မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Saturday, November 30, 2013

ဆီးဂိမ်းစ်မတိုင်မီ မြို့ကြီး ၃မြို့တွင် Set Top Box စက်များ အခမဲ့ပေးဝေသွားမည်

ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုအစီအစဉ်များကို
ဖမ်းယူနိုင်မည့် Set Top Box စက်များကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အခမဲ့ ပံ့ပိုးပေးသွားမည်...
ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
          မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုအစီအစဉ်များကို ရိုးရိုး အင်တာနာ ဖမ်းယူမှုမှ ဒစ်ဂျစ်တယ်စနစ်သို့
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ရက်နေ့မှ စတင်ပြောင်းလဲခဲ့ပြီး အဆိုပါ ထုတ်လွှင့်မှုစနစ်သစ်ကို ဖမ်းယူနိုင်မည့်
စက်များကို အထက်ပါမြို့ကြီးသုံးမြို့တွင် အခမဲ့ ဖြန့်ချိသွားရန်စီစဉ်နေခြင်းဖြစ်သည်။အဆိုပါဖြန့်ချိမည့် အစီအစဉ်ကို
ဆီးဂိမ်းစ်ပြိုင်ပွဲ မကျင်းပမီ ဖြန့်ချိသွားမည်ဖြစ်ကြောင်းသိရသည်။
            ရိုးရိုးအင်တာနာစနစ်မှ နိုင်ငံတကာ အဆင့်မီ DVB-T2 စနစ်သို့ပြောင်းလဲထုတ်လွှင့်နိုင်ရန်အတွက် ပထမအ
ဆင့်အနေဖြင့် စက်ရုံ ၃ရုံကို ၂၀၁၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊တစ်နိုင်ငံလုံးကို DVB-T2 စနစ်ထုတ်
လွှင့် နိုင်ရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့ဆောင်ရွက်သွားမည်ဟုပြန်ကြားရေး ဝန်ကြီးဌာနမှသိရသည်။
             ပထမအဆင့်အနေဖြင့် မြို့ကြီး၃မြို့ရှိ အိမ်ထောင်စု ၂၆၅၁၈၄ နှင့် လူမှု အဖွဲ့အစည်း ၃၉၇၆၀ ကို ဆီးဂိမ်းစ်
 ပြိုင်ပွဲမတိုင်မီ Set Top Box များကိုအခမဲ့ ပေးဝေသွားမည်ဖြစ်ကြောင်း ၊ယခုလို ပေးဝေရာတွင် အိမ်ထောင်စု
တစ်စုအတွက် တစ်လဝင်ငွေတစ်သိန်းငါးသောင်းအောက် ရရှိသည့် အိမ်ထောင်စုများ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း
၊စီးပွားဖြစ်ဆောင်ရွက် နေခြင်းမဟုတ်သည့် အဖွဲ့အစည်း များ၊ ဆေးရုံ၊ ဆေးခန်း ၊စာသင်ကျောင်း၊ ဘူတာရုံ စသည့်
အများပြည်သူများကြည့်ရှုနိုင်မည့်နေရာများတွင် လည်းတပ်ဆင် ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်းသိရသည်။

-------------------------

အေဝမ်း

Wondershare DVD Creator 2.6.5.32 With Registration Code

Wondershare DVD Creator လေးကတော့ အခွေ Burn ဖို့အတွက် အရမ်းကို အဆင်ပြေတဲ့ ဆောဝဲ တခုပါ
  အရမ်းကို လန်းပါတယ်။ အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်။ သူငယ်ချင်းများ အခွေ Burn ဖို့ Menu
လှလှလေးတွေ ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ Wondershare DVD Creator ဆောဝဲလေးက တကယ်ဆောင်
ထားသင့်ပါတယ် Full Version သုံးလို့ရအောင် Resgister Key ပါ ထည့် ပေးထားပါတယ် ဆောဝဲကို install ပြီး
 Key ထည့်ပြီးရင်တော့ Full Version သုံးလို့ရပါပြီအခွေကူးသမားတွေ အတွက် အရမ်း အသုံးဝင်မယ်ထင်ပါတယ်။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
                  အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ........

                                             DOWNLOAD

How To Jailbreak 7.0.4 iOS With Iphone 4



IOS 7 အထက်  jailbreak လုပ်ချင်သူများအတွက်သတင်းကောင်လေးပါ။
jailbreak လုပ်ရန် လိုအပ်တဲ့ SOftware အရင်ဒေါ်င်းပါ။



Download Section:
     
  • iTunes and .Net can be found through RageBreak
 

MPT Service v1.1(Offical)

မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။...ဒီ App ကနေ Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
CDMA ငွေဖြည့်နိုင်ခြင်း GSM Internet လျှောက်ထားနိုင်ခြင်း GSM Internet Setting ချိန်နည်းပါရှိခြင်း
GSM Call Waiting Service လျှောက်ထားနိုင်ခြင်း GSM Call Forward Service လျှောက်ထားနိုင်ခြင်း
GSM Miss Call Altert Service လျှောက်ထားနိုင်ခြင်းGSM Voice Mail လျှောက်ထားနိုင်ခြင်း
Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကိုလုပ်ဆောင်နိုင်ပါသည်။ App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်
အဆင်ပြေပြေလုပ်ဆောင်နိုင်မှာပါ။ Service တစ်ခုခြင်းဆီရဲ့အချက်အလက်များကိုApp အတွင်းရေးသားပေးထားပါတယ်။
Google Play Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.phyochan.mptservice

Play Store ကနေ မဒေါင်းနိုင်သူများ အောက်မှာဒေါင်းပါ။

http://www.myanmarmobilesoftwaredeveloper.com/?p=9117

မာမာအေး သီချင်းခွေတစ်ခု

ဒီနေ့ မိတ်ဆွေများကို မိတ်ဆက်ပေးစရာ လေးတစ်ခု ရှိလို့ပါဗျာ... တစ်ခြားတော့ မဟုတ်ပါဘူး
တစ်ချိန်တစ်ခါက နာမည်ကြီးအဆိုတော် တစ်ယောက်ရဲ့ သီချင်းတွေနဲ့ပါဗျာ... တေးသံရှင် မာမာအေး
ဆိုကြားဖူးကြမလားမသိပါဘူး ကျွန်တော်တော့ ကြားဖူးတယ် သူသီချင်းတွေကိုလည်း နားထောင်ဖူးတယ်
ကျွန်တော် နဲ့ဆို အဖွား အရွယ်ပေါ့. မြန်မာ သံဇဉ်သီချင်း ကောင်းကောင်းလေးတွေကို သီဆိုခဲ့သူတစ်ယောက်ပါ
သူငယ်ချင်းများနာထောင်ကြည့်ချင်ရင်တော့ ငါမှာဒေါင်းလော့လုပ်ယူလို့ရပြီးနော်...
       အားလုံးအတွက် မြန်မာသံဇဉ်စစ်စစ်သီချင်းခွေးတစ်ခု တင်ပေးလိုက်ပါတယ်နော်
ပျော်ရွှင်ကြပါစေဗျာ......
                                           DOWNLOAD


Friday, November 29, 2013

ESET Antivirus 2014

ESET အကြောင်းကိုတော့ လူတိုင်သိကြမှာပါနော်... ESET Antivirus 2014 အတွက်
အသစ်ထွက်ရှိလာပါပြီ ချစ်မိတ်ဆွေများအတွက် အဆင်ပြေစွာဖြင့်သုံးလို့ရအောင်
ကြိုးစားပြီး တင်ပေးလိုက်ပါတယ် ကျွန်တော် ဆိုဒ်သို့ လာရောက်အားပေးနေကြဖြစ်တဲ့
မိတ်ဆွေများ ကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်သည်.. ဤဆိုဒ်ကို
ရေးနေခြင်းသည်.. ဘာအကျိုးအမြတ်တစ်ခုမှ လိုလားသည်မဟုတ်ဘဲ ဝါသနာအရ
ရေးဖြစ်ရခြင်းနှင့်မိမိကိုယ်တိုင်ပင်လျှင် နည်းပညာများ လိုလားသောအားဖြင့် ကျွန်တော်
ဖတ်မိသော ဆိုဒ်များမှလည်း ကူးယူဖော်ပြသလို့ ကျွန်တော်ကိုယ်တိုင် လည်းကြိုးစားလေ့လာ
ရေးဖြစ်နေပါသည်...
         လာရောက်လည်ပတ်နေကျမိတ်ဆွေများနှင့် ကျွန်တော်ချစ်သော အွန်လှိုင်းမိတ်ဆွေများ
ပျော်ရွှင်နိုင်ကြပါစေ
                                      DOWNLOAD


Apple ID နှင့် Password ကို ပြန်လည်ရယူနည်း...

Apple ID ကို အသုံးမပြုတာ ကြာသွားလို့ပဲဖြစ်ဖြစ်၊ Password တွေ မှတ်ရတာ များလွန်းလို့ ရောထွေးပြီး
Apple ID ရဲ့ password ကို လုံးဝ မမှတ်မိတော့တဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ Apple ID ကိုတောင်
မှ မေ့သွားတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာ မိမိ၏ Apple ID (သို့) password ကို ပြန်လည် Reset လုပ်နိုင်
မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်...
        ယခုတင်ပြမယ့် နည်းလမ်းများကို မိမိကိုယ်ပိုင် Apple ID မဟုတ်ပဲ အခြားသူတစ်ယောက်ရဲ့ ID (သို့)
password အတွက် ဆိုရင်တော့ အသုံးမဝင်ဖို့ (၉၉%) ရှိတယ်လို့ ပြောပါရစေ... Apple ID password ကို
 Reset လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်...

>>Reset Password<<
နည်းလမ်း (၁)
ယခုတင်ပြမည့် နည်းလမ်းသည် Password Reset လုပ်နိုင်ရန် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါသည်။
သို့သော် ယခုနည်းလမ်းကို သုံးနိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က "Rescue Mail" အဖြစ် မိမိ၏ အခြား email တစ်ခုကို
ရွေးချယ်ပေးထားခဲ့ရန် လိုအပ်ပါသည်။အကယ်၍ Rescue Mail ကို မပေးထားခဲ့မိပါက နည်းလမ်း (၂) နှင့် ကြိုးစား
ကြည့်နိုင်ပါသည်။
၁) ပထမဦးစွာ ဤနေရာသို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။
 
၂) "Email Authentication" ကိုရွေးပြီး "Next" နှိပ်ပါ။ 
၃) အောက်ပါအတိုင်း မိမိ၏ "Rescue email" သို့ Apple က စာပို့လိုက်ပါပြီ။ 
၎) မိမိ၏ Rescue email ၏ Inbox တွင်ရောက်လာသော Apple mail မှတစ်ဆင့်
"Reset your Apple ID password >" ကို နှိပ်ပါ။ (သုံးနာရီအတွင်း Reset လုပ်ပါ) 

၅) Password အသစ်ကို ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။ 
နည်းလမ်း (၂)

ယခုနည်းလမ်းကို အသုံးပြု၍ Password Reset လုပ်နိုင်ရန် Apple ID ဖွင့်ခဲ့စဉ်က သတ်မှတ်ပေးထားခဲ့သော
 Security Question နှစ်ခု (သို့) သုံးခုကို မှန်ကန်စွာ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။
၁) ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ မိမိ Apple ID ကို ရိုက်ထည့်ပြီး Next နှိပ်ပါ။
၂) "Answer security questions:" ကိုရွေးပြီး "Next" နှိပ်ပါ။
၃) အောက်ပါပုံများအတိုင်း မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုပါ။

၎) အဖြေများအားလုံး မှန်ကန်သွားပါက Password အသစ်တစ်ခု ပေးပြီး "Reset Password" ဆိုရင် ပြီးပါပြီ။ 
နည်းလမ်း နှစ်ခုစလုံးအတွက် လိုအပ်သော "Rescue Mail" နှင့် "Security Answers" များ မရှိခဲ့ မသိခဲ့ပါက "Apple ID" အသစ်တစ်ခုကို ထပ်မံဖွင့် လှစ်ရန်သာ ဖြစ်နိုင်ပါတော့မည်။
ထိုအတွက် Apple ID အဟောင်းနှင့် "Free" "Paid" App များကို account အသစ်တွင် ဆက်လက် အသုံးပြုနိုင်တော့မည် မဟုတ်ချေ...

*****************************************
 
 >>Recover Apple ID<<
ယခုနည်းလမ်းကတော့ Apple ID ကိုပါ လုံးဝ မေ့သွားတဲ့ အခါမှာ Recovery ပြန်လည် ရယူနိုင်မယ့် နည်းဖြစ်ပါတယ်။ ပထမဦးစွာ ဤနေရာ သို့ သွားပြီး၊ "Forgot your Apple ID?" ကို နှိပ်ပါ။

Apple ID ကို အောင်မြင်စွာ Recovery လုပ်နိုင်ဖို့အတွက်၊ Apple ID registered လုပ်ခဲ့စဉ်က ပေးထားခဲ့သော မိမိ၏ information များကို ထည့်သွင်းပေးရမှာဖြစ်ပြီး။ 
Apple က တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက အောက်ပါအတိုင်း "Email authentication"
 နှင့် "Answer security questions" ဆိုပြီး Option နှစ်ခုနှင့် Recovery ပြန်လုပ်နိုင်ပါတယ်။ 

  • "Email authentication" ကို သုံးပါက မိမိ၏ Rescue Mail သို့ စာပို့ပေးပါလိမ့်မည်။
  • "Answer security questions" အတွက် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုရန်လိုအပ်ပါသည်။ 
  • နောက်ဆုံးမှာ အောက်ပါအတိုင်း သင်၏ Apple ID ကို ပြန်လည်ရရှိပါလိမ့်မယ်။



Password ကို Reset လုပ်၍ ပြန်လည် အသုံးပြုနိုင်ပါပြီ.... 
Post ဖိုးသီကြား Credit to : Apple





Thursday, November 28, 2013

ကြမ်းတမ်းမှုကြောင့် အလ္လာမှ စောင်မနိုင်ရန် သားသမီး(၄)ဦးအား သတ်ဖြတ်ပြီး အလ္လာအား ယစ်ယူဇော်

စားဝတ်နေရေးအဆင်မပြေ ကြမ်းတမ်းမှုကြောင့် အလ္လာမှ စောင်မနိုင်ရန် သားသမီး
(၄)ဦးအား သတ်ဖြတ်ပြီး အလ္လာအား ယစ်ယူဇော်ခြင်းမောင်တောမြို့နယ်၊
စံပါယ်ကုန်းကျေးရွာမှ မရိုအားဇားဘေဂွန် (ဘ) အေဇားမျှာ ဆိုသူသည် ၄င်းသားသမီ
(၄)ဦးအား လည်လှီးသတ်ဖြတ်ပြီးအလ္လာအရှင်မြတ်အား ယစ်ပူဇော်ခဲ့သည်။ အဆိုပါ
 မရိုအားဇာဘေဂွန် (၃၅)နှစ်သည် စားဝတ်နေရေးအဆင်မပြေလည်ခြင်း၊ အလ္လာရှင်မြတ်ထံမှ
ကုသိုလ်ရယူလိုခြင်းတို့ကြောင့် ၄င်းသားသမီး (၄)ဦးဖြစ်သည့် မနူရ်ဆာမန်၊ အဒူရာမာန်၊ မယာစ်စမိန်၊ နူရ်အာတစ်တို့အား မိမိအိမ်နှင့် ကိုက် ၂၀ခန့်
ဝေးသော လယ်ကွင်းသို့ တစ်ဦးချင်းစီး ခေါ်ဆောင်သွားပြီး အီစ္စလာမ်ဘာသာရဲ့ အယူဝါဒအတိုင်းလည်လှီးသတ်ဖြတ်ခဲ့ပါသည်။ သူမသည်
အာရ်ဗီဖတ်စာ (၈)တန်းထိ အောင်မြင်ခဲ့ဖူးသူဖြစ်ပြီး ဘာသာရေးအစွန်းရောက်သူဖြစ်သည်။ သူမကိုယ်တိုင်လည်း သူ့သားသမီးများအား မိမိကိုယ်
တိုင်သတ်ဖြတ်ယစ်ပူဇော်ခဲ့ပါကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး ယခုအခါ ပြစ်ဒဏ်ချမှတ်ရန်
ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တရားလိုပြု တရားစွဲဆို ထားပြီးဖြစ်ပါသည်။
Share Arakan News

Android Wallpaper

Wallpaper အလန်းလေးတစ်ခုတွေလို့ တင်ပေးလိုက်ပါတယ်နော် Android ဖုန်းသုံးမိတ်ဆွေများ
Wallpaper အသစ်လေးနဲ့ လန်းနိုင်ဖို့ အောက်ပါလင့်မှာ ဒေါင်းကြပါစို့

                                                   DOWNLOAD

Football Manager Handheld 2014

Android  ဖုန်းများတွက် လာပြီးနော် အားလုံးမျှော်လင့် နေမယ်လို့ထင်ပါတယ် ဘောကြိုက်မောင်များအတွက်
တင်ပေးလိုက်ပါတယ်နော် Football Manager Handheld 2014 ပါနော်... ဖုန်းလေးနဲ့ ဘောလုံးဂိမ်းဆော့ချင်း
သူများ အောက်မှာ ဒေါင်းလေ့ ရယူနိုင်ပါပြီး Android ဖုန်းသုံးမိတ်ဆွေများ ပျော်ရွှင်နိုင်ပါစေ
     အဆင်ဖြေစွာဖြင့်ဒေါင်းယူနိုင်ကြပါစေဗျာ...
                                         
                                      DOWNLOAD

Wednesday, November 27, 2013

ငွေဖြည့်ကတ် ရောင်းချမှုနှင့် ပတ်သက်၍ ဈေးနှုန်း ကန့်သတ်ခြင်း၊ ညွှန်ကြား ချက်၊အမိန့် များနှင့် တားမြစ် ကန့်သတ်ခြင်းမျိုး မရှိဟုဆို

ငွေဖြည့်ကတ် ရောင်းချမှုနှင့် ပတ်သက်၍ ဈေးနှုန်း ကန့်သတ်ခြင်း၊ ညွှန်ကြားချက်၊ အမိန့်များနှင့် တားမြစ်ကန့်သတ်
 ခြင်းမျိုးမရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးသောင်းတင်၏
 ပြောကြားချက်အရ သိရသည်။
        မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ငွေဖြည့်ကတ်များကို ကုမ္ပဏီများသို့ ၆ ရာခိုင်နှုန်းကော်မရှင်နှင့် ဖြန့်ဖြူး
ရောင်းချပေးရန် ကိုယ်စားလှယ် ခန့်အပ်ထားခြင်း ဖြစ်ကြောင်း၊ တစ်ခါတစ်ရံဈေး ကွက်လိုအပ်ချက်ကို ခန့်မှန်းတွက်
ချက်မှုလွဲမှားပြီး တစ်ချို့ငွေဖြည့်ကတ်များ မလုံလောက်ခြင်း၊ ကြုံတွေ့ရခြင်း၊ ဈေးကွက်ကိုလက်ဝါးကြီး အုပ်လိုမှုနှင့် ဝယ်ယူသို
လှောင်ထားခြင်း၊ ဖြန့်ဖြူးသည့် စနစ်အား နည်းခြင်းကြောင့် ပြတ်လပ်သွားခြင်း၊ ထုတ်လုပ်သော ကိုယ်စားလှယ် ကုမ္ပဏီ၏ နည်း
ပညာအားနည်းချက်ကြောင့် တစ်ခါတစ်ရံသုံးစွဲမရသည့် ငွေဖြည့်ကတ်များ ကြုံတွေ့ရခြင်းတို့ကြောင့် ဖြစ်ပြီး ထိုကဲ့သို့ ကိစ္စများအတွက်
 မကြာခဏညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ဒုတိယဝန်ကြီးကပြောသည်။
              သို့ရာတွင် လွတ်လပ်သော ဈေးကွက်သဘောတရားကို ဟန့်တားသည့် ကိစ္စရပ်များဖြစ်သည့် ဈေးနှုန်းကန့်သတ်ခြင်း၊
 ညွှန်ကြးချက်၊ အမိန့်များနှင့် တားမြစ်ကန့်သတ်ချက် မရှိခဲ့ကြောင်း ဒုတိယ​ဝန်ကြီး ကဆက်လက်ပြောကြားသည်။ ပထမအကြိမ်
 ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ ပြောကြားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ငွေဖြည့်ကတ် ထုတ်
လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီအရေအတွက်၊ အမည်နှင့်ငွေဖြည့် ကတ်များ ဈေးကွက်တွင် ပြတ်လပ်မှုမရှိစေရန် မည်သို့စီ
မံထားသည်တို့ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်းကိုပေါက်မဲ ဆန္ဒနယ်မှ ဦးခင်မောင်ညိုက မေးမြန်း ခဲ့ခြင်းဖြစ်ပြီး ၎င်းမေး
မြန်းမှုကိုဖြေကြားရာတွင် အထက်ပါအချက်များကို ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
           မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများတွင် အသုံးပြုရန်အတွက် Prepaid Top Up ကတ်ထုတ်လုပ်ဖြန့်ဖြူးရန်
 Asia Mega Link Co.,Ltd, Global Telephone Co.,Ltd, Tamoehnye Chan Tha Tun Wai Tha Co., Ltd, Yatanapon Teleport Co.,Ltd
နှင့် Elite Tech IT Services Co.,Ltd ကုမ္ပဏီ (၅) ခုကိုကိုယ်စားလှယ် ပေးထားကြောင်း သိရသည်။

credit to:Internet Journal

Tuesday, November 26, 2013

ပြည်ပနိုင်ငံလေးနိုင်ငံမှ ပြည်တွင်းသို့ Ytalk စနစ်ဖြင့် ဖုန်းခေါ်နိုင်ပြီ

26-11-2013

ရန်ကုန်၊ မဇ္ဈိမ။ အမေရိကန် ၊ အင်္ဂလန် ၊ စင်င်္ကာပူနှင့် ထိုင်းနိုင်ငံများမှ ပြည်တွင်းသို့ Ytalk ဖုန်းခေါ်ဆိုမှုစနစ်ဖြင့်
ခေါ်ဆိုနိုင်ပြီ ဖြစ်ကြောင်း Ytalk Service ကို ၀န်ဆောင်မှုပေးနေသော VMG Telecom Co,ltd မှ အထွေထွေ မန်နေဂျာ
 ဦးအောင်မင်းသိန်းက နိုဝင်ဘာ ၂၆ရက်တွင် မဇ္ဈိမကို ပြောသည်။ အဆိုပါ Ytalk ဖုန်းခေါ်ဆိုမှု စနစ်သည် ယခင်က
 ပြည်တွင်းမှ ပြည်ပနိုင်ငံများကိုသာ ခေါ်ဆိုနိုင်ပြီး နိုဝင်ဘာ ၂၂ ရက်မှ စတင်ကာ ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ စတင်
ဖုန်းခေါ် ဆိုနိုင်ခြင်း ဖြစ်သည်ဟု ဦးအောင်မင်းသိန်းက ဆိုသည်။
          ဦးအောင်မင်းသိန်းက " နောက်ပိုင်း အခြားနိုင်ငံတွေမှာလည်း အသုံးပြုနိုင်အောင် လုပ်သွားဖို့ရှိတယ်။ ဖုန်းခေါ်ဆိုမှု
တစ်နိုင်ငံဆီ ရရှိနိုင်ဖို့က ဟိုဘက်က နိုင်ငံတွေက အော်ပရေတာ ညှိနှိုင်းရတာ ကြာတယ်" ဟုပြောသည်။ယင်းသို့ ပြည်ပ
 နိုင်ငံများမှ ဖုန်းခေါ်ဆိုနိုင်သော်လည်း နိုင်ငံတိုင်းတွင် Ytalk ဖုန်းငွေဖြည့်ကတ်ကိုရောင်းချ ပေးနိုင်ခြင်း မရှိသေးဘဲ မြန်မာ
အများဆုံး နေထိုင်သော ထိုင်း၊ စင်္ကာပူနှင့် မလေးရှားရှိ ဆိုင်အချို့တွင်သာ ရောင်းချပေးသည်ဟုလည်း VMG Telecom Co,ltd မှ
 သိရသည်။ ကတ်ရောင်းချမှု မရှိသည့် နိုင်ငံများ အတွက်မူ ပြည်တွင်းကသာ ၀ယ်ယူ၍ နံပါတ် ပို့ပေးနိုင်မည် ဖြစ်သည်။
"နိုင်ငံခြားက Ytalk နဲ့ ဖုန်းခေါ်ချင်ရင် Ytalk ငွေဖြည့်ကတ် ထည့်ရမယ်။ ငွေဖြည့်ကတ်ကို ပြည်တွင်းက သူတစ်ဦးဦးက ၀ယ်ပြီး
 Ytalk Name နဲ့ Password ကို ပို့ပေးရင် ဟိုဘက်မှာ ဖြည့်သွင်းအသုံးပြုနိုင်မှာပါ“ဟု ပြောသည်။
  ထို့ပြင် မိုဘိုင်းဖုန်းများအတွက် လိုအပ်သည့် Ytalk application ဆော့ဖ်ဝဲလ်ကို googleplay ၊ applestore နှင့်www.ytalk.com.mm
တွင် ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။ Ytalk ဖြင့် ဖုန်းခေါ်ဆိုမှုတွင် မိုဘိုင်းဖုန်းအသုံးပြု၍ အင်တာနက်စနစ်ဖြင့် အသုံးပြုနိုင်မည့်အပြင်
 အင်တာနက်မလိုဘဲ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။
        Ytalk စနစ်ဖြင့် ဖုန်းခေါ်ဆိုရာတွင် နိုင်ငံအလိုက် ဖုန်းခေါ်ဆိုခများကို အသီးသီး သတ်မှတ်ထားပြီး စင်္ကပူနိုင်ငံနှင့် အမေရိကန်
နိုင်ငံကို တစ်မိနစ်ဝ.၀၁၅ ဒေါ်လာ(မြန်မာငွေ ၁၂ကျပ်) ၊ အင်္ဂလန်နိုင်ငံကို မိုဘိုင်းဖုန်းဖြင့် တစ်မိနစ် ၀.၂၅ ဒေါ်လာ(မြန်မာငွေ ၂၀ကျပ်) ၊
 ထိုင်းနိုင်ငံကို တစ်မိနစ် ၀.၀၃ ဒေါ်လာ(မြန်မာငွေ ၂၅ကျပ်) ကျသင့်မည်ဖြစ်သည်။

Mizzima - News in Burmese

CCleaner 2014

လာပြီးနော် CCleaner 2014 မိတ်ဆွေများအတွက် အသစ်လေးပါဗျာ..
CCleaner အကြောင်းကိုတော့ အားလုံးလည်းသိပြီးသားဖြစ်ကြမှာ
သိပ်တော့ ရှည်ရှည်ဝေးဝေး မပြောတော့ဘူးနော်... ဒေါင်းထားမယ်ဗျာ..
 
                           DOWNLOAD

Sunday, November 24, 2013

လုံခြုံစိတ်ချစွာ facebook အသုံးပြုခြင်း

Interent ပေါ်ကလူမှုကွန်ယက် တစ်ခုဖြစ်တဲ့ facebook  Social network wesite ကိုနေ့စဉ်နဲ့အမျှ လူသန်းပေါင်းများ
အသုံးပြုလျှက်ရှိလေရာ ယနေယခု အချိန်တိုင်း facebook ကိုကျွမ်းကျင်စွာ မသုံးနိုင်သေးသူများ ရှိနေလျှက်ပါပဲ
အခုမှ စသုံးလေ့လာလည်းရှိတဲ့ လူငယ် မောင်မယ်များအတွက် ဆောင်ထားဖတ်ထားသင့်တဲ့ စာအုပ်ကောင်းလေး
တစ်အုပ်ကို မျှဝေ တင်ပေးလိုက်ပါတယ်.. Facebook Account အသစ်တစ်ု တည်ဆောက်နိုင်ပြီး
၎င်း  Facebook Account တစ်ခုကို ကောင်းမွန်စွာ သုံးတတ်ရန်နှင့် ကောင်းမွန်စာ ထိမ်းသိမ်းနိုင်ရန်အတွက်
လုံခြုံစိတ်ချစွာ facebook အသုံးပြုခြင်း စာအုပ်ကို အောက်မှာ ဒေါင်လော့လုပ်ကြပါစို့
                        
                                       DOWMLOAD

LinkAsia မှ ပြောသော မြန်မာပြည်နဲ့ ဘင်္ဂလီ - OIC


ပြည်ပက အမျိုးသားသစ္စာဖေါက်လုပ်စား အသံထွက်
ဌာနများ မပြောရဲ မသုံးရဲတဲ့ ဝေါဟာရတွေကိုသုံးပြီး
အမှန်ကိုအမှန်အတိုင်း သတင်းထုတ်ပြန်ခဲ့သော
LinkAsia ကိုအထူးပဲ ကျေးဇူးတင်ပါသည်။

Rohin+++a (Bengali Immigrants) လို့ သုံးထားပြီး
OIC ခဏတဖြုတ်ရော ထာဝရရောလက်မခံနိုင်ဘူး
ဆိုတာကို ဆရာတော်အရှင်ဘန္တဒ္ဓပါမောက္ခရဲ့ပြော
ကြားချက်ကိုပါ ဘာသာပြန်ကြေငြာပေးသွားပါတယ်

Nov 22, 2013

Rangoon police recently broke up a bomb plot targeting mosques. And, for weeks now, Buddhist monks have been leading protests against a plan backed by Muslim nations to establish an office of the Organization of the Islamic Conference in Burma. LinkAsia's Kenneth Wong reports on the conflict.

GLORY of Generals Android apk

Commander!
Over 60 campaigns in 4 battlefields of World War II are waiting for your challenge.
102 world famous generals will participate in this war with you.
Over 300 real and rich terrains will influence your strategies.
Player needs to make adequate use of battlefield terrains and defense facilities as well as expertise of each unit to win advantage.
Cutting retreat route or encircling enemy will bring great change to battlefield situation.
How to smartly deploy land, naval and air force to seize opponent's key strongholds is a question lingering in player's mind.
Accumulation of Medals achieved through battles guides your way from soldier to marshal.
Upgrade of military facilities in the headquarters will offer essential supply in the war.
Recruit other officers to strengthen force. It's important to take advantage of each officer's expertise.
Armoured troop commanded by General Rommel or naval troop by Nimitz will have maximum performance.
Player can instruct any officer and his troop in battlefield to battle freely.
Support online multiplayer mode. Player can compete with real friends through Wifi and Bluetooth or global players through Game Center.
Adoption of Auto-matching tech will greatly improve chances of finding the opponent.

3 levels of tutorial can ensure your quick learning of game basics.

                                                    DOWNLOAD


Saturday, November 23, 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် - မသီတာ(စမ်းချောင်း )

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် စာအုပ် ကို pdf အနေဖြင့် Internet ပေါ်တွင်ဘယ်သူများလုပ်ထားပြီးလဲလိုက်
ရှာကြည့်ရာမတင်ရသေးကြောင်းတွေ့ရပါသည်။သို့သော်ဒီစာအုပ်၏ အချို့ စာများကိုပြန်လည်စာရိုက်တင်ထားသည့်ဆိုဒ်များ
ကိုတွေ့ရသဖြင့်လိုက်လံစုစည်းကာ ကျန်ရှိလိုအပ်နေသော စာမျက်နှာများအားစကင်ဆွဲကာ စာအုပ် ဖြစ်မြောက်ရန်အားထုတ်
ထားပါသည်။ ကျွန်တော် တို့ဖတ်သင့်သောစာအုပ်များအနက်ဤစာအုပ်လည်းအပါအ၀င်ဖြစ်ကြောင်းယူဆမိပါသည်။စာဖတ်ပျင်း
သူများအနေဖြင့်အခြားစာအုပ်များမဖတ်ချင်နေပါ သည်စာအုပ်လေးကိုတော့ဖြင့် ဖတ်ကြည့်ပါရန်တိုက်တွန်းလိုပါသည်။ မူပိုင်ခွင့်
ကိုအလေးမထားခြင်းမဟုတ်မူဘဲ ဒေါ်အောင်ဆန်းစုကြည်အကြောင်းမြန်မာပြည်သူပြည်သားလူအများတို့ သိစေလိုသောစေတနာဖြင့်
အချိန်များစွာ အကုန်ခံ၍ E Book အဖြစ်ပြုလုပ်ပါသည်။
ကျေးဇူးတင်စွာဖြင့်
အေးငြိမ်း
22.11.2013
ကူးယူသောစာမျက်နှာများ-
The Myanmar Independent News Journal
ဗဟုသုတငါးပိချက်
အိမ်မက်လွင်ပြင် တို့မှကူးသည်။
အထက်ပါစာမှာယခုစာအုပ်အတွက် ကိုအေးချမ်းနေခ ပေးပို့သည့်စာကို အနည်းငယ်မျှ စီစဉ်၍ပြန်တင်ပေးခြင်းပါ ခင်ဗျာ။

ကျေးဇူးတင်စွာဖြင့်
Admin
မြန်မာ စာအုပ်များ  မှ ကူးယူလာသည်။
                                                      DOWNLOAD
                                                       View


Avira Antivirus free 2014

Antivirus Software တွေအာလုံးထဲမှာတော့ သုံးရတာတော်တော်လေးကောင်းမွန်တဲ့
Avira Antivirus Software လေးပါဗျာ..  2014 အတွက် အသစ်ထွက်လို့ လာပါပြီ
free ရတဲ့ထဲမှာ ဒီကောင်းလေးကတော့ အကောင်းဆုံလို့ပြောလိုရပါတယ်..
ဒီကောင်းလေး အကြောင်းကို စုံစုံလင်လင် သိချင်ရင်တော့ www.free-av.com မှာသွားရောက်
လေ့လာနိုင်ပါတယ်. အခုတော့ 2014 နှစ်အတွက်  free ရယူဖို့ အောက်ပါလင့်တွင့်
ရယူနိုင်ပါတယ်..

                                          DOWNLOAD

အရွယ်ကြီး ကွေးကောက်လို့ရ iPhone အသစ်များ ၂၀၁၄ တွင်ထွက်မည်


Apple တို့ နှစ်စဉ် ပုံမှန် မိတ်ဆက် ထုတ်လုပ်ရောင်းချနေတဲ့ iPhone Line ကနေ ကွဲပြားတဲ့ ထုတ်လုပ် ရောင်းချမှု
အသစ်တစ်ခု စတင်ပါတော့မယ်။ ယင်း ကတော့ အရွယ်ကြီးပြီး ကွေးကောက်လို့ရတဲ့ iPhone များကို ၂၀၁၄ ခုနှစ်
နှစ်လယ်မှာ ထုတ်လုပ်၊ဖြန့်ချိရောင်းသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
          ဟန်းဆက် ၂ မျိုးထပ်မံ မိတ်ဆက်ပြသမှာပါ။ iPhone 5S နဲ့ 5C လို မဟုတ်တော့ပဲ အရွယ်က ၄.၇ လက်မ
တစ်မျိုးနဲ့ ၅.၅ လက်မ တစ်မျိုး ဖြစ်ပါတယ်။ Sensor ပါဝင်မှုတွေလည်း ပိုများလာမယ်လို့ ဆိုပါတယ်။ အရွယ် ကြီးလာ
မှုနဲ့အတူ ပါဝင်မယ့် နည်းပညာတွေလည်း ပိုအဆင့်မြင့်လာပါမယ်။ iOS 8 နဲ့ မြင်တွေ့ရမယ် လို့တောင် အချို့ က ခန့်မှန်း
ထားကြ ပါတယ်။ ကမ္ဘာ့ပထမဆုံး ကွေးညွန်စမတ်ဖုန်း ထုတ်လုပ်ရောင်းချတာ ကတော့ Samsung ဖြစ်ပြီး LG က ဒုတိယ
လိုက်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်မှာ ကတည်းက မိတ်ဆက်ပြသပြီး နှစ်လယ် ပိုင်းလောက်မှာ ဖြန့်ချိရောင်းချမှာ
ဖြစ်ကြောင်း သတင်းများက ဖော်ပြထား ပါတယ်။ ဒါကြောင့်မို့ အရွယ်ကြီးပြီး ကွေးညွန်လို့ရတဲ့ iPhone မော်ဒယ်သစ် များ
သတင်းကြီးလျက် ရှိကြောင်း သိရ ပါတယ်။

Ref: pocketlint
K & N Mobile and Online Store

AVG Cleraner Android apk

Android ဖုန်းသုံးမိတ်ဆွေများတွက် AVG Cleraner Android apk ပါ အထူးအထွေတော့
ပြောစရာမလိုပတော့ဘူးထင်ပါတယ် အားလုံးလည်းသိပြီသား သုံးဖူးပြီးသားဖြစ်မှာပါနော
လိုအပ်လို့ ရှာဖွေနေသူများအတွက်သာ ရယ်ရွယ်လိုက်ပါတယ်ဗျာ...
လိုအပ်ရင် အောက်မှာ ဒေါင်းလို့ရပါပြီ
                                   DOWNLOAD

Friday, November 22, 2013

ရင်ခွင်ဦးသို့တမ်းချင်း

သခင်....စံဖူး ရင်ခွင်ဦးရဲ့
အိပ်မက်...တစ်နေရာ နိုးမထချင်
နုညံ့တိတ်ဆိတ် နှုတ်ငုံပိတ်၍ သခင် ထွက်ခွါ။
ချစ်စိတ်သူပျိုး တိတ်တခို့နှင့် ငြိုးငြင်စိတ်ထား...
လှည်ဖျားတတ်သူ ......
ရင်ဝှက်သိမ်းပိုက် အချစ်စိတ်နဲ့ မျိုသိပ်တမ်းတ
လွမ်းထိရှလည်း ဘဝခက်ခက် မတွယ်မက်စေ
သည်းဦးပွင့်ဖူး အချစ်ဦးမို့ ညှိုးစိတ်ငြင်ငြို မထားလို ..။
ကြင်နာခဏ အိပ်မက်လေးမျှ ချစ်ခွင့်ရလည်း
ဘဝထင်ထင် မနိုးချင်ခဲ့ ...။
သခင်....စံဖူး ရင်ခွင်ဦးရဲ့အိပ်မက်...တစ်နေရာနိုးမထချင်
အိပ်မက်လှလှ မက်ချင်သေးသည်
တစ်ရေးအိပ်ခွင့်ရှိချင်သေးသည်...
အပြုံးနောက်ကွယ် အမုန်းများနဲ့
လှည့်ဖျားဖလယ် ခွန်းချိုစကား
နားစွန်ထင်လှ ကြားနေချင်သည်
မျက်စီစုံမှိတ် မအိပ်ငိုက်လည်း
သခင်....စံဖူး ရင်ခွင်ဦးရဲ့
အိပ်မက်...တစ်နေရာ နိုးမထချင်

Facebook ကို ပရိုတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်း သုံးတတ်လိုလျှင်

Facebook ကို ပရိုတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်း သုံးတတ်လိုလျှင် ဒီစာအုပ်ဖတ်ပါ
ကဲ ကျုပ်လည်း Facebook ကို ပရိုတစ်ယောက်လို မသုံးတတ်သေးပါဘူး ထိန်းချုပ်မှုပိုင်းမှာတော့ လိုနေပါ
သေးတယ်ဗျာ။ ရထားတာတော့ တစ်ပတ်လောက်ရှိတော့မယ် သူများတွေ မေ့လောက်မှ ကောက်တင်
လိုက်တယ်လို့ဘဲ ဆိုပါတော့လေ။ ဒီစာအုပ်လေးကတော့ အင်တာနက်ပေါ်က နည်းပညာရေးသားသူတွေရဲ့
Facebook နဲ့ ပတ်သက်သမျှ မှတ်စုသဘောလို ပြုလုပ်ထားတဲ့ စာအုပ်လေးပါ။ သိပ်ကောင်းပါတယ်။
ကိုစိုင်းသူက ပြန်လည်စုစည်းတင်ဆက်ထားတာပေါ့ဗျာ။ facebook အကောင့်လော့ကျတာကို ပြန်ဆယ်တဲ့
နည်းလမ်းတွေ အကောင့်ဟက်ခံရတာကို ပြန်လည်ရယူနိုင်တဲ့ နည်းလမ်းတွေ Facebook Setting ဆိုင်ရာ
မှာ နားမလည်တာတွေကို နားလည်သဘောပေါက်အောင် ပုံနှင့်တစ်ကွ ရှင်းပြထားတာလေးတွေကို စုစည်း
ထားတာဆိုတော့ အတော်လေးကောင်းပါတယ်။ ကျုပ်တောင် ဒီစာအုပ်ဖတ်မှ ကိုယ်သုံးနေတဲ့ facebook
တောင် အားနဲချက်တွေ များနေပါလား လုံးခြုံရေးတွေ အရမ်းနဲနေပါလားလို့ တွေးမိတယ်။ ဒါကြောင့် တိုက်
ကြည့်ပြီးတော့ ပြင်သင့်တာလေးတွေလည်း လိုက်ပျင်လိုက်တယ်။ အစုံလင်ဆုံးရယ်တော့ မဟုတ်ပါဘူး ဒီစာ
အုပ်ကတော့ လုံခြုံရေးပိုင်းကို ဦးစားပေးပေါ့။ စုံသလားဆိုတော့လည်း အတော်လေးစုံတယ် facebook သုံး
သူတိုင်း မည်သူမဆို ဒီစာအုပ်လေးတော့ဖြင့် ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် တင်ပေးလိုက်တယ်။ ဒီလို
ပညာမျိုးတွေကတော့ စာအုပ်ထုတ်ရောင်းစားတဲ့ဥစ္စာမျိုးတွေလို မဟုတ်ဘူးဗျ။ ပိုကောင်းတာပေါ့ စာအုပ်
ထုတ်ရောင်းတာမျိုးက သိပ်မစုံလင့်ဘူး။ ဖတ်ကြည့်ရင် သိပါလိမ့်မယ်..။ 2MB ကျော်ကျော်လေးပါ..။

                                          DOWNLOAD

လေဖြူရဲ့ ဒိုင်ယာရီ Mp3

အားလုံးပဲမျှော်နေမယ်ဆိုတာသိပါတယ် 2013 October 27 ရက်နေ့တွင်စတင် နားဆင်နိုင်ပြီး
Myanmar music store မှာလဲဝယ်ယူမှုအားကောင်းနေတဲ့ လေဖြူရဲ့ ဒိုင်ယာရီ Mp3 သီချင်းကောင်း
လေးတစ်ပုဒ်ပါဗျာ.. နားမထောင်ရသေးတဲ့ မိတ်ဆွေများအတွက် မျှဝေခံစားပေးလိုက်ပါတယ်...
အောက်မှာ ဒေါင်းလော့ရယူပြီး နားဆန်နိုင်ပါပြီ

                              DOWNLOAD
                           သီချင်နားထောင်ရန်

မလေးရှားနိုင်ငံမှာ ASEAN Explore Quest Malaysia Winner 2013 ဆုရခဲ့တဲ့ လှအဉ္ဇလီတင့်

ဧရာဝတီ
သရုပ်ဆောင် လှအဉ္ဇလီတင့်ဟာ မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ကိုယ်စားပြု အဖွဲ့အစည်းတခုဖြစ်တဲ့ Tourism Malaysia
 ရဲ့ ဖိတ်ခေါ်မှုအရ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တပတ်ကြာသွားရောက်ခဲ့ပြီး ASEAN Explore Quest Malaysia 2013
ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အဆိုပါဆုကို ရရှိခဲ့ပါတယ်။ ဒီပွဲအတွေ့အကြုံကို လှအဥလှအဉ္ဇလီတင့်က ဧရာဝတီကို အခုလိုပြောပြပါတယ်။
“ဒီပွဲကိုသွားပြိုင်ဖြစ်ခဲ့တာက ချောရဲ့  Mail ထဲကို Tourism Malaysia က ဖိတ်ခေါ်စာတစောင် ရောက်လာတယ်။ နောက်ပြီး Traveller ဂျာနယ်ကလည်း
 ဆက်သွယ်လာပြီး ချောလိုက်နိုင်လားဆိုပြီး ပြောလာတယ်။ ဒီပွဲအကြောင်းကို လေ့လာကြည့်ခိုင်းတယ်။ Malaysia Airline ကလည်း ချောကိုဆက်သွယ်
တယ်။ ချောရဲ့ Mail ထဲကို တိုက်ရိုက်ပို့တယ်။ လိုက်နိုင်သလား၊ ဒီပွဲမှာ ပါဝင်ဆင်နွှဲနိုင်မလားမေးတယ်။ ချောကလည်း စူးစမ်းလေ့လာချင်စိတ်က
အမြဲရှိတယ်လေ။ ဒီပွဲက ဘယ်လိုဆိုတာကို မသိသေးဘဲ လိုက်မယ်လို့ဟြေလိုက်တယ်” လို့ ဆိုပါတယ်။
     ဆက်လက်ပြီး ပြင်ဆင်မှုနဲ့ ပတ်သက်လို့ လှအဉ္ဇလီတင့်က “မသွားခင်အချိန်ကတော့ ငါးရက်လောက်ပဲရတယ်။ မသွားခင်မှာ ဒီပွဲရဲ့ခေါင်းစဉ်ကို သူတို့က
ပို့ပေးထားတယ်။ သူတို့ရဲ့ အစီအစဉ်တွေကိုလည်း မိတ္တူဆွဲပြီး လေ့လာခဲ့တယ်။ လေ့လာတဲ့အခါမှာ သူတို့လုပ်တဲ့ပွဲက တော်တော်ကြီးကြီးကျယ်ကျယ်
လုပ်တဲ့ပွဲ ဖြစ်နေတယ်၊ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ အပါအ၀င် စုစုပေါင်းနိုင်ငံ ၁၂ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြပြီး သူတို့ဖိတ်တာက နိုင်ငံတနိုင်ငံကို Tourism Owner
 ရယ်၊ မီဒီယာရယ်၊ TV Station ရယ် ဖိတ်တယ်။ တချို့နိုင်ငံတွေကဆိုရင် မင်းသားနဲ့မင်းသမီး အတွဲလိုက် လာကြတယ်။ ရည်ရွယ်ချက်က ကိုယ့်နိုင်ငံမှာ
ဒီပွဲကြီးရဲ့ အတွေ့အကြုံနဲ့ ခံစားမှုတွေကို ပြန်ပြီးဖြန့်ဝေပေးနိုင်ဖို့နဲ့  တခြားနိုင်ငံတွေနဲ့ ချစ်ကြည်ရေး၊ စီးပွားရေးအရ ရင်းနှီးအောင်လုပ်တဲ့ပွဲ ဖြစ်ပါတယ်”
လို့ လှအဉ္ဇလီတင့်က ဧရာဝတီကို ပြန်ဟြေပါတယ်။
     ဒီပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သူမနဲ့အတူ Marvellous Toursim မှ ကိုယ်စားလှယ်တဦး၊ MRTV 4 ရိုက်ကူးရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြတယ်လို့
သိရပါတယ်။ ဒီပြိုင်ပွဲအတွက် လှအဉ္ဇလီတင့် မလေးရှားမှာ ရောက်နေတဲ့အချိန် ညစာစားပွဲတိုင်းမှာ မြန်မာဝတ်စုံများကိုသာ ၀တ်ခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံရဲ့
ဂုဏ်သိက္ခာကို ထိန်းလိုခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
    အဲဒီပွဲနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင် လေ့လာမှုတွေနဲ့ ပတ်သက်ပြီးပြောပြရာမှာတော့ “တတ်နိုင်သမျှ ကြိုးစားမယ်လို့ စဉ်းစားဆုံးဖြတ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့်
၁၂ နိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ နှုတ်ဆက်စကားတွေကို ဟြေနိုင်အောင် တတ်နိုင်သလောက် လေ့လာတယ်။ အိုဘားမား မြန်မာနိုင်ငံကို လာတုန်းက ကိုယ့်
မြန်မာစကားလေး “မင်္ဂလာပါ” လို့ တခွန်းတည်း ဟြေတာနဲ့တင် ချော Heart ထိသွားတယ်။ ဒါကြောင့် သူတို့နိုင်ငံရဲ့ နှုတ်ဆက်စကားလေးတွေကို သူတို့
 အံ့သြသွားအောင် လေ့လာခဲ့တယ်” လို့ ဆိုပါတယ်။
       ဆက်လက်ပြီး ပွဲကာလတလျှောက် အတွေ့အကြုံတွေကို ပြောဆိုရာမှာ “မလေးရှားကို ရောက်ရောက်ချင်း ချောတို့ကို နိုင်ငံရဲ့သံတမန်တွေလိုမျိုး
ဆက်ဆံတယ်။  လိုလေသေးမရှိအောင် ထားတယ်။ ပြိုင်ပွဲတွေက တနေ့ကို လေးခုလောက် ရှိတယ်။ ပြိုင်ပွဲတိုင်းကို ၀င်ပါချင်လည်းရသလို၊ မပါချင်လည်းရတယ်။
စာလုံးဆက် ကစားတဲ့ Anagram ပြိုင်ပွဲမှာတော့ ချော အားနည်းခဲ့တယ်။ ကျန်တဲ့ပြိုင်ပွဲတွေကိုတော့ ကြိုးကြိုးစားစားနဲ့ ပါဝင်ခဲ့တယ်။ အနိုင်ရအောင် လုပ်ခဲ့တယ်။
 အဖွဲ့တွေခွဲပြီး ပြိုင်ကြတော့ ချော ခေါင်းဆောင်လုပ်ခဲ့တယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်က သူတို့နိုင်ငံရဲ့သဘာဝ၊ ယဉ်ကျေးမှုစသဖြင့် အကုန်လုံးကို အချိန်
၇ ရက် အတွင်းမှာ ပြခဲ့တာ။ ၁၂ နိုင်ငံက လာတဲ့သူတွေက ကိုယ့်နိုင်ငံ ပြန်တဲ့အခါမှာ ပြန်ဟြေပြနိုင်အောင်ပေါ့” လို့ ဆိုပါတယ်။
      ဆက်လက်ပြီး “ပြိုင်ပွဲတွေကို ကြိုမဟြေထားဘူး။ ရောက်တဲ့နေရာမှာ ပြိုင်ခိုင်းချင်တဲ့အတိုင်း ပြိုင်ခိုင်းတာ။ မြှားပစ်ခိုင်းတယ်။ ပီဇာတက္ကသိုလ်မှာ
သင်တန်းတက်ပြီး ပီဇာဖုတ်ခိုင်းတယ်။ ပန်းချီ ချက်ချင်းဆွဲခိုင်းတယ်။ ရဲဝတ်စုံဝတ်ပြီး ရဲသင်တန်း တက်ခိုင်းတယ်၊ အသံအကျယ်ကြီး အော်ခိုင်းတယ်၊
တကယ့် ရဲဝန်ထမ်း အစစ်တယောက်လို လုပ်ခဲ့ရတယ်။ စာပို့သမားလည်း လုပ်ခဲ့တယ်။ တကယ့်လူတွေရဲ့ ဘ၀တွေအတိုင်း လုပ်ခဲ့ရတယ်။ တခြားနိုင်ငံက
 ပြိုင်ပွဲဝင်တွေ ထိုင်နေပေမယ့် ချော ကတော့ တကယ်ကို ပါဝင်လှုပ်ရှားကစားခဲ့တယ်။ နောက်ဆုံး အမှိုက်ပုံး နံနံစော်စော်ထဲကို မွှေပြီး ပစ္စည်းရှာတဲ့
ကစားနည်းပြိုင်ပွဲကို ကစားခဲ့တယ်။  အဲဒီပြိုင်ပွဲတွေကနေ ခံစားချက်တွေ အတွေ့အကြုံတွေအများကြီး ရခဲ့တယ်” လို့ လှအဉ္ဇလီတင့်က ဆိုပါတယ်။
ဒီ ASEAN Explore Quest Malaysia Winner 2013 ဆုအနေနဲ့ မလေးရှားနိုင်ငံမှာ စားရိတ်ငြိမ်း ၃  ရက် နေထိုင်သွားလာ စားသောက်ခွင့်ရမှာဖြစ်ပြီး
 ဆုရတဲ့ရက်ကနေ ၄ အတွင်း ခံစားခွင့်ရှိတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲစဉ်တွေကို Youtube မှာလည်း ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

မြတ်သူအောင်

Thursday, November 21, 2013

နေ့စဉ် MRTV-4 အစီအစဉ်ကို အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုနိုင်ရန် ထုတ်လွှင့်လျှက်ရှိနေပါပြီ

မိုဘိုင်းဖုန်းကကြည့်ချင်သူများအတွက် လွယ်လွယ်ကူကူဝင်ရောက်နိုင်ရန်နှင့် ပေါ့ပါးစွာမထစ်ပဲကြည့်နိုင်ရန်အတွက်
Apk လေး လုပ်လိုက်ခြင်းပဲဖြစ်ပါတယ် ။ အဝေးရောက် ရွှေညီကို အမများအတွက် အဆင်ပြေစေတာပေါ့ ...
Apk လေးကို အင်စတောလုပ်ပြီးသည့်အခါ ဖွင့်လိုက်ပါမြှားပြထားသောနေရာကိုနှိပ်လိုက်ပါ
မိမိဖုန်းထဲက Player ဖြင့် ပွင့်လာပါမယ် ။ လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူပါ
Apk လေးကို အင်စတောလုပ်ပြီးသည့်အခါ ဖွင့်လိုက်ပါမြှားပြထားသောနေရာကိုနှိပ်လိုက်ပါ
မိမိဖုန်းထဲက Player ဖြင့် ပွင့်လာပါမယ် ။
MRTV-4 Version 0.1 ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။MRTV-4 Version 0.1 ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။ MRTV-4 Version 0.1 ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။ MRTV-4 Version 0.1 ကို လိုချင်သူများ pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။
ကွန်ပြူတာနဲ့ကြည့်ချင်သူများကတော့ဒီလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
 http://www.mrtv4.tv/

Post By : Djjoe Man (MMF)


Kaspersky 2014

Antivirus အများထဲမှာ လူကြိုက်အများဆုံးဖြစ်မလားမသိဘူးဗျာ.. Kaspersky 2014
ကိုဒီနေ့ ကျွန်တော် အားလုံအတွက် တင်ပေးလိုက်ပြီးနော်... ကွန်ပျူတာ တစ်လုံးတွင်
မရှိမဖြစ်လို့အပ်နေတဲ့ အရာတစ်ကတော့ virus ကာကွယ်တဲ့ ဆော့ဝဲလ်ပေါ့ဗျာ.
တကယ်လိုအပ်နေတဲ့ သူတွေအတွက် တကယ်လိုအပ်မယ်ထင်လို့ တင်ပေးရခြင်သာဖြစ်ပါတယ်
အားလုံးအဆင်ပြေကြပါစေနော်...


                                         DOWNLOAD


Wednesday, November 20, 2013

Android Cleaner (Clean)





CCleaner ဆိုကွန်ပျူတာသုံးသူတိုင် သိကြမှာ အခုတစ်ခါ ပြောပြလိုက်မှာကတော့ Pc အတွက်တော့
မဟုတ်ပါဘူးဗျာ. ကျွန်တော် ကွန်ပျူတာ တွေမှာ Cleaner နဲ့ ဖိုင်တွေကိုရှင်လင့်ခြင်း အသုံးမလို့တော့တဲ့
ဆော့ဝဲလ်တွေ ကိုဖြုတ်ထုတ်ခြင်း များ Memory ကိုသန့်ရေးလုပ်တဲ့နေရာတွေမျာသုံးပါတယ်.. အခုက
CCleaner ဟာ ကွန်ပျူတာ မှာသာသုံးလို့ရခြင်းမဟုတ်ဘဲ Android ဖုန်းတွေမှာလည်း အသုံးပြုလို့ရနေပါပြီ
Android မိတ်ဆွေမျာ အတွက် https://play.google.com/store/apps/details?id=com.gn.cleanmasterမှာ ရယူနိုင်ပါပြီနော်..

Internet Security မြန်မာလို

မျိုးသူရ ရေးတဲ့ Internet  Security မြန်မာလို စာအုပ်ကို မိတ်ဆွေများ ထံသို မျှပေးလိုက်ပါပြီ
 Internet မှာ Virus များအား ရှာဖွေရှင်းလင်းနည်းများ Virus Definiction အသစ်များ Update
လုပ်နည်းမျာ လျှို့ဝှက်ထောက်လှမ်းနိုင်သောနှင့် Spy Software များအကြောင်း Virus ကာကွယ်
နိုင်သော Software အသုံးပြုနည်းများကို စုံစုံလင်လင် ရေးပြထားပါတယ်.. မဖတ်ရသေးသူများ နှင့်
ဤစာအုပ်ကို ရှာဖွေနေသူများ အောက်မှာ ဒေါင်းနိုင်ပါပြီ
                      
                                     DOWNLOAD
                                       

Tuesday, November 19, 2013

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းမှ စာတိုပို့စနစ် အသုံးပြုမှု မတွင်ကျယ်သေးဟုဆို

မိုဘိုင်းဖုန်းကိုင်ဆောင်သူဦးရေမှာ နှစ်အနည်းငယ်အတွင်းသိသိသာသာ တိုးတက်လာသော်လည်း SMS (Short Message
System) စာတိုပို့စနစ်ဝန်ဆောင်မှုကို သုံးစွဲသူနှုန်းက အလွန်နည်းပါးနေသေးကြောင်း ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူများထံမှ
စုံစမ်းသိရှိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုကို အပြည့်အဝထောက်ခံပေးနိုင်သည့် ဝန်ဆောင်မှု
စနစ်များမရှိခြင်းက မိုဘိုင်းဖုန်းမှတစ်ဆင့်စာတိုပို့စနစ် (SMS) ကို သုံးစွဲသူနည်းပါးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု ကွန်ပျူတာ
ပညာရှင်တချို့က ထောက်ပြပြောဆိုသည်။ ယင်းကဲ့သို့ ဝန်ဆောင်မှုစနစ်ကောင်းကောင်းကို အထောက်အပံ့ပေးနိုင်သည့် နည်းစနစ်များ
 အားနည်းခြင်းက မိုဘိုင်းဖုန်းသုံးစွဲသူအချင်းချင်း စာတိုပို့ရာတွင် အချိန်နောက်ကျမှရောက်ရှိခြင်း၊ တစ်ခါတရံတွင် စာတိုပေးပို့၍ မရခြင်းစသည့်
အခက်အခဲများကို ကြုံတွေ့စေရသည်ဟု ရန်ကုန်နှင့်မန္တလေးမြို့မှ သုံးစွဲသူအချို့က ဆိုကြသည်။
       “ပို့လိုက်တဲ့စာက တစ်ဖက်ဖုန်းကို ချက်ချင်းမရောက်ဘဲ နာရီဝက်လောက် နောက်ကျမှရောက်တာကြုံရတယ်။ နံပါတ်မှန်ရဲ့သားနဲ့ မက်ဆေ့ခ်ျမ
မထွက်တာလည်း ခဏ၊ ခဏဆိုသလိုပါပဲ။ အဲ့ဒီအတွက် ကျွန်မတို့ သုံးစွဲသူတွေက ဆက်သွယ်ရေးရဲ့ ဝန်ဆောင်မှုတွေကို မယုံကြည်တာ မဆန်းပါဘူး”
 ဟု မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။
ယင်းအကြောင်းအရာနှင့်ပတ်သက်၍ မန္တလေးမြို့မှ ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက “တခြားနိုင်ငံတွေလို စာပို့ရင်ချက်ချင်းမရောက်ဘူး။
နောက်တစ်ခုက ကောင်းမွန်တဲ့ နည်းစနစ်တွေမဟုတ်ဘူး။ မိုဘိုင်း Network တွေ စံနှုန်းမမီလို့ ဖြစ်ရတာ။ နိုင်ငံတကာမှာ သုံးနေကြတဲ့ SMS ဝန်ဆောင်
မှုတွေ ဒီမှာသုံးလို့မရနိုင်သေးတာတွေ ရှိသေးတယ်” ဟု မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းမှ စာတိုပို့သည့်စနစ်အားနည်းမှုနှင့်ပ တ်သက်ပြီး သုံးသပ်ပြောကြားသည်။
 နိုင်ငံ၏ မိုဘိုင်းဖုန်းမှတစ်ဆင့် စာတိုပို့သည့်စနစ် မအောင်မြင်ရခြင်းတွင် နည်းပညာဗဟုသုတပိုင်းအားနည်းသည့် မိုဘိုင်းဖုန်းသုံးစွဲသူအရေအတွက်က
 များပြားနေဆဲ အနေအထားကြောင့်ဟုလည်းဖြစ်နိုင်သည်ဟု နေ့စဉ် မိုဘိုင်းဖုန်းနှင့် ထိတွေ့မှုများပြားသည့် သုံးစွဲသူအချို့က ၎င်းတို့၏ ထင်မြင်ချက်ကို
ဆိုကြသည်။ “ကျွန်တော့်အနေနဲ့က ဖုန်းပြောတာ ခြောက်ဆယ်ရာခိုင်နှုန်းဆို စာပို့တာကတော့ လေးဆယ်ရာခိုင်နှုန်းလောက်ပဲ သုံးဖြစ်တယ်။ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ကြည့်မယ်ဆို မိုဘိုင်းဖုန်းကနေ စာတိုပို့တဲ့ ဝန်ဆောင်မှုကိုသုံးတာ အရမ်းနည်းနေသေးတယ်။ စာတိုပို့ဖို့အတွက် မိုဘိုင်းဖုန်းကနေ စာရိုက်ဖို့
အခက်ရှိသူတွေ၊ ခက်ခဲနေသူတွေလည်း အများကြီးတွေ့နေရတယ်” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရာတွင်မူ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်နိုင်ခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် အခက်အခဲအမျိုးမျိုးကြောင့် မိုဘိုင်းဖုန်းမှ စာတိုပို့ခြင်းဝန်ဆောင်မှု အောင်မြင်မှုမရသေးခြင်းနှင့် တစ်ချိန်တည်းတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့်
 ဖိလစ်ပိုင်နိုင်ငံ၏ နေ့စဉ်စာတိုပေးပို့သည့် ပမာဏသည် သုံးစွဲသူ လူတစ်ဦးတွင် အနည်းဆုံးဆယ်စောင်မှ ဆယ့်နှစ်စောင်အထိ ရှိနေသည်။ ၎င်းနိုင်ငံ၏
စာတိုပေးပို့မှုအရေအတွက်သည် နေ့စဉ် တစ်ဘီလီယံခန့်အထိ ရှိနေသည်ဟု အင်တာနက်ပေါ်ရှိ ဝီကီပီးဒီးယား စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

ယုဇနကိုကိုRef & Credit : Internal Journal

ပုံစံတူ အမှုနှစ်ခု မြို့နယ်နှစ်ခုတွင် တစ်ပြိုင်တည်းဖြစ်ပွား

၅)နှစ်အရွယ် မိန်းကလေးကိုပဲ ပုံစံတူ လူသတ်မှု နှစ်မှု နှစ်မြို့နယ်တွင် တစ်ပြိုင်တည်းဖြစ်ပွါးခဲ့တယ်။
ကျောက်တော်မြို့နယ်မှာ တစ်မှုနဲ့ ပေါက်တောမြို့နယ်မှာလည်း တစ်မှု ဖြ...စ်ပွါးခဲ့ပါတယ်။ ပုံစံတူတာမို့ စဉ်စားစရာတွေ အများကြီးရှိတယ်။
၁၈ ၁၁ ၂၀၁၃ တနင်္လာနေ့ညနေဘက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ ဦးရွှေအောင်ဒေါ်မိုးမိုးစံတို့၏သမီး
 အသက်၆နှစ်ရှိ မိမိငယ်အား ရွာညှာဘင်္ဂါလီရွာမှ ဘင်္ဂါလီများရှောင်တခင် ခိုးဝင်လာပြီး ဖမ်းဆီသွားပြီး မနက်မိုးလင်းသောအခါ ရွာပြင်စပါးခင်းတွင်
အလောင်းအားပစ်ချထားခဲ့သည်။အလောင်းတွင် ဦးခေါင်းဒဏ်ရာတစ်ချက် ပါးတစ်ဘက်တစ်ချက်စီနှင့် မုဒိန်းကျင့် ခံထားရသည်တို့ကိုတွေ့ရှိရသည်။
သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုကြောင့် တရားခံတစ်ဦးဖမ်းဆီးထားသည်ဟုသိရှိရသည် အလောင်ကို အပေါက်ဝတိုက်နယ် ဆေးရုံတွင် စစ်ဆေးလျှက်ရှိသည်။

ဦးဉာဏ စစ်တွေ
*******************
ပေါက်တောမြို့နယ်၊အနောက်ဖရုံကာကျွန်း၊ စိုးမဲကျီကျေးရွာမှအသက်(၅)နှစ်အရွယ်မိန်းကလေးတစ်ဦးသည်နိုဝင်ဘာလ ၁၇ ရက်၊တန်ဆောင်မုန်းလပြည့်ညနေ
 ၆ နာရီခန့်တွင်ပျောက်ဆုံးခဲ့ပြီးရွာသားမျာကလိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ကြရာ နိုဝင်ဘာလ ၁၈ ရက်နေ့လည် ၁၀ နာရီခွဲခန့်တွင်သတ်ဖြတ်မြေမြုပ်ခြင်းခံထား
ရသည်ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။အဆိုပါမိန်းကလေး၏သေဆုံးမှုကိုမြို့နယ်ရဲတပ်ဖွဲ့မှလုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေးဖော်ထုတ်
နေကြောင်းသိရသည်။

ပေါက်တောမိသားစု

facebook မှ


ဌေးလွင်ဦးဆိုတဲ့ ဘင်္ဂါလီကုလား က ဘာသာရေး စစ်ပွဲဆင်နွဲမယ် ဆိုပါလား

ဌေးလွင်ဦးဆိုတဲ့ ဘင်္ဂါလီကုလား က ဘာသာရေး စစ်ပွဲဆင်တော့်မယ် ဆိုပြီး ရက်ပေါင်း၃၀ သာ အချိန်ပေးထားပါတယ်။
အကြောင်းအရင်းခံက ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ အမည်တပ်ထား တဲ့ဘင်္ဂါလီ၁၀သိန်း ကို ၁၉၈၂ ဥပဒေဖျက်သိမ်းပြီး
မူလဘူတ တိုင်းရင်းသား အဖြစ် သတ်မှတ်ပေး ရန်ဆိုပြီးဖြစ်ပါတယ်။

ဘာသာရေး စစ်...
ဌေးလွင်ဦး
RB News
15.11.2013

မြန်မာနိုင်ငံ အတွင်းမှာအစ္စလာမ်သာသနာ ကိုးကွယ် ယုံကြည် သူများ အပေါ် မျက်ကန်းအမျိုးသားရေး ဗုဒ္ဓ၀ါဒီ တွေက- ဘာသာရေး
စစ်ပွဲ အဖြစ် စ နစ်တ ကျ စီ မံချက်ချ ဆင်နွှဲ နေကြောင်း အခု အိုအိုင်စီ အတွင်းရေး မှုးချုပ် သွားမှ ရှင်းရှင်း လင်းလင်း အံကျ လာပါ
တော့တယ်။ ၁၉၈၂ ခု နိုင်ငံသား ဖြစ်မှု ဥပဒေကို ကျွန်တော် ဘယ် စဉ်ကမှ မငြင်းခဲ့ပါ။ ရို ဟင်ဂျာလူမျိုးတွေဟာ ရှေးနှစ်ပေါင်း လေးထောင်ကျော်
 ကတည်းက ရ ခိုင် ဒေ သရဲ့ မူလ ဘူတ လူမျိုးများ ဖြစ်ကြောင်း ၁၉၈၂ ခု ဥပဒေ အရပင် သူတို့ ဟာ ရ ခိုင် ဒေသရဲ့ တိုင်းရင်းသား ဖြစ်ရမယ့်
လူမျိုး ဖြစ်ကြောင်း ကိုပဲ တစ်စိုက် မတ်မတ် တင်ပြ ခဲ့ပါတယ်။ ဦး သိန်းစိန် ဦးဆောင် နေတဲ့ မျက်ကန်း ပညာမဲ့ အစိုးရ အုပ်စုဟာ- သမိုင်း
ကိုလည်း မလှန်နိုင် ကမ္ဘာကို လှည့် ပတ် လိမ်တဲ့ လိမ်ညာနည်း ကိုးကုဋေလည်း ကုန်ဆုံး ခဲ့ပြီး- နောက်ဆုံးတော့၊ အိုအိုင်စီကို ဆန္ဒပြခိုင်း ထား
 တဲ့ သူ့လက်ပါးစေ များ ပါးစပ်က တစ်ဆင့် ၁၉၈၂ ဥပဒေ ဆိုတာ အစ္စလာမ် သာသနာဝင် များ ကို နိုင် ငံ သား ဖြစ်ခွင့်က တမင်ရည် ရွယ် ပြဌာန်း
 ထားတဲ့ ဥပဒေ ဖြစ်ကြောင်း ဒီဥပဒေ ကို ပြင် ဆင် ဘို့ ပြောသူ အားလုံးဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးသူ ဖြစ်ကြောင်း ၂၀၁၃ ခု
 နိုဝင် ဘာ လ ၁၂ ရက်နေ့မှာ လူသိရှင်ကြား ပွင့်အံ ကျလာ ပါတော့ တယ်။ (ကျေးဇူးတင် ပါတယ် ဦးသိန်းစိန်)
တစ်ဘက်မှာ အတိုက်အခံ ခေါင်းဆောင်ဟောင်း (အရင်က opposition အခု corporation) ဖြစ်ခဲ့ တဲ့ဒေါ် အောင် ဆန်းစုကြည်ကလည်း မိမိတစ်ဦး
သမ္မတဖြစ်ရေး အတွက် ဖွဲ့စည်း ပုံကို ပြင် ဘို့ သာ သောင်း ကျန်း နေပြီး လူပေါင်း ၁၀ သန်းလောက် နိုင်ငံမဲ့ ဖြစ်ရမယ့် ၈၂ ဥပဒေ ကိုတော့ နှ လုံး
 လှိုက် လှဲ အ တည် ပြု ထားဘို့ အာသာ ငမ်းငမ်း တက်နေ ပါတယ်။ ဘ၀င်မြင့် ရောဂါ အတိုင်း အဆ မရှိဘဲ- အိုအိုင် စီ အ တွင်းရေးမှုး ကိုတောင်
မတွေ့ချင် သလို လို မပြောချင် လိုလို လေသံမျိုးတွေ ထုတ်ပြ နေပါ သေးတယ်။ (ကျေးဇူးတင် ပါတယ် ဒေါ်စုကြည်)
အခု အချိန်ဟာ ဘီလူးမ သားလုတဲ့ ဇတ်လမ်းလို ပြည်ထောင်စု ပြိုကွဲ ပျက်စီး သွားမှာကို တစ်ကယ် ငဲ့နေ ထိန်း ပေးနေ ရတာက ကျွန်တော် တို့ပါ။
 သမိုင်း အရလည်း ပြောပြီးပြီ။ နိုင်ငံတစ်ကာ ကလည်း နားချ ပြီးပြီ။- မပေးချင် လို့ မပေးဘူးလို့ မိုက်ကြေးခွဲ နေသူ တွေဆီက - ငါ တို့လည်း ရတဲ့နည်းနဲ့
ယူတယ်ကွ ဆို တဲ့ အဆင့် အတွက် ဆံချည် တစ်မျှင်ပဲ ကျန်ပါ တော့တယ်။ ဒါလေး ကိုတော့ လုံးဝ ယုံကြည် လိုက်ပါ။ အို အိုင်စီ ဆိုတာ အစ္စလာမ် နိုင်ငံများ
 ၅၇ + ဖြစ်ပါတယ်။ (+) ဆိုတာ ဘာလဲ-၊ နားလည်အောင် ကြိုးစား လိုက်ပါ။ အဲ့ဒီ + ထဲမှာ အီးယူ၊ ကနေဒါ၊ အမေရိကန်၊ ရုရှား၊ တရုတ် နဲ့ ကျန်အင်အားကြီး
 နိုင်ငံတွေ ပါ ၀င် နေတယ်။ ဒီလောက် ဗဟုသုတ မဲ့နေ တော့- အခု အိုအိုင်စီ အတွင်းရေး မှုးကြီး သွားခိုက် အမေရိ ကန်က ခေါင်းဆောင်တွေ တစ်ပြိုင်နက်
သွားတာ၊ အီးယူက ခေါင်းဆောင်တွေ သွားတာ၊ နောက်ဆုံး တစ်ခု ခု ဆို လုံခြုံရေး ယူဘို့ ရုရှ စစ်သင်္ဘောတွေ ပါသွားတာ ရော- သဘောပေါက် ပါရဲ့လား။
 (ရုရှားက ဗုဒ္ဓဘာ သာကို နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ် ပေးဘို့ သွားတယ် များ ဘ၀င် လေဟတ် ထင်မှတ် နေပါ သလား)။
ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးဟာ မြန်မာနိုင်ငံ ထဲက မူလဘူတ တိုင်းရင်းသား လူမျိုး ဖြစ်တယ်လို့ တရုတ်၊ ရုရှား အားလုံးက သဘော တူပြီး UN မှာ ဥပဒေ အခိုင်အမာ
 ပြုပြီးသား ဖြစ်နေပြီ-၊ ဒီကိစ္စကို မြန်မာ အစိုးရက သဘော မတူလို့ ရကို မရတော့တဲ့ သတင်းကို ကမ္ဘာ့ ဒုတိယ အကြီးဆုံး အဖွဲ့ အိုအိုင်စီက သွားပေး ရခြင်း
 ဖြစ်တယ်။ အိုအိုင်စီ ဆိုတာ အစ္စလာမ်မစ် အဖွဲ့ မဟုတ် ခဲ့ဘဲ အခြား ခေါင်းစဉ်နဲ့ ဖြစ်နေ ရင်လည်း ကမ္ဘာ့ ဒုတိယ အင်အား အကြီးဆုံး အဖွဲ့ အနေနဲ့ UN mandate
 နဲ့ မြန်မာပြည် အတွက် နောက်ဆုံး ရာဇသံ သ တင်းကို သွားပေး ရမှာပါ။
      ရခိုင် အမည်ခံ အနောက်သား ဘင်္ဂလီ တွေကို ကမ္ဘာ့ ခေါင်းဆောင် များထက် ပိုပြီး ကြောက်ရွံ့ နေရလို့ ဆိုတာက တော့ ယုတ္တိမဲ့ နေပါတယ်။ မိမိတို့ဟာ မိမိတို့
ဘ၀င်မြင့် ရောဂါ ဖြစ်ပြီး ဗုဒ္ဓသာသနာ စောင့် နတ် မင်း ကြီးများလို ပညာမဲ့စွာ ခံစားနေတယ် ဆိုတဲ့ အချက်က မြန်မာ ပြည်က ခေါင်းဆောင် တွေဟာ ကျပ် မပြည့်
မှုနဲ့မှာ ပီတိ ဖြစ်နေတယ် ဆိုတာ ကိုလည်း ထင်ရှားစေ ပါတယ်။ အိုအိုင်စီနဲ့ ကမ္ဘာ့ အသိုင်း အ၀ိုင်းဟာ လူပီသတဲ့ လူသား တွေပါ။ ဗုဒ္ဓဘာသာကို ဖျက်ဆီးဘို့ စိတ်ကူးကို
မရှိဘူး-၊ တစ်ကယ်တမ်း ဗုဒ္ဓဘာသာကို ဖျက်ဆီး လိုက်တာက ဗမာပြည်က ကျပ်မပြည့်တဲ့
          ရဟန်း အရူးများ ကိုယ်တိုင် ဖြစ်ပြီး ဒီ ရဟန်း အရူးတွေကို လှိုက်လှိုက် လှဲလှဲ ကျားကန် ပေးထားတဲ့ ဦးသိန်းစိန် အုပ်စု၊ သူတို့ ဘက် က ရှေ့နေ လိုက်ပေး နေတဲ့
အတိုက် အခံ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်း စုကြည် သာ ဖြစ် ပါတယ်။ သူတို့ ကိုယ်တိုင် ဖျက်လို့ ပျက်စီး ခဲ့ပြီး ကမ္ဘာက အကြမ်းဖက် ဘာသာလို့ ကင်ပွန်း တပ်ခဲ့ပြီး
 အပြစ်ကို သူတစ်ပါးထံ လက်ညှိုးထိုး လို့လည်း အပိုသာ ဖြစ်သွား ပါမယ်။
        ကျွန်တော်တို့ တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ အနေနဲ့ မြန်မာပြည် ထဲက ရိုးသားတဲ့ သာမန် ဗုဒ္ဓ ဘာသာ လူထု အတွက် အလွန် စိတ်မကောင်း ဖြစ်မိ
ပါတယ်။ အဲ့ဒီ မျက်နှာတွေကို ထောက်ထားပြီး ဗုဒ္ဓ ဘာသာကို ပျက်စီးရာ ပျက်စီးကြောင်း မကြံစည် ခဲ့ဘူး။ တွေးလည်း မတွေး ခဲ့ဘူး။ မိမိတို့ရဲ့ ရှေး ဘိုးဘွား သက်ဝင်
 ခဲ့တဲ့ ဘာသာတရား တစ်ခုကို ပစ်များ မှုတောင် မရှိခဲ့ဘူး။ (ကိုယ်နှစ်သက် တာကို ကိုယ်ကိုးကွယ် တာက လွဲလို့ပေါ့။) တစ်ကယ်မှာ မြန်မာပြည်က ဗုဒ္ဓဘာသာဟာ
 ကိုယ့်ကိုယ်ကို ဖျက် သံချေးတက် သွား ခြင်း သာ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့် ဖြစ်စေ- ကျွန်တော်တို့ အားလုံး ဘုံပိုင်တဲ့ နိုင်ငံ တစ်ခု ထဲက လူသား
 အား လုံးကို မြန်မာမှု ပြုမယ် ဆိုရင် လိုလို လားလား လက်ခံ နိုင်ပေမယ့် ဗုဒ္ဓမှု ပြုမယ် ဆိုရင်တော့-၊ တိုင်းပြည် တစ်ခုခုံး ပြိုကွဲ ပျက်စီး သွားပါ လိမ့်မယ်။
 (ဒီစကားကို ကျွန်တော် မကြာခဏ ပြောနေ ခဲ့တာ-၊ တိုင်း
ချစ် ပြည်ချစ်တွေ သတိထား မိစေ လိုတယ်။)
           ရခိုင်နယ်မှာ အစ္စလာမ် သာသနာ ကိုးကွယ်ရင် ဘင်္ဂလီလို့ အတင်း စွပ်စွဲ ခံရတယ်။ ခရစ်ယာန် ဘာသာကို သက်ဝင်တဲ့ ရခိုင် လူမျိုး အစစ်ကို ချင်း လူမျိုးလို့
အတင်း စွပ်စွဲ ခံရတယ်။ ဒီအမှုကို လ၀က တွေကိုယ်တိုင် အာဏာ ဖိအားနဲ့ ဗြောင်ကျူးလွန်တယ်။ ပြည်မ ဘက်မှာ ဗမာ လူမျိုး စစ်စစ်က အစ္စလာမ် သာသနာကို
 သက်ဝင် တာနဲ့ အိန္ဒိယ သို့မဟုတ် ဘင်္ဂလား ဆိုပြီး အတင်း စွပ်စွဲ ခံရတယ်။ ခရစ်ယာန်ကို သက်ဝင်တဲ့ ဗမာ လူမျိုး အစစ်ကို အနည်းဆုံး ကရင်+ ဆိုပြီး စွပ်စွဲ
 ခံရတယ်။- ဒါတွေ အားလုံး ကမ္ဘာ့ ခေါင်းဆောင်တွေ ဆီမှာ အထောက် အထား အပြည့် အ၀ ရှိနေ ပါပြီ။ ဒီလို တစ်ဘက်သတ် ဗုဒ္ဓမှု ပြုနေ တာကို နိုင်ငံတော်
ကိုယ်တိုင်က ကျူးလွန် နေတယ် ဆိုရင် ၁၉၈၂ ခု ဥပဒေကို လုံးဝ ဖျက်သိမ်း ပေးရမယ်။ ဒီအတွက် ရက်ပေါင်း ၃၀ ပဲ အချိန် ပေးနိုင်မယ်။

မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights MOVEMENT

မိုဘိုင်းဖုန်း ဘီလ်အတွက် ဝန်ဆောင်မှု အသစ်များပေးမည်

မိမိလိုသလောက် ငွေတန်ဖိုးအတိုင်း ကွန်ပျူတာ စနစ်ဖြင့် စတိုးဆိုင်များ၌ ထည့်သွင်း အသုံးပြုနိုင်မည့် Prepaid Top Up
 စနစ်ကို တိုးချဲ့အသုံးပြုခွင့်ပေးရန် စီ စဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ
 ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ ထို့အပြင် ဗဟိုဘဏ်မှ မကြာခင်တွင် ခွင့်ပြုဖွယ်ရှိသည့် Mobile Non Service
ပေါ်ပေါက်လာပါက မိမိ ဖြည့်သွင်းလိုသည့် ငွေပမာဏကို ၂၄ နာရီ ဖြည့်သွင်းနိုင်မည် ဟု လည်း ဒုတိယဝန်ကြီးက ပြောသည်။
 ပြည်သူ့လွှတ်တော်၌ ပြောကြားသော ဒုတိယဝန်ကြီး၏ အဆိုအရ မိုဘိုင်းဖုန်း အသုံးပြုသူများသည် အိမ်မှနေ၍ မိမိ လို သလောက်
 ငွေကြေးကို ဖြည့်သွင်းခြင်း၊ လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်ဟု သိရသည်။
        နိုင်ငံတကာတွင် အသုံးပြုသည့် နည်းစနစ်များ အတိုင်း အဆင်ပြေစွာ အသုံးပြုနိုင်ရန် ငွေဖြည့်သွင်းသည့် စနစ်များကို
ဝန်ကြီးဌာနမှ တိုးချဲ့ဆောက်ရွက်ရန် စီစဉ် ခဲ့ခြင်း ဖြစ်သော်လည်း ပုံမှန် အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို မူဈေးကွက်အတွင်း၌
 ဆက်လက် ထားရှိသွားမည် ဖြစ်သည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ပုံမှန်အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို ပုဂ္ဂလိက
ကုမ္ပဏီ၅ ခုနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး အသုံးပြုသူများ အဆင်ပြေစေရန် ပူးပေါင်း လုပ်ကိုင် လိုသည့်
ကုမ္ပဏီများနှင့် ထပ်မံ ပူးပေါင်း လုပ်ကိုင်သွားရန် ရှိကြောင်း သိရသည်။
       စက်တင်ဘာလအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ပူးပေါင်းဖြန့်ဖြူးလိုသည့် ကုမ္ပဏီများကို
ဖိတ်ခေါ်ခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီပေါင်း၂၁ ခုကို လက်ခံ ရရှိထားကြောင်း ၄င်းတို့ အနေဖြင့် လက်ခံထားသည့် ကုမ္ပဏီ ၂၁ ခုမှ နည်းပညာအရ
ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ၊ ငွေကြေးအရ တောင့်တင်းသည့် ကုမ္ပဏီကို ရွေးချယ် လုပ်ကိုင်ခွင့် ပြုသွားမည် ဟု သိရသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် Asia Mega Link ၊ Global Telephone၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ၊ ရတနာပုံ တယ်လီပို့၊
Elite Tech စသည့် ကုမ္ပဏီများ ကို ကော်မရှင် ၆ ရာခိုင်နှုန်းပေး၍ ဖြန့်ဖြူး စေခဲ့ခြင်း ဖြစ်သည်။ လက်တွေ့ ရောင်းချသူများသည်
တစ်ဆင့်ခံ ကိုယ်စားလှယ်များမှ ပြန်လည် ဝယ်ယူ၍ ရောင်းချရသည့် အတွက် ၂ ရာခိုင်နှုန်းကျော်ကိုသာ ရရှိကြသည်။

မြင့်ကျော်လှိုင်

Ref & Credit to : Internet Journal

Monday, November 18, 2013

ရော့ဂစ်တာတီးနည်း မြန်မာလို Ebook

ဒီတစ်ခါ မိတ်ဆွေများအလားလုံးထဲမှာ ကိုယ်နဲ့ဝါသနာ မတူသူတွေလည်းပါမှာနော်..
ဒီတော့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေ့ကြတဲ့ အနုပညာဝါသနာရှင်များအတွက်
ဂစ်တာတီးနည်း စာအုပ်ကလေးကို တင်ပေးလိုက်ပါတယ် ဂစ်တာဆရာကြီးတွေအတွက်
မဟုတ်ပါဘူးဗျာ အခုမှလေ့လာနေတဲ့ဂစ်တာ ဝါသနာရှင်တွေအတွက် ရေရွယ်လိုက်တာပါ
စိတ်ဝင်စားရင်တော့ အောက်မှာ ဒေါင်းနိုင်ပါပြီ...

                                                 DOWNLOAD
                                                    View


Autorun Virus Remover 3.3 Build 0709 With Serial Key

USB ထဲမှာ ပါလာတတ်တဲ့ Auto Run Virus ကို ဖယ်ရှားပေးမယ့် Auto Run Virus Remover ဆော့ဝဲ
ဖြစ်ပါတယ် ဆော့ဝဲအတွက် Serial key လည်းပါရှိပါတယ် ဒီဆော့ဝဲလေးကို မိမိစက်ထဲမှာ RUN ထားလိုက်
ရုံဖြင့်  Auto Run Virus ရန်ကိုကာကွယ်နိုင်မှာ ပါ USB တစ်ခုကိုဝေမျှပြီးသုံးတတ်တဲ့ မိတ်ဆွေများ အတွက်
ဒီကောင်းလေးက အကောင်းဆုံဖြစ်မှာ USB ကနေ Virus ပါလာတာကို သတိမထားမိဘဲ ဒီအတိုင်းထိုးသွင်း
အသုံးပြုတတ်တယ်ဆိုရင် ဒီကောင်းလေးကိုသာ ဆောင်ထားလိုက်ပါဗျာ..

                                     DOWNLOAD

Sunday, November 17, 2013

မြန်မာအလှ ကမ္ဘာ့ကိုပြမည်..

ချစ်မိတ်ဆွေများအတွက်နော်... VIDEO အစီစဉ်လေးမှာ ဗွီဒီယို ဖိုင်လေးတစ်ဖိုင် တင်ပြလိုက်ပါတယ်
အားလုံးကြည့်နုခြင်းနဲ့ ပျော်ရွှင်ကြပါစေဗျာ...


မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း

လာပြီနော် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတဲ့.. ဒီစာအုပ်ကိုတော့ အခုအချိန်ထီကျွန်တော်လေ့လာတုန်းပါ
မြန်မာနိုင်ငံသားဖြစ်ပြီးတော့ မြန်မာစာလုံးပေါင်းသတ်ပုံကို မှန်းမှန်းမရေးတတ်တာကတော့ ကျွန်တော်ရဲ့အား
နည်းချက်ပါ တစ်ခါတလေ Gtalk chat ပေါ်ကကျွန်တော်သူငယ်ချင်းတွေ ကျွန်တော်ကိုလှောင်ကြတယ်.. ဟီ..
စာလုံးပေါင်းမမှန်လို့ပေါ့ဗျာ... ကဲ့ ကျွန်တော်နဲ့အတူ စာလုံးပေါင်းမှန်မှန် မရေးတတ်တဲ့မိတ်ဆွေများ ဆွဲထားမယ်
ကြည့်ထားကြမယ်ဗျာ....

                                              DOWNLOAD
                                                 VIEW

ကွန်ပျူတာဂျာနယ် 04 - April-2007

သိမ်းဆည်းထားမိတဲ့ ဂျာနယ်ဟောင်းလေးတစ်ခု ကွန်ပျူတာ ပညာကိုလေ့လာနေတဲ့
မိတ်ဆွေများ ညီငယ် ညီမငယ်များတွက် အသိပညာတစ်ခု တိုးများလာစေရန် ရယ်ရွယ်ပြီး
ပြန်တင်ပေးလိုက်ပါတယ်... ဟောင်းနေပေမယ့်လည်း ကောင်းကျိုးပေးစေမယ့် ဂျာနယ်
ကောင်းလေးတွေကို အချိန်ရတိုင်ပြန်တင်ပေးသွားမှာပါ စာဖတ်ပရိတ်သတ်များ စောင့်မျှော်
လာရောက်ဖတ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်... 

                                              DOWNLOAD
                                                 VIEW

Trouser Trouble apk

ဒီကောင်းလေးကတော့ Androd သမားများအတွက် အလွန်ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းလေးတစ်ခုပါဘဲ
လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ မိန်ကလေး ယောက်လေးတွေကို ဘောင်ဘီ လိုက်ချွတ်ရတဲ့ ဂိမ်းလေးပါ
အရင်ရယ်ရပြီး အရင်းလည်းပျော်စရာကောင်းပါတယ်.. Androd ဖုန်းလေးနဲ့ဂိမ်းဆော့နေတဲ့ မိတ်ဆွေများ
အောက်မှာ ဒေါင်းလော့ယူပြီးဆော့နိုင်ပါပြီ
                                     
                                          DOWNLOAD

Twitter Delicious Facebook Digg Stumbleupon Favorites More