မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Thursday, January 30, 2014

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ဘာလုပ်မလဲ

ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ဒူချရားတန်းကျေးရွာမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့  နိုင်ငံတကာသံ
တမန်တွေက သွားရောက်စစ်ဆေးတယ် ...။ စစ်ဆေးပြီးလို့  ပြန်လာကြတယ် ။ အဲဒီရွာမှာ သေဆုံးသွားခဲ့ 
ရတဲ့  ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းရဲ့  အလောင်းကို ဖျောက်ပစ်လိုက်ကြတယ် ။ သေနတ်ကိုလဲ လုယူ
ဖျောက်ပစ်ကြတယ် ။ ဒါပေမဲ့  နိုင်ငံတကာက သတင်းအမှားတွေကြောင့် နာမည်ပျက်ရတဲ့  မြန်မာနိုင်ငံအစိုး
ရဟာ အဲဒီရွာက မူဆလင်ဘာသာဝင် ကုလားလူမျိုးတွေကို ကြံ့ ခိုင်ရေးနဲ့  ဖွ့ံဖြိုးရေးပါတီက ကယ်ဆယ်ရေး
ပစ္စည်းတွေ သွားရောက်ပေးကမ်းခဲ့ ကြတယ် ။ အဖြစ်အပျက်ဟာ အဲဒီအချိန်ထိ တည်ငြိမ်နေလျှက်ပါဘဲ ။
 ဧရာဝတီသတင်းဋ္ဌါနဟာ မြန်မာနိုင်ငံကို နာမည်ပျက်နဲ့  ဖြစ်စေအောင် ထာဝရ ရေးသားနေတယ် ။ သူ့ ကြောင့်
အေပီသတင်းဋ္ဌါနတွေပါ လျှောက်ရေးနေကြလို့  မြန်မာနိုင်ငံအစိုးရဟာ ခုချိန်ထိ ကမ္ဘာကြီးမှာ သိက္ခကျဆင်း
နေရတယ် ။ မြန်မာနိုင်ငံအစိုးရဟာ ခုချိန်ထိ ခွင့်လွှတ်ပေးထားတုံး ဆိုတာ မြင်တွေ့ နေရတယ် ။ ဒါပေမဲ့  ဒီနေ့ 
မှာတော့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က အဲဒီအခင်းဖြစ်ပွားခဲ့ တဲ့  ဒုချရားတန်းကျေးရွာကို မောင်တော
ရဲတွေက မီးရို့ လို့ ဆိုပြီး လွှတ်တော်ခမ်းမထဲကနေပြီး ပြောဆိုကြေညာလိုက်ပါပြီ ။ ရခိုင်ပြည်နယ်အစိုးရကရော
မြန်မာနိုင်ငံအစိုးရက တာဝန်ရှိသူများဟာ အဲဒီမီးဟာ ရို့ မီးပါလို့  ပြောဆိုသုံးသပ်ပြီး ဘူးသီးတောင် လွှတ်တော်
ကိုယ်စားလှယ် ဦးရွှေမောင်ကတော့ ရို့ မီးဆိုတာဟာ ရဲတွေက ရို့ တဲ့  မီးပါလို့  သူ့ ကို အဲဒီကျေးရွာသားတွေက
ပြောဆိုကြောင်း အင်တာဗျူး ပြောဆိုလိုက်တယ် ။ ဒီတော့ခါ ဒီဖြစ်ရပ်အပေါ်ကို အခြေခံပြီး နှစ်ဖက်စကားပြော
ဆိုမှုဖြစ်လာပြီ ။ ကျွန်တော်တို့  ဘယ်လိုအမြင်သဘောထား ရှိကြရပါ့မလဲ ဆိုတာ စဉ်းစားရတော့မဲ့  အခြေအနေ
ရောက်နေပြီဖြစ်တယ် ။ ကျွန်တော်တို့ ဟာ အဖြစ်မှန်နဲ့  အမှန်တရားကို လိုလားသူဖြစ်တယ် ။ ဒါ့ကြောင့်မို့ 
ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ခေါ်ယူပြီး အဲဒီကျေးရွာကို စုံစမ်းစစ်ဆေးဖို့ 
 မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်ပေးဖို့ လိုအပ်လာပါပြီ ။ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဟာ ခလုပ်တိုက်
လဲကျသွားတာပါလို့  ပြောဆိုခဲ့ တဲ့  ဒီကုလားဦးရွှေမောင်ဟာ ခုတော့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို
သတ်ဖြတ်ခဲ့ ကြပါတယ်လို့  ၀န်ခံခဲ့ တယ် ။ ၀န်မခံရင် သူ့ ဖက် မျှားဦးလှည့်မှာ စိုးတဲ့ အတွက် သံတမန်တွေက
မျက်မြင်ဖြစ်သွားတဲ့ အခါကျမှ ၀န်ခံသွားတဖြစ်တယ် ။ ခုလဲဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို ကမ္ဘာ့အလယ်မှာ သိက္ခာချ
မျက်နာပျက် နာမည်အဖတ်ဆယ်မရတော့လောက်အောင် ပြည်သူ့ လွှတ်တော်ခမ်းမထဲမှာ ရဲကမီးရို့ တာဖြစ်ကြောင်း
သူ့ ကို ဖုံးဆက်ပါတယ်လို့  ကမ္ဘာကို တရားဝင် ကြေညာလိုက်ပါပြီ ။ ဒီတော့ခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ 
လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဘယ်လို အရေးဆောင်ရွက်မလဲ ဆိုတာ ကျွန်တော်တို့  စောင့်ကြည့်
နေပါတယ် ။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )

Wednesday, January 29, 2014

ရခိုင်ပြည်နယ်၏ တစ်ကျော့ပြန်ပဋိပက္ခအား ဖြေရှင်းအသွင်ပြောင်းခြင်း ဒေသတွင်းငြိမ်းချမ်းရေးဆီသို့

                                                    ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)ရေးသားသူ- ဒေါက်တာအရိုင်
ဒေါက်တာအရိုင်(Arai)သည် လွတ်လပ်သောလူမှုရေးသိပ္ပံပညာရှင် (social scientist) တစ်ယောက်ဖြစ်ပြီး
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်လျက်ရှိသော ဂျပန်လူမျိုး
တစ်ယောက်ဖြစ်သည်။ ၂၀၁၃ သြဂုတ်လအတွင်း မြန်မာနိုင်ငံ အရပ်ဒေသအများအပြားသို့ ကွင်းဆင်းလေ့
လာခဲ့ပြီး လူတွေ့အင်တာဗျူးများလည်း များစွာဆောင်ရွက်ခဲ့သည်။
      ၂၀၁၂ ခုနှစ်ကတည်းကစတင်၍ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဒေသတွင်းပဋိပက္ခသည် မျိုးဆက်အ
ဆင့်အဆင့် ကြာရှည်စွဲမြဲစွာ တည်ရှိလာခဲ့ပြီး ဆင့်ပွားကြီးထွားလာခဲ့သော လူမှုဖွဲ့စည်းပုံမမျှတမှုနှင့် စိုးရိမ်
ကြောင့်ကြမှုစိတ်ရောဂါ (trauma) တို့ကို လှစ်ဟဖော်ပြလိုက်မှုပြယုဂ်တစ်ခုပင်ဖြစ်သည်။ ဤလူမှုဖွဲ့စည်းပုံ
မမျှတမှုနှင့် စိုးရိမ်ကြောင့်ကြမှုစိတ်ရောဂါတို့ ဖြစ်စေခဲ့သည့် သမိုင်းဆိုင်ရာ အရင်းအမြစ်မှာ (၁၈၂၄-၁၉၄၈
 ဗြိတိသျှနှင့် ၁၉၄၂-၁၉၄၅ ဂျပန်)တို့၏ ကိုလိုနီလက်အောက်ကျရောက်ခဲ့ရခြင်းနှင့် လွတ်လပ်ရေးရပြီးနောက်
ပိုင်းကတည်းက ကြုံလာခဲ့ရသော မြန်မာနိုင်ငံ၏ လူမျိုးရေး၊ တိုင်းရင်းသားရေးဆိုင်ရာ ဆက်ဆံရေးနှင့် အားလုံး
ပါဝင်သည့် စီမံအုပ်ချုပ်မှုနိုင်ငံရေးပြဿနာပင်ဖြစ်သည်။ ပဋိပက္ခအတွင်း ပါဝင်ခဲ့ကြသည့် နှစ်ဖက်အုပ်စုတို့၏
မိမိတို့ကိုယ်ပိုင်စရိုက်လက္ခဏာ (Identity) နှင့် တရားမျှတမှု (Justice) အသီးသီးအတွက် ရုန်းကန်ကြိုးစားမှုကို
 ဖြစ်စေခဲ့သည့် သမိုင်းဆိုင်ရာ နာကြည်းကြေကွဲမှုများ ရှိခဲ့သည်။ သို့စေကာမူ နာကျင်ဖွယ်ရာဖြစ်မည့် ခါးသီးသော
ပကတိအမှန်တရားတစ်ခုကိုလည်း နောက်ထပ်ရင်ဆိုင်ကြရပေဦးမည်။ ယင်းမှာ ယခုပဋိပက္ခ ပိုမိုပျံ့နှံ့သွားသည်
နှင့်အမျှ ပို၍ကြီးမားသော ဒေသတွင်းဆူပူအကြမ်းဖက်မှုများကိုပင် ဖြစ်ပွားစေနိုင်သည့်အခြေအနေအထိ ရောက်
ရှိသွားနိုင်လိမ့်မည်ဟုဆိုလျှင် မှားမည်မထင်ပါ။ ဤအနေအထားသည် မြန်မာတစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်စေမည့်
 အနေအထားထိ ရောက်ရှိသွားစေနိုင်ပြီး တစ်နိုင်ငံလုံးနစ်နာဆုံးရှုံးမှုများ ကြုံတွေ့ကောင်းကြုံရနိုင်သည်။
          ယခုလက်ရှိအခြေအနေသည် မည်သို့ပင်ခက်ခဲပြီး စဉ်းစားရကျပ်တည်းသော အခြေအနေမျိုး ဖြစ်နေစေကာမူ
 အသိုင်းအ၀ိုင်းနှစ်ဖက်စလုံးက လုပ်ရိုးလုပ်စဉ်ကြိုးပမ်းဆောင်ရွက်မှုများမှ လုံးဝရှောင်ဖယ်ကြရမည်ဖြစ်ပြီး မတူကွဲ
ပြားသည့် ချဉ်းကပ်မှုပုံစံတစ်မျိုးနှင့် အဖြေရှာကြရပေလိမ့်မည်။ ရခိုင်ပြည်နယ်၏ ရေရှည်အနာဂတ် ပုံမှန်အနေအထား
 မည်သို့မည်ပုံဖြစ်လာနိုင်မည်နည်း။ ထိုကဲ့သို့ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာစေရန် ခိုင်မာတိကျသော
ဆောင်ရွက်မှုမျိုးကို မည်သို့ပူးပေါင်းအဖြေရှာကြမည်နည်းဆိုသည်မှာ မေးခွန်းအဖြစ်ကျန်ရှိနေဆဲ။
၂၀၁၃ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်အပါအ၀င် ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများသို့ ရောက်ရှိခဲ့စဉ် ပဋိပက္ခ၏
 နှစ်ဖက်စလုံးမှ ခေါင်းဆောင်များအား ထိုမေးခွန်းများ မေးမြန်းခဲ့ပါသည်။ ၎င်းတို့အထဲတွင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊
 မြန်မာနိုင်ငံအစိုးရဌာနများနှင့် အခြားနိုင်ငံတကာအစိုးရကိုယ်စားပြုသူများ၊ ဘာသာရေးဆိုင်ရာနှင့် အရပ်ဘက်ဆိုင်ရာ
 အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ (အမျိုးသမီးများနှင့် လူငယ်များ)၊ မီဒီယာလုပ်ငန်းဌာနမှ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊
သင်တန်းဆရာများနှင့် ရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသူများ ပါဝင်
ခဲ့ကြသည်။ ဤဆောင်းပါးတွင် အကြံပြုဖော်ပြအပ်သည့် ဆောင်ရွက်မှုလုပ်ငန်းစဉ်များသည် ထိုအင်တာဗျူးများ၊
အုပ်စုဆွေးနွေးမှုများနှင့် အလုပ်ရုံဆွေးနွေးမှုများမှတစ်ဆင့် အခြေခံ၍ ရရှိလာသည့် တွန်းအားရလဒ်များပင်ဖြစ်သည်။
ဤဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ၁။ လုံခြုံရေးဆိုင်ရာ ရေတိုစီမံဆောင်ရွက်မှု ၂။ ရေလတ်နှင့် ရေရှည်နိုင်ငံသားဖြစ်မှု
ဆိုင်ရာ အကျပ်အတည်းကို အကောင်အထည်ဖော်စီမံဆောင်ရွက်မှု ၃။ ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်ဖွံ့ဖြိုးတိုး
တက်မှုဆိုင်ရာ ရေလတ်နှင့် ရေရှည် စီမံဆောင်ရွက်မှုဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားတင်ပြထားသည်။ ဤသည်တို့မှာ
အကြံပြုတင်ပြမှု သက်သက်မျှဖြစ်သော်လည်း ရခိုင်ပြည်နယ်၏ အနာဂတ်နှင့် မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် ဒေသ
အသိုင်းအ၀ိုင်းများ အချင်းချင်း ယှဉ်တွဲနေထိုင်ရေး ဆောင်ရွက်မှုတို့အတွက် အသွင်တစ်မျိုးဆောင်သည့် မူဝါဒရေးဆိုင်ရာ
နှင့် ပြည်သူ့ရေးရာ အစပြုဆွေးနွေးပွဲများကို ဖြစ်စေလိမ့်မည်ဟု ယုံကြည်နေမိပါသည်။
လုံခြုံရေးဆိုင်ရာရေတိုစီမံဆောင်ရွက်မှု  ဖြစ်လာနိုင်ဖွယ်ရှိသည့် နောက်ဆက်တွဲတိုက်ခိုက်မှုများအား နှစ်ဖက်စလုံးမှ
ကြောက်ရွံ့စိုးရိမ်စိတ်များ လွှမ်းမိုးလျက်ရှိ နေကြဆဲဖြစ်သည့်အလျောက် ပေါက်တော၊ မြေပုံ၊ စစ်တွေမြို့ (သ၀င်ချောင်း)
တို့ရှိ ယာယီစခန်းများတွင် နေထိုင်လျက်ရှိကြသော မွတ်ဆလင်များနှင့် အများစုဖြစ်သော ရခိုင်လူမျိုးတို့အကြား ယာယီသီး
ခြားနေရာချထားမှုအစီအစဉ်တစ်ခု လိုအပ်သည်။ သို့ရာတွင် အသိုင်းအ၀ိုင်းနှစ်ခုအကြား လိုအပ်ကောင်းလိုအပ်လာနိုင်သည့်
ပတ်သက်ဆက်နွှယ်မှုမျိုးကို လုံးဝပိတ်ဆို့မှုသဖွယ် ဖြစ်စေနိုင်သည့် အဟန့်အတားပုံစံမျိုးများအား ရှောင်ရှားရန်လိုအပ်ပြီး
ဤယာယီ သီးခြားနေရာချထားမှုအစီအစဉ်ကို ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားနိုင်ရန် (သို့မဟုတ်) တိုးမြှင့်ဆောင်ရွက်သွားစေနိုင်ရန်
 လက်ရှိအခြေအနေကို မပြတ်လေ့လာစောင့်ကြည့်မှုကို အခြေခံသည့် စနစ်ကျသော အစီအစဉ်တစ်ခုထားရှိရန် လိုအပ်သည်။
နိုင်ငံသားပြုခြင်းဆိုင်ရာ အကျပ်အတည်းကိစ္စရပ်အတွက် ရေလတ်နှင့် ရေရှည်စီမံဆောင်ရွက်မှု
          မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း နှစ်ရှည်ငြိမ်းချမ်းရေးစီမံဆောင်ရွက်မှု လုပ်ငန်းစဉ်အား အာဆီယံ (သို့) ၎င်းအဖွဲ့
ဝင်နိုင်ငံအချို့ (အင်ဒိုနီးရှားနိုင်ငံ ဖြစ်ကောင်းဖြစ်နိုင်သည်)မှ ကူညီပံ့ပိုးပေးရန် လိုအပ်လေသည်။ ၂၀၁၄ မြန်မာနိုင်ငံ အာဆီယံ
ဥက္ကဋ္ဌသက်တမ်းအတွင်း နှစ်ဖက်အသိုင်းအ၀ိုင်း ညှိနှိုင်းဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲများ ဖန်တီး
ပေးခြင်းတို့ ပြုလုပ်နိုင်သည့်အပြင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ကုလသမဂ္ဂ၊ အစ္စလာမ်မစ်နိုင်ငံများအသင်းနှင့်
အခြားပါဝင်ပတ်သက်သူများ အသီးသီးပါဝင်သည့် နိုင်ငံတကာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခု စတင်ခြင်းဖြင့်
ယခုတင်ပြအကြံပြုအပ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အကျိုးပြုနိုင်မည်ဖြစ်သည်။
     ဤနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခ၏ အသိုင်း
အ၀ိုင်းနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည့် အဓိကကိစ္စရပ်များနှင့် ကျယ်ပြန့်လာသော နောက်ဆက်တွဲပြဿနာများကို တိကျ
သောအချိန်ကာလ အကန့်အသတ်အတွင်း ဖြေရှင်းစေနိုင်ရန်၊ နည်းပညာပိုင်းနှင့် စီးပွားရေးဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန်၊
 ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် နေထိုင်
လျက်ရှိကြသော မွတ်ဆလင်လူဦးရေကို စစ်တမ်းကောက်ယူရာတွင် ကြုံတွေ့ရင်ဆိုင်ရသော အခက်အခဲများကို ဖြေရှင်းရာတွင်
သင့်တင့်လျောက်ပတ်သော နိုင်ငံတကာ၏ အကူအညီကို ကြိုဆိုလိုသည့် ပြည်ထောင်စုအစိုးရ၏ ဆန္ဒနှင့်လည်း လိုက်လျောညီ
ထွေမှုရှိပါသည်။ ပဋိပက္ခနှင့်ပတ်သက်သည့် နိုင်ငံရေးပိုင်းဆိုင်ရာကိစ္စရပ်ကိုမူ နိုင်ငံတော်အစိုးရ၏ သဘောထားဆန္ဒမပါဘဲ
 ကြားနေသူအဖြစ်ဖြင့်သော်လည်းကောင်း၊ ညှိနှိုင်းဝင်ရောက်ဆောင်ရွက်သူအဖြစ်ဖြင့်သော်လည်းကောင်း လုံး၀၀င်ရောက်စွက်ဖက်
ကိုင်တွယ်ဖြေရှင်းခြင်း ပြုလုပ်မည်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားရမည်။
      ယခုအကြံပြုတင်ပြအပ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့်အတူ လက်တွဲပူးပေါင်းလျက် ပြည်ထောင်စုအဆင့်
အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရတို့က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်လူဦးရေအတွက် တရားဝင်မြန်မာနိုင်ငံသားအဖြစ် စိစစ်ခံယူနိုင်မည့်
 နိုင်ငံတကာစံနှုန်းများကို အခြေခံသည့် အနေအထားတစ်ခုကို သတ်မှတ်ကြီးကြပ်ဆောင်ရွက်ကြရမည်။ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့်
နိုင်ငံသားပြုခွင့်ရသူဟူ၍ သတ်မှတ်ခွဲခြားပါရှိသည့် မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသားဥပဒေသည် ထိုသို့ဆက်လက်ဆောင်ရွက်ရန်
မူဘောင်ကောင်းတစ်ခုပင်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အားလုံးပါဝင်မှုရှိသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု
မျှော်မှန်းချက်များကို ထင်ဟပ်စေရန် အရေးကြီးသည်။ ဤသို့ နိုင်ငံသားဖြစ်မှုဆိုင်ရာ သတ်မှတ်ပြင်ဆင်ရာတွင် ရခိုင်ပြည်နယ်ရှိ
မွတ်ဆလင်အသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များ၏ ပါဝင်ဆွေးနွေးမှုသည်လည်း ၎င်းတို့၏ လက်ခံနိုင်မှုနှင့် ရေရှည်အတွက် များစွာအ
ကျိုးရှိလှမည်ဖြစ်သည်။ ဤလုပ်ငန်းဖြစ်စဉ်တစ်လျှောက်တွင် ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအား လိုအပ်သည့်
လုပ်ပိုင်ခွင့်နှင့် အရင်းမြစ်များကို သုံးစွဲပိုင်ခွင့်ပေးခြင်းဖြင့် များစွာအကျိုးရှိစေမည်။ ဤဖြစ်စဉ်အားလုံး၏ အနာဂတ်အကျိုးဆက်များကို
ရေရှည်တွင် ကြုံတွေ့ရင်ဆိုင်ရမည်မှာ ဒေသခံအစိုးရပင်ဖြစ်သည် မဟုတ်ပါလော။
          ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၀၂-၂၀၀၉ တန်ဇနီးယားနိုင်ငံ (Tanzania) မှ
ဘူရန်ဒီယန်(Burundian) စစ်ပြေးဒုက္ခသည်များကို ပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်မှ သင်ယူရရှိခဲ့သည့် နိုင်ငံတကာအတွေ့အကြုံအရ
 ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်အသိုင်းအ၀ိုင်း နိုင်ငံသားအဖြစ် စိစစ်ခံယူနိုင်မှုအား ဆုံးဖြတ်သတ်မှတ်ရန်အတွက် တိကျသောအချိန်
ကာလတစ်ခု သတ်မှတ်ရေးဆွဲရမည်။ အချိန်ကာလအတိအကျတစ်ခုကို ဖော်ပြသတ်မှတ်ထားရှိရမည်ဖြစ်ပြီး ဤကာလအတွင်းတွင်
 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာမှုမရှိစေရန် အထူးစီမံဆောင်ရွက်ရန် လိုအပ်သည်။ ဤလုပ်ငန်းစဉ်ကို ကောင်းစွာ
ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံ (သို့) အခြားနိုင်ငံတကာပူးပေါင်းမှုအစီအစဉ်များမှတစ်ဆင့် နည်းပညာပံ့ပိုး
ကူညီမှုများရယူရန် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။
        အကြံပြုတင်ပြအပ်သော လူဦးရေစိစစ်ကောက်ယူမှုနှင့် နယ်စပ်ဒေသ အထူးထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို
ဆောင်ရွက်ရန် ယခင်နယ်စပ်ဒေသကာကွယ်ရေး နစက (၂၀၁၃ ဇူလိုင်လ ဖျက်သိမ်း) ၀န်ထမ်းဟောင်းများအား လူမှုဆက်ဆံရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာ ပညာပေးသင်တန်းများ ပို့ချပေးခြင်းဖြင့် နစက၏ ပြည်သူ့ယုံကြည်မှုများ ပြန်လည်ရရှိလာအောင် ဆောင်
ရွက်နိုင်သည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း (အစ္စရေး-ပါလက်စတိုင်း) နှင့် (ပီရူး-အီကွေဒေါ) ညွန့်ပေါင်းတပ်များ သက်ဆိုင်ရာ
အငြင်းပွားနယ်စပ်တစ်လျှောက် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သကဲ့သို့ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များပါဝင်သည့်
 အရည်အချင်းပြည့်ဝသည့် နယ်စပ်လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် စဉ်းစားသင့်သည်။
               ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ အဆိုပါဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် အခြားသော
သက်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတို့တွင် လိုအပ်ပါက ၎င်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု
ကို ရယူနိုင်သည်။ ရခိုင်ပြည်နယ်အတွင်း ကန့်သတ်နေရာများရှိ မွတ်ဆလင်အသိုင်းအ၀ိုင်းနှင့် ယဉ်ကျေးမှုအရသော်လည်းကောင်း၊
ဘာသာရေးအရသော်လည်းကောင်း ဆက်နွှယ်မှုရှိနိုင်သည့် ခိုင်မာသည့် ဒေသတွင်း အစ္စလာမ်မစ်နိုင်ငံတစ်နိုင်ငံ (သို့)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူမှုအဖွဲ့အစည်းတစ်ခုခုကို ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူဦးရေစိစစ်ကောက်ခံရာတွင် လူဝင်မှု
ကြီးကြပ်ရေးမှ ဆက်လက်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ပေမည်။ စိတ်ချယုံကြည်မှုရှိသော စစ်တမ်း
ကောက်ယူမှုအဖြစ် ပံ့ပိုးပေးနိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ အာဆီယံနိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှားနှင့်
မလေးရှားနိုင်ငံ (သို့) ဂျပန်နှင့် ကိုရီးယားတို့၏အဖွဲ့သားများ ပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်သည်။
          နိုင်ငံသားဖြစ်ခွင့်ကိစ္စ စိစစ်ဆောင်ရွက်ပြီးစီးပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေး၊
 စီးပွားရေးဆိုင်ရာအခွင့်အရေးများကို ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု၊ လွတ်လပ်စွာ
ဟောပြောစည်းရုံးနိုင်မှုနှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မှု အခွင့်အရေးများပင်ဖြစ်သည်။ နိုင်ငံသားအဖြစ် ခံယူခွင့်
မရရှိသူများ၏ အနာဂတ်အတွက် ရှင်းလင်းသေချာသော အစီအစဉ်တစ်ခုထားရှိရမည်။ ဥပမာအားဖြင့် နိုင်ငံခြားသားများဆိုင်ရာ
 မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားခြင်း၊ ငွေကြေးအထောက်အပံ့အကူအညီတို့နှင့်အတူ တတိယနိုင်ငံတစ်ခုတွင် အခြေချနေ
ထိုင်နိုင်ရေး စသည်တို့ပင်ဖြစ်သည်။
       ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရေလတ်နှင့် ရေရှည်စီမံဆောင်ရွက်မှု
နိုင်ငံသားဖြစ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိစဉ်တွင် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှုအစီအစဉ်တစ်ခုကိုလည်း
 နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အဖွဲ့၊ ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ တစ်ပြိုင်နက်တည်း
 စနစ်တကျအသေအချာပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသ၏ မိသားစုဝင်ငွေမြှင့်တင်
မှုကို အလေးပေးဆောင်ရွက်ရန် အရေးကြီးသည်။ စိုက်ပျိုးရေး၊ ငါးမွေးမြူရေး၊ အသေးစားစီးပွားရေး၊ မူလတန်းအဆင့်ပညာရေး၊
တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးတို့နှင့်အတူ အခြေခံအဆောက်အအုံ (လမ်းများ၊ သက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှုအတွက်
အရေးကြီးသည့် ဆိပ်ကမ်းများအပါအ၀င်)တို့မှာ အဓိကဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍများဖြစ်သည်။ ရပ်ရွာလူထုအခြေပြု
သမ၀ါယမနှင့် အသေးစားချေးငွေလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တစ်ခု (“ကနဦး သက်မွေးဝမ်းကျောင်းဆိုင်ရာဖွံ့ဖြိုးမှု” ဟူ၍
ရပ်ရွာလူထု ကိုယ်တိုင်စီမံခန့်ခွဲမှုမျိုးပုံစံ) ရှိခြင်းဖြင့် အကျိုးရှိစေပါလိမ့်မည်။ ဒေသခံများ၏ လိုလားမှုဆန္ဒကို အထူးဦးစားပေး၍
 ဖြစ်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းဆိုင်ရာ နှစ်ဖက်ကူးလူးဆက်ဆံမှုကို ဖန်တီးပေးနိုင်မည့် ၀င်ငွေလည်ပတ်မှုဆိုင်ရာလုပ်ငန်း
များကို ထည့်သွင်းစဉ်းစားသင့်သည်။
       ဤနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နည်းပညာပိုင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများဖြင့် အသိုင်း
အ၀ိုင်းတစ်ဖက်ဖက်မှ (သို့မဟုတ်) နှစ်ဖက်စလုံး၏ ယုံကြည်လေးစားမှုရှိသည့် ဘာသာရေးနှင့် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တို့မှ
တောင်အာရှနှင့် အရှေ့အလယ်ပိုင်းနှစ်ခုစလုံးတွင် အခြေစိုက်နေသော Rohigya Solidarity Organization (RSO) ကွန်ယက်များ၏
ခေါင်းဆောင်မှုပိုင်းနှင့် သြဇာလွှမ်းမိုးမှုရှိသော ဘုန်းတော်ကြီးများနှင့် အများစုလက်ခံကျင့်သုံးသည့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖြစ်တည်မှု
လက္ခဏာရပ်ကို တက်တက်ကြွကြွကာကွယ်ရန် တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်နေကြသည့် အများကြည်ညိုလေးစားသော
ဗုဒ္ဓဘာသာ လောကီခေါင်းဆောင်များအား အဆက်အသွယ်ပြုလုပ်နိုင်မည့် နည်းလမ်းတစ်သွယ်ကို ရှာဖွေရန်လိုအပ်နေသည်။
နှစ်ဖက်စလုံးမှ ပါဝင်ပတ်သက်နေကြသော ယင်းအထောက်အကူပြုအဖွဲ့များမှ ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စိတ်ဓာတ်ပိုင်း
ဆိုင်ရာပံ့ပိုးမှုများအစား ရခိုင်ပြည်နယ်ရှိ ၀င်ငွေနိမ့် အိမ်ထောင်စုများအား နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုများအတွင်းသို့
ကျရောက်စေသည့် စီးပွားရေးနိမ့်ကျမှုနှင့် လူမှုရေးမမျှတမှုတို့ကို ဖြစ်စေသည့် အဓိကအကြောင်းခြင်းရာများပေါ်တွင် ပြန်လည်အလေး
ထား အာရုံပြုကြရမည်။
         ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဖွဲ့တို့ ပူးပေါင်း၍ နှစ်ဖက်စလုံးမှ
 ဒေသတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ၏ ပြန်လည်နေရာချထားရေးကို ကူညီထောက်ပံ့ရန် လိုအပ်သည်။ ဘက်စုံအ
သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးခြင်း ဖြစ်ပေါ်လာမည့် မြေယာနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ဖြေရှင်း
ပေးခြင်းတို့ကို ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်၏ အစပိုင်းလုပ်ငန်းစဉ်များအဖြစ်ဖြင့် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ရမည်။
ပြည်သူလူထုအားလုံးအတွက် လုံခြုံစိတ်ချမှု၊ စိတ်သက်သာရာရမှု၊ နွေးထွေးပျူငှာမှုရှိသည့် လူမှုပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးစေ
နိုင်ရန်အလို့ငှာ တွေ့ဆုံစုရုံးမှုများကို ကောင်းစွာပြုလုပ် ဖန်တီးပေးရန်လိုအပ်သည်။ စိုးရိမ်ကြောက်ရွံ့စိတ်များ၊ ပူဆွေးသောကများ၊
 ကြောက်စိတ်စွဲကတ်မှုများအား ဖြေလျော့ကုသနည်း အတွေ့အကြုံများကို ၎င်းအစည်းအဝေးများတွင် မျှဝေပေးခြင်းတို့ကို ပြုလုပ်
နိုင်သည်။ ယခုလောလောဆယ်တွင် အိပ်မက်ဆိုးများနှင့်အတူ ကြောင့်ကြစိုးရိမ်ပူပန်မှုများကို ခံစားနေရသည့် သာမန်ပြည်သူများ
အတွက် အထူးလိုအပ်လှသည့် လူမှုစိတ်ပညာနှင့် စိတ်ခံစားမှုဆိုင်ရာ အထောက်အပံ့များအတွက် စနစ်ကျသော လုပ်ထုံးလုပ်နည်းများ
 မတွေ့ရှိရသလို ယင်းသို့ ဆောင်ရွက်စီစဉ်မှုများ လိုအပ်သည်ဟူသည့် အသိအမြင်များလည်း လစ်ဟာလျက်ရှိနေသည်ကို တွေ့ရသည်။
 နှစ်ဖက်စလုံး၏အကျိုးနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတို့အတွက် အထောက်အကူပြုစေမည့် သာမန်တွေ့ဆုံစုရုံးမှုများကို ဖန်တီးပြုလုပ်ပေးရာတွင်
 အမျိုးသမီးများ၊ လူငယ်များအပါအ၀င် အတွေ့အကြုံရှိသော ဘာသာရေးနှင့် လူမှုအသိုင်းအ၀ိုင်း ဒေသခံခေါင်းဆောင်များက အရေးကြီး
သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည်။ ထိုသို့ ကူညီဆောင်ရွက်ပေးရာတွင် စိတ်ပိုင်းဆိုင်ရာကုသပေးခြင်းပညာရပ်ကို ကျွမ်းကျင်စွာ
တတ်မြောက်ရန် မလိုအပ်သည့် ရိုးစင်းသော လမ်းညွှန်မှုများ အသုံးပြုနိုင်သည်။
        တင်းမာမှုအခြေအနေ အချိန်နှင့်အမျှ တဖြည်းဖြည်း လျော့ကျလာသည်နှင့်အညီ ယုံကြည်လေးစားမှုရှိသည့် နှစ်ဖက်ခေါင်းဆောင်များ
 ဦးဆောင်မှုပြု၍ ပြန်လည်သင့်မြတ်မှု၊ ညှိနှိုင်းအဖြေရှာမှုနှင့် နှစ်ဖက်လက်ခံအသိအမှတ်ပြုနိုင်မည့် နည်းလမ်းများ ဖော်ထုတ်စေနိုင်ရန်
ဒေသခံများ၏ ဆန္ဒအလျောက် နှစ်ဖက်အသိုင်းအ၀ိုင်းအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ၊ ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်မှုများ ပြုလုပ်
ပေးခြင်းဖြင့် အကျိုးရှိစေမည်။ အရှေ့တီမော၊ ရ၀မ်ဒါနှင့် တောင်အာဖရိကနိုင်ငံများတွင် ကျင့်သုံးခဲ့သော ဒေသခံလူထု၏ လုပ်ဆောင်ချက်
သာဓကများသည် မြန်မာနိုင်ငံ၏ တစ်မူထူးခြားသောသမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအနေအထားအတွက် အသင့်လျော်ဆုံးဖြစ်
စေမည့် နည်းလမ်းအခြေခံများကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် အခြေခံများပင်ဖြစ်သည်။ ပိုင်းခြားလျက်ရှိသော နှစ်ဖက်အသိုင်းအ၀ိုင်းအ
တွက် တိကျခိုင်မာသော နိုင်ငံရေးဖြေရှင်းမှုတစ်ရပ် အရေးပေါ်လိုအပ်လျက်ရှိသောကြောင့် အထက်တွင်ဖော်ပြခဲ့သော ဆောင်ရွက်မှုလုပ်
ငန်းစဉ်များ သေချာစွာညှိနှိုင်းဆွေးနွေးမှုပြုရန်နှင့် ပြန်လည်သုံးသပ်ရန် လိုအပ်သော်လည်း ဤအကြံပြုတင်ပြချက်၏ ခိုင်မာပြီးအပြုသ
ဘောဆောင်သည့် အခြေခံမျှော်မှန်းချက်ကို အလေးအနက်ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်မျှဝေရမည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တည်ထောင်ခဲ့သည့် အာဆီယံငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့
ရေးအင်စတီကျု့ဒ် (ASEAN Institute for Peace and Reconciliation)သည် မူဝါဒရေးဆိုင်ရာ သက်ရောက်မှုရှိစေရန်အတွက် ဤဖော်ပြပါ
လုပ်ငန်းစဉ်များကို ဆန်းစစ်လေ့လာခြင်း၊ ထပ်မံအားဖြည့်ခြင်းတို့ပြုလုပ်ရာ၌ အရေးကြီးသောအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်မည်ဖြစ်သည်။
(ဒေါက်တာအရိုင်သည် အမေရိကန်ပြည်ထောင်စု George Mason University, School for International Training (SIT) Graduate
Institute & Fellow, Center for Peacemaking Practice, School for Conflict Analysis and Resolution (S-CAR) ၌ Peacebuilding
and Conflict Transformation ဘာသာရပ်၌ တွဲဖက်ပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိသည်။ စာဖတ်သူများ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန်
 ဖော်ပြခြင်းသာဖြစ်ပြီး ဆောင်းပါးပါအကြောင်းအရာမှာ စာရေးသူ၏အာဘော်သာဖြစ်သည်)

7Day News Journal မှ...

Tuesday, January 28, 2014

မောင်တောမြို့ ဒုချီးရားတန်းကျေးရွာမှ ဖမ်းဆီးရမိသော တရားခံတစ်ဦး၏ ထွက်ဆိုချက်

၂၀၁၄ ဇန် ၂၈
အဆိုပါအခင်းဖြစ်နေ့တွင် ကင်းလှည့်ရန် လာရောက်သော တကက အောင်ကျော်သိန်းနှင့်အဖွဲ့
အား ရွာရှိ ဘင်္ဂလီ (၅၀)ဦးမှ ၀ိုင်းဝန်းပြီး တုတ်ဓါးအုတ်ခဲများဖြင့် ပစ်ပေါက် အကြမ်းဖက်ကြကြောင်း၊
 ကင်းလှည့်အဖွဲ့ ပြန်လည် ဆုတ်ခွာစဉ်တွင် တကက အောင်ကျော်သိန်းမှ လမ်းမှားသွားကြောင်း၊
ကျန်လူများက ရွာလမ်းကြား များနှင့် နေအိမ်များကြားဖောက်ထွက်နိုင်ခဲ့ကြသော်လည်း တကက
အောင်ကျော်သိန်းမှ ရွာမြောက်ဘက် လယ်ကွင်းတွင် ဆောင်းသီးနှံမျာ...းစိုက်ပျိုးထားသော ဟင်းခင်းမှ
 ဖြတ်ပြေးကြောင်း၊ ဟင်းခင်းတွင် အကာဖြစ် ပိုက်ကွန်များအား ၀ါးများစိုက်ထူကာရံထားရာ ထိုပိုက်ကွန်
တွင် ငြိမိပြီး အဖမ်းခံရကြောင်း၊ တကက အောင်ကျော်သိန်းအား ဘင်္ဂလီများမှ ရွာလယ်သို့ ယူဆောင်
လာပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နက်ကြကြောင်း၊ ထို့နောက် တစ်ဦးမှ သတ်ဖြတ်ရာ ဤနေရာ ၌မ
သတ်ဖြတ်ဘဲ သချိုင်းတွင်သတ် ဖြတ်မည်ဟု ပြောပြီး တကက အောင်ကျော်သိန်း၏ အ၀တ်အစားများအား
 ချွတ်ကာ သချိုင်းသို့ ခွေး၊၀က်ဆွဲ သလို တရွတ်တိုက်ဆွဲခေါ်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်သွားချိန်တွင်
တကက အောင်ကျော်သိန်းမှာ အသက်ရှိ သေးကြောင်း၊ ညဉ်းညူသံများကြရသေးကြောင်း၊ သူ မှ သချီိုင်းတွင်
မည်သို့ သတ်ဖြတ်ခဲ့ကို လိုက်ပါမသွား မသိရှိပါကြောင်းနှင့်၊ သတ်ပြီး အလောင်းအား သချိုင်းတွင်းထားခဲ့ကြောင်၊
 သတ်သူများပြန်လည်ရောက်ရှိချိန်တွင် ရွာသားများမှ အလောင်းအားသချိုင်းတွင် ထားရန် မသင့်တော်သဖြင့်
 တစ်ဖြန်ပြန်လည်ယူဆောင်လာပြီး ရွာဘေးချောင်းစပ်သို့ ဆွဲယူသွားကြောင်း၊ အလောင်းအား မည်သို့ မည်ပုံ
 အစဖျောက်သည်ကို သူမသိရှိကြောင်း၊ ရွာအတွင်း ၀ိုင်းဝန်းရိုက်နက်သည်ကို မှု မျက်ဝါးထင်ထင်တွေ့မြင်ခဲ့
ကြောင်း ထွက်ခဲ့သည်။

Western Gate Guard

Saturday, January 25, 2014

ဆွီဒင်လူမျိုးများရဲ့ ပြင်မရတော့တဲ့ အကြီးမားဆုံးနောင်တ ၊ မြန်မာပြည်သို့ရောက်နိုင်သလော

ဆွီဒင်လူမျိုးတွေ ပြင်မရတော့တဲ့ အကြီးဆုံး နောင်တကတော့ မူဆလင်တွေကို မိမိနိုင်ငံတွင်းမှာ နေထိုင်ခွင့် ပေးလိုက်တာပါပဲ။
ဥရောပမှာ ဆွီဒင်က အင်မတန် ငြိမ်းချမ်းတဲ့ နိုင်ငံ။ စီးပွားရေးလည်း ကောင်းတယ်။ ဆွီဒင်လူမျိုးတွေက သနားတတ်တယ်။
အာဖရိကမှာ၊ အရှေ့ဥရောပမှာ မူဆလင်တွေ အငတ်ငတ်အပြတ်ပြတ်နှင့် ဒုက္ခရောက်တာ မြင်ရတော့ သနားမိတာနှင့်...
 နိုင်ငံထဲမှာ ခိုလှုံခွင့် ပေးမိတယ်။ လူနည်းနည်းပဲ ရှိတုန်းကတော့ မုတ်ဆိတ်တွေက သနားစရာမျက်နှာလေးတွေနဲ့။ ဆွီဒင်တွေက
 ဒါကိုကြည့်ပြီး သနားပြန်တာနှင့် ကျန်ခဲ့တဲ့ မူဆလင်ဆွေမျိုး၊ မိတ်ဆွေတွေကိုပါ နေထိုင်ခွင့် ပေးလိုက်ကြတယ်။
                   မာမူတွေလဲ အင်အားစုမိသွားရော။ ဖြစ်လိုက်တဲ့ မူဆလင် အကြမ်းဖက်မှု။ စတော့ဟုမ်းမြို့တော်ကြီးတောင် မီးဟုန်း
ဟုန်းတောက်သွားတယ်။ ဖြစ်လိုက်တဲ့ မူဆလင်မုဒိမ်းမှု။ အရင် အေးချမ်းလှပါတယ်ဆိုတဲ့ ဆွီဒင်နိုင်ငံက ဥရောပမှာ မုဒိမ်းမှုအမြင့်ဆုံး
 နိုင်ငံဖြစ်သွားတယ်။ ဟိုအရင် ဒုက္ခရောက်နေစဉ်က ပလီပလာ တစာစာနှင့် မုတ်ဆိတ်တွေ။ ဆွီဒင်မှာ မူဆလင်အင်အားစုလည်း
 ဖြစ်လာရော လေသံက တစ်မျိုးပြောင်းသွားတယ်။
            သူတို့ကို ကယ်တင်တာ အလ္လာဟ်အရှင်မြတ်သာ ဖြစ်ပါသတဲ့။ သူတို့ ဒုက္ခရောက်နေတာ မမြင်ရက်လို့ ခုလို ကယ်တင်
လိုက်ခြင်းသာ ဖြစ်ပါသတဲ့။ ဆွီဒင်တွေဟာ ကာဖိရ်တွေဖြစ်လို့ ဆွီဒင်မတွေကို မုဒိမ်းကျင့်တာ ကုသိုလ်တောင် ဖြစ်ပါသတဲ့။
မိုဟာမက်တပည့်တွေက မိုဟာမက်လိုပဲ မိုက်ရိုင်း၊ စော်ကား၊ ကျေးဇူးကမ်းချက်က ကမ်းကုန်တယ်။ ဒီလိုနဲ့ပဲ မူဆလင်တွေက
အခါအခွင့်သင့်ရင် သင့်သလို နိုင်ငံတွင်း အကြမ်းဖက်၊ ဆွီဒင်မိန်းမပျိုတွေကို မုဒိမ်းကျင့်၊ ဒါမျိုးတွေကျူးလွန်နေတာ ခုဆိုရင်
ဆွီဒင်အမျိုးသမီးတွေရဲ့ ဘဝတွေ မလုံမခြုံဖြစ်နေပြီး အိမ်ထဲက အိမ်ပြင် မထွက်ဝံလောက်အောင်တောင် ဖြစ်နေပြီ။
              ဘယ်လောက်ထိ မူဆလင်တွေကို ဆွီဒင်အမျိုးသမီးတွေ ကြောက်လန့်နေရတယ်ဆိုတာကို ဆွီဒင် သတင်း website မှာ
ဖော်ပြထားတာတစ်ချို့ကို highlight လုပ် ဖော်ပြပေးလိုက်ပါတယ်။ "ဆွီဒင်အမျိုးသမီးလေးယောက်တွင် တစ်ယောက်မှာ ၎င်းတို့
နေထိုင်ရမှုသည် လုံခြုံခြင်းမရှိဟု ခံစားနေရပြီး ဆယ်ဦးတွင် တစ်ဦးမှာ ညအချိန် တစ်ယောက်တည်း အပြင်မထွက်ရဲဟု ဆွီဒင်
အမျိုးသား မှုခင်းတားဆီးရေးကောင်စီမှ ၎င်းတို့၏ အမျိုးသားလုံခြုံရေးလေ့လာမှု၌ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားသည်။"
မူဆလင်တွေက သနားစရာပါ၊ နိုင်ငံသား ဖြစ်ခွင့်ပေးသင့်တယ် ဆိုသူတွေ ဆွီဒင်ကို နမူနာကြည့်ထားကြလို့ပဲ ပြောလိုက်ပါရစေ။

Credit to: Myo Min Thant

Sunday, January 19, 2014

Nero Burning ROM 11 Portable

မင်္ဂလာပါ မိတ်ဆွေတို့ ဒီနေ့ အချိန်ရ လို ဘလော့ ဘက်သို့လှည်လာခဲ့ပါတယ်
မျှစရာလေးရှိလို အချိန်ရတာနဲ့ တင်ပေးခဲ့ပါတယ် Nero Burning ROM 11 Portable
ကိုတော့ သုံးဖူးကြမှာပါ window xp /7 တို့မှာ အဆင်ဖြေစွာသုံးနိုင်ပါတယ်
အလွန်ပေါ့ပါးပြီး အလွယ်တစ်ကူ အသုံးပြုနိုင်မှာဖြစ်ပြီး USB နဲ့သိမ်းဆည်းထားနိုင်ပြီး
Run စရာမလိုဘဲ အသုံးပြုနိုင်ပါတယ် အခွေ Burn ရာတွင်လည်း အရေအသွေပြည့်ဝ
စေပါတယ်.. အလိုရှိနေတဲ့ မိတ်ဆွေများ အောက်တွင် ဒေါင်းနိုင်ပါပြီ
အဆင်ပြေကြပါစေ........
                                 DOWNLOAD

Wednesday, January 15, 2014

အယ်လ်ဂိုး ကို ဘန်ကောက် မှာအလိုရှိသည်

 ရေးသားသူ- ရဲမိုး ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံး
နေ့ရက်တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။ “ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက
အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်း
ခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။
ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် “အ၀ါ”
များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည်ဖြစ်သည်။
Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်းပွတ်ဖြစ်သည့်
ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျိုညှစ်လိုက်ခြင်းပင်။ ၂၀၀၆
ခုနှစ်က ၀န်ကြီးချုပ်သက်ဆင်ကို စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်က စတင်သည့် သက်ဆင်လိုလားသူ အနီများ
နှင့် မလိုလားသူအ၀ါများ၏ နိုင်ငံရေးတိုက်ပွဲက ခုနစ်နှစ်ကျော်ကြာသည့်အချိန်မှာ အရှိန်အဟုန်ပိုအားကောင်းလာခဲ့ပါပြီ။
 ထိုင်းနိုင်ငံရေးကို အဝေးက ရီမုတ်ကွန်ထရိုးနှင့် ချုပ်ကိုင်နေသည့် သက်ဆင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသူ
သူ့လူများကို “သက်ဆင်မိသားစုအကျိုးစီးပွား”အတွက်သာ အလုပ်လုပ်စေသည်။ ရွေးကောက်ပွဲမှာ အနိုင်မရသည့်
အတွက် ဧကရာဇ်၏အရောင်“အ၀ါ”ကိုခြုံပြီး စစ်တပ်မသိကျိုးကျွံပြုမှုအောက်မှာ ဘန်ကောက်လမ်းများကို ထိန်းချုပ်
တတ်သည့် ဒီမိုကရက်များကလည်း ဒီမိုကရေစီမကျသည့်နည်းလမ်းများဖြင့် အာဏာကို လွှဲပြောင်းဖို့ အားထုတ်ကြသည်။
 နိုင်ငံရေးမရင့်ကျက်သည့် ပြိုင်ဘက်နှစ်ဖွဲ့အကြားမှာ ထိုင်းနိုင်ငံကတော့ နိုင်ငံရေး၊ စီးပွားရေးအရ အကြီးအကျယ်
ထိခိုက်နစ်နာသွားခဲ့ပါပြီ။ အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။
 ဒုသမ္မတအယ်လ်ဂိုးနှင့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘုရှ်တို့ယှဉ်ပြိုင်သည့် ၂၀၀၀ ပြည့်နှစ်
အမေရိကန်သမ္မတရွေးကောက်ပွဲက သမိုင်းမှာ အကြိတ်အနယ်အဖြစ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဒုသမ္မတအယ်လ်ဂိုးကလည်း
 သမ္မတကလင်တန်၏တွဲဖက်အဖြစ် ရှစ်နှစ်ကြာစွမ်းဆောင်ပြနိုင်ခဲ့သူ။ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း သမ္မတဟောင်း
ဂျော့ခ်ျဘုရှ် (အကြီး)၏ သားဖြစ်သည့်အတွက် အသိုင်းအ၀ိုင်းအင်အား တောင့်တင်းလှသူ။ နှစ်ဖက်စလုံး၏ ရွေးကောက်ပွဲ
မန်နေဂျာများ၊ စည်းရုံးရေးမှူးများ၊ ထောက်ခံသူများကလည်း နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင်သွားခဲ့ကြသည့်
 ရွေးကောက်ပွဲဖြစ်ခဲ့သည်။ ပြည်နယ်တစ်ခုချင်းစီက မဲများရေတွက်ကြေညာသည့်အခါလည်း ရလဒ်က ဘတစ်ပြန်ကျားတစ်ပြန်။
 ရုပ်မြင်သံကြားပေါ်က အမေရိကန်မြေပုံကြီးမှာ ဒီမိုကရက်အယ်လ်ဂိုးက နိုင်သည့်ပြည်နယ်များကို အပြာရောင်ဖြင့်ပြပြီး
ရီပက်ဘလေကန်ဂျော့ခ်ျဒဗလျူဘုရှ်နိုင်သည့်ပြည်နယ်ကို အနီဖြင့်ပြသည်။ မြေပုံပေါ်မှာ အပြာနှင့်အနီက တစ်ကွက်ချင်း
နယ်လုနေခဲ့သည့်ပြကွက်။ နောက်ဆုံးတော့ အဆုံးအဖြတ်က ဖလော်ရီဒါပြည်နယ်ကိုရောက်လာသည်။ ဖလော်ရီဒါမှာနိုင်တဲ့သူ
သမ္မတဖြစ်ပြီ။ ပြဿနာက ဒီနေရာမှာစပါသည်။ ဖလော်ရီဒါမဲရုံကထွက်လာသူများကို မေးမြန်းသည့်အပေါ်မှာ အခြေခံပြီး
“အယ်လ်ဂိုးနိုင်ပြီ”ဟု ရုပ်မြင်သံကြားအချို့က ကြိုတင်ခန့်မှန်းကြသည်။ နောက်ပိုင်းမှာ “ဘုရှ်”နိုင်ပြီဟု ပြောင်းလဲခန့်မှန်း
လောက်အောင် နှာတစ်ဖျားအသာ ယှဉ်ပြိုင်ကြသည်။ နောက်ဆုံးမဲရေတွက်ရာမှာ ရာဂဏန်းမျှဖြင့် ဘုရှ်နိုင်သည်။ သို့သော်
ဒီမိုကရက်များကို အစဉ်တစိုက်အားပေးသည့် ခရိုင်သုံးနေရာမှာ မဲရေတွက်မှုပြဿနာရှိနေသည်။ အယ်လ်ဂိုးကိုထည့်သည့်
မဲခုနစ်သောင်းကျော်ကို မဲရေတွက်သည့်စက်က ပယ်မဲလုပ်ထားသည်။ အယ်လ်ဂိုးက မဲပြန်ရေတွက်ပေးဖို့တောင်းဆိုသည်။
 ဖလော်ရီဒါတရားရုံးချုပ်က ပထမတော့ခွင့်ပြုလိုက်သည်။ တစ်နိုင်ငံလုံးက ရင်တမမနှင့်ကြည့်နေကြသည်။ အယ်လ်ဂိုးကို
ထောက်ခံသူများကတော့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားလျက်။ သို့သော် နောက်ဆုံးမှာ ပြည်ထောင်စုတရားသူကြီးချုပ်
အဖွဲ့ဝင်ငါးဦးက ပြန်လည်ရေတွက်မှုကိုရပ်စဲလိုက်ပြီး “ဘ်ုရှ်”ကို အနိုင်ပေးလိုက်သည်။ တကယ်တော့ တရားသူကြီးငါးဦးက
ကွန်ဆာဗေးတစ်ရီပက်ဘလေကန်သစ္စာတော်ခံများ။ တစ်နိုင်ငံလုံးမှာ မဲငါးသိန်းကျော်အသာနှင့် အနိုင်ရလျက် ရှုံးရသည့်အတွက်
နိုင်ငံအ၀န်း အယ်လ်ဂိုးထောက်ခံသူများက မကျေနပ်ကြ။ သူတို့မျက်နှာပေါ်ကမျက်ရည်များက တစ်စုံတစ်ခုကို အရေးယူဆောင်
ရွက်ဖို့ တောင်းဆိုနေခဲ့ကြသည်။ အားလုံးက အယ်လ်ဂိုးမျက်နှာကိုကြည့်ကြသည်။ မတရားသည့်ဆုံးဖြတ်ချက်ကို အယ်လ်ဂိုး
ဘယ်လိုတုံ့ပြန်မလဲ။ ဆူသက်နှင့် သက်ဆင်သာ အယ်လ်ဂိုး၏အကြံပေးများဆိုလျှင်တော့ နယူးယောက်ကိုသိမ်းလိုက်၊
ဝေါစထရိကိုပိတ်ဆို့ထား၊ မက်ဒီဆင်စကွဲယားကိုဝင်စီး၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်ထဲကို “ဘုရှ်”မ၀င်နိုင်အောင်တားထားဟု
 အကြံပေးကြပါလိမ့်မည်။ သို့သော် အယ်လ်ဂိုးက သက်ဆင်မဟုတ်သလို၊ ဆူသက်လည်းမဟုတ်ခဲ့ပါ။ တရားသူကြီးများ၏
ဆုံးဖြတ်ချက်က မမျှတသည့်တိုင် သူတို့၏လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဟု သူဆုံးဖြတ်ခဲ့သည်။ တကယ်တော့
သူ့ကိုထောက်ခံသည့် နိုင်ငံလူဦးရေထက်ဝက်ကျော်ကို လမ်းများပေါ်သို့ သူခေါ်ထုတ်လာခဲ့လို့ရသည်။ သူမလုပ်ခဲ့ပါ။
သူလုပ်ခဲ့လျှင် အမေရိကန်လူ့အဖွဲ့အစည်း ထက်ခြမ်းကွဲသွားမည်ဆိုတာကို သူနားလည်ခဲ့သည်။ တရားသူကြီးများ၏အဆုံး
အဖြတ်ကို လက်ခံဖို့ ပြည်သူတွေကို သူဖျောင်းဖျခဲ့သည်။ နိုင်ငံရေးပြဿနာကြားမှာ တိုင်းပြည်ညက်ညက်ကြေသွားမည့်
လမ်းကို သူမရွေးခဲ့ပါ။ ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ရုပ်သံပေါ်မှာ တည်ကြည်ရင့်ကျက်စွာ စကားပြောသွားသည့်
အယ်လ်ဂိုးကိုကြည့်ပြီး ကျွန်တော်ကြက်သီးထသွားမိခဲ့သည်။ “အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ
ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်” နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ပင်တိုင်ဆောင်းပါးရှင်
 သောမတ်စ်ဖရီးမင်းက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သူ့ကော်လံမှာ အခုလိုရေးခဲ့သည်။ “အကယ်၍သာ တရုတ်နှင့်
 ရုရှားစပိုင်များက ၀ါရှင်တန်ဆီက အဖိုးတန်ဆုံးလျှို့ဝှက်ချက်တစ်ခုကို ခိုးယူဖို့စောင့်ကြည့်နေခဲ့ကြသည်ဆိုလျှင်တော့
အကြံပေးလိုက်ပါမည်။ အယ်လ်ဂိုး၏မိန့်ခွန်းကိုသာ ခိုးယူပါတော့” တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်
ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။
ဒီမိုကရေစီကိုချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။ ကံဆိုးစွာနှင့် ဘန်ကောက်မှာ
အယ်လ်ဂိုးရှိမနေခဲ့ပါ။ ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်
ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည်ကြီးသာဖြစ်ပါသည်။ ဆူသက်သောင်ဆူဘန်၏စပွန်ဆာဖြင့် (၁၉)
ကြိမ်မြောက် အာဏာသိမ်းမည့် အစိမ်းရောင်ထိုင်းစစ်တပ်ကတော့ တင့်ကားအင်ဂျင်စက်များကို နှိုးကောင်းနှိုးနေကြမည်ဖြစ်သည်။
 အယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ။

သမ္မတကြီး ဦးသိန်းစိန် facebook မှကူးယူဖော်ပြလိုက်ပါသည်...

Sunday, January 12, 2014

Your-Uninstaller- 2014

Your-Uninstaller- ဆိုကွန်ပျူတာ သုံးမိတ်ဆွေများ သိပြီးသားဖြစ်မှာပါနော်..
2014 အတွက် အသစ်ကလေးရလာလို့ တင်ပေးလိုက်ပါတယ် KEY ကိုပါ
ထည့်ပေးလိုက်ပါတယ် အဆင်ပြေစွာဒေါင်းနိုင်ကြပါစေဗျာ...

                             DOWNLOAD

Saturday, January 11, 2014

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေအတွက်

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေ ၊ Viber code တောင်းရတာအဆင်မပြေသူတွေ၊
အရင်သုံးလက်စ Viber message တွေ ၊ sticker တွေကို ဖုန်းထဲမှာအသစ်ပြန်သွင်းထားတဲ့ Viber ထဲမှာပြန်ထည့်
ချင်သူတွေအတွက်ရည်ရွယ်ရေးသားပါတယ်ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။
 Viber သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်
စဉ်ပါ။ ဒါပေမယ့် အကြေ...ာင်းအမျိုးမျိုးကြောင့် ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware ပြန်တင်လိုက်ရတဲ့အခါ
Viber သုံးနေကျသူဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code အသစ်ပြန်တောင်းပြီး
activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊
အင်တာနက်ရှိပေမယ့် Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက် အလုပ်ရှုပ်တာပေါ့ဗျာ။ အခု
ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ ပုံမှန်သုံးစွဲနေစဉ်ကတည်းက အတွင်း data ကို copy/backup ကူးထားဖို့
ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။
 ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။
 တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊ ပြီးတာနဲ့ iTool ,
Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင်
Documents ဆိုတဲ့ Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder ကိုပြန်ကူးထည့်ပေးလိုက်ရင် ။
 Firmware မကျခင်တုန်းက activate လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate လုပ်ပြီးအ
ခြေအနေ ၊ အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး
 အသင့်သုံးစွဲရုံပါပဲ။ Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး ဖုန်းရဲ့ root directory
ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီးသိမ်းထားလိုက်ပါ။
အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အ
ဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ
root access တော့ရှိဖို့လိုပါလိမ့်မယ် အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊ Android OS သုံးဖုန်းတွေရောကို အင်တာနက်
မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

သက်နိုင်စိုး (Myanmar Mobile App Store)

မိတ္ထီလာမြို့တွင် ဖဲဝိုင်းတွင်း စကားများ ရန်ဖြစ်ရာမှ အစ္စလာမ်ဘာသာဝင် မှ ဗုဒ္ဓဘာသာဝင်တစ်ဦးလူသတ်မှု ဖြစ်ပွား

မိတ္ထီလာမြို့၊ ပြည်တော်သာ တောင်ဘက်ကမ်းမှာ ယနေ့ ညနေ (၅) နာရီ ၀န်းကျင်လောက်က ဖဲဝိုင်းမှတဆင့်
လူငယ်ချင်း ရန်ဖြစ် စကားများရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လူသတ်မှုအတွင်း
 ဓားနဲ့ထိုးခံရ၍ ပွဲခြင်းပြီး သေဆုံးသွားသူမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့အတွက် ဒေသတ၀ိုက် အနီးရှိ ကျေး
ရွာများမှ ရွာသားများ မိတ္ထီလာမြို့ပေါ်သို့ တက်လာကြတယ်လို့ သိရပါတယ်။...
          ပြဿနာဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ရဲဌာနက တရားခံလို့ သံသယရှိသူကို ချက်ချင်း ဖမ်းဆီးထိန်း
သိမ်းခဲ့ပေမယ့် ကျေးရွာများက တက်လာတဲ့ ဗုဒ္ဓဘာသာဝင်များက တရားခံကို ထုတ်ပေးရန် တောင်းဆိုမှုအချို့
ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်၊ ရဲနဲ့ လုံခြုံရေးတာဝန်ရှိသူများကတော့ အခြေအနေအား သတိနဲ့ စောင့်ကြည့်
နေကြပြီး၊ ကျေးရွာသားများကိုတော့ ပြဿနာများ ကြီးထွားလာခြင်းမရှိစေရန် တားဆီးမှုများ ပြုလုပ်နေတယ်လို့
သိရပါတယ်။
        မြန်မာစံတော်ချိန် ည (၈း၃၀) နာရီအချိန်မှာတော့ အင်တာနက်ပေါ်ရှိ မိတ္ထီလာမြို့နဲ့သက်ဆိုင်တဲ့ စာမျက်နှာ
တစ်ခုမှာတော့ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားနေပြီး လူတစ်ဦး သေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရတယ်လို့ ရေးသား
ဖော်ပြထားသော်လည်း အလင်းမျက်ဝန်းအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ညမထွက်ရအမိန့် ရတ်သိမ်းလိုက်တဲ့ မိတ္ထီလာမြို့ရှိ အစ္စလာမ်ဘာသာဝင် အများစုပါဝင်တဲ့ ဒေသခံများကတော့
 စိုးရိမ်မှုများကြောင့် တိမ်းရှောင်မှုများ ပြုလုပ်နေကြပြီး၊ အခြေအနေကို ပိုမိုကြီးထွားမလာစေရန် သက်ဆိုင်ရာအ
နေဖြင့် အချိန်မီ ထိန်းသိမ်းပေးကြစေလိုကြပါတယ်။
      မိတ္ထီလာမြို့မှာ လွန်ခဲ့တဲ့ (၁၀) လခန့်က ရွှေဆိုင်တစ်ခုအတွင်း အရောင်းအ၀ယ် မပြေလည်မှုကို အကြောင်းပြု၍
 ဒေသတွင်း ကြီးမားသည့် ကမ္ဘာကျော် အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ပြီး ဗလီများ၊ နေအိမ်များနဲ့ ဈေးဆိုင်များ မီးရှို့
ဖျက်ဆီးခံခဲ့ကြရပြီး ထောင်ပေါင်းများစွာသော အစ္စလာမ်ဘာသာဝင် အများစုပါဝင်တဲ့ ဒေသခံများ ဒုက္ခရောက်ခဲ့ကြရပါတယ်။
လက်ရှိအချိန်တွင် မိတ္ထီလာမြို့မှာ တည်ငြိမ်အေးချမ်းပြီဟု သက်ဆိုင်ရာမှ ထုတ်ပြန်ထားပြီး၊ ပြန်လည်တည်ဆောက်မှုများ
 ပြုလုပ်နေပြီဖြစ်ပြီး ဒုက္ခသည်စခန်းများမှ နေအိမ်သို့ ပြန်လည် ထွက်ခွာနေကြသည့်အချိန်လည်း ဖြစ်ပါတယ်။


Saturday, January 4, 2014

portable_aleo_photo_collage_maker

မင်္ဂလာနှစ်သစ်ပါဗျာ... ဒီနေ့အလုပ်ကလေးအားလို့ ဆော့ဝဲလ် ကောင်းလေးတစ်ခုကို
နှစ်သစ် လက်ဆောင်အဖြစ် အထူးတင်ပေးလိုက်ပါတယ်ဗျာ.. ဒီကောင်းလေးကဘာလုပ်
လို့ရသလဲဆို ပြောပြလိုက်ပါမယ် တစ်ချိုသော လူတွေလည်းတော်တော်များသိပြီးသား
ဖြစ်မှာပါ မသိသေးတဲ့ မိတ်ဆွေများ ဒီဆော့ဝဲလ်လေးကို လုံးဝ မသုံးဖူသေးတဲ့ မိတ်ဆွေ
များအတွက် ပြောပြလိုက်ပါမယ် လူတိုင်အတွက်လည်း အရေးပါလှတဲ့ အရာတစ်ခုဖြစ်တဲ့
ရက်မှတ် ပြက္ခဒိန် Calendar လေးတွေလုပ်လို့ရပါတယ် အထူးသဖြင့် မိမိလိုချင်တဲ့ ပုံ
Images တွေနဲ့ လုပ်လို့ရပါတယ်..ဒီကောင်းလေးရဲ့အားသာချက်ကတော့ စက်ကိုလည်း
ပေါ့ပါးစေပါတယ် Desktop မှာတင်ထားရုံလေးနဲ့အသုံးပြုလိုရပါတယ်..
                    အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်မှာဒေါင်းယူနိုင်ပါပြီး
                                               DOWNLOAD

ထိုင်းနိုင်ငံမှ ASI (GSM) ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်မည်

ထိုင်းနိုင်ငံအခြေစိုက် အကြီးမားဆုံး GSM မိုဘိုင်းလ်ဖုန်း အော်ပရေတာဖြစ်သည့် ASI (Advanced Info Service )
ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက
ဇန်နဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ထိုင်းနိုင်ငံအခြေစိုက် အဆိုပါ ကုမ္ပဏီမှ ဆင်းမ်ကတ်များ
 မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး
 ယင်းဝန်ဆောင်မှု အတွက် အကျိုးခံစားနိုင်မည့် ဦးရေ နှစ်သိန်းမှ သုံးသိန်းအထိ ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း
ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဝန်ဆောင်မှုများကို ဇန်နဝါရီလ အလယ်ပိုင်းတွင် စတင်ပေးအပ် သွားမည်
ဖြစ်ကြောင်းနှင့် တစ်ရက်လျှင် ဆင်းမ်ကတ် တစ်ခုမှ 50Mb အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ
သိရသည်။ ထို့အပြင် ထိုင်းနိုင်ငံ အခြေစိုက် True Move ဆက်သွယ်ရေး အော်ပရေတာ တစ်ခုသည်လည်း မြန်မာနိုင်ငံသို့
အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် ဝန်ဆောင်မှု ပေးအပ်ရန်အတွက် စီစဉ်နေ ကြောင်း ယင်းအော်ပရေတာ လုပ်
ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
         ထိုင်းနိုင်ငံအခြေစိုက် ASI ဆက်သွယ်ရေး ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ၏
အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ယနေ့အထိ ကမ္ဘာအနှံ့ သုံးစွဲသူ ၃၅ သန်းကျော် ရှိသည်။ ၂၀၁၃ ခုနှစ်
အတွင်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ်အဖြစ် အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် (Roaming) ဝန်ဆောင်မှုကို
စင်ကာပူအစိုးရပိုင် SingTel နှင့် စင်ကာပူနိုင်ငံ အခြေစိုက် StarHub ကုမ္ပဏီတို့က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။မြန်မာ့ဆက်
သွယ်ရေး လုပ်ငန်းကလည်း နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် မြန်မာနိုင်ငံမှ ဆင်းမ်ကတ်များ အသုံးပြုနိုင်ရန် အတွက် ပြင်သစ်နိုင်ငံ
အခြေစိုက် Orange ကုမ္ပဏီ၏ အကူအညီဖြင့် ယခုနှစ် ဇန်နဝါရီ လအတွင်း ဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း
ထုတ်ပြန် ကြေညာထားသည်။

The Voice

Wednesday, January 1, 2014

နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်းကောက်နှုတ်ချက်

မိဘပြည်သူများ ခင်ဗျား

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်း နေတဲ
့ နိုင်ငံရေးအပြောင်းအလဲများနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားနှင့် ရပ်တည်ချက်အချို့ကို ရှင်းလင်း ပြောကြား
ရင်း အစပြုသွားမှာ ဖြစ်ပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အည်း အဓိကရရှိခဲ့တဲ့ နိုင်ငံရေး
 ဖြစ်ထွန်း တိုးတက်မှု ကတော့ မတူညီတဲ့ နိုင်ငံရေးအင်အားစုတွေ အချင်းချင်းကြားမှာ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်း
များကို ရှောင်ရှားနိုင်ခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်း နိုင်ခဲ့ခြင်း ဆို
တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို အသင်ဝင်ရှင်သန်စေခဲ့ခြင်းပင် ဖြစ်ပါတယ်။ ကိစ္စရပ်တော်တော် များများမှာ ပူးပေါင်း
ဆောင်ရွက်နိုင်ခဲ့ကြတဲ့အတွက် နိုင်ငံရေးပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ဟာ အားကောင်း ခိုင်မာလာခဲ့ပါတယ်။နိုင်ငံရေးစနစ်
တစ်ခုကို လပေါင်း(၃၀)ကျော်ကြာ အတူတကွဖြတ်သန်းပြီးချိန်မှာ ယခင်က အချင်းချင်းကြားမှာ ရှိခဲ့တဲ့ သံသယကြီးမှုတွေ၊
မယုံကြည်မှုတွေကို လျှော့ချနိုင်ခဲ့ခြင်းသည်ပင်လျှင် ကျွန်တော်တို့ အားလုံး ကြိုးစား ဖော်ဆောင်နေကြတဲ့ နိုင်ငံရေး ယဉ်ကျေး
မှုသစ် တစ်ရပ်ရဲ့ အောင်မြင်မှုမှတ်တိုင်များအဖြစ် သက်သေထူ နေတယ်လို့ နားလည်လက်ခံထားကြရမှာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်လာနိုင်ခြင်းရဲ့ အကျိုးရလဒ်တစ်ခုကတော့ ကျွန်တော်တို့ အားလုံး
 မျှော်လင့်စောင့်စားခဲ့ရတဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ဒီဇင်ဘာလအတွင်းမှာ ကြီးကျယ်ခမ်း
နားစွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းပင် ဖြစ်ပါတယ်။ နှစ်ပေါင်း(၄၄)နှစ်ကြာမှ မြန်မာ့မြေပေါ်မှာ ပြန်လည်ကျင်းပခွင့်ရတဲ့ (၂၇)ကြိမ်
မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ယခုလို ပြည်သူတွေအားလုံး သိုက်သိုက်ဝန်းဝန်းနဲ့ အောင်မြင်စွာ ကျင်းပ
နိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာ အသိုက်အဝန်းမှာ ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်ရပ်အဖြစ် ပြန်လည်ဝင်ဆံ့လာခဲ့ပြီ ဖြစ်ပါ
တယ်။ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီးနဲ့ ပတ်သက်လို့ ကျွန်တော်အဓိက ပြောကြားလိုတဲ့ အချက်နှစ်ချက်ရှိပါတယ်။
 ပထမတစ်ချက်ကတော့ ယခုလို အမိမြေမှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရတဲ့ ပြိုင်ပွဲကြီးမှာ နိုင်ငံရဲ့ ဒေသအသီးသီးက
 တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ အားကစားသမားများဟာ ထိုက်တန်တဲ့ ဆုတံဆိပ်တွေနဲ့ အောင်ပွဲတွေရရှိအောင် ကြိုးစားခဲ့ကြတဲ့
အတွက် အမျိုးသားရေး တာဝန်ကျေမှုတစ်ရပ် အဖြစ် မော်ကွန်းတင် လိုပါတယ်။ မြန်မာနိုင်ငံထဲမှာရှိကြတဲ့ ပြည်သူတစ်ဦးချင်းစီအ
နေနဲ့ရော ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေအားလုံးပါ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ပါဝင်အားဖြည့်ပံ့ပိုးပေးခဲ့ကြ
တာကြောင့် ဒီလို ဆုတံဆိပ်တွေ ရရှိလာဖို့ ကြီးမားတဲ့တွန်းအားတွေ ဖြစ်စေခဲ့ခြင်း ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ လေးလေး
နက်နက် ယုံကြည်ပါတယ်။ ဒါ့အပြင် အာကစားပွဲတွေရဲ့ အနိုင်အရှုံးရလဒ်တွေထက် ကျော်လွန်ပြီး ကျွန်တော်တို့ နိုင်ငံအတွက်
ပိုမိုတန်ဖိုးကြီးတဲ့ အကျိုးရလာဒ်ကတော့ မြန်မာတစ်မျိုးသားလုံးရဲ့ စုစည်းမှုအားကို ပြသနိုင်ခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့
ပြောကြားလိုတဲ့ အချက်ကတော့ ဒီအားကစားပွဲတော်ကြီး အောင်မြင်စွာ ပြီးမြောက်အောင်မြင်ရေးအတွက် စိတ်ရောကိုယ်ပါ ပါဝင်
တာဝန်ယူဆောင်ရွက်ခဲ့ကြတဲ့ စေတနာ့ ဝန်ထမ်း လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီအားကစား ပွဲတော်ကြီးကနေ စေတနာ့ဝန်ထမ်းလူငယ်
တွေပဲ ဖြစ်ပါတယ်။ ဒီအားကစားပွဲတော်ကြီးကနေ စေတနာ့ဝန်ထမ်းလူငယ်တွေ အနေနဲ့ ရရှိလိုက်တဲ့ အနစ်နာခံမှု၊ ပရဟိတစိတ်ရှိမှု၊
 တာဝန်ယူလိုစိတ်ရှိမှု၊ အဖွဲ့အစည်းနှင့်ဆောင်ရွက်တတ်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု စတဲ့ အတွေ့အကြုံတွေဟာ
တိုင်းပြည်အနာဂတ် တည်ဆောက်ရေးမှာ များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒီအရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကနေ
 မိမိတို့ ဆောင်ရွက်နိုင်စွမ်းတွေအတွက် ဂုဏ်ယူကြရမှာဖြစ်ပြီး လိုအပ်ချက်များကိုလည်း သင်ခန်းစာယူ ပြင်ဆင် သွားကြရမှာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအပြောင်အလဲများကို လေ့လာသုံးသပ်ကြည့်မယ်ဆိုပါက ၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေ
 မူဘောင်များထဲက အစပြုပေါ်ပေါက်လာတဲ့ နိုင်ငံရေးလှုပ်ရှားခွင့်များကို နိုင်ငံရေး အင်အားစုအသီးသီးက အပြုသဘောဆောင်တဲ့ ချဉ်းကပ်
မှုမျိုးနဲ့ ထိရောက်စွာ ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ အတွက် အချိန်တိုအတွင်း အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကို တွေ့မြင်ကြရ
မှာ ဖြစ်ပါတယ်။ ထိုအခြေအနေသစ်တစ်ရပ်ကို ပကတိအရှိတရားအဖြစ် မှတ်ယူပြီး နိုင်ငံရေးဖြစ်စဉ် ပိုမိုအသက်ဝင်လာစေရေး အတွက်
နိုင်ငံရေးအင်အားစုများ ပိုမိုပါဝင်လာစေရေး၊ ပြည်သူများအားလုံး နိုင်ငံရေးအခွင့်အရေးများ  ပိုမို ရရှိလာစေရေးတို့ကို အတူတကွ ကြိုး
ပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
        အထက်ပါ ကြိုးပမ်းဆောင်ရွက်မှုများရဲ့ နိုင်ငံရေးအကျိုးဆက်အနေနဲ့ မိမိတို့လူ့အဖွဲ့အစည်းအတွင်း အပြုသဘော ဆောင်တဲ့ နိုင်ငံရေး
ငြင်းခုံဆွေးနွေးညှိနှိုင်းခြင်းဓလေ့ကို အားကောင်းရှင်သန်လာစေခဲ့ပါတယ်။ ဒီကိစ္စရပ်များကို သက်သေထူတဲ့အနေနဲ့ မိမိတို့ ကြုံတွေ့ခဲ့ရတဲ့
 နိုင်ငံရေးအခက်အခဲ အကြပ်အတည်းများ၊ စိန်ခေါ်မှုများကို နားလည်မှုရှိရှိ၊ စိတ်စေတနာမှန်မှန်ဖြင့် ခက်ခဲစွာကျော်ဖြတ်ခဲ့ကြတဲ့အတွက်
ရရှိတဲ့ အကျိုးရလာဒ်ကတော့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကဲ့သို့သော နိုင်ငံရေးစိန်ခေါ်မှုမျိုးကို ပြည်သူလူထု အကြားမှာ လွတ်လပ်ပွင့်
လင်းစွာ ဆွေးနွေးငြင်းခုံလာနိုင်သည်အထိ နိုင်ငံရေးတိုးတက်မှုတွေ ရှိလာပါတယ်။ နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်
ဆင်ရေး လုပ်ဆောင်ချက်များကိုလည်း တွေ့ရှိလာရပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်
များနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော “အခြေခံဥပဒေပြင်ဆင်ရေးနှင့် လေ့လာသုံးသပ်ရေးကော်မတီ” ကို ဖွဲ့စည်းပြီး
 လူထုလူတန်းစားအသီးသီး၊ အဖွဲ့အစည်းအသီးသီးရဲ့ သဘောဆန္ဒများ ရယူဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံ
 အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သော သဘောထား ရပ်တည်ချက်အချို့ကို ကော်မတီကို ပေးပို့ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။
           တချိန်တည်းမှာပင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးအင်အားစု တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ
အပါအဝင်နိုင်ငံရေး ပါတီများဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများကို
 အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ယခုလို နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်နိုင်ခွင့်ရှိခြင်းကပင်
မိမိတို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးရင့်ကျင်မှုရေချိန် မြင့်တက်လာကြောင်းကို ညွန်ပြနေတာ ဖြစ်ပါတယ်။
            ပြည်သူတစ်ဦးချင်းစီနဲ့ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များရဲ့ သဘောဆန္ဒ ထုတ်ဖော်ဆွေးနွေးမှုများကို သတင်းမီဒီယာမျိုးစုံကစလို့
အင်တာနက် လူမှုကွန်ယက်များအထိပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဆွေးနွေး ခွင့် ရှိနေခြင်း ကလည်း အပြုသဘောဆောင်သော ဖြစ်ထွန်းမှုဟု
ဆိုရမှာ ဖြစ်ပါတယ်။ ခေတ်မီတဲ့ ဒီမိုကရေစီလူ့ဖွဲ့အစည်းကို တည်ဆောက်ရာမှာ အရေးအကြီးဆုံး သွင်ပြင်လက္ခဏာဖြစ်တဲ့ နိုင်ငံရေး ကို လွတ်လပ်စွာ
ဆွေးနွေးငြင်းခုံမှုများ အားကောင်းမောင်းသန်ဖြစ်လာခြင်းကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထင်အရှား တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
ဖွဲ့အစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့  ပတ်သက်ပြီးလည်း ကျွန်တော့်ရဲ့ သဘောထားရပ်တည်ချက် အချို့ကို ပြောကြားလိုပါတယ်။
အသက်ဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့
သဟဇာတ ဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမှုကို ကျွန်တော့်အနေနဲ့ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။
 လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိတယ်လို့ ရှု့မြင်ပါတယ်။ ပထမပိုင်းကတော့
လက်ရှိ ကျွန်တော်တို့ ကြိုးပမ်းတည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ
 ပြုလုပ်ကြရမယ့်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊
 ဖြည့်စ်ွရေးသားခြင်းတွေ လုပ်ဆောင်ရမယ့် အပိုင်ဖြစ်ပါတယ်။
         ဒုတိယအပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင် လာစေရေး အတွက် လိုအပ်မယ့် ဒီမိုက
ရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်ဆိုပြီးတော့ ခွဲခြားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများ၊
တန်ဖိုးများပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင်ကြီးမားမှု၊ ဥာဏ်ပညာ
 ကြွယ်မဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။
                   တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
 ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို
 နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တာမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီး
ပွားနှင့် မိမိတို့နိုင်ငံရဲ့ အချိုပ်အချာအာဏာ တည်တံခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့် လျောက်ပတ် တဲ့ အကာအကွယ်ပေးနိုင်သည့် အခြေခံမှုများ
 ရှိရန်လည်း လိုလားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေးအကြပ်အတည်း
 တစ်ခုဆီ သို့ ဦးတည်မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။
       ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်မှုများကို
လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ထားရှိနိုင်မယ့် သဘောထားကြီးမှုတွေ၊
တောင်းဆိုမှုတွေကို အပြန်အလှန် နားလည် လက်ခံပေးနိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်း အားထုတ်မှုနှင့် ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်များ၊
 နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်း အာလုံးတို့ စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်နေမှုကို ကျွန်တော့်အနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်လျက်ရှိပါကြောင်း ပြောကြား
လိုပါတယ်။ ဒါ့ကြောင့် ယခုလုပ်ဆောင်လျက်ရှိသော အသေးစိတ် ညှိနှိုင်းမှုများကို အောင်မြင်စွာ ပြုလုပ်ပြီး များမကြာမီကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများ
 စတင်နိုင်ရန်ကိုလည်း တွေ့မြင်လိုကြောင်း ပြောကြားလိုပါတယ်။
           လာမည့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့တာဝန်ကြီးတစ်ခုကတော့ အာဆီယံဥက္ကဌအဖြစ် ဒေသတွင်းနိုင်ငံများ  ပါဝင်တဲ့အဖွဲ့အစည်း
ကြီးကို ဦးဆောင်ဦးရွက် ပြုရမှာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံတကာ ကိစ္စရပ်များ တစ်ခုနှင့်တစ်ခု ဆက်နွယ်မှု တိုးလာခြင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံရေး
ချိန်ခွင်လျှာ အပြောင်းအလဲနဲ့ အာရှဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံများ၏ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အရေးပါမြင့်တက် လာခြင်းတို့က မြန်မာနိုင်ငံမှ
အာဆီယံဥက္ကဌအဖြစ် ဦးစီးဦးဆောင်ပြုရမယ့် အချိန်မှာ မိမိတို့၏ ဦးဆောင်မှု တာဝန်ကို ပိုမိုအရေးကြီးလာစေမှာ ဖြစ်ပါတယ်။ (၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အာဆီယံဥက္ကဌတာဝန်ကိုလည်း
 နိုင်ငံရေးအင်အားစုများအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ပူးပေါင်းပါဝင်ပြီး အောင်မြင်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့
နိုင်ငံအနေနဲ့ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူချိန်မှာ အရှေ့တောင် အာရှဒေသ၏ အကျိုးကို သယ်ပိုးခွင့်ရမှာ ဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကိုလည်း
နိုင်ငံတကာ အသိုင်းအဝိုင်းများကြားမှာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
          ကျွန်တော့်အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နေ့မှစပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ လိုလားချက်များကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေနဲ့
လက်တွေ့ဖြစ်နိုင်တဲ့ အခြေအနေနှစ်ရပ်အကြား သဟဇာတ ဖြစ်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ သဟဇာတဖြစ်ရေးဆိုရမှာလည်း
လက်ရှိနိုင်ငံရေးအပြောင်းအလဲနဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန်ခိုင်မာရေး၊ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု ရှိရေးနှင့် ညင်သာသော အသွင်ကူးပြောင်းရေးကု
မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အစဉ်နှလုံးသွင်း ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့
တောင်းဆိုးချက်များ အတွက်လည်း အဖွဲ့အစည်းပေါင်းစုံကို အစဉ်တံခါးဖွင့် လက်ခံတွေ့ဆုံခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ မတူညီတဲ့
 နိုင်ငံရေးအင်အားစုများရဲ့ ကွဲပြားတဲ့ လိုလားချက်များ၊ သဘောထားရပ်တည်ချက်များကို နက်နဲသိမ်မွေ့စွာ ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်း၊ တည့်မတ်
ပေးခြင်းများ လုပ်ဆောင်နေရတော ဖြစ်ပါတယ်။ ဒီလိုချင့်ချိန် ဆောင်ရွက်ရတာကြောင့် တခါတလေမှာ နိုင်ငံရေးအင်အားစုအချို့ရဲ့ အားမလိုအားမရဖြစ်မှု
တွေ ရှိလာတာကို သဘာဝကျတယ်လို့ နားလည်လက်ခံထားပါတယ်။ ဒီလိုအခြေအနေတွေအားလုံးကို နိုင်ငံရေး အရှိတရားအနေဖြင့်ခံယူပြီး တစ်ဖက်နှင့်
တစ်ဖက် အပြန်အလှန်နားလည်မှု စွမ်းရည် မြှင့်တင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။
          ကျွန်တော့်အနေနဲ့ သမ္မတတာယန်ယူသည့်နေ့မှစပြီး တာဝန်ကို ရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှုမျိုး မရှိခဲ့သလို လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုတဲ့
အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး သဟဇာတဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
 အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေးဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက်
ပိုမိုမျှော်မှန်းဆောင်ရွက်ပါက နိုင်ငံရေးအကြပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး
 ဥာဉ်အမြော် အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားလိုပါတယ်။
       အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေ့ရှု့ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ ကျွန်တော်ကတိပေးထားတဲ့အတိုင်း
ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မှ မကျန်ရှိ စေဖို့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်။
လာမည့် ၂၀၁၄ ခုနှစ် နှစ်သစ်မှာလည်း ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးဟာ အတွေးသစ်၊ အမြင်သစ်များဖြင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ
ယခင်နှစ်ကထက် တိုးမြှင့်လုပ်ဆောင်သွားကြရန် တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။


နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်

အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများသည် မြန်မာနိုင်ငံ
အတွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ကြေညာခဲ့သည်။
Roaming စနစ်ဖြင့် ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်ရန် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အော်ပရေတာပေါင်း ၆၄
ခုနှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုကဲ့ နိုင်ငံတကာရှိ
 မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီနှင့်
ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
      မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေညာချက်၌ ပြည်တွင်းရှိ GSM နှင့် WCDMA မိုဘိုင်းဖုန်း လိုင်းများသည်
လည်း အခြားနိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများ
ပြုလုပ်နေသည်ဟု သိရသည်။ Roaming စနစ်ကို ပြည်ပမှ ပြည်တွင်းသို့ စတင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သော်လည်း
Roaming စနစ်အတွက် ကျသင့်သည့် ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေ။
ပြည်ပမှ မိုဘိုင်းဖုန်းလိုင်းများသည် နေပြည်တော်တွင်ကျင်းပသည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်
အလက် နည်းပညာဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးပွဲ၌ စတင်သယ်ဆောင် အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ဂျပန်အပါအဝင် အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းလိုင်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ သယ်ဆောင်အသုံး
ပြုခဲ့ခြင်းဖြစ်ပြီး အသုံးပြုခကို နိုင်ငံတကာ ဘီလ်နှုန်းအတိုင်း ကောက်ခံခဲ့သည်ဟုသာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
က ပြောဆိုသည်။


Ref:Internet Journal

Twitter Delicious Facebook Digg Stumbleupon Favorites More