မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Sunday, February 26, 2012

Vzo Chat

    Vzo Chat ဝါသနာရှင်များအတွက် လက်ဆောင်လေးပေးလိုက်ပါတယ်ဗျာ
အလိုရှိနေသူများ အောက်မှာသာဆွဲထားလိုက်ပါနော်.. အခု အလုပ်တွေများလွန့်လို့
စာလည်းသိပ်မရေးနိုင်ပါဘူး လာလည်နေတဲ့သူငယ်ချင်တွေကိုလည်း အားနာမိပါတယ်
လာလည်တဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်
                                         DOWNLOAD

Saturday, February 18, 2012

xilisoft video converter

   Mp3 , Mp4 သီချင်းများအတွက် xilisoft video converter လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်
အလုပ် လုပ်ရာသွင်ပေါ့ပါး မြန်လွန်ပြီး သီချင်းအသံ မူလ အရည်အသွေးကိုလည်း မပျက်စေပဲ
ကောင်းမွန်နေဒါကိုတွေရပါတယ် အလိုရှိနေတဲ့ သူငယ်ချင်းများ အတွက် မျှပေးလိုက်ဒါပါ
ကွန်မကောင်းရင် ဒေါင်းရလွယ်အောင် Zip နဲ့လးလုပ်ပေးလိုက်ပါတယ် ဖိုင် SIZE ကလည်း
မကြီးပါဘူး 2.81 MB ပဲရှိပါတယ်ဗျာ ..
                                        DOWNLOAD

Windows Keys နှင့်တွဲသုံးရသော Shortcut များ

     အပေါ်ကခေါင်းစီးလေးကိုတော့ သူပြီးသားသူငယ်ချင်းတွေများကြပါလိမ့်မယ်နော်
မသိသေးတဲ့ သူငယ်ချင်းများ အတွက် အလွယ်သုံးလို့ ရအောင်ပြောပြပေးလိုက်ပါမယ်
ကျွန်တော်တို့ ကွန်ပျူတာသုံးသူတိုင်ဟာ ကွန်ပျူတာရှေ့မှာထိုင်းပြီး အလုပ် လုပ်တဲ့အချိန်
မှာ အသုံးချ ဆော့ဝဲလ် များနှင့် ဖိုင်များကို တစ်ခုထက်မက ပွင့်ထားကြမှာပါ ဒီအချိန်မှာ
နောက်တစ်ခု ဆော့ဝဲလ် ကိုဖွင့်ဖို့ကြိုးစား တိုင်းမှာ ဖွင့်ထားတဲ့ ဆော့ဝဲလ် များနှင့် ဖိုင်များကို
Minimize လုပ်ရပါလိမ်မယ် ဒါကိုအလွယ်လေးနဲ့ အမြင်ဆုံး Minimize ဖြစ်သွားအောင်
 Keyboard ပေါ်က Windows Keys+ D ကိုနှိပ်လိုက်ပါ ပြန်ဖွင့်လိုလျှင် Windows Key + D ကို
ပြန်နှိပ်လိုက်ပါ ။
       Windows Key + E ဟာ  Windows  Explorer အတွက်သုံးနိုင်ပါတယ်
အခုမြင်နေရတဲ့ ပုံကတော့ ဖွင့်ထားသမျှ Program တွေကို ဘေးမှ မြင်ရသလို လုပ်တာပါ
ဒီလို့ လုပ်မယ်ဆိုရင်  Windows Key + Tab ကိုနှိပ်ပါ မိမိသုံးချင်တဲ့  Program ကိုရှေ့မျက်နှာ
ကိုရောက်လာအောင် Windows Key ကိုနှိပ်ထားပြီး Tab Key ကိုနှိပ်ကစားကြည့်ပါ မိမိအသုံးချလိုတဲ့
 Program ရှေ့ရောက်လာလျှင် နှိပ်ထားတဲ့ Windows Key ကိုလွှတ်ချလိုက်ပါ။
 Windows Key + F တော့ File,Folder တွေကိုရှာဖွေပေးတဲ့ Search ဖွင့်ဒါပါ ။
 Windows Key + R Key ကိုတော့ သိကြမှာပါနော် Run Command Box အတွက်ပါ။
 Windows Key + M Key ကတော့ All Open Program Minimize လုပ်သော  Windows Key + D နဲတူပါတယ်
ဖွင့်လိုရင်တော့  Windows Key + M ကိုသုံးလို့ မရဒါကို တွေရပါတယ် သူငယ်ချင်းတို့ စမ်းသုံးကြည့်ကြပါ
ကျွန်တော်ကတော့ Mouse ကိုဘဲသုံးလိုက်ရပါတယ်ဗျာ..။
 Windows Key + L Key ဟာကိစ္စတစ်ခုကြောင့် အပြင်သွားလိုလျှင် Lock လုပ်ဖို့သုံးကြပါတယ် ။
 Windows Key + U Key ကတော့Utilites Manager ကိုသုံးလိုလျှင်ပါ ။
 Windows Key + F1 က  Windows Help and Support ကိုဖွင်သုံးရန် ပါဗျာ ။
 Windows Key + Pause Break ကတော့ ကွန်ပျူတာမှာ တက်ဆ
င်ထားတဲ့ Processor , RAM,  Windows
System, Activated တွေကိုစစ်ဆေးလေ့လာရန်အတွက်သုံးပါတယ် ။
 Windows Key + Down Arrow ဒီ Key ဟာ လက်ရှိသုံးနေတဲ့ Program တွေကို အလတ်စားချုံသော
 Restore Down အတွက်သုံးနိုင်ပါတယ် ။
 Windows Key + Up Arrow Key ဟာ လက်ရှိသုံးနေတဲ့ Program တွေကို အလတ်စားချုံထားတဲ့
နေရာကနေ အကျယ်ပြန်လုပ်တာပါဗျာ ။
Windows Key + Number 1 to 9 Key တွေဟာ လက်ရှိသုံးနေသော  Program မဟုတ်ရန်
Taskbar ပေါ်မှာတင်ထားတဲ့ Shortcut Icon တွေကိုအစဉ်လိုက်ဖွင့်ဖိပါ ၄ ခုမြောက်
 Icon ကိုဖွင့်လို့လျှင် နံပါတ် ၅ ပါ ၈ ခုမြောက်Icon ကိုသုံးချင်ရင်တော့ နံပါတ် ၈ ပေါ့ဗျာ
   ဒီနေ့တော့ ဒါပဲနော် :p :p နောက်အသစ်ရရင်ပြောပါမယ်နော်...
အားလုံးကိုလေ့စားလျှက်ပါဗျာ........

Saturday, February 11, 2012

aston_menu_setup_2.0.4

          ဒီဆော့ဝဲလ် လေးကတော့ Start menu ကိုအလှပြင်ဖို့အတွက်
ရှာကြံပြီးတင်ပေးလိုက်ပါတယ် ကွန်ပျူတာကို ဒီဇိုင်း လှလှနဲ့ သုံးချင်သူများ
အတွက် အသုံးဝင်လိမ့်မည်လိုလည်း မျှော်လင့်မိပါတယ် အစမ်းသုံးကြည့်ချင်
ရင်တော့ အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါနော်
                                                  DOWNLOAD

Sunday, February 5, 2012

Folder Lock

       ဒီဆော့ဝဲလ် လေးကိုတော့ မြင်ရုံနဲ့ သိကြမှာပါနော်.. အများသုံးကွန်ပျူတာတွေအတွက်
သူများမကြည့်စေချင်တဲ့ Folder တွေကို Lock ချထားဖို့ပါနော်... mail ထဲကတောင်းထားတဲ့
မိတ်ဆွေ တစ်ယောက်လည်း ယူလို့ ရပါပြီ အလိုရှိနေသူများ အတွက်တင်ပေးလိုက်တာပါဗျာ
နောက်အလိုရှိနေတဲ့ ဆော့ဝဲလ် အသေးစားတွေကို Comment ထားခဲ့ပြီးပြောထားခဲ့ကြပါ
ကြိုးစားပြီး ရှာပေးပါမယ်
                                   DOWNLOAD



Saturday, February 4, 2012

အများသုံး ကွန်ပျူတာတွင့် မသုံးစေချင်သော drive တစ်ခုအားပိတ်ထားခြင်း

      အခုကျွန်တော်ပြောပြမယ် အပေါ်ခေါင်းစီလေးကို သိပြီးသားမိတ်ဆွေများလည်းရှိကြမှာပါနော်..
မသိသေးတဲ့ မိတ်ဆွေများအတွက် ပြောပြပေးလိုက်ပါတယ် window7 သုံးသူများအတွက်သာ
ပြောပြလိုက်ပါတယ်ဗျာ XP သုံးသူများအတွက်တော့ ကျွန်တော် မပြောတတ်ပါဘူး
သောသော်လည်း ကလိကြည့်ကြပါအုံးဗျာ အဆင်ပြေရင်တော့ အသိပညာတစ်ခု ပိုဒါပေါ့နော်..
ဟုတ်ပါပြီ စလုပ်ကြည့်ကြရအောင်နော်...
Run box > gpedit.msc >user configuration > Administrative template >
 window component > window explorer ကိုဖွင့်လိုက်ပါ prevent access to drive to my ကိုရှာ
ပြီး ဖွင့်လိုက်ပါ
           အခုမြင်နေရတဲ့ ပုံလို့ BOX တစ်ခုကျလာရင် အပေါ်က ဝိုင်းပြထားတဲ့ နေရာမှာ Enabled ကိုအမှတ်ထားခဲ့ပါနောက်ပြီး အောက်က မြှားပြထားတဲ့ နေရာက တြိဂံ ပုံလေးကို CLICK လိုက်ပြီး မိမိပိတ်ထားချင်တဲ့ driveတစ်ခုကို ရွေးပါ အားလုံးပြီးရင် Apply လုပ်ပါ OK လုပ်လိုက်ပါ မိတ်ဆွေလုပ်တာ အောင်မြင်လား ဆိုတာသိချင်ရင်  My Computer သို့သွားပြီး မိတ်ဆွေပိတ်ထားခဲ့တဲ့ drive ကိုဖွင့်ကြည့်လိုက်ပါ .....

Thursday, February 2, 2012

Change Start Menu power button အသုံးပြုကြည့်ခြင်း

 ဒီတစ်ခါ အပေါ်က ခေါင်းစီးလေးကို ခပ်ညံ့ညံ့လေး ပြန်ရှယ်ပြချင်ပါတယ်ဗျာ window7 အတွက်သာပါ
သိပြီးသားမိတ်ဆွေဆိုရင် ပြောပြစရာလည်း မလိုတို့လို မသိသေးတဲ့ မိတ်ဆွေများအတွက်သာ
ပြန်ရှယ် လိုက်တာပါနော် ကျွန်တော်လည်း ဆရာကြီးမဟုတ်သေးပါဘူး သင်ယူဆဲ လေ့လာဆဲ
ပါဗျာ ဒါကြောင့်မိုလည်း သူငယ်ချင်းမိတ်ဆွေတို့ သိထားတာတွေကိုလည်း သင်ကြားပေး ကြပါလို့
ဒီ post လေးရေးရင့် တောင်းဆိုချင်ပါတယ်ဗျာ
  ကဲ့ဗျာ စကားရှည်လို့ လိုရင်း မရောက်ဖြစ်နေပါပြီ စလိုက်ကြရအောင်နော်  Change Start Menu power button အတွက် ပထမ Keyboard ပေါ်က window KEY + R - KEY ကိုတွဲနှိပ်ပြီး ပေါ်လာသော Run BOX
မှာ gpedit.msc လို့ရေးထည့်လိုက်ပါ OK လုပ်လိုက်ပါ အခုကျွန်တော် ညွှန်ပြမယ် စာကြောင်းတွေကို အသေချာ ဖတ်စေချင်ပါတယ်
       User Configuration + Administrative Templates + Start Menu and Taskbar ဒါဆိုရင် အောက်ပါ BOX လိုကျလာရင်
      အခုကျွန်တော် မြှားပြထားတဲ့ နေရာကလို Change Start Menu power button  တွေရင် နှစ်ချက် ဆက်တိုက်နှိပ်လိုက်ပါ အောက်ပါ BOX လိုထပ်ပြီ မြင်ရမှာပါ
     အခုကျွန်တော် ဝိုင်းပြထားတဲ့ Enabled မှာအမှတ်ခြစ်ခဲ့ပါ နောက်တစ်ခု မြှားပြထားတဲ့ ပုံလေးကလို တြိဂံ လေးကို တစ်ချက်Click လုပ်လိုက်ပါ Shut Down နေရာမှာ မိမိကြိုက်နှစ်သက်ရာ တစ်ခုခု ကိုအစားထိုးပြီး OK Apply လုပ်ခဲ့ပြီး Start Menu က Shut Down နေရာကိုသွားကြည့်လိုက်ပါ မိတ်ဆွေအခုနက ရွေးပေးခဲ့တဲ့ အရာကိုတွေမြင်ရမှာဖြစ်ပါတယ်အမြင်ဆန်းတဲ့ Start Menu တစ်ခုကို အသုံးပြုနိုင်မှာပါ အားလုံးလည်းသုံးနိုင်ကြပါစေဗျာ...

Wednesday, February 1, 2012

window7 တွင့် Control Panel ကိုဖျောက်ကြည့်ကြရအောင်

ကျွန်တော် အခုအပေါ်က ခေါင်းစီလေးကို ခပ်ညံ့ညံ့ လေးပြောပြချင်ပါတယ် သိပြီးသား
သူငယ်ချင်းတွေ အတွက်တော့ မဟုတ်ပါဘူးနော် ကဲ့ မသိသေးသော သူငယ်ချင်းတို့ရယ်..
ကျွန်တော်နဲ့ အတူလုပ်ကြည့်လိုက်ကြရအောင်
    ပထမ Keyboard ပေါ်က window KEY + R - KEY ကိုတွဲနှိပ်ပြီး ပေါ်လာသော Run BOX
မှာ gpedit.msc လို့ရေးထည့်လိုက်ပါ OK ထပ်လုပ်လိုက်ပါ
    အခုမြင်နေရတဲ့ ပုံလို Local Group Policy Editor BOX ကျလာရင် ကျွန်တော်ဝိုင်ပြထားတဲ့
User Configuration ကိုနှစ်ချက်နှိပ်လိုက်ပါ နောက်ပြီး Administrative Templates ကိုတွေအောင်
ရှာပါ  Administrative Templates  ကိုတွေရင် နှစ်ချက်ဆက်ပြီ နှိပ်လိုက်ပါ Setting ခေါင်းစီးနဲ့
 Control Panel ကိုတွေပါလိမ့်မယ် ဆက်ပြီးသာ နှစ်ချက်ဆက်တိုက် နှိပ်လိုက်ပါ အောက်ပါပုံ
လို့တွေမြင်ရမှာပါ
  အခုကျွန်တော်မြှားပြထားတဲ့ နေရာကလို Prohibit access to the  Control Panel နှစ်ချက်ထပ်နှိပ်လိုက်ပါ အောက်ပါပုံလို့ BOX တစ်ခုကျလာရင်
      အခုဝိုင်းပြထားတဲ့ Enabled မှာအမှတ်ပေးပြီး Apply OK လုပ်လိုက်ပါ
အားလုံးပြီးသွားရင် Start Menu မှာ သွားပြီး Control Panel ကိုသွားကြည့်လိုက်ပါ Control Panel ကို
တွေရတော့မှာ မဟုတ်ပါဘူး ဒီနည်းလေးကို သုံးခြင်းဖြင့် အများသုံး ကွန်ပျူတာတွေ အတွက်
စက်ချို့ယွင်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ် Control Panel ကိုပြင်လိုချင်ရင်တော့
Prohibit access to the  Control Panel မှာ Not Configured မှာ အမှတ်ပြန်ခြစ်ပြီး
Apply OK လုပ်လိုက်ပါ
အားလုံးအဆင်ပြေကြပါစေဗျာ...

Twitter Delicious Facebook Digg Stumbleupon Favorites More