မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Saturday, November 27, 2010

.သက်ဆိုင်သူသို့

ကြယ်တွေစုံတဲ့ ည
သာယာတဲ့ လမင်း
အေးမြတဲ့ ညချမ်းမှာ
ချစ်သူအပြုးံကို သတိရလို့ပေါ့
.အိပ်မောကျနေတဲ့ ထိုညလေးမှာ
ဧရာမမုန်းတိုင်းကြီးတစ်လုံး ငါ့နှလုံးသားကို
အစိပ်စိပ်ဖြစ်အော် ကြောက်လန့်ခဲ့သည်။
ဇဝေဇဝါ ဖြေရှာမရတဲ့
လူတွေကတော ပြေးကြပုန်းကြ
သွားကြလာကြ ခိုဝင်ကြနဲ့
ရုံးရင်းကြမ်းတမ်း ဖြစ်နေချိန်
ရင်တထိပ်ထိပ်နဲ့ ငါလှန့်နိုးလာ။

မုန်းတိုင်းင်္ကြီးရပ်သွားပြီး
ငါနှလုံးသားကတော ခံစားမှုတွေပြင်းထံနေဆဲ
တိုနှစ်ယောက်ရဲ့ အချစ်ခရီးမှာ
မင်းရဲအတ္တ မာယာတွေနဲ့
အေးချမ်းတဲ့ ငါနှလုံးသားကို
မုန်းတိုင်းကြီးလို့ တိုက်ခိုက်ခဲ့ရင်
ငါ့အသဲတွေ ကွဲအပ်မှာကို
စိုးရိမ်တကြီး လွမ်းဆွဲလို့ပေါ။
တကယ်တမ်း ငါ့ပေါ်မှာ
ငါချစ်တာထက် မြတ်နိုးပေးပါ
ငါတမ်းဖိုးထားတာထက် အမြဲသတိရပေးပါ
မင်းလှည့်စားပြီး ထွက်သွားမယ်ဆိုရင်တောင်မှ
ငါ့နှလုံးသားကို မင်းအပြုံနဲ့
နူတ်ဆက်ပြီး ထွက်သွားပေးပါ။
နှလုံးသားအရှုံသမား တစ်ယောက်အနေနဲ့တော
မင်းအပြုံတွေကို အမြဲတမ်းသတိရနေမှာပါ(ချစ်သူ)

မြတ်ခိုင်

တောင်တန်းကြားက အမေတို့ရွှာသို့

မီတိုင်တွေ မှိုတ်တုတ်မှိုတ်တုတ်နဲ့
သီတင်ကျွှတ်ညမှာ မီပုံးပျံတွေ
ပျံဝေးနေသလိုပါဘဲ တောင်တန်းကြားက
အမေတို့ရွှာကလေး
တီဗွီတွေ မရှိဘူး
အနီဝတ်မတွေလည်း မရှိဘူး
ကျောင်းဆရာမတွေလည်း မရှိဘူး။

ဘုရားကျောင်ဟာ စမ်းချောင်းရှင်မတွေလောက်
အစွမ်းမထက်ဘူးရယ်လို့ ယုံကြည်ထားတဲ့
အမေတို့ရွှာလေးကို
နအဖစစ်သားတွေက လာလည်ကြတယ်
ကြက်တွေတောင်းတယ် အရက်တွေချက်ပေးရတယ်
ညညကျရင် ထင်းပုံကြီးတွေနဲ့အတူ
အဟီဟီ တဟားဟားနဲ့
ရွှာထဲက အပျိုစစ်လေးတွေကိုပါ
အရက်တွေနဲ့အတူ စုပုံပေးရတယ်
မယုံနိုင်စရာ အဖြစ်ပျကလေးတွေကို
ခံစားနေရတဲ့ အမေတိုရွှာလေးဟာ
စည်းရုံးမှုတွေ ပျက်လာပြီတော
လူတွေကွဲပြီ ၀ါးတွေမျိုသွားခဲ့တယ်
တနေ့တော ရွှာသူလေးတွေဟာ
ပျက်စီသွာတဲ့ အမေတို့ရွှာလေးကို
မျက်နှာမှုပြီးတော အမေရယ်
ကျွှန်တော်တို့ မသေသေးသရွှေ့
ဝါးတွေမျိုသွားတဲ့ အမေတို့ရွှာလေးကို
ကျွှန်တော်တို့ ပြန်လည်တည်ဆောက်ပါရစေတဲ့။

မြတ်ခိုင်

Thursday, November 25, 2010

ဘလောလှလှလေးတွေလုပ်ကြမယ်

Add a Gadget ကိုနှိပ် HTML/javaScript မှာကျွှန်တော်အောက်ကပေးထားသောကုဒ်ကိုထည့်လိုက်

Good Night Comments and Scraps
ကုဒ်

Friends18.com Picture Comments

Good Night Comments and Scraps

ကုဒ်

Friends18.com Picture Comments

Good Night Comments and Scraps

ကုဒ်

Friends18.com Picture Comments

Good Night Comments and Scraps

ကုဒ်

Friends18.com Picture Comments

Good Night Comments and Scraps

ကုဒ်

Friends18.com Picture Comments

Good Night Comments and Scraps

ကုဒ်

<img src="http://friends18.com/img/good-night/0203.jpg" title="Friends18.com" border="0" alt="Friends18.com Orkut

Good Night Comments and Scraps
ကုဒ်

<img src="http://friends18.com/img/good-night/0153.gif" title="Friends18.com" border="0" alt="Friends18.com Orkut

အဆင်ဖြေကြပါစေ

Wednesday, November 24, 2010

ဘယ်ရောက်နေလဲ အနိစ္စ

ဒို့တို့ရွာက ဒေါ် သာစိန် သည်အသက်အရွယ် ကြီလာသည်နဲ့အမျှ ဘုရား တရားကိုလည်း
အမြတ်တနိုး ယုံကြည် ကိုးကွယ်လာသည် အနိစ္စ အမြဲမရှိဟူသော တရားသည်သူ့နှုတ်ဖျား
တွင်အလွတ်ရနေပေပြီ သွားလေရာ လာလေရာ လမ်းခရီး၌ ခလုတ်တစ်ချက်ထိ မိရင်တောင်မှ
သူ့နှုတ်ဖျားက “အနိစ္စ...အနိစ္စ ”လို့ရွတ်ဆိုဖြစ်ပါသည် တစ်နေတွင် ဒေါ်သာစိန် တောထဲထမ်းခုတ်
သွားလေရာ ထမ်းချောင်းကို ဓားမ ဖြင့်ခုတ်နေရာ၌ သူ့ခြေထောက်ကို တောကင်းမ တစ်ကောင်း
လာပြီး ကိုက်လိုက်ပါသည် ဒေါ် သာစိန်အလွန်နာကြင်ပုံရပါသည် သူနှုတ်ဖျားက ထွက်ကျလာသည်
က အနိစ္စ မဟုတ်တော့ပါ ကိုယ်အင်္ဂါ အစိတ်ပိုင်း သာဖြစ်ရလေတောသည်..။

ဆရာမှား

တစ်နေ့တွင် ကျွန်တော်ဆီသို့ အသက် ၃၀ လောက်ရှိမည် လူတစ်ယောက်ရောက်လာ
ပြီးသူသားလေးအား ကျောင်းလာအပ်သည် ကျွန်တော်လက်ခံထားလိုက်ပါသည်
ကျောင်းတက်လ ရာသီ၏ တစ်ဝက် လောက်အချိန်ရောက်မှသာ ဒီကလေးကိုသူ့အဖေ
ကျောင်းလာအပ်တော့ ဒီကလေးကတခြားကလေးတွေထက် စာနောက်ကျနေပေပြီ
ဆရာကျင့်ဝတ်ငါးပါးနှင်အညီ ဒီကလေးကို ကျွန်တော်ပညာသင်ပေးရပါမည်
ဆရာတစ်ယောက်၏ စေတနာနဲ့ ဒီကလေး၏ရှေ့ရေးကိုကျွန်တော်ကြည့်လိုက်ပါသည်
တခြားကလေးတွေနဲ့ တန်းတူဖြစ်အောင်သင်ပေးချင်သည် အဲဒီတော့ကျွန်တော်
ကသူ့ကို တစ်ယောက်တည်းသတ်သတ် သီ်းခြားသင်ပေးရင် အတန်းရှေ့သို့ခေါ်လိုက်ပါသည်
“ကောင်းလေး မင်းနာမည်ဘယ်လို ခေါ်သလဲ ”လို့မေးလိုက်ရာ ကလေးက သွပ်လတ်ပါသည်
“ကျွန်တော် နာမည်း မောင်ဝင်း ပါဆရာ” ဟုဖြေပါသည် ကျွန်တော်ဆက် ပြောပါသည်
“မင်းကကျောင်းနောက်ကျနေပြီ မင်းကို ဆရာပညာ သင်ပေးရလိမ့်မည် ဆရာဆိုသလို
မင်းလိုက် ဆိုနော်” ဟုပြောလေရာ “ဟုတ်ကဲ့ ပါဆရာ” ဒီတော့ ကျွန်တော်က “ကောင်းလေး
ကကြီး ဆိုစမ်း” လို့ သင်လိုက်ရာ ကောင်းလေးက “ကောင်းလေး ကကြီးဆိုစမ်း”လို့ဆိုလိုက်ပါသည်
နောက်ထပ် ကျွန်တော်က သင်ပေးပါသည် “ကောင်းလေး ခခွေး ဆိုစမ်း ” ကောင်းလေးက
“ကောင်းလေး ခခွေး ဆိုစမ်း” လို့ဆိုလိုက်ပြန်သည် ကျွန်တော်လည်း စိတ်တို လာပြီး “မင်းအဖေက
အဲလို သင်ပေးလိုက်သလား ”မေးလိုက်ရာ ကောင်းလေးက “မင်းအဖေက အဲလိုသင်ပေးလိုက်သလား”
ပြန်ဆိုလိုက်ပါသည်..။

၅+၅ ၏ရလဒ်

တစ်နေ့တွင် ကျွန်တော် သင်္ချာ ဘာသာ ကိုသင်ပြပါသည်
အပေါင်း ကိန်းများကိုသင်ပြရာ အပြီးတွင် ထုံးစံအတိုင်
မေးခွန်းထုပ်ပါသည် ကျွန်တော်လည်း မေးစမ်း စမ်စုဖိုး
ဝါသနာပါ ပါသည် သင်္ချာဘာသာရပ်၌ အကျွမ်းကျင် ဆုံး
တပည်ဖြစ်သူ မောင်ဖြိုး ကိုမေးလိုက်ပါသည် “မောင်ဖြိုး ဖြေစမ်း
၆ နဲ့ ၄ ပေါင်း ပါလဲ ”ဟုမေးလိုက်ရာ မောင်းဖြိုးသည် သူလက်
ချောင်းတွေကိုရေတွက်ပြီးဖြေပါသည် “၁၀ ပါဆရာ”
ကျွန်တော်ထပ်မေးပါသည်“ ၇ နဲ့ ၃ ပေါင်းရင်ကော”
စိုးစိုးကလို လက်ချောင်းလေးတွေ ရေတွက်ပေါင်းပြီးဖြေပါသည်
“၁၀ ရပါသည်ဆရာ ” ဒါနဲ့ကျွန်တော်လည်း မောင်ဖြိုးရဲ့ အပြုအမှုတွေ
ကို မကြိုက် စိတ်လည်းတို လာပါသည် ကျွန်တော် ထပ်မေးလိုက်ပါ
သည် “ မင်းလက်တွေကို ဘောင်းဘီအိတ်ထဲ ထည့်ထားလိုက်စမ်း”
မောင်ဖြိုးထည့်ထားလိုက်ပါသည် “ ၅ နဲ့ ၅ ပေါင်းရင်ဘာလဲ ”
ကြောက်ကြောက်နဲ့မောင်ပြိုးဖြေလိုက်ပါသည်“၁၁ ပါဆရာ” တဲ
သူဘောင်းဘီအိတ်ထဲ ကလက်ချောင်းလေးတွေ ကို ရေတွက်ရာ
လက်ချောင်းကလေးပါ ပါသွားပုံရသည်..

ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်မသတ်ပါဆရာ

ကျွန်တော် ဒီရွာက ကျောင်းဆရာ ဖိုးတုတ်ပါ တနေ့တွင် ကျွန်တော် ကျောင်းစာသင်ခန့်
တွင် မြန်မာ သူရဲကောင်းများအကြောင်းကို သင်ပြရာ မြန်မာ လွတ်လပ်ရေး ခါင်းဆောင် ဗိုလ်
ချုပ်အောင်ဆန်း အကြောင်းကိုသင်ဖြစ်ပါသည်
သင်လို့အပြီမှာ တပည်များအား မေးခွန် ထုတ်ပြင်ပါသည် ။
ဒါနဲ့ဘဲ ညာဏ်ထက်မြတ်ဆုံး တပည်တစ်ယောက်ကို ကျွန်တော် စမေးလိုက်ပါသည်
ဆရာ ဖိုးတုတ်ဆို တစ်ကျောင်းလုံးက ကြောက်ကြပါသည် ကျွန်တော်ကလည်း မျက်နှာ
ထား တေပါသည် ကြောက်လည်းကြောက်ကြပါလိမ့်မည် ကျွန်တော်မေးလိုက်သော တပည်မှာလည်း
ကြောက်ပုံရသည် ကျွန်တော်မေးလိုက်ပါသည် “ဟေ့ သေရှာဖြေစမ်း ဗိုလ်ချုပ်အောင်ဆန်းကို
ဘယ်သူ သတ်သလဲ ”ဟုမေးလိုက်ရာ
ကြောက်ကြောက်လန့်လန့်နဲ့ ဖြေလိုက်သည်မှာ “ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်မသတ်
ပါဆရာ ” တဲ့

ဒါကြီးဘာကြီးလဲ

ဘယ်လောက်ငမ်းလဲဆိုရင်.... မိန်းကလေးထင်ပြီး လက်တုံ့တယ်နော်....
မိန်းကလေးဖြစ်တယ်ထင်လို့  ပါတာအကုန်ထုတ်ဆိုတော့  ... ထုတ်လိုက်တော့မှဘဲ....

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေး ဆိုးရွားစွာထိခိုက်နိုင်ပါတယ်... (^ ^)
ဒီလောက်စချင်တဲ့သူ .... သေစမ်း....

ကွန်ပျူတာမကိုင်တတ်တော့ system error! ဖြစ်တာပေါ့နော်....
ဖါးကနေ မြင်းအရုပ်ထိ ပြောင်းသွားလားမသိဘူးနော်..

Desktop ကြီးစောင်းသွားရင်

..အောက်ပါ Key
ကို တပြိုင်တည်းနှိပ်ပါ

[Ctrl-Alt-Up Arrow]

ဒီနည်းလမ်းနဲ့အဆင်မပြေခဲ့သော
1. Go to: Start, Settings, Control Panel, Display.
2. Click Settings tab.
3. Click Advanced.
4. Intel Extreme Graphics or Intel Random (screen icon)
5. Graphic, Properties
6. Rotation-Normal

တို့ဖြစ်ပါတယ်. အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်.မပြေခဲ့သော Monitor ကိုပြောင်းပြန်ထားလိုက်ပါ။

Connection ကျနေစဉ် Gtalk,Gmail

အဖွဲ့ဝင်များအားConnection ကျနေစဉ် Gtalk,Gmail
ဖွင့်နိုင်စေရန်ရည်ရွယ်ကာပို့ခြင်းဖြစ်သည်.

Gmail ဖွင့်လိုလျှင်-

-mozilla ကို ဖွင့်ပါ။

-mozilla ထဲက Tools ကိုဖွင့်ပါ။

-Tools ထဲက Options ကိုနှိပ်ပါ။

-Options ထဲက Advanced ကိုနှိပ်ပါ။

-Advanced ထဲက settings ကိုနှိပ်ပါ။

-Settings ထဲက manual poxy ကို နှိပ်ပါ။

-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။
ပေါ်လာလျှင်HTTP poxy box တွင်

212.93.193.72 ကိုရိုက်လိုက်ပါ။
ဘေးက Post box တွင်

443 ကိုရိုက်ထည့်လိုက်ပါ။

*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။

Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင်
use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
post box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************

poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84,
block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ prot ကတော့ 443 ပဲဖြစ်ပါတယ်...
အားလုံးအဆင်ပြေကြပါစေ

Monday, November 22, 2010

ဝက်ဆိုဒ်ပေါ်မှာchat ချင်တယ်

မိတ်ဆွေတို့ရယ် gtalk ကိုdownload လုပ်စရာမလိုဘူးနော်
. http://webuzz.im/ ကိုဝင်လိုက်ပါ ... အပေါ်မှာ ဓါတ်ပုံနဲ့ပြထားပါတယ် .. ဆိုက်ရဲ့ အောက်ခြေမှာ gtalk ကိုတွေ့ပါလိမ့်မယ် . အဲ့ဒီ့ icon လေးကို ကလစ်လိုက်တာပြီး gtalk ကို ၀င်ချက်လို့ရပါတယ် .. သူက online chatting system ဖြစ်ပါတယ် .. gtalk ကို install လုပ်စရာမလိုပါဘူး .. ၀ဘ်ပေါ်မှာတင် ချက်လို့ရပါတယ် ..
ဒို့ကတော့ဒီလို့ဘဲchat တာများတယ်

Sunday, November 21, 2010

ဘလောရေးရအောင်

ဘလော့ရေးသားတက်သူတွေတော့သိပြီးသားနေမှာပါ။မရေးသားတက်သေးသောသူတွေရေးသားနိုင်အောင်လို့ပါ။ကျွှန်တော်ရှင်းပြပေးပါ့မယ်။

အရင်ဆုံး www.blogsopt.com ကိုသွားပါ။Create A Blog ကိုနှိပ်ပါ။

Sign in to use Blogger with your Google Account) ဆိုတာကကိုယ်ကဘလော့ဖောက်ပြီးတိုင်းကိုယ့်အ
ကောက်နဲ့ကိုယ့်ဘလော့ကိုဝင်ပြီးပြန်ရေးတာပါ။

Step (2)...
Create a Google Account(sign in first) မှာ Google Account ဖောက်ပေးပါ။

ပုံအတိုင်းဖြည့်ပေးပါ။

Email address (ကိုယ့်ဂျီးမေးလ်)
Retype email address(ကိုယ့်ဂျီမေးလ်ကိုနောက်တစ်ခေါက်ရိုက်ပါ)
Enter a password(ကိုယ့်ဂျီမေးလ် -Password)
Retype password(ကိုယ့်ဂျီမေးလ် -Password ကိုနောက်တစ်ခေါက်ရိုက်)
Display name(ကိုယ့် nick name)
Birthday(ကိုယ့်မွေးနေ့)
Word Verification(လေးထောင့်ကွက်အပေါ်ကစာသားတိုင်းရိုက်)

ပြီးရင် Acceptance of Terms ကို အမှန်ခြစ်လေးပေးပါ။Continue ကိုသွားပါ။

Name your blog မှာ အောက်ကပုံအတိုင်းထည့်ပေးပါ။

Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။

Continue ကိုနှိပ်ပါ။အောက်ကပုံအတိုင်းဖြစ်လာပါမည်။

MYANMAR ဘလော့တစ်ခုရပါပြီ။Start Posting ကို Click ရင်အောက်ကပုံကိုတွေ့မြင်ရပါမည်။

အောက်ပုံတွင် အပြာရောင် နေရာတွင် စာရိုက်ပြီး Publish Post ကိုကလစ် --

Publish Post ကိုကလစ်ပြီးတာနဲ့စာတမ်းတင်ပြီးကြောင်းဒီပုံလေးဖြစ်လာပါမယ်။

View Blog ဆိုသည်ကို နှိပ်လိုက်ခြင်းဖြင်ဒီတိုင်းလေးဖြစ်လာပါမယ်။

နှမ်းစက်ဝေတဲ့ဆောင်းလားသစ်ရွက်ကြွေတဲ့နွေလား

မိမိဘလောမှာနှမ်းစက်ဝေချင်းသလား ဒါမှမဟုတ်
နွေကြွေသစ်ရွက်ကလေးတွေမျာလား လိုချင်ရင်တော့
Layout ရဲ့ Add a Gadget က HTML/JAVA ထဲမှာ
ထည့်လိုက်ရင် ရပါပြီ။ သစ်ရွက်ပဲ ဝေေ၀၊ နှင်းပဲဝေေ၀
အောက်မှာ ကုဒ်ကလေးတွေပါနော်

အောက်မှာကတော့သစ်ရွက်တွေထင်ပါတယ်
ယူလိုက်နော်

အောက်ကဟာတော့ ပန်းကလေးတွေများလားမသိပါ

အဆင်ပြေမှာပါ

BLOG - Link များကခုန်ခြင်း

Blog ကို sign in/Layout ကို click/Edit HTML ကိုနှိပ်ပါ(HTML-ကုဒ်)တွေထဲမှ

]]</b:skin>
ဆိုသောစာသားလေးကို လိုက်ရှာပါ..

စာသားကိုတွေ့လျှင်အဲ့စာသားရဲ့အပေါ်မှာကျွှန်တော်ပေးသောကုဒ်ကိုထည့်ပေးပါဗျ။

ကုဒ်

/*LINK JUMP*/ a:hover { position: relative; top: 5px; left: 3px; }

ပြီးလျှင် Save ပါ

Blog မှာ g - mail ထည့်ရအောင်ဗျာ

https://www.google.com/accounts/ServiceLogin?service=talk&passive=true&nui=1&continue=http%3A%2F%2Fwww.google.com%2Ftalk%2Fservice%2Fbadge%2FNew&followup=http%3A%2F%2Fwww.google.com%2Ftalk%2Fservice%2Fbadge%2FNewအဲလင့်ကိုသွားပြီး

ကိုယ့်(Google - accout/ဘလော့ရေးနေတဲ့accout)နဲ့ sing in ဝင်ပြီးတာနဲ့ JAVA SCRIPT ကုဒ်ကို Add a Gadget/HTML/Java script မှာ JAVA SCRIPT ကုဒ်ကိုထည့်ပေးလိုက်ပါ။

ဒီမှာထည့်ပေးပါ။

သင့်ဘလောလှချင်ရင်

ဒီမနက်တော ကျွန်တော်ဒီဘလောလေးကို အလှပြင်လိုက်မိပါတယ်
မနက်ညက ဘဝဝမ်းရေးအတွက်တစ်ညလုံး အလုပ်လုပ်ခဲ့ရပေမယ့်
အလုပ်မှာစိတ် မရှိဘဲမိမိတွယ်တာရာလေးတစ်ခုဖြစ်တဲ့ ဒီဘလော
လေးကိုဘဲတစ်ညလုံး သတိရနေမိပါတယ် ဒါနဲ့ဘဲ အလုပ်မှပြန်ရောက်
တာနဲ့ ကွန်ပျူတာလေး ဖွင်ပြီး အန်တာနက် ချိတ်လိုက်မိပါတယ်
အမှတ်မထင် ဝက်ဆိုက်တစ်ခုကို ရောက်သွားရာမှာတော့ p-thar:
ဘလောလေးမှာဒါလေးတွေကိုတွေလို့ အလှပြင်လိုက်မိပါတယ်
ဘလော့တစ်ခုမှာ apytz အဖြူရောင်သံစဉ်ရေဒီယိုသံစဉ်လိုင်းဘယ်လိုထည့်ဆိုရင်

အောက်ကပုံအတိုင်း layout) ကိုသွားလေ

Add a Gadget ကိုနှိပ် HTML/javaScript မှာကျွှန်တော်အောက်ကပေးထားသောကုဒ်ကိုထည့်လိုက်

ကုဒ်

apytz

<embed pluginspage="http://www.microsoft.com/Windows/MediaPlayer/"
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ" type="application/x-mplayer2" height="50" id="music1" width="155" showcontrols="1">
</embed>

့ဘလော့မှာဒေါ်လာပေါက်ဈေးကိုတော့

အဲမှာသာထည့်လိုက်

ကုဒ်

ဘလော့ရဲ့ mouse(effect) တစ်မျိုးပါ

ပုံကလို mouse effect ထည့်ချင်ရင်တော့ ဘလော့ sing in ဝင်ပြီး Layout/Add a Gadget/HTML/Java Script မှာအောက်ကကုဒ်ကိုသာထည့်ပေးပါ။

ကုဒ်

အဆင်ပြေပါလိမ်မည်..

Saturday, November 20, 2010

လှုပ်နှိုးသွားသူ

နွေနေ၏အပူချိန်ကြောင်း ယနေသည်အလွန်ပူပြင်းခဲ့ပေမယ့်
လေနည်းနည်းတိုက်ခက်မှုကြောင်းဒီညသည် အေးအေးနှင့်နေကောင်းလှသည်။
ကောင်ကင်ပြင်ကြီးအောက်မှာလည်းတိမ်တိုက်တွေမရှိကြယ်တွေစုံလင်လျှက်ပါ
လ မင်းကြီးလည်းသာနေပါသည် ငွေရောင်အဆင့်ရှိအလင်းတန်းများသည်
ပြတင်းပေါက်မှတဆင့် ခန်းဆီးစတွေကိုကျော်ဖြတ်ရင့် မောင်မောင်၏ အိပ်ကုတင်ပေါ်
သိုသွယ်ကျလာသည် သူသည်အလွန်ကြည်နုပါလျှက် အတိတ်ကအတွေးစတို့သည်
မောင်မောင်၏ ရင်ခွင်ထဲသို့အမှတ်မထင်ဝင်ရောက်လာလေသည်..
ဒီလို့လှပတဲ့ညတွေဆိုမောငင်မောင်တစ်ယောက် ဂီတာခေါက်လျှက်
နေဦးတို့အဆောင်ရှေ့မှာသီချင်းဆိုနေကျ နွေရာသီကျောင်းပိတ်ရက်တွေမှာ
နေဦးနဲ့ခွဲခွါခဲ့ရပေမယ့် ဘယ်တော့မှမေ့မရခဲ့ အတူရှိနေစဉ်က နေဦးနဲ့ပြောခဲ့တဲစကားတွေကို
သူတစ်ယောက်တည့် သတိရနေပါသည်… “မောင်မောင်ရယ်..နင်ဟာလေ
သိပ်ခင်စရာကောင်းတဲ့သူငယ်ချင်းကောင်းတစ်ယောက်ဘဲ နင့်ကိုငါဘယ်တော့မှ
မေ့လို့ရမှာမဟုတ်တော့ဘူး..နွေရာသီးကျောင်းပိတ်ရက်တွေမှာငါတို့မြို့ကိုအလည်လာပါလား.
.ငါတို့မြို့မှာသိပ်ပျာ်စရာကောင်းပါတယ်ဟာ..နင့်လာမှာလားဟင်…”
လာချင်တာပေါ့နေဦးရယ်..ရှမ်းသံဝဲဝဲနဲ့ပြောခဲ့တဲ့နင်ရဲ့စကားသံလေးတွေဟာလေ.
.ငါ့ရဲ့ပျော်ရွှင်မှုတွေကိုဖန်တီး ပေးခဲ့တာများလား အဲဒီတုန်ကငါပျော်လိုက်တာနေဦးရယ်.
ဒါတွေကိုနင်မသိခဲ့ပါဘူး.အခုတော့လေဂံကော်မြေမှာငါတစ်ယောက် တည့်ပျင်းလိုက်တာဟာ
နင်ကိုသတိရတိုင်း ဂံကော်မြေကိုငါရောက်ခဲ့ပါတယ် ငါတို့နှစ်ယောက်ရဲ့သံယောဇဉ်တွေကို
ငါတို့နှစ်ယောက်သိခဲ့ပေမယ့် မဖွင့်ဟဘဲရင်ထဲမှာသိမ်းထားခဲ့ကြတာလေ.တကယ်ဆို
အချစ်ဟာဖွင့်ပြောစရာမလိုပါဘူး အချစ်မှာအဖြေလည်းမရှိပါဘူးဟာ..
နင်ရောက်လာမယ့်ဂံကော်ရိပ်မှာငါစောင့်နေပါတယ်နေဦးရယ်..
အတွေးပေါင်းများစွာနဲ့အတူ မောင်မောင်တစ်ယောက်အိပ်ပျော်သွားပါလေတော့သည်..။

ိဒီဇင်ဘာ၏ နှမ်းမိုးပွင့်များသည်တဖြည်းဖြည်းရွာချလျှက် လေညင်းသွယ်နေသောကြောင်း
လူတွေအားလုံးချမ်းအိအိဖြစ်နေကြသည်အနွေးထည်ကိုယ်စီဝတ်လျှက် လမ်းလျှောက်နေကြရသည်
တောင်ပေါ်မြို့ကမြေနီလမ်းလေးပေါ်မှာတော့ မောင်မောင်နှင့်နေဦးတို့ စုံတွဲလေးတစ်တွဲသာ
ဖြူလှတဲ့နှမ်းစက်ကလေးများနှင်အတူ အပြုံ့ပန်းကလေးများပါပွင့်လျှက်နှစ်ဦးသား..
တိတဆိတ်ငြိမ်သက်စွာ မြေနီလမ်းကလေးအတိုင်သာလျှောက်လှမ်းနေကြသည်….

Thursday, November 18, 2010

File transfer

Gtalk သည် gmail account ရှိသူတိုင်း မည်သူမဆိုအလွယ်တကူအသုံးပြုလို့ရနိုင်သည့် 
google မှဝန်ဆောင်မှု တစ်ခုဖြစ်သည်။ အခြေခံအားဖြင့် yahoo၊ ICQ၊ MSN massenger
တို့ကဲသို့ Instant messaging Service တစ်ခုပင်ဖြစ်ပါတယ်။သို့သော် yhoo တို့ MSN
တို့လို messenger သက်သက်မဟုတ်ဘဲ voice call လို့ခေါ်တဲ့ ဖုန်းပြောသလို့အပြန်
အလှန်ပြောလို့ရခြင်း file transfer လို့ခေါ်တဲ့ သီချင်းရုပ်ပုံ၊ဗွီဒီယိုအစရှိတဲ့file တွေကိုreal time ပို့နိုင်ခြင်းတို့ကြောင့် အင်တာနက်အသုံးပြုသူတို့ကြားမှာ အသုံးတွန်ကျယ်
လျက်ရှိနေပါတယ်။
1)file transfer လုပ်ရန်အတွက် online ဖြစ်နေသော မိမိမိတ်ဆွေ အမည်ပေါ်တွင်
click တစ်ချက်နှိပ်ပါ။ ပွင့်လာမည် chat windows ရှိ sand file တွင် click နှိပ်ပါက
choose file box ကျလမည်။ transfer လုပ်လိုသော file ကိုရွေးချယ်ပြီးပါက open
တွင် click နှိပ်လိုက်ပါ ။မိမိရွေးချယ်ခဲ့သော file အားတစ်ဖက်သို့ပို့ပေးပါလိမ့်မည်။ အကယ်၍
မိမိအားတစ်ဘက်မှ ပို့ပေးလာပါက chat windows တွင် accept မှာ click
နှိပ်ပြီးလက်ခံရယူနိုင်ပါတယ်.။

gtalk မှာချက်ရင်းသီချင်းနားထောင်ချင်ရင်

gtalk မှာသီချင်းတောင်းချင်ရင်..နားထောင်ချင်ရင်..ရေဒီယိုလိုနားဆင်လို့ရပါတယ်...
ကျနော်တို့အရင်ကမြန်မာ့အသံမှာသီချင်းတောင်းသလိုမျိုးပါပဲ...
ဒါပေမယ့်ခုကတော့online ရေဒီယိုပါ...အဖြူရောင်သံစဉ်ရေဒီယိုလို့ခေါ်ပါတယ်..
ကိုယ်နားထောင်ချင်တဲ့သီချင်းကိုတောင်းဆို
လို့ရပါတယ်...တစ်ခြားသူကိုနားထောင်
စေချင်လို့ဘယ်သူကဘယ်သူ့အတွက်ပါလို့ပြောပြီးတောင်းပေးလဲရပါတယ်..ကြေငြာပေးပါတယ်.....
ချစ်သူတွေအတွက်ပိုအဆင်ပြေမယ်ထင်ပါတယ်..(ဟီး)
သီချင်းတောင်းဖို့အတွက်လိုအပ်တာကတော့....

၁။ကိုယ့်ရဲ့gtalk ကနေ..apytz.dj@apytz.net ကိုadd လိုက်ပါ..
၂။သူ့ဘက်ကaccept ပြန်လုပ်တာကိုစောင့်ပါ..တစ်ခါတစ်ခါသီချင်းတောင်းတဲ့သူများ
နေရင်နဲနဲကြာပါတယ်
၃။ accept ပြီးရင်အဲဒီapytz.dj@ရဲ့nick ကိုဖွင့်လိုက်ပါ...link ၂ခုတွေ့ပါလိမ့်မယ်...အပေါ်ကlink...http://89.238.146.148/APYTZ * ကိုclick လုပ်ပါ
၎။window media ဖြစ်ဖြစ်..တစ်ခြားmedia file ဖြစ်ဖြစ်ကျလာပြီးရေဒီယိုနားဆင်လို့ရပါပြီ...
သီချင်းတောင်းချင်ရင်တော့ကျနော်တို့gtalk ပြောသလိုပဲစာရိုက်ပြီးတောင်းလို့ရပါတယ်..

ကိုယ်နားဆင်ချင်တဲ့သီချင်းနာမည်ပြောပြီး
တောင်းလို့ရပါတယ်
ကျနော်သိသလောက်တော့၂၄နာရီလွှင့်ပါတယ်...အဲ..ကိုယ့်ရှေ့မှာတောင်းထားသူရှိရင်
တော့အလှည့်ကျအောင်စောင့်ရပါတယ်...

သီချင်းချစ်သူများဆန္ဒပြည့်ဝပါစေ။

ဘယ်သူတွေငါ့ကို Block ထားလည်း

ဒီတစ်ခါကျွန်တော်ဖော်ပြချင်တဲ့အကြောင်းလေး ကတော့ မိမိ ကို ဘယ် သူက Block ထားတာလည်းဆိုတာကို ကြည့်တဲ့နည်းလေး ပဲဖြစ်ပါတယ်..
အရင်ဆုံး Gtalk ကိုသွားပါ ...အဲဒီ့မှာ offline ဖြစ်နေသူတစ်ဥိးကို chat နေကျ အတိုင်း ကလစ်နှိပ်လိုက်ပါ၊ ပြီးရင်send voicemail ကို ကလစ်တချက်နှိပ်လိုက်ပါ. .... call သံကို ကြားပြီး မိန်ကလေးတစ်ဦးအသံနဲ့ The best .....ဆိုပြီးအသံနဲ့ ပေါ်လာရင် အဲဒီ့ လူဟာကိုယ့်ကို Block ထားတဲ့သူမဟူတ်ပါဘူး.... တစ်ကယ်လို့ အဲဒီ့လိုအသံမပေါ်ပဲ ခဏလေးနဲ့ ပြုတ်ကျသွားတယ်ဆိုရင်တော့ ဒီလူဟာ ကိုယ့်ကို Block
ထားတဲ့သူပါ...ကဲစမ်းသပ် ကြည့်လိုက်ကြပါအုံး ဆွေတော် မျိုးတော်တို့

Wednesday, November 17, 2010

Google Chrome Theme

Google Chrome ကိုအသုံးပြုနေတဲ့လူတွေအတွက် Chrome ကိုအလှဆင်ကြည့်ရအောင်.....အောက်ကလင့်
လေးမှာ ကိုကြိုက်တဲ့ Theme ကလေးကို Apply change ပေးလိုက်ပါ ဒါဆိုရင်ရပါပြီ..Theme က ၂ မျိုးရှိ
ပါတယ်။တစ်မျိုးက Themes by Artists နောက်တစ်ခုက Themes by Google ဖြစ်ပါတယ်။ဒါဆိုရင် အလှဆင်ချင်တယ်ဆိုရင်တော့ Themes by Artists or Themes by Google
အလှဆင်ပြီးသွားရင်Comments လေးရေးပေးပါအုံး။ကျေးဇူးတင်ပါတယ်။

Gtalk မှာ အရုပ်ကလေးတွေ ထည့်နည်း

Gtalk မှာ Cbox ထဲ ကလို အရုပ်ကလေးတွေ ထည့်ချင်ရင် ဒီမှာ [Download] လုပ်ပါ။ပြီးရင် Run ပါ။ ပြီးရင် gtalk ထဲက settings ကိုနှိပ်ပြီး appearance ကိုနှိပ်ပါ။ ဘေးက Chat Theme ထဲက
My Theme ကိုနှိပ်ပါ။ ပြီးရင် startmenu ထဲက Dash ထဲက My theme ထဲက help ဆိုတဲ့ စာရွက်ကိုနှိပ်ပါ။
အဲ့ဒါက ရိုက်နည်းပေါ့။ အဲဒီမှာပေးထားတဲ့ စာလုံးတွေကိုကြည့်ပြီးရိုက်ရမှာ ၊ Alternate Word အတန်းက ဟာကိုပဲ ရိုက်ရမှာ ဥပမာ အောသယ်ဘက် ဆိုရင် အစက်၂စက်အေတီဘီ shortcut ထဲကဟာကို ရိုက်စရာမလိုပါဘူး။
ဘေးအစွန်ကဟာကို ပဲရိုက်ရမှာ။ ဒါပင်မဲ့ ကိုယ့်စက်မှာ run ထားပြီး သူများစက်မှာ မrun ထားရင် ကိုရိုက်ထားတဲ့ ဟာပဲ ပေါ်ပြီး အရုပ်မပေါ်ဘူး။ ဒါပင်မဲ့ ကိုယ့်စက်မှာတော့ အရုပ်ပေါ်တယ် Run ထားလို့ လေ။

Gtalk မှာ zawgyi font ပြင်နည်း

Gtalk မှာ ဇော်ဂျီနဲ့ ရေးမယ်ဆို zawgyi font n keyboard install လုပ်ပြီးသားဖြစ်ရမည့်အပြင် မိမိ နဲ့ အပြန်အလှန် ချတ်သူမှာလည်း ရှိနေရပါမယ်။ရှိထားပြီ ဆိုရင်တော့ လွယ်ပါတယ်။ နည်းနည်း ပြင်လိုက်ရုံဘဲ။ok စလိုက်ရအောင်..
Gtalk ရဲ့ setting/general/change font/zawgyi/ok ပြီးပြီ။ မြန်မာလိုချတ်တော့ ပိုပြီး စုံစုံစေ့စေ့ ပြောလို့ ကောင်းတာပေါ့။ပြင်ပြီးသွားရင် comments လေးရေးပေးခဲ့ပါအုံး..

Monday, November 15, 2010

“သစ္စာမဲ့သူ”

စပါယ်ငုံထွေး ၊ မပွင့်သေးလို့
ဖြေးဖြေးမှပေါ့ ၊ အကိုရယ်တဲ့
ပွင့်ချိန်တန်လို့ ၊ ပင်ယံနံဘေး
မောင်ပြေးအလာ
ရောက်ချိန်ခါဝယ် ၊ စပါယ်လှလှ
ဖြူလွှလွှသည် ၊ နွမ်းလျှ
ပြုတ်ကြွေနေလေသတည်း..။
ကိုထွန်းလင်း ( ရမ္မာဝတီ )

ပန်းနှင့် ဝေးရသော လိပ်ပြာငယ်”

ပန်းနှင့်လိပ်ပြာ၊
ကြည်ဖြူပါလည်း
ကြမ္မာဆိုးသင့်
မုန်တိုင်းပင့်၍
ပန်းနှင့် လိပ်ပြာ
ဝေးရပြီ..။

“မာယာရှင်ရဲ့လှည့်ကွက်”

ချစ်ပြီး မုန်းသွား
မာယာများနဲ့
လှည့်စားခံရ
ကိုယ့်ဘဝမှာ
သောကများစွာ

“လွမ်း”

“လွမ်း”
လွမ်းလို့သာနေ
လွမ်းစာခွေ၍
လွမ်းပြေစေကြောင်း
လွမ်းသူပေါင်းတွက်
ရေးလိုက်တယ်..။

သန်စင်သူ

မြေလွှာမခင်း
ရေပြာမမင်တဲ့
ပင်မြင်တော်ဝင်
ပန်းသဇင်းများလား
တံချူးမရှိတဲ့ ကိုယ်ဘဝမှာ
တုန်းခု မလှမ်းတောပါ
မြေနဲ့ဖွား ဖက်နေလေရာ
မြေလွှာထ်ာမှ ၊ ကြည့်ခွင့်ရရင်
ဘဝကိုတော ကျေညက်တယ်
အချစ်ကိုလည်းလေးနက်တယ်
ကိုယ့်နှလုံးသားဟာ
အဖြူရောင်ပါကွယ်...၊
ကို R.J

ပန်းခရေ

အညှာလွယ်မို့
လေအမွှေ့မှာ
ကြွေခဲ့ရတယ်။
မြေခ မှတော့
နင်းလိုက နင်း
ခြွေလိုက ခြွေ
သခင့် အလိုကျလေ
မြတ်နိုးသူကောက်
ခေါင်းပေါ် ရောက်မှ
ရင်ထဲ တိုးဝှေ့
မွှေးနေလိုက်တာ။.......။

နိုင် (ရမ္မာမြေ )

ရွာသွန်ဖြိုးပါဆွယ်မိုးညို

လေပြေလာ ၊ ဆောင်ယူသွားဖို့
တိတ်တိတ်ကလေး ၊ စိုးရိမ်ပါသည်
ရင်နန့်သိုဝှက် ၊ မေတ္တာပန်းငုံ
ဖူးခဲ့ပါလည်း ၊ ပွင့်ဖတ်ဝတ်လွှာ
တွယ်ခိုမိုးစက် ၊ ချစ်ခင်မှသာ
ပြည်စုံမှာမို့ ၊ ရှိးခိုးပုထိုး
ပူဇော်စေတီ ၊  ဆုမျိုးတရာ
တောင်းခဲ့ပါ၏....။
ဆုတောင်းတိုင်သာ ၊ ပြည့်မည်
ဘုရား ရှိခဲ့ပါလျှင် ၊ ဘယ်မှာ
သောက ရှိပိါမည် ၊ သောလေသော်လည်း
ဆန္ဒပြည့်မြောက် ၊ ကန္တရခြောက်မှာ
ရွာသွန်ဖြိုးပါ ဆွယ်မိုးညို....

ကို R.J

ချစ်ခြင်းဖွဲ့နိန်ဒါန်း

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီနှလုံးသားပိုင်ရှင်ဟာ
လေစုံမှာ စွန်လွှတ်တဲ့ ကလေးငယ်တစ်ယောက် နဲ့တူပါတယ်
ဝေဟံမှာ ဆော့ကစားတဲ စွန်ကလေးကို ကြည့်ရင်ကြည်နုနေချာမှာ
တစ်နေ့နေ့ စွန်ကလေးကြိုးပြတ်သွားရင် ကိုယ်ဆီကို ဘယ်တော့မှ
ပြန်လာမှာမဟုတ်ဘူး
အချစ်ဆိုတာ ထိမ်ချုပ်ခြင်းမဟုတ် မျှော်လင်နေတဲ အရာပါ
ကိုယ်ကချစ်ပြီသွားပေမယ့် သူမချစ်ရင်လည်း ချစ်ပြီးသွားတဲ့ နှလုံးသား
ဟာကိုယ်ဆီကို ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး  နှလုံးသားတစ်စုံရဲ
ဆန္ဒမှာ ကိုယ်ချစ်သူဟာ ဘယ်လိုဘဲဖြစ်နေဖြစ်နေ အပြစ်မမြင်ဘဲ
ခွင့်လွှတ်နေခြင်းဟာ အချစ်ကစွန်းဆောင်ထားလို့ ဖြစ်ပါလိမ့်မယ်
ကတိသစ္စာဟာ လူတစ်ယောက်ကို တားဆီးချုပ်ကိုင်ခြင်းဖြစ်သည်
ကိုယ့်ချစ်သူကို ဘယ်တော့မှသစ္စာမပြုလို နှလုံးသားချင်း ကူးစက်တဲ့
အပူတွေ ချစ်သူကိုမကူးစက်စေချင် သွားသွားပြန်လာ သော့မခတ်တဲ့
တံခါးပေါက်ကို အမြဲဖွင့်လှိုက်ထားပါတယ်
သူပြန်သွားတဲ့အခါ ဗလာရင်ခွင်မှာ မျက်ရည်ဖွဲ့ ကဗျာတွေ ရေးခြစ်ရင်
တိတ်တိတ်နေခြင်းဟာ လေအလာကို စောင့်မျှော်နေတဲ့ ပင်လယ်ကြီးလို
ချစ်သူအလာကို စောင့်နေခြင်းသာ ဖြစ်ပေလိမ့်မည်
ကြုံလည်းကြုံဖူးကြပေလိမ့်မည် အချစ်ကိုချုပ်ကိုင်လို့လည်းမရဘူး
နှလုံးသားချင်  မီးကူးသလို့မျိုး ရောင်ပြင်ဟက်ခြင်းပါ
အချစ်မှာ ဂုဏ်တွေမလိုအပ်ပါဘူး အရုပ်ဆိုးတယ်လှတယ်
အဆင့်အရောင်တွေ မက်မောခြင်း မဲ့နေခဲ့တယ် မိတ်ဆွေတို့
ချစ်တတ်ရင် ခံစားကြည့်ပါ အဖြူရောင်သက်သက် ခံစားခြင်း
တစ်ခုဖြစ်ပါလိမ့်မည် ဒါပေမယ့် အချစ်ဟာ ဖျားယောင်းသွေး
ဆောင်းတတ်ပါတယ် အမှားတစ်ခုကိုကျူးလွန်ဖို့ ဝန်မလေးပါဘူး
ကလေးငယ်ဘဝ စာရွက်ပေါ်မှာ မှားတဲ့ အမှားဟာ ပြန်ဖျက်ဖို့
လွယ်ပါတယ် လူကြီးဘဝမှာ ဘဝနဲ့ရင်းပြီးမှားတဲ့ အမှားဟာ
ဘဝနဲ့ရင်ပြီးပြန်ဖျက်ရင်လည်း မလွယ်တော့ပါ
အချစ်ကို အလိုမလိုက်ကြပါနဲ့ အချစ်ကိုချစ်နေခြင်းသာ
လှပပျော်ရွှင်စရာကောာင်းပါတယ် လူသားနှစ်ဦးရဲ့ လှပပျော်
ရွှင်စရာကောင်းတဲ့ ဘဝဟာချစ်သူတို့ဘဝပါ အချစ်ကို အရာင်
မဆို့ကြပါနဲ့ ယုယခြင်း ကြင်နာခြင်း ဂရုစိုက်ခြင်းဟာ အချစ်က
ဖန်ဆင်းပေးတဲ အနွေးဓာတ် တစ်ခုပါ စစ်မှန်တဲ ချစ်သူတွေ အတွက်
လည်း ပိတိဖြစ်စရာပေ
မသေချာတဲစကားလုံးတွေကိုပုံပြင်ထုတ် အချစ်ကိုချုပ်ကိုင်းထား
ချင်တဲလူတွေကြောင့် အချစ်ဟာ ကြမ်းတမ်းပူပြင်းတတ်ပါတယ်
ယုံလွယ်ပြီး အလိုလိုက်အကြိုက်ဆောင်မိသူတွေ အတွက်အချစ်ဟာ
မချိုမြခဲ့ပါ နှစ်ဦးနှစ်ဘက်ရဲ့ အဆုံးသတ်နိဂုံးမှာ ခါးသီးခြင်းတွေဘဲ
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင် “ချစ်မဝ ပါဘူး ချစ်သူရယ်”လို့
စကားလုံးတွေကို ညင်သာစွာပြောရင် ချစ်ကြည့်ကြပါ နွေးထွေးပြီး  အရာရာပြည့်
စုံသလိုနေမှာပါ ဘဝတစ်ခုကို ရှင်သန်ရပ်တည်ဖို့ ကြိုးစားချင်တဲ့စိတ်တွေ
အလိုလိုရလာတဲ့သတ္တိတွေ မျှော်လင့်ချက်တွေ မွေးဖွားပေးနေတာ အချစ်ကပါ
အညွန့်ရိုက်ချိုး ခံရတဲ့သစ်ပင်တစ်ပင်ဟာ ရှင်သန်ရပ်တည်ဖို့ တစ်ခါပြန်ပြီးကြိုး
စားရသလို့ နှလုံးသား ရိုက်ချိုးခံရတဲ့ လူတစ်ယောက်ဟာလည်း တစ်ခါပြန်ချစ်ဖို့
မဝံရတော့ပါ ဟုတ်သလိုလိုနဲ့ မေတ္တာရေးလောင်း အချစ်ရဲ့ စွန်ံအင်တွေတလူလူ
မျှော်လင့်ချက်တွေကြီးမား “စိုင်းထီးဆိုင်” ရဲ့ သီချင်းတစ်ပုဒ်လို သူမျက်နှာခဏမြင်လိုက်
ကတည့်က စပြီးငါသည် အချစ်တွက်တဖန်မွေးဖွားခဲ့သည်ပေါ့
နှလုံးသားမြေနုမှာစိုက်ပျိုးခဲ့တဲ့ အချစ်ပင်တစ်ပင်ဟာ အပွင့်အခက်တွေဝေပြီမှ
ရိုက်ချိုးခံရသည်မျိုး ဘဝမှာရင်နာစရာအကောင်းဆုံးပေါ့
အထူးသဖြင့် မိန်ကလေးတွေဆိုရင် ငိုကြွေးမိပါမယ် အဲဒီမျက်ရည်တွေဟာ
နှလုံးသားကလာတဲ့ မာနတွေ အသည်းကြွေသံတွေကို ခုခံတဲ့လက်နက်တွေပဲ
အချစ်ကို ပန်းချီကားတစ်ချပ်လိုထင်မှတ်ကြရင် လှလှလေးဖြစ်ဖို့ ဆေးခြယ်ကြပါနော်
ပန်းတစ်ပွင့်ရဲ့ရာဇဝင်ဟာ ပွင့်လွယ်ကြွေလွယ်ပါဘဲ ချစ်သူနှစ်ဦးရဲ ချစ်ခြင်းဖွဲ့ ကဗျာမှာ
အလွမ်းအဆွေးတွေနဲ့မို့ လမ်းခွဲရင်အမုန်းမလွယ်ရအောင် ရိုးရိုးသန့်သန့်လေး ချစ်ကြပါနော်
အတိတ်ကို မှတ်စုတစ်အုပ်ရေးထိုးနိုင်ပါတယ် အနာကတ်ကို ဘယ်သူမှကြိုမမြင်းနိုင်ပါဘူး
နိန်ဒါန်းဟာ အစပျိုးခြင်းတစ်ခုပါဘဲ ပျော်ရွှင်ခြင်းနဲ့ အစပြုတဲ့ဘဝတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့
နိန်ဂုံးချုပ်ခဲ့ကြရင် လူသားတိုင်းဟာငိုတတ်ကြမှာမဟုတ်တော့ဘူး မမှားသောရှေ့နေမသေး
သောဆေးဆရာ ဆိုတာလည်းမရှိခဲ့ပါဘူး လူတိုင်ဟာမှားတတ်ကြသလို့ အမှန်ကိုလည်းပြု
ပြင်တတ်ကြပါတယ်
အချစ်ဟာလည်းလူတိုင်ရဲ့နှလုံးသားမှာ ကိန်းအောင်းနေသည်မို့
ချစ်တတ်ဖို့လိုလိမ့်မယ် ချစ်ခြင်းဖွဲ့နိန်ဒါန်းတိုင်းဟာလည်း အပြုံးတွေဘဲ ဖြစ်ပေလိမ့်မယ်
စာဖတ်သူသို့
ဤဆောင်းပါးကိုရေးသော စာရေးသူသည် အချစ်ကြောင်းထိရှနာကြင်
ကြွေမွခဲ့ရသည် သို့သော်လည်း ဒဏ်ရာများစွာနဲ့အတူ အချစ်ကို
တမ်းတနေသေးသည်
အမှားရှိရင်ခွင့်လွှတ်ကြပါရန် တောင်းပန်ပါသည်
အကြံပြုချက်များကိုလည်း လိုလားပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More