်။
”ထူးခြားတဲ့ နံပါတ်တွေကတော့ ဈေးကွက်စတင်တဲ့အချိန်ကျရင် သီးသန့် ရှိနေမှာပါ။ ဘယ်လို စနစ်တွေနဲ့
ရောင်းပေးမလဲဆိုတာကတော့ လတ်တလော အနေနဲ့ မပြောနိုင်သေးပါဘူး” ဟု Telenor Myanmar မှ
အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောသည်။ ဖုန်းနံပါတ်များအဖြစ် ဂဏန်း ၁ဝ လုံးပါဝင်
မည်ဖြစ်ပြီး ဝ၉-၅ဝ စသည့် နံပါတ်ဖြင့် စတင်သွားမည် ဖြစ်သည်။ ကတ်အရေအတွက် သန်း ၃ဝထုတ်လုပ်
သွားမည်ဟု ၎င်းက ဆက်ပြောသည်။
       ”ဆင်းကတ်တွေကိုတော့ တယ်လီနောနဲ့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြမယ့် ဖြန့်ချိရေးကိုယ်စားလှယ်
ဆိုင်တွေ မှာ ဝယ်ယူရမှာပါ။ ထူးခြားတဲ့ နံပါတ် တွေလည်း အလားတူပုံစံမျိုးနဲ့ ရှိနေမှာပါ” ဟု ၎င်းက ဆက်
ပြောသည်။ နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ Telenor Group သည် အာရှဒေသတွင် ဆက်သွယ်ရေးလုပ်ငန်း
များကို အဓိကလုပ်ကိုင်လျက် ရှိသည်။ လက်ရှိ ထိုင်းနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသည့် Dtac ဆက်သွယ်ရေး
လုပ်ငန်းတွင်လည်း အပူးအလှနံပါတ်များကို ဈေးကွက်တစ်ခုအဖြစ် ဖော်ဆောင်၍
ရောင်းနေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
       နံပါတ်အပူး၊ အလှများနှင့် ပတ်သက်၍ လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ဝန်ဆောင်မှုပေးနေ
သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်နှင့်
မန္တလေးတွင် လေလံစနစ်ဖြင့် ရောင်းချခဲ့ပြီး ကျပ် နှစ်သိန်းမှ ကျပ် ၆၁ သိန်း အထိပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ပြည်တွင်းဖုန်းအရောင်း ဈေးကွက်တွင်လည်း အပူး၊ အလှနံပါတ်များမှာ သာမန် ဖုန်းဆင်းကတ်များ
ထက် ကျပ်တစ်သောင်းခန့် ဈေးပိုမြင့်ကြောင်း သိရသည်။

Ref & Credit: Popular Myanmar News


နေတို နှင် ရိန်မိုး တို့ရဲ့ဖန်ဆင်းရှင် MP3

နေတို နှင် ရိန်မိုး တို့ရဲ့ပရိတ်သက်များသို့ Mp3 အစီအစဉ်ဖြင့် တို့ရဲ့ဖန်ဆင်းရှင် MP3
Album ကိုတင်ပေးလိုက်ပါတယ် ပျော်ရွှင်စွာနားထောင်နိုင်ဖို့ Download ဆွဲနိုင်ပါပြီး
                                     DOWNLOAD


Wednesday, February 19, 2014

ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ထုတ် Mobile Guide Journal - Issue 142

                                              DOWNLOAD ရယူနိုင်ပါပြီ

Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင် သတင်းကောင်း

Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက် Facebook version အသစ်
Facebook v6.0.0.28.28 for Android ထွက်ရှိလာပါပြီ။ Facebookv6.0.0.28.28ကိုအသုံးပြု၍
• Status update များ ၊ ဗီဒီယိုများ ၊ ဓာတ်ပုံများကို share ခြင်း
• Friend များမှ သင့်ရဲ့ပုံ ၊ စာကို Like/Comment ပေးပါက ဖုန်းတွင် notification အချက်ပေးခြင်း
• Friend တစ်ဦးချင်းနှင့် chatting ပြုလုပ်နိုင်ခြင်း ၊ Friend အများကြီးနှင့် group chat ပုံစံပြုလုပ်နိုင်ခြင်း
• Facebook game များကို Facebook for Android ကိုအသုံးပြု၍ဆော့ကစားနိုင်ခြင်း စသည်တို့ကိုပြု
လုပ်နိင်မှာဖြစ်ပါတယ်။
Facebookv6.0.0.28.28 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။

Facebook official version ဆော့ဝဲလ်အားရယူရန်

ဖုန်းခေါ်ဆိုခ အံ့သြစရာ နှုန်းထားဖြင့် Ooredoo ဈေးလျှော့ကောက်ခံမည်

အော်ရီဒူးက ဝန်ဆောင်မှု ပေးမည့် ဖုန်းဆင်းမ်ကတ် အသုံးပြုသူများကို တစ်မိနစ်လျှင် ၄၅ ကျပ်နှုန်းဖြင့်
ကောက်ခံမည်ဟု ယခင်က ကြေညာ ထားသော်လည်း စတင်ရောင်းချမည့် ဇူလိုင်လ နီးကပ်လာလျှင်
အံ့သြစရာ ဈေးနှုန်းအထိ ထပ်မံလျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင် အရာရှိချုပ်
Ross Cormack က The Voice သို့ ပြောကြားသည်။
    “အပြင်မှာ လူတွေပြောနေကြတဲ့ ဈေးနှုန်းက တင်ဒါတင်တုန်းက ဖော်ပြထားတဲ့ ဈေးနှုန်းပါ။ အဲဒါက အကြမ်းဖျင်း
 ဈေးနှုန်းပါ။ တကယ့်ဈေးနှုန်း အစစ်မဟုတ်ပါဘူး။ ဈေးနှုန်း အတိအကျကို ဇူလိုင်လ နားနီးမှ တရားဝင် ထုတ်ပြန်မယ်။
 အံ့အားသင့်စရာ ဈေးနှုန်း ဖြစ်စေရမယ်” ဟု ၎င်းကဆိုသည်။
        ယမန်နှစ်က ဆက်သွယ်ရေးတင်ဒါ ရွေးချယ်ခံရပြီးနောက် ဆင်းမ်ကတ်တန်ဖိုး ၁၅၀၀ ကျပ်နှင့် မိုဘိုင်းလ် ဖုန်းခေါ်ဆိုခ
 ၄၅ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး 3G စနစ်ဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာ ကုမ္ပဏီက
 ထုတ်ပြန် ကြေညာထားသည်။
            “ဈေးနှုန်းကို အခုဘာကြောင့် မပြောနိုင်သေးလဲဆိုတော့ လောလော ဆယ်မှာက အပြိုင်အဆိုင် လုပ်နေကြတဲ့
အချိန်ဖြစ်တာကြောင့်ပါ။ ဆင်းမ်ကတ်တွေကို အော်ရီဒူးက အစောဆုံး စရောင်းမယ်။ ဆင်းမ်ကတ် ဈေးနှုန်းကတော့ ၁၅၀၀
 ပဲဖြစ်မှာပါ” ဟု အဆိုပါ အရာရှိက ဆိုသည်။
           ဆက်သွယ်ရေး အော်ပရေတာများ အပြိုင်အဆိုင် ဖြစ်နေသောကြောင့် တရားဝင်ဈေးနှုန်း မပြောကြားသေးခြင်း ဖြစ်ပြီး
 တကယ်ရောင်းချချိန်တွင် ဈေးနှုန်း အပြောင်းအလဲများစွာ ရှိမည်ဟု မထင်ကြောင်း ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။
“အော်ရီဒူးက 3G စပေးမယ်ပြောတယ်။ 3G စနစ်ကို ခပ်ပေါပေါရမယ်တော့ မထင်ဘူး” ဟု ၎င်းကဆိုသည်။
   ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သော တယ်လီနောမြန်မာ ကုမ္ပဏီကလည်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများကို အတိအကျ ထုတ်ပြန်
သွားရန် အစီအစဉ် မရှိသေးဘဲ ဆင်းမ်ကတ်များ စတင်ရောင်းချမည့် ကာလနီးမှသာ တရားဝင် ကြေညာသွားမည်ဟု ဆိုသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ယခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများ လျှော့ချသွားမည်ဟု ကြေညာထားသည်။

Ref & Credit: The Voice Weekly

Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့ နေအိမ်

Wednesday, February 19, 2014
 
  ပုံမှာ မြင်တွေ့နေရတာကတော့ ၂၀၁၁ ခုနှစ်ကတည်းက Facebook တည်ထောင်သူ Mark Zukerberg
ဝယ်ယူထားတဲ့ အိမ် ဖြစ်ပါတယ်။ အဲ့တုန်းက အမေရိကန်ဒေါ်လာ ၇ သန်းသာ ကုန်ကျပါတယ်။ အိပ်ခန်းငါးခန်း
 ပါရှိပြီး ခြံဝိုင်း ကျယ်ကျယ်ဝန်းဝန်း နဲ့ ဇိမ်ခံ အိမ်တစ်လုံး ဖြစ်နေတာ ကို မြင်တွေ့ရမှာပါ။ Facebook ရဲ့  ဌာနချုပ်
Menlo park နဲ့လည်း အနီးဆုံးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ကြောင်း ဆိုပါတယ်။ ဆီလီ ကွန် တောင်ကြား နဲ့ မနီးမဝေး
နေရာမှာပဲ။ ယခု ထွက်ရှိတဲ့ သတင်း သစ် အရ ဇူကာဘတ်ဟာ အိမ်နီးချင်းက အိမ် ၄ လုံးကိုတောင် ဆက်တိုက်
ဝယ်ယူခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်းချီ ရှိခဲ့ကြောင်း ဆိုပါတယ်။ အမှန်တော့ ယင်း အိမ် ၄ လုံးပေါင်း
တန်ဖိုးက ၁၀ သန်းတောင် မရှိဘူးလို့ မီဒီယာသမားများက ဆိုကြပါတယ်။ ဒါကို ဇူကာဘတ် က ငွေ ပိုပေး ဝယ်ယူ
ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
         လက်ရှိမှာ ဇူကာဘတ်ဟာ အသက် ၂၉ နှစ်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး အိုင်တီ လုပ်ငန်းရှင် ပုဂ္ဂိုလ်စာရင်း
 ထိပ်တန်း ၁၀ ဦးထဲမှာပါဝင်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref:zimbo
အောင်ခမ်း (smart.com.mm)

Tuesday, February 18, 2014

ညီမင်းခိုင် လက်ခံမလား Mp3 Album

ညီမင်းခိုင် ကတော့လက်ခံမလားတဲ့ ချစ်ပရိတ်သက်များကတော့ လက်ခံထားပြီးသား
ဖြစ်မှာပါနော်... ဒီ Album ထဲမှာ ကျွန်တော် အကြိုက်ဆုံးသီချင်းကတော့ နွယ်နီ ပါဗျာ.
ဒီသီချင်လေးကို နားထောင်မိတိုင်း ကျောင်းတုန်က မျက်နှာလေးကို မြင်နေမိတယ်
ဟီ... ဟုတ်ကတ်ပါဗျာ.. မိတ်ဆွေများအားလုံးပျော်ရွှင်စွာနားထောင်ဖို့ တင်ပေးလိုက်ပါတယ်
                                 DOWNLOAD Album

Monday, February 17, 2014

HDMovies နှင့် UFC.TV တို့အတွက် အထူးတန်း လက်မှတ်များ

"HDMovies" App သည် AppleStore တွင် ရှာ၍မရနိုင်သော ဗီယမ်နန် Developer များရေးထားတဲ့ application တစ်ခု ဖြစ်ပါတယ်...
"HDMovies" မှာ နောက်ဆုံးထွက် နိုင်ငံတကာ ဇာတ်ကားများ၊ TV စီးရီးများအပြင် HD quality နှင့် ရုပ်ရှင်ကားပေါင်း များစွာကို အသင့်အတင့် connection နှင့် တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။ "UFC.TV " မှာ AppleStore ၏ Free application တစ်ခုဖြစ်ပြီး (Undisputed Fight Club) ပွဲများကို Live, Replay HD quality နှင့် ကြည့်ရှုနိုင်ပါတယ်... ဒါပေမယ့် ပွဲစဉ်များကိုတော့ ဝယ်ယူကြည့်ရတာဖြစ်ပါတယ်... အဲဒါတွေ အားလုံးကို Free ရအောင် စွမ်းဆောင်ပေးထားပါတယ်..

"HDMovies" ကို ပုံမှန်အားဖြင့် ဗီယမ်နန် ပြည်တွင်းသုံး ဖုန်းကာဒ်ကို ဝယ်ယူ၍ ကာဒ်၏ Serial numbers များနှင့်သာ ဆက်ဆက်ပြီး သက်တမ်းတိုးနိုင်ပါသည်။ E-mail, Facebook တို့နှင့် ချိပ်ဆက်ခြင်းဖြင့် extension ရရှိနိုင်သော်လည်း တစ်ကြိမ်တစ်ခါသာ အခွင့်အရေး ရရှိမှာဖြစ်ပါတယ်...

ယခုတော့ ယင်း "HDMovies" App ကို Flex အသုံးပြုပြီး ထာဝရ သက်တမ်းရအောင် ကြိုးစားအောင်မြင်ခဲ့ပါတယ်...
သို့သော် "Flex" Cloud မှ ပြန်လည် share ရန် Approve မဖြစ်သေးတဲ့အတွက် အခက်အခဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ အကြံကုန် ဂဋုန်ဆားချက် နည်းလမ်းကို အသုံးပြု၍ လက်ဆင့်ကမ်းပေးလိုက်ပါပြီ..

ယခုပေးထားသော file ထဲတွင် "UFC.TV" နှင့် "HDMovies" အတွက် Patches တို့ကို ထည်းသွင်းထားပါ၍ အောက်ပါ Application များကို Device တွင် အသင့် Install လုပ်ထားပါ။

>> FLEX 2
>> HDMovies
>> UFC.TV
>> patches@moethagyar.info.rar

>>Patches သွင်းနည်း<<

  • iFunBox, iFile, iTools အစရှိသော applications တစ်ခုခုကို အသုံးပြု၍ အောက်ပါ လမ်းကြောင်းအတွင်းသို့ ".rar" file မှဖြည်ထားသော "patches.plist" file ကို Copy/Paste ထည့်သွင်းပါ။
  • ( var/mobile/Documents/Flex )

Flex ၏ "Patches" တွင် ဖော်ပြပါပုံအတိုင်း patches များကို အမှန်ခြစ်ရွေးပေးလိုက်ပါ....


မနက်ဖြန်မှာ ကျရောက်မယ့် ကျွန်တော့်ရဲ့ 30> ** <40 မွေးနေ့အတွက် ပရိဿတ်ကြီးကို လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်လိုက်ပါတယ်...

ဖိုးသီးကြားမှ ကူးယူဖော်ပြလိုက်ပါသည်..။

FLEX 2 အခြေခံ အသုံးပြုနည်း နှင့် Patches များဖန်တီးခြင်း

iOS Apps များကို Programming, Code တို့ကို တတ်မြောက်ထားရန် မလိုအပ်ပဲ စိတ်ကူးရှိသည့်အတိုင်း ပြင်ဆင်ရေးသားခြင်း (Customize) တို့ကို မိမိ၏ iDevice တစ်ခုထဲမှာတင် လုပ်ဆောင်နိုင်မယ့် Flex App လေးနဲ့ တွေ့ထိပေးချင်ပါတယ်...

Cydia ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မြင့် App တစ်ခုဖြစ်တဲ့ "Flex" က ကိုယ်ပိုင် mini Tweaks (Patches) များကို ဖန်တီးနိုင်ပြီး၊ မိမိဖန်တီးထားသော tweaks များကို Flex ရဲ့ Cloud server မှာ ပြန်လည် မျှဝေပေးနိုင်ပါတယ်...

"Flex" ကို Update လုပ်လာခဲ့ရာတွင် အခုဆိုရင် iOS 7+ အတွက် "Flex 2" အထိရောက်လာခဲ့ပါပြီ...

"Flex" ကို အသုံးပြုပြီး မိမိကိုယ်တိုင် mini tweaks တွေကို မဖန်တီးချင်ဘူး ဆိုရင်တောင်မှ၊ မိမိ device ထဲမှာ install လုပ်ပြီး သုံးနေတဲ့ Apps တွေအတွက် အသင့်ဖန်တီးပြီးသား tweaks တွေကို Free download လုပ်ပြီး သုံးနိုင်ပါသေးတယ်...

ဘယ်လို Tweaks မျိုးတွေဖြစ်မလဲ ဆိုရင်တော့...
အချို့ Game တွေအတွက် Coins တွေ အသင့်ထည့်ပေးထားတာမျိုး၊ Apps တွေမှာဆိုရင် ဥပမာ YouTube က အသက်ကန့်သတ်ချက်တွေကို ကျော်ထားတာမျိုး၊ Facebook ရဲ့ sponsor post တွေကို ဖျောက်ပေးထားတာမျိုး အစရှိသဖြင့် အများကြီး အသင့်သုံးရန် ရှိနေပါတယ်...

Tweaks တွေကိုလည်း တစ်ကူးတစ်က လိုက်ရှာဖို့ မလိုပဲ မိမိ Install လုပ်ပြီးသုံးနေတဲ့ Apps တွေရဲ့ Tweaks တွေကို အလွယ်တစ်ကူ ရယူနိုင်မှာဖြစ်ပါတယ်..


"Flex" ရဲ့ ကောင်းမွန်တဲ့ အချက်က Tweaks များကြောင့် မူရင်း App မှာ ပြဿနာဖြစ် ထိခိုက်တာမျိုး လုံးဝမရှိပဲ tweaks များကို မသုံးချင်တဲ့ အခါမှာ Off ထားခြင်း၊ Delete လုပ်ခြင်းတို့ အန္တရာယ်ကင်းစွာ ပြုလုပ်နိုင်ပါတယ်..

"Flex" အလုပ်လုပ်ပုံကတော့ Application များရဲ့ Library ထဲထိဝင်ရောက်ကာ မိမိပြင်ဆင်လိုသော အပိုင်းကို ရှာဖွေ ပြင်ဆင်ခွင့် ပေးထားခြင်း ဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့ patch များကို Mobile/Cydia Substrate က အလုပ်လုပ်ပေးပါတယ်။
မည်သူမဆို စမ်းသပ်လုပ်ဆောင်နိုင်အောင် ရည်ရွယ်ထားလို့ coding ၏ အတွင်းပိုင်း နက်နက်နဲနဲ အထိတော့ ဝင်ရောက်ခွင့် မပြုထားပါဘူး။
Flex 2 ကို Full version အဖြစ် Cydia တွင် $3.99 နှင့် ဝယ်ယူထား မှသာလျှင် Cloud section ကို အသုံးပြုနိုင်ပါမည်။ Free ကိုတော့ အောက်ပါလင်ခ့်မှာ download လုပ်နိုင်ပါတယ်..

>> Flex 2 v1.928.deb
>> How to Install .DEB files

  **Flex နဲ့ Patch တစ်ခု ဖန်တီးကြည့်ရအောင်**

နမူနာအဖြစ် YouTube App ကနေ အချို့ video clips များမတွက် အသက်အရွယ် ကန့်ချက်ချက်ကို ဖယ်ထုတ်နိုင်မယ့် "Patch" တစ်ခုကို ကြိုးစားကြည့်ရအောင်..

     - "Flex" ၏ Patches tab ထဲမှ "+" ကိုနှိပ်၍ YouTube App ကို ရွေးချယ်ပါ။
     - "YouTube Patch" ကိုနှိပ်၍ နှစ်သက်ရာ အမည်ပေးပါ။ အမည်ပြောင်းပြီးပါက 'Done' နှိပ်ပါ။



     - ထိုနောက် "Add Units.." နှိပ်ပါ။
     - "YouTube" ကို ဆက်နှိပ်ပါ။


     - Search box တွင် "adult" ဟု keyword နှင့် ရှာပါ။
     - "isAdultContent" ကို ရွေးပြီး Cancel နှင့် ပထမဆုံး နေရာရောက်အောင် ပြန်သွားပါ။



     - "Unit for isAdultContent" ကိုရွေးပြီး Override Value တွင် "FALSE" ဟုရွေးပေးလိုက်ပါ။        Patch တစ်ခု အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါပြီ..


အခုဆိုရင် "Patches" ထဲရှိ "YouTube" App ၏ Patch ကို အမှန်ခြစ်ရွေးပေးလိုက်ပြီး YouTube ကို ပြန်ဖွင့်ပါက အသက်ကန့်သတ်ချက်ကို ကျော်သွားနိုင်ပြီဖြစ်ပါတယ်... မိမိကိုယ်ပိုင် ဖန်တီးထားသော Patches များကို Cloud section တွင် Register ပြုလုပ်၍ Uplode တင်ပြီး Share နိုင်ပါပြီ...
မိမိတင်လိုက်သော "Patches" များကိုတော့ Approval ကျပြီးမှသာ Cloud တွင် download လုပ်ရန် ပေါ်လာပါလိမ့်မည်.. Video Tutorial ထဲတွင်လည်း "MovieBox" အတွက် ကြော်ငြာများကို ဖယ်ရှားပေးနိုင်မည့် Patch ပြုလုပ်နည်းကို ဖော်ပြပေးထားပါသည်...
Flex 2 နှင့် အသုံးဝင်သော mini Tweaks (Patches) များကို ဖန်တီးနိုင်ကြစေရန် ဆန္ဒပြုလျှက်...

မိုးသိကြားမှ ကူးယူဖောပြလိုက်ပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More